← Chapters

အခန်း (၁၃၂၄-၁၃၂၆)

Vol. 89 Ch. 1324-1326

အခန်း (၁၃၂၄-၁၃၂၆)

Vol. 89 Ch. 1324-1326

အခန်း (၁၃၂၄)

အာရုံပိတ်၍ ကျင့်ကြံခြင်း

လုချန်း၏ လမ်းစဉ်ကို သက်သေပြရန် ကူညီပေးမည်ဟု သဘောတူခဲ့သော်လည်း

လုချန်းအား ဆက်လက်၍ အထိန်းအကွပ်မရှိ ပြုမူခွင့်ပေးရန် ထျန်းဟုန် ဧကရီ

မရည်ရွယ်ပေ။ လုချန်း၏ လိုရင်းက ရင်သွေး ရရှိရန်သာဖြစ်သည်။ ထို့ကြောင့် သူမ အနေနှင့် အခြေအနေကို အပြည့်အဝ ထိန်းချုပ်ပြီး လုချန်းကို အသုံးချနိုင်သည်။ ကိုယ်ဝန်ရရှိရန်သာ လိုအပ်ခြင်း ဖြစ်သဖြင့် မည်သို့ပြုလုပ်သည်က အရေးမကြီးပေ။

လုချန်းကလည်း ဤအချက်ကို သိပ်ပြီး ဂရုမစိုက်ပေ။ သခင်နှင့် အစေခံ စာချုပ်ရှိနေသဖြင့် သူသည် ထျန်းဟုန် ဧကရီကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီး သူမအပေါ်တွင် တစ်ဖန် ပြန်လည် အသာစီး ရနိုင်သည်ကို သိထားသည်။ သို့သော် ထိုသို့လုပ်ဆောင်ရန် လုချန်း၌ အစီအစဉ် မရှိပေ။

ထျန်းဟုန် ဧကရီက သူ၏ ရင်သွေးကို လွယ်ထားပေးရန် သဘောတူလိုက်ခြင်းကပင် ကျေးဇူးတင်ထိုက်သောအရာ ဖြစ်နေပြီဖြစ်သည်။ သူ့‌အနေနှင့် လွှမ်းမိုးရန် မလိုအပ်သလို ထျန်းဟုန် ဧကရီ အတွက်လည်း သိက္ခာအချို့ ချန်ထားပေးသင့်သည်။

နောက်ဆက်တွဲ လများတွင် ထျန်းဟုန် ဧကရီကသာ တစ်ချိန်လုံး ဦးဆောင်နေခဲ့သည်။ ထိုလများအတွင်း လုချန်းသည် သူ၏ စိတ်ဝိညာဉ်စွမ်းအားများကို တတ်နိုင်သမျှ သက်ရှိစွမ်းအားအဖြစ်သို့ ပြောင်းလဲခဲ့ပြီး ထိုစွမ်းအားများကို ထျန်းဟုန် ဧကရီ၏ ခန္ဓာကိုယ်အတွင်းသို့ လွှဲပြောင်းပေးခဲ့သည်။ သို့သော် မျက်တောင်တစ်ခတ်အတွင်း လများ ကုန်ဆုံးသွားသော်လည်း ထျန်းဟုန် ဧကရီ၏ ဝမ်းဗိုက်တွင် မည်သည့် လက္ခဏာမှ မရှိသေးပေ။

ထိုလများတစ်လျှောက် လုချန်းသည် အလကားမနေပဲ ထိုဖြစ်စဉ်ကို သုတေသန ပြုလုပ်နေခဲ့၏။ ဧကရာဇ်အဆင့်ရှိသူများ ရင်သွေးရရှိရန် ခက်ခဲရခြင်းက အဓိကအားဖြင့် သူတို့ကို ဟန့်တားထားသည့် အစွမ်းထက်သော စွမ်းအားတစ်ခုကြောင့် ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

ထိုစွမ်းအားသည် အလွန်ထူးခြား သော စွမ်းအားဖြစ်၏။ စကြဝဠာ၏ ဥပဒေနိယာမ စွမ်းအားကဲ့သို့ပင် ဖြစ်သည်။ ဧကရာဇ်များမှ မွေးဖွားလာသည့် ရင်သွေးများ အလွန်အစွမ်းထက်နေမှာကို စကြဝဠာ၏ အသိစိတ်က စိုးရိမ်နေသဖြင့် ဤကဲ့သို့သော ဥပဒေနိယာမတစ်ခု ရှိနေခြင်း ဖြစ်နိုင်သည်ဟု လုချန်း တွေးလိုက်သည်။

ထိုအခိုက်အတန့်တွင် ထျန်းဟုန် ဧကရီ၏ အိပ်ဆောင်အပြင်ဘက်၌ လူ အမြောက်အမြား ရောက်ရှိနေကြပြီ ဖြစ်သည်။ မုကျိရွှမ်းတို့သည် လုချန်းကို မတွေ့ရသည်မှာ တစ်နှစ်ကျော်ရှိပြီ ဖြစ်သဖြင့် သူ ဘာလုပ်နေသလဲဆိုသည်ကို အလွန်သိချင်နေကြကာ နဂါးနက်မြို့သို့ သူတို့အားလုံး ရောက်လာကြခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် လုချန်းသည် တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် တံခါးပိတ် ကျင့်စဉ်စခန်း ဝင်နေတတ်သော်လည်း သူတို့ စိုးရိမ်လေ့မရှိပေ။

သို့သော် ယခုအကြိမ်တွင်မူ လုချန်းက သူ ဘာလုပ်မည်ဟု ကြိုတင်မပြောပဲ ရုတ်တရက် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေသဖြင့် လုချန်း တစ်ခုခု ဖြစ်သွားလေသလားဟုပင် သူတို့ တွေးမိကြသည်။

သို့သော် နဂါးနက်မြို့သို့ ရောက်ရှိလာပြီးနောက် လုချန်းတွင် အမျိုးသမီးသစ်တစ်ဦး ရှိနေပြီး လွန်ခဲ့သည့် တစ်နှစ်ပတ်လုံး သူမအပေါ်တွင်သာ သူ အာရုံစိုက်နေခဲ့ကြောင်း သူတို့ သိလိုက်ရသည်။

အိပ်ဆောင်အတွင်းမှ လှုပ်ရှားမှုများကို ခံစားမိသောအခါ ယွမ်ရှန်ရှန် မျက်မှောင်ကြုတ်လိုက်၏။ သူမသည် နဂါးနက်မြို့တွင် အမြဲရှိနေခဲ့သဖြင့် ထိုဟုန်ဟုန်နှင့် ရှိနေကတည်းက လုချန်းက လုံးဝ မနားခဲ့ကြောင်းကို သူမက ကောင်းစွာ သိသည်။

ထိုအခိုက်အတန့်တွင် အဆောင်ငယ်တစ်ခု အတွင်းရှိ ချူးယုချင်က ထျန်းဟုန် ဧကရီ၏ အိပ်ဆောင်ကို ကြည့်ပြီး

“ယွမ်အစ်မ... ချန်းလေးက တစ်နှစ်ပတ်လုံး ဟုန်ဟုန်ရဲ့ အခန်းထဲမှာပဲ ရှိနေတာလား။”

ချူးယုချင်သည် လုချန်း၏ ကိစ္စများကို လွန်ခဲ့သည့် လအနည်းငယ် ကတည်းက ကြားခဲ့သော်လည်း တစ်စုံတစ်ဦး၏ အခန်းထဲတွင် လုချန်း ဤမျှကြာအောင် နေလိမ့်မည်ဟု မယုံကြည်နိုင်သေးပေ။

ထျန်းဟုန် ဧကရီ၏ အခန်းမှ လုချန်း တစ်ခါတစ်ရံ ထွက်လာနိုင်သည်ဟု သူမ တွေးမိသည်။ ယခုနှစ်တွင် လုချန်းက ထျန်းဟုန် ဧကရီကို ပိုစွဲလမ်းနေပြီး သူမကို အလိုလိုက်ရန် မကြာခဏ သွားရောက်နေခြင်းသာ ဖြစ်နိုင်သည်။ ယင်းက လုချန်းသည် ထျန်းဟုန် ဧကရီ၏ အခန်းထဲတွင် တစ်နှစ်ကျော် အချိန်ဖြုန်းနေသည်ဟူသော အထင်အမြင်ကို ပေးနေခြင်းသာ ဖြစ်ပေလိမ့်မည်။

ယွမ်ရှန်ရှန်က

“ဟုတ်တယ်... သူတစ်နှစ်ပတ်လုံး အဲ့ဒီအခန်းထဲမှာပဲ ရှိနေတာပါ”

ယွမ်ရှန်ရှန်၏ အတည်ပြုချက်ကို ကြားသောအခါ ချူးယုချင်၏ မျက်ခုံးများတွန့် သွားသည်။ လုချန်းသည် ဇနီးများကို မျက်နှာသာပေးရာတွင် ဘက်လိုက်မှု မရှိသူဟု လူသိများသူ ဖြစ်သည်။ သူ အမျိုးသမီးတစ်ဦးကို အလွန်နှစ်သက်လျှင်ပင် သူမနှင့် တစ်ချိန်လုံး အတူရှိနေရန်က မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ ပုံမှန်အားဖြင့် အများဆုံး သုံးလကြာပြီးနောက် သူ အပြောင်းအလဲ ပြုလုပ်လေ့ရှိသည်။

ယခုအကြိမ်တွင် ဘာကြောင့် ဤမျှကြာအောင် နေနေရတာလဲ။

ထိုဟုန်ဟုန်က နည်းလမ်းတစ်ခုခု သုံးခဲ့လို့လား။

ဟုန်ဟုန်သည် သာမန် ပစ္စည်းကပ် ဝိညာဉ် တစ်ခုနှင့် မတူကြောင်း ချူးယုချင် အမြဲတမ်း ခံစားခဲ့ရသည်။ သူမက ကျင့်ကြံသူအားလုံးထက် ပို မြန်ဆန်စွာ အဆင့်တက်လာခဲ့ပြီး နှစ်ပေါင်းငါးဆယ်အတွင်း ဧကရာဇ်လောင်း ဖြစ်လာခဲ့ကာ လွန်ခဲ့သည့် တစ်နှစ်က ဧကရာဇ်အဆင့်သို့ တက်လှမ်းသွားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

သို့သော် သူမက အခန်းထဲမှ ထွက်မလာသဖြင့် သူမက တကယ် ဧကရာဇ်တစ်ဦး ဖြစ်မဖြစ်ကိုတော့ လူများ အတည်မပြုနိုင်ကြပေ။ ထိုအချိန်တွင် ချူးယုချင်သည် လုချန်း၏ အခြေအနေအတွက် အတော်လေး စိုးရိမ်နေမိသည်။

အခန်းအတွင်း၌မူ ထျန်းဟုန် ဧကရီသည် လုချန်း အပေါ်တွင် ထိုင်နေဆဲ ဖြစ်သည်။ သူမ၏ မျက်နှာသည် ပုံမှန်အတိုင်း အေးစက်နေလည်း အနည်းငယ် နီမြန်းနေ၏။ သူမက

“ရှင့်ရဲ့ အမျိုးသမီးတွေက ကျွန်မကို အတော်လေး မကျေမနပ် ဖြစ်နေကြပုံပဲ”

ဟု အမူအရာမပါစွာ ပြောလိုက်သည်။

အပြင်ဘက်ကို လုချန်း စစ်ဆေးကြည့်လိုက်ရာ သူ့ဇနီးများ သူ့အတွက် စိုးရိမ်နေကြကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက သူတို့ထံသို့ စိတ်ချင်းဆက်သွယ်ကာ အသိပေးလိုက်သည်။

“ကိုယ့်ဇနီးတို့... ကိုယ်က အခု ဧကရာဇ်အဆင့်ကို တက်လှမ်းဖို့အတွက် တံခါးပိတ် ကျင့်ကြံနေတာ။ ဒါကြောင့် နောက်ထပ် နှစ်အနည်းငယ်လောက် ဟုန်ဟုန်နဲ့ အတူရှိနေဦးမှာပါ။”

လုချန်း၏ အမှာစကားကို ကြားလျှင် အမျိုးသမီးအားလုံး တုန်လှုပ်သွားကြ၏။

ဧကရာဇ်အဆင့် ဟုတ်လား။

ဒါ တကယ်ပဲလား။

သူတို့ရဲ့ ချစ်သူက ဒီလောက်မြန်မြန် ဧကရာဇ် ဖြစ်လာတော့မှာလား။

သူ ပြောလေ့ရှိသည့် ဘဝလမ်းစဉ်ဖြင့် ဧကရာဇ်ဖြစ်လာမည် ဆိုသည်က နောက်ပြောင်ခြင်း မဟုတ်ပဲ တကယ်အတည်လား။

လုချန်း ဘာမှမဖြစ်ကြောင်း သိလိုက်ရပြီးနောက် မုကျိရွှမ်းက

“ချစ်သူ အဆင်ပြေနေတာဆိုတော့ ကျွန်မ အရင်ဆုံး ရန်ခရိုင်ကို ပြန်နှင့်မယ်။”

ဝမ်ချင်းစီကလည်း

“ကျွန်မလည်း ပြန်ပြီး ကျင့်ကြံဖို့ လိုအပ်တယ်။”

မကြာမီမှာပင် လုချန်း၏ ဇနီးမယားများ လျင်မြန်စွာ လူစုခွဲသွားကြသည်။

သူတို့ ထွက်သွားပြီးနောက် ထျန်းဟုန် ဧကရီက ခေါင်းငုံ့၍ လုချန်း၏ မျက်လုံးများကို ကြည့်ကာ

“ဒီမှာတင် ခဏခန့် ရပ်ထားရအောင်... ဧကရာဇ်တစ်ဦးအတွက် ရင်သွေး ရယူဖို့ဆိုတာ တစ်ထိုင်တည်းနဲ့ ဖြစ်လာနိုင်တဲ့ အရာ မဟုတ်ဘူး။”

လုချန်းနှင့် တစ်နှစ်ကျော်ကြာ အတူနေခဲ့ပြီးနောက် ထျန်းဟုန် ဧကရီလည်း စိတ်ဝင်စားမှု လျော့နည်းလာခဲ့သည်။ သတ်ဖြတ်ခြင်း လမ်းစဉ်ဖြင့် အောင်မြင်လာသည့် ဧကရာဇ်တစ်ဦး ဖြစ်သဖြင့် သူမ အနှစ်သက်ဆုံးအရာမှာ စစ်ပွဲသာ ဖြစ်သည်။

ဤကဲ့သို့သော ကိစ္စများသည် ပျော်ရွှင်မှု ပေးနိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူမအတွက် အဓိပ္ပာယ်မရှိသလို ခံစားလာရသည်။ ထို့ပြင် ဧကရာဇ်တစ်ဦး ကိုယ်ဝန်ရရန်က လွယ်ကူသော ကိစ္စမဟုတ်သဖြင့် အလောတကြီး လုပ်ရန် မလိုအပ်ပေ။

လုချန်းက ပြုံး၍

“မင်း ငြီးငွေ့နေပြီဆိုရင် လှဲပြီး ကျင့်ကြံနေလိုက်လေ... ကိုယ် ပဲ ဆက်လုပ်ပါ့မယ်။”

လုချန်း၏ စကားကို ကြားသောအခါ ထျန်းဟုန် ဧကရီက သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“ရှင် ဘာလုပ်ချင်တာလဲ... ကျွန်မကို ရှင့်ရဲ့ ကစားစရာ တစ်ခုလို ဆက်လုပ်ချင်နေတာလား။”

လုချန်းက

“တို့ရဲ့ သဘောတူညီချက်ကို အမြန်ဆုံး အဆုံးမသတ်ချင်ဘူးလား။ လွတ်လပ်ခွင့်ကိုရော ပြန်မလိုချင်ဘူးလား။”

ထျန်းဟုန် ဧကရီ မျက်ခုံး အနည်းငယ် တွန့်သွား၏။ ထိုသခင်နှင့် အစေခံ စာချုပ်ကို သူမ ဖယ်ရှားပစ်ချင်တာကတော့ အမှန်ပင်။

သို့သော် ဧကရာဇ်တစ်ဦး ကိုယ်ဝန်ရရန်က လွယ်ကူသည့် ကိစ္စမဟုတ်ပေ။ အကယ်၍ အချိန်အတော်ကြာသည်အထိ ကိုယ်ဝန်မရခဲ့လျှင် သူမက လုချန်းနှင့် ဤအခြေအနေမျိုးဖြင့် အကန့်အသတ်မရှိ ဆက်နေရမှာလား။

လုချန်းက ဆက်လက်၍

“မင်းက ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ထား... ကိုယ်က ကိုယ့်အလုပ်ကို ဆက်လုပ်မယ်။ အခု မင်းက နဂါးဖီးနစ်သစ်ပင်ရဲ့ သက်ရောက်မှုကို မခံရတော့ဘူးဆိုတော့ ကိုယ် ဘာလုပ်လုပ် မင်းရဲ့ ကျင့်စဉ်ကို အနှောင့်အယှက် မဖြစ်စေဘူးလို့ ကိုယ် ယုံကြည်တယ်။”

လုချန်း ပြောသည့် စကားထဲတွင် အမှန်တရားအချို့ရှိကြောင်း ထျန်းဟုန် ဧကရီ ခံစားလိုက်ရသည်။ ဧကရာဇ် ဖြစ်သွားပြီဖြစ်သဖြင့် ခန္ဓာကိုယ်၏ ခံစားချက်များကို သူမ ဖြတ်တောက်ထားနိုင်ပြီဖြစ်၏။ အာရုံများ ပိတ်ဆို့ကာ ကျင့်ကြံ‌နေပါက မည်သည့်အရာကမှ သူမကို သက်ရောက်နိုင်မည် မဟုတ်ပေ။ သူမ အာရုံပိတ် ကျင့်စဉ် ပြီးဆုံးသည့် အချိန်လောက်တွင် ကိုယ်ဝန်ရရှိနေနိုင်သည်။

ထိုအတွေးနှင့်အတူ ထျန်းဟုန် ဧကရီက

“ကောင်းပြီလေ”

ထျန်းဟုန် ဧကရီ သဘောတူသည်ကို မြင်လျှင် လုချန်းက သူ၏လက်ကို မြှောက်၍ ထျန်းဟုန် ဧကရီ၏ လက်ကို ဆွဲကိုင်ကာ သူမ၏ ခန္ဓာကိုယ်ကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်တော့၏။ ငါးလအကြာတွင် လုချန်းလည်း အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့တော့သည်။

ထျန်းဟုန် ဧကရီသည် ကုတင်ပေါ်တွင် ငြိမ်သက်စွာ လှဲလျောင်းနေပြီး စိတ်လှုပ်ရှားနေပုံရသည့် လုချန်းကို တစ်ချက် ကြည့်လိုက်သည်။ သူမက နောက်ထပ် စကားမပြောတော့ပဲ ဤအခြေအနေအောက်တွင် အာရုံပိတ် ကျင့်ကြံရန် ပြင်ဆင်လိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။ ဧကရာဇ်တစ်ဦး၏ ကျင့်ကြံခြင်းက စိတ်ဝိညာဉ်ကို ကျင့်ကြံခြင်း ဖြစ်ပြီး ခန္ဓာကိုယ်၏ ခံစားချက်များကို ပိတ်ဆို့ထားလျှင်ပင် ယင်းက သူတို့ကို ထိခိုက်မှု မရှိပေ။

သို့သော် မကြာမီမှာပင် တစ်ခုခု မှားယွင်းနေ ကြောင်း ထျန်းဟုန် ဧကရီ သိလိုက်သည်။ ခန္ဓာကိုယ်၏ ခံစားချက်အားလုံးကို ပိတ်ဆို့ရန် ရည်ရွယ်ချက်ဖြင့် မျက်လုံးမှိတ်လိုက်သော်လည်း အသုံးမဝင်ကြောင်း သူမ တွေ့လိုက်ရသည်။ အကြောင်းမှာ သူမ၏ စိတ်ဝိညာဉ်၏ နက်ရှိုင်းသော နေရာတွင် လုချန်း ပေးဆောင်နေသည့် သာယာမှုကို ခံစားနေရဆဲ ဖြစ်သောကြောင့်ပင်။

…………..

အခန်း (၁၃၂၅)

နှစ်ရှည်ကြာ တံခါးပိတ် ကျင့်စဉ်စခန်း

ဖြစ်ပျက်နေသည့် အရာကို ထျန်းဟုန် ဧကရီ ချက်ချင်း နားလည်သွားသည်။ သူမသည် ပစ္စည်းကပ် ဝိညာဉ် ဖြစ်နေစဉ်က စာချုပ်ချုပ်ဆိုခဲ့သဖြင့် ယခုတိုင် လုချန်း၏ အစေခံ ဝိညာဉ်အဖြစ် သတ်မှတ်ခံထားရဆဲ ဖြစ်သည်။ အစေခံ ဝိညာဉ် တစ်ခုအနေနှင့် သူမသည် သူမသခင်၏ ခံစားချက်များကို သိရှိနိုင်သည်။

ဝိညာဉ်တစ်ခု၏ ဉာဏ်ရည်နှင့် အင်းအား ပိုမြင့်မားလေလေ သခင်၏ စိတ်ခံစားချက်များကို ပိုမိုရှင်းလင်းစွာ ခံစားနိုင်လေလေဖြစ်၏။

ဧကရာဇ်အဆင့်သို့ ရောက်ရှိပြီးနောက် သူမ၏ အင်အား သိသိသာသာ မြင့်တက်လာခဲ့ရာ သူမ၏သခင် လုချန်း၏ စိတ်ခံစားချက်များကို ပိုမိုသိလာရခြင်း ဖြစ်သည်။

ထို့ကြောင့် ယင်းက သူမ၏ ခန္ဓာကိုယ်နှင့် ဘာမှမဆိုင်ပေ။ သူမ၏ ခန္ဓာကိုယ်မှ အာရုံများကို ပိတ်ဆို့ထားလျှင်ပင် လုချန်းက ပျော်ရွှင်မှုကို ခံစားရသရွေ့ ထိုပျော်ရွှင်မှုသည် သူမ၏ စိတ်ဝိညာဉ် နက်ရှိုင်းသော နေရာရှိ သခင်နှင့် အစေခံ အမှတ်အသားမှတစ်ဆင့် သူမထံသို့ ကူးစက်လာမည်သာ ဖြစ်၏။

ဖြစ်ပျက်နေသည့် အရာကို သိရှိသွားပြီးနောက် သူမ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး လုချန်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

ထျန်းဟုန် ဧကရီ၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသဖြင့် လုချန်းက သူ၏ လှုပ်ရှားမှုများကို ချက်ချင်းရပ်လိုက်ပြီး

“ဘာဖြစ်လို့လဲ”

ထျန်းဟုန် ဧကရီက ခပ်အေးအေးပင်

“ရှင့်ရဲ့ စိတ်ခံစားချက်တွေက သခင်နဲ့ အစေခံ အမှတ်အသားကနေတစ်ဆင့် ကျွန်မဆီကို ရောက်လာနေတယ်။”

ဒါကတော့...

ထျန်းဟုန် ဧကရီ ပြောသည်ကို ကြားလိုက်ရသောအခါ အခြေအနေကို လုချန်း ချက်ချင်း နားလည်သွားသည်။ သူသည်လည်း ယခင်က ထျန်းဟုန် ဧကရီ၏ စိတ်လှုပ်ရှားမှုနှင့် ခံစားချက်များကို သိနိုင်ခဲ့သည်။

ဆိုလိုသည်မှာ သူ စိတ်လှုပ်ရှားနေသရွေ့ ထျန်းဟုန် ဧကရီသည် သူမ၏ ခန္ဓာကိုယ်အာရုံများကို ပိတ်ဆို့ထားလျှင်ပင် စိတ်တည်ငြိမ်စွာ ကျင့်ကြံနိုင်မည် မဟုတ်ပေ။

လုချန်းက

“မင်း ဘာလုပ်မလဲ”

ဤအခြေအနေတွင် သခင်နှင့် အစေခံ စာချုပ်ကို သူဖျက်သိမ်း၍ မရပေ။ အကြောင်းမှာ စာချုပ်မရှိတော့လျှင် ထျန်းဟုန် ဧကရီ ထွက်ပြေးသွားနိုင်သောကြောင့် ဖြစ်သည်။

ထျန်းဟုန် ဧကရီ၏ နှစ်သက်မှု ၉၀ အထိ‌ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူမသည် ယောက်ျား မိန်းမ ကိစ္စများတွင် စိတ်ဝင်စားမှု နည်းပါးကြောင်း လုချန်း သိသည်။ အကယ်၍ စာချုပ်ကို လွှတ်ပေးလိုက်ပါက သူမ ထွက်သွားရန် အလားအလာ အလွန်များသည်။

ထျန်းဟုန် ဧကရီလည်း တစ်ခုခုကို စဉ်းစားနေသည့်အလား တိတ်ဆိတ်သွား၏။

ထိုအခိုက်အတန့်တွင် လုချန်းက အကြံပြုလိုက်သည်။

“ကိုယ် မင်းကို စုံတွဲကျင့်စဉ် အချို့ သင်ပေးရမလား။ နှစ်ယောက်တွဲ ကျင့်ကြံတာကလည်း ကျင့်ကြံခြင်း တစ်မျိုးပဲလေ။”

ခဏခန့် စဉ်းစားပြီးနောက် ထျန်းဟုန် ဧကရီက

“ကောင်းပါပြီ”

ဟု တိုးတိုးလေး ပြောလိုက်သည်။

ထို့နောက် လုချန်းက သူသိသော စုံတွဲကျင့်စဉ်များကို သူ၏ စိတ်အာရုံထဲ၌ စုစည်းလိုက်ပြီး ထျန်းဟုန် ဧကရီ၏ စိတ်ပင်လယ်ထဲသို့ အားလုံး လွှဲပြောင်းပေးလိုက်သည်။ လုချန်းတွင် စုံတွဲကျင့်စဉ် အမြောက်အမြား ရှိကြောင်း ထျန်းဟုန် ဧကရီ သိရှိထားပြီး ဖြစ်သဖြင့် သူသင်ပေးသည့် ကျင့်စဉ်များကို မြင်သောအခါ သူမ အံ့သြခြင်း မရှိပေ။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုကျင့်စဉ်အားလုံးကို ထျန်းဟုန် ဧကရီ သင်ယူပြီးမြောက်သွားပြီး သူမ၏ ကျင့်စဉ်များနှင့် အပြည့်အဝ ပေါင်းစပ်လိုက်သည်။

ထျန်းဟုန် ဧကရီ သူမ၏ မျက်လုံးများကို အနည်းငယ် မှိတ်ထားသည်ကို မြင်သောအခါ လုချန်းလည်း သူမကို အနှောင့်အယှက် မပေးပဲ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။

ခဏအကြာတွင် ထျန်းဟုန် ဧကရီက မျက်လုံးများကို ပြန်ဖွင့်လာရာ လုချန်းက

“ဘယ်လိုလဲ”

ထျန်းဟုန် ဧကရီက တစ်ခွန်းမှ မပြောပဲ လုချန်း သင်ပေးခဲ့သည့် စုံတွဲကျင့်စဉ် အားလုံးကို စတင်လည်ပတ်လိုက်ရာ လုချန်းလည်း အံ့အားသင့်ကာ အသက်ရှူပင် မှားသွားခဲ့သည်။ ထျန်းဟုန် ဧကရီသည် ယခု သူမ၏ ခန္ဓာကိုယ်ရှိ သွေးကြောတိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိသွားကြောင်း လုချန်း ရုတ်တရက် သတိပြုမိလိုက်သည်။ ထိုအရာက မီးဖိုအား ထပ်၍ မီးထိုးပေးလိုက်သကဲ့သို့ပင် ဖြစ်သည်။

လုချန်းမှာ ဇဝေဇဝါ ဖြစ်သွားသည်။ ဒါက ကျင့်စဉ် နည်းစနစ်တစ်ခုလား။ လျှို့ဝှက်ဆန်းကြယ် မိန်းမပျိုကျင့်စဉ်ရဲ့ ပုံစံကွဲတစ်ခုလား။

မဟုတ်နိုင်ပေ။

လျှို့ဝှက်ဆန်းကြယ် မိန်းမပျိုကျင့်စဉ်တွင် ဤမျှအထိ ပြင်းထန်သော အကျိုးသက်ရောက်မှု မရှိပေ။ ယခုကျင့်စဉ်၏ သက်ရောက်မှုသည် အလွန်ကောင်းလှသဖြင့် ယခုမှစ၍ ကျင့်ကြံနေစဉ် လှုပ်ရှားနေရန်ပင် မလိုတော့ပဲ ခန္ဓာကိုယ်ချင်း နီးကပ်စွာ ထိတွေ့ထားရုံသာ လိုအပ်တော့သည်။

ဖြစ်ပျက်နေသည့်အရာကို လုချန်း မကြာမီ သိလိုက်ရသည်။ ထျန်းဟုန် ဧကရီက နဂါးနှင့် ဖီးနစ် ယင်ယန်ကျင့်စဉ်၊ ဖီးနစ်တစ်ရာ ဂါရဝပြုကျင့်စဉ်နှင့် လျှို့ဝှက်ဆန်းကြယ် မိန်းမပျို ကျင့်စဉ်တို့ကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်ခြင်း ဖြစ်သည်။

ထိုကျင့်စဉ် သုံးမျိုးကို ပေါင်းစပ်လိုက်ပြီးနောက် အရင်ကလိုမျိုး ကျင့်ကြံနေစဉ် ခန္ဓာကိုယ်အင်အား အသုံးပြုနေရန် မလိုအပ်တော့ပေ။

ထိုအရာက သာသာယာယာဖြင့် အပင်ပန်းမခံပဲ သာယာမှုကို ရရှိစေနိုင်သော်လည်း အမှန်အတိုင်း ပြောရလျှင် လုချန်းကတော့ ယခင်ကကဲ့သို့ တက်ကြွလှုပ်ရှားသည့် နည်းလမ်းကိုသာ ပို၍ နှစ်သက်သည်။

လှုပ်ရှားမှု မရှိပဲနှင့် ကျင့်ကြံနေခြင်းမှာ အမှန်တကယ်ပင် ပျင်းစရာကောင်းလှသည်။ မူလက ထိုလုပ်ငန်းစဉ်သည် လုချန်းနှင့် သူ၏ ဇနီးမယားများအတွက် စုံတွဲကျင့်စဉ်၏ အရသာကို ပိုမိုကောင်းမွန်စေသည့်အရာသာ ဖြစ်သည်။

ယခု ကျင့်ကြံခြင်းနည်းလမ်းက‌ တော့ ရင်းနှီးသည့် အခြေအနေသို့ ရောက်ရုံသာ လိုအပ်၏။ ထို့နောက် ကျင့်စဉ်ကို လည်ပတ်စေကာ တစ်ဦးကိုတစ်ဦး ပွေ့ဖက်ထားရင်း သာယာမှု ရောက်လာသည်ကို စောင့်ဆိုင်းရုံသာ ရှိတော့သည်။ ထို့ကြောင့် အလွန်ပျင်းစရာ ကောင်းနေသည်။

သို့သော်လည်း မာနကြီးသော ဧကရီတစ်ဦးအနေနှင့် သူမအပေါ်တွင် အမျိုးမျိုးသော နည်းလမ်းများကို အသုံးမပြုစေလိုတာက သဘာဝကျသည်ဟု လုချန်း တွေးလိုက်သည်။

ကောင်းပြီလေ...

မည်သို့ပင်ဆိုစေ ထျန်းဟုန် ဧကရီနှင့် ရင်သွေးရရှိရန်သာ သူ ဆန္ဒရှိသည် မဟုတ်ပါလား။

ထို့နောက် လုချန်း လှဲလျောင်းလိုက်ပြီး သူတို့၏ ခန္ဓာကိုယ်ချင်းကို တင်းကြပ်စွာ ဖိကပ်ထားလိုက်သည်။

ထျန်းဟုန် ဧကရီက တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် ရိုင်းစိုင်းသော လုချန်းက ခေါင်းငုံ့ကာ သူမ၏ နှုတ်ခမ်းကို နမ်းရှိုက်လိုက်သည်။

လွန်ခဲ့သည့် လအနည်းငယ်က သူမ လုချန်းကို နမ်းခဲ့ခြင်းမှာ ပန်းနီရထား၏ လွှမ်းမိုးမှုကြောင့် ဖိအားပေး ခံခဲ့ရခြင်း ဖြစ်၏။ သို့သော် ယခု ပန်းနီရထား၏ ဖိနှိပ်မှု မရှိတော့သော်လည်း လုချန်းက သူမကို နမ်းရဲသေးသည်။

လက်ရှိ ထျန်းဟုန် ဧကရီအတွက်တော့ နမ်းရှိုက်ခြင်းသည် အတူနေခြင်းထက်ပင် ပို၍ လက်မခံနိုင်သော အရာဖြစ်သည်။ လုချန်း၏ ဆိုးသွမ်းသော ပါးစပ်ကို ခံစားမိသောအခါ ထျန်းဟုန် ဧကရီက သူ့ကို တွန်းထုတ်ရန် ချက်ချင်း ကြိုးစားလိုက်သည်။ သို့သော် လုချန်းက သူမကို သိုင်းဖက်ကာ လက်တစ်ဖက်ကို သူမ၏ ကျောပြင်ပေါ်တွင် တင်ထားပြီး အခြားလက်တစ်ဖက်ကို ဆံပင်နောက်တွင် ထားကာ တင်းကြပ်စွာ ဖက်ထားလိုက်သည်။

ထျန်းဟုန် ဧကရီထံမှ စိတ်ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး လုချန်းကို ချက်ချင်း ရပ်တန့်စေရန် ခြိမ်းခြောက်လိုက်သည်။ သို့သော် လုချန်းက ဂရုမစိုက်ပဲ ဆက်လုပ်နေခဲ့သည်။ ယခု သူသည် လှုပ်ရှားမှု မရှိပဲ ငြိမ်နေရသဖြင့် နမ်းရှိုက်ခြင်း၏ သာယာမှုကိုသာ ခံစားနိုင်သည်။

လုချန်းက ရပ်တန့်မည့် အစီအစဉ် မရှိကြောင်း မြင်သောအခါ ထျန်းဟုန် ဧကရီထံမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပိုမိုပြင်းထန်လာသည်။ သို့သော် ထိုအချိန်မှာပင် သူတို့၏ ခန္ဓာကိုယ်အတွင်းမှ စိတ်ဝိညာဉ်စွမ်းအားများသည် ရုတ်တရက် စိတ်လှုပ်ရှားမှုနှင့်အတူ မြင့်တက်လာသည်။

“အင်း.....”

ထျန်းဟုန် ဧကရီ၏ လည်ချောင်းထဲမှ မရည်ရွယ်ပဲ အသံတစ်သံ ထွက်ပေါ်လာသည်။

လုချန်း၏ စိတ်များလည်းး ခဏခန့် ဗလာဖြစ်သွားသည်။ ထျန်းဟုန် ဧကရီက ကျင့်စဉ်သုံးမျိုးကို အချောမွေ့ဆုံး ပေါင်းစပ်လိုက်ပြီးနောက် ဤမျှအထိ ကြောက်စရာကောင်းလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူ စုဆောင်းထားသည့် သက်ရှိစွမ်းအားများသည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

သတိပြန်ဝင်လာသောအခါ သူ၏ ခန္ဓာကိုယ်အတွင်းမှ စိတ်ဝိညာဉ်စွမ်းအားကို သက်ရှိစွမ်းအားအဖြစ် လုချန်း ထပ်မံပြောင်းလဲလိုက်သည်။ ယခုအကြိမ်တွင် သူသည် မူလစွမ်းအား အချို့ကို အသုံးပြုပြီး သက်ရှိစွမ်းအားနှင့် အနည်းငယ် ရောစပ်လိုက်သည်။

မူလစွမ်းအားသည် စကြဝဠာအတွင်း အမြင့်ဆုံး စွမ်းအားဖြစ်ရာ ယင်းက အသက်ဓာတ် ဖြစ်တည်လာအောင် ကူညီပေးနိုင်လိမ့်မည်ဟု သူ ယူဆလိုက်သည်။

“မုန်တိုင်း” ပြီးဆုံးသွားသော်လည်း လုချန်းက ရပ်တန့်ခြင်း မရှိသည်ကို မြင်သောအခါ ထျန်းဟုန် ဧကရီ အလွန်ဒေါသထွက်သွားသည်။

သူမ သူ့ကို ဘာမှမလုပ်ရဲဘူးလို့ ဤလူယုတ်မာ တကယ်ထင်နေတာလား။

ဒေါသများ ပြည့်နှက်နေသော်လည်း လုချန်းကို တွန်းထုတ်ရန် သူမ၏ စွမ်းအားကို တိုက်ရိုက် အသုံးမပြုခဲ့ပေ။ လုချန်း၏ ရင်သွေးကို အောင်မြင်စွာ ရရှိသွားလျှင် သူမ၏ ကံအကြွေးကို ဆပ်ပြီးသား ဖြစ်သွားမည်ဟုလည်း တွေးလိုက်မိသည်။ ထို့နောက်တွင် သူမ လုချန်းနှင့် ဤကဲ့သို့သော အရာများကို ထပ်မံလုပ်ဆောင်ရန် မလိုအပ်တော့ပေ။

ထို့သို့ဖြင့် သူတို့နှစ်ဦး ပူးကပ်လျက် ကျင့်ကြံခြင်း အခြေအနေသို့ ဝင်ရောက်သွားကြသည်။

အချိန်မည်မျှကြာသွားမှန်း မသိလိုက်ခင်မှာပင် ငါးနှစ်ခန့် ကုန်ဆုံးသွားသည်။ လုချန်းနှင့် ထျန်းဟုန် ဧကရီသည် ရင်းနှီးသော အခြေအနေတွင် ရှိနေဆဲ ဖြစ်သည်။

ဒါက လုချန်းအတွက် ပထမဆုံးအကြိမ် နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံခြင်း ဖြစ်သည်။

ဤငါးနှစ်အတွင်း လုချန်း၏ ဇနီးမယားများသည် လုချန်း၏ အခြေအနေကို စစ်ဆေးရန် နဂါးနက်မြို့ နန်းတော်သို့ မကြာခဏ လာရောက်လေ့ရှိသည်။

လုချန်း ဧကရာဇ်အဆင့်သို့ တက်လှမ်းနေသည်ကို သိကြသဖြင့် ထျန်းဟုန် ဧကရီအပေါ် သူတို့ မနာလိုခြင်း မရှိကြပေ။ သူတို့သည် ဆယ်စုနှစ်ပေါင်းများစွာ အထီးကျန်ခြင်းကို ခံနိုင်ရည်ရှိခဲ့ကြသူများဖြစ်ရာ နှစ်အနည်းငယ်က ဘာမှမဟုတ်ပေ။

ထို့ပြင် ကျင့်ကြံသူတို့၏ စိတ်သည် ယေဘုယျအားဖြင့် တည်ငြိမ်နေတတ်ပြီး လုချန်းနှင့် ထိတွေ့ရသည့် အချိန်တွင်မှသာ ယောက်ျား မိန်းမ ကိစ္စများကို စဉ်းစားကြသည်။ လုချန်း အနားမှာ မရှိလျှင် သူတို့၏ စိတ်က ကျင့်ကြံခြင်း သို့မဟုတ် အုပ်ချုပ်ရေးကို စီမံခန့်ခွဲခြင်း အပေါ်တွင်သာ ရှိသည်။

အမှန်စင်စစ် သူတို့၏ နှလုံးသားထဲတွင် လုချန်းကို လွမ်းဆွတ်နေကြသော်လည်း ၎င်းမှာ စိတ်ခံစားမှုဆိုင်ရာ လွမ်းဆွတ်မှုသာ ဖြစ်ပြီး ခန္ဓာကိုယ်ပိုင်းဆိုင်ရာ တောင့်တမှု မဟုတ်ပေ။

လုချန်း ထွက်မလာသေးသည်ကို မြင်သောအခါ လုချန်း၏ ဇနီးမယားအချို့လည်း ကိုယ်ပိုင် တံခါးပိတ် ကျင့်ကြံခြင်းများကို စတင်ခဲ့ကြ၏။ နဂါးနက်မြို့ နန်းတော်သည်လည်း ယခင်နှစ်များကကဲ့သို့ စည်ကားခြင်း မရှိတော့ပေ။

……………..

အခန်း (၁၃၂၆ )

ချီဇွန်း၏ ဆန်းစစ်ချက်

ချင်းယွမ်နိုင်ငံ။

နန်းတော်၊။

ကျင်လွမ် ခန်းမဆောင်။

အလင်းတန်းများ ဖြာထွက်နေပြီး ခမ်းနားထည်ဝါလှသော ခန်းမကြီးအတွင်း၌ အပြာရောင် ဝတ်ရုံရှည်နှင့် ဆံပင်ဖြူအဘိုးအို တစ်ဦးသည် အရိပ်ဖမ်း ကျောက်တုံးမှ ပြသထားသော မြင်ကွင်းကို တည်ငြိမ်လေးနက်သော မျက်နှာဖြင့် ကြည့်နေသည်။

ထိုအခိုက်အတန့်တွင် အဝါရောင်နဂါးဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ခန်းမအတွင်းသို့ ဝင်လာပြီး

“အကြီးအကဲချုပ်။ ပေထျန်းလု ပြန်လာတော့မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။”

ဧကရာဇ် ချီဟုန်ကွမ်း၏ စကားကို ကြားလျှင် ချီဇွန်းက သက်ပြင်းချကာ

“ပြောဖို့ ခက်ပါတယ်။ သေခါနီး လူတစ်ယောက်ရဲ့ လုပ်ရပ်တွေကို ခန့်မှန်းရခက်တယ်။”

ချင်းယွမ်နိုင်ငံသည် ပေဝမ်ဖုကို ထီးနန်းရရှိအောင် ကူညီပေးပြီးခဲ့သည့် အချိန်မှစ၍ ပေထျန်းလုနှင့် ပေရှုဟွာတို့၏ ခြေရာကို အစဉ်တစိုက် ရှာဖွေခဲ့သော်လည်း ယနေ့တိုင် မတွေ့ရှိရသေးပေ။ စကြဝဠာကြီးက ကျယ်ပြောလှသဖြင့် ဧကရာဇ်အဆင့်နှင့် ဧကရာဇ်လောင်း တစ်ဦးတို့ ပုန်းအောင်းနေမည်ဆိုပါက ကောက်ရိုးပုံထဲ အပ်ရှာသကဲ့သို့ အမှန်တကယ် မလွယ်ကူသော အလုပ်ဖြစ်သည်။

တကယ်လို့ ပေထျန်းလုနှင့် ပေရှုဟွာတို့က ပုန်းအောင်းနေပြီး ပြန်မလာတော့လျှင် ချင်းယွမ်နိုင်ငံ အနေနှင့် အလွန်အမင်း စိုးရိမ်ရန် မလိုအပ်ပေ။

အဓိက ပြဿနာမှာ ပေထျန်းလု ချီယွဲ့နိုင်ငံမှ ထွက်ပြေးသွားသည့်နေ့တွင် သူ၏ ကိုယ်မှ ထွက်ပေါ်လာသော ထိတ်လန့်ဖွယ် အမှောင်စွမ်းအားကို ချီဇွန်းနှင့် ချီဟုန်ကွမ်းတို့ နှစ်ဦးလုံး ခံစားမိခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဧကရာဇ်အဆင့်များ ဖြစ်ကြသော်လည်း ထိုအမှောင်စွမ်းအား အဘယ်အရာ ဖြစ်သည်ကို မသိရှိကြချေ။ သို့သော် ထိုစွမ်းအား သူတို့၏ သက်တမ်းကို တိုက်စားနိုင်သည့် အလားအလာ ရှိကြောင်းကိုတော့ ရှင်းလင်းစွာ ခံစားနိုင်ကြသည်။

ထို့ပြင် ပေထျန်းလု၏ အဆုံးသတ် နီးကပ်လာရခြင်းမှာလည်း အမှောင်စွမ်းအား၏ တိုက်စားမှုကြောင့် ဖြစ်နိုင်သည်ဟု သူတို့ သံသယရှိနေကြသည်။

အကယ်၍ ပေထျန်းလုက အတူတူ ပျက်စီးသွားရန် ရည်ရွယ်ပြီး ချင်းယွမ်နိုင်ငံသို့ တိုက်ရိုက်လာရောက်ကာ မိမိကိုယ်ကိုယ် အဆုံးစီရင်ပြီး အမှောင်စွမ်းအားများကို ထုတ်လွှတ်လိုက်မည်ဆိုပါက ချင်းယွမ်နိုင်ငံလည်း ချက်ချင်း ပျက်စီးသွားနိုင်သည်။

ပေထျန်းလု၏ ကိုယ်တွင်းရှိ အမှောင်စွမ်းအား၏ ကြောက်မက်ဖွယ် သဘောသဘာဝကို သိရှိထားသောကြောင့် ချင်းယွမ်နိုင်ငံသည် နှစ်ပေါင်းများစွာတိုင်အောင် သု့ကို မရပ်မနား ရှာ‌ဖွေနေခဲ့သည်။ မည်သည့် အခြေအနေတွင်မဆို ပေထျန်းလုကို ချင်းယွမ်နိုင်ငံအနား ပေးကပ်၍ မရပေ။

ထိုအချိန်တွင် ချီဟုန်ကွမ်းက ဆက်လက်၍ “ဖန်ထန်းဖေးက သတင်းပို့လာပါတယ်။ ချီယွဲ့နိုင်ငံရဲ့ ကံစွမ်းအားကို ပေဝမ်ဖုက တဖြည်းဖြည်း ထိန်းချုပ်နိုင်နေပြီတဲ့။ မကြာခင်မှာ ချီယွဲ့နိုင်ငံရဲ့ ကံစွမ်းအားကို ချင်းယွမ်နိုင်ငံဆီ ပြောင်းလဲနိုင်တော့မယ် ထင်တယ်။”

“သူ့ကို ကာကွယ်ပေးထားတဲ့ ချီယွဲ့နိုင်ငံရဲ့ ကံစွမ်းအားသာ မရှိတော့ရင်၊ ပေထျန်းလုရဲ့ သေခါနီး အခြေအနေနဲ့ဆို သူကိုယ်ထဲက အမှောင်စွမ်းအားကို ဆက်ပြီး ထိန်းထားနိုင်မှာ မဟုတ်တော့ပဲ စကြဝဠာရဲ့ တစ်နေရာရာမှာပဲ သေဆုံးသွားမှာပါ။”

ထိုစကားကို ကြားသောအခါ ချီဇွန်း တိတ်ဆိတ်သွားသည်။ ခဏအကြာမှ ချီဇွန်းက

“ချီယွဲ့နိုင်ငံရဲ့ ကံစွမ်းအားကို အခုချက်ချင်း မပြောင်းပါနဲ့ဦး။ ချီယွဲ့နိုင်ငံ တည်ရှိနေသရွေ့ ပေထျန်းလုက ငါတို့နဲ့ အတူတူ ပျက်စီးဖို့ မကြိုးစားဝံ့သေးဘူး။ အကယ်၍ ချီယွဲ့နိုင်ငံပါ မရှိတော့ဘူးဆိုရင် ပေထျန်းလုမှာ စိတ်ပူစရာ ဘာမှ ရှိတော့မှာ မဟုတ်ဘူး။”

ပေထျန်းလုသည် ပေရှုဟွာကို နန်းတင်ချင်သော်လည်း ချင်းယွမ်နိုင်ငံက နှောင့်ယှက်ခဲ့သည်။ သို့သော် ချီယွဲ့နိုင်ငံသည် ပေမိသားစု၏ လက်ထဲတွင်သာ ရှိနေသေးသဖြင့် မည်သို့ပင်ဖြစ်စေ ထိုပေမိသားစုဝင်များသည် ပေထျန်းလု၏ သွေးမျိုးဆက်များပင် ဖြစ်ကြသည်။

သူ၏ သားစဉ်မြေးဆက်များက တခြားနိုင်ငံတွင် ခွေးကဲ့သို့ အစေခံနေရသည်ကို ပေထျန်းလု မည်မျှပင် မုန်းတီးစေကာမူ ပေမိသားစု၏ အကြီးအကဲ တစ်ဦးအနေနှင့် သူ၏ သားသမီးမြေးမြစ်များ၏ အသက်ကို လျစ်လျူရှုနိုင်မည် မဟုတ်ပေ။

ယခု ချင်းယွမ်နိုင်ငံက ချီယွဲ့နိုင်ငံကို လုံးဝ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ရာ ထိုပေမိသားစုဝင်များကို သတ်ပစ်ရန်က စိတ်ကူးလိုက်ရုံမျှဖြင့် ဖြစ်နိုင်သည်။ ပေမိသားစုဝင်များကို ဓားစာခံအဖြစ် ထားရှိထားပါက ချင်းယွမ်နိုင်ငံနှင့် အတူတူ ပေထျန်းလု ပျက်စီးလိုလျှင်ပင် ထိုလုပ်ရပ်၏ အကျိုးဆက်ကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။

အကယ်၍ ပေထျန်းလုက ချင်းယွမ်နိုင်ငံကို လက်စားချေရန် ကြိုးစားပါက ချင်းယွမ်နိုင်ငံကလည်း ချီယွဲ့နိုင်ငံ၏ တော်ဝင်မိသားစု တစ်ခုလုံးကို အချိန်တိုအတွင်း သုတ်သင်ပစ်နိုင်ပေသည်။ ယခု ပေမိသားစုဝင်များသည် ဓားစာခံများ သက်သက်သာ ဖြစ်ကြသည်။

ချီဟုန်ကွမ်းလည်း ခဏခန့် စဉ်းစားလိုက်ပြီး အကြီးအကဲချုပ် ပြောတာ အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။

“ကောင်းပါပြီ။ ဒါဆိုရင် နောက်ထပ် နှစ်တစ်ရာလောက် စောင့်ကြည့်ကြတာပေါ့။ အဲ့ဒီနေ့က ပေထျန်းလုဆီက ခံစားခဲ့ရတဲ့ သေမင်းအငွေ့အသက်တွေအရ သူ နှစ်တစ်ရာထက် ပိုမခံနိုင်တော့တာ သေချာပါတယ်။”

ထိုသို့ပြောရင်း ချီဟုန်ကွမ်းက တခြားအကြောင်းအရာ တစ်ခုကို ရုတ်တရက် သတိရသွားပြီး

“အကြီးအကဲချုပ်.....နောက်ထပ် တစ်ခု ရှိပါသေးတယ်”

“ချီယွဲ့နိုင်ငံက ယဲ့မိသားစုက ကျွန်တော်တို့ဆီ သတင်းပို့လာပါတယ်။ ချီယွဲ့နိုင်ငံ အနီးအနားမှာ ရှနိုင်ငံလို့ ခေါ်တဲ့ တခြား အင်ပါယာ တစ်ခု ရှိနေတယ်တဲ့။”

“အဲဒီ အင်ပါယာက တည်ထောင်တာ ငါးရာစုတောင် မပြည့်သေးပေမဲ့ ထူးဆန်းတာတွေ အများကြီး ရှိနေတယ်။ အဲ့ဒီ အင်ပါယာကနေ ထွက်လာတဲ့ နတ်လှေတွေကလည်း အလွန်ထူးဆန်းပါတယ်။”

ယဲ့မိသားစု၏ ဈေးကွက်တိုးချဲ့မှုများကြောင့် ရှနိုင်ငံမှ ထုတ်ကုန်များစွာသည် ဈေးကွက်အတွင်း ရောင်းအားကောင်းလာခဲ့၏။ အထူးသဖြင့် အာကာသယာဉ်များကို အလွန်လူသိများလာခဲ့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ချင်းယွမ်နိုင်ငံသည်လည်း အာကာသယာဉ်များ တည်ရှိမှုကို သိရှိသွားသောအခါ လူတိုင်း အလွန် စိတ်ဝင်စားခဲ့ကြ၏။ အင်အားစု အားလုံးကလည်း အာကာသယာဉ် တည်ဆောက်ပုံ ဒီဇိုင်းများကို ရရှိရန် ကြိုးပမ်းခဲ့ကြသည်။

အတိတ်ကာလက ကြယ်ပင်လယ်ကို ဖြတ်သန်းရန်အတွက် ရှားပါးလှသော သက်ဝင်ရွှေကို သုံး၍ နတ်လှေများကို ပြုလုပ်ခဲ့ရသည်။ အင်အားစုတိုင်းတွင် သက်ဝင်ရွှေကြောများ မရှိကြချေ။ ယခုအခါ သက်ဝင်ရွှေ မလိုအပ်ပဲ ထုတ်လုပ်နိုင်သည့် နတ်လှေများ ရှိကြောင်း သိလိုက်ရသဖြင့် အားလုံးက စိတ်ဝင်စားသွားကြခြင်း ဖြစ်သည်။

သို့သော် ယဲ့မိသားစုက အာကာသယာဉ် အနည်းငယ်ကိုသာ ပြန်လည် ရောင်းချခဲ့ပြီး ထိုယာဉ်များကို တခြား ကြယ်နယ်မြေများမှ ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်းနှင့် ထုတ်လုပ်ပုံ နည်းလမ်းကို သူတို့ကိုယ်တိုင်ပင် မသိကြောင်း ရှင်းပြခဲ့သည်။

ချီဟုန်ကွမ်း၏ စကားကို ကြားလျှင် ချီဇွန်းက နှာခေါင်းရှုံ့ကာ ရယ်မောလိုက်ပြီး

“ယဲ့မိသားစုကတော့ ကစားကွက် ကောင်းကောင်း ခင်းတတ်တာပဲ။”

“အရင်ဆုံး အာကာသယာဉ်ကိစ္စ သတင်းကို လွှင့်ပြီး အင်အားစုတွေရဲ့ အာရုံကို ဖမ်းစားတယ်။ ပြီးမှ ရှနိုင်ငံ သတင်းကို ငါတို့ဆီ ပို့ပေးတယ်။ သူတို့က သူများလက်နဲ့ လူသတ်ခိုင်းဖို့ ကြိုးစားနေတာပဲ။”

ထို့နောက် ချီဇွန်းက

“အဲဒီ ရှနိုင်ငံမှာ ဧကရာဇ်အဆင့် ဘယ်နှစ်ယောက် ရှိလဲ။”

ချီဟုန်ကွမ်းက

“ယဲ့မိသားစုဆီက သတင်းအရတော့ ဧကရာဇ်အဆင့် နှစ်ယောက် ရှိပုံရပါတယ်။”

“ဒါပေမဲ့ သတင်းတွေအရတော့ ရှနိုင်ငံကို တည်ထောင်သူဟာ ဧကရာဇ်အဆင့် မဟုတ်ပဲ သူတော်စင်အဆင့်ပဲ ဖြစ်တယ်တဲ့။ သူ့နောက်ကွယ်မှာ ဧကရာဇ်အဆင့် တစ်ယောက်က ထောက်ပံ့ပေးနေလို့သာ ရှနိုင်ငံကို တည်ထောင်နိုင်ခဲ့တာလို့ ဆိုကြပါတယ်။”

“ယဲ့မိသားစုကတော့ ရှနိုင်ငံကို တည်ထောင်သူဟာ သူတော်စင်အဆင့် မဖြစ်နိုင်ဘူးလို့ သံသယရှိနေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတော်စင်အဆင့် တစ်ယောက်အနေနဲ့ အင်ပါယာ တစ်ခုကို တည်ထောင်ဖို့ဆိုတာ မဖြစ်နိုင်လို့ပါ။ ဒါကြောင့် ရှနိုင်ငံမှာ ဧကရာဇ်အဆင့် နှစ်ယောက် ရှိတယ်လို့ သူတို့ ယူဆနေကြပါတယ်။”

ချီဇွန်းက ခဏခန့် စဉ်းစားပြီးနောက် “သူတော်စင်အဆင့် တစ်ယောက်ဟာ အင်ပါယာ တည်ထောင်ဖို့ အရည်အချင်း မပြည့်မီဘူး ဆိုတာကတော့ အများလက်ခံထားတဲ့ အချက်ပဲ။ အင်ပါယာ တိုင်းကလည်း ဒါကို သိကြတယ်။ မင်းရဲ့ အမြင်အရ ရှနိုင်ငံက ဘာဖြစ်လို့ ဒီလို အလိမ်အညာတွေကို ဖြန့်နေတာလဲ။”

“ဒါကတော့...”

ချီဟုန်ကွမ်း ခဏခန့် စဉ်းစားသော်လည်း အကြောင်းရင်းကို ရှာမတွေ့ပေ။ ရှနိုင်ငံက ဖြန့်ဝေထားသော ထိုသတင်းက အလွန်ယုတ္တိတန်လှသည်။ သူတော်စင်အဆင့်က အင်ပါယာ မတည်ထောင်နိုင်တာ လူပြိန်းပင် သိနိုင်သည့် ကိစ္စဖြစ်သည်။ ထိုသူတော်စင်အဆင့်ဟု ဆိုသူမှာ ဧကရာဇ်အဆင့် တစ်ဦး ဖြစ်ရမှာ သေချာသည်။

ချီဟုန်ကွမ်းက

“အကြီးအကဲချုပ်။ ရှနိုင်ငံက ဘာလို့ ဒီလို လိမ်နေတာလဲ ဆိုတာ ကျွန်တော် နားမလည်နိုင်ဘူး။ အင်ပါယာတိုင်းက ဧကရာဇ်အဆင့် တွေသာ အင်ပါယာ တည်ထောင်နိုင်တယ် ဆိုတာ သိကြတာပဲ။ သူတို့ရဲ့ အလိမ်အညာက အဓိပ္ပာယ် မရှိပါဘူး။ ဒါ့ကြောင့် ကျင့်ကြံသူတိုင်းက ရှနိုင်ငံမှာ ဧကရာဇ်အဆင့် နှစ်ယောက် ရှိတယ်ဆိုတာ သိနေကြတာပဲ။”

ချီဇွန်း၏ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့ တစ်ခု ပေါ်လာပြီး

“ကျင့်ကြံသူတိုင်းက ရှနိုင်ငံကို တည်ထောင်သူဟာ ဧကရာဇ်အဆင့်လို့ သိနေပြီး ဒါကြောင့် ရှနိုင်ငံမှာ ဧကရာဇ်အဆင့် နှစ်ယောက် ရှိတယ်လို့ ကောက်ချက်ချနေကြမှတော့ ရှနိုင်ငံက ဒီလို အလိမ်အညာတွေကို အကြောင်းမဲ့ ဖြန့်ပါ့မလား။”

“တကယ်တော့ ရှနိုင်ငံကို တည်ထောင်သူဟာ ဧကရာဇ်အဆင့် ဖြစ်နိုင်ပေမဲ့ ရှနိုင်ငံမှာ တခြား ဧကရာဇ်အဆင့် တစ်ယောက် မရှိတာမျိုးလည်း ဖြစ်နိုင်တယ်။ အမှန်နဲ့ အမှားကို ရောထွေးပြီး သူတော်စင်အဆင့် ကိုယ်ပွားကို အသုံးပြုပြီ တည်ထောင်သူအဖြစ် ဟန်ဆောင်စေပြီး ရှနိုင်ငံမှာ ဧကရာဇ်အဆင့် နှစ်ယောက် ရှိတယ်လို့ လူတွေကို ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်တာ နေမယ်။ ဒါက ရှနိုင်ငံရဲ့ လှည့်ကွက် ဖြစ်နိုင်ပါတယ်။”

ချီဇွန်း၏ ဆန်းစစ်ချက်ကို ကြားလျှင် ချီဟုန်ကွမ်း ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ဖြစ်သွားပြီး

“အကြီးအကဲချုပ် ပြောချင်တာက ရှနိုင်ငံက ခြောက်လှန့်နေတာလို့ ဆိုလိုတာလား။”

ချီဇွန်းက

“ခြောက်လှန့်တယ်လို့တော့ အတိအကျ မဟုတ်ဘူး။ တကယ်တော့ ရှနိုင်ငံမှာ ဧကရာဇ်အဆင့် နှစ်ယောက် ရှိတယ်ဆိုတဲ့ ကောက်ချက်က တခြားလူတွေ ဆွဲခဲ့တာပဲ။ ရှနိုင်ငံကတော့ အစကတည်းက သူတို့မှာ ဧကရာဇ်အဆင့် နှစ်ယောက် ရှိတယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဘူးလေ။”

All Chapters