သားရဲလူသားများ
Vol. 41 Ch. 558
ကျန်းရီ၏ နားလည်သဘောပေါက်မှုက သူ့ကိုတစ်ရက်တစ်ည အချိန်ကြာစေခဲ့သည်။
ယာ့ဇီသားရဲသည် ကျန်းရီကို အနှောက်အယှက် ဖြစ်စေမှာကို စိုးရိမ်မိသောကြောင့် ယခုအခေါက်တွင် အဆင်အခြင်မဲ့ မလှုပ်ရှားရဲချေ။ သို့သော် ကောင်းကင်က နက်မှောင်လာပြီဖြစ်သောကြောင့် ဆူပွက်နေသော ပင်လယ်ရေထဲသို့ ဖြေးဖြေးချင်း ဆင်းသက်သွားရတော့သည်။
ယင်းက ဖုန်းလန်၊ ချင်ယွီနှင့် ရှောင်နူတို့ကို ဝေဒနာခံစားရစေသည်။ သူတို့က ပင်လယ်နတ်ဆိုးများနှင့် မိုးကြိုးများ တိုက်ခိုက်မှုကို ကြောက်ရွံ့သော်ငြား ရွေးချယ်စရာမရှိဘဲ ပင်လယ်၏ အနက်ရှိုင်းဆုံး အပိုင်းအခြားဆီသို့ ဆင်းသက်သွားသော ယာ့ဇီသားရဲနောက်သာ လိုက်နေရသည်။ မိန်းမပျိုလေးသုံးဦးက တစ်ညလုံး အိပ်မရပေ။ သူတို့က ကျန်းရီကို ကာကွယ်ရန်အတွက် တစ်ချိန်လုံး စောင့်ကြပ်နေပြီး အသက်ရှုရန်အတွက် ရေလှည့်ကူးရတော့သည်။
ကျန်းရီသည် ကောင်းကင်က လင်းထိန်လာသည့်အချိန်တွင် နောက်ဆုံး၌ နိုးလာလေ၏။ မိန်းမပျိုလေးသုံးဦး၏ မျက်ဝန်းများ၌ မောပန်းမှုကြောင့် နီရဲနေတာကို မြင်သည့်အချိန်တွင် အပြစ်ရှိစိတ်တို့ဖြင့် ပြုံးလိုက်လေ၏။ သူတို့ကောင်းကောင်းမွန်မွန် အနားယူနိုင်ရန်အတွက် သူတို့သုံးဦးကို စကြဝဠာနန်းတော်ထဲ ပို့ပြီးနောက် သူတစ်ကိုယ်တည်းဖြင့် ယာ့ဇီသားရဲကိုစီးကာ ခရီးဆက်လာခဲ့သည်။ ကျန်းရီသည် အဆင့်နိမ့်မီးဓာတ်တာအိုပုံစံကို မထင်မှတ်ထားဘဲ နားလည်သဘောပေါက်သွားမှုကြောင့် စိတ်ကောင်းဝင်နေတော့၏။
အမှန်တကယ်တွင် သူကယနေ့တွင် မီးဓာတ်တာအိုပုံစံကို သဘောမပေါက်ခဲ့လျှင်တောင် နောင်တွင် ယင်းကို သဘောပေါက်မှာ သေချာပေ၏။ သူကျင့်ကြံနေသော ကောင်းကင်ချုပ်ငြိမ်းခြင်း ကျင့်စဉ်က မီးဓာတ်တာအိုပုံစံ၏ အဓိကအချက်အချာ ပါဝင်နေပြီး သူသည် နှစ်ပေါင်းများစွာ မီးနှင့်ဆော့ကစားခြင်းကြောင့် မီး၏စွမ်းအင်ကို အတိုင်းအတာတစ်ခုအထိ သဘောပေါက်ခဲ့ပြီး ဖြစ်သည်။ သူ့အဖို့ အခြေခံအကျဆုံး မီးဓာတ်တာအိုပုံစံကို နားလည်သဘောပေါက်ရန်က သေချာပေါက်ဖြစ်နိုင်ပြီး ယုတ္တိရှိပေ၏။
“ဒီမှော်စွမ်းအင် ကျင်စဉ်က တကယ်မယုံနိုင်စရာ ကောင်းတာပဲ တာအိုပုံစံ အနှစ်သာရအတွက် ပြီးပြည့်စုံတဲ့ ရောင်ပြန်ဟပ်မှုပဲ”
ကျန်းရီ၏မျက်လုံးက စိတ်လှုပ်ရှားမှုတို့ ပြည့်နေပြီး ယာ့ဇီသားရဲ၏ နောက်ကျောပေါ်၌ သူမှီနေသည်။ ထိုမီးဓာတ်တာအိုပုံစံကို နားလည်သဘောပေါက်ခြင်းက သူ၏ခွန်အား တိုးတက်ရာ၌ အထောက်အကူ ကြီးကြီးမားမား မဖြစ်စေသည့်တိုင် ယင်းက မှော်စွမ်းအင်ကျင့်စဉ်များ နားလည်သဘောပေါက်အောင် ဆင်ခြင်ရာတွင် အမြင်သစ်တစ်ခု ပေးပေ၏။
မှော်စွမ်းအင်ကျင့်စဉ်စုစုပေါင်း ဆယ်မျိုးရှိသည်။ သူသည် သူတို့ထဲမှ နှစ်မျိုးကိုသာ နားလည်သဘောပေါက်ထားတာ ဖြစ်သည်။ ကောင်းကင်သိမြင်နားလည်ခြင်း မှော်အတတ်နှင့် ကောင်းကင်ချုပ်ငြိမ်းခြင်း စွမ်းအင်နှင့်ဖြစ်ကာ ရုပ်သေးရွံ့ လူပုံစံ၊ အပင်ဝိညာဉ် သိုင်းပညာနှင့် ရေကူးခတ်ခြင်းတို့ကို သူနားလည်သဘောပေါက်မှု မရှိသေးပေ။ ကျန်သည့် ရှေးမှော်စွမ်းအင် ကျင့်စဉ်လေးမျိုးကမူ သူ၏စိတ်ဝိညာဉ်က အားနည်လွန်းနေသောကြောင့် သို့မဟုတ် သူအရည်အချင်း အဆင့်က နိမ့်လွန်းနေသောကြောင့် သူက ယခုအချိန်တွင် နားလည်သဘောပေါက်နိုင်ခြင်း ရှိမှာမဟုတ်ပေ။
အမှန်တကယ်တွင် စုန်းနတ်ဘုရားကသူ့ကို ယခုအချိန်၌ ပုံစံလေးမျိုးကို နားလည်သဘောပေါက်ရန် မလိုအပ်ဟု ပြောခဲ့သည်။
ထိုအကြံပြုချက်သည် မည်သည့်အတွက်ကြောင့်နည်း။ ရှေးမှော်စွမ်းအင်ကျင့်စဉ် လေးမျိုးက အဆင့်မြင့် တာအိုပုံစံမှ ပေါက်ဖွားလာသည်ဟု အကြံပြုထားတာပဲဖြစ်သည်။ သူကသူတို့ကို နားလည်သဘောပေါက်အောင် ဆင်ခြင်နိုင်လျှင် သူကအဆင့်မြင့် တာအိုပုံစံ လေးမျိုးကို အပြန်အလှန်အနေဖြင့် ကြောင်းကျိုးဆင်ခြင်၍ ကောက်ချက်ချနိုင်မှာဖြစ်သည်။
အတွင်းအား ကျင့်ကြံခြင်းက ခက်ခဲသည့် အလုပ်မဟုတ်ပေ။ သို့သော် တာအိုပုံစံများကို နားလည်သဘောပေါက်အောင် ဆင်ခြင်ခြင်းကမူ ခက်ခဲပေ၏။
သူ၏ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံကို ပြန်လည်ပြုပြင်ရန်အတွက် နဂါးညှိုးရော်မြက်ပင်ကို ရှာတွေ့နိုင်ခဲ့လျှင် သူ၏စိတ်ဝိညာဉ်နှင့် စွမ်းရည်အဆင့်ကို အားဖြည့်ပေးကာ ထိုရှေးမှော်စွမ်းအင် ကျင့်စဉ်လေးမျိုးကို နားလည်သဘောပေါက်အောင် ကျင့်ခြင်းဖြင့် တာအိုပုံစံ လေးမျိုးကို အပြန်အလှန်အနေဖြင့် ကြောင်းကျိုးဆင်ခြင်နိုင်မည်ဖြစ်ကာ သူ၏ခွန်အားက များပြားစွာ တိုးတက်လာမှာပဲဖြစ်သည်။
“နဂါးညှိုးရော်မြက် နဂါးညှိုးရော်မြက်”
ကျန်းရီက ရေရွတ်ပြောလိုက်၏။ နဂါးညှိုးရော်မြက်မရှိဘဲ စုလော့ရွှယ်ကို ကယ်တင်ရန် ကျန်းပိုင်လီအတွက် လက်စားချေပေးရန်နှင့် သိုင်းခန်းမကို အမြစ်ဖြတ်သုတ်သင်ရန်ဟူသည့် ကိစ္စရပ်များအားလုံးက သူ၏စိတ်ကူးသာ ဖြစ်နေမည်မှန်း သူနားလည်ပေ၏။
“အာ ဟုတ်သား ရေကူးခတ်ခြင်း၊ ငါအရှေ့ပိုင်း တော်ဝင်နယ်မြေကို သွားမဲ့လမ်းတောက်လျှောက် ပင်လယ်ဒေသတွေ အများကြီးကို ဖြတ်ကျော်ရမှာပဲ ဒီမှော်စွမ်းအင်ကျင့်စဉ်ကို နားလည်သဘောပေါက်အောင် ဆင်ခြင်မယ်ဆိုရင် အထောက်အကူ ဖြစ်နိုင်မလား”
အတွေးတစ်ချက်က သူ့စိတ်ထဲ ဝင်လာတော့သည်။ သူသည် ရုပ်ပိုင်းဆိုင်ရာ သန်မာပြီး ပင်လယ်ရေ မျက်နှာပြင်ပေါ်တွင် မြေပေါ်၌ လမ်းလျှောက်နေသည့်ပမာ လျှောက်လှမ်းနိုင်ကာ တစ်နေကုန် အသက်အောင့်ထားနိုင်သည့်တိုင် ရေကူးခတ်ခြင်းကို နားလည်သဘောပေါက်ပြီး ရေဓာတ်တာအိုပုံစံကို ဆင်ခြင်နိုင်ခဲ့လျှင် သူ့အတွက် ကောင်းမွန်အုံးမှာပဲဖြစ်သည်။
“သားရဲမျိုးနွယ် နယ်မြေကိုရောက်ဖို့ နောက်ထပ်ရှစ်ရက်လောက် အချိန်ယူဖို့ လိုသေးတာပဲ ငါရေကူးခတ်ခြင်းကို နားလည်သဘောပေါက်ဖို့အတွက် ဒီအချိန်ကို သုံးလိုက်ရုံပဲ၊ ရုပ်သေးရွံ့ လူသားနဲ့ အပင်ဝိညာဉ် သိုင်းပညာတို့ကတော့ ငါနောင်ကျ အချိန်ရှိမှ လေ့လာတာပေါ့”
ကျန်းရီက ဆုံးဖြတ်ချက်ချလိုက်ပြီး ချက်ချင်းပင် တင်ပျဉ်ခွေချိတ်ထိုင်ကာ သူ၏နား ဆင်ခြင်သုံးသပ်မှုကို စတင်တော့သည်။ သူ၏ခရီးစဉ်က တိတ်ဆိတ်ပြီး ငြီးငွေ့ဖွယ် ကောင်းလှပေ၏။
နှစ်ရက်ခန့်ကြာပြီးနောက် ကျန်းရီသည် ဖုန်းလန်၊ချင်ယွီနှင့် ရှောင်နူတို့ကို ဧကရီနန်းတော်ထဲမှ ထုတ်ပေးလိုက်သည်။ ပြီးနောက်သူက ဆက်လက် ဆင်ခြင်သုံးသပ်နေပြီး အမျိုးသမီး သုံးဦးကို ဂရုစိုက်ခိုင်းထားလိုက်သည်။
ကိုးရက်ကျော် ကြာပြီးနောက် မြောက်ဘက်အရပ်ရှိ ကြီးမားသော နယ်မြေက အမြင်အာရုံထဲတွင် ပေါ်ထွက်လာပြီဖြစ်သည်။ ကျန်းရှောင်နူက ကျန်းရီကို နိုးလိုက်ရာ သူကစိတ်ပျက်လက်ပျက်ဖြင့် ပြုံးလိုက်တော့သည်။ သူသည် ကိုးရက်ကြာပြီးနောက် ရေကူးခတ်ခြင်း၏ အစောပိုင်း အဆင့်ကိုတောင် မရောက်ခဲ့ပေ။ ထိုမှော်စွမ်းအင်ကျင့်စဉ်က တာအိုပုံစံကဲ့သို့ပင် နားလည်သဘောပေါက်ရန် ခက်ခဲ၏။ မည်သို့ပင် ဆိုစေကာမူ ယွင်မိသားစု၏ သားစဉ်မြေးဆက်များထဲ၌ ယွင်ဖေးနှင့် နောက်ထပ်တစ်ဦးသာလျှင် ဝိညာဉ်သိုင်းကို နားလည်သဘောပေါက်ခဲ့သည့် အချက်ကို တွေးမိလိုက်သည့်အခါ သူအနည်းငယ် စိတ်သက်သာရာ ရသွားတော့သည်။
အတွေးများကို ပြန်ရုတ်ပြီးနောက် ကျန်းရီက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး မြေပုံကို ထပ်မံစစ်ဆေးလိုက်ကာ နယ်မြေက သားရဲမျိုးနွယ် နယ်မြေဖြစ်ကြောင်း အတည်ပြုလိုက်၏။
“ဖုန်းလန် မင်းနဲ့ချင်ယွီ နှစ်ယောက်လုံးက ဖီးနစ်အော်သံ နယ်မြေရဲ့ လူသိများတဲ့ လူတွေပဲ မှတ်မိခံရနိုင်တယ် မင်းတို့တွေ အခုတော့ ဧကရီနန်းတော်ထဲမှာ ပုန်းနေသင့်တယ် အခုအတွက်တော့ ငါတို့တွေ ထုတ်ဖော်မခံရအောင် ကာကွယ်ဖို့အတွက် ငါရှောင်နူနဲ့အတူ တိတ်တဆိတ် ဝင်သွားမယ် အန္တရယ်တွေ့ရင် မင်းတို့ကို လွှတ်ပေးမယ်”
ကျန်းရီက အမိန့်ပေးလိုက်လေ၏။
“ကောင်းပြီ”
ဖုန်းလန်နှင့် ချင်ယွီက သူ၏လေးစားပေးမှုအတွက် ကျန်းရီကို ကျေးဇူးတင်ရန် ခေါင်းညိတ်ပြီး ပြုံးလိုက်၏။ သူတို့က သူ၏ဝိညာဉ်ကျွန်များ ဖြစ်သောကြောင့် သူတို့ကိုသူသည် ဘာမှရှင်းပြစရာမလိုဘဲ အမိန့်ပေးနိုင်ပေ၏။
“မင်းလည်း အထဲသွားသင့်တယ် ယာ့ဇီသားရဲ”
ကျန်းရီ၏လက်ထဲတွင် ဧကရီနန်းတော် ဖျတ်ခနဲ ပေါ်လာပြီး ဖုန်းလန်၊ချင်ယွီနှင့် ယာ့ဇီသားရဲတို့ကို အထဲသို့ ထည့်လိုက်၏။ ဧကရီနန်းတော်က သိပ်မကြီးမားသော်ငြား ခန်းမငါးခုရှိကာ လူတစ်ရာကျော် အလွယ်တကူ ဝင်ဆံ့ပေ၏။ ထို့အပြင် ခန်းဆောင်များက ယာ့ဇီသားရဲ၏ ခန္ဓာကိုယ်ကြီးအတွက် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ရန် ကျယ်ဝန်းပေ၏။ ထို့ကြောင့် အထဲတွင် သက်တောင့်သက်သာ နေနိုင်သည်။
“သွားကြရအောင်”
သူက ကျန်းရှောင်နူကို လက်တစ်ဖက်ဖြင့် ထိန်းကိုင်လျက် အောက်သို့ဆင်းသက်လိုက်၏။ ပြီးနောက် သူတို့သည် သားရဲနယ်မြေဆီသို့ ပင်လယ်ရေ မျက်နှာပြင်ပေါ် ဖြတ်ပြေးလျက် သွားလိုက်တော့သည်။
သူတို့လမ်းကြောင်းကို သူသတ်မှတ်ထားပြီဖြစ်သည်။ ရှေးဦးစွာ တောင်ဘက်ခြမ်းမှ သားရဲမျိုးနွယ် နယ်မြေဆီသို့ ဖြတ်သွားမှာဖြစ်သည်။ သားရဲမျိုးနွယ်စု နယ်မြေ၏ နယ်စပ်သို့ ရောက်သည်နှင့် သူတို့က အရှေ့မြောက်အရပ်ကိုဖြတ်လျက် ပင်လယ်တစ်ခုကို ကျော်ဖြတ်ကာ နတ်မြင်းပျံနယ်မြေသို့ သွားမှာဖြစ်သည်။ သူတို့က သိုသိုသိပ်သိပ်နေပြီး လမ်းတစ်လျှောက် ပြဿနာကြီးကြီးမားမား မတွေ့သ၍ သိုင်းခန်းမဆောင်မှ လူများသည် သူတို့ကိုသေချာပေါက် ရှာတွေ့မှာမဟုတ်ပေ။
၁၅မိနစ်ခန့် ကြာညောင်းပြီးနောက် ကျန်းရီနှင့် ကျန်းရှောင်နူက ကမ်းစပ်သို့ ရောက်သွားသည်။ အနီးအနားတွင် အန္တရာယ်မရှိကြောင်း သိပြီးနောက် ကျန်းရီက ကျန်းရှောင်နူကို သတိထားခိုင်းလိုက်ကာ နေရာတွင်ပင် တင်ပျဉ်ခွေချိတ်ထိုင်လျှက် ကောင်းကင်သိမြင် နားလည်ခြင်းကို အသုံးပြုရန် ဆန်းကြယ်သော မှော်ကျင့်စဉ်ကို ထုတ်ဖော်လိုက်သည်။ အသုံးပြုလိုက်သည်။
သားရဲမျိုးနွယ်နယ်မြေက ကောင်းကင်ကြယ်တာရာ နယ်မြေထက်တောင် ပိုသေးသည်။ ထို့ကြောင့် ဤနေရာ၌ ကောင်းကင်ဧကရာဇ်အဆင့် ပညာရှင်များ မရှိလောက်ပေ။ ရှိနေလျှင်တောင် သူတို့အတွက် ပြဿနာ ကြီးကြီးမားမား မဖြစ်သင့်ပေ။ ထို့ကြောင့် ကျန်းရီသည် နယ်မြေတစ်ခုလုံးကို စစ်ဆေးကြည့်ရန်အတွက် စိုးရိမ်ပူပန်ခြင်း မရှိဘဲ ကောင်းကင်သိမြင် နားလည်ခြင်းကို ထုတ်ဖော်လိုက်၏။ သို့မှသာ သူတို့သည် လမ်းပေါ်တွင်ရှိသော ကောင်းကင်ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်ကို လိုရမယ်ရ ရှောင်တိမ်းနိုင်မှာပဲဖြစ်သည်။
သူ၏ခန္ဓာကိုယ်က အဖြူရောင်အလင်းဖြင့် စတင်တောက်ပလာပြီး ကောင်းကင်စိတ်အာရုံတို့က လေထဲသို့တက်လာကာ မြောက်အရပ်ဆီသို့ လေပြေလေညင်းပမာ ပြန်ထွက်သွားတော့သည်။ မြင်ကွင်းများစွာက သူ၏စိတ်ထဲတွင် ပေါ်လာ၏။ လှပသော ရှု့မြင်ကွင်းများ ဆန်းကြယ်သော အရာများ ထူးခြားသော မျိုးနွယ်စုများနှင့် သတ္တဝါမျိုးစုံကို တွေ့လိုက်ရသည်။
တစ်နာရီ ကြာညောင်းသွား၏။ နှစ်နာရီ ကုန်လွန်သွားခဲ့ပြီဖြစ်သည်။
နာရီအနည်းငယ် ကြာညောင်းပြီးနောက် ကျန်းရီသည် နောက်ဆုံး၌ ပင်ပန်းစွာ သူ၏မျက်လုံးကို နောက်ဆုံးတွင် ဖွင့်လိုက်တော့သည်။ သူကသက်ပြင်းချပြီးနောက် မျက်လုံးထပ်မှိတ်ကာ ခဏအနားယူလိုက်၏။
“ရှောင်နူ မစိုးရိမ်နဲ့ သားရဲမျိုးနွယ် နယ်မြေပေါ်က မျိုးနွယ်စုတွေက ထူးဆန်းပြီး ကြမ်းကြုတ်တယ်ဆိုပေမဲ့ ဒီနေရာမှာ ကောင်းကင်ဧကရာဇ် ပညာရှင်မရှိဘူး၊ အသန်မာဆုံးက ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့်ပဲရှိတာ” သူ့ကိုစိုးရမ်ပူပန်စွာ ကြည့်နေသော ရှောင်နူကို လှည့်ကြည့်ပြီးနောက် ပြောလိုက်တော့သည်။
“အင်း”
ကျန်းရှောင်နူသည် နောက်ဆုံး၌ စိတ်အေးသွားတော့သည်။ ဗာဂျရာနယ်ပယ် အမြင့်ဆုံးအဆင့်ရှိ ကျွမ်းကျင်သူများက အတိတ်တုန်းက သူတို့ကို ခြောက်လန့်နိုင်သော်ငြား ယခုအချိန်တွင်မူ သူတို့အားလုံးက ထိုပညာရှင်ကို အလွယ်တကူ အနိုင်ယူနိုင်နေပြီဖြစ်သည်။
“တဟွမ်”
ကျန်းရီ၏လက်ထဲတွင် ဝိညာဉ်သားရဲ အဆောင်တစ်ခု ပေါ်လာ၏။ သူကကျိုးဝူသားရဲကို ဆင့်ခေါ်ပြီးနောက် ကျောပေါ် ကျန်းရှောင်နူနှင့်အတူ ခုန်တက်ကာ ကျိုးဝူသားရဲကို မြေအောက် ကီလိုမီတာရာချီ အကွာကနေသွားပြီး အရှေ့မြောက်အရပ်ဆီသို့ ဦးတည်သွားရန် အမိန့်ပေးလိုက်တော့၏။
“ရှောင်နူ ဂရုစိုက် ငါခဏအိပ်ဖို့လိုတယ် သားရဲမျိုးနွယ်တွေ တိုက်ခိုက်ခံရရင် နိုးလိုက်”
ကျန်းရီက ပြောပြီးသည်နှင့် အိပ်ပျော်သွားတော့သည်။ နောက်ဆုံးတွင် သူမခံနိုင်တော့ပေ။ ကောင်းကင်သိမြင်နားလည်ခြင်း မှော်စွမ်းအင်က သူ့ကိုစွမ်းအင် ကုန်ဆုံးမှုများ ပြန့်လွင့်စေပြီး သူ့ကိုအင်မတန် ပင်ပန်းစေ၏။
ကျန်းရှောင်နူကလည်း ကျန်းရီကို ရင်နာစွာကြည့်လျက် သတိထားလိုက်သည်။ ကျိုးဝူသားရဲကမူ ယင်းကို အမှန်တကယ် ဂရုမစိုက်ဘဲ အရှေ့သို့ ဆက်လက်တိုးသွားတော့သည်။
သူ့ခေါင်းထက်ရှိ ဦးချိုခြောက်ခုက အဝါရောင်အလင်းဖြင့် တောက်ပနေပြီး လမ်းတောက်လျှောက်ရှိ ကျောက်တုံးကျောက်ဆောင်များ အားလုံးကို ဖြိုခွင်းကာ ခရီးလမ်းကို ချောချောမွေ့မွေ့ သွားနေတော့၏။
“သခင်လေး ကျေးဇူးပြုပြီး ထပါအုံး ကျွန်မဆီကို အရှေ့ကနေ ထူးဆန်းတဲ့ သတ္တဝါတွေ အများကြီး ချဉ်းကပ်လာတယ်”
ခြောက်နာရီခန့် ကြာညောင်းပြီးနောက် ကျန်းရှောင်နူ၏အသံသည် ကျန်းရီ၏နားထဲ အလိုလိုဝင်လာပြီး သူ့ကိုနိုးလိုက်တော့သည်။ သူကခေါင်းခါပြီးနောက် ပတ်ဝန်းကျင်ကို သူ၏နွမ်းနယ်နေသော မျက်ဝန်းများဖြင့် ကြည့်လိုက်လေ၏။ ပြီးနောက် သတိအမြန် ကပ်သွားတော့သည်။
ဘီး
သူ၏ကောင်းကင်စိတ်အာရုံကို ထုတ်ဖော်ပြီးနောက် အရှေ့ဘက်မှ ထွက်လာနေသော ထူးဆန်းသည့် သတ္တဝါများကို အလွယ်တကူ ရှာတွေ့သွားသည်။ ပြီးနောက်သူက ပျင်းတိပျင်းရွဲ့ဖြင့် ဧကရီနန်းတော်ကိုထုတ်ကာ ဖုန်းလန်နှင့်ချင်ယွီကို ထုတ်ပေးလိုက်တော့၏။
“ချင်ယွီလေး အရှေ့ဘက်ကနေ ပုရွက်ဆိတ် လူသားတချို့ ရောက်လာနေတယ်၊ အသန်မာဆုံးက ဗာဂျရာနယ်ပယ် ပထမအဆင့်မှာပဲရှိတာ သူတို့ကိုသွားသတ်လိုက် ပြီးတော့ မြန်မြန်သတ် ဘယ်သူ့ကိုမှ အလွတ်မပေးနဲ့”
“ဗာဂျရာနယ်ပယ် ပထမအဆင့်လား အေးအေးဆေးဆေးပဲ”
ချင်ယွီ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်တို့ ပေါ်လာ၏။ သူကကျိုးဝူသားရဲ ကျောပေါ်ကနေ ခုန်ဆင်းလိုက်သည်။ ဓားကအစိမ်းရောင်အလင်းဖြင့် ဖျတ်ခနဲ လက်လာပြီး သူမရှေ့ရှိ ကျောက်ဆောင်များအားလုံး အမှုန့်ဖြစ်သွားကုန်၏။ သူမ၏လှပသော ခန္ဓာက ငန်းရိုင်းတစ်ကောင်သဖွယ် အသွင်ပြောင်းလဲသွားပြီး ရှေ့သို့ပျံသန်းသွားတော့သည်။
***