မြို့ကိုသွေးဖြင့်ဆေးကြောခြင်း
Vol. 41 Ch. 561
ဘန်း
တောင်ကြားတစ်ခုထဲတွင် မြေပြင်က ရုတ်တရက် ပေါက်ကွဲလာပြီး လူနှစ်ဦးသည် ကောင်းကင်ထဲတွင် ပြည့်နှက်သွားသော ဖုန်နှင့်ကျောက်စ ကျောက်နများထဲမှ ထွက်ပေါ်လာ၏။ ထိုသို့ထွက်လာပြီးနောက် သူတို့နှစ်ဦးလုံးက ပတ်ဝန်းကျင်ကို စစ်ဆေးရန်အတွက် ကောင်းကင်စိတ်အာရုံကို ထုတ်ဖော်လိုက်တော့သည်။ အန္တရာယ်မရှိကြောင်း အတည်ပြုပြီးနောက် ကတုံးဖြင့်လူငယ်သည် ထိုနေရာတစ်ဝိုက်၌ သရဲတစ္ဆေတစ်ကောင်သဖွယ် သွားလာနေသော ကျန်သည့်မိန်းမလှကို လက်ဟန်ခြေဟန်ဖြင့် ပြောဆိုပြီးနောက် ပတ်ဝန်းကျင်ကို သတိထားကြည့်လိုက်၏။
“ကောင်းကင်သိမြင် နားလည်ခြင်း”
ကတုံးဖြင့်လူငယ်က မြေပြင်ပေါ်တွင် တင်ပျဉ်ခွေချိတ်ထိုင်ပြီးနောက် တီးတိုးပြောလိုက်လေ၏။ သူ၏ခန္ဓာကိုယ်က အဖြူရောင်အလင်းဖြင့် တောက်ပလာသည်။ ကောင်းကင်စိတ်အာရုံက လေပြေလေညင်းသဖွယ် ဖြာထွက်လာပြီးနောက် သူ၏စိတ်ထဲ၌ ပုံရိပ်များစွာ ပေါ်လာ၏။ ငါးမိနစ်ခန့် ကြာပြီးနောက် ကီလိုမီတာ ငါးသောင်းအတွင်းရှိ နေရာအားလုံးကို ရှာဖွေပြီးသွားပြီဖြစ်ကာ သူ့မျက်လုံးကို ပြန်ဖွင့်လိုက်တော့သည်။
ဝှစ်
သူ၏ခန္ဓာကိုယ်က မြေကြီးပေါ်မှ ထလာပြီးနောက် အရှေ့အရပ်ဆီသို့ ဦးတည်သွားတော့သည်။ သစ်တောထဲတွင် ပုန်းနေသော ပြိုင်ဘက်ကင်း အလှလေးက အမြန်ထွက်လာ၏။ သူမက သိမ်မွေ့သော လေသံဖြင့် မေးလိုက်လေသည်။ “သခင်လေးအခု အဆင်ပြေလား”
“ပြေတယ် ငါလမ်းကြောင်းတစ်ခု ရှာတွေ့ထားတယ် ဖုန်းအာ ငါ့ကိုအဲ့ဒီဘက် ခေါ်သွားပေး” လူငယ်က ခပ်ဖျော့ဖျော့ပြုံးပြီး သူ၏မပြေပြစ်သော မျက်နှာက ယုံကြည်ချက်ဖြင့် တောက်ပနေလေသည်။ ယခုအချိန်က နေထွက်ကာစဖြစ်ကာ သူ၏မျက်နှာပေါ် နေရောင်များ တောက်ပနေပြီး မျက်နှာချင်းဆိုင်ရှိ မိန်းကလေးကို မှင်သက်နေစေ၏။
“ဟုတ်ပြီ”
လူငယ်က အကြည့်လွှဲလိုက်သည့် အချိန်တွင် သူမက သူ့ဆီပြန်ဝင်လာတော့၏။ သူကသူ၏ လက်နှစ်ဖက်ကိုမြှောက်ပြီး မြန်မြန်ဆန်ဆန် ပြေးသွားလိုက်သည်။ သူမက မြန်လွန်း၏။ မြေပြင်ပေါ်တွင် ခြေဖျားထောက်လျက် ငှက်မွေးတစ်ခုပမာ ရွေ့လျားနေတော့သည်။ မျက်တောင်တစ်ခတ်စာ အနည်းငယ်အတွင်း သူတို့သည် တောင်တန်းများစွာကို ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်။
“ညာဘက်မှ အဲ့ဒီတောင်ရဲ့ အောက်ခြေကိုသွား မုန့်တွေကိုသတိရ အနားမှာ ကျားသစ်မျိုးနွယ်စု ရှိတယ်”
“တည့်တည့်မှာ လွင်ပြင်တွေပဲ ဖုန်းအာ ဂရုစိုက် မင်းရဲ့ကောင်းကင် စိတ်အာရုံနဲ့ ပတ်ဝန်းကျင်ကို စစ်ဆေးပြီးသွား အောက်တစ်ဝက်အတွင်း တွေ့တယ်ဆိုရင် သူ့ကိုချက်ချင်းသတ်ပြီး အလောင်းကို ဖျက်ဆီးပစ်”
“အဲဒီနား မသွားနဲ့ အဲ့ဒီမှာ မြစ်ကြီးတစ်စင်းရှိတယ် ပြီးတော့ မြစ်ထဲမှာ အော့တွေရှိတာ”
“ဘယ်ဘက်ကိုချိုး”
ပြိုက်ဘက်ကင်းအလှလေးက ကတုံးဖြင့်လူရွယ်ကို ခေါ်သွားပြီးနောက် သူရဲတစ္ဆေ တစ်ကောင်သဖွယ် အရှေ့သို့ ဆက်လက်သွားနေ၏။ ထိုလူက သူမကို အရပ်မျက်နှာများ ဆက်တိုက်ပြောနေ၏။ ဆန်းကြယ်သည်က ပတ်ဝန်းကျင်တွင် အနည်းဆုံး အော့မျိုးနွယ်စု ထောင်ချီနှင့် အော့အရေအတွက် သန်းချီရှိပေ၏။ သို့သော် ဆယ်နာရီကျော်ခန့် သွားလာပြီးသည့်တိုင် သူတို့က မည်သည့်အော့မှ မတွေ့ရဘဲ အော့တစ်ဝက် မျိုးနွယ်စုများကြောင့် အနှောင့်အယှက် မတွေ့ခဲ့ရပေ။
“ကောင်းပြီ ရပ်လိုက်တော့”
ကျောက်တောအုပ်ထဲတွင် လူငယ်က နက်ရှိုင်းသည့် အသံဖြင့် ရုတ်တရက် အော်လိုက်လေ၏။ အမျိုးသမီးက ရပ်တန့်သွားပြီးနောက် အသက်တစ်ချက်ရှုကာ လူငယ်ကို တအံ့တသြကြည့်ပြီး ပြောလိုက်သည်။
“သခင်လေး ဘယ်လိုမှော်ပညာမျိုး သုံးနေတာလဲ၊ အနာဂတ်ကိုများ ဘယ်လိုလုပ် ကြိုမြင်တာလဲ အနည်းဆုံးတော့ ကျွန်မတို့တွေ ကီလိုမီတာ သုံးသောင်းကို ဖြတ်သန်းလာခဲ့တာ”
“ခွီး ခွီး”
ထိုလူငယ်က ကျန်းရီဖြစ်ပြီး အမျိုးသမီးက ဖုန်းလန်ဖြစ်သည်။ ကျန်းရီသည် မြေပြင်ပေါ်မှသွားရန် ဆုံးဖြတ်ချက် ချပြီးသည်နှင့် သားရဲမျိုးနွယ်စု၏ ဧကရာဇ်မြို့သို့ တန်းတန်းမတ်မတ်သွားကာ အော့မဟာဧကရာဇ်ကို အနိုင်ယူရန်အတွက် သူသည် ချင်ယွီ ကျန်းရှောင်နူနှင့် ကျို့ဝူသားရဲတို့ကို စကြဝဠာနန်းတော်ထဲ ထည့်လိုက်၏။ ပြီးနောက်သူက ဖုန်းလန်ကို သူ့အားသယ်သွားခိုင်းပြီးနောက် ကောင်းကင်သိမြင် နားလည်မှုကို ထုတ်ဖော်ကာ ပတ်ဝန်းကျင် အခြေအနေကို စစ်ဆေးခဲ့သည်။ သူတို့က လုံလုံခြုံခြုံ ဖြတ်သန်းလာခဲ့တာဖြစ်သည်။
သူ့နည်းလမ်းက အလုပ်ဖြစ်တဲ့ပုံပဲ။
စုန်းနတ်ဘုရားက သူ့မျိုးနွယ်စု အပြင်ဘက်ရှိ လူများကို ကောင်းကင်သိမြင် နားလည်ခြင်း မှော်အတတ်ကို လက်ဆင့်ကမ်းခြင်း မပြုရန် မှာကြားခဲ့သောကြောင့် ဖုန်းလန်ကို သူမရှင်းပြခဲ့ပေ။ သူကတင်ပျဉ်ခွေချိတ် ထိုင်ပြီးနောက် ကောင်းကင်သိမြင် နားလည်မှု မှော်အတတ်ကို ဆက်လက် သုံးတော့၏။ သူသည် ပေတစ်သိန်း အကွာအဝေးကိုသာ စစ်ဆေးသောကြောင့် သူ့ကိုအချိန်ကုန် နည်းစေပြီး ဝိညာဉ်ခွန်အား အနည်းအကျဉ်းသာ ကုန်ကျစေ၏။ ထို့ကြောင့်သူက ပင်ပန်းနွမ်းနယ်ခြင်းမရှိ အိပ်ပျော်သွားခြင်း မရှိပေ။
“ကောင်းပြီဖုန်းအာ ခရီးဆက်ကြမယ်”
ငါးမိနစ်ခန့်ကြာပြီးနောက် ကျန်းရီက မျက်လုံးဖွင့်လိုက်သည်။ သူ၏မျက်ဝန်းထဲ၌ နွမ်းနယ်မှု အရိပ်အယောင် ရှိနေ၏။ သို့သော်အချိန်က တိုတောင်းသောကြောင့် သူအချိန် မဖြုန်းချင်ပေ။
သားရဲလူသားနယ်မြေ၏ ဧကရာဇ်မြို့က သူတို့ရှိနေသည့်နေရာနှင့် အတန်ငယ် ဝေးလေ၏။ ဖုန်းလန်အတွက်တောင် အနည်းဆုံး တစ်ရက်တစ်ည အချိန်ယူရမှာပဲဖြစ်သည်။ မြေအောက် ပုရွက်ဆိတ် လူသားများနှင့် မြွေလူသားများက သူတို့ကို ရှာမတွေ့ခဲ့လျှင် သူတို့က မြေပြင်ပေါ်မှသွားမှန်း ထိုသတ္တဝါများ သေချာပေါက် တွေးမိမှာပဲဖြစ်သည်။ အချိန်ရောက်လာပြီး သတင်းပျံ့သွားတဲ့အချိန် သိုင်းခန်းမက သတိဝင်သွားသည့်အခါ သူတို့ယခင် အားစိုက်ထုတ်မှုများအားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။ ယခုအချိန်တွင် ဖုန်းလန်က ကျန်းရီအပေါ်ရှိ ဧယာမသစ်ပင်ကြီးထဲတွင် ပုန်းကွယ်နေပြီး သူမက သတိအနေအထား ရှိနေ၏။ ကျန်းရီပြောတာ ကြားပြီးနောက် သူမက သစ်ပင်ပေါ်မှ ဆင်းလာတော့သည်။ လေပြေတစ်ချက် ဝှေ့သည့်အချိန်တွင် သူမ၏ ရောင်စုံဝတ်ရုံက လွင့်ထွက်သွားလေ၏။
သူမ၏ ရှည်သွယ်သောပေါင်တံနှင့် ဖြူဖွေးသောခြေထောက်က ဘောင်းဘီအတို တစ်စုံလို ပေါ်လာလေ၏။
ဂလု ဂလု
ကျန်းရီ၏ယခင် နွမ်းနယ်နေသောစိတ်က ရုတ်တရက် အားတက်သွားလေသည်။ သူက ဖြူဖွေးသော ခြေနှစ်ချောင်းကို ကြည့်နေပြီး အလိုလို တံတွေးမျိုချလိုက်မိ၏။ ဖုန်းလန်သည် သူ၏အကြည့်ကြောင့် ရှက်သွားလေသည်။
ကံကောင်းသည်မှာ နှစ်ဦးလုံးက အလွန်ထိန်းချုပ်နိုင်စွမ်းရှိသည်။ ကျန်းရီက ခေါင်းအမြန် ငုံ့လိုက်သည်။ ဖုန်းလန်၏ မျက်နှာက ပုံမှန်အနေအထား ပြန်ရောက်သွား၏။ သူမက အောက်သို့ဆင်းပြီး ကျန်းရီကို သယ်သွားတော့သည်။
“မွှေးလိုက်တာ”
ယခုအချိန်တွင် ကျန်းရီကို ဖုန်းလန်က နာရီပေါင်းများစွာ သယ်လာခဲ့ပြီးချိန်၌ သူကဖြတ်ကျော်ခဲ့သော နယ်မြေများကို ပြန်တွေးလိုက်သည်။ ကျန်သည့်အတွေးများကိုတွေးရန် စွမ်းအင်မည်ကဲ့သို့ ရှိမည်နည်း။
သို့သော် ယခုလက်ရှိတွင်မူ သူက မိစ္ဆာအတွေး တချို့တို့ ပေါ်လာပုံရသည်။ ဖုန်းလန်သည် သူ့ကိုသယ်ထား၏။ သို့သော် သူတို့သည် အော့ဧကရာဇ်မြို့နား နီးကပ်လာသည်နှင့် မျိုးနွယ်စုများ ပိုမိုများပြားလာတော့သည်။ အချို့သော အစွမ်းထက် မျိုးနွယ်စုများ၌ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များရှိသည်။ ထို့ကြောင့် ကျန်းရီက ထပ်မံအရူးမလုပ်ရဲတော့ဘဲ လမ်းကိုသာ အာရုံစိုက်လိုက်သည်။
တဖြည်းဖြည်း မှောင်လာပြီး သူတို့နှစ်ဦးက အနားမယူခဲ့ပေ။ ကျန်းရီသည် ကောင်းကင်သိမြင် နားလည်ခြင်း မှော်အတတ်ကို ထပ်မံထုတ်ဖော်ပြီးနောက် သူတို့သည် ညအချိန်တွင် အမြန်ခရီးဆက်ကာ သားရဲလူသားနယ်မြေ၏ ဧကရာဇ်မြို့သို့ ဦးတည်သွားတော့သည်။
အော့ဧကရာဇ်မြို့ဟူ၍ သေချာသိနေရသည့် အကြောင်းအရင်းမှာ ဤနေရာတွင် အစွမ်းအထက်ဆုံး အမြင့်ဆုံးအဆင့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များ ရှိနေသောကြောင့်ဖြစ်သည်။ မြို့ထဲတွင် ဗာဂျရာနယ်ပယ် သိုင်းပညာရှင် (၁၅)ဦးရှိနေသည်။
တစ်ညလုံး ခရီးနှင်ပြီးနောက် သူတို့သည် အာရုံတက်ချိန်တွင် ဧကရာဇ်မြို့နား ရောက်လာပြီဖြစ်သည်။ ယခုအခေါက်တွင် သူတို့က ဧကရာဇ်မြို့ကို ဂမူးရှုးထိုး တိုးမဝင်သွားကြပေ။ ထိုအစား မြို့အပြင်ဘက်ရှိ တောင်ကုန်းလေးပေါ်၌ အနားယူရန် ရပ်တန့်လိုက်ကြ၏။
နံနက်ခင်းအလင်းရောင် မှိန်ဖျော့ဖျော့တွင် ဖုန်းလန်က မလှမ်းမကမ်းရှိ မြို့ကိုကြည့်ပြီး သိမ်မွေ့စွာပြောလိုက်၏။
“သခင်လေး ပြီးရင်ကျွန်မတို့တွေ မြို့ထဲတန်းသွားပြီး မဟာဧကရာဇ်ကို သတ်မှာလား”
“မသတ်ဘူး” ကျန်းရီက ခေါင်းခါပြီး ဆုံးဖြတ်ချက် ပြတ်သားစွာ ပြောလိုက်သည်။
“ငါတို့တွေ ဖော်ထုတ်မခံရဘဲ တန်းတန်းမတ်မတ် သွားနိုင်မယ်ဆိုရင် မြို့ကိုသွေးနဲ့ ဆေးကြောပြစ်ရမှာ အဲ့ဒီမှာ တိုင်းသူပြည်သား သန်းချီရှိတယ် ငါတို့တွေက သိုင်းပညာရှင်တွေကိုပဲ သတ်လို့ရမှာ အပြစ်ကင်းတဲ့ ပြည်သူပြည်သားတွေကို သတ်လို့မရဘူး ပြီးရင်သူတို့ရဲ့ မဟာဧကရာဇ်ကို မျှားခေါ်ပြီး ဒီကိုခေါ်လာဖို့ ကြိုးစားလို့ရမယ်ထင်တာပဲ”
“သခင်လေးက သက်ညှာတတ်လိုက်တာ ကောင်းကင်ဘုံက အသက်ကိုတန်ဖိုးထားတဲ့ သူတော်ကောင်းတရား ရှိနေတာပဲ ကျွန်မတို့နှစ်ယောက်လုံး လက်သွေးစွန်းနေပြီဆိုပေမဲ့ မလိုလားအပ်တဲ့ သတ်ဖြတ်ခြင်းတွေကို ရှောင်သင့်တယ်”
ဖုန်းလန်က သဘောတူညီကြောင်း ခေါင်းညိတ်လိုက်သည်။ သူတို့သည် သားရဲလူသား နယ်မြေဆီသို့ ခိုးဝင်လာ၏။ သူတို့ကို အမဲလိုက်နေသော အော့သိုင်းပညာရှင်များကို သင့်တော်စွာ ဖြေရှင်းရန်ဖြစ်သည်။ သူတို့က အစွမ်းထက်ပြီး ပြန်တိုက်ခိုက်မှ သဘာဝကျ၏။ သို့သော် ဤနယ်မြေပေါ်ရှိ အပြစ်ကင်းသော ပြည်သူပြည်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းက အကျင့်တရား ပျက်ပြား၏။ ယင်းကသူတို့၏ စိတ်နှလုံးကို ယိမ်းယိုင်စေပြီး အမှောင်ထုထဲ ကျရောက်စေပေလိမ့်မည်။
***