← Chapters

စောင့်ဆိုင်းနေကြခြင်း...

Vol. 64 Ch. 914

စောင့်ဆိုင်းနေကြခြင်း...

Vol. 64 Ch. 914

" ဒါဆို အဲ့ဒီစကြာဝဠာက ဘယ်ပြိုင်ဘက်ကင်းမဟာသူတော်စင်နဲ့ ပက်သက်နေတာလဲ။ " ဦးချိုနှင့်လူက အကျိုးမရှိသော ခရီးတစ်ခု မဖြစ်လိုပေ။

အကယ်၍ သာမန်ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်၏ စကြာဝဠာဖြစ်လျှင် သူက ထိုမျှစျေးကြီးပေးပြီး သွားရန် မလိုအပ်ပေ။ အခြားမဟာသူတော်စင်များနှင့် တိုက်ခိုက်ရာတွင် သူက ထိခိုက်မှုများ ရှိနိုင်သဖြင့် သူရရှိမည့် လေးဆယ်ရာခိုင်နှုန်းက ထိုထိခိုက်မှုများအား မကာမိမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

" အဲ့ဒီစကြာဝဠာကို ရွှမ်ဟွမ်စကြာဝဠာလို့ခေါ်တယ်။ ရွှမ်ဟွမ်မဟာသူတော်စင်ချန်ခဲ့တာပဲ။ ရွှမ်ဟွမ်မဟာသူတော်စင်က အနှိုင်းမဲ့မဟာသူတော်စင်ဖြစ်လာဖို့ အနီးပ်ဆုံး ရောက်ခဲ့တဲ့သူတစ်ယောက်ပဲ။ " ရှေးဟောင်းယဇ်ပလ္လင်မှ အသံက သူ၏ နားထဲတွင် ထွက်ပေါ်လာသည်။

" အနှိုင်းမဲ့မဟာသူတော်စင်ဖြစ်ဖို့ အနီးစပ်ဆုံးလား။ " သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

​အနှိုင်းမဲ့မဟာသူတော်စင်များက ဒဏ္ဍာရီထဲတွင်သာ တည်ရှိကြသည်။ အနှိုင်းမဲ့မဟာသူတော်စင်ဖြစ်လာရန် တစ်ခေတ်တည်းရှိ ပြိုင်ဘက်ကင်းမဟာသူတော်စင်အားလုံးကို နှိမ်နင်းနိုင်ရမည်ဖြစ်သည်။ ထို့အပြင် ထိုခေတ်ရှိ ပြိုင်ဘက်ကင်းမဟာသူတော်စင်အားလုံး၏ အသိအမှတ်ပြုမှုကိုလည်း ရရှိရမည်ဖြစ်သည်။

ထိုသို့ဖြစ်လာရန် ကြောက်စရာကောင်းသော စွမ်းအားကို လိုအပ်သည်။ ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်ကို အနိုင်ယူလိုက်ရုံနှင့် အသိအမှတ်ပြုမှုကို ရရှိမည်မဟုတ်ပေ။

" ၆၀ ရာခိုင်နှုန်း သဘောတူတယ်။ " ဦးချိုနှင့် မဟာသူတော်စင်က သဘောတူလိုက်သည်။

အနှိုင်းမဲ့မဟာသူတော်စင်အဆင့်သို့ နီးစပ်သော ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်၏ စကြာဝဠာသို့ သွားရန် ထိုမျှပေးဆပ်ရကျိုးနပ်ပေသည်။

ယိယွင်ဟင်းလင်းပြင်နယ်မြေ၊ ဝမ်ချွမ်းဖရိုဖရဲကုန်းမြေတွင် လမ်းစဉ်တစ်သောင်းခန်းမတစ်ခု ရှိနေသည်။

" ဒီနားက ဟင်းလင်းပြင်နယ်မြေတွေမှာ အတော်လေး လှုပ်ရှားနေတယ်။ " ဒုခန်းမသခင်များက အချင်းချင်း ဆွေးနွေးနေကြသည်။

လမ်းစဉ်တစ်သောင်းခန်းမများက ဖရိုဖရဲဟင်းလင်းပြင်အနှံ့တွင် တည်ရှိသော်လည်း ခန်းမသခင်များကို လမ်းစဉ်တစ်သောင်းမျက်လုံးကိုယ်တိုင်က ခန့်အပ်သည်။

" ဟုတ်တယ်။ ဖရိုဖရဲအရှင်သခင်တွေအများကြီး သွားလာနေကြတယ်။ " ဒုခန်းမသခင်တစ်ယောက်က သက်ပြင်းချလိုက်သည်။

ဝမ်ချွမ်းဖရိုဖရဲကုန်းမြေက ဝမ်ချွမ်းအရှင်သခင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် အခြားအရှင်သခင်တစ်ယောက်ကို တွေ့ရခဲသည်။ သို့သော် မကြာသေးမီက ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်နယ်မြေများမှ ဖရိုဖရဲအရှင်သခင်များ ရောက်လာခဲ့ကြသည်။

" အဲ့ဒီစကြာဝဠာကို ထူးခြားတဲ့ တည်ရှိမှုတစ်ခုက ဖန်တီးခဲ့တာလို့ပြောတယ်။ အဲ့ဒါကြောင့် ဖရိုဖရဲအရှင်သခင်တွေအများကြီးကို ဆွဲဆောင်နေတာပဲ။ "

" ဖရိုဖရဲအရှင်သခင်တွေ အဲ့လောက်စုဝေးနေတာသာမဟုတ်ရင် ငါကိုယ်တိုင်တောင် သွားကြည့်လိုက်ချင်သေးတယ်။ " အခြားတစ်ယောက်က ပြောလိုက်သည်။

လမ်းစဉ်တစ်သောင်းခန်းမ၏ ဒုခန်းမသခင်များက လွှမ်းမိုးခြင်းအဆင့်သာ ရှိပြီး ရွှမ်ဟွမ်စကြာဝဠာအနီးပင် မချဉ်းကပ်ရဲကြပေ။

" အဲ့ဒီကို သွားနေတာ ဖရိုဖရဲအရှင်သခင်တွေပဲမဟုတ်ဘူး။ " ခန်းမသခင်က ဝင်ပြောလိုက်သည်။ " မဟာသူတော်စင်အချို့တောင် အဲ့ဒီကို သွားနေကြပြီ။ "

" မဟာသူတော်စင်တွေတောင် သွားကြတာလား။ " ဒုခန်းမသခင်များက တုန်လှုပ်သွားကြသည်။

" မယုံဘူးလား။ " ခန်းမသခင်က အားလုံးကို တစ်ချက်ကြည့်ပြီး ဆက်ပြောရန် ပြင်လိုက်သည်။ ရုတ်တရက် သူ၏ အမူအရာက ပြောင်းလဲသွားပြီး ထရပ်ကာ ပျောက်ကွယ်သွားသည်။

" ခန်းမသခင် ဘာဖြစ်လို့လဲ။ " ဒုခန်းမသခင်များက နားမလည်နိုင်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

လမ်းစဉ်တစ်သောင်းခန်းမ၏ အနက်ရှိုင်းဆုံးနေရာတွင် အချိန်လေဟာနယ်က ဖြည်းညင်းစွာ လည်ပတ်လာပြီး တည်ငြိမ်သော အျိန်လေဟာနယ်လမ်းကြောင်းတစ်ခုဖြစ်ပေါ်လာသည်။ ထိုလမ်းကြောင်းထဲမှ လူငယ်တစ်ယောက် ထွက်လာသည်။

ကြီးမားသော မျက်လုံးကလည်း ပေါ်လာပြီး လူငယ်ကို ငုံ့ကြည့်လိုက်သည်။ " နဂါးငွေ့တန်း မင်းရောက်ပြီ။ "

ခန်းမသခင်ကလည်း ဘေးတွင်ရပ်ပြီး အချိန်လေဟာနယ်လမ်းကြောင်းထဲမှ ထွက်လာသော လူငယ်ကို အကဲခတ်နေသည်။ လမ်းစဉ်တစ်သောင်းမျက်လုံး၏ ဆက်ဆံပုံကို ကြည့်ခြင်းဖြင့် ထိုလူငယ်က အနည်းဆုံး မဟာသူတော်စင်အဆင့်တွင် ရှိပေလိမ့်မည်။ ထို့အပြင် သူက သာမန် ဖရိုဖရဲမဟာသူတော်စင်တစ်ယောက် ဟုတ်ပုံမရပေ။

" ကျေးဇူးတင်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

" ဒါဆို ငါသွားလိုက်ဦးမယ်။ " လမ်းစဉ်တစ်သောင်းမျက်လုံးက လင်းယွမ်ကို တစ်ချက်ကြည့်ပြီး လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

" အရှင် " ခန်းမသခင်က ရှေ့တိုးလာပြီး ချက်ချင်း ပြောလိုက်သည်။ " ထွက်ပေါက်က ဒီဘက်မှာပါ။ "

" ကောင်းပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

မကြာမီ လင်းယွမ်က လမ်းစဉ်တစ်သောင်းခန်းမ၏ ထွက်ပေါက်သို့ ရောက်ရှိသွားသည်။

" ဒါက ဝမ်ချွမ်းဖရိုဖရဲကုန်းမြေလား။ " လင်းယွမ်က မေးလိုက်သည်။

" ဟုတ်ပါတယ်။ " ခန်းမသခင်က ခေါင်းညိမ့်လိုက်သည်။

လင်းယွမ်၏ ပုံရိပ်က ခန်းမအပြင်ဘက်တွင် ပျောက်ကွယ်သွားပြီးနောက် ခန်းမသခင်က သက်ပြင်းချလိုက်သည်။

" အဲ့ဒါ ဘယ်မဟာသူတော်စင်လဲ။ နဂါးငွေ့တန်းလား။ ငါတစ်ခါမှမကြားဖူးဘူး။ " ခန်းမသခင်က တွေးလိုက်သည်။

" ယိယွင်ဟင်းလင်းပြင်နယ်မြေ..." လင်းယွမ်က ခြေတစ်လှမ်းနှင့် ဖရိုဖရဲကုန်းမြေမှ ထွက်ခွာပြီး ဖရိုဖရဲဟင်းလင်းပြင်သို့ ရောက်သွားသည်။

" ရွှမ်ဟွမ်စကြာဝဠာက ဟိုဘက်မှာပဲ။ " လင်းယွမ်က တိကျသော အချိန်လေဟာနယ်ဆုံမှတ်များမရှိလျှင်တောင် ယိယွင်ဖရိုဖရဲကုန်းမြေသို့ ရောက်သည်နှင့် သာရေချပ်မြေပုံ၏ ပြောင်းလဲမှုများကို အာရုံခံနိုင်လာသည်။ အကယ်၍ လင်းယွမ်သာ မဖိနှိပ်ထားလျှင် ၎င်းက ရွှမ်ဟွမ်စကြာဝဠာနှင့် တိုက်ရိုက်ပဲ့တင်ထပ်နေပေလိမ့်မည်။

" အဲ့ဒီနေရာမှာ ဖရိုဖရဲအရှင်သခင် အနည်းဆုံး ၃၀ လောက်ရှိလိမ့်မယ်။ " လင်းယွမ်က အဝေးမှ စောင့်ကြည့်နေသည်။ အချိန်လေဟာနယ်အပေါ် သူ၏ နားလည်မှုဖြင့် ဖရိုဖရဲအရှင်သခင်များ၏ အော်ရာများက သူ့ထံမှ ဖုံးကွယ်၍ မရပေ။

" မဟာသူတော်စင်တွေလည်း ရှိနေတာလား။ အရိပ်နတ်ဆိုးနဲ့ နဝမဖီးနစ်မဟာသူတော်စင်။ " လင်းယွမ်က အာရုံခံလိုက်ပြီး သူ၏ အမူအရာက ထူးဆန်းသွားသည်။

" ဒီမဟာသူတော်စင်နှစ်ယောက်နဲ့ ရေစက်မကုန်သေးဘူးပဲ။ " လင်းယွမ်က အံ့ဩစွာ တွေးလိုက်သည်။ သူ၏ ပင်မစကြာဝဠာကလည်း ထိုမဟာသူတော်စင်နှစ်ယောက်၏ တိုက်ပွဲကြောင့် ပျက်ဆီးသွားခဲ့ရသည်။ ယခု ရွှမ်ဟွမ်စကြာဝဠာထွက်ပေါ်လာချိန်တွင်လည်း သူတို့နှင့် ထပ်မံတွေ့ဆုံရပြန်သည်။

ယခုအချိန်တွင် လင်းယွမ်က သူတို့ထက် မည်မျှသာလွန်သည်ဟု မပြောနိုင်သော်လည်း အနည်းဆုံးတော့ ထိုမဟာသူတော်စင်နှစ်ယောက်ထက် မနိမ့်ကျသည်မှာ သေချာသည်။

" ရွှမ်ဟွမ်စကြာဝဠာ ပေါ်လာတာကလည်း သူတို့နှစ်ယောက်ကြောင့်ပဲလား။ " လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။ " အရိပ်နတ်ဆိုးနဲ့ နဝမဖီးနစ်အပြင် နောက်ထပ်မဟာသူတော်စင်နှစ်ယောက်လည်း ရောက်နေတယ်။ "

ခဏကြာသောအခါ လင်းယွမ်က စွန့်ပစ်ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်လာပြီး ရွှမ်ဟွမ်စကြာဝဠာ၏ ထောင့်စွန်းကို မြင်တွေ့လိုက်ရသည်။ ထိုထောင့်စွန်းမှတစ်ဆင့် လင်းယွမ်က ရွှမ်ဟွမ်စကြာဝဠာ၏ ကျယ်ပြောမှုနှင့် နက်ရှိုင်းမှုကို အာရုံခံမိလိုက်သည်။

" အားလုံးက ရွှမ်ဟွမ်စကြာဝဠာရဲ့ အပြင်ဘက် အချိန်လေဟာနယ် အလိုအလျောက် ပြိုလဲသွားမှာကို စောင့်နေကြတာပဲ " လင်းယွမ်က တွေးလိုက်သည်။

ရွှမ်ဟွမ်စကြာဝဠာက ခေတ်ကာလများစွာ ဖြတ်သန်းလာခဲ့ပြီး ဖြစ်သည်။ ဖရိုဖရဲဟင်းလင်းပြင်၏ သဘာဝစကြာဝဠာများထက် အရွယ်အစားနှင့် ဖွဲ့စည်းမှုက များစွာသာလွန်သော်လည်း ၎င်းက မပျက်စီးနိုင်သော သို့မဟုတ် ပြန်လည်မွေးဖွာနိုင်သော စွမ်းရည်များ မရှိပေ။

သခင်၏ ပြုပြင်ထိန်းသိမ်းမှုမရှိလျှင် ရွှမ်ဟွမ်စကြာဝဠာ၏ အချိန်လေဟာနယ်က အချိန်ကြာလာသည်နှင့်အမျှ ဖြည်းညင်းစွာ ပြိုလဲနေသည်။ သို့သော် အရိပ်နတ်ဆိုးမဟာသူတော်စင်နှင့် နဝမဖီးနစ်မဟာသူတော်စင်တို့က အတူတကွ အတင်းအကျပ် ဝင်ရောက်ရန် ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့ရုံသာမက အချိန်လေဟာနယ်လှိုင်းများကြောင့် ဖရိုဖရဲအရှင်သခင်များနှင့် မဟာသူတော်စင်များကို ဆွဲဆောင်မိသွားခဲ့သည်။

" အများဆုံးနှစ်နှစ်အတွင်း အပြင်ဘက် အချိန်လေဟာနယ်က လုံးဝ ပြိုလဲသွားလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ဝင်လို့ရပြီ။ " လင်းယွမ်က လေ့လာလိုက်သည်။ " ငါလည်း ​စောင့်ရတော့မှာပေါ့။ "

လင်းယွမ်က အချိန်လေဟာနယ်အလွှာတစ်ခုတွင် ဝင်ရောက်ကာ စိတ်အသိတစ်စိတ်တစ်ပိုင်းကို စကြာဝဠာသို့ လေ့လာစေပြီး ကျန်သော စိတ်အသိက ကျင့်ကြံခြင်းတွင် အာရုံစိုက်ထားလိုက်သည်။

စောင့်ဆိုင်းနေသည့်အချိန်တွင် မည်သူမှလှုပ်ရှားမည်မဟုတ်ပေ။ ဖရိုဖရဲအဆင့်သို့ ရောက်ရှိသူများက အလွန်သတိကြီးကြသည်။ သူတို့က အကျိုးအမြတ်မရှိဘဲ အခြားသူများနှင့် တိုက်ခိုက်ကြမည်မဟုတ်ပေ။

" သေစမ်း..." အရိပ်နတ်ဆိုးမဟာသူတော်စင်က အချိန်လေဟာနယ်ထဲတွင် ပုန်းကွယ်နေရင်း နဝမဖီးနစ်မဟာသူတော်စင်အပြင် အခြားမဟာသူတော်စင်နှစ်ယောက်ကို အေးစက်စွာ ကြည့်နေသည်။

" ဒီစကြာဝဠာကို ငါအရင်ဆုံး တွေ့ခဲ့တာပဲ။ " အရိပ်နတ်ဆိုးမဟာသူတော်စင်က မကျေမနပ်ဖြစ်နေသည်။

စကြာဝဠာအစိတ်အပိုင်းကို တိုက်ခိုက်ခြင်းက ထိုမျှကြီးမားသော တုန့်ပြန်မှုဖြစ်လိမ့်မည်ဟု သူသိခဲ့လျှင် ထိုသို့လုပ်မည်မဟုတ်ပေ။ သို့သော ယခု နောက်ကျသွားပြီဖြစ်သည်။ ရွှမ်ဟွမ်စကြာဝဠာပေါ်ထွက်လာမှုက လုံးဝ ပေါက်ကြားသွားခဲ့ပြီဖြစ်သည်။

၎င်းက ထိန်းချုပ်၍မရတော့ပေ။ အရိပ်နတ်ဆိုးမဟာသူတော်စင်က အခွင့်အရေးလာရှာနေကြသော ဖရိုဖရဲအရှင်သခင်များကို မစိုးရိမ်ပေ။ သူစိုးရိမ်သည်မှာ အဆင့်တူ မဟာသူတော်စင်များဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ အခြားမဟာသူတော်စင်များ ထပ်မံရောက်လာနိုင်သည်။

" အရိပ်နတ်ဆိုး " နဝမဖီးနစ်မဟာသူတော်စင်က အရိပ်နတ်ဆိုးကို အာရုံစိုက်နေသည်။ ထိုစကြာဝဠာထဲသို့ ဝင်ရောက်နိုင်ခဲ့လျှင် သူမ၏ ရည်ရွယ်ချက်က အလွှာဆယ်သုံးမှ စူးစမ်းရှာဖွေမှုများဖြစ်သည်။ ဒုတိယအနေဖြင့် အရိပ်နတ်ဆိုးမဟာသူတော်စင်ကို လုံလောက်သော ပေးဆပ်မှုမျိုးကို တောင်းခံရန်ဖြစ်သည်။

All Chapters