Chapters

အခန်း (၁၆)

Vol. 2 Ch. 16

အခန်း (၁၆)

Vol. 2 Ch. 16

အဖွဲ့ခေါင်းဆောင်က အရင်ဆုံး ပြီးသည်။ ထို့နောက် သူသည်ထိုင်ခုံတွင် ထိုင်လျက် ကြက်ဥကြော်၏ အရသာကို ပြန်စဉ်းစားနေသည်။

ချန်ကျန်းရှီက သူ့မျက်နှာထက် ပို၍ သန့်ရှင်းနေသော ပန်းကန်ပြားကို သတိပြုမိသောအခါ အံ့သြသောအမူအရာဖြင့်စကားပြောသည်။

"ကုန်သွားပြီလား။ ငါ ဘာမှမစားလိုက်ရသလိုခံစားရတယ်"

"သူဌေး၊ ဒီလိုအရသာရှိတဲ့ ကြက်ဥထမင်းကြော်ကို ပထမဆုံး အကြိမ် စားဖူးတာပဲ။ ငါ့ဝိညာဉ်ကကောင်းကင်ပေါ် တက်သွားသလိုခံစားရတယ်။ သူဌေး၊ မင်းက တကယ့်ကို ထိပ်တန်းစားဖိုမှူးပဲ"

ချန်ကျန်းရှီက အားရပါးရ ချီးမွမ်းစကားပြောသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ဒီကြက်ဥကြော်ကို ထပ်မစားရတော့ရင် ဆာလောင်မှုကြောင့် ကိုယ်အလေးချိန် ကျသွားနိုင်တယ်"

ချန်ကျန်းရှီးက သူ့ဗိုက်သားကို ကျေနပ်စွာ ပွတ်သပ်သည်။

သူ့ခံတွင်းထဲမှ ကြက်ဥထမင်းကြော် အရသာ ပျောက်ကွယ်သွားချိန် ချန်ကျန်းရှီက ယွမ်ကျိုးကို အရိုးသားဆုံး တောင်းဆိုသည်။

"သူဌေး၊ နောက်ထပ် သုံးပွဲလောက် ထပ်ပေးပါ။ နှစ်ပွဲက ပါဆယ်ထုပ်သွားမယ်"

“တကယ်ကို အားနာမိပါတယ်။ ဧည့်တစ်ယောက်ချင်းစီက ဟင်းတစ်ပွဲပဲ မှာယူခွင့်ရှိပါတယ်။ ပြီးတော့ လက်တလော ပါဆယ် မရောင်းသေးပါဘူး"

ယွမ်ကျိုးက ပြုံးရွှင်သော အမူအရာဖြင့် စကားပြန်ပြောသည်။

ထိုစကားသံကြောင့် ချန်ကျန်းရှီ အံ့သြသွားသည်။ ယွမ်ကျိုးကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် စကားထပ်ပြောသည်။

"သူဌေး၊ ကြက်ဥထမင်းကြော်တစ်ပွဲက ၁၈၈ယွမ်ပဲ မဟုတ်ဘူးလား။ စိတ်မပူပါနဲ့။ အဲဒါအတွက် ကုန်ကျစရိတ်ကို ငါပေးနိုင်တယ်။ မင်းမှာ ထည့်ပေးဖို့ ပါဆယ်ဘူး မရှိရင် ပန်းကန်လုံးနဲ့ ထည့်ပေးလိုက်ပါ။ ပန်းကန်ဖိုးပါ လျော်ပေးမယ်"

“ဒီကြက်ဥထမင်းကြော်က အရမ်းအရသာရှိတယ်။ ဒီလိုအရသာရှိတဲ့ ကြက်ဥထမင်းကြော်ကို ပထမဆုံးစားဖူးတာပဲ”

ကျောင်းဆရာကျိုးရန်က ကြက်ဥထမင်းကြော်ကို သူများထက် ပိုဆန်းသစ်သော စကားလုံးများဖြင့် ချီးမွမ်းသင့်သည်။ သို့သော်လည်း

အရသာရှိသော ထမင်းကြော်ထဲ နစ်မြောနေ၍ ထွေကာလီကာ စကားမပြောဘဲ ရိုးရိုးရှင်းရှင်း ပြောဆိုသည်။

“သူဌေး၊ ကျွန်တော့်ကိုလည်း ထမင်းကြော် နှစ်ပွဲထပ် ပေးပါ။ ပြီးတော့ ပါဆယ် တစ်ပွဲယူမယ်” သပ်ရပ်သန့်ရှင်းသောကျိုးရန်ကသူ့အင်္ကျီလက်ကို မသိမသာ ခေါက်တင်လိုက်သည်။ထမင်းကြော် ၃ ပွဲ စားရန် ပထမဆုံးအကြိမ် တွေးမိခြင်း ဖြစ်သည်။

"ဟုတ်တယ်။ သူဌေးယွမ်၊ မင်းကြက်ဥထမင်းကြော်ရဲ့ အရသာက အတိုင်းအထက်လွန် ကောင်းတယ်။ ဧည့်သည်တစ်ယောက်ကို တစ်ပွဲပဲ စားခိုင်းရင် မင်းရဲ့ဟင်းချက်စွမ်းရည်ကို ထုတ်ပြနိုင်မှာ မဟုတ်ဘူး"

“ဒါကြောင့်မို့ ငါ့အတွက် ၁၀ပွဲပါဆယ်၊ ဒီဆိုင်မှာလည်း၃ပွဲ စားမယ်။ အေးဆေးလုပ် ငါစိတ်ရှည်ရှည်နဲ့ စောင့်နိုင်ပါတယ်"

ကျန်းတာ့မင်က ရှက်ရွံ့စွာ ပြုံး၍ ပြောလိုက်သည်။

အပိုင်း(၁၆)

ပြီးပါပြီ။