← Chapters

ဓားငှားပြီး လူသတ်ခြင်း

Vol. 41 Ch. 564

ဓားငှားပြီး လူသတ်ခြင်း

Vol. 41 Ch. 564

ဧကရာဇ်မုန့်က လမ်းကြောင်းကို ဦးဆောင်ပေးနေရာ ခရီးလမ်းက ချောမွေ့ပြီး အဟန့်အတားမရှိပေ။ တစ်နာရီသာကြာပြီးနောက် သူတို့သည် နယ်မြေ၏ အရှေ့မြောက်အရပ်ရှိ ပင်လယ်သို့ ရောက်သွားကြသည်။

သားရဲလူသားနယ်မြေက နတ်မြင်းပျံနယ်မြေနှင့် အစွမ်းနည်းပါးသော ပင်လယ်နတ်ဆိုးလေးများ ရှိနေသော ကုန်းတွင်းပိုင်း ပင်လယ်တစ်ခု ခြားပေ၏။ ကုန်းတွင်းပိုင်း ပင်လယ်ကို ဖြတ်ကျော်ပြီးနောက် သူတို့သည် နတ်မြင်းပျံနယ်မြေသို့ ရောက်ပေလိမ့်မည်။

“သခင်လေး ဒါက ပျံသန်းခြင်း သားရဲပင်လယ်လား ဒီမှာ ပင်လယ်ငှက်တွေ အများကြီးပဲ”

ရထားလုံးပျံက ပင်လယ်ထက်တွင် ဖြည်းဖြည်းချင်း ရပ်သွားပြီးနောက် အစိမ်းရောင်ပုံရိပ်က လျှောက်ထွက်လာကာ ပတ်ဝန်းကျင်ကို စူးစမ်းလျက် တစ်ချက်ကြည့်လိုက်သည်။ ကျန်းရီ၊ ဖုန်းလန်နှင့် ချင်ယွီတို့ကလည်း မကြာမီ၌ ထွက်လာကြ၏။

“ဒီမှာတစ်ရက်လောက် အနားယူကြရအောင် ချင်ယွီတဲထိုးလိုက် ငါတို့မနက်ဖြန် သွားမယ်”

ကျန်းရီက လက်ဝှေ့ပြလျှက် ချင်ယွီက သူခေါ်တာကို ကြားသည်နှင့် တဲစတင် ထိုးလိုက်တော့သည်။ ကျန်းရှောင်နူက အလွန်စိတ်လှုပ်ရှားနေ၏။ သူမက ကျန်းရီကို ထပ်ဂရုမစိုက်တော့ဘဲ ပင်လယ်ကမ်းခြေဆီ ပြေးသွားကာ ပင်လယ်ငှက်များကို တအံ့တသြ ဖြစ်နေလေ၏။

ဘီး

ကျန်းရီ၏လက်ထဲတွင် စကြ၀ဠာနန်းတော်က ပေါ်လာပြီး လူနှစ်ယောက် ပေါ်လာလေ၏။ ကျန်းရီသည် ဤနေရာတွင် ညဘက်နားချင်ရသည့် အကြောင်းအရင်းမှာ ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့က သူတို့တံခါးပိတ် ကျင့်ကြံမှုမှ ထွက်လာကြောင်း အာရုံခံမိလိုက်သောကြောင့် ဖြစ်သည်။ သူတို့သည် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာခဲ့သောကြောင့် ကျန်းရီသည် သူတို့လေကောင်းလေသန့် အချို့ရရန်အတွက် သူတို့ကို လွှတ်ပေးချင်တာ သဘာဝကျသည်။

“ကျန်းရီ”

“စစ်သေနာပတိ”

ယွင်ဖေးနှင့် ကျန့်ဝူရွှမ်းတို့က စကြ၀ဠာနန်းတော်ထဲ၌ အစာခြောက်များသာ စားနေရ၏။ ရုတ်တရက် သူတို့ရှေ့တွင် အဖြူရောင်အလင်းက ဖြတ်ခနဲပေါ်လာပြီး သူတို့အပြင်ရောက်နေပြီမှန်း သိလိုက်ရ၏။ သူတို့ကို ပြုံးလျှက်ကြည့်နေသော ကျန်းရီကို မြင်သည့်အချိန်တွင် စိတ်ပျော်ရွှင်သွားတော့သည်။

“အစ်ကိုကြီးဝူရွှမ်း ယွင်ဖေး”

ကျန်းရီသည် ကျန့်ဝူရွှမ်းကို ခင်မင်ရင်းနှီးစွာ ဖက်လိုက်လေ၏။ ယွင်ဖေးကလည်း ပြေးလာရာ တဲထိုးနေသော ချင်ယွီနှင့် ဖုန်းလန်တို့ကို တွေ့ပြီး သူမက သိချင်စိတ်ဖြင့် မမေးဘဲ မနေနိုင်တော့ချေ။

“စစ်သေနာပတိ သူတို့က ဘယ်သူတွေလဲ”

ကျန်းရီသည် စုန်းနတ်ဘုရား၏ မျိုးဆက်ဖြစ်ပြီး အင်ပါယာ၏ စစ်သေနာပတိချုပ် ဖြစ်ပေ၏။ ယွင်ဖေးကသူ့ကို စစ်သေနာပတိဟု ခေါ်နေကြဖြစ်ကာ ကျန်းရီကလည်း အသားကျနေပြီဖြစ်သည်။ သူက အကြမ်းဖျင်း ရှင်းပြပြီးနောက် ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့ကို ကျန်းရှောင်နူအားခေါ်ပြီး လမ်းလျှောက်ရန် ပြောလိုက်လေ၏။

ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့ကလည်း မေးမြန်းတာ ရပ်တန့်လိုက်သည်။ စကြ၀ဠာနန်းတော်ထဲ၌ အချိန်ကြာညောင်းစွာ နေထိုင်ပြီးနောက် သူတို့က အပြင်ထွက် လမ်းလျှောက်ရတာကို အလွန်စိတ်ကျေနပ်နေသောကြောင့် ကျန်းရီကို မြန်မြန်ဆန်ဆန် ထားသွားလေ၏။

“ဖုန်းအာ”

ကျန်းရီက ဖုန်းလန်ကို အချက်ပြလိုက်၏။ သူဆိုလိုသည့် ရည်ရွယ်ချက်ကို သူမနားလည် သဘောပေါက်သောကြောင့် ဧကရာဇ်မုန့်ဆီ မြန်မြန်လျှောက်သွားပြီး အမိန့်ပေးလိုက်သည်။

“အခုမင်းရဲ့ ဧကရာဇ်မြို့တော်ဆီသွားပြီး သားရဲမျိုးနွယ်စုက သိုင်းပညာရှင်တွေအားလုံးကို ဆင့်ခေါ်လိုက် ပြီးရင် ထူလွေ့သေဆုံးကြောင်း ကြေညာ ပြီးတော့ သခင်လေးဖေးရီအတွက် ရှာဖွေခွင့် ထုတ်ပြန်လိုက် ဒါကသူ့ရဲ့ပုံတူပဲ မျိုးနွယ်စုတိုင်းနဲ့ နယ်မြေရဲ့ မြို့တိုင်းမှာ ထားလိုက်”

ဖုန်းလန်ကသူ့ကို အသေးစိတ် ညွှန်ကြား၏။ ဧကရာဇ်မုန့်သည် ဧကရာဇ်မြို့ဆီသို့ ပြန်ရန်အတွက် ရထားလုံးပျံကို ယူသွားကာ သူနှင့်အတူ ပုံတူတစ်ခု ယူသွားသည်။ ဖုန်းလန်နှင့် ကျန်းရီက သူ့ကိုမသတ်ခဲ့ပေ။ စေတနာထက်သန်သောကြောင့် မဟုတ်ဘဲ သူတို့၏ ချမှတ်ထားသော အကြံအစည်ကို အကောင်အထည် ဖော်ရန်ဖြစ်သည်။

ထူမျိုးနွယ်စုသည် ထူလွေ့အသတ်ခံရကြောင်း သိရှိပြီးနောက် ဒေါသထွက်သွားမှာ သေချာ၏။ မကြာမီ၌ တမန်တော်များသည် လူသတ်သမားကိုရှာရန် ရောက်လာပေမည်။

ထို့ကြောင့် ကျန်းရီနှင့် ဖုန်းလန်တို့က သခင်လေးဖေးရီကို ဖန်တီးပြီးနောက် သူ့အတွက် ပုံတူတစ်ခု ရေးဆွဲခဲ့သည်။ သူကကျန်းရီနှင့် အနည်းငယ် ဆင်တူသော်ငြား သူ၏ခေါင်းပေါ်၌ ဂျိုအသေးလေးများရှိ၏။

ဖုန်းမျိုးနွယ်စုမှ သိုင်းပညာရှင် အများစုသည် နတ်မြင်းပျံနယ်မြေကို ဖြတ်သန်းသွားဖူးပြီး ထိုနယ်မြေနှင့် အတော်လေး ရင်းနှီးနေပေ၏။ နတ်မြင်းပျံမျိုးနွယ်စု၌ အစွမ်းအထက်ဆုံးက ခေါင်းပေါ်တွင် ဂျိုအသေးလေး နှစ်ချောင်းရှိသည့်သူများဖြစ်သည်။

ကျန်းရီနှင့် ဖုန်းလန်တို့က ထူလွေ့ကို သတ်သွားသူအတွက် နတ်မြင်းပျံမျိုးနွယ်စုကို စွပ်စွဲရန် ပြင်လိုက်သည်။ ယင်း၌ အကျိုးအမြတ် နှစ်မျိုးရှိပေ၏။ ပထမအချက်က နတ်မြင်းပျံမျိုးနွယ်စုက အစွမ်းထက်သည်။ သူတို့က အရှေ့ပိုင်း တော်ဝင်နယ်မြေ၌ ဖြုံလောက်သည့် လွှမ်းမိုးမှုတစ်ခုလည်း ရှိသည်ဟု ဆိုနိုင်ပေသည်။

ထူမျိုးနွယ်စုသည် နတ်မြင်းပျံမျိုးနွယ်စုနှင့် စော်ကားပြောဆိုမှုအကြောင်း စောင့်ထိန်းခဲ့မယ်ဆိုလျှင် သူတို့က လက်စားချေရန်ကို လက်လျော့လိုက်မှာပဲဖြစ်သည်။

ဒုတိယအချက်အနေဖြင့် ကိုယ်စားလှယ်အဖွဲ့က သားရဲလူသား သိုင်းပညာရှင်များကို ဦးဆောင်ပြီး လူသတ်သမားကို ရှာရန်အတွက် နတ်မြင်းပျံနယ်မြေကို သွားခဲ့လျှင် နတ်မြင်းပျံ နယ်မြေတွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်နိုင်လေ၏။ ဒီတော့မှ နတ်မြင်းပျံနယ်မြေကို သူတို့ဖြတ်သန်းသွားလာသည့် အချိန်တွင် ပိုလုံခြုံမှာပဲဖြစ်သည်။

အစီအစဉ်က ကောင်းမွန်၏။ သို့သော် ရည်ရွယ်ထားသည့်အတိုင်း ဖြစ်မည်လားဟူသည်ကို ကောင်းကင်ဘုံကသာ ဆုံးဖြတ်ပေးလိမ့်မည်။

ဧကရာဇ်မုန့် ထွက်သွားပြီးနောက် ကျန်းရီက ဖုန်းလန်ကို ကင်းစောင့်ခိုင်းလိုက်ပြီးနောက် သူသည်ကျန့်ဝူရွှမ်းတို့အဖွဲ့နှင့် စကားပြောရန်အတွက် တစ်ကိုယ်တည်း ထွက်သွားသည်။

သူကအရက်သောက်လျက် ကျန့်ဝူရွှမ်းနှင့် စကားပြောဆိုနေလေသည်။ ကျန်းရီက ဤအချိန်အတောအတွင်း သူ့အတွေ့အကြုံများ အားလုံးကို ပြောပြပြီး ချမ်ဝမ်ကွမ်း၏ အဖြစ်အပျက်ကိုလည်း ပြောပြခဲ့သည်။ ထင်သည့်အတိုင်း ကျန့်ဝူရွှမ်းသည် ချမ်ဝမ်ကွမ်းကို မနာလိုတာမျိုး မရှိဘဲ သူ့အတွက် စိတ်ရင်းအမှန်ဖြင့် ပျော်ရွှင်နေလေသည်။

ကျန့်ဝူရွှမ်းက သူလိုချင်သည့်အရာကို အလွန်ရှင်းရှင်းလင်းလင်း သိသည်။ သူကယုံကြည်ချက်ရှိပြီး ရည်မှန်းချက် ရှိသူဖြစ်သည်။ သူသည် စိတ်ဝိညာဉ်မျှောလွင့်ခရီးသွား ဆဌမအဆင့်တွင်သာ ရှိသည့်တိုင် လုံ့လဝိရိယရှိရှိ ကျင့်ကြံပေ၏။ သူသည် ဗာဂျရာနယ်ပယ် သို့မဟုတ် ကောင်းကင်ဧကရာဇ်နယ်ပယ်ကို ရောက်ရန်အခွင့်အရေးကို ဘယ်တော့မှ မရခဲ့ပေ။ ထို့ကြောင့် စိတ်ဝိညာဉ်တာအိုပုံစံ အက်ကွဲမှုကို ကျင့်ကြံခြင်းက သူ့ကိုပျက်စီးစေနိုင်၏။

ကျန်းရီသည် ပုရွက်ဆိတ်လူသား၏ ခန္ဓာကိုယ်မှ ရရှိလာခဲ့သော မြေပုံကို ယွင်ဖေးအား ပေးလိုက်ရာ သူမက စိတ်ဝင်စားမှု ပြလာလေသည်။ ငယ်ရွယ်စဉ်ကတည်းက ယွင်ဖေးသည် သူမမျိုးနွယ်စုများ၏ လွှမ်းမိုးမှုကြောင့် မှော်အတတ်ပညာများနှင့် အစီအရင်များကို နှစ်ခြိုက်ပေ၏။ ကျန်းရီသည် သူမကို စုန်းနတ်ဘုရားဆီမှ အစီအရင်များအကြောင်း စာအုပ်ကိုပေးပြီးနောက် သူမရင်ထဲ သူတို့ကို နားလည်သဘောပေါက်စေရန် လေ့လာဆင်ခြင်ဖို့ရာ စိတ်ရောကိုယ်ပါ လိုလားပေ၏။ ရှားရီမြို့ထဲရှိ တိုက်ပွဲကာလအတွင်း သူမ၏ အစီအရင်များက မဟာမိတ် တပ်ဖွဲ့များကို အချိန်အတော်ကြာ လိုက်နိုင်ခဲ့၏။ သူမသည် အစီအရင်အရာ၌ ပါရမီထူးကြောင်း ပြသနေတာပဲဖြစ်သည်။

လူတိုင်းက တစ်ညတာ အနားယူလိုက်လေ၏။

အာရုံတက်အချိန်တွင် ကျန်းရီက ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့ကို အထဲသို့ ပြန်ခေါ်လိုက်သည်။ သူကဖုန်းလန်၊ ချင်ယွီ၊ ကျန်းရှောင်နူတို့ကိုခေါ်ပြီး ယာ့ဇီသားရဲနှင့်အတူ ပင်လယ်အောက်သို့ ဆင်းလိုက်တော့သည်။

ဖုန်းလန်က ရထားလုံးပျံရှိပြီး သူတို့က ပျံသန်းခြင်း သားရဲပင်လယ်ထက်၌ သက်တောင့်သက်သာ ပျံသန်းနိုင်ပေ၏။ သို့သော် သူတို့က ပစ်မှတ်တစ်ခုဖြစ်ရန် အရွယ်အစား ကြီးလွန်းနေသည်။ ကုန်းတွင်းပိုင်း ပင်လယ်ထဲ၌ အစွမ်းထက်သော ပင်လယ်နတ်ဆိုး များများစားစား မရှိသောကြောင့် ရေအောက်လမ်းကြောင်းက ပိုဖုံးကွယ်နိုင်ပြီး ပိုလုံခြုံပေလိမ့်မည်။

ရွှီး ရွှီး ရွှီး

ကျန်းရီနှင့်အဖွဲ့ ထွက်ခွာသွားပြီးနောက် လူအချို့က ကမ်းခြေတောအုပ်ထဲ၌ ရုတ်တရက် ပေါ်လာလေသည်။ သူတို့အားလုံးက ဝတ်ရုံနက်များ ဝတ်ထားပြီး ခမောက်များ ဆောင်းထား၏။ သူတို့မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ရန် နည်းလမ်းမရှိချေ။

ဝတ်ရုံနက်ဖြင့် လူလေးဦးက ဝတ်ရုံနက်ဖြင့် အရပ်ရှည်ရှည် လူတစ်ဦးကို ဝန်းရံလျက် သူတို့က တရိုတသေ လက်သီးဆုပ်ထားလေ၏။

“ခန်းမသခင် ကျန်းရီနဲ့ သူအဖွဲ့တို့ ထွက်ခွာသွားပါပြီ ကျွန်တော်တို့ လိုက်မှာလား”

“လိုက်ဖို့လား ဘယ်လိုလိုက်ရမှာလဲ”

ခန်းမသခင်ဟု အမည်တပ် ခေါ်ဝေါ်ခံရသော ဝတ်ရုံနက်ဖြင့်လူက ခေါင်းအနည်းငယ် မော့လိုက်ပြီး ရင့်ရော်သောမျက်နှာက ပေါ်လာ၏။ သူကခေါင်းခါကာ ပြောလိုက်သည်။

“ဧကရာဇ်မုန့် သူတို့ရဲ့ဝိညာဉ်ကျွန် ဖြစ်သွားပြီ သခင်လေးထူလွေ့နဲ့ မျိုးနွယ်စု အကြီးအကဲ(၁၅)ယောက်က အသတ်ခံလိုက်ရတာ ငါတို့အရည်အချင်းနဲ့ဆို သေဖို့သွားနေတာပဲရှိမှာ”

လူလေးဦးက ခေါင်းညိတ်လိုက်ပြီးနောက် အရှေ့ဘက် ပင်လယ်ဆီသို့ ကြောက်လန့်တကြား ကြည့်လိုက်သည်။ သူတို့ထဲမှ တစ်ဦးက ပြောလိုက်၏။

“ဒါဆိုရင် ကျွန်တော်တို့ ဘာလုပ်သင့်လဲ သူတို့ထွက်သွားတာကိုကြည့်ပြီး ဘာမှမလုပ်ဘဲ နေတော့မှာလား ဒါ့အပြင် ထူလွေ့ အသတ်ခံရတဲ့အကြောင်း ခန်းမသခင်ကို ဘယ်လိုပြောရမလဲ ကျန်းရီကို လိုက်ဖို့အတွက် လူတွေလွှတ်ပေးဖို့ ထူမျိုးနွယ်စုကို ပြောရမလား”

“မဟုတ်ဘူး မလိုဘူး”

ခန်းမသခင်က နှာခေါင်းရှုံ့ကာ ပြောလိုက်လေ၏။

“ထူမျိုးနွယ်စုကို ငါတို့မပြောသင့်ရုံတင် မကဘူး ထူမျိုးနွယ်စုရဲ့ ကိုယ်စားလှယ်တွေ ရောက်လာတာနဲ့ ထူလွေ့ကို သတ်တဲ့လူက နတ်မြင်းပျံ မျိုးနွယ်စုကဆိုတာ သူတို့ယုံကြည်သွားအောင် လုပ်ရမယ် ဟား ဟား နတ်မြင်းပျံ မျိုးနွယ်စုက သူတို့ကိုသူတို့ ကြီးမြတ်လှပြီ ထင်နေတာ သိုင်းခန်းမက သူတို့ကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတာ အကြိမ်ပေါင်းများစွာ ကြာပြီ ဒါပေမဲ့ ငါတို့လူတွေအားလုံး ရှင်းခံလိုက်ရတယ် ဒီတစ်ခေါက် ဓားငှားပြီး လူသတ်ကြတာပေါ့ ထူမျိုးနွယ်စုကို နတ်မြင်းပျံ မျိုးနွယ်စုနဲ့ ကောင်းကောင်း တိုက်ခိုက်ပါစေ”

“ခန်းမသခင်က ဉာဏ်ကောင်းတာပဲ”

ထိုလူများထဲမှ တစ်ယောက်က ခန်းမသခင်ကို မျက်နှာချိုသွေးလိုက်၏။ သို့သော် အချို့ကမူ စဉ်းစားလျှက် မေးလိုက်သည်။

“ကျန်းရီက ကောင်းကင်ကြယ်တာရာနယ်မြေက သိုင်းခန်းမဆောင်ကို ဖျက်ဆီးခဲ့ပြီး ဖီးနစ်အော်သံနယ်မြေက သိုင်းခန်းမခွဲသခင်ကို သတ်ဖြတ်ခဲ့တယ် ဒီလူက ကျွန်တော်တို့ရဲ့ ဘုံရန်သူပဲ ဒီတစ်ခေါက် သူ့ကိုလွှတ်ပေးပြီး သူနတ်မြင်းပျံနယ်မြေမှာ အပျော်ရှာတာကို ကြည့်နေတော့မှာလား”

“မဟုတ်ဘူး မမှန်ဘူး”

ခန်းမသခင်၏ ရင့်ရော်သော မျက်နှာထက်တွင် ကောက်ကျစ်သော အပြုံးပေါ်လာကာ ပြောလိုက်လေ၏။

“ကျန်းရီကိုသတ်ဖို့က လွယ်တယ်”

လူလေးဦးက သူတို့ရင်ထဲကနေကို ခန်းမသခင်ကို လေးစားကြည်ညိုလာပြီး တလေးတစား လက်သီးဆုပ်လိုက်၏။ အရှေ့ဘက်ပင်လယ်ကို ကြည့်နေသော အကြီးအကဲက မောက်မာထောင်လွှားစွာ ရယ်မောလိုက်လေသည်။

“ဟား ဟား ဟား ကျန်းရီ မင်းကိုယ်မင်း သိပ်အမြော်အမြင်ရှိပြီလို့ ထင်နေလား ငါတို့သိုင်းခန်းမက မင်းရှိနေတဲ့ နေရာအကြောင်းကို ငါတို့လက်ဖဝါးလိုမျိုး သိနေပြီးသားဆိုတာကို မင်းမသိတာ ဖြစ်နိုင်တယ်”

မှန်ပေ၏။ သူတို့လေးဦးက သားရဲလူသားနယ်မြေတွင် ပုန်းကွယ်နေသော သိုင်းခန်းမခွဲဆောင်မှ အဖွဲ့ဝင်များ ဖြစ်ကြသည်။ ဝတ်ရုံနက်ဖြင့်လူက သိုင်းခန်းမခွဲ အကြီးအကဲဖြစ်သည်။ ယင်းက သားရဲလူသား နယ်မြေဖြစ်သောကြောင့် သိုင်းခန်းမဆောင်သည် ပြောင်ပြောင်တင်းတင်း မလှုပ်ရှားရဲချေ။ နတ်မြင်းပျံနယ်မြေပေါ်ရှိ သူတို့လူများကလည်း ကျန်ရှိနေသော လျှို့ဝှက်အဖွဲ့ဝင်များအဖြစ် နေရစ်၏။

သို့သော် သူတို့က အမှောင်ထဲတွင် ပုန်းကွယ်နေရာ သားရဲလူသား မျိုးနွယ်စုမှ အဆင့်မြင့် လူများကို သူခိုးလက်ထောက်လုပ်ရန် လွယ်ကူပေ၏။ ဥပမာအနေဖြင့် ဖီးနစ်အော်သံ နယ်မြေ၌ သိုင်းခန်းမခွဲသည် များစွာသော အင်အားကြီး မျိုးနွယ်စုများနှင့် ကောင်းမွန်သည့် ဆက်ဆံရေးအချို့ကို ထိန်းသိမ်းထားနိုင်ကာ သူတို့နှင့် ချည်နှောင်ထားခဲ့ပြီးဖြစ်သည်။

ကျန်းရီနှင့်အဖွဲ့က မြေအောက်ထဲ သွားနေစဉ် ပုရွက်ဆိတ်လူသား၊ မြွေလူသားနှင့် ကင်းမြီးကောက်လူသားတို့၏ အာရုံစိုက်မှုကို ရသွားခဲ့သည်။ သတင်းက ဧကရာဇ်မုန့်ဆီ မရောက်ခင် သိုင်းခန်းမခွဲက သိနေပြီးသားဖြစ်သည်။ ပြီးနောက် ဧကရာဇ်မုန့်က ထူလွေ့ကိုခေါ်ပြီး အနားယူရန် တောင်ပိုင်းကုန်းပြေမြင့်ဆီသို့ ခေါ်သွားခဲ့၏။ အဆုံးတွင် ထူလွေ့နှင့်အဖွဲ့ ပျောက်ကွယ်သွားကာ ဧကရာဇ်မုန့်သည် သူကိုယ်ပိုင် ရထားလုံးပျံဖြင့် အရှေ့ပိုင်း ပင်လယ်ဆီသို့ သွားလိုက်သည်က သိုင်းခန်းမဆောင်၏ အာရုံစိုက်မှုကို ရသွားသည်။

သားရဲလူသား မျိုးနွယ်စု၌ ထူးဆန်းသော မျိုးနွယ်စုများစွာရှိ၏။ ပိုးမွှားအသွင် ပြောင်းလဲနိုင်သည့် ပိုးမွှားလူသားနှင့် ငှက်များအသွင် ပြောင်းလဲနိုင်သော ငှက်လူသားများကဲ့သို့ ဖြစ်သည်။ သိုင်းခန်းမဆောင်သည် ထိုကဲ့သို့ ထူးခြားသော မျိုးနွယ်စုဝင်အချို့ကို ထိန်းချုပ်ထားနိုင်သောကြောင့် ကျန်းရီနှင့်အဖွဲ့ ရှိသည့်နေရာကို ချက်ချင်းရှာတွေ့သွား၏။ သားရဲလူသား နယ်မြေပေါ်ရှိ သိုင်းခန်းမခွဲက သတင်းကို အစောထဲက ရထားပြီးသားဖြစ်ကာ ကျန်းရီအကြောင်း အရာအားလုံးကို သိနေပေ၏။

သို့သော် ကျန်းရီနှင့် ကျန်သည့်သူများက မမြင်ရသော ဧရာမပိုက်ကွန်ကြီးထဲတွင် အအုပ်ခံထားရပြီဖြစ်ကြောင်း မသိပေ။ သူတို့ကို တိတ်တဆိတ် သတ်ဖြတ်ရန်အတွက် အကောက်ကြံနေပြီးသားဆိုတာ မသိကြချေ။

***

All Chapters