သခင်လေးထူလွေ့
Vol. 41 Ch. 562
ကျန်းရီပြောတာ မှန်ပေ၏။ ဤကြီးမားသောမြို့ကြီးက အော့ဧကရာဇ်မြို့ဖြစ်သည်။ ထိုအမြင့်ဆုံးအဆင့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်က သားရဲလူသားနယ်မြေ၏ မဟာဧကရာဇ်ဖြစ်သည်။
နံနက်ပိုင်းတွင် မြို့၏အကြီးမားဆုံး နန်းတော်၏ ခန်းမထဲ၌ များစွာသော ရံရွှေတော်များက ဝင်ထွက်သွားလာနေပြီး သေရည်များ စားကောင်းသောက်ဖွယ်များ တည်ခင်းတော့သည်။ ထိုရံရွှေတော်များက အလွန်ဖော်ပြ ဝင်ဆင်ထားကြလေသည်။ သူတို့က တိုတောင်းတောင်း ညှပ်ထားသော ဂါဝန်များနှင့် ပေါင်ထိခွဲထားလျှက် သူတို့၏တောက်ပနေသော အဖြူရောင် ခြေတံများကို ထုတ်ဖော်ပြသထား၏။ ထိုရံရွှေတော်များက ထူးခြားသော အော့မျိုးနွယ်စုများ ဖြစ်ပုံပေါ်ကာ သူတို့အားလုံး၌ စောင်းနေသော မျက်လုံးများ ရှိကြပြီး ညို့ငင်သော အကြည့်တို့ဖြင့် မျက်စပစ်ပြနေ၏။
ခန်းမအပြင်ဘက်တွင် သန်မာသည့် အစောင့်များ ရှိနေသည်။ သူတို့က ခရင်းခွများ လှံများကို ကိုင်ဆောင်ထားလျှက် သူတို့နားတွင် သွားလာနေသော ရံရွှေတော်များကို အပြည့်အဝ လျစ်လျူရှု့ထားကာ သတိအနေအထားဖြင့် နေနေလေ၏။
“အား မဟုတ်ဘူး”
ရံရွှေတော်တစ်ဦးသည် ခြေချော်ပြီး မြေပြင်ပေါ်သို့ သတိလက်လွတ် ပြုတ်ကျသွားလေ၏။ မြေပြင်ပေါ် ကောင်းမွန်သည့် သေရည်တစ်ကရား ပြုတ်ကျသွားပြီးနောက် ခွမ်းကနဲ မြည်သွားတော့သည်။ စပျစ်သေရည်များ ကြမ်းပြင်ပေါ် စွန်းထင်းကုန်ပြီး မူးယစ်စေသော ရနံ့က ထွက်ပေါ်လာ၏။
“အား” အစေခံက ချက်ချင်းပင် ဖြူရော်သွားပြီးနောက် တံခါးဝရှိ အစောင့်ကို လှည့်ကြည့်လိုက်၏။ သို့သော် သူမခေါင်းမော့လိုက်သည့် အချိန်တွင် အဆိပ်ရှိ မြွေတစ်ကောင်ပမာ သူမဆီသို့ ထိုးစိုက်လိုက်သော လှံတစ်စင်းကိုသာ မြင်လိုက်ရသည်။ သူမအော်ရန် အချိန်မရလိုက်ခင် ဦးနှောက်ဖောက်ခံလိုက်ရပြီး နေရာမှာတင် သေသွားလေ၏။
“ဟမ့် ဒီနေ့မဟာဧကရာဇ်က ဂုဏ်သရေရှိ ဧည့်သည်တွေနဲ့ စားသောက်ပွဲ တည်နေတာ အလုပ်သေသေချာချာ မလုပ်တဲ့လူတွေက အသတ်ခံရမယ်”
ခမ်းနားသော သံချပ်ကာကို ဝတ်ထားသည့် အရပ်မြင့်မြင့် လူတစ်ဦးက လှံကိုကိုင်လျှက် အပြင်ဘက်ရှိ အစေခံကို အေးတိအေးစက် တစ်ချက်ကြည့်လိုက်သည်။ အစေခံများ အားလုံးက ကြောက်လန့်မှုကြောင့် တုန်ယင်နေပြီး သူတို့၏ခြေထောက်ကို ဂရုတစိုက်မြှောက်ကာ အထဲသို့ ဝင်သွားလိုက်၏။ ကြမ်းပြင်ပေါ်ရှိ အလောင်းကို မည်သူမှ မကြည့်ရဲကြတော့ချေ။
ခန်းမကြီးက အလွန်ကြီးကျယ် ခမ်းနားပြီး လူသားများနေထိုင်ရာ ခန်းမနှင့်မခြားပေ။ ခန်းမကို နှင်းဖြူရောင် ကောဇောဖြင့် ထက်ဝက်ပိုင်းထားလေ၏။ ဘယ်ဘက်ခြမ်းက ရွှေရောင်စားပွဲများဖြင့် ပြည့်နေသည်။ ရွှေရောင်စားပွဲတိုင်း၏ နောက်ကွယ်၌ သိုင်းပညာရှင်တစ်ဦးက ထိုင်နေသည်။ ဧရာမခရမ်းရွှေရောင် စားပွဲတစ်လုံးက အခန်း၏ထိပ်ပိုင်း၌ တည်ရှိကာ အစွမ်းထက်သည့် လူငယ်တစ်ဦးက ထိုနောက်တွင် ထိုင်နေလေသည်။
သူကတကယ် ကြွက်သားများ သန်မာကြီးထွား၏။ သူကမြေပြင်ပေါ်တွင် ထိုင်နေသည့်တိုင် သုံးမီတာခန့် မြင့်နေသေး၏။ သူ၏လက်မောင်းများက ရံရွှေတော်များ၏ ပေါင်အရွယ်အစား နှစ်ဆခန့်ရှိသည်။ ရွှေရောင်သံချပ်ကာကို ဝတ်ဆင်ထားပြီး သူ၏မျက်နှာတွင် မှုတ်ဆိတ်မွှေးများ ရှိနေသည်။ သူ၏ဖောင်းအစ်နေသော မျက်လုံးများက သတ်ဖြတ်လိုသည့် အကြည့်များသာ ပြည့်နေလျှက် မျက်ဝန်းထဲကို ကြည့်မိသူအဖို့ ခြိမ်းခြောက်မှုကို ခံစားရစေသည်။
ထိုလူသန်ကြီးက ဧရာမရွှေရောင် သေရည်ခွက်ကို ကိုင်ထား၏။ သူကပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီး ဘယ်ဘက်ခြမ်းရှိ စားပွဲထိပ်တွင်ရှိသော လူငယ်ဆီရောက်ချိန်တွင် အကြည့်ရပ်သွားလေ၏။ သူကရယ်ရယ်မောမောဖြင့် ပြောလိုက်တော့သည်။
“လာ လာ လာ သခင်လေးထူလွေ့ ကမ်းပေ့ သားရဲလူသားနယ်မြေကို လာရောက်လည်ပတ်တာ ကြိုဆိုပါတယ် သုံးရက်သုံညတိုင်တိုင် စားသောက်ပွဲ တည်ခင်းကြတာပေါ့ မမူးမချင်း အဆုံးသတ်မှာမဟုတ်ဘူး”
ခန်းမထဲရှိ လူဆယ်ဦးကျော်က ထရပ်လာပြီး သူတို့၏ခွက်များကို မြှောက်လိုက်လေ၏။ ဘယ်ဘက်ခြမ်းရှိ သခင်လေးကို အားလုံးက ကြည့်လိုက်ပြီး တလေးတစား အော်လိုက်ကြသည်။
“သခင်လေး ထူလွေ့အတွက်”
“ဟား ဟား ဟား ဧကရာဇ်မုန့်က အားနာလွန်းနေပါပြီ အားလုံးပဲ ကျေးဇူးပြုပြီး ထိုင်ကြပါ”
ထိုသခင်လေးသည် အစိမ်းရောင် ဝတ်ထားလျက် ရဲဝံ့သည့် ပုံစံရှိသည်။ သားရဲလူသားနယ်မြေ၏ အကြွင်းမဲ့ပညာရှင် တစ်စုရှေ့၌ သူက ထရပ်ရန် စိတ်အနှောင့်အယှက်တောင် ဖြစ်မနေပေ။ သူကထိုအစား သန်မာသည့်လူရွယ်ကို ပြုံးပြပြီး ခွက်ကိုမြှောက်ကာ သေရည်ကို သောက်လိုက်လေ၏။
ထိုသခင်လေး၏ ဧကရာဇ်မုန့်ဟူသော အမည်တပ်ပြောဆိုခြင်း ခံရသည့် လူရွယ်က အားပါးတရပြုံးကာ ခွက်ကြီးကိုကိုင်ပြီး သူ့လက်ကိုမြှောက်ကာ သေရည်ကို သောက်ချလိုက်တော့သည်။ သို့သော် သေရည်တစ်ဝက် သောက်ပြီးသည့်အချိန်၌ သူ၏မျက်နှာထားက ရုတ်တရက် ပြောင်းလဲသွားတော့၏။ သူ၏မျက်ဝန်းတို့က ခန်းမအပြင်ဘက်ဆီသို့ ဒေါသတကြီး ကြည့်လိုက်သည်။ အရှိန်အဝါက ရုတ်တရက် တက်လာသည်မှာ သူ့ဘေးရှိ ရံရွှေတော်နှစ်ဦးကို ကြောက်လန့်မှုကြောင့် ဒူးထောက်ကျသွားစေတော့သည်။
“အမ်” သခင်လေးထူလွေ့နှင့် ခန်းမအတွင်းရှိ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များက ဧကရာဇ်မုန့်၏ ထူးဆန်းသည့် အပြုအမူကို သတိပြုမိသွားကာ သူ့ကိုဝိုင်းကြည့်လာကြသည်။ သူတို့က အဖြစ်အပျက်ကို သိရန်အတွက် လှည့်ကြည့်လာကြတော့သည်။
ဘန်း
ဧကရာဇ်မုန့်၏ လက်ထဲရှိ သေရည်ခွက်က မြေကြီးပေါ်ရုတ်တရက် ပြုတ်ကျသွားတော့သည်။ သူကရုတ်တရက် ထရပ်ပြီးနောက် သခင်လေး ထူလွေ့ဘက်လှည့်ပြီး လက်သီးဆုပ်လျှက်
“သခင်လေး ဒီမှာအေးအေးဆေးဆေး ထိုင်နေပါ၊ အပြင်မှာ လူမိုက်နှစ်ယောက် ရောက်နေလို့ သူတို့ခေါင်းတွေ ယူလာမှာကို စောင့်နေလိုက် လေထုလေး ပိုတက်ကြွလာတာပေါ့”
“မဟာဧကရာဇ် ဧကရာဇ်အရှေ့ သွားဖို့မလိုပါဘူး ကျုပ်တို့တွေတင် လုံလောက်ပြီ”
ခန်းမထဲရှိ သိုင်းပညာရှင်တစ်စုက တစ်ယောက်ပြီးတစ်ယောက် ထရပ်လာကြသည်။ သခင်လေးထူလွေ့ကလည်း ညင်သာစွာပြုံးပြီး ပြောလိုက်၏။
“လူရမ်းကားတွေက ဧကရာဇ်မုန့်ကိုတောင် နှောက်ယှက်ရဲတယ်ဆိုမှတော့ သူတို့က သာမာန်လူတွေ မဟုတ်ဘူးပဲ ထူလွေ့ကလည်း ဧကရာဇ်မုန့်နဲ့သွားပြီး ကျုပ်ရဲ့အတွေ့အကြုံတွေကို ဖြည့်သင့်တာပေါ့”
“ကောင်းပြီလေ”
ဧကရာဇ်မုန့်က ခေါင်းညိတ်ပြီးနောက် လက်ကာပြလိုက်၏။
“ဒါဆိုသွားကြမယ် လူရမ်းကားတွေကို သွားတွေ့တာပေါ့”
ဝှစ် ဝှစ် ဝှစ်
နန်းတော်ထဲမှ လူတစ်ဒါဇင်ကျော်ခန့်က မြို့၏တောင်ဘက်ခြမ်းရှိ တောင်ဘူဇာပေါ်သို့ ရောက်သွားကြသည်။ အရှေ့ရှိ ဧကရာဇ်မုန့်ကို မြင်သည့်အချိန်တွင် သားရဲလူသားများက ကြောက်ကြောက်လန့်လန့်ဖြင့် ဒူးထောက်လိုက်ကြ၏။ သူတို့က တိတ်တဆိတ် ခန့်မှန်းနေကြသည်။ မြို့ထဲရှိ ဧကရာဇ်မုန့်နှင့် သိုင်းပညာရှင်များအားလုံး ထွက်လာပြီး တိုက်ခိုက်ရန် အသင့်ပြင်နေ၏။ သန်မာသည့်ရန်သူ ရောက်လာသည်လော။
“သူတို့ဒီကို ရောက်လာပြီ ဖုန်းအာ ဘယ်သူ့ကိုမှ လွတ်မပေးနဲ့ အော့မဟာ ဧကရာဇ်ကလွဲရင် သူတို့အားလုံးကို သတ်ပြစ်”
ဧကရာဇ်မြို့၏ တောင်ဘက်မှ တစ်ဆယ်မီတာ အကွာတွင်ရှိသော ကုန်းပြေမြင့်ပေါ်၌ ကျန်းရီက ကျောက်တုံးကြီးတစ်တုံးပေါ်မှီလျှက် အရွက်တစ်ရွက်ကို ကိုက်နေလေ၏။ သူက အင်အားရှိသော ပုံစံဖြင့် မြောက်အရပ်ကနေ ပျံသန်းလာသော လူဆယ်ဦးကို အေးအေးလူလူ ကြည့်နေသည်။ သူ့ဘေးတွင် ရပ်နေသော ဖုန်းလန်ကလည်း စိတ်အေးလက်အေး ရှိနေ၏။ ရောက်လာသည့် သူများကြားထဲတွင် ဗာဂျရာနယ်ပယ် ပဉ္စမအဆင့် အထက်သို့ရောက်သည့်သူက တစ်ဝက်မပြည့်ပေ။ တစ်ဦးသာလျှင် အမြင့်ဆုံးအဆင့်သို့ ရောက်၏။ ကျန်းရီနှင့်သူမသည် မည်သည့်ဖိအားမှမပါဘဲ သူတို့ကို စီမံနိုင်သည်။
ဝှစ်
ပုံရိပ်(၁၇)ခုက ကောင်းကင်ကိုခွင်းလျှက် ဥက္ကာခဲများသဖွယ် တက်လာတော့သည်။ မျက်တောင်တစ်ခတ်စာ အနည်းငယ်အတွင်း သူတို့က ကုန်းပြေမြင့်ပေါ် ရောက်လာ၏။ ဧကရာဇ်မုန့်နှင့်အဖွဲ့က ကျန်းရီနှင့်ဖုန်းလန်တို့ ရှိရာနေရာသို့ ရောက်လာလေသည်။
ဘီး
သို့သော် အားလုံး၏အကြည့်က ဖုန်းလန်ဆီသို့ ရောက်သွားတော့သည်။ သူတို့အားလုံးက တက်မက်သည့်အကြည့်များ ပေါ်နေလေ၏။ ဖုန်းလန်က အင်မတန် လှပပြီး သိသာထင်ရှားသည့် ပုံပန်းသွင်ပြင်ရှိသည်။ သူမ၏ခြေတံများကလည်း ရှည်လျားပေ၏။ ထို့အပြင် သူမက ဖီးနစ်အော်သံ နယ်မြေ၏ ဧကရာဇ်လည်းဖြစ်သည်။ အဆင့်တစ်ဆင့် တက်သွားသည်နှင့် သူမ၏ ဟန်ပန်အမူအရာက ပိုကောင်းလာတော့သည်။ ကျက်သရေရှိသည့် သြဇာတိကမ ရှိနေသည်က အမျိုးသားများကို သူမအား သိမ်းပိုက်ချင်စိတ် ဖြစ်စေသည်။ သားရဲလူသားများက တဏှာကြီးစွာ မွေးဖွားလာခဲ့ကြတာဖြစ်သည်။ ပြိုင်ဘက်ကင်း အလှပဂေးတစ်ဦးကို မြင်သည့်အချိန်၌ သူတို့က မည်ကဲ့သို့ သွေးဆောင်မခံရဘဲ နေမည်နည်း။
ကျန်းရီသည် သူ၏ခန္ဓာကိုယ်အတွင်း ကြယ်စွမ်းအားများ လှည့်ပတ်တာ ရပ်တန့်လိုက်သည်။ ဖုန်းလန်ကလည်း သူမ၏ အရှိန်အဝါကို ဖိနှိပ်လိုက်၏။ သူမက အားနည်းသော အမျိုးသမီးတစ်ဦး၏ သွင်ပြင်မျိုးသာ ရှိနေသည်။ ထို့ကြောင့် သူတို့ပုံစံက အပြည့်အဝ အထိအခိုက် မပေးနိုင်ပုံပေါ်နေကာ ဧကရာဇ်မုန့်နှင့် လူအုပ်ကြီးကို ထိုသို့ထင်မှတ်စေ၏။
ကျန်းရီသည် ကျောက်ဆောင်ပေါ်၌ တိတ်တိတ်ဆိတ်ဆိတ် လှဲနေ၏။ သူကဧကရာဇ်မုန့်ကိုကြည့်ပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ဖုန်းလန်က လူအုပ်ကြီးဆီမှ ဆိုးယုတ်သော အကြည့်တို့ကို လျစ်လျူရှု့ထားပြီးနောက် သူမ၏ ကောင်းကင်စိတ်အာရုံကို တိတ်တဆိတ် ဖြန့်ကျက်လိုက်သည်။ အနောက်တွင် မည်သူမှမပါလာတာ အတည်ပြုပြီးနောက် ကျန်းရီကို ခေါင်းညိတ်ပြလိုက်၏။
ဝှစ်
ဧကရာဇ်မုန့်နှင့် ကျန်သည့်သူများက သူတို့ဆီ ရောက်လာတော့သည်။ ဧကရာဇ်မုန့်၏ အရှိန်အဝါသည် ရှေးခေတ် ဧရာမသားရဲတစ်ကောင် ဆင်းသက်လာသည့်ပမာ ဖြစ်နေတော့သည်။ သူ၏သန်မာသော လက်ကိုဆန့်တန်းလျှက် ဖုန်းလန်ကို ဖမ်းရန်ကြိုးစားလိုက်သည်။ အစောတုန်းက သူ့ကိုရန်စခဲ့သည့်သူက ထိုအမျိုးသမီးဆိုတာ သူသေချာနေပေ၏။ ထိုကြောင့် သူကသရုပ်ဆောင် မနေတော့ဘဲ ထိုအမျိုးသမီးကို တန်းဆွဲချရန်သာ ပြင်လိုက်တော့သည်။
“ဟမ့်”
ဖုန်းလန်က မလှုပ်ရှားသေးပေ။ သို့သော် ကျန်းရီက ထိုစဉ် ထရပ်လာလေ၏။ သူလှုပ်ရှားသည်နှင့် သူ၏မျက်လုံးတို့က သွေးနီရောင် ပြောင်းလဲသွားကာ သတ်ဖြတ်ခြင်း အရှိန်အဝါတို့က ပေါ်ထွက်လာသည်။
“ဟမ့် အန္တရာယ် အားလုံးပဲ အသွင်ပြောင်းကြ”
“ဒီလူက အလွန်ထူးဆန်းတာပဲ”
ဧကရာဇ်မုန့်နှင့် သခင်လေး ထူလွေ့တို့ကလည်း တစ်စုံတစ်ခု မူမမှန်မှန်း ရုတ်တရက် သဘောပေါက်သွားကြသည်။ သူတို့က တအံ့တသြ အော်လိုက်ပြီးနောက် တစ်ချိန်ထဲနီးပါး အသွင်ပြောင်းလိုက်ကြ၏။ သားရဲလူသား ဗာဂျရာနယ်ပယ် သိုင်းပညာရှင် တစ်ဒါဇင်ကျော်က ချက်ချင်း အသွင်ပြောင်းလိုက်ကြသည်။ သူတို့က တိုက်ခိုက်ရန် အသင့်ပြင်လိုက်၏။
ဧကရာဇ်မုန့်၏ ခန္ဓာကိုယ်က မယုံနိုင်စရာကောင်းလောက်အောင် ကြွက်သားများ ပြည့်နေ၏။ သူ၏ရွှေရောင် သံချပ်ကာက အက်ကွဲသွားကာ အနက်ရောင် အမွှေးများကလည်း တစ်ကိုယ်လုံး ပြည့်လာတော့သည်။ သူ၏လက်နှင့်ခြေထောက်က ချွန်ထက်သော လက်သည်းများအဖြစ် ပြောင်းလဲသွားပြီး တင်ပါးပေါ်တွင်လည်း အမြှီးရှည်ကြီးတစ်ခု ပေါ်လာတော့သည်။ သူ၏ခန္ဓာကိုယ် အထက်ပိုင်းက လူသားနှင့် ဆင်တူနေသေးသော်ငြား ကျန်တစ်ပိုင်းက ဝက်ဝံတစ်ကောင်၏ ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ဝေါင်း
သခင်လေးကလည်း သားရဲလူသားအဖြစ် အသွင်ပြောင်းသွား၏။ သူကရွှေရောင် ကြေးခွံ့များဖြင့် လွှမ်းနေလျှက် တစ်ဆယ်မီတာခန့် မြင့်မားသော သံမဏိအမြှီးက သူ၏ခန္ဓာကိုယ် အောက်ပိုင်းမှ ပေါ်ထွက်လာသည်။ သူ၏လက်သည်းများကလည်း ရွှေရောင် တလက်လက် တောက်ပနေ၏။ သူကနဂါးလူသားအဖြစ် ပြောင်းလဲသွားတာဖြစ်သည်။ ကျန်သည့်သားရဲ လူသားများက ခြင်္သေ့လူသား၊ ကျားသစ်လူသား၊ သိန်းငှက်လူသား စသည်ဖြင့် ပြောင်းလဲကုန်၏။ သူတို့အားလုံး၏ ခန္ဓာကိုယ်အထက်ပိုင်းက လူသားအနေဖြင့် ရှိနေကာ ခန္ဓာကိုယ် အောက်ပိုင်းက သားရဲအဖြစ် ပြောင်းလဲသွား၏။ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတို့က သူတို့၏ ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာရာ ကုန်းပြင်မြင့်အထက်ရှိ လေကိုတောင် တန့်သွားစေတော့သည်။
***