← Chapters

ရတနာနယ်မြေများ လွှဲပြောင်းယူခြင်း...

Vol. 64 Ch. 908

ရတနာနယ်မြေများ လွှဲပြောင်းယူခြင်း...

Vol. 64 Ch. 908

" ဒီနှစ်တွေတစ်လျှောက်မှာ ငါက စွမ်းဆောင်မှုရမှတ်တွေ အလုံအလောက် စုဆောင်းပြီးသွားပြီ။ ဒါက ဘိုးဘေးနဲ့ ပေါင်းစည်းဖို့ လုံလောက်တယ်။ " ချီရန်က လီယန်ရှေးဟောင်းနိုင်ငံတွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည်။

နတ်ဘုရားအရှင်သခင်တစ်​ယောက်အနေဖြင့် အခြားနိုင်ငံများနှင့် ဖြစ်ပွားသော စစ်ပွဲပေါင်း ရာချီကို ဖြတ်သန်းခဲ့ပြီး ရတနာနယ်မြေများကို စောင့်ကြပ်ခြင်းမှ အကျိုးအမြတ်များ ရရှိခဲ့သည်။

" ငါ လုံလောက်အောင် အသက်ရှင်ပြီးသွားပြီ။ ဒီထက်ပိုပြီး ဆက်သွားနေတာက ထပ်ခါတလဲလဲ သံသရာလည်နေရုံပဲ ရှိလိမ့်မယ်။ "

နှစ်ပေါင်းများစွာ ပြင်ဆင်ခဲ့ပြီး ဘိုးဘေးနှင့် ပေါင်းစည်းခြင်းကို ထည့်တွက်လျှင်တောင် ထိုအဆင့်သို့ တက်လှမ်းရန် အန္တရာယ်ကြီးမားပြီး မျှော်လင့်ချက်အလွန်နည်းကြောင်း သူနားလည်ထားသည်။ သို့သော် မည်မျှနည်းပါးသည်ဖြစ်စေ ၎င်းက မျှော်လင့်ချက်ပင် ဖြစ်သည်။

ချီရန်က လင်းယွမ်ကို ဆက်လက်လမ်းညွှန်ပေးခဲ့သည်။ သူက ထိုအဆင့်ကို တက်လှမ်းတော့မည်ဖြစ်သောကြောင့် နတ်ဘုရားအရှင်သခင်များနှင့် တော်ဝင်မိသားစု၏ အားပြိုင်မှုများက သူ့အတွက် အရေးမပါတော့ပေ။

အကယ်၍ သူက အောင်မြင်ခဲ့လျှင် သတ္တမမြောက်ရှေးဟောင်းနိုင်ငံကို တည်ထောင်မည်ဖြစ်သည်။ ရှုံးနိမ့်ပြီး အချိန်စက်ဝန်းထဲတွင် ပိတ်မိသွားလျှင် ထိုအားပြိုင်မှုများက အဓိပ္ပါယ်မရှိတော့ပေ။

လမ်းညွှန်ပြီးနောက် ချီရန်က အစီအရင်ထဲသို့ ဝင်ရောက်ပြီး ထွက်ခွာသွားခဲ့သည်။ လင်းယွမ်က အဆင့်တစ်ရတနာနယ်မြေကိက လွှဲပြောင်းယူခဲ့ပြီး ဟေးယွီအသိုက်၏ အစီအရင်များအားလုံးကို ထိန်းချုပ်လိုက်သည်။

" ချီပေါင်ဘုရင်ကြောင့် အရာအားလုံးက ချောချောမွေ့မွေ့ဖြစ်သွားတာပဲ။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။

" ထူးဆန်းလိုက်တာ။ " ချီပေါင်ဘုရင်က မျက်မှောင်ကြုတ်ပြီး စဉ်းစားနေသည်။ " ချီရန်က အရမ်းရန်လိုတာ။ အရင် ဟေးယွီအသိုက်ကို ယာယီစောင့်ကြပ်ဖို့ ယှဉ်ပြိုင်တုန်းကလည်း သူက အခြားနတ်ဘုရားအရှင်သခင် လေးငါးယောက်ကို ရန်စခဲ့တယ်။ ဒါကြောင့် အခြားသူတွေက သူ ဟေးယွီအသိုက်ကို အရမ်းလိုချင်နေတာ သိသွားကြတာ။ အခုကျ ဘာလို့လွယ်လွယ်ကူကူ လက်ခံလိုက်တာလဲ။ "

" ချီရန်ရဲ့ စရိုက်က ဘယ်လိုပဲ ဖြစ်ဖြစ် သူက ငါ့အပေါ် ကောင်းကောင်းဆက်ဆံခဲ့တာတော့ အမှန်ပဲ။ " လင်းယွမ်က ပြောလိုက်သည်။ " သူပေးခဲ့တဲ့ လမ်းညွှန်ချက်တွေကလည်း ကျိုးကြောင်းဆီလျော်ပါတယ်။ "

" မှန်တယ်။ " ချီပေါင်ဘုရင်က ခေါင်းညိမ့်လိုက်သည်။ " ချီရန် မင်းကို ပြောသွားခဲ့တာတွေက နယ်စပ်မှာ ရတနာနယ်မြေတစ်ခုကိက စောင့်ကြပ်တဲ့အခါ သတိထားရမယ့် အချက်တွေပဲ။ "

" ထားလိုက်တော့..." ချီပေါင်ဘုရင်က ခဏစဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။ " ဘာပဲဖြစ်ဖြစ် ဒါက ကောင်းတဲ့ကိစ္စပဲ။ "

" နဂါးငွေ့တန်း မင်း ဒီနယ်မြေကို ဘယ်လိုစောင့်ကြပ်ဖို့ စီစဉ်ထားလဲ။ " ချီပေါင်ဘုရင်က မေးလိုက်သည်။

" ငါ ကိုယ်ပွားတစ်ခု စောင့်ကြပ်လိမ့်မယ်။ " လင်းယွမ်၏ ထိုက်ယင်မူလစိတ်ဝိညာဉ်က ပေါ်လာပြီး ဟေးယွီအသိုက်၏ အလယ်သို့ ဝင်ရောက်သွားပြီး အစီအရင်များကို ထိန်းချုပ်လိုက်သည်။

ရတနာနယ်မြေများကို စောင့်ရှောက်သူများက မူလခန္ဓာကိုယ်ကို အသုံးပြုလေ့မရှိဘဲ ကိုယ်ပွားများ သို့မဟုတ် နောက်လိုက်များကိုသာ အသုံးပြုလေ့ရှိသည်။

" ကိုယ်ပွားတစ်ခုဆို လုံလောက်ပါတယ်။ " ချီပေါင်ဘုရင်က ခေါင်းညိမ့်လိုက်သည်။ " နောက်ထပ် နယ်မြေတစ်ခုဆီ သွားရအောင်။ "

ချီပေါင်ဘုရင်နှင့် လင်းယွမ်တို့က တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ဆီသို့ သွားလိုက်ပြီး နောက်ထပ်နယ်မြေတစ်ခုဆီသို့ ဦးတည်လိုက်သည်။

ဟေးယွီအသိုက်၏ နက်ရှိုင်းသောနေရာတွင် ထိုက်ယင်မူလစိတ်ဝိညာဉ်က ခြေချိတ်ထိုင်နေသည်။

" ဒါက ဟေးယွီလား။ " နက်မှောင်သော ကျောက်စိမ်းတုန်းတစ်ခုက လင်းယွမ်၏ ရှေ့တွင် ပေါ်လာသည်။

၎င်းအတွင်း ဆွဲဆောင်မှုရှိသော အော်ရာတစ်ခုက စီးဆင်းနေသည်။ ဟေးယွီများ သို့မဟုတ် အနက်ရောင်ကျောက်စိမ်းများ စုစည်းရန် နှစ်ပေါင်းသောင်းချီကြာသော်လည်း ထိုနေရာရှိ ဟေးယွီက အပြည့်အဝ ဖြစ်ပေါ်လာခဲ့သည်။

ဟေးယွီ၏ အော်ရာကို အနီးကပ်ခံစားရုံမျှဖြင့် လင်းယွမ်က သူ၏ စိတ်စွမ်းအားမှာ အနည်းငယ် သန်မာလာသည်ကို ခံစားလိုက်ရသည်။

" ငါ့ရဲ့ လက်ရှိ စိတ်စွမ်းအားညွှန်းကိန်းက ခန့်မှန်းခြေ သန်းခုနှစ်ဆယ်လောက်ရှိပြီ။ " လင်းယွမ်က တွေးလိုက်သည်။

စိတ်စွမ်းအားညွှန်းကိန်း သန်းခုနှစ်ဆယ်က လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်သို့ အပြည့်အဝ ရောက်ရှိနေပြီး ဖရိုဖရဲအဆင့်သို့ စတင်ဝင်ရောက်နေပြီဖြစ်သည်။ သို့သော် လင်းယွမ်၏ လက်ရှိစွမ်းအားနှင့်ယှဉ်လျှင် စိတ်စွမ်းအားညွှန်းကိန်း သန်းခုနှစ်ဆယ်က အားနည်းချက်တစ်ခုဟု ဆိုနိုင်သည်။

လင်းယွမ်၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းအားက သာမန် ဖရိုဖရဲမဟာသူတော်စင်နှင့် ယှဉ်နိုင်သော်လည်း သူတို့အတွက် စိတ်စွမ်းအားညွှန်းကိန်း သန်းခုနှစ်ဆယ်က အမှန်ပင် အားနည်းလှသည်။ ဖရိုဖရဲမဟာသူတော်စင်များက စကြာဝဠာခေတ်များစွာကို ဖြတ်သန်းခဲ့ပြီး သူတို့၏ စိတ်စွမ်းအားက တစ်ဘီလီယံကျော်လွန်နေပြီဖြစ်သည်။

" ငါ့ရဲ့ တာဝန်က စိတ်စွမ်းအားကို မြှင့်တင်ဖို့နဲ့ ဟေးယွီတွေကို သန့်စင်ဖို့ပဲ။ " လင်းယွမ်က သူ၏ ရှေ့မှ အနက်ရောင်ကျောက်စိမ်းကို ကြည့်ပြီး သန့်စင်ခြင်းကို စတင်လိုက်သည်။

ချက်ချင်းပင် စွမ်းအားလှိုင်းများက လင်းယွမ်၏ စိတ်ဝိညာဉ်အတွင်းပိုင်းသို့ ဝင်ရောက်လာပြီး သူ၏ စိတ်စွမ်းအားကို အနည်းငယ် သန့်စင်ပေးသွားသည်။ စိတ်စွမ်းအားညွှန်းကိန်းက တိုက်ပွဲများတွင် အသုံးမဝင်ဟု ထင်ရသော်လည်း အလွန်တော့ အားမနည်းနေသင့်ပေ။ အထူးသဖြင့် အဆင့်တက်ရန် ကြိုးစားသည့်အချိန်တွင် စိတ်စွမ်းအား အားနည်းလျှင် ကျရှုံးမှုသို့ ဦးတည်သွားနိုင်သည်။

နောက်ထပ် အဆင့်တစ်ရတနာနယ်မြေက အစိမ်းရောင်လှိုင်းချောက်ကမ်းပါး ဖြစ်သည်။ ထိုနေရာ၏ ယာယီစောင့်ရှောက်သူမှာ ချီခွေဘုရင်ဖြစ်သည်။ ချီခွေဘုရင်က အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်တစ်ယောက်ဖြစ်သည်။

" ဟားဟားဟား နဂါးငွေ့တန်း အစိမ်းရောင်လှိုင်းချောက်ကမ်းပါးကို လွှဲပြောင်းပေးဖို့ အမိန့်ရကတည်းက ငါမင်းကို စောင့်နေတာ။ " ချီခွေဘုရင်က ရယ်မောပြီး ပြောလိုက်သည်။ " လာ လာ လာ ဒါက ငါနှစ်ပေါင်းများစွာ သိမ်းဆည်းထားတဲ့ ဝိုင်ကောင်းပဲ။ ချီပေါင်ဘုရ်တောင် မမြည်းဖူးသေးဘူး။ "

" ချီခွေ မင်းက ငါ့ရှေ့မှာတောင် အဲ့လိုပြောနေတာလား။ " ချီပေါင်ဘုရင်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

" မင်းရှေ့မှာပြောတော့ ဘာဖြစ်လဲ။ " ချီခွေဘုရင်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် ချီခွေဘုရင်။ " လင်းယွမ်က ပြောလိုက်သည်။

ချီပေါင်ဘုရင်၏ ခန့်မှန်းချက်အရ လင်းယွမ် လွှဲပြောင်းယူရမည့် ရတနာနယ်မြေ သုံးခုထဲတွင် အခက်ခဲဆုံးမှာ ဟေးယွီအသိုက်ဖြစ်သည်။ ကျန်သော နယ်မြေနှစ်ခုက ပြဿနာမရှိပေ။

သူတို့သုံးယောက်က ဝိုင်သောက်ရင်း စကားပြောနေကြသည်။ ထို့နောက် ချီခွေဘုရင်က အစိမ်းရောင်လှိုင်းချောက်ကမ်းပါး၏ အစီအရင်များကို လင်းယွမ်ထံသို့ လွှဲပြောင်းပေးလိုက်သည်။ ထို့နောက် သူက ထွက်ခွာသွားတော့သည်။

" ချီခွေဘုရင်ကတော့ အတော်လေးစိတ်ပျက်နေမှာ သေချာတယ်။ " ချီပေါင်ဘုရင်က ပြုံး၍ ပြောလိုက်သည်။

" စိတ်ပျက်နေမယ်ဟုတ်လား။ " လင်းယွမ်က ချီပေါင်ဘုရင်ကို ကြည့်လိုက်သည်။

" ဒီလိုအဆင့်တစ်နယ်မြေကို စွန့်လွှတ်လိုက်ရတာ စိတ်မပျက်ဘဲနေမလား။ တကယ်လို့ ဧကရာဇ်ကိုယ်တိုင်သာ ဝင်မပါရင် ချီခွေဘုရင်က ​ဒီလောက်ချောချောမွေ့မွေ့နဲ့ လွှဲပြောင်းပေးမှာမဟုတ်ဘူး။ " ချီပေါင်ဘုရင်က ပြောလိုက်သည်။

" ဧကရာဇ်က တော်ဝင်မိသားစုကြားမှာ အဲ့လောက်တောင် ဩဇာကြီးတာလား။ " လင်းယွမ်က မေးလိုက်သည်။

" ဧကရာဇ်က တမင်မျက်နှာသာမပေးဘဲနဲ့ ဒီလိုအဆင့်တစ်နယ်မြေတစ်ခုက တော်ဝင်ဘုရင်တစ်ယောက်ရဲ့လက်ထဲကို ရောက်လာလိမ့်မယ်လို့ မင်းထင်လို့လား။ " ချီပေါင်ဘုရင်က ပြန်မေးလိုက်သည်။

" မှန်တာပေါ့။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

အကယ်၍ ဧကရာဇ်ကသာ မျက်နှာသာမပေးခဲ့လျှင် အဆင့်တစ်နယ်မြေတစ်ခုကို ရရှိရန် ကိုယ်ပိုင်စွမ်းအားပေါ်တွင်သာ မူတည်ပေလိမ့်မည်။ အထွတ်အထိပ် ပင်မတော်ဝင်သွေးမျိုးဆက်များပင် စွမ်းအားအရဆိုလျှင် နတ်ဘုရားအရှင်သခင်များကို အနည်းငယ် ခုခံနိုင်ရုံသာဖြစ်ပြီး အမှန်တကယ် တိုက်ခိုက်ကြလျှင် ​ချောပေါက် ရှုံးနိမ့်ကြပေလိမ့်မည်။

" ဧကရာဇ်က တော်ဝင်မိသားစုကို အရင်းအမြစ်တွေ အများကြီး ထောက်ပံပေးထားတော့ တော်ဝင်မိသားစုကလည်း ဧကရာဇ်ရဲ့ အမိန့်ကို ခြွင်းချက်မရှိနာခံရတာပေါ့။ " ချီပေါင်ဘုရင်က ပြောလိုက်သည်။

နတ်ဘုရားအရှင်သခင်များက မကျေနပ်လျှင် ဧကရာဇ်အမိန့်ကို နာခံချင်ယောင်ဆောင်ပြီး ကွယ်ရာတွင နှောက်ယှက်နိုင်ကြပေလိမ့်မည်။ သို့သော် တော်ဝင်ဘုရင်များကတော့ ထိုသို့မလုပ်ဝံ့ကြပေ။

" နားလည်ပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

လီယန်ဘိုးဘေးအတွက်မူ တော်ဝင်မိသားစုနှင့် နတ်ဘုရားအရှင်သခင်များက ကွာခြားမှုမရှိပေ။ သူတို့အားလုံးက သူ၏ မျိုးဆက်များသာဖြစ်သောကြောင့် ဘိုးဘေးနှင့် ပေါင်းစည်းနိုင်မည့် အခွင့်အရေးကို နတ်ဘုရားအရှင်သခင်များကိုလည်း ပေးထားခြင်းဖြစ်သည်။

" ဧကရာဇ်က ဘာကိုဆိုလိုတာလဲ။ နဂါးငွေ့တန်းက အလားအလာရှိတယ်ဆိုပေမယ့် သူက နတ်ဘုရားအရှင်သခင် အတားအဆီးကို အမှန်တကယ် မချိုးဖျက်နိုင်သေးဘူး။ ဒါကို ဟေးယွီအသိုက်ကို ပေးတဲ့အပြင် အစိမ်းရောင်လှိုင်းချောက်ကမ်းပါးကိုလည်း ပေးလိုက်တာလား။ ဒါက မျက်နှာသာ ပေးလွန်းတယ်မဟုတ်လား။ " ချီခွေဘုရင်က စိတ်ပျက်စွာဖြင့် သူ၏ ကိုယ်ပိုင်နန်းတော်သို့ ဝင်ရောက်သွားသည်။

သူက ဘုရင်ဘွဲ့ချီးမြှင့်ခံရစဉ် အဆင့်လေးရတနာနယ်မြေကိုသာ ရရှိခဲ့ခြင်းဖြစ်သည်။ ယနေ့အချိန်ထိ သူက အဆင့်တစ်ရတနာနယ်မြေကို အမှန်တကယ် မရရှိခဲ့ဖူးပေ။ အစိမ်းရောင်လှိုင်းချောက်ကမ်းပါးက ခဏသာ စောင့်ကြပ်ခဲ့ရခြင်းဖြစ်သည်။

သို့သော ယခု အဆင့်တစ်နယ်မြေနှစ်ခုကို နဂါးငွေ့တန်းအား တိုက်ရိုက်ချီးမြှင့်ခဲ့သည်။ နတ်ဘုရားအရှင်သခင်များပင် ၎င်းတို့ကို ရရှိရန် အကျိုးဆောင်မှုများစွာ လုပ်ရသည်။ တော်ဝင်ဘုရင်များအတွက် ရရှိရန် လွယ်ကူသည်ဟု ဆိုသော်လည်း အမိန့်စာဖြင့် ရရှိရန် အလွန်ခက်ခဲလှသည်။

" ဧကရာဇ်က ဒီလောက်မျက်နှာသာပေးနေမှတော့ ငါက ဘာတတ်နိုင်မှာလဲ။ " ချီခွေဘုရင်က သက်ပြင်းချလိုက်သည်။

တော်ဝင်မိသားစု၏ အမြင်အရ နဂါးငွေ့တန်းက တော်ဝင်မိသားစုကို ပိတ်လှောင်ထားသည့် မဟာအရှင်သခင်အတားအဆီးကို ကျော်ဖြတ်နိုင်မည့်မျှော်လင့်ချက်ဖြစ်သောကြောင့် သူ့အား အဆင့်တစ်နယ်မြေနှစ်ခု ပေးအပ်ခြင်းက လွန်ကဲသည်ဟု မဆိုနိုင်ပေ။

သို့သော် သူ ယာယီစောင့်ရှောက်ရန် ကြိုးစားခဲ့ရသော အဆင့်တစ်နယ်မြေက ၎င်းတို့ထဲမှ တစ်ခုဖြစ်နေခြင်းမှာ ချီခွေဘုရင်ကို စိတ်ပျက်သွားစေခဲ့သည်။

All Chapters