နတ်မြင်းပျံမျိုးနွယ်စု
Vol. 41 Ch. 565
နတ်မြင်းပျံနယ်မြေက အလွန်ကြီးမားပြီး ဖီးနစ်အော်သံနယ်မြေ၏ အရွယ်အစား နှစ်ဆခန့် ရှိပေ၏။ နတ်မြင်းပျံ နယ်မြေပေါ်တွင် မျိုးနွယ်စု များစွာရှိသည်။ အပေါများဆုံးက လူသားများဖြစ်ပြီး နတ်မြင်းပျံမျိုးနွယ်စုကလည်း လူသားမျိုးနွယ်စုဝင်ဖြစ်ပြီး ထူးခြားသော မျိုးနွယ်စုတစ်ခု ဖြစ်နေရုံသာရှိသည်။
နတ်မြင်းပျံမျိုးနွယ်စုက နတ်မြင်းပျံနယ်မြေကို အုပ်စိုး၏။ ၎င်း၏ အုပ်ချုပ်သည့်ကာလက နှစ်ပေါင်းသန်းချီ ကြာညောင်းခဲ့ပြီဖြစ်သည်။ နတ်မြင်းပျံ မျိုးနွယ်စုကလည်း အရှေ့ပိုင်း တော်ဝင်နယ်မြေ၌ အင်အားတစ်ခု ရထားပြီး အရှေ့ပိုင်း တော်ဝင်နယ်မြေ၏ ဧကရာဇ်ကိုးပါးထဲမှ တစ်ပါးဖြစ်သော ဓားဧကရာဇ်အောက်ရှိ နံပါတ်တစ် အင်အားစုဖြစ်သည်။ နတ်မြင်းပျံ မျိုးနွယ်စုက ပညာရှင်များစွာဖြင့် ဖွဲ့တည်ထားပြီး အရင်းအမြစ်များစွာ ပိုင်ဆိုင်လေရာ နတ်မြင်းပျံ မျိုးနွယ်စု၏ မျိုးဆက်များကို အတုမရှိ ပေးစွမ်းနိုင်ပေ၏။ ရလဒ်အနေဖြင့် မရေမတွက်နိုင်သော သိုင်းပညာရှင်များက မျိုးဆက်တိုင်းတွင် ပေါ်ထွက်လာပြီး နတ်မြင်းပျံ မျိုးနွယ်စုကို ပိုမိုသန်မာလာစေတော့သည်။
နတ်မြင်းပျံ မျိုးနွယ်စုဝင်တစ်ဦး၏ ပုံပန်းသွင်ပြင်က လူသားမျိုးနွယ်စုနှင့်မခြားပေ။ သူတို့သည် သားရဲလူသားများ အသွင်ပြောင်းသကဲ့သို့ အသွင်ပြောင်းတာမျိုး မရှိချေ။ တစ်ခုတည်းသော ကွဲပြားခြားနားချက်က သူတို့ခေါင်းထက်၌ ဂျိုအသေးလေးနှစ်ခု ရှိနေတာပဲဖြစ်သည်။ သူတို့က ဆံပင်များဖြင့် ဂျိုများကို ကာထားခဲ့လျှင် သတိတောင် ပြုမိမှာမဟုတ်လောက်ပေ။ နတ်မြင်းပျံ မျိုးနွယ်စု၏ အင်အားက ထိုဂျိုနှစ်ချောင်းမှ လာတာပဲဖြစ်သည်။ သူတို့က အင်မတန်အစွမ်းထက်သော အရည်အချင်းကို ပိုင်ဆိုင်ထား၏။ သူတို့၏ဂျိုက စုတ်ယူသိုလှောင်ကာ မိုးကြိုးစွမ်းအားများကို ထုတ်ဖော်နိုင်စွမ်းရှိပြီး ရန်သူများကို ပြန်မတိုက်ခိုက်နိုင် ဖြစ်စေ၏။ ပိုသန်မာသော နတ်မြင်းပျံ လူသားများသည် မိုးကြိုးစွမ်းအင်များ ပိုမိုသိုလှောင်နိုင်စွမ်းရှိပြီး တိုက်ပွဲဝင်နေစဉ်၌ ကြမ်းတမ်းသော မိုးကြိုးများကို ပိုမိုထုတ်ဖော်နိုင်စွမ်းရှိသည်။ မိုးကြိုးထုတ်သည့် အရေအတွက်က အဆင့်တစ် ဗာဂျရာနယ်ပယ် နတ်မြင်းပျံ သိုင်းပညာရှင်တစ်ဦး ထုတ်လုပ်သည့် မိုးကြိုးအရေအတွက်က ပဉ္စမအဆင့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တစ်ဦးကို ပြင်းပြင်းထန်ထန် ထိခိုက်သွားစေနိုင်၏။ သို့တည်းမဟုတ် သူ့ကိုသေတောင် သေစေနိုင်သည်။ အမြင့်ဆုံးအဆင့် ဗာဂျရာနယ်ပယ် နတ်မြင်းပျံ သိုင်းပညာရှင်တစ်ဦးသည် သာမာန်ကောင်းကင် သိုင်းပညာရှင်တစ်ဦးကို ဆိုးဆိုးဝါးဝါး ထိခိုက်အောင်တောင် လုပ်နိုင်သည်။
ထို့အပြင် နတ်မြင်းပျံ လူသားများက သူတို့၏ ခန္ဓာကိုယ်ကို သန့်စင်ရန် ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကို တိုးမြှင့်ရန် သူတို့၏အရှိန်နှင့် ခုခံမှုကို မယုံနိုင်စရာကောင်းသည့် အကြိမ်အထိ တိုးမြှင့်ရန်အတွက် မိုးကြိုးစွမ်းအင်ကို အသုံးပြုနိုင်၏။ ထို့ကြောင့် နတ်မြင်းပျံ မျိုးနွယ်စု၏အမည်က ကောင်းကင်ကြယ်တာရာ နယ်နိမိတ်အနှံ့ ပြန့်နှံ့နေပေသည်။ သူတို့က လောကကြီးရှိ အစွမ်းအထက်ဆုံး ထူးခြားမျိုးနွယ်စုမှ တစ်စုဖြစ်လာခဲ့သည်။
“နတ်မြင်းပျံ လူမျိုးတွေက သိပ်ကိုသန်မာတာပဲ ဒီတစ်ခေါက် တက်နိုင်သမျှ ပဋိပက္ခမဖြစ်အောင် ရှောင်သင့်တယ်”
နတ်မြင်းပျံ မျိုးနွယ်စုအကြောင်း ဖုန်းလန်၏ ဖော်ပြချက်ကို နားထောင်ပြီးနောက် ကျန်းရီက သက်ပြင်းချလိုက်လေ၏။ သူသည် သိုင်းခန်းမဆောင်နှင့် ထူမျိုးနွယ်စုကို ဒေါသထွက်စေခဲ့ပြီးဖြစ်သည်။ သူက နတ်မြင်းပျံ မျိုးနွယ်စုကိုပါ ရန်စခဲ့လျှင် အရှေ့ပိုင်း တော်ဝင်နယ်မြေကို မရောက်ခင် သေသွားလောက်၏။
ဤလောကကြီး၌ အံ့သြစရာများ ပြည့်နေသည်။ ကောင်းကင်ကြယ်တာရာနယ်မြေက သေးငယ်သောရေတွင်း တစ်တွင်းမျှသာဖြစ်၏။ သူကထိုရေတွင်းထဲမှ ဘယ်တော့မှ ထွက်မလာခဲ့လျှင် ထိုမျှများပြားသည့် စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံများကို မည်ကဲ့သို့ ရနိုင်မည်နည်း။ နတ်ဆိုးဧကရီ၏ စကားကို သူအမှတ်ရနေ၏။ သူမြင်နေကျ လောကက ရေခဲစိုင် ထိပ်ဖျားမျှသာရှိသည်။ သူသည်အရှေ့ပိုင်း တော်ဝင်နယ်မြေ၌ ပိုထူးဆန်းပြီး ပိုခွန်အားကြီးသော မျိုးနွယ်စုများကို မြင်လောက်ပေသည်။
“အရှေ့ပိုင်း တော်ဝင်နယ်မြေ”
ထိုအတွေးက ကျန်းရီကို စိတ်လှုပ်ရှားစေ၏။ အရှေ့ပိုင်း တော်ဝင်နယ်မြေက လောကကြီး၏ နှလုံးသားဖြစ်သည်။ အမြင့်ဆုံးအဆင့် သိုင်းပညာရှင်များအားလုံး ထိုနေရာသို့ သွားကြ၏။ သိုင်းပညာရှင်များစွာနှင့် တန်ဖိုးရှိသော ရတနာများ စုပြုံနေလေသည်။ ယင်းက ခွန်အားရှိသော လူတို့အတွက် သုခဘုံဖြစ်ပြီး ထိုနေရာကို စူးစမ်းရှာဖွေလိုစိတ် ရှိသူများ၊ တိုက်ခိုက်ရန်အတွက် ဆာလောင်ပြင်းပြကြသည့် သိုင်းပညာရှင်များသည် စူးစမ်းရှာဖွေရန်အတွက် ထိုနေရာကို သွားလိုစိတ် ရှိကြပေမည်။
“သွားကြရအောင် အရင်ဆုံး နယ်မြေကို ခိုးဝင်ကြတာပေါ့”
ကျန်းရီက သူ၏အတွေးများကို ရပ်တန့်လိုက်တော့သည်။ အရှေ့ပိုင်း တော်ဝင်နယ်မြေက အလွန်ဝေးကွာနေသေး၏။ နတ်မြင်းပျံနယ်မြေကို လုံလုံခြုံခြုံ ဖြတ်နိုင်မည့် နည်းလမ်းများကို ဦးစွာစဉ်းစားသင့်ပေသည်။
သူနှင့်သူအဖွဲ့က လက်ရှိတွင် နယ်မြေမှ နှစ်ရက်သာသွားရသည့် နတ်မြင်းပျံနယ်မြေ အနောက်ဘက်ခြမ်းရှိ ကျွန်းလေးပေါ်တွင် ပုန်းနေလေသည်။ ထို့ကြောင့် သူတို့အားပြန်ဖြည့်ရန်အတွက် တစ်ညတာ ဤနေရာတွင် အနားယူရန် အမိန့်ပေးခဲ့သည်။ ယခုသူတို့က လုံလောက်အောင် အနားယူခဲ့ပြီးဖြစ်ကာ ခရီးဆက်ရန် အသင့်ပြင်နေပြီဖြစ်သည်။
“ချင်ယွီ ရှောင်နူနဲ့အတူ မင်းစကြ၀ဠာနန်းတော်ထဲကို ဝင်သွားလိုက် လူများလွန်းတာက သိသာတဲ့ ပစ်မှတ်တစ်ခု ဖြစ်လာလိမ့်မယ် လုံခြုံတဲ့အချိန် မင်းတို့ကို ထုတ်ပေးမယ်”
ကျန်းရှောင်နူနှင့် ချင်ယွီတို့ ထွက်ခွာရန် အသင့်ပြင်နေတာကို ကျန်းရီ မြင်လိုက်သည့်အချိန်၌ သူကလက်ဝှေ့ယမ်းကာ သူတို့ကို အထဲသို့ ထည့်လိုက်လေ၏။ ထင်သည့်အတိုင်းပင် နှစ်ဦးက မကျေနပ်ကြပေ။ ကျန်းရှောင်နူသည် ကျင့်ကြံဆင့် တက်ကာစဖြစ်ပြီး ချင်ယွီကမူ မကျင့်ကြံနိုင်ပေ။ စကြ၀ဠာနန်းတော်ထဲ၌ ပိုတောင်ပျင်းရိဖွယ်ကောင်းနေ၏။
သို့သော် ကျန်းရီ၏အသံက အလွန်ဆုံးဖြတ်ချက် ပြတ်သားသည်။ သူတို့က ဘာမှထပ်မပြောရဲတော့ချေ။ အဖြူရောင်အလင်း ဖြတ်ခနဲပေါ်လာပြီးနောက် သူတို့နှစ်ဦးလုံးက စကြ၀ဠာနန်းတော်ထဲသို့ ဆွဲသွင်းခံလိုက်ရသည်။ ကျန်းရီက ပင်လယ်နှင့် မလှမ်းမကမ်းတွင် ရှိနေသော ယာ့ဇီသားရဲကို အချက်ပြလိုက်ပြီး ရေအထက်တွင် ၎င်း၏ခေါင်းသာ ပေါ်လာပြီးနောက် သူသည်လည်း စကြ၀ဠာနန်းတော်ထဲသို့ ဝင်သွား၏။ ပြီးနောက် သူကဖုန်းလန်ကို ပြောလိုက်တော့သည်။
“သွားကြမယ်”
ဖုန်းလန်က ကျန်းရီကို လက်တစ်ဖက်ထဲဖြင့် သယ်ပြီး နတ်မြင်းပျံနယ်မြေဆီ ပျံသန်းသွားကာ ပင်လယ်မျက်နှာပြင်နှင့် နီးနိုင်သမျှ အနီးဆုံးနေရာတွင် နေလေ၏။ သူတို့က ရပ်လိုက်သွားလိုက် လုပ်နေကြသည်။ သူတို့သည် ရံဖန်ရံခါ အနားယူကြပြီး ကျန်းရီသည် ပတ်ဝန်းကျင် အခြေအနေကို စစ်ဆေးရန်အတွက် ကောင်းကင်သိမြင် နားလည်ခြင်း မှော်အတတ်ကို ထုတ်ဖော်၏။
နတ်မြင်းပျံနယ်မြေကဲ့သို့ အစွမ်းထက်သည့် နေရာတစ်ခုအတွက် ကမ်းစပ်တွင် တပ်သားများ လွှတ်ထားမှ သေချာပေ၏။ သူတို့သည် နတ်မြင်းပျံ မျိုးနွယ်စုနှင့် အချင်းမများလိုပေ။ ထို့ကြောင့် သူတို့က ခိုးဝင်ပြီး သိုသိုသိပ်သိပ် နေရပေမည်။
“ဖုန်းအာ ပင်လယ်အောက်ကိုဆင်း ကင်းလှည့်တဲ့တပ်ဖွဲ့ ရောက်လာနေပြီ”
သန္တာကျောက်တန်းပေါ်၌ ကျန်းရီသည် ကောင်းကင်စိတ်အာရုံကို ထုတ်ဖော်ပြီးနောက် သူသည် မျက်လုံးရုတ်တရက်ဖွင့်ပြီး အော်လိုက်လေ၏။ သူကမှိန်ဖျော့ဖျော့ ပုံရိပ်တစ်ခုအဖြစ် ပြောင်းသွားကာ ပင်လယ်ထဲ ငုပ်သွားကာ ဖုန်းလန်သည် သူ့နောက်မှချက်ချင်း လိုက်လာလေ၏။ သူတို့က ပင်လယ်အောက်ခြေဆီသို့ ကူးခတ်သွားပြီးနောက် သန္တာကျောက်တန်း တစ်ခုအောက်တွင် ပုန်းခိုနေကာ ကျန်းရီသည် သူ၏ကောင်းကင်စိတ်အာရုံကို တိတ်တဆိတ် ထပ်မံဖြန့်ကျက်လိုက်ပြီး အခြေအနေကို စစ်ဆေးလိုက်၏။
ဝှစ်
ငါးမိနစ်ခန့် ကြာပြီးနောက် နတ်မြင်းပျံ တစ်ရာကျော်သည် အရှေ့ဘက်အရပ်ရှိ ပင်လယ်မှ ဤနေရာဆီသို့ စတင်ပျံသန်းလာတော့၏။ ထိုနတ်မြင်းပျံများ၌ အလွန်သန်မာသော အရှိန်အဝါ မရှိကြချေ။ သို့သော် သူတို့၏ တောင်ပံများကို မြင့်မားသည့်အရှိန်ဖြင့် တဖြတ်ဖြတ် ခတ်နေလေ၏။ နတ်မြင်းပျံတိုင်းက အဖြူရောင် သံချပ်ကာနှင့် အဖြူရောင် ခေါင်းဆောင်းကို ဝတ်ဆင်ထားသည့် ရဲမက်များဖြစ်ကြပြီး သူတို့လက်ထဲတွင် ငွေရောင်လှံတစ်စင်း ရှိပေ၏။ သူတို့က ရင်သက်ရှု့မောဖွယ်ကောင်းစွာ ပေါ်လာပြီး ကြောက်မက်ဖွယ် အရှိန်အဝါ ပေးစွမ်းနေ၏။ သူတို့အားလုံးက အမြင့်ဆုံးအဆင့် စိတ်ဝိညာဉ်မျောလွင့် ခရီးသွားနယ်ပယ် သိုင်းပညာရှင်များ ဖြစ်ကြသည်။ ခေါင်းဆောင်က ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တစ်ဦးဖြစ်၏။
ဝှစ်
နတ်မြင်းပျံ အကောင်တစ်ရာကျော်က ကောင်းကင်ကို ထိုးဖောက်လျက် ခဏအကြာတွင် ကောင်းကင်ထဲ၌ ပျောက်ကွယ်သွားတော့၏။ ကံကောင်းသည်မှာ ကျန်းရီနှင့် ဖုန်းလန်တို့သည် ပင်လယ်အောက် သုံးဆယ်ကီလိုမီတာ အနက်အထိ ရေငုပ်ခဲ့ကြတာဖြစ်သည်။ မဟုတ်လျှင် ထိုဗာဂျရာနယ်ပယ် သိုင်းပညာရှင်က သူတို့ကို သေချာပေါက် ရှာတွေ့သွားမှာပဲဖြစ်သည်။
ဗွမ်း
သူတို့သည် ပင်လယ်ထဲမှ ပေါ်ထွက်လာ၏။ ကျန်းရီက သူ၏ကောင်းကင် သိမြင်နားလည်ခြင်းဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးပြီး မကြာမီတွင် လမ်းကြောင်းရှာတွေ့သွားတော့၏။ ဖုန်းလန်က သူ့ကိုသယ်ပြီး လျှင်မြန်စွာ ပျံသန်းသွားတော့၏။ သူတို့သည် ကီလိုမီတာ ငါးဆယ်အကွာအဝေးကို ဖြတ်သန်းပြီးသည့်တိုင် သန္တာကျောက်တန်း တစ်ခုတွင် သို့မဟုတ် ကျွန်းစုလေးတစ်စုပေါ်တွင် ရပ်တန့်ကြကာ ကျန်းရီသည် နတ်မြင်းပျံ မျိုးနွယ်စု၏ ကင်းသမားများကို ရှောင်ကျင်ရန်အတွက် ကောင်းကင်သိမြင် နားလည်ခြင်းကို ထုတ်ဖော်၏။
နတ်မြင်းပျံ နယ်မြေက အင်မတန် အစွမ်းထက်သည်။ တစ်ရက်အတွင်း ကျန်းရီနှင့် ဖုန်းလန်က ကင်းလှည့်အဖွဲ့ ခုနှစ်ဆယ်မှ ရှစ်ဆယ်ကို ရှောင်ရှားခဲ့သည်။ ကောင်းကင်သိမြင် နားလည်ခြင်း မှော်အတတ်ကြောင့်သာ မဟုတ်လျှင် နယ်မြေထဲ ခိုးဝင်ရန် သူတို့အတွက် ခက်ခဲလောက်၏။ ဖုန်းလန်၏ ကောင်းကင်စိတ်အာရုံက သန်မာသည့်တိုင် အလွန်ဆုံး ကီလိုမီတာ ငါးဆယ်အကွာသာ ရောက်နိုင်၏။ သိုင်းပညာရှင်တစ်ဦး ဖြတ်သန်းလာရန် အချိန်မမှီပေ။ ထို့အပြင် သူတို့က ကျယ်ဝန်းသည့်ပင်လယ်ကို အလွယ်တကူ ရှာတွေ့သွားနိုင်သည်။
“ဖုန်းအာ အနောက်ဘက်ကိုသွား အဲ့ဒီနေရာမှာ ဘယ်ရဲမက်မှမရှိတဲ့ ဧရာမတောအုပ်ကြီး တစ်ခုရှိတယ်”
ညနေခင်းအချိန်တွင် သူတို့သည် နောက်ဆုံးတော့ နတ်မြင်းပျံနယ်မြေကို ရောက်သွားခဲ့ပြီဖြစ်သည်။ ကောင်းကင်သိမြင် နားလည်ခြင်း၏ အကူအညီဖြင့် ကျန်းရီသည် လုံခြုံသော လမ်းကြောင်းတစ်ခုကို အလွယ်တကူ ရှာတွေ့ခဲ့သည်။ သူတို့က ပင်လယ်အောက်သို့သွားပြီး တောအုပ်ထဲသို့ ခိုးဝင်ကာ နယ်မြေဆီသို့ ဝင်သွားလိုက်၏။ လရောင်အောက်တွင် သူတို့က ခရီးဆက်ကြပြီး သန်းခေါင်ယံအချိန်တွင် မြို့လေးတစ်မြို့သို့ ရောက်သွားသည်။
ကျန်းရီသည် သူ၏ကောင်းကင်သိမြင် နားလည်ခြင်းဖြင့် မြို့ငယ်လေးကို ဂရုတစိုက် ရှာဖွေပြီး ပြုံးကာပြောလိုက်တော့၏။
“ဖုန်းအာ ငါတို့ဒီတစ်ခေါက် အတော်ကံကောင်းတယ် ဒီနတ်မြင်းပျံနယ်မြေက ဖီးနစ်အော်သံ နယ်မြေနဲ့မကွာဘူး လူတိုင်းက သာမာန်လူသားတွေနဲ့ တူကြတယ် မြို့လေးထဲဝင်ပြီး အရင်ဆုံး မေးကြရအောင်”
“ကောင်းပြီလေ”
ဖုန်းလန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်လေ၏။ သူမ၏ခန္ဓာကိုယ်ကလည်း စိတ်ပြေလျော့သွားသည်။ သူတို့သည် နယ်မြေတစ်ခုကို လုံလုံခြုံခြုံ ကျော်ဖြတ်နိုင်ခဲ့လျှင် မည်သူက စတင်တိုက်ခိုက်ချင်မည်နည်း။ ကျန်သည့်သူများလိုက်တာ ခံရခြင်းက သာယာသည့် အတွေ့အကြုံ မဟုတ်ပေ။
သူတို့သည် ညအမှောင်ထုထဲ မြို့ဆီသို့ သွားလိုက်၏။ သို့သော် တည်းခိုဆောင်သို့ ရောက်သည့်အချိန်တွင် ဖုန်းလန်၏ ပြိုင်စံရှား အလှတရားကြောင့် အရက်သမားများနှင့် ဆိုင်ရှင်က သွေးဆောင်ခံလိုက်ရသည်။ ကံကောင်းသည်မှာ ကျန်းရီနှင့် ဖုန်းလန်တို့က သာမာန်မဟုတ်သော အမူအကျင့်များ ရှိကြရာ အမူးသမားများ ရှုပ်သည့်ရန်မှ ကင်းဝေးသွားသည်။
နှစ်ခန်းယူပြီးနောက် ကျန်းရီက စားပွဲထိုးကို လက်ယက်ခေါ်လိုက်လေ၏။ စားပွဲထိုးဆီသို့ ခရမ်းရွှေတစ်စကို ပစ်ပေးပြီးနောက် သူနှင့်စကားစ အပြန်အလှန်စပြောကာ မကြာမီ၌ နတ်မြင်းပျံ နယ်မြေအကြောင်း အချက်အလက်အချို့ ရသွားသည်။
ခွပ်
စားပွဲထိုး ထွက်သွားပြီးနောက် အခန်းထဲတွင်နေနေသည့် ဖုန်းလန်က သူ့ဘေးသို့ လျှောက်လာ၏။ သူမ၏အရေပြားများက အနည်းငယ်နီနေပြီး သင်းပျံ့သောမွှေးရနံ့ ပေါ်ထွက်နေသောကြောင့် ရေချိုးပြီးကာစ ဖြစ်နိုင်၏။ ဖယောင်းတိုင် အလင်းအောက်တွင် သူမက အလှပိုနေတော့သည်။
“သခင်လေး အခြေအနေက ဘယ်လိုလဲ”
ဖုန်းလန်က ကျန်းရီ၏အကြည့် သူမဆီရောက်နေသည်ကို မြင်သည့်အချိန်တွင် သူမက ရှက်သွေးဖြာလျက် ခေါင်းငုံ့ကာ မေးလိုက်တော့သည်။ ကျန်းရီက ခပ်ရှက်ရှက်ဖြင့် လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်လေ၏။ သူကတစ်ငုံသောက်ပြီးနောက် တည်ကြည်စွာ ပြောလိုက်တော့သည်။
“ပြောရရင် ပြဿနာ များများစားစား မရှိဘူး ဒါပေမဲ့ နတ်မြင်းပျံ မျိုးနွယ်စုက နယ်မြေတစ်ခုလုံးကို အုပ်စိုးထားပြီး နတ်မြင်းပျံ အင်ပါယာကို တည်ထောင်ထားတာ မြို့အရှင်နဲ့ စစ်သူကြီးတွေက နတ်မြင်းပျံ မျိုးနွယ်စုရဲ့ မျိုးဆက်တွေပဲ သူတို့တွေထဲမှာ တိုင်းသူပြည်သားတွေကို နိုင်လိုမင်းထက် ပြုမူတဲ့ ပေါ့သွမ်းသွမ်း လူတွေရှိပြီး ရွာသားတွေကို အနိုင်ကျင့်တဲ့လူတွေ ဖြစ်လာတယ် နယ်မြေက အစောင့်အကြပ်ထူပြီး ကင်းလှည့်တဲ့အဖွဲ့တွေ နေရာတိုင်းမှာ ရှိတယ် လမ်းသွားချိန် ငါတို့ပြဿနာနဲ့ တွေ့ရနိုင်တယ် ငါတို့ကိုယ်ငါတို့ ထိန်းထားရမှာ”
“ခစ် ခစ်”
ဖုန်းလန်က သူမနဖူးပေါ် လက်တင်လိုက်ကာ ပြုံးပြီးပြောလိုက်လေ၏။
“နယ်မြေကို လုံလုံခြုံခြုံ ကျော်ဖြတ်နိုင်သ၍ မကျေချမ်းမှု အနည်းငယ်လောက်က ရေးကြီးခွင်ကျယ် မဟုတ်ပါဘူး ပြောရရင် ဒါသူတို့ နယ်မြေပဲလေ သခင်လေး ကျွန်မအတွက် စိတ်ပူမနေနဲ့ သခင်လေးကပဲ ဒေါသကြီးတဲ့လူ ကိုယ့်ကိုယ်ကို ပိုထိန်းသင့်တယ်”
“အမ်”
ကျန်းရီက မျက်ခုံးပင့်ပြီး ဒေါသတကြီး ပြောလိုက်လေ၏။
“မင်းကအခု ရာရာစစငါ့ကို သင်ရဲတယ်ပေါ့၊ မင်းကို အိမ်စည်းမျဉ်းတွေနဲ့ ဆက်ဆံပြီး အချက်ငါးဆယ်ရိုက်မယ်၊ ပြီးရင် မင်းကို ဖိအားပေးမယ်ဆိုတာ ယုံလား”
“ဟေး ဟေး သခင်လေးက နှိမ့်ချတတ်ပြီး စည်းရှိတဲ့သူပါ၊ ဒါမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးလေ”
ကြောက်ရမည့်အစား ဖုန်းလန်က ပြီတီတီ ရယ်မောလျက် သူ့အခန်းထဲမှ ပြေးထွက်သွားတော့သည်။ သူမက တံခါး၀တွင် ရပ်ပြီး ကျန်းရီကို တစ်ချက် ကြည့်လိုက်ပုံက အတော် မြူဆွယ်ပုံတောင် ပေါက်နေသည်။
ကျန်းရီက ဒေါသထွက်သွားတော့သည်။ သူက စားပွဲကို ရိုက်ချပြီးနောက် အေးစက်စက် အော်ပြောလိုက်သည်။
“မင်း ဒီလောက် သတ္တိရှိနေရင် တံခါးဖွင့်ထားလိုက်လေ။ ရေချိုးပြီးရင် မင့်အခန်းကို လာခဲ့မယ်”
ကျွီ
ဖုန်းလန်သည် ကျန်းရီ၏ ဘေးအခန်းအတွင်း ပြေးဝင်သွားပြီး တံခါးပိတ်ချလိုက်သည်။ သို့သော် သူမက သော့ခလောက် မပိတ်ထားပေ။
***