← Chapters

မဟာသူတော်စင်ကိုးယောက်...

Vol. 64 Ch. 916

မဟာသူတော်စင်ကိုးယောက်...

Vol. 64 Ch. 916

အချိန်လေဟာနယ်၏ နက်ရှိုင်းသော နေရာတွင် ဦးချိုနှစ်ခုပါသော အမွှာရင်းမြစ်မဟာသူတော်စင်က စကြာဝဠာ၏ ထောင့်စွန်းကို စိုက်ကြည့်နေသည်။

" ယဇ်ပလ္လင် စိတ်ဝိညာဉ်ပြောတာကတော့ ဒီစကြာဝဠာကို အနှိုင်းမဲ့ မဟာသူတော်စင်အဆင့်နဲ့ အနီးစပ်ဆုံး ရောက်ခဲ့တဲ့ ရွှမ်ဟွမ်မဟာသူတော်စင် ဖန်တီးခဲ့တာတဲ့။ "

အမွှာရင်းမြစ်မဟာသူတော်စင်က တွေးလိုက်သည်။ သူက ယဇ်ပလ္လင် စိတ်ဝိညာဉ်၏ ခေါင်းပုံဖြတ်မှုကို ခံပြီး ဤနေရာသို့ အတင်းအကျပ် လာခဲ့ရခြင်းဖြစ်သည်။

" ယဇ်ပလ္လင်ကတောင် ဒီလိုအကဲဖြတ်တယ်ဆိုရင် ရွှမ်ဟွမ်မဟာသူတော်စင်ရဲ့ စွမ်းအားက တကယ်ကြောက်စရာကောင်းမှာပဲ။ အဲ့ဒီခေတ်က ပြိုင်ဘက်ကင်းမဟာသူတော်စင်တွေထက် ကျော်လွန်မှာ သေချာတယ်။ သူချန်ခဲ့တဲ့စကြာဝဠာက ငါ့ရဲ့ ​ကြိုးစားမှုနဲ့ ထိုက်တန်တယ်။ "

ယဇ်ပလ္လင်စိတ်ဝိညာဉ်ကလည်း လမ်းစဉ်တစ်သောင်းမျက်လုံးနှင့် ဆင်တူပြီး နှစ်ခုလုံးက အလွှာဆယ့်သုံး အချိန်သက်ရှိနှင့် သက်ဆိုင်သည်။

" ဒီတစ်ခေါက်သတိထားရမှာက လူရိုင်း၊ ထျန်းလုနဲ့ ဟေးယောင်တို့ပဲ။ ကျန်တဲ့ ငါးယောက်ကတော့..." အမွှာရင်းမြစ်မဟာသူတော်စင်က အခြားမဟာသူတော်စင်ငါးယောက်ကို သိပ်ဂရုမစိုက်ပေ။

လက်ရှိရောက်ရှိနေသော မဟာသူတော်စင်များကြားတွင် အဆင့်သုံးဆင့် ကွဲပြားနေသည်။ ပထမအဆင့်မှာ အမွှာရင်းမြစ်၊ လူရိုင်းနှင့် ဟေးယောင်တို့ ဖြစ်ကြသည်။ သူတို့သုံးယောက်က အသန်မာဆုံး ဖြစ်ကြပြီး အထူးသဖြင့် အမွှာရင်းမြစ်မဟာသူတော်စင်၏ လမ်းစဉ်က ပြိုင်ဘက်ကင်းမဟာသူတော်စင်ဖြစ်လာရန် အခွင့်အရေးအများဆုံး ရှိနေသည်။

ဖရိုဖရဲမဟာသူတော်စင်တစ်ယောက်က ပြိုင်ဘက်ကင်းဖြစ်လာရန် သူတို့ရွေးချယ်ထားသော လမ်းစဉ်ပေါ်တွင် မူတည်နေသည်။ အကယ်၍ လမ်းစဉ်က သင့်တော်ခြင်းမရှိလျှင် မဟာသူတော်စင်တစ်ယောက်က ပြုင်ဘက်ကင်း ဖြစ်လာနိုင်မည်မဟုတ်ပေ။

အလွှာဆယ့်သုံးနှင့် ပက်သက်လျှင် မဟာသူတော်စင်နှင့် ပြိုင်ဘက်ကင်းမဟာသူတော်စင်ကြား ကွာဟချက်မှာ သိပ်မကြီးမားပေ။ ပြိုင်ဘက်ကင်းမဟာသူတော်စင်များက စူးစမ်းရှာဖွေသည့် အသိအမြင်များ သာလွန်နေဖြစ်သည်။

ဒုတိယအဆင့်မှာ ထျန်းလုမဟာသူတော်စင်နှင့် အခြားမဟာသူတော်စင်နှစ်ယောက် ဖြစ်သည်။ တတိယအဆင့်မှာ အရိပ်နတ်ဆိုး၊ နဝမဖီးနစ်ကဲ့သို့ အသစ်တက်လှမ်းလာသော မဟာသူတော်စင်များဖြစ်သည်။

" အမွှာရင်းမြစ်က ဘာလို့ဒီကို ရောက်နေတာလဲ။ " လူရိုင်းမဟာသူတော်စင်က အမွှာရင်းမြစ်မဟာသူတော်စင်ကို ကြည့်ပြီး အနည်းငယ် စိတ်ပျက်သွားသည်။

လွန်ခဲ့သော နှစ်ပေါင်းထောင်ချီက အမွှာရင်းမြစ်မဟာသူတော်စင်က ဤနေရာနှင့် အလွန်ဝေးကွာသော ရှေးဟောင်းနေရာတစ်ခုကို ရှာဖွေနေသည်ဟု သူကြားခဲ့ရသည်။ ထိုနေရာမှ ဤနေရာသို့ ရောက်လာရန် မဟာသူတော်စင်တစ်ယောက်ပင် နှစ်ပေါင်းသန်းချီကြာပေလိမ့်မည်။

" ငါက လမ်းစဉ်တစ်သောင်းမျက်လုံးကနေတစ်ဆင့် အချိန်တိုအတွင်း ရောက်လာတာပဲ။ အမွှာရင်းမြစ်ကရော ဘယ်လိုရောက်လာတာလဲ။ သူလည်း လမ်းစဉ်တစ်သောင်းမျက်လုံးဆီသွားခဲ့တာလား။ " လူရိုင်းမဟာသူတော်စင်က စိတ်ထဲမှ တွေးလိုက်သည်။

သူက အမွှာရင်းမြစ်မဟာသူတော်စင်နှင့် အကြိမ်များစွာ တွေ့ဆုံခဲ့ဖူးသည်။ တစ်ဖက်လူ၏ စွမ်းအားက အမှန်တကယ်ပင် ကြောက်စရာကောင်းလှပြီး သူကိုယ်တိုင်ပင် အနိုင်အရှုံးမပေါ်ဘဲ ထိန်းထားနိုင်ရုံသာ တတ်နိုင်ခဲ့သည်။

" ဘာပဲဖြစ်ဖြစ် ဒီတစ်ခါ ငါကိုတားတဲ့သူမှန်သမျှ ရှင်းပစ်ရမယ်။ " လူရိုင်းမဟာသူတော်စင်၏ အော်ရာက ပြင်းထန်လာပြီး ပတ်ဝန်ကျင်မှ အချိန်လေဟာနယ်ကိုပင် ဆုတ်ဖြဲသွားသည်။

" စွမ်းအားအရဆိုရင်တော့ ငါက အမွှာရင်းမြစ်နဲ့ လူရိုင်းတို့လောက် မသန်မာဘူး။ " ထျန်းလုမဟာသူတော်စင်က သူ၏ အခြေအနေကို ကောင်းစွာ နားလည်ထားသည်။

" ဒါပေမယ့် ရတနာတွေလုရင် စွမ်းအားတစ်ခုတည်းနဲ့ မရဘူး။ " ထျန်းလုမဟာသူတော်စင်က တွေးလိုက်သည်။

မဟာသူတော်စင်များက သူတို့ကျင့်ကြံထားသော ဖရိုဖရဲလမ်းစဉ်စွမ်းအားအလိုက် မတူညီသော အားသာချက်များ ရှိကြသည်။ အမွှာရင်းမြစ်၊ လူရိုင်းနှင့် ဟေးယောင်တို့က တိုက်ခိုက်ရေးတွင် သိသိသာသာ ထူးချွန်ကြသည်။ သို့သော် ထျန်းလုက ရှင်သန်နိုင်စွမ်းတွင် ထူးချွန်သူဖြစ်သည်။

" အခွင့်အရေးရတာနဲ့ ရတနာတွေကို ရယူပြီးသွားရင် အမွှာရင်းမြစ်တို့တောင် ငါ့ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ " ထျန်းလုမဟာသူတော်စင်က ထိုမဟာသူတော်စင်သုံးယောက်နှင့် တိုက်ရိုက်ရင်ဆိုင်ရန် အစီအစဉ်မရှိပေ။

" ဒါပေမယ့် ဒီစကြာဝဠာက အမွှာရင်းမြစ်ကိုတောင် ဆွဲဆောင်နိုင်ခဲ့တာပဲ။ " ထျန်းလုက အမွှာရင်းမြစ်ရှိသော နေရာကို ကြည့်ပြီး တွေးလိုက်သည်။

" မဟာသူတော်စင်ကိုးယောက်လား။ " လင်းယွမ်ကလည်း ထိုကိုးယောက်ကို စောင့်ကြည့်နေသည်။

" အမွှာရင်းမြစ်မဟာသူတော်စင်။ " လင်းယွမ်က ဦးချိုနှစ်ခုပါသော မဟာသူတော်စင်ကို ကြည့်လိုက်သည်။

အမွှာရင်းမြစ်မဟာသူတော်စင် ကျင့်ကြံထားသော ဖရိုဖရဲလမ်းစဉ်က စွမ်းအားနှစ်ခု ပေါင်းစည်းခြင်းဖြစ်သော်လည်း လင်းယွမ်၏ ထိုက်ယင်နှင့် ထိုက်ယန် ပေါင်းစည်းမှုလောက် မပြည့်စုံပေ။

မဟာသူတော်စင်တစ်ယောက်က ဖရိုဖရဲလမ်းစဉ်နှစ်ခုကို ကျွမ်းကျင်လျှင်တောင် ပေါင်းစည်းနိုင်ရန် အလွန်ခက်ခဲလှသည်။ သို့သော် ပေါင်းစည်းမှုအောင်မြင်သွားလျှင် တိုက်ခိုက်ရေးစွမ်းအားက အဆမတန်မြင့်တက်သွားပေလိမ့်မည်ဖြစ်သည်။ လင်းယွမ်က ဖရိုဖရဲယင်ယန်ထိုက်ကျိကို ဆင့်ကဲပြောင်းလဲနိုင်လျှင် ပြိုင်ဘက်ကင်းမဟာသူတော်စင်အဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားပေလိမ့်မည်။

ဖရိုဖရဲမဟာသူတော်စင်ကိုးယောက်က ရွှမ်ဟွမ်စကြာဝဠာအတွင်းရှိ အချိန်လေဟာနယ်မုန်တိုင်း ငြိမ်သက်သွားသည်အထိ စိတ်ရှည်စွာ စောင့်ဆိုင်းနေကြသည်။ မဟာသူတော်စင်များက မလှုပ်ရှားသေးသောကြောင့် ပတ်ဝန်းကျင်ရှိ ဖရိုဖရဲအရှင်သခင်များကလည်း မချဉ်းကပ်ရဲကြပေ။

ဤနေရာတွင် ဖရိုဖရဲအရှင်သခင်တစ်ရာကျော် စုဝေးနေကြသော်လည်း သူတို့အားလုံး ပူးပေါင်းလျှင် မဟာသူတော်စင်တစ်ယောက်ကို ခြိမ်းခြောက်နိုင်မည်မဟုတ်ပေ။

ရင်းမြစ်ကမ္ဘာတွင်မူ မဟာအရှင်သခင်များပါဝင်သော စစ်လက်နက်များက နတ်ဘုရားအရှင်သခင်များကို ခြိမ်းခြောက်နိုင်ပေလိမ့်မည်။ သို့သော် ဖရိုဖရဲဟင်းလင်းပြင်တွင် ထိုအဖြစ်မျိုး မရှိပေ။

ဝုန်း ဝုန်း....

အချိန်တစ်ခုသို့ ရောက်သောအခါ ရွှမ်ဟွမ်စကြာဝဠာ၏ ထောင့်စွန်းက တိတ်ဆိတ်သွားပြီး အပြင်ဘက် အချိန်လေဟာနယ်က ပျောက်ကွယ်သွားကာ စကြာဝဠာအတွင်းသို့ ဝင်ရောက်နိုင်မည့် ဝင်ပေါက်တစ်ခု ပေါ်လာသည်။

" ဟားဟား ဝင်လို့ရပြီ။ " ဟေးယောင်မဟာသူတော်စင်၏ မျက်လုံးများက အဆုံးမဲ့ အမှောင်ထုများ ပြည့်နှက်သွားပြီး ရှေ့သို့ လှမ်းလိုက်သည်နှင့် အမှောင်စွမ်းအားများက ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားသည်။

အမှောင်ထုဖုံးလွှမ်းသွားသော နယ်မြေမှာ လုံးဝ တိတ်ဆိတ်သွားပြီး ဖရိုဖရဲစွမ်းအားများပင် တည်ရှိခြင်းမရှိတော့ပေ။ ဟေးယောင်မဟာသူတော်စင် ကျင့်ကြံထားသော ဖရိုဖရဲလမ်းစဉ်စွမ်းအားက ဖရိုဖရဲအမှောင်ဖြစ်သည်။

ထိုနေရာရှိ အမှောင်မှာ အလွန်သန့်စင်လှပြီး အရိပ်နတ်ဆိုးမဟာသူတော်စင်၏ ဖရိုဖရဲအရိပ်ထက် ​ပိုမိုအဆင့်မြင့်လေသည်။

" အမှောင်နယ်ပယ်က ဟေးယောင်မဟာသူတော်စင်ရဲ့ ကိုယ်ပိုင်ဖန်တီးမှုပဲ။ အဲ့ဒီနယ်ပယ်ထဲမှာ ပိတ်မိသွားရင် သာမန်ဖရိုဖရဲအရှင်သခင်တွေင မလွတ်မြောက်နိုင်ဘဲ ဖိနှိပ်ခံရလိမ့်မယ်။ "

" စိတ်ချပါ။ ဟေးယောင်မဟာသူတော်စင်က မင်းတို့ကို တိုက်ခိုက်မှာမဟုတ်ဘူး။ သူ့ရဲ့ ပြိုင်ဘက်က ကျန်တဲ့ မဟာသူတော်စင်ရှစ်ယောက်ပဲ။ "

အချို့ဖရိုဖရဲအရှင်သခင်များက အချိန်လေဟာနယ်မုန်တိုင်း ငြိမ်သက်သွားသည်နှင့် ခိုးဝင်ရန် ကြံစည်ခဲ့ကြသည်။ သို့သော် ဟေးယောင်မဟာသူတော်စင်၏ နယ်ပယ်အောက်တွင် ထိုအတွေးက လုံးဝ ပျောက်ကွယ်သွားသည်။

" ဟမ် " အဝေးတွင် စကြာဝဠာထဲသို့ ပထမဆုံး ဝင်ရောက်ရန် ကြံစည်နေသော အရိပ်နတ်ဆိုးမဟာသူတော်စင်ကလည်း ဟေးယောင်၏ နယ်ပယ်ထဲတွင် ပိတ်မိသွားပြီး ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်က သူ့ကို တင်းကျပ်စွာ ဖိနှိပ်ထားကြောင်း ခံစလိုက်ရသည်။

အရိပ်နတ်ဆိုးမဟာသူတော်စင်၏ အရှိန်က သိသိသာသာ လျော့ကျသွားပြီး အချိန်လေဟာနယ်ဖြတ်ကျော်မှုကို မလုပ်နိုင်တော့ဘဲ ဖြည်းညင်းစွာ ပျံသန်းရုံသာ တတ်နိုင်ခဲ့သည်။

" ဟားဟား ဒါဆို ငါအရင်ဝင်တော့မယ်။ " ဟေးယောင်မဟာသူတော်စင်က ပြုံးလိုက်သည်။ အမှောင်နယ်ပယ်အောက်တွင် အခြားသူများက အချိန်လေဟာနယ်ဖြတ်ကျော်မှု မပြုလုပ်နိုင်သော်လည်း သူက လုပ်နိုင်သည်။ ထို့ကြောင့် သူက ရွှမ်ဟွမ်စကြာဝဠာထဲသို့ ပထမဆုံးဝင်ရောက်သူ ဖြစ်လာနိုင်သည်။

ထိုကဲ့သို့ ပြိုင်ဘက်ကင်းမဟာသူတော်စင်၏ စကြာဝဠာထဲသို့ မိနစ်ပိုင်းစောပြီး ဝင်ရောက်နိုင်ခြင်းကလည်း အသာစီးရနိုင်လေသည်။

ဝုန်း...

ရုတ်တရက် အပြာရောင်နှင့် မီးခိုးရောင် အော်ရာနှစ်ခု လျင်မြန်စွာ ပျံ့နှံ့လာပြီး အမှောင်နယ်ပယ်နှင့် ရင်ဆိုင်မိရာ အချိန်လေဟာနယ်အလွှာများစွာ ပျက်စီးသွားသည်။

" အဲ့ဒါဘာလဲ။ " ဟေးယောင်မဟာသူတော်စင်၏ အမူအရာက ပြောင်းလဲသွားသည်။ အပြာရောင်နှင့် မီးခိုးရောင်အော်ရာ၏ ရိုက်ခတ်မှုအောက်တွင် သူကိုယ်တိုင်ပင် အချိန်လေဟာနယ်ကို ဖြတ်ကျော်နိုင်ခြင်းမရှိတော့ပေ။

အချိန်လေဟာနယ်ကို ဖြတ်ကျော်ရန်အတွက် အချိန်လေဟာနယ်က တည်ငြိမ်နေရန်လိုအပ်ပြီး ယခုအချိန်တွင် အချိန်လေဟာနယ်က ဖရိုဖရဲဖြစ်နေသဖြင့် အတင်းအကျပ် ဖြတ်ကျော်လျှင် ရွှမ်ဟွမ်စကြာဝဠာနှင့် ဝေးရာသို့ ရောက်သွားနိုင်သည်။

" ဟေးယောင် မင်းက အရင်ဝင်ချင်တာလား။ ငါကို မေးပြီးပြီလား။ " အမွှာရင်းမြစ်မဟာသူတော်စင်က လှောင်ပြောင်လိုက်သည်။ သူ၏ ဦးချိုတစ်ခုက အပြာရောင်၊ တစ်ခုက မီးခိုးရောင်ဖြစ်ပြီး ၎င်းတို့မှ ထွက်ပေါ်လာသော စွမ်းအားများကြောင့် အချိန်လေဟာနယ်က အဆက်မပြတ် တုန်ခါနေသည်။

သူကိုယ်တိုင်လည်း အမှောင်နယ်ပယ်ထဲတွင် ပိတ်မိနေသောကြောင့် အချိန်လေဟာနယ်ကို ဖြတ်ကျော်နိုင်ခြင်းမရှိပေ။ သို့သော် အမွှာရင်းမြစ်မဟာသူတော်စင်က သူကိုယ်တိုင် မသွားနိုင်လျှင် ဟေးယောင်ကိုလည်း သွား၍မရအောင် တားဆီးနိုင်လေသည်။

" ဟားဟား ဟေးယောင် မင်းမှာ အစွမ်းရှိရင် အခု ဖြတ်ကျော်လိုက်ပါဦး။ " လူရိုင်းမဟာသူတော်စင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သူက ဟေးယောင်မဟာသူတော်စင်အောက် မနိမ့်ကျဟု ယုံကြည်ထားသော်လည်း တစ်ဖက်လူတွင် နည်းလမ်းများစွာ ရှိနေသည်။ အကယ်၍ အမွှာရင်းမြစ်မဟာသူတော်စင်သာ မရှိလျှင် ဟေးယောင် အရင်ဆုံးဝင်သွားသည်ကို ထိုင်ကြည့်နေရပေလိမ့်မည်။

ယခုအချိန်တွင် ဟေးယောင်နှင့် အမွှာရင်းမြစ်တို့က အချင်းချင်း ထိန်းချုပ်ထားသောကြောင့် ဘယ်သူမှ အချိန်လေဟာနယ်ကို ဖြတ်ကျော်နိုင်ခြင်းမရှိတော့ပေ။ ၎င်းက အားလုံးအတွက် အကျိုးရှိပေသည်။

All Chapters