အကူအညီတောင်းခြင်း...
Vol. 64 Ch. 912
" သခင် " လက်ခြောက်ဖက်နှင့်ပုံရိပ်က လင်းယွမ်ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။
" ဧကရာဇ်ရွှမ်ဟွမ်အကြောင်း ငါ့ကို ပြောပြဦး။ " လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။
" အရှင်မင်းကြီး အကြောင်းလား။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က သတိထားပြီး မေးလိုက်သည်။ " ဘယ်အကြောင်းလဲ။ "
" လက်နက်နဲ့ ရတနာတွေအကြောင်းပဲ။ "
အကယ်၍ ဧကရာဇ်ရွှမ်ဟွမ်က အလွှာဆယ့်သုံးသို့ တက်လှမ်းရန် ကြိုးစားစဉ် အချိန်စက်ဝန်းထဲတွင် ပိတ်မိသွားလျှင် သူ၏ ရတနာများနှင့် လက်နက်များက ကျန်ခဲ့ပေလိမ့်မည်။
" လက်နက်နဲ့ ရတနာတွေလား။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ခဏစဉ်းစားလိုက်သည်။ " အရှင်မင်းကြီးရဲ့ ရတနာတွေထဲမှာ ရွှမ်ဟွမ်တံဆိပ်က အစွမ်းထက်ဆုံးပဲ။ တစ်ချက်တိုက်ခိုက်လိုက်ရုံနဲ့ သာမန်မဟာသူတော်စင်တွေတောင် ခုခံနိုင်စွမ်းမရှိဘဲ ပျက်ဆီးသွားရလိမ့်မယ်။ "
" ပြီးတော့ ရွှမ်ဟွမ်ချပ်ဝတ်လည်း ရှိသေးတယ်။ ဘယ်နိယာမတွေကမှ မဖျက်ဆီးနိုင်တဲ့အပြင် ကပ်ဘေးတွေကြားမှာလည်း ပျက်ဆီးမှာမဟုတ်ဘူး။ ဒီချပ်ဝတ်ကို ဝတ်ထားရင် အဆင့်တူ မဟာသူတော်စင်တွေတောင် ထိခိုက်အောင်လုပ်ဖို့ ခက်ခဲတယ်။ "
လင်းယွမ်က တိတ်ဆိတ်စွာ နားထောင်ရင်း စိတ်ဝင်စားလာသည်။
" အရှင်မင်းကြီး ရှိနေတုန်းက ဘယ်မဟာသူတော်စင်မှ သူနဲ့ မယှဉ်ရဲကြဘူး။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က သက်ပြင်းချပြီး ပြောလိုက်သည်။
ပြိုင်ဘက်ကင်းမဟာသူတော်စင်များထဲတွင် ဧကရာဇ်ရွှမ်ဟွမ်က အသန်မာဆုံးထဲတွင် ပါဝင်သည်။
" ငါနားလည်ပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" သခင် ဘာဖြစ်လို့လဲ။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က မေးလိုက်သည်။
" သားရေချပ်ပေါ်က မြေပုံ..." လင်းယွမ်က အခြေအနေကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။
" အရှင်မင်းကြီး ဖန်တီးထားတဲ့ စကြာဝဠာကို ရှာတွေ့သွားကြပြီလား။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က စိတ်မကောင်းစွာဖြင့် ပြောလိုက်သည်။
အကယ်၍ ဧကရာဇ်ရွှမ်ဟွမ်သာ သက်ရှိထင်ရှားရှိနေလျှင် သူဖန်တီးထားသော စကြာဝဠာကို ဘယ်သူမှ ရှာတွေ့နိုင်မည်မဟုတ်ပေ။ ယခုအခါ ဖရိုဖရဲအရှင်သခင်များနှင့် မဟာသူတော်စင်များက စကြာဝဠာကို ရှာတွေ့သွားကြပြီဖြစ်သောကြောင့် ဧကရာဇ်ရွှမ်ဟွမ်က ဖရိုဖရဲဟင်းလင်းပြင်တွင် မပေါ်လာသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း ဖော်ပြနေသည်။
" သခင် အရှင်မင်းကြီး ချန်ခဲ့တဲ့ လက်နက်နဲ့ ရတနာတွေက သခင်နဲ့ပဲ ထိုက်တန်ပါတယ်။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။
ဧကရာဇ်ရွှမ်ဟွမ်ဖန်တီးခဲ့သော လျို့ဝှက်နယ်မြေ၏ စိတ်ဝိညာဉ်ဖြစ်သဖြင့် သူ၏ သခင်ဟောင်းချန်ခဲ့သော လက်နက်နှင့် ရတနာများကို အခြားလူလက်ထဲသို့ ရောက်သွားမည်ကို မလိုလားပေ။
လင်းယွမ်က ဧကရာဇ်ရွှမ်ဟွမ်၏ ဆက်ခံသူဟု ဆိုနိုင်ပြီး ထိုစကြာဝဠာကိုလည်း ပိုင်ဆိုင်ရန် ထိုက်တန်ပေသည်။
" ငါအကောင်းဆုံး ကြိုးစားမှာပါ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ကြယ်မျက်ရည်အစိတ်အပိုင်းကမ္ဘာတွင် လင်းယွမ်က ထိုစကြာဝဠာသို့ သွားနိုင်ရန် စဉ်းစားနေသည်။ သူအတွက် အကြီးဆုံးပြဿနာမှာ ထိုစကြာဝဠာသို့ အချိန်တိုအတွင်း မည်သို့သွားရမည်ဟူသော အချက်ပင်ဖြစ်သည်။
" ခက်တယ် တကယ်ခက်တယ်။ " လင်းယွမ်က ခဏစဉ်းစားနေသော်လည်း မျှော်လင့်ချက်သိပ်မရှိပေ။
" ငါ့ရဲ့ စွမ်းအားတစ်ခုတည်းနဲ့တော့ အချိန်တိုအတွင်း ရောက်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ပြင်ပအကူအညီဆိုရင်ရော..." လင်းယွမ်က သေချာစဉ်းစားနေသည်။
ရင်းမြစ်ကမ္ဘာတွင် လီယန်ရှေးဟောင်းနိုင်ငံ၏ မြို့တော်မှ နယ်စပ်ဒေသသို့ သွားလိုလျှင် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်များကို အသုံးပြုနိုင်လေသည်။
" လမ်းစဉ်တစ်သောင်းခန်းမ..." လင်းယွမ်က လမ်းစဉ်တစ်သောင်းခန်းမရှိရာသို့ ကြည့်လိုက်သည်။
လမ်းစဉ်တစ်သောင်းခန်းမက ဖရိုဖရဲဟင်းလင်းပြင်တွင် ဌာနခွဲများစွာရှိပြီး လမ်းစဉ်တစ်သောင်းမျက်လုံးက မည်သည့်ဌာနခွဲမဆို ဆင်းသက်နိုင်သည်။ အကယ်၍ လမ်းစဉ်တစ်သောင်းမျက်လုံးသာ လင်းယွမ်ကို ကူညီလျှင် ထိုနေရာသို့ အချိန်တိုအတွင်း ရောက်နိုင်လေသည်။
" သွားမေးကြည့်တာပေါ့။ " လင်းယွမ်က ခဏစဉ်းစားပြီး ကိုယ်ပွားတစ်ခု ဖန်တီးကာ လမ်းစဉ်တစ်သောင်းခန်းမသို့ ထွက်ခွာသွားသည်။
လင်းယွမ်က လမ်းစဉ်တစ်သောင်းခန်းမသို့ ဝင်ရောက်သွားသည်နှင့် အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိသွားသည်။ ခန်းမသခင်က လင်းယွမ်ကို ပြုံးလျက် စောင့်ကြိုနေသည်။
ခန်းမသခင်က လင်းယွမ်အပေါ် လမ်းစဉ်တစ်သောင်းမျက်လုံး၏ အကဲဖြတ်မှုကို ယနေ့အထိ မှတ်မိနေဆဲ ဖြစ်သည်။ အနာဂတ် အလွှာဆယ့်သုံး အချိန်သက်ရှိ။
" ကျုပ် လမ်းစဉ်တစ်သောင်းမျက်လုံးနဲ့ တွေ့ချင်တယ်။ " လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။
" ခဏစောင့်ပါ။ " ခန်းမသခင်က ခဏစဉ်းစားပြီးနောက် လမ်းစဉ်တစ်သောင်းမျက်လုံးကို ချက်ချင်း ဆက်သွယ်လိုက်သည်။
အကယ်၍ အခြားသူများက လမ်းစဉ်တစ်သောင်းမျက်လုံးနှင့် တွေ့ချင်သည်ဟု ပြောလျှင် ခန်းမသခင်က ဂရုစိုက်မည်မဟုတ်ပေ။ သို့သော် လင်းယွမ်ဆိုလျှင်တော့ ခန်းမသခင်က ဘာလုပ်ရမည်ကို ကောင်းကောင်းသိနေသည်။
မကြာမီ အချိန်လေဟာနယ်က ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာပြီး ကြီးမားသော မျက်လုံးက လင်းယွမ်ကို ကြည့်လိုက်သည်။
" ငါနဲ့ ဘာလို့တွေ့ချင်တာလဲ။ " လမ်းစဉ်တစ်သောင်းမျက်လုံးက လင်းယွမ်ကို စိတ်ဝင်တစားကြည့်လိုက်သည်။
" ကျုပ်အဲ့ဒီနေရာကို သွားချင်တယ်။ " လင်းယွမ်က အချိန်လေဟာနယ် တည်နေရာဆုံမှတ်များကို ပြောလိုက်သည်။
" ဟမ် မင်းနဲ့ အဲ့ဒီကောင်လေး ရွှမ်ဟွမ်နဲ့က ဘယ်လိုပက်သက်တာလဲ။ " လမ်းစဉ်တစ်သောင်းမျက်လုံးက လင်းယွမ်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
" အဲ့ဒီကောင်လေးရွှမ်ဟွမ်လား။ " လင်းယွက ခဏစဉ်းစားလိုက်ပြီး လမ်းစဉ်တစ်သောင်းမျက်လုံးက ဧကရာဇ်ရွှမ်ဟွမ်အား ရည်ညွှန်းသည်ကို နားလည်လိုက်သည်။
ဧကရာဇ်ရွှမ်ဟွမ်က အလွန်ရှေးကျသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်ခေတ်မှာပင် သူ့ကို သိရှိသူ အနည်းငယ်သာရှိသည်။ သို့သော် လမ်းစဉ်တစ်သောင်းမျက်လုံးက သူ့ကို သိနေပုံရပြီး အဲ့ဒီကောင်လေးရွှမ်ဟွမ်ဟုပင် ခေါ်ဆိုနေသည်။
" ကျုပ်က ဧကရာဇ်ရွှမ်ဟွမ်ချန်ခဲ့တဲ့ အမွေအနှစ်အချို့ကို ဆက်ခံထားပါတယ်။ " လင်းယွမ်က အမှန်အတိုင်း ပြောလိုက်သည်။
" ဒါကြောင့်ကိုး။ " လမ်းစဉ်တစ်သောင်းမျက်လုံးက နားလည်သွားသည်။ " အဲ့ဒီကောင်လေးရွှမ်ဟွမ်က နှမြောစရာပဲ။ တကယ်လို့ သူသာ သူ့ရဲ့ စိတ်နှလုံးနတ်ဆိုးထဲမှာ ပိတ်မိမနေခဲ့ရင် အလွှာဆယ့်သုံးကို တက်လှမ်းဖို့ မျှော်လင့်ချက်နည်းနည်းရှိတယ်။ "
" စိတ်နှလုံးနတ်ဆိုးလား။ " လင်းယွမ်က ထိုအကြောင်းကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ စိတ်ဝိညာဉ်ပင် ထိုအကြောင်းကို မသိပေ။
" အလွှာဆယ့်နှစ်ကနေ အလွှာဆယ့်သုံးကို တက်လှမ်းတဲ့အခါ အဓိကအတားအဆီးက စိတ်နှလုံးနတ်ဆိုးရဲ့ စွဲလမ်းမှုပဲ။ ဘာလို့လဲဆိုတော့ မင်းကျရောက်သွားမယ့် အချိန်စက်ဝန်းက မင်းရဲ့ အားနည်းချက်အပေါ် မူတည်ပြီး ပြောင်းလဲသွားမှာမလို့ပဲ။ ဒါကို ခံနိုင်ရည်ရှိဖို့ မင်းရဲ့ စိတ်ဓာတ်က လုံးဝပြည့်စုံနေရမယ်။ "
" တကယ်လို့ စိတ်နှလုံးနတ်ဆိုးရဲ့ စွဲလမ်းမှုရှိနေရင် အချိန်စက်ဝန်းက အဲ့ဒီစွဲလမ်းမှုအတိုင်း လည်ပတ်နေမှာဖြစ်လို့ လွတ်မြောက်ဖို့ မဖြစ်နိုင်သလောက်ပဲ။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ရှင်းပြလိုက်သည်။
" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သော်လည်း နားမလည်နိုင်ဖြစ်နေသည်။
ဧကရာဇ်ရွှမ်ဟွမ်ကဲ့သို့ ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက် မကျော်လွှားနိုင်သောအရာ ရှိနေတာလား။ မဟုတ်လျှင် စိတ်နှလုံးနတ်ဆိုး၏ စွဲလမ်းမှုက ပေါ်လာမည်မဟုတ်ပေ။
" ကောင်းပြီ။ " လမ်းစဉ်တစ်သောင်းမျက်လုံးက လင်းယွမ်ကို ကြည့်လိုက်သည်။ " မင်းငါဆီလာတာ အဲ့ဒီစကြာဝဠာအနားကို ပို့ပေးဖို့ မဟုတ်လား။ "
" ဟုတ်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" အကူအညီတောင်းတာ တော်တော်လေး ပွင့်လင်းတာပဲ။ " လမ်းစဉ်တစ်သောင်းမျက်လုံးက စနောက်လိုက်သည်။ " ဒါပေမယ့် ငါသဘောတူလိုက်ပြီ။ "
လမ်းစဉ်တစ်သောင်းခန်းမက ဖရိုဖရဲဟင်းလင်းပြင်၏ နေရာအနှံ့တွင် ရှိနေသည်။ လမ်းစဉ်တစ်သောင်းမျက်လုံးသာ ဆန္ဒရှိလျှင် လင်းယွမ်ကို ကုမင်ဖရိုဖရဲကုန်းမြေမှ ယိယွင်ဟင်းလင်းပြင်နယ်မြေသို့ ပို့ဆောင်ပေးနိုင်သည်။
ရွှမ်ဟွမ်စကြာဝဠာက ယိယွင်ဟင်းလင်းပြင်နယ်မြေအနီးတွင် တည်ရှိသည်။ လင်းယွမ်သာ ထိုဟင်းလင်းပြင်နယ်မြေသို့ ရောက်သွားလျှင် ရွှမ်ဟွမ်စကြာဝဠာနှင့် အလွန်နီးကပ်သွားမည်ဖြစ်သည်။
" ကျေးဇူးတင်ပါတယ်။ " လင်းယွမ်က သူ၏ စိတ်ကို ထိန်းချုပ်လိုက်သည်။ " ကျုပ်ဘာပြန်ပေးရမလဲ။ "
လမ်းစဉ်တစ်သောင်းမျက်လုံးက အလကားကူညီမည်မဟုတ်သည်ကို လင်းယွမ်က ကောင်းစွာသိနေသည်။ စကြာဝဠာခေတ်ပေါင်းများစွာ တည်ရှိလာသော အဖွဲ့အစည်းတစ်ခုအနေနှင့် မျှတသော ကုန်သွယ်မှုကို လက်ကိုင်ထားသည်။ တစ်ခုကို မယူမီ တစ်ခုပြန်ပေးရမည်ဖြစ်သည်။
" ငါစဉ်းစားလိုက်ဦးမယ်။ " လမ်းစဉ်တစ်သောင်းမျက်လုံးက လင်းယွမ်ကို ကြည့်လိုက်သည်။
အကယ်၍ အခြားတစ်ယောက်သာဆိုလျှင် သူက ကြီးမားသော တန်ဖိုးတစ်ခုကို သေချာပေါက် တောင်းဆိုပေလိမ့်မည်။ ယခုအချိန်တွင် ရွှမ်ဟွမ်စကြာဝဠာသို့ သွားရန် တစ်ခုတည်းသော နည်းလမ်းမှာ လမ်းစဉ်တစ်သောင်းခန်းမမှ သွားခြင်းဖြစ်သည်။
သို့သော် လမ်းစဉ်တစ်သောင်းမျက်လုံး၏ အမြင်တွင် လင်းယွမ်က အလွှာဆယ့်သုံသို့ တက်လှမ်းရန် အလားအလာရှိသူဖြစ်သည်။ ထို့ကြောင့် လင်းယွမ်နှင့်အလဲအလှယ်လုပ်ရန် ဂရုစိုက်ရမည်ဖြစ်သည်။
တန်ဖိုးကြီးသွားလျှင် လင်းယွမ်၏ စိတ်ထဲတွင် မကျေမနပ်ဖြစ်စေပြီး ဆိုးကျိုးများ ဖြစ်လာနိုင်သည်။ တန်ဖိုးနည်းလျှင်လည်း မျှတသော ကုန်သွယ်မှုမဟုတ်တော့ပေ။ ယခင် လင်းယွမ်၏ သိုင်းတာအိုလမ်းစဉ်ခွဲများကို ဖြန့်ဝေပေးရန် လမ်းစဉ်တစ်သောင်းမျက်လုံးက လင်းယွမ်ဆီမှ ကတိတစ်ခုကို တောင်းဆိုခဲ့သည်။
ထိုကတိက တန်ဖိုးမရှိဟု ထင်ရသော်လည်း ၎င်းက လင်းယွမ် အလွှာဆယ့်သုံးသို့ တက်လှမ်းပြီးနောက် ဖြည့်ဆည်းပေးရမည့်ကတိဖြစ်သည်။
" ဖရိုဖရဲသလင်းကျောက် ငါးသောင်းပဲပေးပါ။ " လမ်းစဉ်တစ်သောင်းမျက်လုံးက ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။
" ဖရိုဖရဲသလင်းကျောက် ငါးသောင်းလား။ " လင်းယွမ်က လမ်းစဉ်တစ်သောင်းမျက်လုံးကို ကြည့်လိုက်သည်။
" ပြဿနာမရှိဘူး။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ထောလုံမဟာသူတော်စင် ချန်ထားခဲ့သော အမွေအနှစ်နေရာတွင် ရတနာများစွာ ရှိသောကြောင့် လင်းယွမ်က ဖရိုဖရဲသလင်းကျောက် တော်တော်များများကို စုဆောင်းထားနိုင်ခဲ့သည်။
" ကျွန်တော်ပြန်ပြီး ပြင်ဆင်လိုက်ဦးမယ်။ " လင်းယွမ်၏ ကိုယ်ပွားက တိုက်ရိုက်ပျောက်ကွယ်သွားသည်။