အခန်း (၂၁)
Vol. 2 Ch. 21
ယွမ်ကျိုးက ပါဝင်ပစ္စည်းများအကြောင်းကို မေးမြန်းသောအခါ စနစ်က ထုံးစံအတိုင်း တရုတ်အက္ခရာဖြင့် ပါဝင်ပစ္စည်းများကို မိတ်ဆက်ပေးသည်။
"မုန်လာချဉ်အတွက် အသုံးပြုထားတဲ့မုန်လာဥက ကမ္ဘာပေါ်မှာ ပထမဆုံး စိုက်ပျိုးခဲ့တဲ့ မုန်လာဥရဲ့ အစေ့ကနေ စိုက်ပျိုးထားတာ။ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းရှိ မြေလွတ်မြေရိုင်းတွင် ပထမဆုံး စိုက်ပျိုးပြီးနောက် ရရှိလာသော မျိုးစေ့ကို စနစ်က ပံ့ပိုးသော မြေဆီလွှာတွင် ပြန်လည်စိုက်ပျိုးခဲ့သည်။ ထို့ကြောင့် ပြီးပြည့်စုံသော မုန်လာဥအဖြစ် ဆင့်ကဲပြောင်းလဲသွားသည်။ မုန်လာဥ စိုက်ပျိုးရာတွင် ဓာတုပစ္စည်းများကို အသုံးမပြုဘဲ နေရောင်ခြည်ရရှိပြီး သင့်လျော်သော အပူချိန်ရှိသော မြေဆီလွှာပေါ်တွင် သဘာဝအလျောက် ပေါက်ရောက်စေသည်"
"မုန်လာဥအရွက်များသည် စိမ်းပြာရောင်ရှိပြီး အမြစ်သည် လှပသော ကျောက်စိမ်းရောင်ရှိသည်။ မုန်လာဥကို ရိတ်သိမ်းသောအခါ မြေဆီလွှာ ပျက်ဆီးခြင်းမရှိဘဲ သဘာဝအလျောက် တူးဖော်ခြင်းဖြစ်သည်။ မုန်လာချဉ် အချဉ်ဖောက်ရာတွင် အသုံးပြုသောဆားသည် ပင်လယ်ရေ၏ အနက်ရှိုင်းဆုံးနေရာမှ တူးဖော်ထားသော ဆားဖြစ်သည်။ ဆားကို ချက်လုပ်ပြီးနောက် မုန်လာဥနှင့် အချဉ်ဖောက်သည်"
"ပင်လယ်ပြင်အနက် မီတာ ၂သောင်းခန့်မှ ရယူထားသောဆားကို သန့်စင်ပြီး ရာနှုန်းပြည့် သဘာဝဆားဖြစ်သည်။ ညစ်ညမ်းမှု လုံးဝမရှိချေ"
"အချဉ်ဖောက်ခြင်း လုပ်ငန်းစဉ်သည် ၂၄နာရီခန့် ကြာသည်။ ထိုကာလအတောအတွင်း အပူချိန်ကို ၂၆ ဒီဂရီမှ ၃၆ ဒီဂရီ စင်တီဂရိတ်အတွင်း အပူချိန်တည်မြဲအောင် ထားပြီး အချဉ်ဖောက်ရန် သင့်တော်ချိန်တွင် ဆား၆ရာခိုင်နှုန်း သို့မဟုတ် ၁၀ရာခိုင်နှုန်းခန့်
ထည့်သည်။ ထို့နောက် အချဉ်ဖောက်ရန် ဆားနှင့် ရောနှောထားသော မုန်လာဥကို အောက်ဆီဂျင်မရှိသော နေရာတွင် ထားသည်"
ယွမ်ကျိုးက စိတ်သက်သာရာ ရစွာ သက်ပြင်းချသည်။ "မုန်လာချဉ် မလုပ်ရတာကံကောင်း"
သူ့မှာ မုန်လာချဉ်ပြုလုပ်ချင်သော ဆန္ဒရှိသည့်တိုင် ပင်လယ်ရေအောက် မျက်နှာပြင်တွင်ရှိသော ပင်လယ်ဆားကို ရယူနိုင်သော စွမ်းဆောင်ရည် မရှိပေ။
ယွမ်ကျိုးက သာမန်ပြည်သူမျှသာ ဖြစ်၍ ရေငုပ်သင်္ဘောများကိုလည်း မပိုင်ဆိုင်ချေ။ မုန်လာချဉ်နှင့်တွဲဖက်ပါဝင်သော ပင်လယ်ရေမှော်ဟင်းချို၏ ကုန်ကြမ်းသည်လည်း အဆင့်အတန်း မနိမ့်နိုင်ချေ။
စနစ်က ရှင်းပြသည်။ "ပင်လယ်ရေမှော်ကို ဖူကျန်းပြည်နယ် ရှပူခရိုင်မှ ရရှိပါသည်။ ယင်းဒေသသည် ပင်လယ်ရေမှော်များကို စိုက်ပျိုးသောဒေသလည်းဖြစ်သည်။ ရှေးခေတ် ယွမ်မင်းဆက်အစောပိုင်းကာလက ရှပူမျိုးနွယ်တို့သည် ပင်လယ်ရေမှော်များကို စိုက်ပျိုးခဲ့သော မှတ်တမ်းတချို့ရှိသည်"
"ခေတ်သစ်လူအဖွဲ့အစည်း၏ လေထုညစ်ညမ်းမှုကြောင့် ပင်လယ်ရေမှော်၏ မူလအရသာ ဆုံးရှုံးသွားခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် စနစ်က သဘာဝပတ်ဝန်းကျင်၊ သင့်လျော်သော ရာသီဥတုအခြေအနေ၊ ရှည်လျားသော ကမ်းရိုးတန်းများ၊ သဘာဝဆိပ်ကမ်းများကို ဖန်တီးကာ ပင်လယ်ရေမှော်ကို ပြန်လည်ဖန်တီးခဲ့သည်။ ရေ၏အပူချိန်နှင့် အရေအသွေးထူးခြားမှုသည် ပင်လယ်ရေမှော် ကြီးထွားခြင်းအတွက် သင့်လျော်သည်။ ထိုသို့သော ပတ်ဝန်းကျင်တွင် စိုက်ပျိုးထားသော ပင်လယ်ရေမှော်များသည် သာမန်ထက် ထူးကဲစွာ အရသာရှိပြီး နူးညံ့အိစက်သော အရသာကို ပေးစွမ်းနိုင်သည်။ ဟင်းချိုချက်ရန် အသုံးပြုထားသောရေသည် လူများမရောက်နိုင်သော နှင်းတောင်တန်းမှ ရယူထားသော သန့်စင်သော ရေ ဖြစ်သည်။ တစ်နှစ်ပတ်လုံး တိမ်များ ဖုံးလွှမ်းနေသော တောင်ထိပ်သို့ တက်ပြီး တောင်ထိပ်မှတစ်ဆင့် စီးဆင်းနေသော အနက်ရှိုင်းဆုံး ရေပြင်မှ ရေကို တူးယူခြင်းဖြစ်သည်။
"အမလေး ကြောက်စရာကောင်းလိုက်တာ။ စနစ် ... ပင်လယ်ရေမှော်ဟင်းချို နဲ့မုန်လာဥချဉ် နောက်တစ်ခွက်ထပ်ပေးပါ။ ထမင်းကြော် မပါတာတောင် စားလို့ကောင်းတယ်"
စနစ်က ပြန်လည်ဖြေကြားသည်။ "နောက်ထပ် အချဉ်နဲ့ဟင်းချို မရရှိနိုင်ပါဘူး"
...
"မင်း ငါ့စိတ်ကို လှည့်စားနေပြန်ပြီလား။ ဒီလောက် နည်းနည်းလေးနဲ့ ဗိုက်ပြည့်ပါ့မလား" ယွမ်ကျိုးက ကြက်ဥထမင်းကြော်တစ်ပန်းကန် ကုန်အောင် စားလိုက်ရ၍ နာကျင်သော ခံစားချက် ဖြစ်ပေါ်လာသည်။ မုန်လာဥချဉ်နှင့် ဟင်းချိုပါသော အစုံလိုက် ကြက်ဥထမင်းကြော်ကို ထပ်မံစားသုံးလျှင် ၂၈၈ ယွမ် ပေးချေရမည် ဖြစ်သည်။ အချိန်က အရမ်းကို မြန်ဆန်လွန်းသောကြောင့် နေ့လည် ၁၁နာရီခွဲအချိန်သို့ ကျရောက်လာသည်။ ယွမ်ကျိုးသည် သူ့စားသောက်ဆိုင် အနီးတစ်ဝိုက်ကို ဂရုတစိုက် လေ့လာကြည့်ရှုလိုက်သည်။
အစုံလိုက်ကြက်ဥထမင်းကြော် ဈေးနှုန်းသည်
မီနူးကတ်နှင့် နံရံပေါ်တွင် ကပ်ထားသော ကျောက်သင်ပုန်းပေါ်တွင် အလိုအလျောက် ပေါ်လာသည်။
ဈေးနှုန်းသတ်မှတ်ချက်ကို စစ်ဆေးပြီးနောက် ယွမ်ကျိုးက စားသောက်ဆိုင်တံခါးကို ဖွင့်လိုက်သည်။ ၅မိနစ်ကြာပြီးနောက် စားသောက်ဆိုင်ထဲသို့ ဧည့်သည်တစ်ယောက် ဝင်ရောက်လာသည်။ ဤတစ်ယောက်သည် ပုံမှန်စားသုံးသူဖောက်သည် မဟုတ်ပေ။ အသက် ၃ဝ အထက်ရှိသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသည် ကောင်းစွာ ဝတ်စားဆင်ယင်ထားပြီး ပညာတတ်အမျိုးသမီး ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိသည်။ နက်ပြာရောင် ယူနီဖောင်းကို ဝတ်ဆင်ထားပြီး သူမ၏လက်ထဲတွင် သားရေလက်ကိုင်အိတ်တစ်လုံး ရှိသည်။ သူမ၏ မျက်ဝန်းများက ထက်မြက်သော အရှိန်အဝါကို ပေးစွမ်းသည်။ ဆံပင်ကို ခပ်မြင့်မြင့်စီးကာ မိတ်ကပ်ပါးပါးလိမ်းခြယ်ထားသည်။ ဒေါက်မြင့်ဖိနပ်စီးကာ စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လာပြီး စားသောက်ဆိုင်ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုလိုက်သည်။
သူမက သန့်ရှင်းသပ်ရပ်မှုနှင့် ပတ်သက်၍ ဇီဇာကြောင်သောသူ ဖြစ်လိမ့်မည်ဟု ကောက်ချက်ချမိသည်။ သူမက ခေါင်းကိုညိတ်ကာ ကျေနပ်ဟန်ဖြင့် ယွမ်ကျိုး၏ မျက်နှာချင်းဆိုင် ထိုင်ခုံတွင် နေရာယူလိုက်သည်။ သူမက စားပွဲခုံကို ကြည့်လိုက်သောအခါ အစွန်းအထင်းမရှိဘဲ သန့်ရှင်းသပ်ရပ်နေ၍ ကျေနပ်သွားကာ သူမ၏လက်ကိုင်အိတ်ကို စားပွဲခုံပေါ် တင်လိုက်သည်။
၎င်းအမျိုးသမီး၏နာမည်မှာ ကောင်းယင် ဖြစ်သည်။ သူမသည် အသက် ၃၁နှစ် ရှိပြီး နာမည်ကြီးကုမ္ပဏီတစ်ခု၏အထက်လူကြီးတစ်ယောက်လည်း ဖြစ်သည်။ သူမသည် အသန့်ကြိုက်သောရောဂါနည်းနည်း ရှိသောကြောင့် အပြင်စာ စားသုံးခြင်းကို ရှောင်ရှားလေ့ရှိသည်။ ယနေ့မှ တိုက်တိုက်ဆိုင်ဆိုင် သူမကားပျက်သွားသောကြောင့် စားသောက်ဆိုင်များ ပေါများသော လမ်းကျဉ်းထဲသို့ ရောက်ရှိလာကာ သန့်ရှင်းသပ်ရပ်သော စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။
သူမ၏ကုမ္ပဏီ ပတ်ဝန်းကျင်တွင် စားသောက်ဆိုင်များစွာရှိသော်လည်း ညစ်ပတ်သောကြောင့် သူမ စားသုံးလေ့မရှိပေ။
"သူဌေး ... မင်းဆီမှာ ဘာအစားအသောက်တွေ ရောင်းလဲ" ကောင်းယင်၏ အစားအသောက်နှင့် ပတ်သက်သော အမြင်သည် ရိုးရှင်းသည်။ သန့်ရှင်းသပ်ရပ်လျှင် သူမက ဝယ်ယူစားသောက်မည်ဖြစ်သည်။
"မီနူးက မင်းရဲ့ နောက်ဘက် နံရံမှာ ရှိပါတယ်။ အဲ့ဒီနံရံ ကြည့်ပေးပါ"
စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လာသည့် အခိုက်အတန့် ယွမ်ကျိုးက အဲ့ဒီအမျိုးသမီးကို စောင့်ကြည့်နေသည်။ ကောင်းယင်က ခေါင်းကို လှည့်လိုက်ပြီး နံရံကို ကြည့်လိုက်သည်။ မီနူးတွင် ဖော်ပြထားသော ဈေးနှုန်းကြောင့် သူမက မျက်မှန်ကို အပေါ်သို့ ပင့်တင်လိုက်သည်။ သူမ၏ အနီးမှုန်ခြင်း နှင့် ခြစ်ရာပါသော မျက်မှန်ကြောင့် ဈေးနှုန်းကို လွဲမှားကြည့်မိသည်ဟု ယူဆမိသော်လည်း နောက်တစ်ကြိမ် ထပ်ကြည့်သောအခါ ဈေးနှုန်းသည် မပြောင်းလဲသွားပဲ ပထမဆုံးမြင်သည့်အတိုင်း ရှိနေခဲ့သည်။
ဤရုပ်ချောချောနဲ့ကောင်က စားသုံးသူတွေဆီက အမြတ်ထုတ်ဖို့ ကြိုးစားနေတာလား။ သာမန် ကြက်ဥထမင်းကြော်တစ်ပွဲကို ၁၈၈ ယွမ်၊ အစုံလိုက်ကြက်ဥထမင်းကြော်ကို ၂၈၈ယွမ်နဲ့ ရောင်းနေတာပဲ။
ထို့ကြောင့် သူမက သူဌေးကို မေးမြန်းလိုက်သည်။ "သူဌေး မင်းဆိုင်မှာ ရွေးချယ်စရာနှစ်မျိုးပဲ ရှိတာလား" ကောင်းယင်က မကျေမနပ်ဖြင့် တအံ့တဩ မေးမြန်းလိုက်သည်။
"ဟုတ်ပါတယ်။ မင်းက ဒီဆိုင်ကို ပထမဦးဆုံးလာတဲ့ ဖောက်သည်မို့လို့ အံ့ဩနေတာထင်တယ်"
"ဒီတစ်ခါတော့ ငါက ဆိုင်ကို ပထမဆုံးရောက်တဲ့ဖောက်သည် မဟုတ်တော့ဘူးပဲ။ သူဌေးယွမ် ကျွန်တော့်ကို ဟင်းအသစ်ချက်ပေးပါ။ မနက်အစောကြီးကတည်းက ဆိုင်ဖွင့်မယ့်အချိန်ကို စောင့်နေရတာ" ယွမ်ကျိုးက ကောင်းရန်မင်၏ မေးမြန်းမှုကို မဖြေခင် နှုတ်ခမ်းမွှေးနှင့်အမျိုးသားဝူဟိုင် စားသောက်ဆိုင်ထဲ ဝင်ရောက်လာသော မြင်ကွင်းကို စောင့်ကြည့်နေခဲ့သည်။
အပိုင်း(၂၁)
ပြီးပါပြီ။