← Chapters

ဆယ်ယောက်မြောက် မဟာသူတော်စင်...

Vol. 64 Ch. 918

ဆယ်ယောက်မြောက် မဟာသူတော်စင်...

Vol. 64 Ch. 918

" ပြိုင်ဘက်မဟုတ်ဘူးလား။ " လူရိုင်းမဟာသူတော်စင်၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ လင်းလက်သွားသည်။

လင်းယွမ်က သူတို့၏ နယ်​မြေများကို အားစိုက်စရာမလိုဘဲ ကျော်ဖြတ်သွားပြီး ရွှမ်ဟွမ်စကြာဝဠာနှင့် အနီးဆုံးနေရာသို့ ရောက်ရှိသွားခြင်းကပင် သူ၏ စွမ်းအားက သူတို့အောက် မနိမ့်ကြောင်း သက်သေပြနေသည်။

အကယ်၍ အမွှာရင်းမြစ်မဟာသူတော်စင်သာ အချိန်မီမတုန့်ပြန်ခဲ့လျှင် လင်းယွမ်က ရွှမ်ဟွမ်စကြာဝဠာသို့ ပထမဆုံး ဝင်ရောက်သွားသူ ဖြစ်သွားပေလိမ့်မည်။ သို့တိုင်အောင် အမွှာရင်းမြစ်မဟာသူတော်စင်၏ အပြာမီးခိုးရောင် စွမ်းအားနှင့် ဟေးယောင်၏ နယ်ပယ်အောက်တွင် လင်းယွမ်က တည်ငြိမ်စွာ ရှိနေနိုင်လေသ​ည်။

" မင်းက ဘယ်သူလဲ။ "

" မင်းအကြောင်းကို ငါ ဘာလို့မကြားဖူးတာလဲ။ "

အမွှာရင်းမြစ်မဟာသူတော်စင်က မျက်မှောင်ကြုတ်သွားသည်။ လင်းယွမ်၏ စွမ်းအား ထွက်ပေါ်လာချိန်မှ ယခုအချိန်ထိ သူတို့က အကြိမ်များစွာ ထိပ်တိုက်ရင်ဆိုင်ပြီးကြပြီဖြစ်သည်။ သို့သော် သူက လင်းယွမ်ကို မသိနိုင်သေးပေ။

ဖရိုဖရဲအရှင်သခင်များက ဟင်းလင်းပြင်နယ်မြေများ ဝေးကွာလှသဖြင့် အချင်းချင်း မသိနိုင်ခြင်းမှာ ဖြစ်နိုင်သည်။ သို့သော် မဟာသူတော်စင်တစ်ယောက် ထွက်ပေါ်လာလျှင် သူတို့၏ နာမည်က ဖရိုဖရဲဟင်းလင်းပြင်တစ်ခုလုံး လျင်မြန်စွာ ပျံ့နှံ့သွားပြီး နယ်မြေအသီးသီးမှ ဖရိုဖရဲအရှင်သခင်များစွာ သိကြမည်ဖြစ်သည်။

ဥပမာ နဝမဖီးနစ်မဟာသူတော်စင်နှင့် အရိပ်နတ်ဆိုး မဟာသူတော်စင်တို့က အသစ်တက်လှမ်းလာသော ဖရိုဖရဲမဟာသူတော်စင်များ ဖြစ်ကြသော်လည်း အမွှာရင်းမြစ်မဟာသူတော်စင်က သူတို့အကြောင်းကို ယခင်ကတည်းက ကြားဖူးခဲ့သည်။

ထို့အပြင် လင်းယွမ်၏ စွမ်းအားက အရိပ်နတ်ဆိုးနှင့် နဝမဖီးနစ်တို့ထက် သာလွန်နေပြီး သူတို့နှင့်ပင် တန်းတူဖြစ်နေသည်။ ထိုသို့သော မဟာသူတော်စင်တစ်ယောက်၏ ကျော်ကြားမှုက ဖရိုဖရဲဟင်းလင်းပြင်တစ်ခုလုံး ပျံ့နှံ့သွားသင့်ပေသည်။

" ဆယ်ယောက်မြောက် မဟာသူတော်စင်လား။ "

" နောက်ထပ်မဟာသူတော်စင်တစ်ယောက် ပုန်းကွယ်နေတာလား။ "

" တိုက်ပွဲထဲကို ဝင်ရောက်ပြီး အသာစီးယူသွားတဲ့ အဲ့ဒီမဟာသူတော်စင်က ဘယ်သူလဲ။ "

အဝေးမှ ဖရိုဖရဲအရှင်သခင်များက ထိတ်လန့်သွားကြသည်။ မဟာသူတော်စင်လေးယောက်၏ ရင်ဆိုင်မှုများမှ ထွက်ပေါ်လာသော နောက်ဆက်တွဲစွမ်းအားများက ဖရိုဖရဲအရှင်သခင်များကို ဒဏ်ရာရသွားစေနိုင်သည်။

" အမွှာရင်းမြစ်နဲ့ ဟေးယောင်မဟာသူတော်စင်တို့ကိုတောင် မသိတဲ့သူ ဘယ်သူမှမရှိတာ အဲ့ဒီမဟာသူတော်စင်ကို ဘာလို့တစ်ခါမှမမြင်ဖူးတာလဲ။ "

" ရှေးခေတ်ကာလက မဟာသူတော်စင်တစ်ယောက် ဖြစ်နိုင်လား။ " ဖရိုဖရဲအရှင်သခင်များက အမျိုးမျိုး ခန့်မှန်းနေကြသည်။

မဟာသူတော်စင်တစ်ယောက်၏ ကျော်ကြားမှုက ဖရိုဖရဲဟင်းလင်းပြင်တစ်ခုလုံး ကျော်လွန်နိုင်သော်လည်း ခေတ်ကာလများကြာလာသည်နှင့်အမျှ မေ့ပျောက်သွားနိုင်လေသည်။ ပြိုင်ဘက်ကင်းမဟာသူတော်စင်များပင်လျှင် စကြာဝဠာခေတ်ပေါင်းများစွာ ပျောက်ကွယ်သွားလျှင် လူအများက သူတို့ကို မေ့ပျောက်သွားကြမည်ဖြစ်ပြီး သူတို့၏ အထောက်အထားများကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားကြပေလိမ့်မည်။

" ရှေးခေတ်ကာလက မဟာသူတော်စင်လား။ ဒီစကြာဝဠာက တကယ်ထူးခြားပုံပဲ။ ဒီလောက်အစွမ်းထက်တဲ့သူကိုတောင် ဆွဲဆောင်နိုင်တယ်။ "

ဖရိုဖရဲအရှင်သခင်များက ရွှမ်ဟွမ်စကြာဝဠာကို အဝေးမှ စောင့်ကြည့်နေကြသည်။ မဟာသူတော်စင်များက အဆုံးမရှိရှင်သန်နိုင်ကြပြီး ကိုယ့်ကိုကိုယ် ဖျက်ဆီးပစ်ခြင်းမဟုတ်လျှင် သေဆုံးရန် ခက်ခဲလှသည်။

သို့သော် မဟာသူတော်စင်များက အလွှာဆယ့်သုံးသို့ ရောက်ရှိရန်သာ ရွေးချယ်ကြသည်။ အသက်ရှည်နေရုံဖြင့် မဟာသူတော်စင်တစ်ယောက်အတွက် အဓိပ္ပါယ်မရှိဘဲ အလွှာဆယ့်သုံးသို့ ရောက်ရှိမှသာ အဆုံးစွန်သော လွတ်မြောက်မှုကို ရရှိနိုင်မည်ဖြစ်သောကြောင့် ဖြစ်သည်။

" အမွှာရင်းမြစ်ရဲ့ ဖရိုဖရဲဆင့်ကဲပြောင်းလဲခြင်းစွမ်းအားက အချိန်လေဟာနယ် အခြေခံအုတ်မြစ်တွေကိုတောင် ဖျက်ဆီးပစ်နိုင်တာကို အဲ့ဒီမဟာသူတော်စင်က တောင့်ခံနိုင်တာပဲ။ တကယ်သန်မာလိုက်တာ။ "

" အမွှာရင်းမြစ်တစ်ယောက်တည်းမဟုတ်ဘူး။ ဟေးယောင်ရဲ့ နယ်ပယ်ရော သူတို့နှစ်ယောက်လုံးကို ရင်ဆိုင်နေရတာတောင် အားနည်းသွားတဲ့ အရိပ်အယောင်မပြဘူး။ "

ထျန်းလုနှင့် အခြားမဟာသူတော်စင်များကလည်း တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။ သူတို့က စကြာဝဠာထဲသို့ အရင်ဝင်ရောက်မည့် အစီအစဉ်ကို လက်လျှော့လိုက်သည်မှာ ကြာပြီဖြစ်သည်။ သို့သော် လင်းယွမ် ပြသလိုက်သော စွမ်းအားက သူတို့အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။

" အဲ့ဒီမဟာသူတော်စင်နဲ့ ငါနဲ့က ဘာလို့ ကြောင်းကျိုးဆက်နွယ်မှုနည်းနည်းရှိနေတာလဲ။ " အရိပ်နတ်ဆိုးမဟာသူတော်စင်နှင့် နဝမဖီးနစ်မဟာသူတော်စင်တို့က စိတ်ထဲမှ အံ့ဩသွားကြသည်။

ဖရိုဖရဲမဟာသူတော်စင်များအနေဖြင့် သူတို့က ဘာမှမလုပ်လျှင်တောင် သူတို့၏ ဩဇာလွှမ်းမိုးမှုက ဟင်းလင်းပြင်နယ်မြေအသီးသီးသို့ ပျံ့နှံ့ပြီးသားဖြစ်သည်။ အထူးသဖြင့် အရိပ်နတ်ဆိုးနှင့် နဝမဖီးနစ်ကဲ့သို့ မဟာသူတော်စင်အဆင့်သို့ အသစ်တက်လှမ်းလာသူများအတွက် ပို၍ပင် မှန်ကန်ပေသည်။

သူတို့က သက်ရှိများစွာနှင့် ကြောင်းကျိုးဆက်နွယ်မှုများရှိသည်။ သူတို့နှင့် ဆန့်ကျင်ဘက်အနေဖြင့် ရှေးခေတ်ကာလမှ ဖရိုဖရဲမဟာသူတော်စင်များက မလိုအပ်ဘဲ လှုပ်ရှားလေ့မရှိသဖြင့် သူတို့၏ ကြောင်းကျိုးဆက်နွယ်မှုများက ပို၍ ရှင်းလင်းပေသည်။

သို့သော် လင်းယွမ်ကဲ့သို့ အစွမ်းထက်သော မဟာသူတော်စင်တစ်ယောက်နှင့် ကြောင်းကျိုးဆက်နွယ်မှုရှိနေခြင်းက အရိပ်နတ်ဆိုးမဟာသူတော်စင်နှင့် နဝမဖီးနစ်မဟာသူတော်စင်တို့ကို နားမလည်နိုင်ဖြစ်သွားစေသည်။

" အဲ့ဒီလူက မဟာသူတော်စင်လား။ ဒါမှမဟုတ် အမွှာရင်းမြစ်နဲ့ ယှဉ်နိုင်တဲ့ ဖရိုဖရဲအရှင်သခင်တစ်ယောက်လား။ " အခြားသူများနှင့် ယှဉ်လျှင် ရှန်ဖုန်းအရှင်သခင်နှင့် အခြားသူများက အလွန်ထိတ်လန့်သွားကြသည်။ ယခင် သူတို့က လင်းယွမ်ကို ဖိတ်ခေါ်ခဲ့ကြပြီး လင်းယွမ်က သူတို့ကို တိုက်ရိုက် ငြင်းပယ်ခဲ့သည်။

" ရှန်ဖုန်း အခု ငါတို့ဘာလုပ်ကြမလဲ။ " ရှန်ဖုန်းအရှင်သခင်၏ နောက်မှ ဖရိုဖရဲအရှင်သခင်နှစ်ယောက်က မေးလိုက်သည်။

ဖရိုဖရဲအရှင်သခင်များက မဟာသူတော်စင်များရှေ့တွင် မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းရှိကြသော်လည်း သူတို့က မလုအပ်ဘဲ မဟာသူတော်စင်တစ်ယောက်ကို ပစ်မှတ်ထားခြင်းမရှိကြပေ။ မဟာသူတော်စင်တစ်ယောက်က သူတို့ကို ပစ်မှတ်ထားခဲ့လျှင် အမှောင်ထဲတွင် တစ်သက်လုံး ပုန်းအောင်နေရပေလိမ့်မည်။

" မထိတ်လန့်နဲ့။ အခုလောလောဆယ်ဆယ် နောက်ဆုတ်ရအောင်။ " ရှန်ဖုန်းအရှင်သခင်က စိတ်ထဲတွင် အလွန်စိုးရိမ်နေသော်လည်း အပြင်သို့ ထုတ်မပြပေ။

ရွှမ်ဟွမ်စကြာဝဠာ၏ ဝင်ပေါက်အနီးတွင် လင်းယွမ်နှင့် အမွှာရင်းမြစ်အပါအဝင် မဟာသူတော်စင်သုံးယောက်၏ တိုက်ပွဲက ပိုမိုပြင်းထန်လာခဲ့သည်။ လင်းယွမ်က ဝင်ပေါက်နှင့် အနီးဆုံးတွင် ရှိနေသောကြောင့် အမွှာရင်းမြစ်၊ ဟေးယောင်နှင့် လူရိုင်းမဟာသူတော်စင်တို့၏ ပစ်မှတ်ဖြစ်လာခဲ့သည်။

ဝုန်း ဝုန်း...

ကြောက်စရာကောင်းသော စွမ်းအားရိုက်ခတ်မှုများကြောင့် အချိန်လေဟာနယ်အစိတ်အပိုင်းများစွာက ပျောက်ကွယ်သွားခဲ့သည်။

" ဟမ် " လင်းယွမ်က မမြင်ရသော ထိုးဖောက်ခြင်း စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ ၎င်းက သူ၏ ပြင်ပကမ္ဘာကို ဖြတ်သန်းကာ သူ၏ ကာကွယ်ရေးလက်နက်ပေါ်သို့ ကျရောက်သွားပြီး ခန္ဓာကိုယ်အတွင်း ထိုးဖောက်လာသော်လည်း အတွင်းစကြာဝဠာသို့ ရောက်လာသည်နှင့် ထိုစွမ်းအားက ပြိုကွဲသွားသည်။

လက်ရှိ လင်းယွမ်၏ အတွင်းစကြာဝဠာက သာမန်မဟာသူတော်စင်တစ်ယောက်ထက် သာလွန်သည်။ ထိုကြောက်စရာကောင်းသော အခြေခံအုတ်မြစ်က လင်းယွမ်၏ ခုခံနိုင်စွမ်းကို များစွာမြှင့်တင်ပေးထားသ​ည်။

" ဒါက ဘယ်လိုစွမ်းအားမျိုးလဲ။ " အမွှာရင်းမြစ်နှင့် ဟေးယောင်မဟာသူတော်စင်တို့က အနည်းငယ် စိတ်မသက်မသာ ဖြစ်လာကြသည်။

သူတို့၏ တိုက်ခိုက်မှုများက လင်းယွမ်ကို ထိမှန်ခဲ့သော်လည်း လင်းယွမ်၏ ပြင်ပကမ္ဘာနှက့် လီယန်နေမင်းစွမ်းအားတို့က သူတို့ကို ပြန်လည်သက်ရောက်နေသည်။

" မင်းတို့သုံးယောက်က တကယ်ကိုင်တွယ်ရခက်တာပဲ။ " လူရိုင်းမဟာသူတော်စင်က ဒေါသအထွက်ဆုံးဖြစ်သည်။

လင်းယွမ်၊ အမွှာရင်းမြစ်နှင့် ဟေးယောင်တို့က သူတို့၏ အချိန်လေဟာနယ်ကို ကျွမ်းကျင်စွာ အသုံးချနေကြသည်။ ၎င်းကို ထိန်းချုပ်ခြင်း၊ ပုံပျက်စေခြင်းနှင့် ဖျက်ဆီးခြင်းတို့ကို ပြုလုပ်နေကြသည်။ သို့သော် လူရိုင်းမဟာသူတော်စင်​၏ နည်းစနစ်များက ပို၍ တိုက်ရိုက်ကျသောကြောင့် ထိုသုံးယောက်ကြားတွင် သူ၏ စွမ်းအားကို ထိရောက်စွာ အသုံးမပြုနိုင်သကဲ့သို့ ဖြစ်နေသည်။

" ဒီအတိုင်းဆိုရင် ရွှမ်ဟွမ်စကြာဝဠာထဲကို ငါအရင်းဆုံးဝင်နိုင်မှာပဲ။ " လင်းယွမ်က အခြားမဟာသူတော်စင်သုံးယောက်နှင့် တိုက်ခိုက်နေစဉ် သူတို့က ဝင်ပေါက်သို့ တဖြည်းဖြည်း ပျံသန်းသွားနေကြသည်။ လင်းယွမ်က အခြားသူများ၏ ပစ်မှတ်ထားခြင်းကို ခံနေရသော်လည်း သူတို့ကို ခုခံနိုင်သရွေ့ သူက ပထမဆုံး ဝင်နိုင်မည်ဖြစ်သည်။.

" ဟေးယောင် အဲ့ဒီမဟာသူတော်စင်က ရှေးခေတ်ကာလက လူတစ်ယောက် ဖြစ်လိမ့်မယ်။ အဲ့ဒါကြောင့် ငါတို့ မကြားဖူးတာပဲ။ " အမွှာရင်းမြစ်မဟာသူတော်စင်က ဟေးယောင်ကို ဆက်သွယ်ပြီး ပြောလိုက်သည်။ " ငါတို့အားလုံးက ရတနာလုနေကြတာ မှန်ပေမယ့် မင်းနဲ့ငါနဲ့က ခေတ်ပြိုင်မဟာသူတော်စင်တွေပဲ။ ဒီကောင်ကို ရတနာတွေ လုယူခွင့်ပေးလို့မရဘူး။ "

" မင်းဘာကိုဆိုလိုတာလဲ။ " ဟေးယောင်မဟာသူတော်စင်က စိတ်ထဲမှ လှုပ်ရှားသွားသည်။

" မင်းနဲ့ငါ ပူးပေါင်းရအောင်။ သူ့ကို စကြာဝဠာထဲ အရင်ဆုံး ဝင်ခွင့်ပေးလို့မရဘူး။ " အမွှာရင်းမြစ်မဟာသူတော်စင်က ပြောလိုက်သည်။

သူတို့က လင်းယွမ်ကို ပစ်မှတ်ထားကြသည်မှာ မှန်သော်လည်း သူတို့အချင်းချင်းလည်း ရင်ဆိုင်နေကြခြင်းဖြစ်သည်။ အမွှာရင်းမြစ်ဆိုလိုသည်မှာ သူတို့အချင်းချင်း တိုက်ခိုက်မှုကို ရပ်တန့်ပြီး လင်းယွမ်ကို အတူတူ ရင်ဆိုင်ရန်ဖြစ်သည်။

" ဆက်ပြော။ " ဟေးယောင်က စိတ်ချင်းဆက်သွယ်လိုက်သည်။

" ငါ့မှာ သူ့ကို တားဆီးနိုင်တဲ့ ဝှက်ဖဲတစ်ခုရှိတယ်။ ဒါပေမယ့် ငါ့ကို ဘယ်သူမှ နှောက်ယှက်လို့မရဘူး။ " အမွှာရင်းမြစ်က ပြန်ပြောလိုက်သည်။

" မင်းဆိုလိုတာက ငါမင်းကို မတိုက်ဘဲ သူ့ကိုပဲ တိုက်ရမှာပေါ့။ " ဟေးယောင်မဟာသူတော်စင်က အမွှာရင်းမြစ်ကို တစ်ချက်ကြည့်ကာ ခေါင်းညိမ့်လိုက်သည်။ " ကောင်းပြီလေ။ "

All Chapters