← Chapters

ပုရွက်ဆိတ်လူသားများ

Vol. 41 Ch. 559

ပုရွက်ဆိတ်လူသားများ

Vol. 41 Ch. 559

သားရဲမျိုးနွယ်သည် ကောင်းကင်ကြယ်တာရာ နယ်နိမိတ်ထဲတွင် ထူးခြားသော မျိုးနွယ်စုများထဲမှ တစ်စုဖြစ်သည်။ ၎င်း၏လူဦးရေက အတော်များပြီး ထူးခြားသော မျိုးနွယ်စုများ အားလုံးထဲတွင် အသန်မာဆုံးထဲမှ တစ်စုဖြစ်နိုင်ပေသည်။

ရှေးယခင်က လူသားမျိုးနွယ်စု မထွက်ပေါ်သေးသည့်အချိန်၌ နတ်ဆိုးမျိုးနွယ်က လောကကို အုပ်စိုးခဲ့သည်။ သူတို့က အရိုင်းဆန်ပြီး တဏှာရမ္မက်ကြီး၏။ အစွမ်းထက်သော နတ်ဆိုးမျိုးနွယ်စုများသည် လူသားမျိုးနွယ်စုမှ အမျိုးသမီးများကို လုယက်ပြီး သူတို့ကို အတင်းအဓ္ဓမ သူတို့အဖော်အဖြစ် ပြုခဲ့ကာ နောက်မျိုးဆက်အတွက် ကလေးများ မွေးခိုင်းစေခဲ့သည်။ သူတို့မျိုးဆက်များ ကြားထဲတွင် အချို့က နတ်ဆိုးမျိုးနွယ်၏ ဗီဇကိုအခြေခံပြီး နတ်ဆိုးသားရဲများ ဖြစ်လာကြကာ အချို့က သူတို့မိခင်၏ ဗီဇကိုအခြေခံကာ လူသားစစ်စစ် ဖြစ်လာကြသည်။ အများစုကမူ မိဘနှစ်ပါးလုံး၏ ဗီဇကိုဆက်ခံပြီး လူသားနှင့် နတ်ဆိုးမျိုးနွယ်စု နှစ်မျိုးလုံး ပိုင်ဆိုင်ကြကာ သားရဲလူသားများ ဖြစ်လာခဲ့သည်။

နှစ်ပေါင်းများစွာ ကြာညောင်းပြီး မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ကူးပြောင်းလာပြီးနောက် သားရဲလူသားများသည် ဆင့်ကဲပြောင်းလဲလာပြီး နောက်ဆုံးတွင် ထူးခြားသော မျိုးနွယ်စုတစ်စု ဖြစ်လာတော့သည်။ သူတို့က နတ်ဆိုးမျိုးနွယ်စုဆီမှ တဏှာကြီးသောဗီဇကို အမွေဆက်ခံခဲ့သောကြောင့် သားရဲမျိုးနွယ်စု၏ မျိုးပွားနှုန်း အလွန်မြန်ဆန်ပြီး အရွယ်အစားတို့ လျှင်မြန်စွာ ပြန့်ကားလာခဲ့သည်။

သူတို့က လူသားမျိုးနွယ်စု၏ ဖိနှိပ်ခြင်း ခံခဲ့ရ၏။ အကြောင်းမှာ သူတို့၏ မြန်ဆန်စွာ နယ်ချဲ့မှုကြောင့် ဖြစ်သည်။ ထိုအချိန်မှစပြီး သူတို့က လူသားနယ်မြေအတွင်း ဗိုလ်ကျစိုးမိုးရန်အတွက် ဘယ်တော့မှ မပြုမူဘဲ ပါးနပ်စွာနေထိုင်ရန် သင်ယူခဲ့ကြသည်။ သူတို့က လူသားများရှိသည့် မျိုးနွယ်စုလေး များစွာကို သိမ်းယူခဲ့၏။ ယခုလက်ရှိ ကျန်းရီရှိနေသော နယ်မြေ သားရဲလူသား နယ်မြေက သားရဲလူသားများ သိမ်းပိုက်ထားခဲ့သော နယ်မြေများထဲမှ တစ်ခုဖြစ်သည်။

သားရဲလူသားများသည် ၎င်း၏ အမည်အတိုင်းပင် သူတို့က ရေသူမျိုးနွယ်စုကဲ့သို့ပင် လူသားများနှင့် ပုံသဏ္ဍန်အချို့ ဆင်တူပေ၏။ ဆိုရလျှင် ရေသူမျိုးနွယ်ကလည်း သားရဲလူသား မျိုးနွယ်စု၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြင်နိုင်သည်။ သူတို့၌ ကောင်းမွန်သည့် မျိုးဆက်ပြောင်းမှု ရှိမနေခြင်းသာဖြစ်သည်။

အမှန်တကယ်တွင် သားရဲလူသားများ၏ သွင်ပြင်က ထိုလူသားများနှင့် အလွန်ကွဲပြား ခြားနားခြင်း မရှိချေ။ လူတစ်ဦးက သားရဲလူသား အုပ်စုတစ်စုနှင့် မတော်တဆ ကြုံတွေ့ခဲ့လျှင် သူတို့ပထမဆုံးအမြင်၌ သာမာန်လူသား မျိုးနွယ်စု၏ အစိတ်အပိုင်း တစ်ခုအဖြစ် မှားယွင်းမှာ သေချာသည်။

ထိုအတိုင်းပင် လူသားများက ဤကဲ့သို့ အရေးပေးမှာမဟုတ်ပေ။

သားရဲလူသားများ၌ အလွန်ထူးခြားသော အရည်အချင်း တစ်ရပ်ဖြစ်သည်။ သူတို့က တိုက်ပွဲဝင်နေစဉ် အတောအတွင်း ထူးခြားသော အရည်အချင်းတို့ဖြင့် သူတို့ကိုယ်သူတို့ အားဖြည့်ပေးရန် သားရဲအသွင်အဖြစ် ပြောင်းလဲနိုင်ကြသည်။

သူတို့အသွင်မပြောင်းခင်၌ သူတို့သည် လူသားမျိုးနွယ်နှင့် တစ်ထပ်ထဲတူပြီး သူတို့ကျင့်ကြံနိုင်ကာ တာအိုပုံစံများကို နားလည်ပြီး ဝိညာဉ်ခရီးသွားနယ်ပယ် ဗာဂျရာနယ်ပယ် သို့မဟုတ် ကောင်းကင်အဆင့် နယ်ပယ်ထိတောင် သူတို့အဆင့်ကို တိုးတက်အောင် ကျင့်ကြံနိုင်စွမ်းရှိသည်။ သို့သော် အသွင်ပြောင်းလဲသည့်အချိန်၌ သူတို့က အင်မတန်သန်မာပြီး ရှေးနတ်ဆိုး အရည်အချင်းများဖြစ်သော အရှိန်မြန်ဆန်ခြင်း ခုခံမှု ပိုသန်မာခြင်း တိုက်ခိုက်မှုစွမ်းရည် ပိုမြင့်မားခြင်း စသည့် ကျန်သည့်ထူးထူးဆန်းဆန်း အရည်အချင်းများကိုလည်း ပိုင်ဆိုင်လာတာပဲဖြစ်သည်။

ထို့ကြောင့် သားရဲလူသားများက အမှန်တကယ် အစွမ်းထက်သော မျိုးနွယ်စုတစ်စုဖြစ်၏။ ကောင်းကင်ကြယ်တာရာ နယ်နိမိတ်ထဲတွင် သိသာထင်ရှား နေပေတော့သည်။ ထိုစဉ် ကျန်းရီက သားရဲလူသားများ မည်မျှအစွမ်းထက်ကြောင်း မျက်မြင်တွေ့ကြုံနေရပြီဖြစ်သည်။

သူ၏ကောင်းကင် စိတ်အာရုံတွင် ချဉ်းကပ်လာသည့် ပုရွက်ဆိတ်လူသား အရေအတွက်များစွာကို ရှာတွေ့လိုက်၏။ သူတို့ထဲမှ အချို့က အသွင်ပြောင်းနေပြီဖြစ်ကာ သူတို့၏ခန္ဓာကိုယ် အောက်ပိုင်းက ပုရွက်ဆိတ်များသဖွယ် ဖြစ်နေပြီး သူတို့၏ခေါင်းနှင့်မျက်နှာက လူသားများနှင့် တစ်ပုံစံထဲ တူနေသေးသည်။

သူတို့၏ခန္ဓာကိုယ်က သေးငယ်သော အစိတ်အပိုင်း အချို့အဖြစ် ပြောင်းလဲသွားပြီး အတူတကွ ဆက်သွားကာ သူတို့အရေပြားက အခွံဖြစ်လာတော့သည်။ ခြေချောင်းဘက်က သူတို့ခန္ဓာကိုယ် တစ်ဖက်တစ်ချက်စီမှ ပေါ်လာပြီး သူတို့ခေါင်းမှ ဥမှင်များ ထွက်လာတော့သည်။ လူသားတစ်ဦးကဲ့သို့ လမ်းလျှောက်မည့်အစား သူတို့က သူတို့၏ ခြေတံလက်တံများဖြင့် မြေပြင်ပေါ် တွားသွားကာ သူတို့လမ်းတောက်လျှောက်ရှိ ကျောက်ဆောင်များကို ခြေမွကာ ကျန်းရီနှင့် အဖွဲ့နားသို့ ကြမ်းတမ်းစွာ ချဉ်းကပ်လာတော့သည်။

ဝှစ်

ချင်ယွီ၏ခန္ဓာကိုယ်က လျှင်မြန်စွာ လှုပ်ရှားသွား၏။ သူမက ဓားစွမ်းအားအချို့ကို ထုတ်ဖော်ပြီးနောက် အရှေ့သို့ ပျံသန်းသွားကာ ပုရွက်ဆိတ် လူသားများကို ဓားထက်ထက်ပမာ ခုတ်ပိုင်းချတော့သည်။

ဖောင်း ဖောင်း ဖောင်း

ကျန်းရီနှင့် ကျန်သည့်သူများအဖို့ မထင်ထားသည်က ချင်ယွီ၏ အစွမ်းထက်သော အတွင်းအား တိုက်ကွက်များသည် ပုရွက်ဆိတ်လူသားများကို မထိခိုက်စေတာပဲဖြစ်သည်။ သူမ၏ အတွင်းအားက အဝေးသို့ တန်းရောက်သွားပြီးနောက် ပုရွက်ဆိတ် လူသားများ၏ ခန္ဓာကိုယ်ကို ထိသွားသည်နှင့် ဘဲထီးနှင့်ဘဲမများ ပြုလုပ်သည့် လှိုင်းဂယက်သဖွယ် ပေါ်ထွက်လာပြီးနောက် ကျောက်စကျောက်နများက ရှေ့သို့ကျလာကာ အမှုန့်ဖြစ်သွားတော့၏။ သူမ၏ အတွင်းအားတိုက်ကွက်က အခြေအနေကို ပြောင်းလဲသွားအောင် မလုပ်နိုင်ပေ။ ပုရွက်ဆိတ်လူသားများစွာက အဝေးသို့ လွင့်ထွက်သွားပြီး ဥမှင်အထဲတွင် အော်ဟစ်လိုက်ကြတော့၏။ သူတို့၏ ခြေတံလက်တံများက ဓားတိုက်ကွက် တိုက်ခိုက်မှုကြောင့် ကျိုးပဲ့ကုန်၏။

“သူတို့၏အခွံက တစ်ခုခုတော့ မဟုတ်ဘူးနော်”

ချင်ယွီနှင့် ကျန်းရီက အကြည့်ချင်း ဖလှယ်လိုက်သည်။ သူတို့နှစ်ဦးလုံးက သူတို့၏ ကောင်းကင်စိတ်အာရုံကနေ ရှာဖွေတွေ့ရှိသွားကြသည့် ပုရွက်ဆိတ်လူသားများစွာက အဝေးသို့ လွင့်ထွက်သွားသည့်တိုင် အဆင့်နိမ့်ပြီး ပုရွက်ဆိတ် လူသားအချို့က ခေါင်းများတောင် ပေါက်ကွဲသွားသော်ငြား သူတို့၏ ပင်မကိုယ်ထဲက အဝါရင့်ရင့် အခွံများ၏ ကာကွယ်မှုကြောင့် ဒဏ်ရာမရသွားပေ။

“ချင်ယွီ သူတို့ရဲ့ ခြေလက်နဲ့ ခေါင်းကိုတိုက်ခိုက်”

ဖုန်းလန်က ကျယ်လောင်စွာ အော်လိုက်၏။ အသန်မာဆုံး ပုရွက်ဆိတ်လူသားက ဗာဂျရာနယ်ပယ် ပထမအဆင့်တွင်သာ ရှိသေးမှန်း သူမတွေ့လိုက်ရသည်။ အရေအတွက်များစွာ လာနေသည့်တိုင် ချင်ယွီက သူတို့အားလုံးကို သူမကိုယ်တိုင် အလွယ်တကူ ဖြေရှင်းနိုင်၏။ ထို့ကြောင့်သူမက ကြောက်လန့်မှုကြောင့် ထွက်ပြေးမည့် ပုရွက်ဆိတ်လူသားများကို ကာကွယ်ရန်အတွက် သူမ၏အရှိန်အဝါ ထုတ်ဖော်တာ၊ သို့မဟုတ် အကူအညီပေးတာမျိုး မပြုလုပ်ခဲ့ပေ။

ကျန်းရီက တိုက်ပွဲကို အာရုံသိပ်မစိုက်ပေ။ သူကအဝါရင့်ရင့် အခွံများကို စိတ်ဝင်တစားကြည့်နေ၏။ ပြီးနောက် ချင်ယွီ၏ အတွင်းအား တိုက်ကွက်များကို ပုရွက်ဆိတ်လူသားများ ဖယ်ရှားလိုက်ပုံကို သူရှာဖွေ ဖော်ထုတ်ချင်နေသည်။ သူကောင်းကင်စိတ်အာရုံကို အခွံများဆီ ဖြန့်ကျက်ပြီးနောက် ချင်ယွီ၏ အတွင်းအား တိုက်ကွက်များက သူတို့အခွံများကို ထိသွားချိန် ဂရုတစိုက် လေ့လာလိုက်၏။

“အမ် သူတို့အခွံထဲမှာ မြန်မြန်ဆန်ဆန် စီးဆင်းနေတဲ့ စွမ်းအင်ရှိနေတာပဲ ပြီးတော့ သူတို့လမ်းကြောင်းက ထူးဆန်းလိုက်တာ ဒီစွမ်းအင် စီးဆင်းမှုက တိုက်ကွက်အားလုံးကို ဖယ်ရှားနိုင်တာကြောင့်များလား”

ကျန်းရီက လေးလေးနက်နက် ဆင်ခြင်သုံးသပ်နေ၏။ သူ၏မျက်လုံးများက ဝေဝါးလာပြီး နောက်ဆုံးတွင် မှိတ်သွားလေသည်။ သူကအရာအားလုံးကို မေ့သွားပြီး ပုရွက်ဆိတ်လူသား၏ အခွံအတွင်းရှိ စွမ်းအင်စီးဆင်းမှု လမ်းကြောင်းကိုသာ အပြည့်အဝ နစ်ဝဲနေတော့သည်။ ပုံမှန်ဆို ထိုအခွံများက ချင်ယွီ၏ အတွင်းအားတိုက်ကွက်ကို ခံနိုင်ရည်မရှိမှာ သေချာသည်။ အမှန်တကယ်တွင် ပုရွက်ဆိတ်လူသားများ သေဆုံးသွားသည်နှင့် သူတို့၏အခွံက ချင်ယွီ၏တိုက်ကွက် ထိသွားခဲ့လျှင် ဖုန်အဖြစ် ချက်ချင်း ပြောင်းလဲသွားသင့်သည်။ ထို့ကြောင့် ပြဿနာက အခွံအတွင်းရှိ စွမ်းအင်စီးဆင်းမှုပေါ်တွင်သာ ဖြစ်ရမည်။

ကံဆိုးသည်မှာ ကျန်းရီက အချိန်အတော် ကြာပြီးသည့်တိုင် ဘာကိုမှ ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးတာပဲဖြစ်သည်။ စွမ်းအင်စီးဆင်းမှုလမ်းကြောင်းက ထူးဆန်းလွန်းပြီး ဆန်းကြယ်သော အစီအရင် တစ်ခုပမာ ရှုပ်ထွေးနေလေ၏။ ကျန်းရီသည် အစီအရင်များအကြောင်း မသင်ယူထားသောကြောင့် သူကအစီအရင်များ အလုပ်လုပ်ပုံကို နားမလည်တာ ယုတ္တိရှိပေ၏။

အာ ဟုတ်သား အခုလမ်းကြောင်းကို ငါမှတ်တမ်းတင်ထားလိုက်မယ်။ ငါအခုအချိန်မှာ နားမလည်နိုင်ပေမဲ့ နောင်ကျ လိုလိုမယ်မယ် ဆင်ခြင်သုံးသပ်ကြည့်ရအောင်လို့ ကြိုးစားကြည့်တာပေါ့။

ထိုနေရာတွင် ပုရွက်ဆိတ် လူသားများစွာရှိသေးပြီး တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေသည်။ ပုရွက်ဆိတ်လူသား၏ ဗာဂျရာနယ်ပယ် အဖွဲ့ခေါင်းဆောင်က တိုက်ပွဲထဲ ဝင်မပါလာပေ။ သူက နောက်ဆုတ်ရန် အမိန့်ပေးခြင်းလည်း မရှိပေ။ ဘေးထွက်ရပ်ပြီးနောက် တိုက်ပွဲကို ကြည့်နေလေ၏။ ချင်ယွီက သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါးသဖွယ် ပုရွက်ဆိတ်လူသားများကို ဝင်ရောက်တိုက်ခိုက်နေ၏။ သူမအတွင်းအားတိုက်ကွက်ဖြင့် ထိသွားသည့် ပုရွက်ဆိတ် လူသားတိုင်းက ပေါက်ကွဲလျှင်ပေါက်ကွဲ မဟုတ်လျှင် သူတို့၏ခြေလက်များ ခုတ်ပိုင်းခံလိုက်ရသည်။ သို့သော် သူမ၏လှုပ်ရှားမှုများက သူတို့လိုက်မှီရန်အတွက် မြန်ဆန်လွန်းနေသောကြောင့် အဆင့်နိမ့် ပုရွက်ဆိတ် လူသားများသည် သူမကို ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်ပေ။

ကျန်းရီက ပုရွက်ဆိတ် လူသားများ၏ အခွံအပေါ် ကောင်းကင်စိတ်အာရုံကို စူးစိုက်လိုက်ပြီး သူ့ခေါင်းထဲရှိ စွမ်းအင်စီးဆင်းရာ လမ်းကြောင်းကို ပုံတူမှတ်နေ၏။ ၁၅မိနစ်ခန့် ကြာပြီးနောက် ပုရွက်ဆိတ်လူသား အများစု အသတ်ခံခဲ့ရပြီး အသတ်ခံလိုက်ရသည်က ပုရွက်ဆိတ်လူသား အဖွဲ့ခေါင်းဆောင်ကို ကြောက်လန့်သွားစေသည်။ ထို့ကြောင့် သူတပ်ဖွဲ့များကို ဆုတ်သွားရာ ကျန်းရီသည် နောက်ဆုံး၌ သူ့ခေါင်းထဲတွင် စွမ်းအင်စီးဆင်းခြင်း လမ်းကြောင်းအပြည့်အစုံကို ကူးထည့်ခဲ့ပြီးဖြစ်သည်။

“ကောင်းတယ် ဒါကို နားလည်သဘောပေါက်နိုင်ပြီး ချုပ်နှောင်ခြင်း အစီအရင်တွေထဲ ထပ်ပေါင်းထည့်နိုင်ခဲ့မယ်ဆိုရင် အင်မတန် အစွမ်းထက်မှာပဲ”

ကျန်းရီက ယခုအချိန်တွင် ဧကရီနန်းတော်ထဲတွင် ရှိနေပြီး အစီအရင်များ ဖွဲ့တည်ရာ၌ ကျွမ်းကျင်သူဖြစ်သော ယွင်ဖေးကို ရုတ်တရက် အမှတ်ရသွားသည်။ သူမသည် ယင်းကို အသုံးပြုပြီး အစွမ်းထက်သော အစီအရင်အချို့ ပြုလုပ်နိုင်မည်လားဟူသည်ကို သိချင်သောကြောင့် ဤလမ်းကြောင်း မြေပုံကိုပေးရန် သူစီစဉ်ထားပေသည်။

ထိုအကြောင်း တွေးကြည့်သောအခါ လူတစ်ဦးက ရန်သူထံမှ တိုက်ကွက်ကို တန်ပြန်တိုက်ခိုက်နိုင်ခြင်း သို့မဟုတ် ဖယ်ရှားနိုင်ခြင်းဟုသော သန်မာသည့် ခုခံရေး အရန်အတားတစ်ခု ဖွဲ့တည်နိုင်ခဲ့မယ်ဆိုလျှင် တိုက်ပွဲထဲ၌ အချိန်အတော်ကြာ ရှင်သန်နိုင်အောင် သေချာပေါက် ကူညီပေးနိုင်မှာပဲဖြစ်သည်။

“မင်းတို့လူသားတွေ မရပ်တော့ဘူးလား ရာရာစစ ငါ့ရဲ့နယ်မြေကို ကျူးကျော်ပြီး ငါ့ရဲ့ပုရွက်ဆိတ်လူသားတွေကို သတ်ရဲတယ်ပေါ့ မင်းတို့ကို ဘယ်တော့မှ အလွယ်တကူ လွှတ်မပေးဘူး အခုရပ်တန့်ပြီး အညံ့ခံလိုက်တာကောင်းမယ် အမှန်အတိုင်း ပြောရရင် ငါ့လူတွေကို အကူအညီတောင်းဖို့ ညွှန်ကြားပြီးသား ပင်မသားရဲတပ်ဖွဲ့က မကြာခင်မှာ ရောက်လာလိမ့်မယ် သူတို့ရောက်လာတဲ့အချိန် ဒီမှာမြုပ်စရာမြေတောင်မရှိဘဲ မင်းတို့အားလုံး သေမှာ”

ကောင်းကင်ကြယ်တာရာ နယ်နိမိတ်၏း စံသတ်မှတ်ထားသော ဘာသာစကားဖြင့် ရှေးတန်းမှ ပုရွက်ဆိတ်အဖွဲ့ခေါင်းဆောင်က အော်ပြောလိုက်၏။ ကျန်းရီက အာရုံပြန်ကပ်လာပြီး ကောင်းကင်စိတ်အာရုံကိုသုံးကာ ပတ်ဝန်းကျင်ကို ရှာဖွေလိုက်၏။ သူတို့အသက်အန္တရာယ်အတွက် အရပ်မျက်နှာမျိုးစုံကို ထွက်ပြေးနေကြသော ပုရွက်ဆိတ်လူသား တစ်ထောင်ကျော် ရှိနေသေးတာ တွေ့လိုက်ရသည်။ ချင်ယွီက သူတို့အားလုံးနောက် လိုက်နေသော်ငြား သူမအဖို့ အချိန်တိုအတွင်း သူတို့အားလုံးကိုသတ်ရန် မဖြစ်နိုင်ပေ။ အထူးသဖြင့် သူမ၏ လှုပ်ရှားမှုများက ရေကြောင့် ဟန့်တားခံနေရခြင်းပင်ဖြစ်သည်။

ကျန်းရီ၏မျက်လုံးက အေးတိအေးစက် အလင်းတို့ဖြင့် ဖျတ်ခနဲ ပေါ်သွား၏။

“ဖုန်းအာ သွားပြီးချင်ယွီကို ကူညီ တိုက်ပွဲကို မြန်မြန်အဆုံးသတ်နိုင်အောင် ချင်ယွီကိုသာ ကူညီလိုက် ဒီမှာကြာကြာနေရင် စွန့်စားရာ ရောက်လွန်းတယ် ငါတို့တွေ ပင်မသားရဲတပ်ဖွဲ့ ရောက်မလာခင် သားရဲလူသားနယ်မြေကနေ ထွက်သွားရမယ် မဟုတ်ရင် ပြဿနာကြီး တက်လိမ့်မယ်” သူက နက်ရှိုင်းကာ ကျယ်လောင်သည့်အသံဖြင့် အမိန့်ပေးလိုက်တော့သည်။

***

All Chapters