စိတ်စွမ်းအားတိုးတက်လာခြင်း...
Vol. 64 Ch. 909
လင်းယွမ်က ဟေးယွီအသိုက်နှင့် အစိမ်းရောင်လှိုင်းချောက်ကမ်းပါးတို့ကို စောင့်ကြပ်ရန် ထိုက်ယင်နှင့် ထိုက်ယန်မူလစိတ်ဝိညာဉ်တို့ကို ထားရှိခဲ့ပြီး အဆင့်နှစ်ရတနာနယ်မြေကို စောင့်ကြပ်ရန် ကိုယ်ပွားတစ်ခုသာ စေလွှတ်ခဲ့သည်။
" ဒီရတနာနယ်မြေ သုံးခုက ထွက်တဲ့ အရင်းအမြစ်တွေ ဆယ်ပုံတစ်ပုံရမယ့်အပြင် နှစ်ပေါင်းတစ်သောင်းကြာတိုင်း စွမ်းဆောင်မှုရမှတ်တွေ ရလိမ့်မယ်။ " လင်းယွမ်က သူ၏ နန်းတော်သို့ ပြန်ရောက်လာပြီး စိတ်ထဲမှ တွက်ချက်နေသည်။
နှစ်ပေါင်းတစ်သောင်းကြာလျှင် အဆင့်တစ်နယ်မြေတစ်ခုလျှင် စွမ်းဆောင်မှုရမှတ် တစ်ရာစီနှင့် အဆင့်နှစ်နယ်မြေက စွမ်းဆောင်မှုရမှတ် တစ်ဆယ် ရရှိမည်ဖြစ်သည်။ စွမ်းဆောင်မှုရမှတ် ၂၁၀က မများသော်လည်း ၎င်းက နှစ်ပေါင်းတစ်သောင်းကြာတိုင်း ရရှိနေမည်ဖြစ်သည်။
" ဖရိုဖရဲလျို့ဝှက်သင်္ကေတကားချပ်တွေကို ဆက်ပြီး လေ့လာရမယ်။ " လင်းယွမ်က သူ၏ အတွေးများကို စုစည်းပြီး ဖရိုဖရဲလျို့ဝှက်သင်္ကေတကားချပ်များကို ဆက်ပြီး လေ့လာလိုက်သည်။
လောလောဆယ်တွင် လင်းယွမ် ဝယ်ယူထားသော ဖရိုဖရဲလျို့ဝှက်သင်္ကေတကားချပ်သုံးခုက တတိယအဆင့်ကို နားလည်ရန် လုံလောက်ပေသည်။
အချိန်များကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း ခြောက်လကြာသွားခဲ့သည်။
ဖရိုဖရဲစွမ်းအားများက စကြာဝဠာ၏ အခြေခံနိယာမတစ်ခုကဲ့သို့ သင်္ကေတများကို ဆက်တိုက်ဖော်ဆောင်နေပြီး လင်းယွမ်၏ စိတ်ထဲတွင် အသိအမြင်များ ဖြစ်ပေါ်လာသည်။ ဖရိုဖရဲစွမ်းအားမျှင်တစ်ခုစီက သာမန်ဟုထင်ရသော်လည်း မရေတွက်နိုင်အောင် ရှုပ်ထွေးနက်နဲလှသည်။
[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဖရိုဖရဲလျို့ဝှက်သင်္ကေတများကို လေ့လာပြီး ဖရိုဖရဲနိယာမအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]
" ငါနားလည်ပြီ။ " လင်းယွမ်၏ မျက်လုံးများက ရုတ်တရက် တောက်ပသွားသည်။
ဖရိုဖရဲလျို့ဝှက်သင်္ကေတကားချပ်က ၈၁ခု ရှိသည်။ ၎င်းတို့ကို လီယန်ဘိုးဘေးက ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ရှုပ်းထွေးနက်နဲသော ဖရိုဖရဲနိယာမ၏ အနှစ်သာရကို ဖော်ပြထာသည်။ ၂၇ခုမြောက် ဖရိုဖရဖရဲလျို့ဝှက်သင်္ကေတကားချပ်က ဒုတိအဆင့်၏ နောက်ဆုံး ကားချပ်ဖြစ်သည်။ ၎င်းကို နားလည်ခြင်းက ဖရိုဖရဲနိယာမ ဒုတိယအဆင့် အထွတ်အထိပ်ကို ကိုယ်စားပြုသည်။
" ဒီလိုကိုး။ " လင်းယွမ်က စိတ်ထဲမှ ကျေနပ်သွားသည်။
မူလက ဖရိုဖရဲလျို့ဝှက်သင်္ကေတများကို လေ့လာရာတွင် သူနားမလည်သော အချက်များ ရှိနေသည်။ သို့သော် ယခုအခါ အရာအားလုံးရှင်းလင်းသွားပြီး ရစ်ပတ်နေသော ဖရိုဖရဲစွမ်းအားမျှင်များက လင်းယွမ်၏ မျက်လုံးထဲတွင် အလွန်ပင် ရိုးရှင်းနေတော့သည်။
" လီယန်ဘိုးဘေး..." လင်းယွမ်က စိတ်လှုပ်ရှားသွားမိသည်။ ဖရိုဖရဲနိယာမ၏ အနှစ်သာရကို ဆွဲထုတ်ပြီး လျို့ဝှက်သင်္ကေတတစ်ခုအဖြစ် ဖော်ပြနိုင်ခြင်းမီာ အမှန်တကယ်ပင် အံ့ဩစရာကောင်းလှသည်။
" ဒါပေမယ့် ဒီလိုအံ့ဩစရာကောင်းတဲ့ နည်းလမ်းတွေ ရှိနေတာတောင် လီယန်ရှေးဟောင်းနိုင်ငံမှာ အလွှာဆယ့်သုံးတစ်ယောက်မှ ထွက်ပေါ်မလာခဲ့ဘူး။ " လင်းယွမ်က ဖိအားအနည်းငယ်ကို ခံစားလိုက်ရသည်။
ရင်းမြစ်ကမ္ဘာစတင်ဖြစ်ပေါ်လာချိန်မှ ယခုအချိန်ထိ ရှေးဟောင်းနိုင်ငံများကို တည်ထောင်ခဲ့သည့် အလွှာဆယ့်သုံး အချိန်သက်ရှိ ခြောက်ယောက်သာ ရှိသည်။ ပထမဆုံး အလွှာဆယ့်သုံး အချိန်သက်ရှိအပြင် ကျန်သော ငါးယောက်ထဲမှ သုံးယောက်မှာ ပထမလူတည်ထောင်ခဲ့သော နိုင်ငံမှဖြစ်ပြီး ကျန်နှစ်ယောက်မှာ အခြားနိုင်ငံတစ်ခုမှဖြစ်သည်။
လီယန်ရှေးဟောင်းနိုင်ငံတွင် လီယန်ဘိုးဘေးမှလွဲ၍ အလွှာဆယ့်သုံး အချိန်သက်ရှိ တစ်ယောက်မှ ထွက်ပေါ်မလာသေးပေ။
" လီယန်ရှေးဟောင်းနိုင်ငံက နတ်ဘုရားအရှင်သခင်တွေက အချိန်အလုံအလောက်ရှိရင် ဘိုးဘေးနှင့် တစ်ကြိမ် သိုမဟုတ် နှစ်ကြိမ်၊ သုံးကြိမ် ပေါင်းစည်းရန်အတွက် စွမ်းဆောင်မှုရမှတ် တစ်ထရီလီယံကို စုဆောင်းနိုင်ကြမှာပဲ။ ဒါ့အပြင် သူတို့က ဖရိုဖရဲလျို့ဝှက်သင်္ကေတ ၈၁မျိုးလုံးကိုလည်း အခြေခံအားဖြင့် နားလည်ထားကြတာပဲ။ " လင်းယွမ်က တွေးလိုက်သည်။
စွမ်းဆောင်မှုရမျတ် တစ်ထရီလီယံက အချိန်တိုအတွင်း မရရှိနိုင်ဟု ထင်ရသော်လည်း အဆင့်တစ်ရတနာနယ်မြေကို နှစ်တစ်သောင်းစောင့်ရှောက်လျှင် စွမ်းဆောင်မှုရမှတ် တစ်ရာရရှိပေလိမ့်မည်။ ထို့အပြင် ရှေးဟောင်းနိုင်ငံများကြား စစ်ပွဲများ ဖြစ်ပွားတိုင်း နတ်ဘုရာအရှင်သခင်များက ဝင်ရောက်ကူညီလျှင် စွမ်းဆောင်မှုရမှတ်များ ရရှိနိုင်သည်။
" ထားလိုက်တော့။ အခုအချိန်မှာ ဒါတွေတွေးဖို့ စောလွန်းသေးတယ်။ " လင်းယွမ်က သူ၏ စိတ်ကို ထိန်းချုပ်လိုက်သည်။
ယခုအချိန်တွင် သူက လွှမ်းမိုးခြင်းအဆင့်သာရှိသေးပြီး အလွှာဆယ့်သုံးသို့ တက်လှမ်းရန် ဖရိုဖရဲအဆင့် အထွတ်အထိပ်သို့ ရောက်မှသာ စဉ်းစားရမည့်ကိစ္စ ဖြစ်သည်။
" ၂၈ခုမြောက် ဖရိုဖရဲလျို့ဝှက်သင်္ကေတကို ကြည့်ရအောင် " လင်းယွမ်၏ ရှေ့တွင် လျို့ဝှက်သင်္ကေတတစ်ခု ပေါ်လာသည်။
" အံ့ဩစရာပဲ။ " လင်းယွမ်က သေချာလေ့လာပြီးနောက် ထိုလျို့ဝှက်သင်္ကေတကို နားလည်ရန် နှစ်ပေါင်းတစ်ထောင် ကြာလိမ့်မည်ဟု ခန့်မှန်းလိုက်သည်။
တစ်နည်းအားဖြင့် ပြောရလျှင် မတော်တဆမှုများ မရှိခဲ့လျှင် နှစ်ပေါင်းတစ်ထောင်ကြာလျှင် လင်းယွမ်က ဖရိုဖရဲနိယာမ တတိယအဆင့်သို့ ရောက်နိုင်မပေလိမ့်မည်။
ဖရိုဖရဲဟင်းလင်းပြင်တွင် လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်သည်။
" ဖရိုဖရဲနိယာမ ဒုတိယအဆင့် အထွတ်အထိပ်။ " လင်းယွမ်က ပြုံးလိုက်သည်။ " ငါ ဖရိုဖရဲယင်ယန်ထိုက်ကျိကို ပြောင်းလဲဖို့ ကြိုးစားလို့ရပြီ။ "
ဖရိုဖရဲနိယာမမှတစ်ဆင့် မိမိ၏ ကိုယ်ပိုင်လမ်းစဉ်စွမ်းအားကို ပြောင်းလဲဖန်တီးခြင်းမှာ ဖရိုဖရဲမဟာသူတော်စင်များသာ လုပ်နိုင်သောအရာ ဖြစ်သည်။ လင်းယွမ်က ယခု ကြိုးစားနိုင်ခြင်းမှာ သူ၏ နိယာမအပေါ် နက်ရှိုင်းသော နားလည်မှုများကြောင့် ဖြစ်သည်။
အကယ်၍ ဖရိုဖရဲယင်ယန်ထိုက်ကျိကို ပြောင်းလဲရန် ဖရိုဖရဲနိယာမကို မြင့်မားစွာ နားလည်ရန်သယ မလိုအပ်လျှင် လင်းယွမ်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့်မှာပင် ကြိုးစားနိုင်ပေလိမ့်မည်။
ဖရိုဖရဲမီးတောက်၊ ဖရိုဖရဲအရိပ်နှင့် ဖရိုဖရဲအသက်စွမ်းအားကဲ့သို့ လမ်းစဉ်များနှင့်ယှဉ်လျှင် ဖရိုဖရဲယင်ယန်ထိုက်ကျိဆိုသည်မှာ လုံးဝကွဲပြားသော လမ်းစဉ်နှစ်ခုပေါင်းစပ်မှုမှ ထွက်ပေါ်လာသော စွမ်းအားသစ်တစ်ခု ဖြစ်သည်။
အတွင်းစကြာဝဠာထဲတွင် လင်းယွမ်၏ ပုံရိပ်က ပေါ်လာသည်။ သူ၏ ရှေ့တွင် ဖရိုဖရဲပင်လယ်ကြီးတစ်ခုကဲ့သို့ များပြားသော ဖရိုဖရဲစွမ်းအားများက စုစည်းလာသည်။
" ဖရိုဖရဲနိယာမ ဒုတိယအဆင့် အထွတ်အထိပ်နဲ့ဆိုရင် ဖရိုဖရဲယင်ယန်ထိုက်ကျိစွမ်းအားကို ပြောင်းလဲဖို့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ကြာမလဲဆိုတော့..." လင်းယွမ်က အာရုံခံကြည့်လိုက်ရာ အောင်မြင်စွာ ပြောင်းလဲရန် အနည်းဆုံး နှစ်ပေါင်းဆယ်သန်းကြာလိမ့်မည်ဟု တွေ့ရှိလိုက်ရသည်။
အလွှာဆယ့်နှစ်သို့ တက်လှမ်းထားသဖြင့် သက်တမ်းကန့်သတ်ချက်က လင်းယွမ်အတွက် ပြဿနာမရှိသော်လည်း နှစ်ပေါင်းဆယ်သန်းက အလွန်ပင်ကြာမြင့်လှသည်။
" ဖရိုဖရဲယင်ယန်ထိုက်ကျိကို ပြောင်းလဲတာက အတင်းအကျပ် လုပ်နေသလို ဖြစ်လို့ နှစ်ပေါင်းဆယ်သန်းကြာမှာပဲ။ တကယ်လို့ ဖရိုဖရဲနိယာမ တတိယအဆင့်ကို ရောက်သွားရင် ကြာမယ့်အချိန်က သိသိသာသာ လျော့ကျသွားလိမ့်မယ်။ " လင်းယွမ်က စဉ်းစားနေသည်။
ဖရိုဖရဲယင်ယန်ထိုက်ကျိစွမ်းအားက ဖရိုဖရဲနိယာမကို အခြေခံထားခြင်းဖြစ်သည်။ ဖရိုဖရဲနိယာမကို ပို၍ နားလည်လာသည်နှင့် ယင်ယန်ထိုက်ကျိစွမ်းအားကို ပြောင်းလဲရန် အချိန်မှာ ပို၍ တိုတောင်းလာပေလိမ့်မည်။
လင်းယွမ်က ဖရိုဖရဲနိယာမ တတိယအဆင့်ကို နားလည်သွားလျှင် နှစ်ပေါင်းတစ်သောင်းသာ ကြာပေလိမ့်မည်။ ဖရိုဖရဲနိယာမ တတိယအဆင့် အထွတ်အထိပ်သို့ ရောက်လျှင် နှစ်ပေါင်းထောင်ဂဏန်းသာ ကြာပေလိမ့်မည်။
" ဖြည်းဖြည်းပေါ့။ တကယ်လို့ နှစ်ပေါင်းဆယ်သန်းဆိုရင်တောင် ငါစောင့်နိုင်ပါတယ်။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။ " ဒါပေမယ့် ဟေးယွီရဲ့ အကူအညီနဲ့ ငါ့ရဲ့ စိတ်စွမ်းအားက ခြောက်လအတွင်း အနည်းဆုံး ငါးသန်းလောက် တိုးလာတယ်။ "
ဟေးယွီအသိုက်ကို အဆင့်ရတနာနယ်မြေအဖြစ် သတ်မှတ်ထားခြင်းမှာ မထူးဆန်းတော့ပေ။ မဟာအရှင်သခင်များနှင့် နတ်ဘုရားအရှင်သခင်များ ဟေးယွီအသိုက်ကို စောင့်ကြပ်ရန် လုယူနေကြခြင်းကို ကြည့်ခြင်းဖြင့် ဟေးယွီအသိုက်၏ တန်ဖိုးကို သိနိုင်လေသည်။
" အခု ခြောက်လအတွင်း ငါးသန်းတိုးလာတာက ငါ ဟေးယွီကို အခုမှ စသုံးလို့နေမှာပါ။ နောက်တစ်ခါ အဲ့လောက် ထပ်တိုးဖို့ဆိုရင် ခြောက်လနဲ့ မရနိုင်တော့ဘူး။ "
ယခင် လင်းယွမ်က ဟေးယွီကို မသုံးဖူးခဲ့သောကြောင့် ယခုကဲ့သို့ ထိရောက်မှုရှိနေခြင်းဖြစ်သည်။
" ငါမှာ ဟေးယွီတွေပိုလျှံလာရင် ဖရိုဖရဲဟင်းလင်းပြင်ကို ယူလာပြီး ဖရိုဖရဲမဟာသူတော်စင်တွေကို ပြန်ရောင်းလို့ရတယ်။ "
သူက ယခုအချိန်ထိ ဖရိုဖရဲဟင်းလင်းပြင်တွင် စိတ်စွမ်းအားကို ထိရောက်စွာ မြှင့်တင်ပေးနိုင်သော ရတနာမျိုးကို မကြားဖူးသေးပေ။
ယိယွင်ဟင်းလင်းပြင်နယ်မြေနှင့် အန်ဘိုဟင်းလင်းပြင်နယ်မြေနှစ်ခုကြား စွန့်ပစ်ဟင်းလင်းပြင်တစ်ခုရှိနေသည်။ စွန့်ပစ်ဟင်းလင်းပြင်ဆိုသည်မှာ ဟင်းလင်းပြင်နယ်မြေနှစ်ခုကြားရှိ နယ်မြေကို ခေါ်ဆိုခြင်းဖြစ်သည်။
နယ်မြေနှစ်ခုကြားရှိ စွန့်ပစ်ဟင်းလင်းပြင်တွင် ဖရိုဖရဲစွမ်းအားများ အလွန်နည်းပါးပြီး အင်အားကြီးသူများ နေထိုင်လေ့မရှိပေ။ ဖရိုဖရဲဟင်းလင်းပြင်ကို သမုဒ္ဒရာကြီးတစ်ခုအဖြစ် နှိုင်းယှဉ်လျှင် ဟင်းလင်းပြင်နယ်မြေတစ်ခုစီက ကျွန်ငယ်လေးများနှင့်တူပြီး စွန့်ပစ်ဟင်းလင်းပြင်များက ၉၉ ရာခိုင်နှုန်းနေရာယူထားသည်။
ယခုအချိန်တွင် တိတ်ဆိတ်နေသော ဟင်းလင်းပြင်၌ ကြောက်စရာကောင်သော အော်ရာများ ရုတ်တရက် ထွက်ပေါ်လာသည်။ အနီရောင်အော်ရာတစ်ခုနှင့် အဆုံးမဲ့မှောင်မိုက်သော အော်ရာနှစ်ခုတို့က အဆက်မပြတ် ထိပ်တိုက်တွေ့နေကြပြီး နောက်ဆက်တွဲ သက်ရောက်မှုများက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ ဖရိုဖရဲဟင်းလင်းပြင်မှ စကြာဝဠာများက အချိန်မတိုင်မီ ပျက်ဆီးခြင်းသို့ ဆိုက်ရောက်သွားကြသည်။
" နဝမဖီးနစ် မင်းဘယ်လိုမှရပ်မှာလဲ။ " အရိပ်နတ်ဆိုးမဟာသူတော်စင်က ပြောလိုက်သည်။