← Chapters

အခန်း (၃၃၇)

Vol. 34 Ch. 337

အခန်း (၃၃၇)

Vol. 34 Ch. 337

ထိုသို့ဖြင့် ကျီယင်ယင်သည် လူအုပ်ကြီးကို ဦးဆောင်ကာ လိုဏ်ဂူအတွင်းရှိ မရေမတွက်နိုင်သော ကွေ့ကောက်ရှုပ်ထွေးသည့် လမ်းများအတိုင်း ခေါ်ဆောင်သွားခဲ့ရာ အချိန်မည်မျှ ကြာသွားသည်ကိုပင် မခန့်မှန်းနိုင်တော့ချေ။

ဤနေရာသည်ကား ကမ္ဘာပေါ်တွင် အကြောက်မက်ဖွယ်အကောင်းဆုံး ဝင်္ကပါကြီး ဖြစ်ပေလိမ့်မည်။ လမ်းပြသာမပါလျှင် ရာနှုန်းပြည့် လမ်းပျောက်သွားမည်မှာ သေချာလှ၏။

ထို့အပြင် ကျီယင်ယင်သည် အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းသော ထူးဆန်းသည့် သားရဲများကို ရှောင်ကွင်း၍ လမ်းပြပေးနေခြင်း ဖြစ်သည်။

တုပိုင်တစ်ယောက် အိပ်ပျော်နေသော ထူးဆန်းသည့် သားရဲများကို မကြာခဏ တွေ့ရသည်။ ထိုသတ္တဝါများသည် ဤကမ္ဘာပေါ်တွင် ရှိသော သတ္တဝါများ မဟုတ်သည်မှာ သေချာလှ၏။ မိစ္ဆာကျွန်းသည် အခြားကမ္ဘာမှ စွမ်းအင်များ၏ ကျူးကျော်မှုကို အပြင်းထန်ဆုံး ခံထားရသည့် နေရာများထဲမှ တစ်ခုဖြစ်သောကြောင့် ထူးခြားဆန်းကြယ်သည့် ရွှမ်းဟွမ်အငွေ့အသက်များ ပြည့်နှက်နေခြင်းမှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။

ဤသို့ဖြင့် သူတို့သည် မီတာပေါင်း သောင်းချီ ခရီးနှင်ကာ တစ်နာရီကျော်ကြာ လျှောက်လှမ်းခဲ့ကြသည်။

သူတို့သည် ရှုပ်ထွေးပွေလီလှသော မြေအောက်ဥမင်လိုဏ်ခေါင်းများထဲတွင် မနားတမ်း သွားလာနေရသဖြင့် တုပိုင်တစ်ယောက် အလုံပိတ်ကြောက်ရောဂါပင် ထဖောက်ချင်လာတော့သည်။

အစပိုင်းတွင် လူအချို့က လမ်းကြောင်းကို မှတ်မိနေသေးသော်လည်း ခရီးဝေးလာသည်နှင့်အမျှ သူတို့သည်လည်း လမ်းကြောင်းအာရုံ လုံးဝပျောက်ဆုံးသွားကြလေပြီ။

ကျီယင်ယင်က လမ်းပြပေးနေသည်မှာ တကယ့်ကို ကံကောင်းခြင်းပင်။ သို့မဟုတ်ပါက တုပိုင်သာ ကိုယ်တိုင်လမ်းရှာရမည်ဆိုလျှင် မိုမိသားစု တော်ဝင်ရတနာသိုက် (သို့မဟုတ်) အုတ်ဂူ၏ ဝင်ပေါက်ကို တွေ့ရန် တစ်လလောက် အချိန်ပေးရပေလိမ့်မည်။

“ရောက်ပြီဟေ့” ကျီယင်ယင်က အာမေဋိတ်သံဖြင့် ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည်နှင့် တပြိုင်နက် ရှိနေသူအားလုံး စိတ်အားတက်ကြွသွားကြသည်။ တကယ်လို့သာ ဆက်လျှောက်ရဦးမည်ဆိုလျှင် သူတို့အားလုံး ရူးသွပ်သွားကြတော့မည် ဖြစ်၏။ လိုဏ်ဂူအကွေ့တစ်ခုသို့ ချိုးကွေ့လိုက်သည်နှင့် လူတိုင်းမှာ အံ့အားသင့်ကာ ဆွံ့အသွားကြရသည်။

ရှေ့တွင်ရှိနေသည်မှာ မိုမိသားစု၏ တော်ဝင်အုတ်ဂူကြီး ဖြစ်ပေသည်။ မီတာတစ်ဒါဇင်ကျော် မြင့်မားသော တံခါးကြီးသည် သတ္တုနှင့် ကျောက်တုံးတို့ကို ပေါင်းစပ်ပြုလုပ်ထားသကဲ့သို့ ထင်ရပြီး မည်သည့်နည်းနှင့်မျှ ဖျက်ဆီး၍ မရနိုင်လောက်အောင် ခိုင်ခံ့လှသည်။ မည်သည့်လက်နက်၊ မည်သည့် အတွင်းအားနှင့်မျှ ထိုတံခါးကို ဖွင့်နိုင်မည် မဟုတ်ချေ။

တုပိုင်နှင့် အခြားသူများ အနားသို့ တိုးသွားလိုက်သည့်အခါ မီတာပေါင်းများစွာ ရှည်လျားသော မြွေကြီးတစ်ကောင်သည် ရုတ်တရက် တွဲလောင်းကျလာပြီး တုပိုင်၏ ကိုယ်လုံးကို ရစ်ပတ်လိုက်ကာ ယင်း၏ ခြောက်ခြားဖွယ်ရာ မျက်လုံးနှစ်လုံးဖြင့် တုပိုင်အား စိုက်ကြည့်နေလေသည်။

ထို့နောက် ယင်း၏ အမြီးကပါ သူ့ကို ထပ်မံရစ်ပတ်လိုက်ပြန်သည်။ တုပိုင်တစ်ယောက် ထိုမြွေကြီး၏ အမြီးသည်လည်း မြွေခေါင်းတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားရသည်။ သို့သော် အမြီးဘက်မှခေါင်းမှာ အနည်းငယ် ပိုသေးငယ်၏။

ခေါင်းနှစ်လုံးမြွေကြီးပါလား။ ခေါင်းနှစ်လုံးမြွေများမှာ မရှားပါးလှသော်လည်း ဤမျှကြီးမားသော အကောင်ကြီးမျိုးကိုမူ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ပို၍ ထိတ်လန့်စရာကောင်းသည်မှာ ယင်း၏ သေးငယ်သော မြွေခေါင်းသည် လူမျက်နှာနှင့် တူနေခြင်းပင်။

“ဆယ်စုနှစ်တွေတောင် ကြာခဲ့ပြီပဲ... နောက်ဆုံးတော့ ငါနဲ့ ကစားမဲ့လူ ရောက်လာခဲ့ပြီ” ခေါင်းနှစ်လုံးမြွေကြီးက ကျီယင်ယင်ကို ကြည့်ပြီး ပြောလိုက်သည်။ “မင်းက လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက မိန်းကလေး မဟုတ်လား။ ဘယ်လိုလုပ်ပြီး ကလေးပြန်ဖြစ်သွားတာလဲ”

ကျီယင်ယင်က နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ပြန်မဖြေဘဲ လျစ်လျူရှုလိုက်သည်။

“စည်းကမ်းဟောင်း အတိုင်းပဲ။ အုတ်ဂူထဲကို ဝင်ချင်ရင် ငါမေးတဲ့ မေးခွန်းတချို့ကို ဖြေရမယ်” ခေါင်းနှစ်လုံးမြွေကြီးက ပြောလိုက်သည်။ “ပထမမေးခွန်း... နေမင်းကြီးက ဘာလို့ အရှေ့ဘက်က ထွက်ပြီး အနောက်ဘက်မှာ ဝင်ရတာလဲ”

ထိုမေးခွန်းကို ကြားလိုက်ရသည့်အခါ တုပိုင်က ကျီယင်ယင်ကို အလိုအလျောက် လှမ်းကြည့်လိုက်မိသည်။

သူမ၏ မျက်နှာလေး ရဲသွားပြီး ပြောလိုက်သည်။ “အဲ့ဒီမေးခွန်းက အရမ်းခက်တာပဲ။ အဖြေမသိတာ ပုံမှန်ပါပဲဟာ”

ဤကမ္ဘာမှ လူများအတွက်မူ ထိုမေးခွန်းသည် အလွန်တရာ ခက်ခဲနက်နဲပြီး ဖြေရှင်းရန် မဖြစ်နိုင်သော ပုစ္ဆာတစ်ပုဒ် ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ကမ္ဘာကြီး လည်ပတ်ခြင်းနှင့် ပတ်သက်သော ဗဟုသုတများကို နားမလည်ကြသောကြောင့် ဖြစ်၏။

တုပိုင်က ဖြေလိုက်သည်။ “ဘာလို့လဲဆိုတော့ ကမ္ဘာကြီးရဲ့ လည်ပတ်ပုံက အနောက်ဘက်မှ အရှေ့ဘက်သို့ လည်ပတ်နေသောကြောင့် နေမင်းကြီးက အရှေ့ဘက်ကနေ အမြဲထွက်နေရခြင်း ဖြစ်တယ်”

ခေါင်းနှစ်လုံးမြွေကြီးမှာ ကြောင်အသွားသည်။ တုပိုင်တစ်ယောက် အမှန်တိုင်း ဖြေနိုင်လိမ့်မည်ဟု သူလုံးဝ ထင်မထားခဲ့မိချေ။

ထို့နောက် ခေါင်းနှစ်လုံးမြွေကြီးက ဆက်မေးသည်။ “ဒုတိယမေးခွန်း... နေရောင်ခြည်မှာ အရောင်ဘယ်နှစ်မျိုး ပါဝင်သလဲ”

ဤသည်မှာလည်း ဤကမ္ဘာမှ လူများအတွက် လုံးဝဖြေရှင်း၍ မရနိုင်သော မေးခွန်းဖြစ်သော်လည်း တုပိုင်အတွက်မူ ထမင်းစားရေသောက်လောက်သာ ရှိပေသည်။

တုပိုင်က ဖြေလိုက်သည်။ “နေရောင်ခြည်မှာ သက်တံရောင်စဉ် ၇ မျိုး ပါဝင်ဖွဲ့စည်းထားတယ်။ အဲ့ဒါတွေကတော့ နီ၊ လိမ္မော်၊ ဝါ၊ စိမ်း၊ ပြာ၊ မဲနယ်၊ ခရမ်း တို့ပဲ ဖြစ်တယ်”

ယခုအခါ ဤ မိုမိသားစု တော်ဝင်ရတနာသိုက် ဆိုသည်မှာ မိုမိသားစု၏ မျိုးဆက်များအတွက် ပြင်ဆင်ထားခဲ့ခြင်း မဟုတ်ဘဲ တုပိုင်ကဲ့သို့သော လူစားမျိုးအတွက်သာ ရည်ရွယ်ထားခဲ့ကြောင်း သူသေချာသလောက် ရှိသွားလေပြီ။ အဘယ်ကြောင့်ဆိုသော် သူကဲ့သို့ လူမျိုးသာလျှင် ဤမေးခွန်းများကို ဖြေဆိုနိုင်မည် မဟုတ်ပါလော။

ခေါင်းနှစ်လုံးမြွေကြီးက ဆိုသည်။ “တတိယမေးခွန်း... နေမင်းကြီးက သက်တမ်းဘယ်လောက် ကျန်သေးလဲ”

တုပိုင်က ဖြေလိုက်သည်။ “နေမင်းကြီးက နောက်ထပ် နှစ်သန်းပေါင်း ၅၀၀၀ (ဘီလီယံ ၅) ခန့် အသက်ရှင်နိုင်ဦးမယ်”

ခေါင်းနှစ်လုံးမြွေကြီးက တုပိုင်ကို အံ့သြတကြီး ကြည့်လိုက်ပြီး ပြောသည်။ “မယုံနိုင်စရာပဲ။ မင်းက အကုန်လုံးကို မှန်အောင် ဖြေနိုင်တယ်ပေါ့။ တကယ်တော့ ငါလည်း အဖြေတွေကိုပဲ သိထားတာ။ ဘာလို့လဲဆိုတာတော့ မသိဘူး။ အခုတော့ သခင်ကြီးကလွဲရင် ဒီမေးခွန်းတွေကို နားလည်တဲ့ နောက်တစ်ယောက်ကို ငါတွေ့ဖူးသွားပြီပဲ။ တကယ့်ကို မယုံနိုင်စရာပါပဲကွာ”

“ကောင်းပြီ... မင်းတို့ ဝင်လို့ရပြီ” ခေါင်းနှစ်လုံးမြွေကြီးက ပြောလိုက်သည်။

ထို့နောက် ထူထဲလေးလံသော တံခါးကြီးသည် ဖြည်းညှင်းစွာ ပွင့်ဟသွားပြီး တုပိုင်နှင့် အခြားသူများ၏ ရှေ့တွင် နက်ရှိုင်းလှသော လိုဏ်ဂူလမ်းကြောင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

ထိုအချိန်တွင် ကျီယင်ယင်သာမက သွေးကွမ်ရင်မယ်တော် နှင့် အစ်မပြောင်ပြောင် တို့ပါ လေးစားအားကျသော မျက်နှာထားများ ဖြစ်ပေါ်လာကြသည်။

ဤနေရာမှစ၍ တုပိုင်က ရှေ့မှ ဦးဆောင်ကာ ရှည်လျားသော လမ်းကြောင်းအတိုင်း ဝင်ရောက်လာခဲ့သည်။ လမ်းတစ်လျှောက်လုံးတွင် တကယ့်ကို အမှောင်အတိ ကျနေလေသည်။

သူတို့ လျှောက်လာကြသည်။ ဆက်လျှောက်လာကြသည်။

“ရပ်လိုက်” ရှေ့မှနေ၍ နောက်ထပ် ထူးဆန်းသော သားရဲတစ်ကောင်က လမ်းပိတ်လိုက်ပြန်သည်။

ဤနေရာတွင် အလွန်မှောင်မဲနေသောကြောင့် တုပိုင်တစ်ယောက် ထိုသားရဲ၏ ပုံပန်းသဏ္ဍာန်ကို လုံးဝ မမြင်ရပေ။

ခဏအကြာတွင် ထိုသတ္တဝါ၏ မျက်လုံးများ ပွင့်လာရာ တုပိုင် လန့်ဖျပ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် သားရဲတွင် မျက်လုံးသုံးလုံး ပါရှိပြီး နှစ်လုံးမှာ အဝါရောင်ဖြစ်ကာ တစ်လုံးမှာ အစိမ်းရောင် ဖြစ်နေသောကြောင့်ပင်။

မေးခွန်းဖြေဆိုမည့်သူမှလွဲ၍ ကျန်သူအားလုံး မီတာတစ်ရာအကွာသို့ ဆုတ်ခွာသွားကြရသည်။ ချက်ချင်းပင် ကျီယင်ယင်၊ သွေးကွမ်ရင်မယ်တော် နှင့် အစ်မပြောင်ပြောင်တို့သည် နောက်သို့ မီတာဝက်ခန့် ဆုတ်ခွာပေးလိုက်ကြသည်။

မျက်လုံးသုံးလုံးနှင့် သားရဲဆန်းက တုပိုင်နှင့် ပြောမည့် စကားများကို မည်သူမျှ ကြားခွင့်မရှိကြောင်း ထင်ရှားလှသည်။ ဤသည်မှာ ဤကမ္ဘာ၏ ထိပ်တန်းလျှို့ဝှက်ချက် တစ်ခုပင်။

“ငါ့ရဲ့ နောက်ကျောဘက်မှာ သခင်ကြီးရဲ့ ရတနာသိုက်ရှိတဲ့ အုတ်ဂူရှိတယ်။ အထဲကို ဝင်ချင်ရင် ငါ့မေးခွန်း သုံးခုကို ဖြေရမယ်” မျက်လုံးသုံးလုံးနှင့် သားရဲဆန်းက ပြောလိုက်သည်။

“ကောင်းပြီလေ” တုပိုင် ခေါင်းညိတ်လ်ုက်၏။

မျက်လုံးသုံးလုံးနှင့် သားရဲဆန်းက မေးလိုက်သည်။ “ပထမမေးခွန်း... မင်းရဲ့ ဦးနှောက်ထဲမှာ ဘာရှိနေသလဲ”

တုပိုင် ကြောင်သွားပြီး ပြန်ဖြေလိုက်သည်။ “ကျုပ်ဦးနှောက်ထဲမှာ ထူးဆန်းတဲ့ အလင်းနဲ့ အရိပ်တစ်ခု ရှိနေပါတယ်”

မျက်လုံးသုံးလုံးနှင့် သားရဲဆန်းက ခေါင်းညိတ်ပြီး ပြောသည်။ “မင်းဖြေတာ မှန်တယ်”

သားရဲက ဆက်မေး၏။ “မင်း အဲ့ဒါကို ဘယ်လိုခေါ်သလဲ”

တုပိုင် ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ဖြေလိုက်သည်။ “အိပ်မက်စနစ်”

မျက်လုံးသုံးလုံးနှင့် သားရဲဆန်းက ပြောသည်။ “မင်း ထပ်မှန်ပြန်ပြီ။ တတိယမေးခွန်းကိုသာ ဖြေနိုင်ရင် အုတ်ဂူထဲကိုဝင်ပြီး သခင်ကြီးရဲ့ ရတနာသိုက်ကို ရယူနိုင်ပြီ”

“မေးပါဗျာ”

မျက်လုံးသုံးလုံးနှင့် သားရဲဆန်းက မေးလိုက်သည်။ “မင်း အဲ့ဒီ အိပ်မက်စနစ်ကို ဆန့်ကျင်ဖူးသလား”

အမှန်စင်စစ် ဤမေးခွန်းကို မေးနေသူမှာ မျက်လုံးသုံးလုံးနှင့် သားရဲဆန်း မဟုတ်ဘဲ ယင်း၏ နောက်ကွယ်မှ သခင်ကြီးသာ ဖြစ်ပေလိမ့်မည်။ သို့သော် တုပိုင် မည်သို့ဖြေရမလဲ မသိတော့ပေ။ အကယ်၍ သူက ဆန့်ကျင်ဖူးသည်ဟု ဖြေလိုက်လျှင် မှားယွင်းသော အဖြေဖြစ်သွားနိုင်ခြေ များသည်။

အကယ်၍ မဆန့်ကျင်ဖူးပါဟု ဖြေလိုက်လျှင်လည်း တုပိုင် လိမ်ပြောရာ ကျပေလိမ့်မည်။ ဤကဲ့သို့ နေရာမျိုး ၊ ဤကဲ့သို့ အခြေအနေမျိုးတွင် လိမ်ညာပြောဆိုခြင်းက ကြီးလေးသော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သည်။

တုပိုင် အသက်ကို ဝဝရှူသွင်းလိုက်ပြီး တစ်မိနစ်ခန့် တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကျွန်တော် ဆန့်ကျင်ခဲ့ဖူးပါတယ်”

မျက်လုံးသုံးလုံးနှင့် သားရဲဆန်းက တုပိုင်ကို ကြည့်လိုက်သည်။ ယင်း၏ မျက်လုံးများထဲတွင် ဝမ်းနည်းမှုရိပ်များ ယှက်သန်းနေပြီး ပြောလိုက်လေသည်။ “ငါ့သခင်ကြီးလည်း ဆန့်ကျင်ခဲ့ဖူးတယ်။ ဒါကြောင့်... သူ သေဆုံးခဲ့ရတယ်။ သူ့ရဲ့ ရုပ်အလောင်းက အထဲမှာ ရှိတယ်။ ခဏနေရင် မင်းမြင်ရလိမ့်မယ်”

သူ့စိတ်ထဲတွင် အဖြေတစ်ခု ရပြီးသားဖြစ်သော်လည်း ထိုစကားကို ကြားလိုက်ရသည့်အခါ တုပိုင်တစ်ယောက် တုန်လှုပ်သွားရသည်။ တကယ်တော့ မိုမိသားစု တော်ဝင်ရတနာသိုက် ဆိုသည်မှာ မိုမိသားစု၏ မျိုးဆက်များအတွက် မဟုတ်ဘဲ တုပိုင်ကဲ့သို့သော လူများအတွက် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်ပေသည်။

မျက်လုံးသုံးလုံးနှင့် သားရဲဆန်းက ပြောလိုက်သည်။ “မင်း မေးခွန်းအားလုံးကို မှန်အောင် ဖြေနိုင်ခဲ့ပြီ။ အုတ်ဂူထဲကို ဝင်လို့ရပြီ။ သခင်ကြီး ပြင်ဆင်ထားခဲ့တဲ့ ရတနာသိုက်တွေ အားလုံးက မင်းပိုင်ဆိုင်မှုတွေ ဖြစ်သွားပြီ”

“ဂျိန်း...”

ကျယ်လောင်သော အသံကြီးနှင့်အတူ နောက်ဆုံး အုတ်ဂူတံခါးကြီး ဖြည်းညှင်းစွာ ပွင့်သွားလေသည်။ မျက်စိကျိန်းမတတ် စူးရှသော အလင်းရောင်များ ဖြာထွက်လာရာ အမှောင်ထဲတွင် ရှိနေသော တုပိုင် မျက်လုံးများပင် ပြာဝေသွားရသည်။

တုပိုင်က အစ်မပြောင်ပြောင်နှင့် အခြားသူများကို လှမ်းခေါ်လိုက်သည်။ “ဝင်ခဲ့ကြတော့”

အုတ်ဂူထဲသို့ ဝင်လိုက်သည်နှင့် တုပိုင် ပထမဆုံး မြင်လိုက်ရသည်မှာ ရုပ်အလောင်းတစ်ခု ဖြစ်သည်။ အသက်ရှင်နေသကဲ့သို့ ထင်ရသော ရုပ်အလောင်းတစ်ခုပင်။ သူသည် အဝါရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး သရဖူကို ဆောင်းထားလေသည်။

တုပိုင်၏ ခန့်မှန်းချက် မမှားဘူးဆိုလျှင် ဤသည်က လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီက မိုမိသားစု၏ ပထမဆုံး ဘုရင်ဖြစ်ခဲ့သော မိုထျန်နန် ပင် ဖြစ်ပေလိမ့်မည်။ ထိုအချိန်က သူ၏ အရှိန်အဝါ ကြီးမားလာပုံမှာ အံ့မခန်းပင် ဖြစ်သည်။ နှစ်အနည်းငယ်အတွင်း သူသည် အန်နမ်နိုင်ငံတစ်ခုလုံးကို ပေါင်းစည်းခဲ့ပြီး အိမ်နီးချင်းနိုင်ငံများကို ကျူးကျော်တိုက်ခိုက်ကာ နယ်မြေချဲ့ထွင်ခဲ့သည်။ သူ၏ ရည်မှန်းချက်မှာ ကြီးမားသော အင်ပါယာကြီးတစ်ခု တည်ထောင်ရန် ဖြစ်သည်။

ထိုမျှသာမက ထိုအချိန်က ကမ္ဘာကြီးတစ်ခုလုံးသည် တာတာအင်ပါယာ၏ သံခွာအောက်တွင် နင်းချေခံနေရပြီး တစ်ပွဲပြီးတစ်ပွဲ ရှုံးနိမ့်နေရချိန် ဖြစ်သည်။ တာတာအင်ပါယာသည် ကမ္ဘာ့တစ်ဝက်ခန့်ကိုပင် သိမ်းပိုက်လုနီးပါး ဖြစ်နေခဲ့ပြီ။ သို့သော် တာတာအင်ပါယာက မိုမိသားစု၏ အန်နမ်နိုင်ငံကို ကျူးကျော်လာသည့်အခါတွင်မူ အကြီးအကျယ် ရှုံးနိမ့်သွားခဲ့ရသည်။ ထိုတိုက်ပွဲကို တိုက်ခိုက်ခဲ့သူမှာ မိုထျန်နန် ပင် ဖြစ်သည်။

မိုထျန်နန်သည် တောင်အာရှတစ်ခုလုံးကို သိမ်းပိုက်ပြီး လွင်ပြင်အလယ်ပိုင်း အင်ပါယာနှင့် ရင်ပေါင်တန်းနိုင်သော မဟာအင်ပါယာကြီးတစ်ခုကို တည်ထောင်လိမ့်မည်ဟု လူတိုင်းက ထင်မှတ်ထားခဲ့ကြသည်။

သို့သော် သူ၏ အသက် ၂၇ နှစ်အရွယ်တွင် ရုတ်တရက် သေဆုံးသွားခဲ့ရသည်။ သူတည်ထောင်ခဲ့သော အင်ပါယာသည်လည်း လျင်မြန်စွာ ပြိုလဲသွားပြီး မကြာမီတွင် လီမင်းဆက်ဖြင့် အစားထိုးခြင်း ခံလိုက်ရလေသည်။

ယခုတော့ မိုထျန်နန် ဘာကြောင့် ကောင်းကင်ကို အန်တုနိုင်လောက်အောင် စွမ်းအားကြီးခဲ့ရသလဲ ဆိုတာကို အဖြေရှာတွေ့သွား၏။ ထို့အပြင် သူ၏ ရုတ်တရက် သေဆုံးရခြင်း အကြောင်းရင်းကိုလည်း ရှာတွေ့သွား၏။။ သူသည်လည်း တုပိုင်ကဲ့သို့ပင် အိပ်မက်စနစ်ကို ဆန့်ကျင်ခဲ့သောကြောင့် ဖြစ်ပေသည်။ သူက တုပိုင်လောက် ကံမကောင်းခဲ့ဘဲ တိုက်ရိုက် သုတ်သင်ခံလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။

သူသည် လိုအပ်သော ပြင်ဆင်မှုများကို ပြုလုပ်ခဲ့ပြီး ကြီးမားသော အုတ်ဂူကြီးကို တည်ဆောက်ကာ သူ၏ ဆက်ခံသူ ရှာဖွေတွေ့ရှိနိုင်ရန် ရတနာများစွာကို သိမ်းဆည်းထားခဲ့သည်။ ယင်းတို့ကို သူ၏ ဆက်ခံသူအတွက် မဟာလက်ဆောင်အဖြစ် သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

တုပိုင်သည် ရုပ်အလောင်းကို ဦးညွှတ်အရိုအသေပြုလိုက်ပြီး ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် စီနီယာ”

ထို့နောက် ဤနေရာရှိ ရတနာသိုက်ကို စတင်ကြည့်ရှုလိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ ဆွံ့အကြောင်သွားရလေတော့သည်။

အပိုင်း ၃၃၇ ပြီး။

All Chapters