← Chapters

လင်းယွမ်၏ စွမ်းအား...

Vol. 64 Ch. 917

လင်းယွမ်၏ စွမ်းအား...

Vol. 64 Ch. 917

" ဟေးယောင်မဟာသူတော်စင်..." အဆုံးမဲ့အမှောင်ထုထဲတွင် လင်းယွမ်ကလည်း အခြားသူများကဲ့သို့ ဖိအားကို ခံစားနေရသည်။

အချိန်လေဟာနယ် နားလည်မှုနှင့် ယှဉ်လျှင် သူက လက်ရှိရှိနေသော မဟာသူတော်စင်များထက် သာလွန်ခြင်းမရှိသဖြင့် အချိန်လေဟာနယ်ကို ဖြတ်ကျော်၍ မရပေ။ စကြာဝဠာထဲသို့ ပျံသန်းဝင်ရောက်ရန်သာ ရှိတော့သည်။

" မဟာသူတော်စင်တွေက ဖရိုဖရဲနိယာမကနေ သူတို့ရဲ့ လမ်းစဉ်စွမ်းအားတွေကို ဖော်ထုတ်ထားကြတာပဲ။ ဆန်းကြယ်တဲ့ နည်းစနစ်တွေကိုလည်း ပိုင်ဆိုင်ထားကြတယ်။ ဒီနေရာမှာ ငါတကယ် အားနည်းသေးတယ်။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

တိုးတက်လာသော လမ်းတစ်လျှောက်တွင် လင်းယွမ်က နိယာမများကို နားလည်ရာတွင် အသန်မာဆုံး ဖြစ်သော်လည်း မဟာသူတော်စင်များနှင့် ယှဉ်လျှင် အားသာချက် သိပ်မရှိပေ။

" ဒါဆိုလည်း ငါတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းကိုပဲ အားကိုးရတာပေါ့။ " ဟေးယောင်က လှောင်ပြောင်လိုက်သော်လည်း သူ၏ နယ်ပယ်ကို ရုတ်သိမ်းလိုက်သည်။

အမွှာရင်းမြစ်မဟာသူတော်စင်က သူ၏ စွမ်းအားဖြင့် အချိန်လေဟာနယ်ကို နှောက်ယှက်ပြီး ဖြတ်ကျော်ခြင်းကို တားဆီးထားသော်လည်း သူ၏ နယ်ပယ်အကူအညီဖြင့် အခြားမဟယသူတော်စင်များထက် ပို၍ မြန်မြန်ပျံသန်းနိုင်လေသည်။

ဝှစ်...

ဟေးယောင်မဟာသူတော်စင်က သန့်စင်သော အမှောင်ထုအဖြစ် ပြောင်းလဲသွားပြီး ရွှမ်ဟွမ်စကြာဝဠာသို့ ပျံသန်းသွားသည်။

" ဟေးယောင် မင်း ငါ့ကို မေ့နေတာလား။ " လူရိုင်းမဟာသူတော်စင်က ကျယ်လောင်စွာ ရယ်မောက လက်သီးဆုပ်ပြီး ဟေးယောင် ပျံသန်းသွားသော အရပ်သို့ ထိုးနှက်လိုက်သည်။ ချက်ချင်းပင် အချိန်လေဟာနယ်က ထပ်မံပျက်ဆီးသွားပြီး ဟေးယောင်က ရပ်တန့်ကာ လူရိုင်းမဟာသူတော်စင်ကို ကြည့်လိုက်သည်။

" ဒါတော့ မကောင်းတော့ဘူး။ " ဟေးယောင်က မျက်မှောင်ကြုတ်လိုက်သည်။ " ငါလောသွားတယ်။ ပထမဆုံးဝင်နိုင်တယ်ဆိုတာ ကြွားမိလို့ အမွှာရင်းမြစ်နဲ့ လူရိုင်းတို့နှစ်ယောက်လုံးက ငါ့ကို ပစ်မှတ်ထားနေကြပြီ။ "

ဟေးယောင်က အဓိကပြဿနာကို သတိပြုမိသွားသည်။ စွမ်းအားအရ သူက အခြားနှစ်ယောက်ထက် မသာလွန်သော်လည်း သူ၏ နယ်ပယ်က ယခုကဲ့သို့ ရတနာလုသည့် အခြေအနေများတွင် အလ်န်အသုံးဝင်လှသည်။ ထို့ကြောင့် လူရိုင်းနှင့် အမွှာရင်းမြစ်တို့က မတိုင်ပင်ထားဘဲ သူ့ကို ပူးပေါင်း တိုက်ခိုက်ခိုက်ကြသည်။

" ဒါဆိုလည်း ဘယ်သူမှ ဝင်ဖို့ မစဉ်းစားနဲ့တော့။ " ဟေးယောင်က အံကျိတ်ပြီး သူ၏ နယ်ပယ်ကို အစွမ်းကုန် အသက်သွင်းလိုက်သည်။ သူ၏ အရှိန်ကို လျှော့ချပြီး အခြားမဟာသူတော်စင်နှစ်ယောက်ကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။

ဝုန်း...

မဟာသူတော်စင်သုံးယောက်က အချင်းချင်း တိုက်ခိုက်နေကြပြီး ကြောက်စရာကောင်းသော စွမ်းအားများက အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားသည်။

" ငါဝင်တိုးလို့မရဘူး။ " ထျန်းလုမဟာသူတော်စင်က နောက်တွင် ရှိနေပြီး ထိုသုံးယောက်ကို ဖြတ်ကျော်ပြီး ပထမဆုံး ဝင်ရောက်ရန် ကြိုးစားနေသည်။ သို့သော် သူက ပထမဆုံး မဝင်နိုင်ရုံသာမက အနားသို့ပင် မချဉ်းကပ်နိုင်သည်ကို တွေ့လိုက်ရသည်။

ထိုသုံးယောက်တိုက်ခိုက်နေသော နေရာသို့ ပို၍ နီးကပ်လာလေ သူခံစားရသော ဖိအားက ပို၍ ကြီးမားလာလေဖြစ်သည်။ အကယ်၍ သူသာ အတင်းတိုးဝင်သွားလျှင် မဟာသူတော်စင်သုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ခံရနိုင်လေသည်။

သူတို့က အချင်းချင်း ထိန်းချုပ်နေကြသော်လည်း အခြားမဟာသူတော်စင်တစ်ယောက်က အခွင့်အရေးယူရန် ကြိုးစားလျှင် သူတို့သုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို သေချာပေါက် ရင်ဆိုင်ရပေလိမ့်မည်။

" ထားလိုက်တော့။ ပထမဆုံး ဝင်ဖို့မလိုအပ်ပါဘူး။ " ထျန်းလုမဟာသူတော်စင်က ခဏစဉ်းစားပြီးနောက် နောက်ဆုံးတွင် လက်လျှော့လိုက်သည်။

သူ၏ ရှင်သန်နိုင်စွမ်းနှင့် ထိုသုံးယောက်ထဲမှ တစ်ယောက်ချင်းစီက သူ့ကို ဘာမှလုပ်နိုင်မည်မဟုတ်သော်လည်း သုံးယောက်ပူးပေါင်းလိုက်လျှင် တစ်ချက်တည်းနှင့် ဒဏ်ရာအပြင်းအထန် ရသွားနိုင်သည်။

စကြာဝဠာထဲ ဝင်ရမည့် အရေးကြီးသော အချိန်တွင် ဒဏ်ရာအပြင်းအထန်ရသွားလျှင် သူက ထိုသုံးယောက်နှင့် မယှဉ်နိုင်ရုံသာမက အသစ်တက်လှမ်းလာသော မဟာသူတော်စင်များ၏ အနိုင်ကျင့်ခြင်းကိုပင် ခံရနိုင်သည်။

" အဲ့ဒါ မဟာသူတော်စင်တွေရဲ့ စွမ်းအားပဲ။ " ဖရိုဖရဲအရှင်သခင်များထဲတွင် ရှန်ဖုန်းအရှင်သခင်က စိတ်လှုပ်ရှားနေသည်။ မဟာသူတော်စင်ကိုးယောက်၏ တိုက်ပွဲတွင် သူတို့ကဲ့သို့ ဖရိုဖရဲအရှင်သခင်များ ဝင်ရောက်စွက်ဖက်နိုင်စွမ်းမရှိပေ။

မဟာသူတော်စင်ကိုးယောက်ဝင်သွားပြီးမှသာ သူတို့က ဝင်ရဲမည်ဖြစ်သည်။ ထို့ကြောင့်ပင် ဖရိုဖရဲအရှင်သခင်တစ်ရာကျော်က စုဝေးနေကြသော်လည်း မည်သူကမှ မဟာသူတော်စင်များနှင့် ယှဉ်ပြိုင်ရန် စိတ်ကူးမရှိကြပေ။ သူတို့ကြားကွာခြားမှုက အလွန်ကြီးမားလှသည်။

" အားလုံး အနားမှာ နေကြ။ " ရှန်ဖုန်းအရှင်သခင်က ဘေးမှ ဖရိုဖရဲအရှင်သခင် ဆယ်ယောက်ကျော်ကို ပြောလိုက်သည်။ သူတို့အားလုံးက မဟာသူတော်စင်များထက် စော၍သော်လည်းကောင်း၊ သူတို့နှင့် အတူတူသော်လည်းကောင်း ဝင်ရောက်ရန် မဝံ့ရဲကြပေ။

သို့သော် မဟာသူတော်စင်အားလုံး ဝင်ရောက်ပြီးနောက်တွင် ဘယ်သူက အရင်ဆုံးဝင်ရောက်နိုင်မလဲက အရေးကြီးသည်။ အမှောင်နယ်ပယ်က သူတို့ကို ဖုံးလွှမ်းထားဆဲ ဖြစ်ပြီး ဟေးယောင်မဟာသူတော်စင်ဝင်ရောက်သွားလျှင်တောင် ၎င်းက ချက်ချင်း ပျောက်ကွယ်သွားမည်မဟုတ်သဖြင့် ဖရိုဖရဲအရှင်သခင်များက အချိန်လေဟနယ်ကို ဖြတ်ကျော်နိုင်ဦးမည်မဟုတ်ပေ။

ထို့ကြောင့် မဟာသူတော်စင်များ ဝင်ရောက်သွားသည်နှင့် ဝင်ပေါက်နှင့် အနီးဆုံးရှိသူမှာ ပထမဆုံး ဝင်ခွင့်ရမည်ဖြစ်သည်။

" ဒီအမှောင်နယ်ပယ်က..." လင်းယွမ်ကလည်း ရွှမ်ဟွမ်စကြာဝဠာဝင်ပေါက်သို့ ပျံသန်းနေပြီး အမှောင်နယ်ပယ်၏ ဖိနှိပ်မှုကို ခံစားနေရသည်။

" ဒီလိုပျံနေရင် ငါက နောက်ဆုံးမှ ဝင်ရမယ့်သူ ဖြစ်လာလိမ့်မယ်။ " လင်းယွမ်က မျက်မှောင်ကြုတ်နေသည်။ သူ၏ လက်ထဲတွင် မြေပုံရှိနေသော်လည်း ပထမဆုံးဝင်နိုင်ခြင်းက အကောင်းဆုံးဖြစ်သည်။

" အမွှာရင်းမြစ်က အချိန်လေဟာနယ်ကို တုန်ခါအောင် လုပ်ထားတာဆိုတော့ အမှောင်နယ်ပယ်မရှိရင်တောင် ငါ အချိန်လေဟာနယ်ကို ဖြတ်ကျော်နိုင်မှာမဟုတ်ဘူး။ " လင်းယွမ်က စကြာဝဠာဝင်ပေါက်နှင့် အလွန်နီးကပ်နေသော အမွှာရင်းမြစ်မဟာသူတော်စင်ကို ကြည့်လိုက်သည်။

" ဖရိုဖရဲဆင့်ကဲပြောင်းလဲခြင်းစွမ်းအား။ တကယ်ကို ကိုင်တွယ်ရခက်တာပဲ။ " လင်းယွမ်၏ အော်ရာက တဖြည်းဖြည်း မြင့်တက်လာသည်။ " ထိပ်တိုက်ရင်ဆိုင်ရုံပဲရှိတာပေါ့။ "

ဝုန်း....

လင်းယွမ်က လီယန်နေမင်းအဖြစ် ပြောင်းလဲသွားသည်ဟု ထင်ရပြီး အလင်းနှစ်သန်းချီအတွင်း အချိန်လေဟာနယ်က ပုံပျက်သွားပြီး လီယန်နေမင်း၏ အလင်းရောက်ကျရောက်သော နေရာတိုင်း သူ၏ နယ်ပယ်ဖြစ်လာသည်။

ဟေးယောင်၏ နယ်ပယ်နှင့် အမွှာရင်းမြစ်တို့၏ အပြာရောင်နှင့်မီးခိုးရောင် စွမ်းအားများက လီယန်နေမင်း၏ နေရောင်ခြည်အောက်တွင် လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။ လင်းယွ၏ ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်တွင် ထိုစွမ်းအားနှစ်ခုက ချက်ချင်း ဖယ်ရှားခြင်းခံလိုက်ရသည်။

ဝုန်း ဝုန်း....

အချိန်လေဟာနယ်က ပြန်လည်တည်ငြိမ်သွားသည်။ လင်းယွမ်က သူ၏ ညာလက်ဖြင့် သူ၏ ရှေ့မှ ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်ပြီး အတွင်းသို့ လျှောက်ဝင်လိုက်သည်။ ချက်ချင်းပင် သူက အမွှာရင်းမြစ်၊ ဟေးယောင်နှင့် လူရိုင်းမဟာသူတော်စင်တို့၏ ရှေ့သို့ ရောက်သွားသည်။

" ဟင် " အချင်းချင်း တိုက်ခိုက်နေကြသော မဟာသူတော်စင်သုံးယောက်လုံးက အံ့အားသင့်သွားကြပြီး ဟင်းလင်းပြင်ကို ထပ်မံဆုတ်ဖြဲပြီး ရွှမ်ဟွမ်စကြာဝဠာထဲသို့ ဝင်ရန် ပြင်နေသော လင်းယွမ်ကို ကြည့်နေကြသည်။

အတွင်းစကြာဝဠာက လီယန်နေမင်းနှင့် ပေါင်းစည်းပြီး အလွှာဆယ့်သုံး နည်းစနစ်နှစ်ခုကို ပေါင်းစည်းခဲ့သည်။ လင်းယွမ်က ကမ္ဘာနတ်စွမ်းရည်ကို အသုံးပြုလိုက်ရာ မည်သည့်ကန့်သတ်ချက်မှမရှိတော့ပေ။ ကမ္ဘာနတ်စွမ်းရည်က သာမန်နတ်စွမ်းရည်တစ်ခုမဟုတ်တော့ဘဲ အဆုံးမဲ့ဟင်းလင်းပြင်၊ လီယန်နေမင်းဖွင့်လှစ်ခြင်းနှင့် အခြားအရာများဖြင့် ပေါင်းစည်းထားခြင်းဖြစ်သည်။

" မဟာသူတော်စင်တစ်ယောက် ပုန်းနေတာလား။ ငါတို့ထက်အားမနည်းတဲ့ မဟာသူတော်စင်တစ်ယောက်လား။ " ဟေးယောင်၊ အမွှာရင်းမြစ်နှင့် လူရိုင်းမဟာသူတော်စင်တို့က သူတို့၏ တိုက်ပွဲကို ချက်ချင်း ရပ်တန့်လိုက်ပြီး လင်းယွမ်ကို အာရုံစိုက်လိုက်ကြသည်။

သူတို့က အချင်းချင်း တိုက်ခိုက်နေကြစဉ် ပတ်ဝန်းကျင်ကို သတိထားနေကြသော်လည်း အခြားလူများ အကျိုးအမြတ် ရသွားမည်ကို အလိုမရှိကြပေ။

ဝုန်း ဝုန်း...

အမွှာရင်းမြစ်မဟာသူတော်စင်က အရင်ဆုံး စတင်လှုပ်ရှားလိုက်သည်။ သူ၏ အပြာမီးခိုးရောင်စွမ်းအားများက ထွက်ပေါ်လာပြီး လင်းယွမ်၏ ပြင်ပကမ္ဘာကို အတင်းအကျပ် ထိုးဖောက်ပြီး အချိန်လေဟာနယ်ကို နှောက်ယှက်လိုက်သည်။

" ဟမ် " လင်းယွမ်က ရွှမ်ဟွမ်စကြာဝဠာအတွင်းသို့ ဝင်ရောက်ရန် အချိန်လေဟာနယ်လမ်းကြောင်းတစ်ခုကို ဆုတ်ဖြဲထားပြီး ခြေလှမ်းတစ်ဖက် ဝင်ရောက်နေသော်လည်း ချက်ချင်း ပြန်လည်ဆုတ်ခွာလိုက်ရသည်။

လင်းယွမ်ကလည်း နောက်ဆုံးမှ ဝင်ရမည့် အခြေအနေမျိုးကို မလိုအပ်ပေ။ သူ၏ လက်ထဲတွင် စကြာဝဠာအတွင်းပိုင်း မြေပုံရှိနေသဖြင့် ပထမဆုံး ဝင်ရောက်သူများထဲတွင် ပါဝင်ရုံဖြင့် အခြားမဟာသူတော်စင်များထက် သာလွန်သော အကျိုးအမြတ်များကို ရရှိနိုင်လေသည်။

" ငါတို့တိုက်ပွဲကို အခွင့်ကောင်းယူပြီး အသာစီးယူဖို့ ကြိုးစားတာ တကယ်ပါးနပ်တဲ့ အစီအစဉ်ပဲ။ " ဟေးယောင်မဟာသူတော်စင်ကလည်း အမှောင်နယ်ပယ်ကို အသက်သွင်းလိုက်သည်။

ယခင် သူ၏ စွမ်းအား ၉၉ ရာခိုင်နှုန်းကို အမွှာရင်းမြစ်နှင့် လူရိုင်းမဟာသူတော်စင်တို့အပေါ်တွင် စုစည်းထားသဖြင့် လင်းယွမ်က သူ၏ ကမ္ဘာစွမ်းရည်ဖြင့် အလွယ်တကူ တွန်းလှန်နိုင်ခဲ့ခြင်းဖြစ်သည်။ ယခု သူက စွမ်းအားကို ပြန်လည်စုစည်းလိုက်ရာ အမှောင်နယ်ပယ်က အစွမ်းကုန် ပြန်လည်ထွက်ပေါ်လာပြီး လင်းယွမ်၏ ပြင်ပကမ္ဘာနှင့် အဆက်မပြတ် ရင်ဆိုင်နေသည်။

" မင်းတို့ရဲ့ စွမ်းအားတွေက တကယ်ကြောက်စရာကောင်းပါတယ်။ ငါ မင်းတို့ရဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး။ " လင်းယွမ်က မဟာသူတော်စင်သုံးယောက်ကို လှည့်ကြည့်ပြီး ပြုံးလိုက်သည်။ " ဒါကြောင့်လည်း ငါက ဒီလိုလုပ်ခဲ့ရတာပဲ။ အားလုံး နားလည်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ "

All Chapters