← Chapters

ပြိုင်ဘက်ကင်းမဟာသူတော်စင်၏ စကြာဝဠာ....

Vol. 64 Ch. 910

ပြိုင်ဘက်ကင်းမဟာသူတော်စင်၏ စကြာဝဠာ....

Vol. 64 Ch. 910

အခြားသူများက ဖရိုဖရဲအဆင့်သို့ တက်လှမ်းသောအခါ ပုံမှန်အားဖြင့် အခြားသူများ၏ ဂုဏ်ပြုခြင်းကို ခံရလေသည်။ သို့သော် အရိပ်နတ်ဆိုးမဟာသူတော်စင်က မဟာသူတော်စင်ဖြစ်လာပြီးနောက် မကြာမီ နဝမဖီးနစ်မဟာသူတော်စင်၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

ထိုလိုက်လံတိုက်ခိုက်မှုက ယခုအချိန်ထိဖြစ်သည်။ ထို့ကြောင့် အရိပ်နတ်ဆိုးမဟာသူတော်စင်က အလွန်ပင် စိတ်ဒုက္ခရောက်နေပြီး ကျင့်ကြံခြင်းကို အာရုံမစိုက်နိုင်တော့ပေ။

" ရပ်ရမယ်ဟုတ်လား။ " နဝမဖီးနစ်မဟာသူတော်စင်က လှောင်ပြုံးပြုံးလိုက်သည်။ " ငါ့ရဲ့ ဆွေမျိုးတွေကို နင်ပြန်ရှင်အောင် လုပ်ပေးနိုင်ရင် ငါရပ်ပေးမယ်။ ဘယ်လိုလဲ နင်လုပ်နိုင်လား။ "

" မဖြစ်နိုင်ဘူး။ " အရိပ်နတ်ဆိုးမဟာသူတော်စင်က ခေါင်းခါလိုက်သည်။

နဝမဖီးနစ်မဟာသူတော်စင်က အထူးသက်ရှိဖြစ်ပြီး သူမ၏ ဆွေမျိုးများကလည်း အလွှာဆယ့်နှစ်သို့ ရောက်ရှိပြီး အချိန်မြစ်ထဲမှ ကန့်သတ်ချက်များ လွတ်မြောက်နေကြပြီဖြစ်သည်။ သူတို့ကို ပြန်လည်ရှင်သန်စေမည်မဟုတ်ပေ။

" ဟမ့် " နဝမဖီးနစ်မဟာသူတော်စင်က ဘာမှပြန်မပြောဘဲ အဆုံးမဲ့စွမ်းအားများဖြင့် ပြည့်နှက်နေသော ဖရိုဖရဲမီးတောက်များဖြင့် အရိပ်နတ်ဆိုးမဟာသူတော်စင်ကို တိုက်ခိုက်လိုက်သည်။

အရိပ်နတ်ဆိုးမဟာသူတော်စင်၏ ပုံရိပ်က ဝေဝါးသွားပြီး ဖရိုဖရဲမီးတောက်က အဝေးရှိ စွန့်ပစ်ဟင်းလင်းပြင်ကို ထိမှန်သွားသည်။

ဝုန်း...

ဖရိုဖရဲမီးတောက်များ ထိမှန်သွားသည့်နေရာတွင် အချိန်လေဟာနယ်အပိုင်းအစတစ်ခု ထွက်ပေါ်လာပြီး ကမ္ဘာတစ်ခု၏ ထောင့်စွန်းတစ်ခု ပေါ်လာသည်။

" အဲ့ဒါဘာလဲ။ " နဝမဖီးနစ်မဟာသူတော်စင်နှင့် အရိပ်နတ်ဆိုးမဟာသူတော်စင်တို့က ထိုမြင်ကွင်းကို သတိထားမိသွားကြသည်။

သူတို့က ရှားရှားပါးပါး တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြပြီး ထွက်ပေါ်လာသော အချိန်လေဟာနယ်အပိုင်းအစကို ကြည့်လိုက်ကြသည်။

" ဒီအချိန်လေဟာနယ်အပိုင်းအစက စကြာဝဠာတစ်ခုရဲ့ ဝင်ပေါက်တွေထဲက တစ်ခုဖြစ်ရမယ်။ ငါ့ရဲ့ တိုက်ခိုက်မှုကြောင့် ပေါ်လာတာပဲ။ " နဝမဖီးနစ်မဟာသူတော်စင်က ပြောလိုက်သည်။

" ဒါက သဘာဝစကြာဝဠာမဟုတ်ဘူး။ ဖန်တီးထားတဲ့ စကြာဝဠာပဲ။ ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက် ဖန်တီးထားတာဖြစ်ရမယ်။ " အရိပ်နတ်ဆိုးမဟာသူတော်စင်ကလည်း ခန့်မှန်းလိုက်သည်။

ဖရိုဖရဲဟင်းလင်းပြင်တွင် စကြာဝဠာနှစ်မျိုးရှိသည်။ တစ်မျိုးမှာ ဖရိုဖရဲဟင်းလင်းပြင်မှ မွေးဖွားလာသော သဘာဝစကြာဝဠာဖြစ်သည်။ အခြားတစ်မျိုးမှာ ပြိုင်ဘက်ကင်းမဟာသူတော်စင်များ ဖန်တီးထားသော စကြာဝဠာများဖြစ်သည်။

ဖန်တီးထားသော စကြာဝဠာများက သဘာဝစကြာဝဠာများကဲ့သို့ မပျက်ဆီးနိုင်သော စွမ်းရည်မရှိသော်လည်း အခြေခံအုတ်မြစ်များက သဘာဝစကြာဝဠာထက် များစွာ သာလွန်သည်။

ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်က စကြာဝ်လာတစ်ခုကို ဖန်တီးနိုင်ပြီး ၎င်းအတွင်း၌ ကိုယ်ပိုင်နိယာမများ သတ်မှတ်ကာ သူတို့၏ အခြေစိုက်စခန်းအဖြစ် အသုံးပြုကြသည်။

" အခွင့်အလမ်းပဲ။ ဒါက တကယ်အခွင့်အလမ်းပဲ။ " အရိပ်နတ်ဆိုးမဟာသူတော်စင်က စိတ်ထဲတွင် အလွန်ဝမ်းသာသွားသည်။

အထူးသဖြင့် လက်ရှိအခြေအနေအရ ပြိုင်ဘက်ကင်းမဟာသူတော်စင်က ထိုနေရာတွင် ရှိတော့မည်မဟုတ်ပေ။ မဟုတ်လျှင် သူတို့၏ တိုက်ခိုက်မှုကြောင့် စကြယဝဠာ၏ ထောင့်စွန်းတစ်ခုပေါ်လာရန် မဖြစ်နိုင်ပေ။

ကုမင်ဖရိုဖရဲကုန်းမြေ၏ ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာတွင် လင်းယွမ်က ရုတ်တရက် သူ၏ အမူအရာက ပြောင်းလဲသွားသည်။ သူ၏ ညာလက်ကို ဝှေ့ရမ်းလိုက်ရာ သားရေချပ်တစ်ခု ပေါ်လာသည်။ ထိုသားရေချပ်က နက်ရှိုင်းသော အော်ရာတစ်ခု ထွက်ပေါ်နေပြီး မျက်နှာပြင်ပေါ်တွင် အလင်းရောင်တစ်ခု လင်းလက်နေသည်။

ယိယွင်ဟင်းလင်းပြင်နယ်မြေနှင့် အန်ဘိုဟင်းလင်းပြင်နယ်မြေကြားရှိ စွန့်ပစ်ဟင်းလင်းပြင်တွင် နဝမဖီးနစ်မဟာသူတော်စင်က ထွက်ပေါ်လာသော စကြာဝဠာ၏ ထောင့်စွန်းကို ကြည့်နေသည်။

သူမနှင့် အရိပ်နတ်ဆိုးမဟာသူတော်စင်တို့ကြားမှ ရန်ငြိုးမှာ ကြီးမားလှပြီး အဆုံးမရှိပေ။ သို့သော် ယခုထွက်ပေါ်လာသော စကြာဝဠာက ပြိုင်ဘက်ကင်းမဟာသူတော်စင်နှင့် ပက်သက်နေသည်။

နဝမဖီးနစ်မဟာသူတော်စင်က ၎င်းကို အလေးအနက်မထားဘဲ နေမရပေ။ ပြိုင်ဘက်ကင်းမဟာသူတော်စင်ဆိုသည်မှာ ဖရိုဖရဲအဆင့် အထွတ်အထိပ်ဖြစ်ပြီး ဖရိုဖရဲမဟာသူတော်စင်အဆင့်နှင့် တူညီသော်လည်း သူတို့၏ တိုက်ခိုက်ရေးစွမ်းအားက ကြောက်စရာကောင်းအေယင် မြင့်မားလှသည်။

ထို့အပြင် ပြိုင်ဘက်ကင်းမဟာသူတော်စင်များက အလွှာဆယ့်သုံးသို့ တက်လှမ်းရန် နားလည်မှုနှင့် အသိအမြင်များစွာ ရှိနေသည်။ ဖရိုဖရဲမဟာသူတော်စင်နှင့် ပြိုင်ဘက်ကင်းမဟာသူတော်စင် နှစ်ခုလုံးက အလွှာဆယ့်သုံးသို့ တက်လှမ်းရန် ကြိုးစားနိုင်သော်လည်း ပြိုင်ဘက်ကင်းမဟာသူတော်စင်များက ပြင်ဆင်မှုပိုများသဖြင့် အောင်မြင်ရန် အခွင့်အလမ်းပိုများလေသည်။

" မဟာသူတော်စင်အဆင့်ကို တက်လှမ်းပြီး မကြာခင် ပြိုင်ဘက်ကင်းမဟာသူတော်စ်တစ်ယောက် ဖန်တီးထားတဲ့ စကြာဝဠာတစ်ခုကို ရှာတွေ့ခဲ့တာပဲ။ ဒါက ကြီးမားတဲ့ အခွင့်အလမ်းပဲ။ " အရိပ်နတ်ဆိုးမဟာသူတော်စင်ကလည်း စိတ်လှုပ်ရှားနေသည်။

ဖရိုဖရဲအဆင့် အထွတ်အထိပ်များကို ဆွဲဆောင်နိုင်သော အရာများမှာ အလွန်ရှားပါးလှသည်။ အရစ်အမြစ်များဆိုလျှင် သူတို့က ကဏ္ဍအားလုံးတွင် အထွတ်အထိပ်သို့ ရောက်နေသောကြောင့် အရင်းအမြစ်များ မရှားပါးပေ။

​ပြိုင်ဘက်ကင်းမဟာသူတော်စင်များက ဖရိုဖရဲမဟာသူတော်စင်များထက် သာလွန်နေခြင်းမှာ အရင်းအမြစ်များကြောင့်မဟုတ်ဘဲ သူတို့ကိုယ်တိုင် ဆင့်ကဲပြောင်းလဲထားသော ဖရိုဖရဲလမ်းစဉ်စွမ်းအားကြောင့် ဖြစ်သည်။

အလွှာဆယ့်သုံးသို့ တက်လှမ်းရန် ကြိုးစားခြင်းက မဟာသူတော်စင်များ၏ ပန်းတိုင်ဖြစ်သည်။ ဖရိုဖရဲမဟာသူတော်စင်များက စကြာဝဠာခေတ်ပေါင်းများစွာ ရှင်သန်ခဲ့ပြီး သူတို့၏ တစ်ခုတည်းသော ဆန္ဒမှာ အလွှာဆယ့်သုံးသို့ တက်လှမ်းရန်သာ ရှိတော့သည်။

" ဒီစကြာဝဠာအတွင်းပိုင်းက စတင်ပျက်ဆီးနေပြီပဲ။ မဟုတ်ရင် ထောင့်စွန်းလေးတစ်ခုတောင် ပေါ်လာမှာမဟုတ်ဘူး။ ငါ့ရဲ့ တိုက်ခိုက်မှုမရှိရင်တောင် စကြာဝဠာခေတ်ပေါင်းများစွာ ကြာရင် ဒါက ပေါ်လာမှာပဲ။ " နဝမဖီးနစ်မဟာသူတော်စင်က လေ့လာနေသည်။

ထိုဖန်တီးထားသော စကြာဝဠာက မယုံကြည်နိုင်လောက်အောင် ရှေးကျလှပြီး စကြာဝဠာခေတ်ပေါင်းသောင်းချီကတည်းက တည်ရှိခဲ့ခြင်းဖြစ်ကြောင်း သူမ ရှင်းလင်းစွာ အာရုံခံမိသည်။

" ဒီလောက်စကြာဝဠာခေတ်တွေ အများကြီးကုန်ဆုံးသွားတာတောင် စကြာဝဠာထဲက ပြိုလဲနေတဲ့ အချိန်လေဟာနယ်ု ပြန်မပြင်ရသေးဘူး။ ဒါက ဖန်တီးသူပြန်မလာသေးဘူးလို့ ဆိုလိုတာပဲ။ " နဝမဖီးနစ်မဟာသူတော်စင်က ကောက်ချက်ချလိုက်သည်။

ကိုယ်တိုင်ဖန်တီးထားသော စကြာဝဠာသို့ ပြန်မလာခြင်းမှာ ဖြစ်နိုင်ခြေအနည်းငယ်သာ ရှိသည်။ တစ်ခုမှာ ထိုပြိုင်ဘက်ကင်းမဟာသူတော်စင်က သေဆုံးသွားခြင်း ဖြစ်နိုင်သည်။ နောက်တစ်ခုမှာ ထိုပြိုင်ဘက်ကင်းမဟာသူတော်စင်က အလွှာဆယ့်သုံးသို့ တက်လှမ်းရန် ကြိုးစားနေဆဲ ဖြစ်ပြီး မအောင်မြင်သေးဘဲ အချိန်စက်ဝန်းအတွင်း ပိတ်မိနေခြင်းဖြစ်နိုင်သည်။ နောက်ဆုံးတစ်ခုက ထိုပြိုင်ဘက်ကင်းမဟာသူတော်စင်က ပြန်လည်ဝင်စားနေခြင်းဖြစ်နိုင်သည်။

ထိုဖြစ်နိုင်ခြေသုံးခုထဲတွင် ဒုတိယတစ်ခုမှာ အမှန်တရားနှင့် အနီးစပ်ဆုံး ဖြစ်ပေလိမ့်မည်။ သို့သော် မည်သို့ပင်ဖြစ်စေ ထိုပြိုင်ဘက်ကင်းမဟာသူတော်စင်က ဤစကြာဝဠာသို့ နောက်တစ်ကြိမ် ပြန်လာရန် ခက်ခဲကြောင်း ဖော်ပြနေသည်။

" နဝမဖီးနစ်... မင်းလည်း ဒီစကြာဝဠာရဲ့ အရေးပါမှုကို သိမှာပါ။ ငါတို့ကြားက အာဃာတတွေကို ခဏဘေးဖယ်ထားပြီး ဒီစကြာဝဠာကို ရှာဖွေဖို့ ပူးပေါင်ကြရအောင်။ " အရိပ်နတ်ဆိုးမဟာသူတော်စင်က ပြောလိုက်သည်။

ပုံမှန်အားဖြင့် ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်က အလွှာဆယ့်သုံးသို့ မတက်လှမ်းမီ သူတို့၏ ရတနာများ၊ လက်နက်များနှင့် အမွေအနှစ်များကို ချန်ထားလေ့ရှိသည်။ အလွှာဆယ့်သုံးသို့ တက်လှမ်းရာတွင် ဖြစ်နိုင်ခြေနှစ်ခုသာ ရှိသည်။ အောက်မြင်ခြင်းနှင့် အချိန်စက်ဝန်းထဲတွင် ပိတ်မိနေခြင်းဖြစ်သည်။

အကယ်၍ အောင်မြင်ခဲ့လျှင် အလွှာဆယ့်သုံးသို့ တက်လှမ်းသွားမည်ဖြစ်ပြီး ချန်ထားခဲ့သောအရာများက အရေးမကြီးတော့ဘဲ အခြားသူရသွားလျှင်တောင် ပြဿနာမရှိပေ။

" ပူးပေါင်းပြီး ရှာဖွေမယ်ဟုတ်လား။ " နဝမဖီးနစ်မဟာသူတော်စင်က အရိပ်နတ်ဆိုးမဟာသူတော်စင်ကို ကြည့်လိုက်သည်။

" ဟုတ်တယ်။ မင်းငါ့ကို သတ်လိုက်ရင်တောင် မင်းရဲ့ မိသားစုနဲ့ ဆွေမျိုးတွေက ပြန်ရှင်လာမှာမဟုတ်ဘူး။ ဒါပေမယ့် မင်းအလွှာဆယ့်သုံးကို ရောက်သွားရင် အချိန်ကို ပြောင်းပြန်လှန်ပြီး ကွယ်လွန်သွားတဲ့ မင်းရဲ့ ဆွေမျိုးတွေကို ပြန်ခေါ်နိုင်လိမ့်မယ်။ " အရိပ်နတ်ဆိုးမဟာသူတော်စင်က ပြောလိုက်သည်။

အလွှာဆယ့်နှစ်အောက် သက်ရှိများကို ပြန်လည်ရှင်သန်စေခြင်းက အချိန်မြစ်ထဲမှာ အသက်တံဆိပ်များကို အခြေခံပြီး ပြန်လည်ရှင်သန်စေခြင်းဖြစ်သည်။ ထို့ကြောင့် လူတစ်ယောက်က အလွှာဆယ့်နှစ်သို့ တက်လှမ်းသွားပြီး အချိန်မြစ်ထဲမှ လွ​တ်မြောက်သွားပြီး ပြန်လည်ရှင်သန်နိုင်စွမ်းမရှိတော့ပေ။

သို့သော် အလွှာဆယ့်သုံး အချိန်သက်ရှိများက အတိတ်နှင့် အနာဂတ်များကို မြင်တွေ့နိုင်ပြီး သူတို့က အချိန်ကို ဆန့်ကျင်ပြီး ပြန်လည်ရှင်သန်နိုင်စွမ်းရှိကြသည်။ ထိုပြန်လည်ရှင်သန်နိုင်စွမ်းက မည်သည့်အရာပေါ်မှ မှီခိုနေခြင်းမဟုတ်ဘဲ အတိတ်တွင် တည်ရှိခဲ့သူမှန်သမျှကို ပြန်လည်ရှင်သန်စေနိုင်သည်။

" အလွှာဆယ့်သုံးကို တက်လှမ်းဖို့လား။ " နဝမဖီးနစ်မဟာသူတော်စင်က တိတ်ဆိတ်သွားသည်။ သူမကလည်း ထိုအချက်ကို စဉ်းစားမိသောကြောင့် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ခြင်းဖြစ်သည်။

ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက် ဖန်တီးခဲ့သော စကြာဝဠာက အလွှာဆယ့်သုံးသို့ တက်လှမ်းနိုင်မည့် အသိအမြင်များ ရှိနိုင်သည်။ အကယ်၍ သူမအနေဖြင့် ၎င်းတို့ကို ရရှိနိုင်လျှင် အလွှာဆယ့်သုံးသို့ တက်လှမ်းရန် မျှော်လင့်ချက်က ပိုမိုမြင့်မားလာပေလိမ့်မည်။

" ကောင်းပြီလေ။ " နဝမဖီးနစ်မဟာသူတော်စင်က အကောင်းအဆိုးကို ချိန်ဆပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

အလွှာဆယ့်သုံးသို့ တက်လှမ်းရန် စိန်ခေါ်မှုနှင့်ယှဉ်လျှင် ရန်ငြိုးများက အရေးမပါတော့ပေ။ အရိပ်နတ်ဆိုးမဟာသူတော်စင်က ထိုစကားကို ကြားသောအခါ သက်ပြင်းချလိုက်သည်။ နဝမဖီးနစ်မဟာသူတော်စင်က ထိုစကြာဝဠာကို လျစ်လျူရှုပြီး ဆက်လက်တိုက်ခိုက်မည်ကို သူ စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။

All Chapters