အခန်း (၁၃၃၃-၁၃၃၅)
Vol. 89 Ch. 1333-1335
အခန်း( ၁၃၃၃ )
ထျန်းဟုန် ဧကရီထံမှ သတိပေးချက်
မုကျိရွှမ်း ရှက်သွေးဖြာနေသည့် ပုံကို မြင်လျှင် လုချန်းက အသာအယာ ပြုံးလိုက်မိသည်။ သူမနှင့် အခြားသူများ၏ ကိုယ်တွင်း၌ မငြိမ်မသက် ဖြစ်နေသည့် စိတ်ဝိညာဉ်စွမ်းအားများကို သူ ရှင်းလင်းစွာ ခံစားမိနေသည်။
မုကျိရွှမ်းတို့ သူ၏ ဖန်တီးခြင်းလမ်းစဉ်၏ လွှမ်းမိုးမှု ခံထားရခြင်းဖြစ်လောက်သည်။ ထို့ကြောင့်လည်း ယခုကဲ့သို့ စိတ်အားထက်သန်နေကြခြင်း ဖြစ်မည်ဟု လုချန်း ခန့်မှန်းလိုက်၏။
လုချန်းက လက်ဖြင့် ဝိုင်ခွက်ကို မြှောက်ကာ နောက်ထပ် တစ်ငုံ သောက်လိုက်သည်။ ထို့နောက် မုကျိရွှမ်းကို ခပ်ဖွဖွ ပုတ်လိုက်ရင်း
“ကျိရွှမ်း... မင်း စိတ်တိုင်းကျသာ လုပ်ပါ”
လုချန်း၏ စကားကို ကြားလျှင် မုကျိရွှမ်း၏ ပါးပြင်များ သွေးစက်လက်ကျလုမတတ် နီရဲသွားတော့သည်။ ခန်းမထဲတွင် ထိုင်နေဆဲ ဖြစ်သောသူများမှာ များသောအားဖြင့် အရှက်အကြောက်ကြီးသူများ ဖြစ်ကြသည်။ သူတို့သည်လည်း လုချန်းနှင့် နီးနီးကပ်ကပ် ရှိချင်ကြသော်လည်း လူအများရှေ့တွင် အနည်းငယ် အဆင်မပြေ ဖြစ်နေကြ၏။
သို့သော် လုချန်း၏ ခွင့်ပြုချက် ရရှိပြီးနောက်တွင် မုကျိရွှမ်းက သူမ၏ လက်ကို လုချန်း၏ ရင်ဘတ်ပေါ်သို့ တင်လိုက်၏။ ထို့နောက် သူမက လက်ကို ဖြည်းဖြည်းချင်း ရွှေ့ကာ လုချန်းကို စနောက်လိုက်သည်။
မကြာမီမှာပင် မုကျိရွှမ်းလည်း လုချန်း၏ ရင်ခွင်ထဲသို့ လုံးလုံးလျားလျား ရောက်ရှိသွားတော့သည်။ သို့သော်လည်း လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို မေးမြန်းရန် လုချန်း မမေ့ခဲ့ပေ။ အထူးသဖြင့် ကလေးများ၏ အကြောင်းကို သူက အလေးထား မေးမြန်းနေ၏။
စာကြည့်ခန်းထဲတွင် နိုင်ငံရေးရာ အစီရင်ခံစာများကို ပြန်လည် စစ်ဆေးနေစဉ် လုချန်း ရံဖန်ရံခါ သက်ပြင်းအရှည်ကြီး ချနေသည်။ သူ၏ သက်ပြင်းချသံက လေးလံနေသဖြင့် အရေးကြီးသည့် ကိစ္စတစ်ခုခုကို လုပ်ဆောင်နေသကဲ့သို့ ထင်မှတ်ရသည်။
လုချန်း၏ အရှိန်အဝါကြောင့် ပိုင်ချင်းချင်း၏ အေးစက်သော မျက်နှာလည်း နီမြန်းနေတော့သည်။ သူ၏ ဘေးနားရှိ ပိုင်ချင်းချင်းကို လုချန်း ရုတ်တရက် မော့ကြည့်လိုက်၏။ သူမသည် အဖြူရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားကာ ဆံပင်ကို မြင့်မြင့် စည်းထားသည်။ ဝတ်စုံအောက်မှ သူမ၏ သွယ်လျသော ခြေတံများကိုလည်း ခပ်ရေးရေး မြင်တွေ့နေရသည်။
ပိုင်ချင်းချင်း၏ ခန္ဓာကိုယ် အနည်းငယ် တုန်ယင်နေသည်ကို မြင်လျှင် လုချန်း ရယ်မောလိုက်သည်။ ထို့နောက်
“ပိုင်... မင်းကတော့ မလိမ္မာတော့ဘူးနော်။ စာကြည့်ခန်းထဲမှာတောင် အတွေးချော်နေတယ်။”
သူမ၏ အတွေးကို လုချန်းက အကဲခတ်မိသွားသဖြင့် ပိုင်ချင်းချင်း အလွန် အရှက်ရသွား၏။ လုချန်း တံခါးပိတ်ကျင့်စဉ်စခန်း ဝင်နေသည့် နှစ်များအတွင်း သူမ၌ ထိုကဲ့သို့သော အတွေးမျိုး မရှိခဲ့ပေ။ သို့သော် အကြောင်းတစ်စုံတစ်ရာကြောင့် ယနေ့ လုချန်း ပြန်ထွက်လာသည့် အချိန်မှစ၍ သူမ၏ စိတ်အတွင်းမှ ဆန္ဒအချို့ နိုးကြားလာခဲ့သည်။ ဤသို့သာ ဆက်ဖြစ်နေလျှင် သူမကိုယ်သူမ ထိန်းချုပ်နိုင်တော့မည် မဟုတ်ဟု သူမ ခံစားနေရ၏။
ထိုအခိုက်အတန့်တွင် လုချန်းက လက်ကို ရုတ်တရက် ဆန့်ထုတ်လိုက်ကာ ပိုင်ချင်းချင်းကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ ပိုင်ချင်းချင်း အနည်းငယ် ကြောင်အသွား၏။ ထို့နောက် လုချန်းက ပိုင်ချင်းချင်း၏ မျက်နှာကို ကိုင်ကာ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်သည်။
ပိုင်ချင်းချင်း ရုန်းကန်ခြင်း မရှိပေ။ သူမ၏ လက်မောင်းလေးများဖြင့် လုချန်း၏ လက်မောင်းကို ပြန်လည် ဖက်တွယ်လိုက်၏။ ယနေ့တွင် စိတ်လေးမျိုး ခွဲ၍ အလုပ်လုပ်ရန် အနည်းငယ် ခက်ခဲနေသဖြင့် အလုပ်တစ်ခုတည်းကိုသာ အာရုံစိုက်ရတော့မည်ဟု လုချန်းစိတ်ထဲ တွေးလိုက်သည်။
ငါးရက်ခန့် ကြာပြီးနောက်တွင် မိဖုရားများများ၏ လွမ်းဆွတ်မှုကို လုချန်း နောက်ဆုံး၌ ဖြေဖျောက်ပေးလိုက်နိုင်သည်။ ထို့နောက် စာကြည့်ခန်းထဲရှိ ခန္ဓာကိုယ်ကို ရှနိုင်ငံ၏ နိုင်ငံရေးရာ အစီရင်ခံစာများကို ဆက်လက် စစ်ဆေးစေခဲ့သည်။
လုချန်း အစီရင်ခံစာများကို ပြန်လည် စစ်ဆေးနေစဉ် ထျန်းချန်ကမ္ဘာအတွင်း၌ အင်အားကြီးသော အငွေ့အသက် နှစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်ကို ခံစားလိုက်ရ၏။ စာကြည့်ခန်းထဲရှိ လုချန်းလည်း ထိုနေရာမှ ချက်ချင်း ထွက်ခွာသွားပြီး ကောင်းကင်ယံတွင် ပေါ်လာတော့သည်။
သူ ကောင်းကင်သို့ ပျံတက်လိုက်သည်နှင့် ဒဏ်ရာများဖြင့် ပြည့်နှက်နေသည့် ပေထျန်းလုကို မြင်လိုက်ရ၏။ ပေထျန်းလုက ညှိုးငယ်သော မျက်နှာဖြင့် ထျန်းဟုန် ဧကရီကိုကြည့်ကာ
“လမ်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဝါစဉ်ကြီးသူ။”
လွန်ခဲ့သည့် ငါးရက်အတွင်း သူ မည်သို့ ဖြတ်သန်းခဲ့ရသည်ကို ပေထျန်းလုကိုယ်တိုင်ပင် မသိတော့ပေ။ ထျန်းဟုန် ဧကရီသည် ကျင့်စဉ်အဆင့် တက်လှမ်းပြီးစ ဖြစ်သဖြင့် ဧကရာဇ်အဆင့်၏ အင်အားကို စမ်းသပ်ချင်ရုံသာ ဖြစ်လိမ့်မည်ဟု သူ အစက ထင်ခဲ့၏။ သို့သော် သူတို့ သေမင်းကြယ်နယ်မြေသို့ ရောက်လျှင်ရောက်ချင်း ထျန်းဟုန် ဧကရီက သတ်ဖြတ်ခြင်းစွမ်းအားဖြင့် ဖန်တီးထားသည့် လူသတ်ဓားဖြင့် သူ့ကို လိုက်လံ တိုက်ခိုက်တော့သည်။ သူမကို သူ မည်သည့်နေရာတွင် ပြစ်မှားမိခဲ့မှန်းပင် မသိတော့ပေ။
အဆိုးရွားဆုံး ပြဿနာက သူ ထျန်းဟုန် ဧကရီကို လုံးဝ မယှဉ်နိုင်ခြင်း ဖြစ်သည်။ သူ၏ အင်အားအားလုံးကို အသုံးပြုသော်လည်း သူမ၏ တိုက်ခိုက်မှုများကို သူ မခုခံနိုင်ခဲ့ပေ။ သူမ၏ တိုက်စစ်က အလွန် ပြင်းထန်လွန်းလှ၏။ သူမသည် သတ်ဖြတ်ခြင်းဖြင့် လမ်းစဉ်ကို သက်သေပြခဲ့သည့် ဧကရာဇ်အဆင့်တစ်ပါး ဖြစ်ထိုက်လှပေသည်။
ထိုအခိုက်အတန့်တွင် ထျန်းဟုန် ဧကရီ၏ မျက်နှာ အလွန်အေးစက်နေ၏။ နှစ်ပေါင်းများစွာ လုချန်း၏ ဖိနှိပ်မှုကို ခံခဲ့ရသဖြင့် သူမ၏ စိတ်ထဲတွင် စုဆောင်းထားသည့် ဒေါသများက လုံးဝ မပြေပျောက်သေးပေ။ သို့သော် ပေထျန်းလုနှင့် လေ့ကျင့်ပြီးနောက်တွင် သူမ အနည်းငယ် စိတ်သက်သာရာ ရသွား၏။
လုချန်းက ထျန်းဟုန် ဧကရီကို တစ်ချက်ကြည့်ပြီးနောက် ပေထျန်းလုကို ကြည့်လိုက်သည်။ သူ တစ်ခုခု ပြောရန် ပြင်လိုက်စဉ် ပေထျန်းလုက
“မင်းကြီးကို ဂါရဝပြုပါတယ်”
ဟု နှုတ်ဆက်လိုက်၏။
လုချန်းက
“ထပါ”
ဟု ခပ်အေးအေး ပြောလိုက်သည်။
ထို့နောက်
“အကြီးအကဲပေ... ရရဲ့လား”
ထိုသို့ပြောပြီးနောက် လုချန်း ပေထျန်းလုအနားသို့ ချဉ်းကပ်ကာ သူ၏ စိတ်ဝိညာဉ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်၏။ စစ်ဆေးမှုရလဒ်က လုချန်းကို တုန်လှုပ်သွားစေတော့သည်။ ပေထျန်းလုသည် ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများ ရထားရုံသာမက သူ၏ စိတ်ဝိညာဉ်လည်း အတော်အတန် ပျက်စီးနေသည်။
လုချန်းက ထျန်းဟုန် ဧကရီကို ထပ်မံ ကြည့်လိုက်၏။ သူမ ကတော့ မည်သည့်ဒဏ်ရာမှ မရှိပေ။ ဤအရာသည် လေ့ကျင့်ခြင်း မဟုတ်ပဲ တစ်ဖက်သတ် အရိုက်ခံရခြင်းသာ ဖြစ်ပေသည်။ ထျန်းဟုန် ဧကရီသည် နှစ်ပေါင်းများစွာ စုဆောင်းထားသည့် ဒေါသများကို ပုံချနေခြင်းဖြစ်ကြောင်း လုချန်း ရိပ်မိလိုက်၏။ သူ အနည်းငယ် အားနာသွားသဖြင့် ပေထျန်းလု၏ ပုခုံးကို ပုတ်ကာ
“အကြီးအကဲပေ... ပင်ပန်းသွားပြီ”
ပြောရင်းနှင့်ပင် ပေထျန်းလု၏ ဒဏ်ရာများကို ကုသရန် အသက်စွမ်းအားကို လုချန်းအသုံးပြုလိုက်၏။ ခဏခန့် အတွင်းမှာပင် ပျက်စီးသွားသည့် စိတ်ဝိညာဉ် အပါအဝင် ပေထျန်းလု၏ ဒဏ်ရာများအားလုံး ပျောက်ကွယ်သွားတော့သည်။
သူ၏ ဒဏ်ရာများ သက်သာသွားသည်ကို သိလိုက်လျှင် ပေထျန်းလုက
“မင်းကြီးကို ကျေးဇူးတင်ပါတယ်”
ဟု အလျင်အမြန် ပြောလိုက်၏။
“အင်း... အကြီးအကဲပေ။ ပြန်ပြီးတော့ ကောင်းကောင်း အနားယူလိုက်ပါဦး”
ပေထျန်းလုက
“ကျွန်တော့်ကို ခွင့်ပြုပါဦး”
ထိုစကားနှင့်အတူ ပေထျန်းလု၏ ခန္ဓာကိုယ် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ ထွက်ပြေးသွားသကဲ့သို့ပင် အလွန် လျင်မြန်လှသည်။
ပေထျန်းလု ထွက်သွားပြီးနောက် လုချန်းက လက်ကို ဝေ့ယမ်းလိုက်၏။ ထိုအခါ သူနှင့် ထျန်းဟုန် ဧကရီလည်း သူမ၏ နန်းဆောင်သို့ ပြန်ရောက်သွားကြသည်။
နန်းဆောင်ထဲသို့ ရောက်လျှင် လုချန်းက နောက်ပြောင်သလို မေးလိုက်၏။
“ဟုန်ဟုန်... အခုရော စိတ်ကျေနပ်သွားပြီလား”
ထျန်းဟုန် ဧကရီက လုချန်းကို လှည့်ပင် မကြည့်ပေ။ သူမက ကုတင်ပေါ်သို့ တိုက်ရိုက်သွားကာ တရားထိုင် ကျင့်ကြံနေလိုက်၏။ ထျန်းဟုန် ဧကရီက သူ့ကို ဂရုမစိုက်သော်လည်း လုချန်း စိတ်မဆိုးပေ။ သူက ကုတင်ဘေးတွင် ထိုင်လိုက်ပြီး ထျန်းဟုန် ဧကရီ၏ အေးစက်လှပသော မျက်နှာကို ဘေးတစောင်း ကြည့်နေလိုက်သည်။
“ဟုန်ဟုန်... မင်းမှာ အခု ရင်သွေးရှိနေပြီ။ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ မလုပ်သင့်တော့ဘူး။”
ထျန်းဟုန် ဧကရီကတော့ လုချန်းကို ဂရုမစိုက်ပဲ ရှိနေဆဲ ဖြစ်သည်။ သူမစိတ်ထဲ ဒေါသများဖြင့် ပြည့်နှက်နေ၏။ သူမသည် သတ်ဖြတ်ခြင်းကို ကျွမ်းကျင်သည့် ဧကရာဇ်အဆင့်တစ်ပါး ဖြစ်နေသော်လည်း ကာမစိတ်ကြီးသော အမျိုးသားတစ်ဦးအတွက် ရင်သွေးမွေးပေးရတော့မည် ဖြစ်သည်။
သတ်ဖြတ်ခြင်းသည် သေခြင်းတရားကို ကိုယ်စားပြု၏။ ရင်သွေးမွေးဖွားခြင်း ကတော့ ဘဝလမ်းစဉ်နှင့် သက်ဆိုင်သည်။ အချို့သော ရှုထောင့်များမှ ကြည့်လျှင် ရင်သွေးမွေးဖွားခြင်းက သူမ ကျင့်ကြံထားသည့် လမ်းစဉ်မှ သွေဖည်သွားခြင်းဟု ညွှန်းဆိုနေ၏။ ကံအကြွေး ပေးဆပ်ရန် သူမ သဘောတူထားသော်လည်း စိတ်ထဲတွင်တော့ နေရခက်နေဆဲ ဖြစ်သည်။
ရင်သွေးမွေးဖွားခြင်းအပေါ် ထျန်းဟုန် ဧကရီခုခံလိုစိတ်ဖြစ်နေရသည့် အကြောင်းရင်း အမှန်ကို လုချန်းက ရိပ်မိလိုက်၏။ သို့သော်လည်း သူ့၌ အခြားနည်းလမ်း မရှိပေ။
ရင်သွေးမှာ သန္ဓေတည်နေပြီ ဖြစ်သည်။ ထိုဖြစ်စဉ်အတွင်း သူ၏ လမ်းစဉ်ကို သက်သေပြနိုင်ခဲ့သဖြင့် သူမကို သူ စွန့်ပစ်ထား၍ မရပေ။ ထျန်းဟုန် ဧကရီ အတွက်တော့ သူ တတ်နိုင်သမျှ ပြန်လည် ကုစားပေးမည် ဖြစ်၏။
ထျန်းဟုန် ဧကရီက ယခုထိ သူ့ကို ဂရုမစိုက်သေးပေ။ ထို့ကြောင့် လုချန်းက တစ်ခုခု ထပ်ပြောရန် ပြင်လိုက်စဉ် သူမက ရုတ်တရက် စကားပြောလာ၏။
“နိုင်ငံတစ်ခုက ရှနိုင်ငံကို ရှာတွေ့သွားပြီ။ ရှင် လုပ်စရာတွေ အများကြီး ရှိလာလိမ့်မယ်။”
ထျန်းဟုန် ဧကရီ၏ သတိပေးချက်ကို ကြားလျှင် လုချန်းက ဇဝေဇဝါ ဖြစ်သွား၏။ ထို့နောက်
“ဘာကို ဆိုလိုတာလဲ”
မျက်လုံးကို မှိတ်ထားလျက်ပင် ထျန်းဟုန် ဧကရီက တုံ့ပြန်လိုက်သည်။
“ပေထျန်းလုနဲ့ လေ့ကျင့်နေတုန်း ရှနိုင်ငံဆီကို ဦးတည်လာနေတဲ့ ဧကရာဇ်အဆင့် တစ်ယောက်ကို ကျွန်မ အာရုံခံမိတယ်။”
ဧကရာဇ်အဆင့်တစ်ဦး ချဉ်းကပ်လာသည်ကို မခံစားမိလျှင် ပေထျန်းလုနှင့် လေ့ကျင့်မှုကို သူမ ဤမျှ မြန်မြန် အဆုံးသတ်လိမ့်မည် မဟုတ်ပေ။ စစ်ပွဲကြီးတစ်ခု ဖြစ်လာတော့မည်ကို သူမက ကြိုတင် အာရုံခံမိသောကြောင့်သာ ပြန်လည် အားဖြည့်ရန် လေ့ကျင့်မှုကို စောစောစီးစီး အဆုံးသတ်ခဲ့ခြင်း ဖြစ်၏။
သတ်ဖြတ်ခြင်းလမ်းစဉ်ကို ကျွမ်းကျင်ထားသဖြင့် စစ်ပွဲများနှင့် ပတ်သက်လျှင် သူမ အထူး သတိပြုမိတတ်သည်။ ဖြစ်နိုင်ခြေရှိသော ပဋိပက္ခကို သူမ အစောဆုံး ခံစားနိုင်၏။
ထိုအခိုက်အတန့်တွင် လုချန်း၏ မျက်နှာလည်း အနည်းငယ် တည်ကြည်သွားတော့သည်။ ထျန်းဟုန် ဧကရီ၏ စကားကို သူ သံသယဖြစ်စရာ အကြောင်းမရှိပေ။ သူမက သတိပေးလာပြီ ဖြစ်သဖြင့် ထိုအရာက တကယ် ဖြစ်လာနိုင်သည်။
……………
အခန်း (၁၃၃၄)
ချူးယွမ်ကျိနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း
ထျန်းဟုန် ဧကရီ၏ သတိပေးချက်ကို ကြားလျှင် လုချန်း အတွေးနက်သွားသည်။
ရှနိုင်ငံသို့ လာနေသည့် ဧကရာဇ်အဆင့်သည် သူ၏ ရက်စက်ကြမ်းကြုတ်သော ဖခင်ကြီး မဟုတ်ပါစေနှင့်ဟုလည်း သူ့ စိတ်ထဲမှ ဆုတောင်းနေမိသည်။ သူသည် ဧကရာဇ် အဆင့်နှစ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူ၏ အင်အားသည် ရှန်ဝူဧကရာဇ်ကဲ့သို့ ဝါရင့်သည့် ဧကရာဇ်အဆင့်နှောင်းပိုင်းအဆင့်ရှိသူကို ယှဉ်နိုင်ရန်ကတော့ မုချ အလှမ်းဝေးနေဆဲဖြစ်သည်။ ရှန်ဝူဧကရာဇ် မဟုတ်လျှင်တော့ ကျူးကျော်လာမည့် ဧကရာဇ်သည် ချင်းယွမ်နိုင်ငံမှ ဖြစ်နိုင်ခြေရှိသည်။
ချီယွဲ့နိုင်ငံကို သိမ်းပိုက်ပြီးနောက်တွင် ချင်းယွမ်နိုင်ငံသည် ရှနိုင်ငံ တည်ရှိနေမှုကို သတိပြုမိသွားလောက်ပြီ ဖြစ်သည်။ စကြဝဠာအကြောင်းကို လုချန်း အကြမ်းဖျင်း နားလည်ထားပြီး ဖြစ်ရာ ရှနိုင်ငံကဲ့သို့ အသစ်စက်စက် နိုင်ငံတစ်ခုသည် ရှေးဟောင်းနိုင်ငံများအတွက် မည်မျှ ဆွဲဆောင်မှု ရှိကြောင်း သူ ကောင်းကောင်း သိသည်။ ချင်းယွမ်နိုင်ငံမှ ဧကရာဇ်အဆင့်တစ်ပါးက လာရောက် တိုက်ခိုက်မည် ဆိုလျှင် ထူးဆန်းသည်ဟု သူ ထင်လိမ့်မည် မဟုတ်ပေ။
ထျန်းဟုန် ဧကရီကို တစ်ချက်ကြည့်ကာ လုချန်းက
“မင်းကို ကိုယ် အနှောင့်အယှက် မပေးတော့ပါဘူး”
ဟု ပြောပြီးနောက် ထရပ်လိုက်သည်။
ဧကရာဇ်အဆင့်တစ်ဦး ချဉ်းကပ်လာသည်ကို ထျန်းဟုန် ဧကရီက မည်သို့ သိခဲ့သနည်းဟု သူက မမေးတော့ပေ။ သူမကိုယ်တိုင် ဧကရာဇ်အဆင့် ဖြစ်နေသဖြင့် အနာဂတ် အန္တရာယ်ကို ကြိုတင် သိမြင်နိုင်သော အထူး နည်းလမ်းများ ရှိနေနိုင်ခြင်းက မထူးဆန်းပေ။
ချဉ်းကပ်လာသည့် ဧကရာဇ်အဆင့်က ရှန်ဝူဧကရာဇ်လား သို့မဟုတ် ချင်းယွမ်နိုင်ငံမှလား ဆိုတာကို အမြန်ဆုံး အတည်ပြုရန် အရေးကြီးသည်။ ထို့နောက် ရှနိုင်ငံမှ ထွက်ခွာ၍ ပတ်ဝန်းကျင် ကြယ်နယ်မြေများကို စုံစမ်းစစ်ဆေးရန် ရှနိုင်ငံ၏ နဂါးတပ်ဖွဲ့ထံသို့ စစ်ကူလွှတ်ရန် အမိန့်ပေးလိုက်သည်။ အင်အားကြီးသူများ ချဉ်းကပ်လာလျှင် သူ့ကို ချက်ချင်း အကြောင်းကြားရန် သူက ညွှန်ကြားလိုက်သည်။
စာကြည့်ခန်းသို့ ပြန်ရောက်သည့်အခါ တံခါးပိတ် ကျင့်စဉ်စခန်း ဝင်တော့မည့် ပေထျန်းလုကို လုချန်းက ဆင့်ခေါ်လိုက်သည်။
“အကြီးအကဲပေ။ စာကြည့်ခန်းကို ခဏလာခဲ့ပါဦး။ ကျွန်တော် မေးစရာ ရှိလို့။”
လုချန်း၏ အသံကို ကြားလျှင် ပေထျန်းလု ဇဝေဇဝါ ဖြစ်သွားသည်။ ခုနက မမေးပဲ ယခုမှ ဘာကြောင့် ခေါ်ရသနည်းဟု သူ တွေးနေမိသည်။ ပေထျန်းလုလည်း တုံ့ဆိုင်းမနေပဲ စာကြည့်ခန်းသို့ လာခဲ့လိုက်သည်။
အတွင်းသို့ ရောက်လျှင် မျက်မှောင်ကြုတ်နေသော လုချန်းကို သူက တွေ့လိုက်ရသည်။ ပေထျန်းလု၏ စိတ်နှလုံးထဲ ဒိတ်ခနဲ ဖြစ်သွားသည်။ ထိုဧကရီက လုချန်းကို သူနှင့် ပတ်သက်ပြီး တစ်ခုခု ကုန်းချောလိုက်သလားဟုလည်း တွေးမိလိုက်သည်။ မဟုတ်လျှင် ခုနက အကောင်းအတိုင်း ရှိနေသည့် လုချန်း သူ ထွက်သွားပြီး ခဏအကြာမှာပင် အဘယ်ကြောင့် ဤမျှ မျက်နှာတည်နေရသနည်း။
ပေထျန်းလုက သတိထား၍ စမေးလိုက်သည်။
“မင်းကြီး ကျွန်တော် ဘာများ ကူညီပေးရမလဲ။”
လုချန်းက တိုက်ရိုက် မေးလိုက်သည်။
“အကြီးအကဲပေ။ ထျန်းဟုန် ဧကရီနဲ့ လေ့ကျင့်နေတုန်း ရှနိုင်ငံဆီကို ဧကရာဇ်အဆင့် တစ်ယောက်ယောက် ချဉ်းကပ်လာတာကို ခင်ဗျားရော ခံစားမိလား။”
ပေထျန်းလုက
“မင်းကြီး။ ရှနိုင်ငံဆီ ဧကရာဇ်အဆင့် တစ်ယောက်ယောက် ချဉ်းကပ်လာတာကို ကျွန်တော် မခံစားမိပါဘူး။”
“ရှနိုင်ငံဆီ ဧကရာဇ်အဆင့် တစ်ယောက် ချဉ်းကပ်လာနေတာကို မင်းကြီးက ဘယ်လိုလုပ် သိတာလဲ။”
ဟု ပေထျန်းလုက သိချင်စိတ်ဖြင့် ဆက်မေးလိုက်သည်။
ပေထျန်းလု၏ မေးခွန်းကို လုချန်းက မဖြေပဲ
“ချင်းယွမ်နိုင်ငံမှာ ဧကရာဇ်အဆင့် ဘယ်နှစ်ယောက် ရှိလဲ။”
“ကျွန်တော် သိသလောက်ဆိုရင် သူတို့မှာ ဧကရာဇ်အဆင့် သုံးယောက် ရှိပါတယ်။”
ဧကရာဇ်အဆင့် သုံးယောက်သာ ရှိလျှင် ကြီးမားသော ခြိမ်းခြောက်မှု မဟုတ်ဟု လုချန်း တွေးလိုက်သည်။ သူတို့ဘက်တွင်လည်း ဧကရာဇ်အဆင့် သုံးယောက် ရှိနေပြီး သတ်ဖြတ်ရေးကျွမ်းကျင်သော ထျန်းဟုန် ဧကရီသည် သာမန် ဧကရာဇ်အဆင့်ထက် ပို၍ အစွမ်းထက်မှာ သေချာသည်။
ထို့ပြင် သူ့တွင်လည်း ဧကရာဇ်အဆင့် ရုပ်သေးကိုယ်ပွား တစ်ခု ရှိနေသေးရာ ချင်းယွမ်နိုင်ငံမှ ဧကရာဇ်အဆင့် သုံးယောက် တစ်ပြိုင်နက်တည်း တိုက်ခိုက်လာလျှင်ပင် သူတို့ လွယ်လွယ်ကူကူ ကိုင်တွယ်နိုင် လောက်သည်။
သို့သော် လာမည့်သူမှာ ချင်းယွမ်နိုင်ငံမှ မဟုတ်ပဲ ရှန်ဝူဧကရာဇ် ဖြစ်နေပါက အခြေအနေက ပြောင်းလဲသွားပေလိမ့်မည်။ ရှန်ဝူဧကရာဇ်၏ လက်ရှိ အခြေအနေကို သိနိုင်ရန် ချူးယုချင်၏ ပင်မခန္ဓာဖြစ်သော ချူးယွမ်ကျိမှတစ်ဆင့် သတင်းအချက်အလက် ရယူရန် လုချန်းက ဆုံးဖြတ်လိုက်သည်။
“အကြီးအကဲပေ သွားပြီးတော့ ပြင်ဆင်စရာရှိတာတွေ လုပ်ထားပါ။ မကြာခင် ရှနိုင်ငံဆီကို ဧကရာဇ်အဆင့် တစ်ယောက် ရောက်လာလိမ့်မယ်။ ဒါပေမဲ့ သူက မိတ်ဆွေလား ရန်သူလားဆိုတာ ကျွန်တော် အခုထိ အတည်မပြုနိုင်သေးဘူး။”
ပေထျန်းလု အံ့အားသင့်သွားပြီးနောက်
“နားလည်ပါပြီ မင်းကြီး။ ကျွန်တော့်ကို ခွင့်ပြုပါဦး”
ဧကရာဇ်အဆင့်တစ်ဦး ချဉ်းကပ်လာသည်ကို လုချန်းက မည်သို့ သိသနည်းဟု ပေထျန်းလုက သိချင်သော်လည်း ထပ်မမေးတော့ပေ။
ဒါက ထျန်းဟုန် ဧကရီနှင့် ပတ်သက်နေနိုင်ကြောင်း သူ အကြမ်းဖျင်း ခန့်မှန်းလိုက်သည်။
ထျန်းဟုန် ဧကရီကို တွေးမိရင်း ပေထျန်းလု ကြက်သီးထသွားသည်။ ချင်းယွမ်နိုင်ငံမှ ဧကရာဇ်အဆင့်တစ်ပါး ရောက်လာလျှင် ထိုနိုင်ငံ ပြဿနာတက်တော့မည် ဖြစ်သည်။ ချင်းယွမ်နိုင်ငံ၏ ဧကရာဇ်အဆင့် သုံးပါးလုံးကို ထျန်းဟုန် ဧကရီက လိုက်လံ သတ်ဖြတ်နေမည့် ပုံရိပ်ကို တွေးကြည့်ရင်း ပေထျန်းလု ကျေနပ်နေမိသည်။
သို့သော် ခန့်မှန်းချက်သာ ဖြစ်၏။
လာမည့်သူ မည်သူဖြစ်မည်ကို မည်သူမှ တိတိကျကျ မပြောနိုင်သေးပေ။
သို့သော်လည်း လာမည့်သူက ချင်းယွမ်နိုင်ငံမှ တစ်ယောက်ယောက် ဖြစ်ပါစေဟု ပေထျန်းလု မျှော်လင့်နေသည်။
စာကြည့်ခန်းမှ ထွက်လာပြီးနောက် လုချန်း၏ ပင်မခန္ဓာက ချူးယုချင်ကို သွားရှာလိုက်သည်။ ထိုအခိုက်အတန့်တွင် ချူးယုချင်သည် လေပြင်းမိုးတိမ်ဆောင်ရှိ ကုတင်ကြီးပေါ်၌ အားအင်ကုန်ခမ်းလျက် လဲလျောင်းနေဆဲ ဖြစ်သည်။ သူမ၏ အသက်ရှူသံများ စိပ်နေပြီး သူမ၏ ဝတ်စုံမှာလည်း ဖရိုဖရဲ ဖြစ်နေသဖြင့် အလွန် ဆွဲဆောင်မှု ရှိနေပေသည်။
လုချန်း၏ ပင်မခန္ဓာ သူမဆီသို့ ထပ်မံ ချဉ်းကပ်လာသည်ကို မြင်လျှင် ချူးယုချင်၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားသည်။ ဧကရာဇ်လောင်းအဆင့် ကိုယ်ပွားနှင့်ပင် သူမက ခက်ခက်ခဲခဲ ရင်ဆိုင်နေရသည်ဖြစ်ရာ ယခု လုချန်း၏ ဧကရာဇ်အဆင့် ပင်မခန္ဓာ ချဉ်းကပ်လာတာကို သူမက မည်သို့မှ မခုခံနိုင်တော့ပေ။
ချူးယုချင်က အလျင်အမြန်ပင်
“ချန်းလေး... ဒေါ်လေး လုပ်စရာလေးတွေ ရှိတာ သတိရလာလို့။ အခုတော့ မင်းနဲ့ မနေပေးနိုင်တော့ဘူး။ ချင်းစီတို့ဆီပဲ သွားလိုက်ပါနော်။”
ထိုသို့ပြောပြီးနောက် သူမက ထရန် ပြင်လိုက်သည်။
ခန္ဓာကိုယ် အမြောက်အမြား ရှိနေသော လုချန်းသည် မည်သည့်အခါမှ မောပန်းလိမ့်မည် မဟုတ်ကြောင်း သူမ သတိရလိုက်သည်။ ဤအတိုင်းသာ ဆက်သွားလျှင် သူမ၏ စိတ်ဝိညာဉ် ပျက်စီးသွားပေလိမ့်မည်။ ထိုစဉ် သူမ၏ လက်ကောက်ဝတ်ကို သန်မာသော လက်တစ်ဖက်က ဖမ်းကိုင်လိုက်သည်ကို သူမ ခံစားလိုက်ရပြီး နောက်တစ်ခဏ၌ ကုတင်ပေါ်သို့ ပြန်တင်ခြင်း ခံလိုက်ရသည်။
ထိုစဉ်လုချန်း၏ နက်ရှိုင်းသော အသံ သူမ၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။
“ချစ်သူ... မင်းက လူများတဲ့နေရာကို မကြိုက်တာလား။ ဒါဆိုရင် နေရာပြောင်းရအောင်လေ။”
စကားမဆုံးခင်မှာပင် လုချန်းနှင့် ချူးယုချင်တို့ ချက်ချင်း ပျောက်ကွယ်သွားပြီး ချူးယုချင်၏ အိပ်ဆောင်သို့ ရောက်သွားကြသည်။ လုချန်း၏ ပင်မခန္ဓာနှင့် နှစ်ယောက်တည်း ရှိနေသည်ကို သိလိုက်ရလျှင် ချူးယုချင် ပို၍ပင် ထိတ်လန့်သွားသည်။ လေပြင်းမိုးတိမ်ဆောင်တွင် ရှိစဉ်က ညီအစ်မများ ရှိနေသဖြင့် သူမ၏ ဝန်ထုပ်ဝန်ပိုးကို ခွဲဝေယူနိုင်ပြီး ခဏခန့် အနားရခဲ့သည်။
ယခု လုချန်း၏ ပင်မခန္ဓာနှင့် နှစ်ယောက်တည်း ရှိနေခြင်းက သူမအတွက် ခက်ခဲသော အချိန်တစ်ခု ဖြစ်လာတော့မှာ သေချာသည်။ ချူးယူးချင် မည်သည့်စကားမှ မပြောနိုင်ခင်မှာပင် စိတ်ကျေနပ်မှုများအတွင်း သူမ နစ်မြောသွားပြီး လုချန်း၏ စိတ်တိုင်းကျ ခွင့်ပြုလိုက်ရတော့သည်။
ကိစ္စများ လုပ်ဆောင်နေစဉ် လုချန်းက သူမ၏ နားနားတွင် တိုးတိုးလေး ကပ်မေးလိုက်သည်။
“ချစ်သူ... ကိုယ် မင်းကို ယုချင်လို့ ခေါ်ရမလား။ ဒါမှမဟုတ် ယွမ်ကျိလို့ ခေါ်ရမလား။”
ချူးယုချင်၏ စိတ်များ ဗလာဖြစ်သွားပြီး ခန္ဓာကိုယ်လည်း တောင့်တင်းသွားသည်။ သို့သော် သူမနှင့် သူမ၏ ပင်မခန္ဓာကြားရှိ ဆက်သွယ်မှုကို လုချန်းက သိနေသည်မှာ အစောကတည်းက ဖြစ်ကြောင်း သူမက ချက်ချင်း သိလိုက်သည်။
လုချန်းသည် သိသိကြီးနှင့်ပင် တစ်ချိန်လုံး မသိဟန် ဆောင်နေခဲ့ခြင်း ဖြစ်သည်။ ယခင်က မသိဟန်ဆောင်ခဲ့သော လုချန်းက အဘယ်ကြောင့် ယခုမှ ထုတ်ပြောရသနည်းဟု ချူးယုချင်က ဇဝေဇဝါ ဖြစ်သွားသည်။ ဧကရာဇ်အဆင့် ဖြစ်သွားပြီ ဖြစ်သဖြင့် ရှန်ဝူဧကရာဇ်ကို မကြောက်တော့တာလား။
သူ့ကို ရှန်ဝူဧကရာဇ် အနိုင်မရနိုင်သူဟု သူ ထင်နေသလား။
…….
တစ်ချိန်တည်းမှာပင်။
ရှန်ယွဲ့နိုင်ငံ။
နန်းတော်အတွင်း၌။
ဧကရီ၏ အိပ်ဆောင်တွင် ချူးယွမ်ကျိသည် ကုတင်ပေါ်၌ နုံးချိစွာ လဲလျောင်းနေပြီး သူမ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပေါ်လွင်နေသည်။ သူမ၏ လျှို့ဝှက်ချက်ကို လုချန်းက သိသွားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့သဖြင့် သူမ၏ စိတ်နှလုံးထဲ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
လုချန်း နောက်ထပ် ဘာများ လုပ်ဦးမည်နည်း။
ဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် သူမနှင့် ချူးယုချင်ကြားရှိ ဆက်သွယ်မှုကို အချိန်မရွေး ဖြတ်တောက်နိုင်သော အင်အား သူ့တွင် ရှိနေသည်။ သူမသည် လက်စားချေသည့် အနေနှင့် လုချန်းကို ဒုက္ခများစွာ ပေးခဲ့ဖူးရာ ယခု လုချန်းက သူမကို မုန်းတီးနေမှာ သေချာသည်။ သူမ ချစ်မြတ်နိုးရသော အမျိုးသားက သူမကို မုန်းတီးနေလိမ့်မည်ဟူသော အတွေးက ချူးယွမ်ကျိ၏ နှလုံးသားကို အပြင်းအထန် နာကျင်စေသည်။
ကုတင်ပေါ်တွင် လဲလျောင်းရင်း ဘေးရှိ လုချန်းကို လှည့်ကြည့်၍ ချူးယုချင် သက်ပြင်းချလိုက်ကာ
“သူက သူပါပဲ။ ကျွန်မက ကျွန်မပါ။
ကျွန်မတို့က စိတ်အာရုံကနေတစ်ဆင့် ဆက်သွယ်ထားကြတာဆိုတော့ ကျွန်မ လုပ်သမျှ အရာအားလုံးကို သူ ခံစားနေရတာပါပဲ။”
“ရှင်က ကျွန်မတို့ကြားက ဆက်ဆံရေးကို သိနေတာ ကြာပြီပဲ။ ဘာဖြစ်လို့ အခုမှ ဒါကို ထုတ်ပြောရတာလဲ။”
……………..
အခန်း (၁၃၃၅ )
လုချန်း၏ ကလဲ့စား
လုချန်းက အမှန်တရားကို ဖွင့်ထုတ်ရန် ရည်ရွယ်ထားကြောင်း ချူးယုချင် သိသွားသဖြင့် သူမ ဆက်၍ ဟန်မဆောင်တော့ပေ။
သူမ၏ ပင်မခန္ဓာနှင့် လုချန်းကြားရှိ ဆက်သွယ်ရေးတံတားတစ်ခု အနေနှင့် ချူးယုချင်၏ စိတ်ထဲတွင်လည်း လိပ်ပြာမလုံ ဖြစ်နေခဲ့သည်။ သူမသည် အစောကတည်းက အရာအားလုံးကို လုချန်းအား ဖွင့်ပြောပြချင်နေခြင်းဖြစ်သည်။
လုချန်းက ချူးယုချင်၏ မွှေးပျံ့သော ပုခုံးများကို နောက်ဘက်မှ ဖက်ကိုင်ထားရင်း သူ လုပ်လက်စ ကိစ္စကို ဆက်လုပ်ကာ
“ဟူး.. ...ဒါကတော့ အဲ့ဒီ အဆိပ်ပြင်းတဲ့ မိန်းမ ချူးယွမ်ကျိကို လက်စားချေဖို့ပဲ။”
လုချန်းက သူမကို အဆိပ်ပြင်းသူဟု ခေါ်လိုက်သည်ကို ကြားလျှင် ချူးယွမ်ကျိ ပို၍ စိတ်မကောင်း ဖြစ်သွားသည်။ လုချန်းကို အလွန် ချစ်မြတ်နိုးရာမှ အဘယ်ကြောင့် မုန်းတီးမှုများဖြင့် လက်စားချေလိုသူအဖြစ် ပြောင်းလဲသွားရတာလဲ ဆိုတာကို သူမ ကိုယ်တိုင်ပင် နားမလည်နိုင်တော့ပေ။
ထိုအခိုက်အတန့်တွင် ချူးယုချင် ဘာပြောရမှန်း မသိတော့ပေ။ သူမသည် ချူးယွမ်ကျိနှင့် အဆက်အသွယ် ဖြတ်ထားသည် ဆိုသော်ငြား သူမသည် ချူးယွမ်ကျိ၏ ကိုယ်ပွားသာ ဖြစ်သည်။ ချူးယွမ်ကျိ မရှိလျှင် သူမလည်း ရှိလာမည် မဟုတ်ပေ။ လုချန်းက ချူးယွမ်ကျိကို အဆိပ်ပြင်းသူဟု ခေါ်ဆိုခြင်းက ချူးယုချင်ကိုလည်း အနည်းငယ် ဝမ်းနည်းစေသည်။ ချူးယွမ်ကျိကို အဆိပ်ပြင်းသည်ဟု ဆိုခြင်းက သူမကိုပါ ရည်ညွှန်းနေသကဲ့သို့ ဖြစ်မနေဘူးလား။
သို့သော် ချူးယွမ်ကျိ လုပ်ခဲ့သော အမှုများကို ပြန်တွေးကြည့်ရင်း ချူးယုချင် ပြန်လည် မချေပနိုင်ခဲ့ပေ။ သူမသည် စိတ်ပိုင်းဆိုင်ရာအားဖြင့် ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။ လုချန်း သူမအပေါ် ဘာပဲလုပ်လုပ် သူမ လက်ခံနိုင်သည်။
ခဏခန့် တိတ်ဆိတ်သွားပြီးနောက် ချူးယုချင်က
“မင်းကြီး... ဒီအခြေအနေ ရောက်မှတော့ ပြောစရာရှိတာကို ယွမ်ကျိကို တိုက်ရိုက်ပဲ ပြောလိုက်ပါတော့။ ကျွန်မရဲ့ ခန္ဓာကိုယ်ကို သူရဲ့ စိတ်အာရုံနဲ့ ထိန်းချုပ်ခွင့် ခဏလောက် ပေးလိုက်ပါ့မယ်။”
လုချန်းက ပြုံး၍
“ကောင်းပြီလေ”
လုချန်း သဘောတူသည်ကို မြင်လျှင် သူမ၏ စိတ်အာရုံမှတစ်ဆင့် ချူးယွမ်ကျိကို ချက်ချင်း ဆက်သွယ်လိုက်သည်။
“နင် အိမ်မက်မက်နေခဲ့တဲ့ အခွင့်အရေး ရောက်လာပြီ။ သူ နင့်ကို လက်ခံမလား မခံဘူးလား ဆိုတာကတော့ နင့်အပေါ်မှာပဲ မူတည်တယ်။”
ချူးယွမ်ကျိစိတ်ထဲ အလွန်စိုးရိမ်နေသော်လည်း နောက်ဆုံးတွင် ချူးယုချင်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် ရွေးချယ်လိုက်သည်။ ဒီလိုနေ့မျိုးကို ရှောင်လွှဲ၍ မရမှန်း သူမ သိ၏။ ရှောင်ပြေးနေခြင်းက အကျိုးမရှိပေ။ ထို့ပြင် လုချန်း ဘာတွေတွေးနေခဲ့သလဲ ဆိုတာကိုလည်း သူမ တကယ် သိချင်နေသည်။
သူအဘယ်ကြောင့် သူမကို လက်မခံခဲ့ရသနည်း။
သူမသည် ရုပ်မဆိုးသလို ကျင့်ကြံခြင်းတွင်လည်း ပါရမီထူးချွန်သည်ဟု သူမကိုယ်သူမ ယုံကြည်သည်။ ရှန်ယွဲ့နိုင်ငံ တစ်ခုလုံးတွင် သူမကို ထူးချွန်သော အမျိုးသမီးတစ်ဦးအဖြစ် သတ်မှတ်ကြသည်။ သို့သော်လည်း လုချန်းသည် သူမအပေါ် အမြဲတမ်း အေးစက်ခဲ့သည်။
ချူးယုချင်၏ ခန္ဓာကိုယ်ကို အပြည့်အဝ ထိန်းချုပ်လိုက်လျှင် ရင်းနှီးပြီး သက်သောင့်သက်သာရှိသော ခံစားချက်က ပို၍ ထင်ရှားလာသည်။ အစက စိတ်အာရုံ ဆက်သွယ်မှုမှတစ်ဆင့်သာ ခံစားခဲ့ရသော်လည်း ယခုမူ သူမကိုယ်တိုင် လုချန်းနှင့် တိုက်ရိုက် ထိတွေ့နေရပြီ ဖြစ်သည်။
အသားမကျသေး၍ ဖြစ်နိုင်၏။ ချူးယုချင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် အားနည်းသွားပြီး ကုတင်ပေါ်သို့ ပုံကျသွားသည်။ လုချန်းက ချူးယုချင်၏ ချောမွတ်သော ကျောပြင်ကို တင်းကျပ်စွာ ဖိကပ်ထားသည်။
ချူးယွမ်ကျိက သူမ၏ လက်ကို မြှောက်ကာ ကုတင်ပေါ်တွင် အားယူ၍ ထရန် ကြိုးစားသော်လည်း အားအင်ကုန်ခမ်းနေသဖြင့် မလှုပ်ရှားနိုင်ပေ။ သူမသည် လုချန်းကို ကျောခိုင်းလျက် ထိုနေရာတွင်သာ လဲလျောင်းနေရတော့သည်။
သူမ စိတ်ထဲတွင်
“ဒါကလည်း မဆိုးပါဘူး။လုချန်းနဲ့ မျက်လုံးချင်း တိုက်ရိုက်ဆုံတာကို ရှောင်လို့ရတာပဲ” ဟု တွေးလိုက်သည်။
ယခု လုချန်းကို ရင်ဆိုင်ရန် သူမ တကယ်ပင် မရဲတော့ပေ။ ထိုသို့တွေးကာ ချူးယွမ်ကျိသည် သူမ၏ ခေါင်းကို ခေါင်းအုံးထဲတွင် မြှုပ်ထားရင်း လုချန်း၏ လက်စားချေမှုကို စောင့်ဆိုင်းနေလိုက်သည်။
ချူးယွမ်ကျိက သူ၏ အကြည့်ကို ရှောင်နေသည်ကို မြင်လျှင် လုချန်းက သူမ၏ နားနားသို့ ကပ်၍
“မင်းလို အဆိပ်ပြင်းတဲ့ မိန်းမက ကိုယ့်ကို ဒုက္ခတွေ အများကြီး ပေးခဲ့ပြီးတော့ အခုကျမှ ဘာလို့ ကိုယ့်ကို မကြည့်ရဲရတာလဲ။ အခုမှ အရှက်ရနေတာလား။”
လုချန်းသည် ချူးယွမ်ကျိအပေါ် လက်စားချေမှုကို ပြင်းပြင်းထန်ထန် ဆက်လုပ်နေပြီး သူမကတော့ သူမကိုယ်သူမ ထိန်းချုပ်နိုင်ရန် အံကြိတ်၍ တောင့်ခံနေရသည်။ လုချန်းက ဖီးနစ်တစ်ရာ ဂါရဝပြုကျင့်စဉ်ကို အသုံးပြုကာ သူတို့၏ စိတ်ဝိညာဉ်စွမ်းအားများကို ချိတ်ဆက်လိုက်သည်။
နောက်တစ်ခဏတွင် သူတို့၏ ခန္ဓာကိုယ်နှစ်ခုမှ ခံစားချက်များ တစ်ထပ်တည်း ကျသွား တော့သည်။ မကြာမီမှာပင် ချူးယွမ်ကျိ မအောင့်နိုင်တော့ပဲ ညည်းညူသံ တစ်ချက် ထွက်ပေါ်လာသည်။ ချူးယွမ်ကျိ သူ့ကို ပေးခဲ့သော ဒုက္ခများကို တွေးမိလေလေ လုချန်း၏ ဒေါသ ကြီးထွားလာလေလေဖြစ်ပြီး လက်စားချေမှုကို ပို၍ တိုးမြှင့်လိုက်သည်။
ချူးယွမ်ကျိအဖို့ လုချန်းနှင့် ဤသို့ တိုက်ရိုက်ထိတွေ့ရခြင်းက ပထမဆုံးအကြိမ် ဖြစ်သဖြင့် မကြာမီမှာပင် သူမ တောင့်မခံနိုင်တော့ပေ။ သူမက ခေါင်းကို အနည်းငယ်မော့ကာ လှည့်ကြည့်ရင်း ငိုယိုကာ ပြောလိုက်သည်။
“ကျွန်မ... ကျွန်မ မှားမှန်း သိပါပြီ... ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ...”
လုချန်းက သူ၏ လုပ်ဆောင်ချက်များကို မရပ်တန့်ပဲ ရက်ရက်စက်စက် ပြောလိုက်သည်။
“မင်းက တောင်းပန်ဖို့တောင် သတ္တိရှိသေးတယ်ပေါ့။ ကိုယ်သာ ကံကြမ္မာရဲ့ သားတော် မဟုတ်ရင် မင်းလက်ထဲမှာ အစောကြီးကတည်းသေနေလောက်ပြီ။ ဒီနေ့ ကိုယ်မင်းကို အလွတ်ပေးမလား ကြည့်ကြတာပေါ့။”
ဖရိုဖရဲ ဖြစ်နေသော ဆံနွယ်များနှင့် ရင့်ကျက်တည်ငြိမ်သော ချူးယွမ်ကျိ၏ မျက်နှာပေါ်တွင် မျက်ရည်များဖြင့် စိုရွှဲနေသည်။ နောက်တစ်ခဏတွင် အခန်းတွင်း၌ သူမ၏ နာကျင်စွာ အော်ဟစ်သံများဖြင့် ပြည့်နှက်သွားတော့သည်။
ခန္ဓာကိုယ်အတွင်းမှ အရာအားလုံးကို ကြည့်ရှုနေသော ချူးယုချင်ကတော့ ဝမ်းမနည်းသည့်အပြင် စိတ်ဓာတ်များ တက်ကြွနေသည်။ လုချန်း အလွန်ဒေါသထွက်နေသော်လည်း ချူးယွမ်ကျိကို သတ်ရန် ဆန္ဒမရှိကြောင်း သူမ သိနိုင်သည်။ လုချန်းသည် ချူးယွမ်ကျိကို နောင်တွင် စိတ်ရှိတိုင်း နှိပ်စက်နိုင်သည့် သူ၏ အိမ်မွေးတိရစ္ဆာန် တစ်ကောင်အဖြစ် ဖန်တီးလိုပုံ ရသည်။
သို့သော် ဤအရာသည် ချူးယွမ်ကျိ ခံယူသင့်သော ဝဋ်ကြွေးပင် ဖြစ်သည်။ မကြာမီ အနာဂတ်တွင် ချူးယွမ်ကျိနှင့် သူမ လုချန်းကို အတူတူ အလုပ်အကျွေး ပြုကြရပေလိမ့်မည်။
နောက်တစ်နေ့အထိ နေ့ရောညပါ ချူးယွမ်ကျိ သတိလစ်သွားသည်အထိ သူ၏ လက်စားချေမှုကို လုချန်း ဆက်လက် လုပ်ဆောင်ခဲ့သည်။ ချူးယုချင်က သူမ၏ ခန္ဓာကိုယ်ကို ပြန်လည် ထိန်းချုပ်လိုက်မှသာ သူ၏ လက်စားချေမှုကို ရပ်တန့်လိုက် တော့သည်။
ချူးယုချင်က ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်လာသည်ကို ခံစားမိလျှင် လုချန်းက သူမကို တစ်ဖက်သို့ လှည့်လိုက်ပြီး သူမ၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
ချူးယုချင်က
“အခု ဒေါသပြေသွားပြီလား”
လုချန်းက ရယ်မောပြီး
“ဒေါသပြေဖို့က အဲဒီလောက် မလွယ်ဘူး။ နောက်ပိုင်း သူရဲ့ ပင်မခန္ဓာကို ဖမ်းမိတဲ့အခါကျမှ သူရဲ့ အိပ်မက်ဆိုးက တကယ် စမှာ။”
ထိုသို့ပြောရင်း လုချန်းက လက်ကိုမြှောက်ကာ ချူးယုချင်၏ ဖရိုဖရဲဖြစ်နေသော ဆံနွယ်များကို နားနောက်သို့ အသာအယာ သပ်တင်ပေးလိုက်သည်။
“သူ ဘာလို့ ထွက်ပြေးသွားတာလဲ”
ချူးယုချင်က
“ဒါက ယွမ်ကျိအတွက် မင်းကြီးနဲ့ တိုက်ရိုက် ထိတွေ့ရတဲ့ ပထမဆုံးအကြိမ်မို့လို့ပါ။ ဒါ့အပြင် အခု မင်းကြီးက ဧကရာဇ်အဆင့် ဖြစ်နေတော့ သူ တောင့်မခံနိုင်ပဲ သတိလစ်သွားတာပါ။”
လုချန်း၏ နှုတ်ခမ်းထက်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာ၏။
“တစ်ရက်နဲ့ တစ်ညပဲ ရှိသေးတယ် သူ သတိလစ်သွားပြီပေါ့။”
ထိုသို့ပြောပြီးနောက် လုချန်း ဆက်မလုပ်တော့ပေ။ ထို့နောက် ချူးယုချင်၏ ခန္ဓာကိုယ်ကို ပွေ့ဖက်ကာ ကုတင်ပေါ်တွင် ပက်လက်လှန် လဲလျောင်းလိုက်ပြီး သူမကို သူ၏ ရင်ခွင်ပေါ်တွင် မှီလျက် လဲလျောင်းစေလိုက်သည်။
ထို့နောက် ချူးယုချင်၏ ချောမွတ်သော ကျောပြင်ကို အသာအယာ ပွတ်သပ်ပေးရင်း
“ကိုယ် ဧကရာဇ်အဆင့်ကို တက်လှမ်းပြီးတဲ့နောက်မှာ ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အသစ်ပြန်လည် ပုံဖော်ခဲ့တယ်။ ကိုယ့်အဖေက ကိုယ့်ရဲ့ အခြေအနေကို သိသွားလောက်ပြီ။”
ထိုအရာကို ကြားလျှင် လုချန်း အဘယ်ကြောင့် ယနေ့တွင် အရာအားလုံးကို ဖွင့်ပြောခဲ့ကြောင်း ချူးယုချင် ချက်ချင်း နားလည်သွားသည်။ ချူးယွမ်ကျိကို အသုံးပြု၍ ရှန်ဝူဧကရာဇ်၏ လက်ရှိအခြေအနေကို သူ စုံစမ်းလိုပုံရသည်။
ချူးယုချင်က
“မင်းကြီးက ခန္ဓာကိုယ် အသစ်ဖန်တီး လိုက်တဲ့အတွက် မင်းကြီးရဲ့ မူလခန္ဓာကိုယ်က သေဆုံးသွားပြီလို့ သတ်မှတ်လို့ရတယ်။ ရှန်ဝူဧကရာဇ်က သွေးမျိုးဆက်ကတစ်ဆင့် မင်းကြီး သေဆုံးသွားပြီလို့ ခံစားမိမှာပါ။ ဒါက တကယ်တော့ ကောင်းတဲ့အချက် ဖြစ်နိုင်ပါတယ်။”
ချူးယွမ်ကျိထံမှ ချူးယုချင် သိထားသလောက်ဆိုလျှင် ရှန်ဝူဧကရာဇ်သည် လုချန်းကို အစောကတည်းက လက်လျှော့ထားပြီး
ဖြစ်သည်။ လုချန်း သေဆုံးသွားလျှင်ပင် ရှန်ဝူဧကရာဇ်က ဂရုစိုက်မည် မဟုတ်ပေ။ တကယ်တော့ လုချန်း သေဆုံးခြင်းက ရှန်ဝူဧကရာဇ်အတွက် ကောင်းသောအချက်ပင် ဖြစ်နိုင်သည်။
ရှန်ဝူဧကရာဇ်၏ စွမ်းရည်အရ ဆိုလျှင် ချူးယွမ်ကျိက လုချန်းအပေါ် ကောင်းကင်ပြောင်းလဲခြင်း ကျောက်တုံး ကို အသုံးပြုခဲ့ကြောင်း မသိတာ မဖြစ်နိုင်ပေ။
သို့သော်လည်း သူဝင်မတားခဲ့ပေ။ ဤအချက်က လုချန်းကို စမ်းသပ်မှုတွင် ကျရှုံးစေလိုကြောင်း ပြသနေသည်။
ချူးယွမ်ကျိနှင့် လုချန်းတို့ အတိတ်က ခံစားချက်များ ပြန်လည် နိုးထလာမည်ကို ရှန်ဝူဧကရာဇ် စိုးရိမ်နေတာ ထင်ရှားသည်။ အတိတ်တုန်းက ချူးယွမ်ကျိသည် လုချန်းကို အလွန်အမင်း ချစ်မြတ်နိုးခဲ့၏။ သို့သော် ရှန်ဝူဧကရာဇ်က သူမကို အတင်းအကျပ် လက်ထပ်ယူခဲ့သည်။
လုချန်းက
“ကိုယ် စိုးရိမ်တာက ကိုယ် ဧကရာဇ်အဆင့် တက်လှမ်းသွားတာ သူ သိသွားမှာကိုပဲ။”
“ဟုန်ဟုန်က ရှနိုင်ငံဆီ ဧကရာဇ်အဆင့် တစ်ယောက် ချဉ်းကပ်လာတာကို ခံစားမိတယ်လို့ ပြောတယ်။ အဲဒါ ရှန်ဝူဧကရာဇ် ဖြစ်မှာကို ကိုယ် စိုးရိမ်နေတာ။”
ချူးယုချင်က
“သူ မဖြစ်နိုင်ပါဘူး။ မင်းကြီး ဧကရာဇ်အဆင့် ဖြစ်သွားရင် ရှန်ဝူဧကရာဇ်က မင်းကြီးအပေါ် စိတ်ဝင်စားမှု လျော့သွားမှာပါ။ မင်းကြီးက မူလခန္ဓာကိုယ်နဲ့ ရှန်ဝူဧကရာဇ်ရဲ့ သွေးမျိုးဆက်ကို စွန့်လွှတ်လိုက်ပြီလေ။ သူ မင်းကြီးကတစ်ဆင့် တိုက်ရိုက် ပြန်လည်ဝင်စားဖို့ မဖြစ်နိုင်တော့ဘူး။”
ချူးယုချင်၏ သုံးသပ်ချက်ကို ကြားပြီးနောက် အကျိုးကြောင်းဆီလျော်သည်ဟု လုချန်း ခံစားရသည်။ သို့သော်လည်း ချူးယွမ်ကျိနှင့် ထပ်မံ အတည်ပြုရန် သူ စဉ်စားထားဆဲ ဖြစ်သည်။