အစွမ်းထက်သော ရှောင်နူ
Vol. 40 Ch. 556
မိုးသက်မုန်တိုင်းက တစ်ညလုံး ဆက်လက်ဖြစ်ပွားခဲ့သည်။ တဲအတွင်းတွင် ကျန်းရီက နေထိုင်ပြီး တစ်ညလုံး မှော်အတတ်ပညာများကို ဆင်ခြင်နေပြီး နောက်နေ့မနက်မှသာ နိုးလာတော့၏။
ဖုန်းလန်နှင့်ချင်းယွီက ပင်လယ်ကမ်းစပ်တွင် တစ်ယောက်ကို တစ်ယောက် ခေါင်းဖြီးပေးနေ၏။ သူတို့က စောစောစီးစီး နိုးလာပြီးနောက် နံနက်စာအတွက် ငှက်အချို့ဖမ်းပြီး ကင်ထားရာ ကမ်းစပ်၌ အနံ့များ မွှေးနေတော့သည်။ မိုးရွာပြီးနောက် လေက လတ်ဆတ်နေပြီး သစ်ပင်ပန်းမာန်တို့က စိမ်းစိုနေရာ တစ်ညလုံး မိုးရေဖြင့် ပက်ဖြန်းခံရပြီးနောက် ပိုသက်ဝင်လာတော့သည်။ ပင်လယ်လေက ညင်သာစွာ တိုက်ခတ်နေပြီး မြင်ကွင်းက စိတ်အေးလက်အေး ရှိစေကာ လှပပြီး ငြိမ်းချမ်းမှု အပြည့် ရှိနေ၏။
ဘီး..
ကျန်းရီ၏ ခန္ဓာကိုယ်က အဖြူရောင်အလင်းဖြင့် ဖြတ်ခနဲ လှုပ်သွားကာ ပတ်ဝန်းကျင်လေထုက သူ့ဆီ လျင်မြန်စွာ ရောက်ချလာသည်။ စက္ကန့်ပိုင်းအတွင်းတွင် ကျန်းရီ၏ ပုံရိပ်တစ်ဒါဇင်ခန့်က ထွက်ပေါ်လာပြီးနောက် အရပ်မျက်နှာအနှံ့သို့ ချက်ချင်း ပျံထွက်သွားပြီး ပျောက်ကွယ်သွားတော့၏။
“ဟမ်..”
ရုတ်တရက် ဆူညံသံက ဖုန်းလန်နှင့် ချင်းယွီ၏ အာရုံစိုက်မှုကို ရသွားသည်။ သူတို့နှစ်ယောက်လုံးက ထိုပုံရိပ်များကို စစ်ဆေးရန် ကောင်းကင်စိတ်အာရုံကို အသုံးပြုလိုက်ပြီး မည်သည်က အစစ်မှန်း မမှတ်မိနိုင်ကြောင်း သိလိုက်ရသည့်အချိန်တွင် သူတို့ ထိတ်လန့်သွားကြသည်။ အံ့ဩမှုက ပါးစပ်အဟောင်းသား ဖြစ်နေသည်က သူတို့ကို ပိုဆွဲဆောင်မှု ရှိသွားစေ၏။
ဖောက် ဖောက် ဖောက်
ပုံရိပ်များသည် ကီလိုမီတာ ၃၀ကျော် သွားလာပြီးနောက် ခြေရာလက်ရာမကျန်ဘဲ အပြည့်အဝ ပျောက်ကွယ်သွား၏။ တည့်တည့်တွင် ကျန်းရီက သူ့မျက်လုံးကို စိတ်ကျေနပ်စွာ ဖွင့်လိုက်တော့သည်။ သူသည် ကိုယ်ခွဲမှော်အတတ်ကို လတ်တလောတွင် ဆင်ခြင်ကြည့်နေတာ ဖြစ်ပြီး ဖြည်းဖြည်းချင်း တိုးတက်လာ၏။ ယခုအချိန်တွင် သူ၏ ပုံရိပ်တစ်ဒါဇင်ကို ခွဲနိုင်နေပြီ ဖြစ်သည်။ ထိုပမာဏက မကြီးမားသော်ငြား သူ တိုက်ခိုက်ချိန်တွင် သို့မဟုတ် သူ့အသက် အန္တရာယ်ဖြစ်နေချိန်တွင် ရန်သူများကို စိတ်ရှုပ်ထွေးအောင် လုပ်နိုင်ပေ၏။
ဘီး..
ကျန်းရီ၏ မီးဝိညာဉ်ပုလဲက ပေါ်လာပြီးနောက် သူ့လက်ထဲတွင် ဧကရီနန်းတော်လေး ပေါ်လာတော့သည်။ အတွင်းသို့ စစ်ဆေးရန်အတွက် ကောင်းကင်စိတ်အာရုံကို သုံးလိုက်ရာ ကျန်းရှောင်မူသည် ကျင့်ကြံပြီးစီးပြီး နန်းတော်အပြင်ဘက်တွင် ထိုင်နေကာ တွေဝေကာကြည့်နေသည်ကို မြင်လိုက်ရ၏။ သူ့မျက်နှာထက်တွင် ချက်ချင်းပင် ပျော်ရွှင်မှုတို့ ပြည့်သွားတော့၏။
ကျန်းရီသည် ဧကရီနန်းတော်ထဲသို့ အတွင်းအားအချို့ မြန်မြန်ဆန်ဆန် ထည့်လိုက်သည်။ ဧကရီနန်းတော်က တစ်က္ကန့်ခန့် လင်းသွားပြီးနောက် မိန်းမလှလေးတစ်ဦးသည် သူ့ရှေ့တွင် ပေါ်လာတော့သည်။ ကျန်းရှောင်မူက အနီးပတ်ဝန်းကျင်ကို ကြည့်ပြီး ကျန်းရီကို မြင်သည့်အခါ ပျော်ရွှင်ကြည်နူးစွာ အော်လိုက်၏။
“သခင်လေး”
“ရှောင်နူ”
ကျန်းရီသည် ကျန်းရှောင်မူ၏ လက်မောင်းကို ဖက်ထားပြီး နှာခေါင်းကို ဆွဲလိမ်လိုက်ကာ သူ့မျက်နှာတွင် ချစ်ခြင်းတရားတို့ ပြည့်နေလေ၏။
“တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီလား မင်းရဲ့ကျင့်ကြံမှု ဘယ်လိုရှိလဲ”
ကျန်းရှောင်မူက လျှာထုတ်ပြီးနောက် အပြစ်ကင်စွာ ပြောလိုက်တော့သည်။
“ညီမက ဉာဏ်မှ သိပ်မထက်တာ ဒီလောက်ကြာကြာ ကျင့်ကြံပြီးနောက် ညီမရဲ့မင်ရည် တောင်ပံနတ်သိုင်းပညာက ပထမအဆင့်ရဲ့ အမြင့်ဆုံးကိုပဲ ရောက်သေးတာ ဒုတိယအဆင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုနည်းစနစ်တွေလည်း ရှိနေပြီ ဒါပေမဲ့ အခုချိန်မှာ နားမလည်ဘူး ဖြစ်နေတယ်။ ဒါကြောင့် ညီမ ကျင့်ကြံတာရပ်လိုက်တာပဲ”
“ပထမအဆင့်ရဲ့အမြင့်ဆုံးကို ရောက်နေပြီလား”
ကျန်းရီ၏ မျက်လုံးက လက်သွာသည်။ ကျန်းရှောင်မူက မှင်ရည်တောင်ပံမျိုးနွယ်စုဝင် ဖြစ်ပြီး အသွင်ပြောင်းလဲလိုက်သည်နှင့် သူမ၏လက်သည်းများက အလွန်ချွန်ထက်ကာ နေနက်မိစ္ဆာနွယ်ကိုတောင် အလွယ်တကူ ဖျက်ဆီးနိုင်၏။ သူမက ပထမအဆင့်၏ အမြင့်ဆုံးအဆင့်သို့ ရောက်နေခဲ့လျှင် သူမခွန်အားက ယခုဆို အတော်တိုးတက်နေပြီ ဖြစ်ရပေမည်။ ကျန်းရီက တွေးလိုက်၏။ သူမသာ ဒုတိယအဆင့်ကို ချိုးဖျက်တက်နိုင်ခဲ့လျှင် ကျန်းရှောင်မူ မည်မျှ အစွမ်းထက်မှန်း သူတောင် မခန့်မှန်းနိုင်တော့ချေ။
“ရှောင်နူ ဒီတော့ မင်း အခု ဘယ်လောက်အစွမ်းထက်ဘဲ ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့်မှာ ရှိလား ဒါမှမဟုတ် ကောင်းကင်ဧကရာဇ်အဆင့်လား”
ကျန်းရီက စိတ်အားထက်သန်စွာ မေးသည်။
“ညီမ မသိဘူး”
ကျန်းရှောင်မူက ခေါင်းခါလိုက်၏။ ကျန်းရီနည်းတူ သူမ၏ ကျင့်ကြံမှုက နယ်မြေပေါ်ရှိ လူများနှင့် ကွဲပြားခြားနားနေပေ၏။ ထို့ကြောင့် သူတို့နှစ်ယောက်ကြား အမှန်တကယ် နှိုင်းယှဉ်ကြည့်နိုင်၏။
ရှပ် ရှပ်..
အစောပိုင်းက ကျန်းရီ၏ပုံရိပ်ကြောင့် သွေးဆောင်ခံလိုက်ရသော ဖုန်းလန်နှင့် ချင်းယွီက သူတို့ဆီ လျှောက်လာသည်။ ခြေသံများကို ကြားသည့် အချိန်တွင် ကျန်းရှောင်မူ၏ မျက်ဝန်းတို့က အေးစက်သွား၏။ သူမက အပြင်ဘက်ကို ကြည့်လိုက်ရာ ဖုန်းလန်နှင့် အကြည့်ချင်း ဆုံသွားချိန်တွင် အနည်းငယ် အံ့ဩသွား၏။ ချက်ချင်းနီးပါး ထိုအမျိုးသမီးသုံးဦးကြားထဲ၌ ရန်လိုစိတ်က ပေါ်ထွက်လာသည်။
“သူက ဘယ်သူလဲ သခင်လေး”
“သခင်လေး သူတို့က ဘယ်သူတွေလဲ”
ချင်းယွီနှင့် ကျန်းရှောင်မူက တစ်ပြိုင်နက်တည်း မေးလိုက်ရာ နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် အလိုလို ရန်လိုနေမိ၏။ ချင်းယွီ၏ အမြင်တွင် ကျန်းရီသာလျှင် သူတို့၏သခင် ဖြစ်နိုင်ပြီး ကျန်းရှောင်မူ၏ အမြင်တွင်မူ ကျန်းရီက သူမ၏သခင်လေးသာလျှင် ဖြစ်နိုင်ပေ၏။ ယင်းက အမျိုးသမီးများ၏ သဘာဝဖြစ်သည်။
“ခွီး ခွီး..”
ကျန်းရီက အနည်းငယ် ပြုံးရယ်လိုက်ပြီး မရှင်းပြခဲ့ချေ။ သူက ဖုန်းလန်ဘက်ကို လှည့်ကြည့်ပြီးနောက် ပြောလိုက်၏။
“ဖုန်းအာ မင်းရဲ့ အတွင်းအား နတ်ဒိုင်းကို ထုတ်လိုက် ရှောင်နူ အသွင်ပြောင်းပြီး ဖုန်းအာကို တိုက်ခိုက်ကြည့်”
ဘီး
ဝှစ်..
ဖုန်းလန်သည် ကျန်းရီ၏အမိန့်ကို မနာခံဘဲ မနေရဲချေ။ သူမ၏အတွင်းအားနတ်ဒိုင်းကို ချက်ချင်း ထုတ်ဖော်လိုက်၏။ ကျန်းရှောင်မူကလည်း အသွင်ပြောင်းလဲသွားပြီး ကျန်းရီ၏အမိန့်ကို တစ်ခါမှ အမေးမထုတ်ပေ။ ကျန်းရှောင်မူ၏ အဝတ်အစားတို့က နောက်ကျောမှ စုတ်ပြဲသွားပြီးနောက် ကြီးမားသည့် တောင်ပံတစ်စုံထွက်လာပြီး သူမက အစိမ်းရောင်ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ဖုန်းလန်ဆီသို့ တိုးဝင်သွားတော့သည်။ မျက်တောင်တစ်ခတ်အတွင်း ဖုန်းလန်ရှေ့သို့ ရောက်နေပြီဖြစ်၏။ သူမ၏ တောက်ပပြီးချွန်ထက်နေသော လက်သည်းများကို ကြည့်ကာ ချင်းယွီက ကြောက်လန့်နေတော့သည်။
ပေါက်ကွဲခြင်း..။ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ တိုက်ကွက်ကို ခံနိုင်ရည်ရှိရန် သန်မာသော အတွင်းအားနတ်ဒိုင်းက ကျန်းရှောင်မူ၏ ချွန်ထက်သော လက်သည်းများသည် ထိုပေါ်၌ ကုပ်ခြစ်မိသွားချိန်တွင် ခွန်အားများများစားစား မသုံးသည့်တိုင် ယင်းက ပလက်စတစ်ကဲ့သို့ အလွယ်တကူ ပြိုကွဲသွားတော့၏။ ကျန်းရှောင်မူ၏ လက်သည်းများက ဖုန်းလန်၏ မျက်နှာဆီသို့ ဦးတည်သွားသည်မှာ သေမင်းနတ်ဘုရား၏ ဝိညာဉ်နှုတ်ယူခြင်းလက်များနှင့် တူနေတော့သည်။
ဝှစ်..
ဖုန်းလန်က မကြောက်လန့်သွားပေ။ သူမက မြေကြီးပေါ် ခြေတစ်ဖက်ဖြင့် ထောက်လျက် ငန်းတစ်ကောင်တဖွယ် အနောက်သို့ ပျံသွားတော့၏။ တစ်ချိန်တည်းတွင် သူမ၏ လက်က အနက်ရောင်အလင်းဖြင့် တောက်ပလာလေ၏။ ကျန်းရှောင်မူကို တိုက်ခိုက်ရန်အတွက် အမှောင်ထု တာအိုပုံစံကို ထုတ်ဖော်တော့သည်။ ထိုစဉ် ချင်းယွီကလည်း သတိဝင်လာ၏။ သူမက ကျန်းရှောင်မူကို ချိန်ရွယ်လိုက်သည်။ ရွှေရောင်အလင်းစီးကြောင်းတို့က သူမ၏ မျက်ခုံးနှစ်ဖက်ကြားမှ ပေါ်ထွက်လာ၏။ ပြီးနောက် ကျန်းရှောင်မူကို တိုက်ခိုက်တော့သည်။ သို့သော် ထိုစဉ် အသံတစ်သံက ပေါ်ထွက်လာ၏။
“ကောင်းပြီ တော်လောက်ပြီ အားလုံး ရပ်လိုက်ကြ ရှောင်နူ အသွင် ပြန်ပြောင်းလိုက်တော့”
ဝှစ်
ကျန်းရှောင်နူသည် ချက်ချင်း အသွင်ပြန်ပြောင်းလိုက်၏။ ဖုန်းလန်သည် အမှောင်ထု တာအိုပုံစံကို ထုတ်ဖော်တာ ရပ်တန့်လိုက်တော့သည်။ ချင်းယွီ၏ မျက်ခုံးနှစ်ဖက်ကြားရှိ ရွှေရောင်အလင်းက ပျောက်ကွယ်သွားပြီး သူမက ဖုန်းလန်ဆီသို့ တိုးဝင်သွားသည်။
ကျန်းရီက ရှောင်နူကို ချစ်ခင်မှု ပျော်ရွှင်မှုတို့ဖြင့် ကြည့်လိုက်ရာ ကျန်းရှောင်မူသည် အလွန်အစွမ်းထက်လာပြီး သူမ၏အရှိန်က ချင်းယွီ၏ အရှိန်နှင့် သူ့အရှိန်ထက်တောင် ပိုမြန်ဆန်နေပြီဖြစ်သည်။ တုကူချိုး၏ အရှိန်နှင့်ပင် ယှဉ်နိုင်နေပြီ ဖြစ်၏။ သူမ၏ တိုက်ကွက်ကလည်း ကြမ်းတမ်းလွန်းရာ အတွင်းအားနတ်ဒိုင်းကို အလွယ်တကူ ဖြိုခွဲနိုင်စွမ်း ရှိသည်။
“ရှောင်နူ အရင်ဆုံး အဝတ်အစား သွားပြန်လဲလိုက်”
ကျန်းရီက ရှောင်နူခေါင်းကို ပုတ်ပေးလိုက်ပြီးနောက် သူမက သူ့စကားကို နားထောင်ကာ တဲထဲသို့ ဝင်သွားလိုက်သည်။ ပြီးနောက် ကျန်းရီက ဖုန်းလန်နှင့် ချင်းယွီကိုခေါ်ပြီး ပျော်ရွှင်ကြည်နူးစွာ ပြုံးပြီး မေးလိုက်တော့သည်။
“ဖုန်းအာ ချင်းယွီ ငါ့ညီမလေးနဲ့စွမ်းအား ဘယ်လိုလဲ”
“ညီမလေးလား”
ဖုန်းလန်နှင့် ချင်းယွီ နှစ်ဦးလုံးက ထိတ်လန့်သွားကြသည်။ ကျန်းရီက သာမန်လူတစ်ဦး မဟုတ်ပေ။ ယင်းက သူ၏ညီမဖြစ်သည်။ သူတို့ တွေးလိုက်မိသည်။ ဖုန်းလန်က အတွေးများ ဗြောင်းဆန်နေပြီးနောက် ပြန်ပြောလိုက်တော့သည်။
“သူမရဲ့ပေါင်းစည်း တိုက်ပွဲဝင်စွမ်းရည်က ဗာဂျရာနယ်ပယ်မှာ ပြိုင်ဘက်ကင်းတယ် ခြုံခိုတိုက်ခိုက်နိုင်မယ် ဆိုရင် သာမန်ကောင်းကင်ဧကရာဇ်အဆင့် သိုင်းပညာရှင်တစ်ယောက်ကို တစ်ကွက်တည်းနဲ့ သတ်ဖြတ်နိုင်မှာ”
ချင်းယွီ၏ မျက်လုံးထဲတွင် အကြောက်တရားတို့ ဖြတ်ခနဲ ပေါ်လာ၏။ သူမက ကျန်းရှောင်မူကို ရန်လိုခြင်း မရှိတော့ပေ။ မည်သည့်နည်းနှင့်မဆို သူမက ကျန်းရီ၏ညီမဖြစ်သည်။ ကျန်းရီက ကျန်းရှောင်မူကို အလိုလိုက်ပုံကို တွေ့မြင်ပြီးနောက် သူ့ညီမလေးကို သူ မည်မျှ ချစ်ကြောင်း မြင်နိုင်ပေသည်။ ကျန်းရှောင်မူကို သူမ ရန်စခဲ့မိလျှင် ကျန်းရီက ဒေါသထွက်ပြီး သူမကို အပြစ်ပေးမှာ သေချာသည်။
သူမက ကျန်းရှောင်မူ၏ခွန်းအားကိုလည်း စိတ်ရင်းမှန်ဖြင့် လေးစားပေ၏။ အစောပိုင်းက ကျန်းရှောင်မူ တိုက်ခိုက်မည့်အချိန်တွင် သူမက လှုပ်ရှားရန် အချိန်တောင် မမီခဲ့ပေ။ တိုက်ကွက်ကသာ သူမပေါ် ကျရောက်လာလျှင် ယခုလောက်ဆို သေနေပြီးသား ဖြစ်နေမှာပင်။
ရှပ် ရှပ် ရှပ်
ကျန်းရှောင်မူက အဝတ်အစားလဲပြီးနောက် တဲအပြင်ကို ထွက်လာ၏။ သူမက မြစိမ်းရောင်ပန်းပွင့်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏သွင်ပြင်က ပိုတောင်လန်းဆန်းကာ ချိုမြိန်ပုံပေါ်နေ၏။ နုနယ်သောခန္ဓာကိုယ်၊ ထူးကဲသော မျက်နှာတို့ ပေါင်းစည်းလိုက်ချိန်တွင် အတိုင်းထက်အလွန်ဆွဲဆောင်မှုရှိပြီး ချစ်စဖွယ် ကောင်းနေတော့သည်။ သူမက ဖုန်းလန်နှင့် ချင်းယွီကို လျစ်လျူရှုလိုက်၏။
“သခင်လေး”
ဖုန်းလန်နှင့် ချင်းယွီက အကြည့်ချင်းဖလှယ်ပြီး တစ်စုံတစ်ခု မူမမှန်တာကို သိလိုက်ရသည်။ ကျန်းရှောင်မူက သူ့ညီမလေးဆိုရင် သူ့ကို ဘာကြောင့် သခင်လေးလို့ ခေါ်တာလဲ။ ဒါ့အပြင် ကျန်းရှောင်မူက ကျန်းရီကို ကြည့်နေတဲ့အချိန် သူ့မျက်လုံးထဲမှာ နက်ရှိုင်းတဲ့ချစ်ခြင်းတရားတွေကို သူတို့တွေ့လိုက်ရတယ်။ ဒါက ညီမတစ်ယောက်က အစ်ကိုတစ်ယောက်အတွက် အချစ်မျိုးမဟုတ်တာ သေချာတယ်။ မိန်းမငယ်လေးတစ်ယောက်က သူမရဲ့ချစ်သူအပေါ်မှာ ထားရှိတဲ့ ချစ်ခြင်းတရားမျိုးပဲ။
“ဒါက သွေးည အကြောက်တရားပင်လယ်ပဲ”
ကျန်းရီက ရှောင်နူ၏ခေါင်းကို ပုတ်ပြီး လက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။
“ဖုန်းအား ချင်းယွီ မနက်စာ အတူတူစားကြရအောင် ပြီးရင်ငါတို့ ထုပ်ပိုးပြီး ခရီးဆက်ကြမယ် အရင်ဆုံးသားရဲမျိုးနွယ် နယ်မြေကို သွားကြတာပေါ့ ရှောင်နူ ပြီးမှ ရှင်းပြမယ် မင်းအခု မကျင့်ကြံနိုင်ဘူးဆိုတော့ ဒီမှာနေပြီး လှည့်ပတ်ဆော့ကစားပေါ့ ဧကရီနန်းတော်ထဲမှာ နေတာက မင်းအတွက် ပျင်းရိဖို့ ကောင်းလွန်းတယ်”
“သခင်လေး သခင်လေးက အကောင်းဆုံးပဲ”
ရှောင်နူသည် ပျော်ရွှင်စွာ အော်လိုက်ပြီး သူမ၏မျက်ဝန်းတို့က သူမပြုံးနေစဉ်တွင် ဆန်းသစ်စလပမာ ဖြစ်သွား၏။
ကျန်းရီသည် ရှောင်နူ၏ နှာခေါင်းကို အလိုလို လိမ်ဆွဲလိုက်၏။ သူတို့၏နီးကပ်သည့် ထိတွေ့မှုနှင့် ကျန်းရီ၏ အလိုလိုက်မှုတို့ ပြည့်နေသော မျက်ဝန်းက ချင်းယွီနှင့် ဖုန်းလန်တို့ကို ထူးဆန်းသည့် မသက်မသာ ဖြစ်မှုကို ခံစားရစေ၏။ ယခုအချိန်တွင် သူတို့က မနာလိုတောင် ဖြစ်နေကြသည်။
ထိုကဲ့သို့ မနာလိုသော ခံစားချက်က မည်သည့်နေရာက ပေါ်ပေါက်လာမှန်း မသိသော်ငြား အမှန်တကယ် ခံစားနေရတာပဲ ဖြစ်သည်။ ခဏအကြာမှာ သူတို့ သတိပြန်ဝင်လာတော့၏။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် တအံ့တဩနှင့် ရှက်ရွံ့စွာ ကြည့်လိုက်ကြတော့သည်။
သူတို့ ဘာဖြစ်သွားတာလဲ သူတို့ ငယ်ကတည်းက အမျိုးသားတွေအပေါ် မကျေမချမ်း ဖြစ်နေတာ မဟုတ်လား။ အခု အမျိုးသားတစ်ယောက်ကြောင့် မနာလိုဖြစ်မှုကို ဘယ်လိုလုပ် ခံစားမိတာလဲ။
***