← Chapters

ဗာဂျရာနယ်ပယ်ကင်းထောက်

Vol. 41 Ch. 567

ဗာဂျရာနယ်ပယ်ကင်းထောက်

Vol. 41 Ch. 567

“ဒီနေ့ညဒီမှာ အနားယူကြတာပေါ့”

မဟူရာ ကျောက်တုံးမြို့၏ အရှေ့အရပ်ဆီသို့ မိုင်ထောင်ချီ အနည်းငယ် သွားခဲ့လျှင် နောက်ထပ်မြို့သေးလေး ရှိပေ၏။ ကျန်းရီက ပြတင်းပေါက်ကနေ ကြည့်လိုက်ရာ ခပ်ဝေးဝေးရှိ မြု့လေးတစ်မြို့ကို တွေ့လိုက်ရပြီး ရထားလုံးမောင်းသမားကို ညွှန်ကြားလိုက်တာပဲဖြစ်သည်။

မဟူရာကျောက်တုံးမြို့ထဲရှိ လူ(၁၂)ယောက်ကျော်ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရစေခဲ့ပြီးနောက် သူတို့သည် ညတွင်းချင်း အလျင်စလို ထွက်ခဲ့ပြီး နေ့အချိန်တွင်တောင် အနားမယူခဲ့ချေ။ မိုင်ထောင်ချီခန့် ခရီးဆက်လာပြီးနောက် သူတို့သည် မြို့ကြီးများနှင့် မြို့လေးများစွာကို ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်။ ပေ့ါပျက်ပျက်သခင်လေး၏ မျိုးနွယ်စုက သူတို့နောက် လိုက်ချင်လျှင်တောင် ထိုမျှအကွာအဝေးကို သူတို့ရှာမတွေ့တာ ဖြစ်နိုင်လောက်သည်။

နေ့ရောညပါ ခရီးဆက်ပြီးနောက် ကျန်းရီနှင့်အဖွဲ့သည် ပင်ပန်းမှုကို မခံစားရသည့်တိုင် ရထားလုံးမောင်းသမားနှင့် စစ်မြင်းနှစ်ကောင်က အင်မတန် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ စစ်မြင်းကို လဲလှယ်၍ရသော်ငြား ကျန်းရီက ထိုရထားလုံးမောင်းသမားနှင့် အသားကျနေပြီဖြစ်ရာ နောက်တစ်ယောက် မပြောင်းလဲချင်ပေ။

ရထားလုံးမောင်းသမားသည် သူတို့အနားယူတော့မည်ဟူသော စကားကို ကြားသည့်အချိန်၌ ချက်ချင်း ဖျတ်လတ်သွားတော့၏။ သူကထိုမြို့လေးဆီသို့ ရထားလုံးကို မြန်မြန်ဆန်ဆန် မောင်းနှင်လျှက် အကောင်းဆုံး တည်းခိုဆောင်ကို ရှာတွေ့ပြီး ထပ်ဆုံးတစ်လွှာလုံးကို ငှားယမ်းလိုက်လေသည်။ ယခုအခေါက်တွင် မည်သည့် မတော်တဆမှုမှ မကြုံတွေ့ရဘဲ အားလုံးက ညစာစားပြီး အနားယူကြတော့၏။

ကျန်းရီက အလွန်ပင်ပန်းတာမျိုး မရှိပေ။ သိုင်းပညာရှင်တစ်ဦးက ပိုသန်မာလေ အိပ်ချိန်လိုအပ်မှုက ပိုနည်းပါးလေဖြစ်သည်။ သူ့အတွက် ရက်သတ္တပတ်ပေါင်းများစွာ စားစရာနှင့် ရေတို့မရှိဘဲ မအိပ်မနေခြင်းက အဆင်ပြေသည်။ ထို့ကြောင့်သူသည် တရားထိုင်လျှက် မှော်အတတ်ပညာများကို ဆက်လက် လေ့လာနေ၏။

သူ၏မှော်အတတ်ပညာ ရေကူးခတ်ခြင်းက အစောပိုင်းအဆင့်သို့ ရောက်ရှိနေပြီးဖြစ်သော်ငြား ထူးခြားခြင်းအဆင့်ကို ရောက်ရှိရန် အချိန်ပေါင်းများစွာ လိုအပ်သေးသည်။ ကျန်းရီက ကိုယ်ခွဲသိုင်းကို အသုံးပြုပြီး ကိုယ်ခွဲသုံးဆယ်မှ လေးဆယ်သာ ခွဲနိုင်ပြီး ငြိမ်ငြိမ်စိမ်စိမ် ထိန်းထားနိုင်ပြီဖြစ်သည်။ သူကမီးတာအိုပုံစံ စွမ်းအားကို နားလည်သဘောပေါက်ထားသောကြောင့် သူ၏ကောင်းကင် ကွယ်ပျောက်ခြင်း ချော်ရည်က အဆင့်ကြီးကြီး တက်သွားလေ၏။ ယခုအချိန်တွင်သူက မြေကမ္ဘာမီးကို ထုတ်ဖော်ရန်သာ လိုအပ်သည်။ သူသည် ဘုံကိုးဘုံ၏ နဂါးမီးလျံများကို ထုတ်လွှတ်ချင်ခဲ့လျှင်  အနည်းဆုံး နောက်ထပ်နှစ်အနည်းငယ် လိုမှာပဲဖြစ်သည်။

ထိုနှစ်ရက်အတွင်း ကျန်းရီက သူ၏လေ့လာမှုပစ်မှတ်ကို အပင်ဝိညာဉ်သိုင်းအဖြစ် ပြောင်းလဲလိုက်၏။ ယင်းက အံ့သြဖွယ်ကောင်းသော မှော်အတတ်ပညာတစ်မျိုးဖြစ်ပြီး ကျင့်ကြံသူအဖို့ အနားပတ်ဝန်းကျင်ရှိ အပင်များနားတစ်ဝိုက်တွင် အခြေအနေကို လေ့လာနိုင်သည်။ ယင်းက အပင်များကိုတောင် ထိန်းချုပ်ရွေ့ပြောင်းနိုင်ပြီး တောအုပ်ထဲတွင် တိုက်ပွဲဝင်ရာ၌ အထောက်အကူကြီး ဖြစ်စေ၏။ သူသည်ယင်းကို နှစ်ရက်တာ လေ့လာခဲ့သော်ငြား အပင်ဝိညာဉ်ပညာက အလွန်ဆန်းကြယ်လွန်းသည်။ ကျန်းရီက ထိုအကြောင်း သဲလွန်စများရှိခဲ့ပြီး သူကအလျင်လိုနေပြီး ရလဒ်များကို ရုတ်တရက် လိုချင်တာက မဖြစ်နိုင်ပေ။ သူကအလျင်လိုလေ ယင်းကို နားလည်သဘောပေါက်ရန်က ပိုခက်ခဲလေဖြစ်သည်။

“သခင်လေး”

သန်းခေါင်ယံအချိန်တွင် ကျန်းရီက အသံကူးပြောင်းတာကို ရုတ်တရက် ကြားလိုက်ရ၏။ သူကတံခါးကိုချက်ချင်း ညင်သာစွာဖွင့်လိုက်ရာ အံ့သြဖွယ်ကောင်းသည့် ပုံရိပ်တစ်ခုက အခန်းထဲ ဝင်လာတော့သည်။ ကျန်းရီက မျက်ခုံးပင့်လျှက် သံသယရိပ်တို့ဖြင့် ကြည့်လိုက်သည်။ ဖုန်းလန်သည် ပါးလျစွာဝတ်ဆင်ထားပြီး ညလယ်ခေါင်၌ သူ၏အခန်းသို့ ရောက်လာသည်။ သူမကသူ့ကို ညို့ငင်ရန် ကြိုးစားနေသည်လော။

“သခင်လေး အခြေအနေတစ်ခု ရှိပါတယ်”

ဖုန်းလန်သည် ပါးလွှာပြီး အထင်းသားပေါ်နေသော အဝတ်အစားများ ဝတ်ဆင်ထားရာ သူမ၏ ဖွေးဆွတ်နေသော ပုခုံးသားများနှင့် သွယ်လျသော ခြေတံတစ်စုံကို ပေါ်နေစေ၏။ သူမသည် အစောပိုင်းက အိပ်နေတာ ဖြစ်ဟန်တူသည်။ သူမဆံပင်များက ဖရိုဖရဲဖြစ်နေသည်က သူမကိုပိုတောင် ဆွဲဆောင်မှု ရှိသွားစေ၏။ ကျန်းရီက မှင်သက်နေသော်ငြား သူမစကားများက သူ့ကိုသတိတရားတို့ အမြန်ဝင်လာစေသည်။ သူကယစ်မူးနေသော အမူအရာကို ပြန်ရုတ်သိမ်းကာ ညင်သာသည့် လေသံဖြင့် မေးလိုက်တော့၏။

“ဘာဖြစ်တာလဲ”

“အို”

ဖုန်းလန်က အမြန်ရောက်လာသောကြောင့် သူမအတွင်းဝတ်သာ ဝတ်ထားမှန်း သတိမပြုခဲ့မိပေ။ ကျန်းရီ၏ တပ်မက်သောအကြည့်ကို မြင်သည့်အချိန်မှ သတိပြုမိသွားတာဖြစ်သည်။ သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာက ရှက်သွေးဖြာသွားပြီးနောက် အသံတိုးကာ ပြောလိုက်တော့သည်။

“အနီးအနားမှာ ကျွန်မတို့ကို ထောက်လှမ်းနေတဲ့လူ ရှိတယ် အဲ့ဒါက အထူးမျိုးနွယ်စုတစ်မျိုးပဲ ထောက်လှမ်းနေတဲ့လူက ဗာဂျရာနယ်ပယ် ခွန်အားမှာရှိတယ် ညအချိန်မှာဆို အင်မတန် သိလွယ်တတ်တဲ့ အမှောင်ထုတာအိုပုံစံကြောင့်သာ မဟုတ်ရင် ကျွန်မအဲ့ဒါကို သဘောပေါက်မှာ မဟုတ်ဘူး”

“အမ်”

ကျန်းရီ၏မျက်လုံးများ အေးစိမ့်မှုများ ပေါ်လာသည်။ ဗာဂျရာနယ်ပယ် ကင်းထောက်လား ထူးခြားတဲ့ မျိုးနွယ်စုတစ်ခုလား။ ဖုန်းလန်က သင့်တော်တဲ့ အဝတ်အစား မဝတ်ဘဲ ညအချိန်ကြီးရောက်လာတာ အံ့သြစရာ မရှိဘူးဘဲ။ အထူးမျိုးနွယ်စုရဲ့ ကင်းထောက်တစ်ယောက်က အံ့သြစရာမဟုတ်ပေမဲ့ ပြဿနာက ဗာဂျရာနယ်ပယ်ပဲ။

ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များကို ကောင်းကင်ကြယ်တာရာ နယ်မြေထဲတွင် အသန်မာဆုံး တည်ရှိမှုများအဖြစ် သတ်မှတ်ထားပြီး နတ်မြင်းပျံ နယ်မြေထဲတွင်တောင် သိုင်းပညာရှင် များနေသည့်တိုင် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များက အဆင့်အတန်း တစ်ခုရှိသေး၏။ သူတို့က ကင်းထောက်အဖြစ် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တစ်ဦးကို အမှန်တကယ် ပို့ခဲ့သည်လော။ ထိုကင်းထောက်နောက်ရှိ အင်အားစုက မည်မျှအစွမ်းထက်မည်နည်း။

“ကျွန်မတို့ ဘာလုပ်သင့်လဲ သခင်လေး အဲ့ဒီကင်းထောက်ကို သတ်လိုက်ရမလား”

ဖုန်းလန်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ဖြတ်ခနဲ ပေါ်လာလေ၏။ သူမက အဆင်အခြင်မဲ့ မလှုပ်ရှားရဲပေ။ ကျန်းရီ၏ ခွင့်ပြုချက်ကို တောင်းခံပြီးမှသာ လုပ်မှာပဲဖြစ်သည်။ မဟုတ်လျှင် သူမက ခွင့်ပြုချက်မရဘဲ လုပ်ခဲ့မိလျှင် ပြဿနာကြီး တက်လာနိုင်၏။

ကျန်းရီက ရေရွတ်ပြောဆိုပြီးနောက် ခေါင်းခါလိုက်လေ၏။

“မသတ်နဲ့ အနည်းဆုံးတော့ ဒီမြို့ထဲမှာ မသတ်နဲ့အုံး”

ထိုကင်းထောက် မည်သည့်နေရာမှ လာစေကာမူ အရေးမကြီးပေ။ သူတို့က အဆင်အခြင်မဲ့ သတ်၍မရပေ။ မဟုတ်လျှင် အခြေအနေက ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားမှာပဲဖြစ်သည်။ မြို့၌လူပေါင်းများစွာရှိ၏။ သူတို့တိုက်ခိုက်ခဲ့လျှင် ရုတ်ရုတ်သဲသဲ ဖြစ်သွားနိုင်သည်။ နတ်မြင်းပျံနယ်မြေမှ အင်အားစုကြီးများက သူတို့ကို သတိပြုမိသွားခဲ့လျှင် အခြေအနေက ပိုတောင်ဆိုးရွားပေလိမ့်မည်။

“အဲ့ဒီကင်းထောက်ကို စစ်ဆေးနေတဲ့အချိန် ငါ့ကိုကာကွယ်ပေးထား”

ကျန်းရီက တင်ပြင်ခွေချိတ် ထိုင်ပြီးနောက် ဖုန်းလန်ကမူ ကျန်းရီ၏ ပုခုံးကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်ထားပြီး ခေါင်းခါလိုက်၏။

“သခင်လေး အဲ့ဒီလူက ထူးခြားတဲ့ မျိုးနွယ်စုကဖြစ်ပြီး အလွန်တိကျတဲ့ အာရုံခံမှုမျိုး ရှိတယ် သခင်လေးရဲ့ ကောင်းကင်စိတ်အာရုံကို ထုတ်ဖော်လိုက်တာနဲ့ သူကသခင်လေးကို သေချာပေါက် ရှာတွေ့သွားမှာ သူ့ကိုသတိပေးမိသလို ဖြစ်သွားလိမ့်မယ်”

“ခွီး ခွီး”

ကျန်းရီက ဖုန်းလန်၏လက်ကို ဖယ်ရှားရန် လက်ဆန့်ထုတ်လိုက်လေ၏။ သူကပြုံးကာ ပြောလိုက်တော့သည်။

“ဖုန်းအာ မင်းကမင်းရဲ့ သခင်လေးကို လျှော့တွက်နေတာပဲကို ဗာဂျရာနယ်ပယ်မပြောနဲ့ ကောင်းကင်ဧကရာဇ် အဆင့်ဆိုရင်တောင် သူငါ့ကို ရှာမတွေ့ဘဲနဲ့ သူ့ကိုအေးအေးဆေးဆေး စစ်ဆေးလို့ရတယ်”

ကျန်းရီသည် ဖုန်းလန်ကို မရှင်းပြတော့ဘဲ စိတ်တည်ငြိမ်သည့် အခြေအနေသို့ ဝင်ရောက်လိုက်သည်။ သူ၏စိတ်က မြန်မြန်ဆန်ဆန် တည်ငြိမ်သွားပြီးနောက် သူ၏စိတ်ထဲ၌ ထိုမိုးကြိုးပင်လယ် မြင်ကွင်းက ပေါ်လာသည်။

အဲ့ဒါပဲ။

ကျန်းရီသည် သူက မိုးမြေနှင့် တစ်သားတည်း ရှိနေသည့် အခြေအနေသို့ ဝင်ရောက်ရန် ပြင်ဆင်နေ၏။ ထိုအခြေအနေက အလွန်ဆန်းကြယ်ကာ သူသည် မိုးနှင့်မြေထဲ ပေါင်းစည်းနိုင်ပြီး ဤလောကထဲရှိ မည်သည့်အရာဝတ္ထုဖြစ်ဖြစ် အရာဝတ္ထုတိုင်းအဖြစ်သို့ ပြောင်းလဲနိုင်၏။ သူသည် မည်သည့်တည်ရှိမှုမှမပါဘဲ ပတ်ဝန်းကျင်ကို တိတ်တဆိတ် ထောက်လှမ်းနိုင်သည်။ သူ့ကိုချင်ယွီ ရှာတွေ့ခြင်းမရှိဘဲ ချင်ယွီ၏ အတွင်းဆောင်ကို သူထောက်လှမ်းခဲ့သည်။ နောက်ဆုံးအချိန်က ကဲ့သို့ဖြစ်သည်။

ယခုအခေါက်တွင် သူကံဆိုးတာ နှမြောစရာ ကောင်းလှပေ၏။ ၁၅မိနစ်ခန့် ရုန်းကန်ပြီးနောက် ထိုအခြေအနေထဲ သူမဝင်ရောက်နိုင်သေးပေ။ သူကမျက်လုံးဖွင့်ပြီးနောက် သူ့ကိုစိတ်ပူပန်စွာ စိုက်ကြည့်နေသော ဖုန်းလန်ကိုကြည့်၏။ သူကအနေရခက်စွာ ခေါင်းကုပ်ပြီး ပြောလိုက်တော့သည်။

“ဖုန်းအာ မင်းနည်းနည်းဝေးဝေး ရပ်နေနိုင်မလား မင်းရဲ့ခန္ဓာကိုယ်မှာ ထူးခြားတဲ့ မွှေးရနံ့ရှိနေတော့ ငါ့ကို စိတ်ထွေပြားစေတယ်”

“အာ”

ဖုန်းလန်၏မျက်နှာက ချက်ချင်း ရဲသွားလေ၏။ သူမက မြန်မြန်ဆန်ဆန် နောက်ဆုတ်ကာ အိပ်ယာဘေး၌ ထိုင်လိုက်တော့သည်။ သူမခေါင်းကို ငုံ့ထား၏။ ပြီးနောက် သူမနားရွက်ကလည်း ရဲနေလေတော့သည်။ သူမက ထိုကင်းထောက်ကို အစောပိုင်းက အာရုံစိုက်နေခဲ့တာဖြစ်၏။ ကျန်းရီနှင့် အင်မတန်နီးကပ်နေပြီး သူ့ကိုအမှန်တကယ် စိတ်ပျက်သွားစေမိသည်။

ကျန်းရီက အသက်ပြင်းပြင်း တစ်ချက်ရှုပြီးနောက် ပြန့်လွင့်နေသော အတွေးများအားလုံးကို ဖယ်ရှားလိုက်၏။ ယခုအခေါက်တွင် ကောင်းကင်နယ်မြေကြီး တစ်သားထဲ အခြေအနေကို အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့၏။ ထိုကောင်းကင်နယ်မြေကြီး တစ်သားထဲဟူသော အမည်က သူပေးထားတာပဲဖြစ်သည်။ ယခုအချိန်တွင် သူသည် လေပြည်တစ်စနှယ် ပြောင်းလဲနိုင်ပြီဟု ခံစားမိပြီး အခန်းထဲ ဝေ့ဝိုက်သွားနေတော့၏။ ဖုန်းလန်၏ ရှက်သွေးဖြာနေသော မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး သူမ၏ဖြူဖွေးသော အသားအရည်က အနည်းငယ် နီနေလျှက် သူမဘာစဉ်းစားနေမှန်း သူမသိပေ။

သူ့စိတ်ထဲရှိ မြင်ကွင်းက ပြောင်းလဲသွားပြီးနောက် စားသောက်ဆိုင်ထဲရှိ အခြေအနေကို စတင်အာရုံခံတော့၏။ ပြီးနောက် ဖြည်းဖြည်းချင်း ဆက်လက်ချဲ့ထွင်လိုက်ရာ ထိုကင်းထောက် ရှိသည့်နေရာကို မြန်မြန်ဆန်ဆန် ရှာတွေ့သွား၏။

သူကအမှန်တကယ်ပင် ထူးခြားသော မျိုးနွယ်စုဝင်တစ်ဦးဖြစ်ပြီး နှစ်ပေခန့်သာမြင့်သည်။ သူက ကလေးတစ်ဦးနှင့်တူပြီး အလွန်ပိန်ပါးသော်ငြား အိုမင်းရင့်ရော်သော မျက်နှာထားရှိသည်။ ယခုအချိန်တွင်သူက အတွင်းခြံဝင်း၏ ထောင့်ထဲလှည့်နေလျှက် မည်သည့်အရှိန်အဝါ တည်ရှိမှုကိုမှ မထုတ်ပြခဲ့ပေ။ ကျန်းရီ၏ အနီးကပ် အာရုံစိုက်မှုကြောင့်သာ မဟုတ်လျှင် ထိုကင်းထောက်ကို သူရှာတွေ့ခဲ့မှာ မဟုတ်ပေ။ ကင်းထောက်က အဆင်အခြင်မဲ့ မလှုပ်ရှားရဲဘဲ သူတောင်းစား တစ်ကောင်ကဲ့သို့ နေနေလျှက် အိပ်ပျော်ချင်ယောင် ဆောင်နေလေသည်။

သူသည် မျက်လုံးရုတ်တရက် ဖွင့်လာပြီး သူ၏မျက်ဆံတို့က အစိမ်းရောင် ဖြစ်နေသောကြောင့် ကင်းထောက်က ထိုလူမှန်း သေချာသွားတော့သည်။ သူ၏နှာခေါင်းက ခွေးတစ်ကောင်၏ နှာခေါင်းကဲ့သို့ အနည်းငယ် တွန့်ရှုပ်တွန့်ရှုပ် ဖြစ်နေပြီး ကင်းထောက် မျက်လုံးဖွင့်လိုက်သည့် အချိန်တွင် ကျန်းရီက ခန္ဓာကိုယ်အတွင်းမှ အစွမ်းထက်သော အရှိန်အဝါ တည်ရှိမှုကို ခံစားမိသည်။ ထိုကင်းထောက်က သေချာပေါက် ဗာဂျရာနယ်ပယ် ဖြစ်ပေ၏။

ဟူး ဟူး

ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေမှ ထွက်ခွာလာပြီး သူ၏အမူအရာက သုန်မှုန်သွားတော့သည်။ ဗာဂျရာနယ်ပယ် ကင်းထောက်သည် နတ်မြင်းပျံ နယ်မြေထဲရှိ သိုင်းခန်းမဆောင်မှလူမဟုတ် နယ်မြေ၏ အင်အားကြီး အဖွဲ့မှ မျိုးဆက်တစ်ဦး ဖြစ်နိုင်သည်။ မည်သည့်ဘက်ခြမ်းမှ ဖြစ်စေကာမူ သူတို့ပြဿနာ များနေပြီဖြစ်သည်။

“သခင်လေး ကျွန်မတို့ ဘာလုပ်သင့်လဲ”

ဖုန်းလန်က ရှေ့သို့မှီလျှက် ညွှန်ကြားချက်ကို တောင်းခံလေသည်။

“ငါတို့တွေသူ့ကို ဖယ်ထုတ်ရမယ်”

ကျန်းရီက အေးတိအေးစက် အသံဖြင့် ပြောလိုက်လေ၏။

“ဒါပေမဲ့ အခုအချိန်မဟုတ်သေးဘူး မနက်ဖြန်ကျ တောနက်ထဲ သွားတဲ့အချိန် သူ့ကိုပါတစ်ပါထဲ ဖြေရှင်းလိုက်မယ် သူ့ကိုဝိညာဉ်ကျွန်အဖြစ် သန့်စင်လိုက်ရအောင် သူ့ရဲ့သခင်က ဘယ်သူလဲဆိုတာ အရင်ကြည့်ကြသေးတာပေါ့”

***

All Chapters