← Chapters

အောက်ခြေစည်း၊ အတွင်းစိတ် မူလရည်ရွယ်ချက်

Vol. 40 Ch. 555

အောက်ခြေစည်း၊ အတွင်းစိတ် မူလရည်ရွယ်ချက်

Vol. 40 Ch. 555

ကျန်းရီ၏ ရှုပ်ထွေးနေသော အတွေးများက သူဝန်ချီစက်ပေါ်တွင် ရှိနေသည်အလား ခံစားရစေသည်။ သို့သော် မိုးကြိုးနှင့်မိုးတို့ ရွာသွန်းလာပြီဖြစ်သောကြောင့် အပြင်ဘက်သို့ လမ်းလျှောက်မသွားပေ။ မိုးကြိုးနဂါးများက ဟိန်းဟောက်နေပြီး ဆင်းသက်လာကာ ပင်လယ်ဒေသ တစ်ခုလုံးကို မိုးကြိုးမုန်တိုင်းများ ဆောင်ယူလာ၏။ ဖုန်းလန်နှင့် ချင်ယွီတို့က အဝတ်အစား အမြန်လဲပြီး တဲအထဲသို့ ဝင်လိုက်ကြသည်။

ဖောက်

မိုးများက သည်းထံစွာ ရွာသွန်းလာပြီး တဲကိုထိသွားတော့၏။ သွေးညအကြောက်တရား ပင်လယ်ထဲရှိ မိုးကြိုးနှင့်လျှပ်စီးက အမှန်တကယ် ထူးဆန်းသည်။ ယင်းက ပင်လယ်ကိုသာ ပိုင်းဖြတ်သော်ငြား ပင်လယ်ထဲရှိကျွန်းကို မထိပေ။ ကျန်းရီနှင့် သူတို့အဖွဲ့သည် တစ်ညတာ ကျွန်ပေါ်၌ အေးအေးဆေးဆေး နေနိုင်ပေ၏။

သူတို့၏တဲက အမှန်တကယ် အရည်အသွေးကောင်းသည့် အစီအရင်များ မရှိသည့်တိုင် မိုးသက်မုန်တိုင်းအောက်၌ အကောင်ပကတိ နေနိုင်ပြီး အပြင်ဘက်ကမူ အေးနေလေသည်။ မိုးသက်မုန်တိုင်းအလယ် တဲထဲ၌ နွေဦးပမာ နွေးထွေးနေတော့သည်။

ကျန်းရီသည် သူ့စိတ်ထဲရှိ အတွေးများကို တန့်လိုက်ပြီး ပျင်းရိငြီးငွေ့မှုကို ခံစားလိုက်ရကာ သူကအရသာရှိသော ငါးကိုစားပြီး မွှေးရနံ့သင်းသော သေရည်ကို သောက်နေလိုက်၏။

“အာ ဟုတ်သား”

သူသည် ဧကရီနန်းတော်ထဲရှိ လူများကို ရုတ်တရက် သတိရသွားသည်။ ပြီးနောက် သူသည် မီးဝိညာဉ်ပုလဲကို ထုတ်လျက် သူ့လက်ထဲ၌ ဧကရီနန်းတော်က ပေါ်လာတော့သည်။ အတွင်းပိုင်းကို စစ်ဆေးရန် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ ကျန်းရှောင်နူ ယွင်ဖေး ဝူရွှမ်းနှင့် ချမ်ဝမ်ကွမ်းတို့က တံခါးပိတ် ကျင့်ကြံနေကြပြီး မြေခွေးလေးကမူ အချိန်အတော်ကြာ အိပ်နေလေရာ သူမည်ကဲ့သို့ ကျင့်ကြံနေကြောင်း သူ့ကိုအမှန်တကယ် အံ့သြမိစေ၏။ ထိုမြင်ကွင်းကို တွေ့သည့်အချိန်၌ ကျန်းရီက သက်ပြင်းချလိုက်သည်။

သူက ဧကရီနန်းတော်ကို သိမ်းပြီးနောက် လေးလေးနက်နက် ထပ်မံဆင်ခြင်ကြည့်ပြန်၏။ သူသွားသင့်သည့် လမ်းကြောင်းကို ရွေးနေစဉ် ခက်ခဲနေတော့သည်။ သူ့၌လုပ်စရာ ကိစ္စများစွာရှိသည်။ အရှေ့ပိုင်း တော်ဝင်နယ်မြေကိုသွားပြီး စုလော့ရွှယ်ကိုကယ်ကာ ရီဖျောင်ဖျောင်ကို ရှာဖွေရမှာပဲဖြစ်သည်။ ကျန့်ပိုင်လီ၏ သေခြင်းတရားအတွက် သူလက်စားချေပြီး သိုင်းခန်းမကို သုတ်သင်ရှင်းလင်းပစ်ချင်သည်။

သို့သော် ထိုအရာအားလုံးကို ပြုလုပ်ရန်အတွက် သူ၏ခွန်အားကို ဦးစွာမြင့်တင်ရမှာပဲဖြစ်သည်။ ဆိုလိုသည်က နဂါးညှိုးရော်ခြင်း မြက်ပင်ကို လိုအပ်နေ၏။ သို့သော် အရှေ့ပိုင်း တော်ဝင်နယ်မြေကိုသွားမှ နဂါးညှိုးရော်ခြင်းမြက်ကို ရှာတွေ့မှာပဲဖြစ်သည်။

ထို့ကြောင့် တူညီသည့်မေးခွန်းက ထပ်မံပေါ်ပေါက်လာပြန်၏။ သူသည် အရှေ့ပိုင်း တော်ဝင်နယ်မြေသို့ သွားရန်အတွက် လုံခြုံသော လမ်းကြောင်းတစ်ခုကို ဦးစွာရှာဖွေရမှာပဲဖြစ်သည်။

“ကိစ္စမရှိပါဘူး အများကြီးတွေးနေတာက အကူအညီမဖြစ်ဘူး အရှေ့ပိုင်း တော်ဝင်နယ်မြေကို သွားဖို့အတွက် မြောက်အရပ်က နယ်မြေတစ်ချို့ကို တိတ်တဆိတ် ဖြတ်သန်းသွားလို့ရတာပဲ ဆိုရိုးစကား ရှိတဲ့အတိုင်း ကောင်းကင်ဘုံက လူတစ်ယောက်ရဲ့ ကြွယ်ဝချမ်းသာမှုနဲ့ လူတစ်ယောက်ရဲ့ သေရေးရှင်ရေးကို ဆုံးဖြတ်ပေးမှာပဲ ငါလမ်းတစ်ဝက်မှာ သေမယ်ဆိုရင် ဒါငါ့ကံကြမ္မာပဲပေါ့”

ကျန်းရီက ရေရွတ်ပြောဆိုပြီးနောက် နောက်ဆုံးတွင် မြောက်ဘက်အရပ်ဆီသို့ ဆက်လက်သွားရန် ဆုံးဖြတ်ချက် ချလိုက်တော့၏။

ရှေးစီနီယာကြီးများ သွားလာခဲ့သည့် လမ်းကြောင်းအတိုင်း သွားမည်ဆိုလျှင် အလွန်စွန့်စားမှုများပြီး သိုင်းခန်းမမှ လွှတ်လိုက်သည့် ကောင်းကင်ဧကရာဇ်အဆင့် သန်မာသည့် သံတမန်များ သတ်ဖြတ်တာ ခံရနိုင်သည်။ သို့သော် အရှေ့ပိုင်း တော်ဝင်နယ်မြေသို့ ရောက်ရန်အတွက် တောင်ဘက်အရပ်ကနေသွားလျှင် အချိန်ပိုယူရမှာပဲဖြစ်သည်။ သူအသက်နှစ်ဆယ် မတိုင်မီ ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့်သို့ ရောက်သည့်အချိန်၌ ရီဝန်ကသာလျှင် သူမကိုရှာရမည့်နည်းကို ပြောပြမည်ဟု ရီဖျောင်ဖျောင်က ဆိုခဲ့သည်။ သူသည် ယခုအချိန်တွင် အသက်(၁၈)နှစ် ရှိနေပြီဖြစ်ကာ အသက်(၂၀)ပြည့်ရန် (၂)နှစ်ကျော် လိုသေး၏။ သူ့အတွက် မတိုတောင်းသည့် အချိန်ဖြစ်သော်ငြား ထိုမျှလည်း မရှည်ကြာပေ။

သွားရမည့်လမ်းကြောင်းကို ဆုံးဖြတ်ပြီးသည်နှင့် သူကဆင်ခြင်သုံးသပ်တာ ရပ်တန့်ကာ သူ့လက်ထဲရှိ ငါးအရိုးကို ပစ်ထုတ်ပြီး မြေပြင်ကိုဆွဲထုတ်လိုက်၏။ ပြီးနောက် ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ သို့သော် အရှေ့ပိုင်း တော်ဝင်နယ်မြေနှင့် ဖီးနစ်အော်သံ နယ်မြေကြားရှိ နယ်မြေများအားလုံးကို စစ်ဆေးကြည့်ပြီးနောက် သူ၏မျက်နှာက သုန်မှုန်လာတော့သည်။

ဖီးနစ်အော်သံနယ်မြေ၏ အရှေ့မြောက်အရပ်က လျှမ်ထိုက်ယံနယ်မြေဖြစ်ပြီး သူတို့ဖြတ်သန်းလာသည့် နေရာဖြစ်သည်။

လျန်းထိုက်ရန်နယ်မြေမှ အရှေ့ပိုင်း တော်ဝင်နယ်မြေသို့ သွားရန်အတွက် သူတို့သည် သားရဲမျိုးနွယ်နယ်မြေ၊ နတ်မြင်းပျံနယ်မြေ၊ ယန်ကျင်းရှေးနယ်မြေနှင့် ပန်းရဉ်နယ်မြေတို့ ရှိနေသည်။

သားရဲမျိုးနွယ်နယ်မြေနှင့် ယန်ကျင်းရှေးနယ်မြေက သူတို့အတွက် စိုးရိမ်ပူပန်စရာ သိပ်မရှိပေ။ ထိုနယ်မြေနှစ်ခုက ကောင်းကင်ကြယ်တာရာ နယ်မြေထက်တောင် ပိုသေးပြီး ထိုနေရာ၌ ကောင်းကင်ဧကရာဇ်နယ်ပယ် ပညာရှင်များ မရှိလောက်ပေ။ တစ်ယောက်ရှိနေလျှင်တောင် သူတို့အလွယ်တကူ ဖြေရှင်းနိုင်၏။

သူတို့ကို စိုးရိမ်ပူပန်စေသည်က နတ်မြင်းပျံနယ်မြေနှင့် ပန်းရဉ်နယ်မြေတို့ပဲဖြစ်သည်။ အထူးသဖြင့် ဖီးနစ်အော်သံနယ်မြေ၏ အရွယ်အစား နှစ်ဆခန့်ရှိသော နတ်မြင်းပျံနယ်မြေပင်ဖြစ်သည်။ ထိုနေရာ၌ ကောင်းကင်ဧကရာဇ်အဆင့် သိုင်းပညာရှင်များ မည်မျှရှိမှန်း မည်သူကသိမည်နည်း။

ထူးခြားသော မျိုးနွယ်စုတစ်စု၏နယ်မြေကို ခရီးနှင်ရခြင်းက အလွန်အန္တရာယ်များ၏။ သူတို့သည် အလွယ်တကူ ပေါ်သွားနိုင်ချေရှိသည်။ ပေါ်သွားသည်နှင့် သူလျိုများအဖြစ် သတ်မှတ်ခံရပြီး သူတို့မသေမချင်း အဆုံးမရှိ အလိုက်ခံရမှာပဲဖြစ်သည်။ ဥပမာအနေဖြင့် ကျန်းရီသည် နောက်ဆုံးအခေါက်က ဖီးနစ်အော်သံနယ်မြေသို့ သွားသည့်အချိန်တွင် နယ်မြေထဲသို့ ခြေချသည့် အချိန်မှာပင် သူရှာဖွေတွေ့ရှိခြင်း ခံလိုက်ရသည်။

“ဆိုးရိုးစကားတွေ ရှိတဲ့အတိုင်းပဲ ကိုယ့်အပိုင် ဖြစ်မဲ့ဟာက အမြဲတမ်း ဖြစ်နေမှာပဲ အပိုင်မဟုတ်တဲ့ဟာက ဘယ်တော့မှ အပိုင်ဖြစ်မလာဘူး ဒါတွေအားလုံးက ကံကြမ္မာပဲ ငါတွေဝေမနေသင့်တော့ဘူး မနက်ဖြန်ကျရင် သားရဲမျိုးနွယ် နယ်မြေကိုသွားတာပေါ့”

ကျန်းရီက စိတ်ပြင်ဆင်လိုက်သည်။ မြေပုံကို ချက်ချင်းသိမ်းပြီးနောက် မှော်အတက်ကို နားလည်သဘောက်ပေါက်အောင် ဆင်ခြင်ရန် တင်ပျဉ်ခွေချိတ် ထိုင်လိုက်တော့သည်။ သို့သော် ထိုစဉ် ထူးဆန်းသော အသံအချို့ကို ကြားလိုက်ရ၏။ အသံက အပြင်ဘက်ရှိ မိုးသက်မုန်တိုင်း၏ အသံဖြင့် အပြည့်အဝ လွှမ်းမိုးခံရလုနီးပါး ဖြစ်နေသည်။ သို့သော် ကျန်းရီ၏ အစွမ်းထက်သော အကြားအာရုံကြောင့်သာ မဟုတ်လျှင် သတိပြုမိဖို့က မဖြစ်နိုင်လောက်ပေ။

“အဲဒါဘာအသံလဲ”

ကျန်းရီက မျက်မှောင်ကြုတ်လိုက်၏။ သူ၏နားထဲ အတွင်းအားအချို့ကို အလိုလို လှည့်ပတ်လိုက်ပြီးနောက် အကြားအာရုံကို ချက်ချင်းပင် အဆတစ်ရာ မြင့်လိုက်တော့သည်။ ထူးဆန်းသော အသံက ပိုမိုကြည်လင်လာသည့် အချိန်တွင် သူ၏မျက်လုံးက ပြုးကျယ်လာပြီး ထိတ်လန့်မှုကြောင့် ကျယ်ဝန်းလာတော့၏။ သူကတဲ၏ကားလိပ်ကို ဖြတ်ကျော်လျက် သူ၏အကြည့်သည့် နောက်ထပ်တဲဆီ ရောက်သွားတော့၏။ အသံသည် ထိုတဲထဲမှ လာတာဖြစ်သည်။ အသံကို တမင်တကာ တိုးထားသည့်တိုင် အကြားအာရုံကို မြင့်တင်ထားကာစ ကျန်းရီအဖို့ အလွန်ရှင်းရှင်းလင်းလင်း ကြားနေရသေးသည်။ ထိုအသံက မိန်းမပျိုလေးများ၏ ညည်းညူနေသည့် အသံပင်ဖြစ်သည်။

ဖုန်းလန်နှင့် ချင်ယွီသည် အစောပိုင်းက တဲထဲသို့ အတူတကွ ဝင်သွားခဲ့ပြီး သူတို့ယခုအချိန်အထိ ထွက်မလာသေးပေ။ ယခုထိုကဲ့သို့အသံမျိုး ထွက်ပေါ်လာရာ သူအထဲကို ကြည့်တောင်မကြည့်ဘဲ သူတို့ဘာလုပ်နေမှန်း သိနေပြီးသားဖြစ်သည်။

ဖုန်းလန်နှင့် ချင်ယွီသည် လိင်တူချစ်သူဆက်ဆံရေးတွင် ရှိနေခဲ့တာ အချိန်အတော် ကြာပြီဖြစ်ကာ ကျန်းရီသည် ထိုအကြောင်းကို ကောင်းကောင်းမွန်မွန် သိပေ၏။ ဖုန်းလန်သည် ပြင်းပြသော ငြင်းပယ်မှုနှင့် မဟူရာဖီးနစ်မြို့ရှိ နန်းတော်ထဲ၌ ချင်ယွီကို ထိခိုက်ဒဏ်ရာရအောင် မလုပ်ချင်သည့်အချိန်တွင် စိတ်ပျက်အားငယ်မှုတို့ ရှိနေတာကို ခံစားမိပြီး သူတို့နှစ်ယောက်ကြားရှိ ချစ်ခြင်းတရားကိုလည်း သူရှာဖွေတွေ့ရှိခဲ့မိ၏။ သူတို့ရေအတူချိုးပြီး တစ်ယောက်ကိုယ်ကိုတစ်ယောက် ပင်လယ်ထဲ၌ ညင်သာစွာ ပွတ်သပ်နေသည့် အချိန်တွင်လည်း သိလိုက်ရပြီဖြစ်သည်။ သို့သော် မိန်းမပျိုလေးနှစ်ဦးသည် ဤကဲ့သို့ တောရိုင်းထဲ၌ ရမက်ပြင်းပြင်း အပြုအမူများကို ဆက်လက် လုပ်ဆောင်နေလိမ့်မည်ဟု သူမထင်ထားခဲ့ချေ။

ဂလု ဂလု

ကျန်းရီက တံထွေးမျိုချလိုက်ပြီးနောက် ချင်ယွီသည် သူမ၏ရံရွှေတော်နှင့် တူညီသည့်အရာ ပြုလုပ်နေသည့် မြင်ကွင်းကို ပြန်တွေးမိသွားသည်။ ဖုန်းလန်နှင့် ချင်ယွီကြား ယခုအချိန်တွင် တဲထဲရှိ မြင်ကွင်း မည်သို့မည်ပုံ ဖြစ်နေမည်ဆိုတာ သူမှန်းဆရန် ကြိုးစားလိုက်သည်။ သို့သော် သူ့ရင်ထဲ၌ မိစ္ဆာမီးတို့ တောက်လောင်လာ၏။ လျှာများခြောက်လာပြီး ခံတွင်းက ရေဆာလာတော့၏။

တဲထဲရှိမြင်ကွင်းကို ချောင်းမကြည့်မိရန် ကောင်းကင်စိတ်အာရုံကို မသုံးဖို့ရာ သူ့ကိုယ်သူထိန်းချုပ်ရန် အကောင်းဆုံး ကြိုးစားခဲ့မိသည်။ သို့သော် သူ့ခေါင်းထဲ၌ ထိုအတွေးများ ပေါ်လာသည်နှင့် ပိုမိုခုခံမရ ဖြစ်လာတော့သည်။

ကျန်းရီက ကိုယ့်ကိုယ်ကို ထိန်းသိမ်းမှုကောင်ပြီး သူ၏စိတ်ခွန်အားက တည်ငြိမ်ကာ တည်မြဲနေသော်ငြား သူသည် လိင်ကိစ္စအကြောင်း တွေ့ကြုံစူးစမ်းချင်သည့် လူပျိုတစ်ဦး ဖြစ်နေသေး၏။ ကျန်သည့်လူငယ်များ နည်းတူပင်ဖြစ်သည်။ (၁၈)ဝန်းကျင်နှင့် ကျန်းရီက သွေးဆူလွယ်သည့် လူငယ်တစ်ဦးဖြစ်သည်။ ယခုအချိန်တွင် တဲထဲကို တစ်ဟုန်ထိုး ဝင်မသွားရန် သူစိတ်ကိုထိန်းချုပ်နိုင်ခြင်းက သူသည် ကျန်သည့်လူအများထက် ပိုတည်ငြိမ်ပြီး ပိုစည်းရှိသည်ဟု ဆိုလိုနေတာပဲဖြစ်သည်။

ဘီး

နောက်ဆုံးတွင် သူထိန်းချုပ်နိုင်မှု ဆုံးရှုံးသွားသည်။ ကောင်းကင်စိတ်အာရုံက တဲထဲသို့ ရောက်သွားပြီး တိတ်တဆိတ် ချောင်းကြည့်လိုက်တော့သည်။ တစ်ချက်ဖြတ်ကြည့်မိပြီး ကျန်းရီက ကျောချမ်းသွားတော့သည်။

သူမှန်ပေ၏။ ဖုန်းလန်နှင့်ချင်ယွီက ထိုရမက်ပြင်းပြင်း အပြူအမူများ လုပ်ဆောင်နေကြတာပဲဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး တင်းကြပ်စွာ ထွေးပွေ့ထားသည်။ သို့သော် လှဲနေရမည့်အစား သူတို့က အထက်အောက် ရပ်နေပေ၏။ ကျန်းရီသည် ထိုလှပသော မြင်ကွင်းကြောင့် ညို့ငင်ခံလိုက်ရသည်။ သို့သော် နောက်တစ်စက္ကန့်တွင် ကောင်းကင်စိတ်အာရုံများကို ပြန်ရုတ်ရန် သူ့ကိုယ်သူ ဖိအားပေးလိုက်ရသည်။ ထိုမြင်ကွင်းကို တစ်စက္ကန့်ထက်ပို ကြည့်မိလျှင် သူ၏ရုပ်ခန္ဓာကို ထိန်းချုပ်နိုင်စွမ်း ရှိတော့မှာမဟုတ်ဟု သူသိနေပေ၏။

“ဆိုရိုးစကား ရှိတဲ့အတိုင်းပဲ ရေတိုက်ဖို့ မြင်းတစ်ကောင်ကို ခေါ်သွားလို့ရတယ် ဒါပေမဲ့ သူရေသောက်အောင်တော့ လုပ်လို့မရဘူး တစ်ခြားလူတွေ သတိမပြုမိတဲ့အချိန်မှာ သူတို့ကို အမြတ်မထုတ်သင့်ဘူး မဟုတ်ရင် ငါက တိရိစ္ဆာန်တစ်ကောင်နဲ့ မခြားဘဲဖြစ်သွားမှာပေါ့ ငါ့ရဲ့အောက်ခြေစည်း၊ အတွင်းစိတ် မူလရည်ရွယ်ချက်ကို မှတ်မိနေဖို့လိုတယ်”

ကျန်းရီသည် သူ့ဘာသာသူ ရေရွတ်ပြောပြီးနောက် အသက်အနည်းငယ် ရှုလိုက်ကာ နောက်ဆုံးတွင် တည်ငြိမ်သွားတော့၏။ မိနစ်အနည်းငယ် ကြာပြီးနောက် သူသည်တင်ပျဉ်ခွေ ချိတ်ထိုင်ပြီး စတင်ကျင့်ကြံတော့သည်။

သူမှန်ပေ၏။

အစောတုန်းက သူသာတဲထဲဝင်ပြီး အမိန့်ပေးခဲ့လျှင် ဖုန်းလန်နှင့်ချင်ယွီက သူပြောသမျှကို ချက်ချင်းလိုက်နာပြီး သူ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးမှာပဲဖြစ်သည်။ မိန်းမပျိုလေးနှစ်ဦးကို ကျီစယ်ပြီး သူ၏အချိန်ကို နှစ်ခြိုက်ခံစားကာ သူတို့၏လှပသော ခန္ဓာကိုယ်နှင့် ဆော့ကစားနိုင်မှာပဲဖြစ်သည်။

သို့သော် ဖုန်းလန်နှင့်ချင်ယွီတို့က သူ့ကိုမုန်းတီးနေခြင်း မရှိတော့မှန်း သူသိနေသည့်တိုင် အတွင်းစိတ်တွင်မူ ဒွိဟဖြစ်နေသေး၏။ သူတို့သည် သူ့ကိုဘယ်တော့မှ ချစ်လာမှာမဟုတ်။ ထိုကဲ့သို့ ရမက်ပြင်းပြင်း အရာအတွက် သူတို့ကိုယ်တိုင် သူ့ဆီရောက်လာကြမှာ မဟုတ်ပေ။

သူသာ သူတို့ကို ဖိအားပေးခဲ့လျှင် သူက တိရိစ္ဆာန်တစ်ကောင်နှင့် ခြားတော့မှာမဟုတ်ပေ။

သူက လူကောင်းတစ်ယောက် မဟုတ်သော်ငြား သူ၏အောက်ခြေစည်းကို အမြဲတမ်း ထိန်းသိမ်းထားသည်။ မိန်းမပျိုလေးများကို ဖိအားပေးခြင်းက သူ၏အောက်ခြေစည်းကို ကျော်လွန်နေပြီး ထိုမိန်းမပျိုလေးများက ဝိညာဉ်ကျွန်ဖြစ်သည့်တိုင် အဆင်မပြေပေ။

တစ်ဖက်တဲထဲတွင် ဖုန်းလန်နှင့်ချင်ယွီက ကျန်းရီ၏ ကောင်းကင်စိတ်အာရုံ သူတို့တဲထဲမှ ထွက်သွားသည့်အချိန်တွင် သူတို့၏ အပြုအမူများ ရပ်တန့်သွား၏။ ချင်ယွီက ရှက်သွေးဖြာသွားပြီး ဖုန်းလန်ကို ညှို့ငင်စွာကြည့်လိုက်သည်။

“ကျွန်မရဲ့ဧကရီ ဒီလိုတောရိုင်းကြီးထဲမှာ ဒီလိုအရာမျိုး လုပ်နေတာ အန္တရာယ် မများဘူးလား သခင်လေးက သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ”

ချင်ယွီက စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။

ဖုန်းလန်၏ဆံပင်က ချွေးများဖြင့် စေးကပ်နေ၏။ သူ၏လှပသော ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေကာ သူ၏ပါးစပ်က အသက်ရှုထုတ်ငွေ့များ ရှိနေပြီး မောဟိုက်နေလေ၏။ သူမသည် ချင်ယွီကို တင်းကြပ်စွာ ဖက်ထားပြီးနောက် ခဏအနားယူကာ နောက်ဆုံးတွင် ပြောလိုက်တော့၏။

“ငါတို့ကံကောင်းတယ် ငါတို့ရဲ့သခင်က တဏှာစိတ် ရှိတယ်ဆိုပေမဲ့ သူကလူဖြောင့် လူမှန်တစ်ယောက်ပဲ သူအခု ဘာလုပ်နေမလဲ တွေးကြည့်လေ သူကတရားထိုင်ပြီး အခုသူ့ဘာသာသူ တရားကျင့်နေမှာ”

“အာ”

ချင်ယွီက အံ့သြသွားသည်။ သူမ၏ မျက်ဝန်းလှလှလေးထဲတွင် အံ့သြသည့် အရိပ်အယောင် ပေါ်လာကာ အမူအရာကလည်း ရှုပ်ထွေးလာ၏။ ကျန်းရီသည် သူ့ကိုယ်သူ ထိုမျှထိန်းချုပ်နိုင်လိမ့်မည်ဟု သူမ မထင်ထားချေ။ ကျန်းရီ၏ ကောင်းကင်စိတ်အာရုံသည် အစောပိုင်းက တဲထဲရောက်လာမှန်း သူမတွေ့ရှိခဲ့တာ သေချာသည်။ ကျန်းရီသည် အဆုံးတွင် သူတို့၏တဲထဲ ဝင်မလာသောကြောင့် သူသည် မှန်ကန်သည့် လူတစ်ဦးဟု ဆိုလိုနေတာပဲဖြစ်သည်။

“ခစ် ခစ် အခုဘာတွေ စဉ်းစားနေတာလဲ ငါ့ရဲ့မိန်းမပျက်လေး ဟမ့် ငါတို့သခင်နဲ့ အဲ့ဒီအရာကို လုပ်ချင်တယ်လို့တော့ မပြောနဲ့နော်”

ဖုန်းလန်က ရယ်မောပြီးနောက် ချင်ယွီကို စနောက်နေလေရာ သူမကိုရှက်ရွံ့ပြီး ချက်ချင်း ဒေါသထွက်သွားစေ၏။ သူမက ခန္ဓာကိုယ်ကိုလှည့်ပြီး ဖုန်းလန်၏ လှပသော ခန္ဓာကိုယ်ပေါ် တွားသွားတက်ပြီး ရယ်မောလိုက်၏။

“ဟမ့် ကျွန်မရဲ့ဧကရီ သူ့ကို လိုချင်နေတဲ့လူက ရှင်လို့ထင်တယ် ကျွန်မတို့သခင်လေးဆီကို အသံကူးပြောင်းပြီး ဒီကိုလာဖို့ ပြောလိုက်ရမလား ဒါကရှင်အမြဲတမ်း လိုလားတောင့်တနေတဲ့ အရာမဟုတ်ဘူးလား”

တဲအပြင်ဘက်တွင် မိုးကပိုမို သည်းထံလာပြီး လျှပ်စီးမုန်တိုင်းက ဆက်လက်ဖြစ်ပွားနေပြီး တဲထဲတွင်မူ နွေဦးအချိန်အခါ ဖြစ်နေတော့သည်။ မြင်ကွင်းက ပိုမိုဆွဲဆောင်မှု ရှိလာတော့၏။

***

All Chapters