ရှောင်းရွှယ်နှင့် ပြန်တွေ့ ခြင်း
Vol. 16 Ch. 175
ဤသည်မှာ ထန်ထျန်းနှင့် ကုရှောင်းရွှယ်တို့ ခရမ်းရောင်ဝါးခြံဝင်း တွင် လမ်းခွဲခဲ့ကြပြီးနောက် ပထမဆုံးအကြိမ် တရားဝင် ပြန်တွေ့ခြင်း ဖြစ်သည်။
ထန်ထျန်းနှင့် ရင်ဆိုင်လိုက်ရချိန်ဝယ် ကုရှောင်းရွှယ်မှာ သိသိသာသာပင် စိတ်မသက်မသာ ဖြစ်နေရှာ၏။ သူမက အမှားတစ်ခုခု ကျူးလွန်ထားမိသည့် ကလေးငယ်တစ်ဦးကဲ့သို့ ခေါင်းကလေးငုံ့ထားပေသည်။
" ဘာတွေဖြစ်နေတာလဲ"
"မင်း ဒီလိုအခြေအနေနဲ့ဆိုရင် တိုက်ပွဲမှာ ဘယ်လိုယှဉ်ပြိုင်မလဲ။ စင်ပေါ်ရောက်တာနဲ့တင် တခြားလူတွေရဲ့ အနိုင်ပိုင်းတာကို ခံရဦးမယ်"
ထန်ထျန်းက သက်ပြင်းချရင်း ပြော လိုက်မိသည်။
ထို့နောက် သူက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ကာ လက်ဟန်တစ်ခုဖြင့် အသံလုံအကာအကွယ်တစ်ခုကို ဖန်တီးလိုက်၏။ သူတို့နှစ်ဦး၏ စကားသံများကို အပြင်လူများ မကြားနိုင်စေရန်အတွက်ပင် ဖြစ်ပေသည်။
"ကဲ... အခုပြောလို့ရပြီ
ဘာအခက်အခဲပဲရှိရှိ ငါ့ကိုပြောပါ၊ ငါဖြေရှင်းပေးမယ်"
ထန်ထျန်းက ပြော ပေသည်။
ကုရှောင်းရွှယ်က ခေါင်းမော့လာကာ ထန်ထျန်းကို ကြည့်လိုက်၏။ ထို့နောက် လေပူတစ်ချက်ကို ဝအောင် ရှူလိုက်ပြီးမှ...
"အဲဒီနေ့က... ကျွန်မ တကယ် အကြီးအကဲ ဟန်ဟိုင် နောက်ကို လိုက်သွားချင်လို့ လိုက်သွားခဲ့တာ မဟုတ်ပါဘူး။
တကယ်ဆိုရင်... ကျွန်မ ရှင့် အနားမှာပဲ နေချင်ခဲ့တာပါ..."
သူမက ခြင်သံလောက်မျှသာရှိသော အသံတိုးတိုးလေးဖြင့် ဖွင့်ဟလာသည်။
ထန်ထျန်းမှာ ခဏမျှ ကြောင်သွားပြီးမှ အသံထွက်၍ ရယ်မောလိုက်ကာ "ငါသိတာပေါ့"
"အဲဒီတုန်းက ဒီကိစ္စတွေကို မင်းကိုယ်တိုင်ပဲ ဖြေရှင်းချင်တယ်လို့ ပြောခဲ့တာ မဟုတ်လား
မဟုတ်ရင်တော့ ငါလည်း ဟန်ဟိုင်ကို မင်းကို ဒီအတိုင်း ခေါ်သွားခွင့်ပြုမှာ မဟုတ်ဘူး"
ကုရှောင်းရွှယ်က ခေါင်းညိတ်ပြလျက် "ဟုတ်ပါတယ်... အဲ့နေ့က ကျွန်မ အများကြီး စဉ်းစားမိသွားလို့ ဒီကိစ္စကို ကိုယ်တိုင်ပဲ ကိုင်တွယ်တာ ပိုကောင်းမယ်လို့ ထင်ခဲ့မိတာပါ။
ဒါပေမဲ့ ပြန်ရောက်သွားတဲ့အခါကျမှ ကျွန်မ တော်တော်လေး စိတ်လိုက်မာန်ပါ လုပ်မိသွားပြီလား၊ ဒါမှမဟုတ် ပေါ့ဆသွားပြီလားလို့ ပြန်တွေးမိတယ်။
ရှင် ... ကျွန်မကိုအထင်လွဲသွားမှာကို အရမ်းစိုးရိမ်နေမိတာပါ"
ထန်ထျန်းမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။
ဤမိန်းကလေးမှာ ကြည့်ရသည်မှာ အရွယ်ရောက်လာပြီဟု ယခု ထင်ရသော်လည်း ပြန်တွေ့ပြန်တော့လည်း ယခင်ကအတိုင်း အသည်းငယ်လှသည့် ပုံစံလေးပင် ရှိနေပါသေးသည်။
"အဲဒါကြောင့်ပဲ မင်းရဲ့ကျင့်ကြံခြင်း တိုးတက်မှုက နှေးကွေးနေတာလား။
ဒီလောက်အချိန်အတော်ကြာသွားတာတောင် အခုထိ နတ်ဝိညာဉ်အသွင်ပြောင်းခြင်း အလယ်အလတ်အဆင့် မှာပဲ ရှိနေသေးတာကိုး။
လန်ယွီနဲ့ လွီကျူးတို့တောင် နတ်ဝိညာဉ်အသွင်ပြောင်းခြင်း နှောင်းပိုင်း အဆင့် ကို ရောက်တော့မယ်"
ထန်ထျန်းက စနောက်သည့်အသံဖြင့် ပြော လိုက်သည်။
ကုရှောင်းရွှယ်မှာ ရှက်ကိုးရှက်ကန်းဖြင့် နှာခေါင်းကလေးကို ပွတ်လိုက်မိရှာ၏။
"အဲဒီအချက်လည်း ပါတာပေါ့... ဒါပေမဲ့ အားလုံးတော့ မဟုတ်ပါဘူး။
ခရမ်းရောင်ဝါးခြံဝင်း ကနေ ထွက်လာပြီးကတည်းက... ရှင့် အနားမှာ မရှိတော့ကတည်းက ကျွန်မဆီမှာ တစ်ခုခု လိုအပ်နေသလိုမျိုး အမြဲခံစားနေရတာ။
ရှန့်ထန်းတာအိုကျောက်စိမ်း ကို သုံးပြီး ကျင့်ကြံနေရင်တောင်မှ အရင်တုန်းကလို ကောင်းကင် နိယာမ တွေနဲ့ နီးစပ်နေသလိုမျိုး မခံစားရတော့ဘူး။
တကယ်ကို ထူးဆန်းတယ်"
ထန်ထျန်းမှာ အံ့အားသင့်သွားရချေပြီ။ ဤသည်မှာ အဘယ်ကဲ့သို့သော ထူးဆန်းသည့် အခြေအနေပါနည်း။
သူက အဖိုးတန်ရတနာတစ်ပါး မဟုတ်ပါဘဲလျက် သူတစ်ပါး၏ ကျင့်ကြံခြင်း တိုးတက်မှုကို ကူညီပေးနိုင်သည့် စွမ်းရည်မျိုး ရှိနေပါသလော။
သူနှင့် အခြားလူများကြားတွင် အဘယ်အရာကများ ထူးခြားနေသနည်း။
သူက ခေါင်းခါယမ်းလိုက်မိ၏။ ဤသည်မှာ ကုရှောင်းရွှယ်၏ စိတ်ကြောင့်သာ ဖြစ်ပေလိမ့်မည်။
"မဟုတ်တာတွေကို လျှောက်တွေးမနေနဲ့။ ငါက မင်းကို ယုံကြည်လို့သာ ဟန်ဟိုင်နဲ့အတူ ပြန်လွှတ်လိုက်တာ။
အခုလို အခြေအနေမျိုး ဖြစ်နေမယ်မှန်း သိရင်တော့ အဲဒီတုန်းက ဘယ်လိုပဲဖြစ်ဖြစ် ခေါ်သွားခွင့်ပြုမှာ မဟုတ်ဘူး"
ကုရှောင်းရွှယ် ထန်ထျန်းကို စိုက်ကြည့်ရင်း "ရှင်... ကျွန်မကို တကယ်ကြီး အပြစ်မတင်ဘူးလားဟင်"
ထန်ထျန်းမှာ စိတ်ထဲမှ သက်ပြင်းချလိုက်မိသော်လည်း သူမကို စိတ်ချစေရန် နောက်တစ်ကြိမ် ထပ်လောင်း အာမခံလိုက်ရပြန်သည်။
ထန်ထျန်း၏ စိတ်ရင်းကို အမှန်တကယ် သိလိုက်ရမှ ကုရှောင်းရှောက်သည် စိတ်သက်သာရာရသွားကာ မျက်နှာပေါ် ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သော အပြုံးပန်းလေးများ ပြန်လည် ဝေဆာလာတော့သည်။
သူမက ယခင်ကအတိုင်း ရိုးအအပုံစံလေး ဖြစ်သွားပြန်ချေပြီ။
သို့သော် ထန်ထျန်းမှာမူ ဤမိန်းကလေးက တစ်ခုခုကို ဖုံးကွယ်ထားသည်ဟု ခံစားနေရဆဲပင်။
"မင်း တကယ်ပဲ ဘာဖြစ်နေတာလဲ"
ထန်ထျန်းက မျက်မှောင်ကလေးကုပ်ကာ မေးလိုက်သည်။ "ပြန်ရောက်သွားတော့ တစ်စုံတစ်ယောက်က မင်းကို နှိပ်စက်တာမျိုး ရှိသေးလား
ဟန်ဟိုင်လား"
ကုရှောင်းရွှယ်က ခေါင်းခါပြလျက် "ဘယ်သူမှ မနှိပ်စက်ပါဘူး
ကျွန်မ တိတ်တိတ်ဆိတ်ဆိတ်ပဲ ကျင့်ကြံနေခဲ့တာ
ကျွန်မက ရှင့်ဧည့်သည် မဟုတ်တော့လို့ ထျန်းဖူနန်းတော် ကို တက်လှမ်းမယ့်ခရီးမှာ ရှင့် အတွက် အင်အားမဖြစ်ပေးနိုင်တော့ပေမဲ့ ကျွန်မရဲ့ကျင့်ကြံခြင်း ကိုတော့ လျစ်လျူရှုမထားပါဘူး"
ထန်ထျန်းက ခေါင်းညိတ်ပြကာ "ဒါမှပေါ့... အစွမ်းအစဆိုတာ ငါတို့အတွက် အကောင်းဆုံး အကာအကွယ်ပဲ
ဘာပဲဖြစ်လာဖြစ်လာ ကျင့်ကြံခြင်း ကိုတော့ လက်လွှတ်မထားရဘူး
ဒါပေမဲ့ မင်းရဲ့ အခြေအနေက..."
ရုတ်တရက် ထန်ထျန်းမှာ တစ်စုံတစ်ခုကို သတိရသွား၏။
ကုရှောင်းရွှယ် ဂိုဏ်းကို ပြန်ရောက်ပြီးနောက်တွင် အမှောင် အကျဉ်းထောင်သို့ တစ်ခေါက် သွားခဲ့ဖူးသည် မဟုတ်ပါလား။ သူမ၏ စီနီယာအစ်မဖြစ်သူ လျိုတန်းယွဲ့ ကို သွားကြည့်ခြင်း ဖြစ်ပေလိမ့်မည်။
"လျိုတန်းယွဲ့ ကြောင့်လား"
ထန်ထျန်းက မေးလိုက်သည်။
ကုရှောင်းရွှယ်မှာ ခဏမျှ မှင်တက်သွားပြီးမှ " ရှင် က ကျွန်မကို အကြီးအကဲ ဟန်ဟိုင် ဆီ ဒီအတိုင်း ပစ်ထားခဲ့မှာ မဟုတ်ဘူးဆိုတာ ကျွန်မသိသားပါ...
တစ်စုံတစ်ယောက်က ကျွန်မကို အမြဲတမ်း စောင့်ကြည့်နေသလို ခံစားရတာ အကြောင်းမဲ့ မဟုတ်ဘူးပဲ"
ထန်ထျန်းက နှုတ်ခမ်းမဲ့ကာ "စကားလမ်းကြောင်း မလွှဲနဲ့
တကယ်ပဲ လျိုတန်းယွဲ့ ကြောင့်လား၊ သူမက မင်းကို ဘာတွေပြောလိုက်လို့လဲ။
အဲဒီမိန်းမက စိတ်သိပ်မှန်တာ မဟုတ်ဘူး၊ မင်း သတိထားမှ ဖြစ်မယ်"
ကုရှောင်းရွှယ်က သက်ပြင်းသဲ့သဲ့ ချလိုက်မိ၏။
"ကျွန်မ သိပါတယ်... သူမက အမြဲတမ်း အစွမ်းကုန် ကြိုးစားခဲ့တာ။ အကြီးအကဲ ဟန်ဟိုင် ရဲ့ အသိအမှတ်ပြုမှုကို ပြန်ရဖို့အတွက်ပဲပေါ့။
ဒါပေမဲ့ အကြီးအကဲကိုယ်တိုင်က သူမကို အမှောင်အကျဉ်းထောင် ထဲ သုံးနှစ်တိတိ ပို့လိုက်တယ်...
ကျွန်မ သူမနဲ့ အကြာကြီး စကားပြောခဲ့တယ်။ သူမရဲ့ အခက်အခဲတွေကိုလည်း နားလည်သွားရသလို သူမကိုယ်တိုင်ကလည်း သူမရဲ့ စွဲလမ်းမှုတွေထဲမှာ ပိတ်မိနေပြီး ရုန်းမထွက်နိုင်တော့တာကို မြင်ခဲ့ရတယ်"
ထန်ထျန်းက မျက်မှောင်ကုပ်ကာ "မင်းက သူမကို ကယ်ချင်နေသေးတာလား"
အမှားအမှန် မခွဲခြားနိုင်သော သနားကြင်နာမှုမှာ အန္တရာယ်များလှသည် မဟုတ်ပါလား။
သို့သော် ကုရှောင်းရွှယ်က ခေါင်းခါပြလျက် "သူမရဲ့ အခြေအနေက သူမကိုယ်တိုင်ပဲ ကယ်တင်နိုင်မှာ
ကျွန်မသွားတွေ့တာကလည်း အခြားကိစ္စတချို့ကို သိချင်လို့ပါ
ကျွန်မတို့ အများကြီး စကားပြောခဲ့ကြတယ်၊ သူမ ပြောပြချက်တွေအရ အကြီးအကဲ ဟန်ဟိုင် အကြောင်းကို ပိုသိလာရတယ်။
နောက်ဆုံး ထွက်သွား ခါနီးမှာ သူမက ကျွန်မကို ကျောက်စိမ်းပြား တစ်ခု ပေးခဲ့တယ်"
ပြောပြီးသည်နှင့် ကုရှောင်းရွှယ်က သူမ၏ လက်ဖဝါးလေးကို ဖြန့်လိုက်ရာ လှပသော ကျောက်စိမ်းပြားလေးတစ်ခု ထန်ထျန်းရှေ့၌ ပေါ်ထွက်လာတော့သည်။
ထန်ထျန်းမှာမူ ထိုကျောက်စိမ်းပြားကို မြင်လိုက်ရသည်နှင့် ချက်ချင်း မျက်မှောင်ကုပ်သွား၏။ ထိုကျောက်စိမ်းပြား မှာ ကြည်လင်တောက်ပနေသော်လည်း ၎င်း၏အတွင်းပိုင်း၌ အမှောင် အော်ရာ များ ကိန်းအောင်းနေသည်ကို သူ သတိပြုမိလိုက်သည်။
ထိုအော်ရာ မှာ အလွန်နက်ရှိုင်းစွာ ပုန်းကွယ်နေသော်လည်း ၎င်းမှ ထွက်ပေါ်နေသော မကောင်းဆိုးဝါး အငွေ့အသက်မှာ လူကို ကျောချမ်းစေလောက်ပေသည်။
"မင်း..."
"ငါ ကြည့်မယ် "
ပြောပြောဆိုဆိုနှင့် ထန်ထျန်းက လက်လှမ်းလိုက်သော်လည်း ကုရှောင်းရွှယ်က ဦးအောင် သိမ်းလိုက်ပေသည်။
"ကျွန်မ သိပါတယ် ..."
ကုရှောင်းရွှယ်က တိုးညင်းစွာ ပြော လာ၏။ "သူမက ဒီကျောက်စိမ်းပြား ကို ပေးကတည်းက အထဲမှာ ဘာရှိလဲဆိုတာ ကျွန်မ သိနေခဲ့တာပါ။
အဲဒီအချိန်မှာပဲ ကျွန်မ အရာရာကို ပိုပြီး မြင်လာခဲ့ရတယ်"
ထန်ထျန်းမှာ ဆွံ့အသွားလေ သည်။
ကုရှောင်းရွှယ် ကိုယ်တိုင်ကပင် ဤကျောက်စိမ်းပြား၌ ပြဿနာရှိမှန်း သိနေခဲ့သည်ဆိုပါလား။
"ဒါဆို မင်း ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ"
ကုရှောင်းရွှယ်က ခဏမျှ တိတ်ဆိတ်သွားပြီးမှ ရုတ်တရက် ပြုံးပြလိုက်ရာ သူမ၏ မျက်ဝန်းလေးများမှာ လခြမ်း ကွေးလေးကဲ့သို့ ဖြစ်သွားပေတော့သည်။
"ရှင် ကျွန်မကို ယုံတယ်လို့ ပြောခဲ့တယ် မဟုတ်လား။
ဒါဆိုရင် ဒီကိစ္စကို ကျွန်မဘာသာ ဖြေရှင်းပါရစေ။
အရင်တုန်းကတော့ ရှင်က ကျွန်မ ထွက်သွားလို့ စိတ်ဆိုးနေမလားဆိုတာပဲ စိုးရိမ်ခဲ့တာ။
ဒါပေမဲ့ အခုတော့ ကျွန်မ သိသွားပြီ... ဒီကမ္ဘာပေါ်မှာ ကျွန်မဘေး က အမြဲတမ်း ရပ်နေ ပေးမယ့်သူ ရှိနေသေးတယ်ဆိုတာကိုပေါ့ ..."
သူမ၏ ပုံစံမှာ ယခင်ကကဲ့သို့ပင် ရိုးသားဖြူစင်သည့် ပုံစံလေး ပြန်ဖြစ်သွားပြန်လေသည်။
ထန်ထျန်းက "ငတုံးမလေး" ဟု ခပ်တိုးတိုး ရေရွတ်လိုက်မိသော်လည်း ဤမိန်းကလေးက အမှန်တကယ် ပြောင်းလဲသွားပြီဖြစ်ကြောင်း စိတ်ထဲမှ သိနေပေသည်။
သူမက သူ၏ရှေ့တွင်သာ ယခင်ပုံစံကို ပြနေခြင်း ဖြစ်ပေလိမ့်မည်။
"မင်းကိုယ်တိုင် နားလည်ရင်လည်း ပြီးတာပါပဲ။
နောက်ဆိုရင်တော့ မဟုတ် တာတွေ လျှောက်တွေးမနေနဲ့တော့၊ တိုက်ပွဲမှာပဲ အစွမ်းကုန် ကြိုးစားပြလိုက်။
မင်းက ငါနဲ့ လောင်ချီတို့ လက်တွဲခေါ်လာတဲ့လူဆိုတာ မမေ့နဲ့၊ ငါတို့မျက်နှာ မပျက်စေနဲ့နော် "
ကုရှောင်းရွှယ်က သူမ၏ လက်သီးဆုပ်လေးကို မြှောက်ပြလျက်...
"စိတ်ချပါ
ကျွန်မ အစွမ်းကုန် ကြိုးစားမှာပါ။ သူတို့အားလုံးကို မြေပေါ် သိပ် ပစ်လိုက်မယ်~"