ရွှမ်ဟွမ်စကြာဝဠာအတွင်း၌...
Vol. 64 Ch. 920
လင်းယွမ်က ဖရိုဖရဲဆင့်ကဲပြောင်းလဲခြင်းစွမ်းအားကို ပိုင်ဆိုင်ခြင်းမရှိဘဲ မဟာသူတော်စင်များနှင့် တန်းတူ တိုက်ခိုက်နိုင်ခြင်းဖြစ်သည်။ အသိအမြင်များ ပို၍ မြင့်မားလေ ၎င်းက မည်မျှခက်ခဲကြောင်း ပိုမိုသိနိုင်လေဖြစ်သည်။
မဟာသူတော်စင်များက ဖရိုဖရဲအရှင်သခင်များထက် သာလွန်နေခြင်းမှာ နှစ်ခုလုံးက ဖရိုဖရဲအဆင့်သာ ရှိကြသော်လည်း မဟာသူတော်စင်များက ကိုယ်ပိုင်လမ်းစဉ်စွမ်းအားကို ဖော်ထုတ်နိုင်သောကြောင့်ဖြစ်သည်။ ၎င်းက အလွှာဆယ်သုံးသို့ တက်လှမ်းရန် လိုအပ်ချက်တစ်ခုလည်း ဖြစ်သည်။
" သူ့ရဲ့ အခြေခံအုတ်မြစ်က တကယ်ကြောက်စရာကောင်းတာကို ငါခံစားရတယ်။ သူက အလွှာဆယ့်သုံး အမွေအနှစ်တစ်ခုခုကို ရထားတာလား။ " ဓားကျိုးက စိတ်ဝိညာဉ်လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။
အလွှာဆယ့်သုံး အမွေအနှစ်က အလွှာဆယ့်နှစ် သက်ရှိများ မရရှိနိုင်သောအရာဖြစ်ပြီး မဟာသူတော်စင်များပင် မကြားဖူးသူများ ရှိနိုင်လေသည်။ သို့သော် ထိုအထူးတည်ရှိမှုများအတွက် အလွာဆယ့်သုံး အမွေအနှစ်က လျို့ဝှက်ချက်တစ်ခု မဟုတ်ပေ။
အချို့မှာ ထိုအမွေအနှစ်များရှိသော နေရာများကိုပင် သိကြသည်။ အလွှာဆယ့်သုံး အချိန်သက်ရှိများက သူတို့၏ စိတ်အခြေအနေပေါ်မူတည်ပြီး အမွေအနှစ်များကို ချန်ထားလေ့ရှိကြသည်။ သို့သော် ထိုအမွေအနှစ်များက အလွှာဆယ့်သုံး အချိန်သက်ရှိများနှင့် ပက်သက်နေသောကြောင့် သူတို့သိလျှင်တောင် အပြင်လူများကို ထုတ်မပြောနိုင်ပေ။
အလွှာဆယ့်သုံး အချိန်သက်ရှိများက အတိတ်နှင့် အနာဂတ်ကို ထိုးဖောက်မြင်နိုင်သဖြင့် သူတို့ထံမှ လျို့ဝှက်ချက်များကို ဖုံးကွယ်၍ မရပေ။ အကယ်၍ သူတို့၏ အမွေအနှစ်များ ပေါက်ကြားသွားပြီး အခြားသူများ အခွင့်အရေးယူသွားသည်ကို သိလျှင် ၎င်းက အလွှာဆယ့်သုံး အမွေအနှစ် ဖြစ်လျှင်တောင် ကောင်းကျိုးရှိမည်မဟုတ်ပေ။
" သူက အလွှာဆယ့်သုံး အမွေအနှစ်ကို ရထားတယ်ဆိုရင်တောင် ဒီအဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်ဖို့ ခက်ခဲပါတယ်။ " ရှေးဟောင်းယဇ်ပလ္လင်က ပြောလိုက်သည်။
" ဘာပဲဖြစ်ဖြစ် ဖရိုဖရဲဟင်းလင်းပြင်မှာ မကြာခင် ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက် ထွက်ပေါ်လာနိုင်တယ်။ " ဓားကျိုးက ပြောလိုက်သည်။
" ငါတို့ရဲ့ ဖရိုဖရဲဟင်းလင်းပြင်မှာ ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက် ထွက်ပေါ်မလာတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။ နောက်ဆုံးတစ်ယောက်က မိုယွီ နတ်ဆိုးကျောက်စိမ်းမဟုတ်လား။ " ရှေးဟောင်းယဇ်ပလ္လင်က ပြောလိုက်သည်။
ထိုနှစ်ယောက်နှင့်မတူဘဲ လမ်းစဉ်တစ်သောင်းမျက်လုံးက တိတိဆိတ်နေသည်။
" ဒီနဂါးငွေ့တန်းရဲ့ စွမ်းအားက ငါထင်ထားတာထက် အများကြီး ပိုသန်မာနေတာပဲ။ " လမ်းစဉ်တစ်သောင်းမျက်လုံးက စိတ်ထဲမှ အံ့ဩနေသည်။ သူက လင်းယွမ်အကြောင်းကို အခြားသူများထက် ပိုသိနေသည်။
အချိန်များကုန်လွန်လာသည်နှင့်အမျှ ရွှမ်ဟွမ်စကြာဝဠာ၏ အပြင်ဘက်မှ တိုက်ပွဲသတင်းက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ အထူးသဖြင့် လင်းယွမ်၊ အမွှာရင်းမြစ်၊ ဟေးယောင်နှင့် လူရိုင်း မဟာသူတော်စင်လေးယောက်၏ ယှဉ်ပြိုင်မှုက ဖရိုဖရဲအရှင်သခင်များစွာကို တုန်လှုပ်စေခဲ့သည်။
ထိုမဟာသူတော်စင်လေးယောက်၏ စွမ်းအားက ကျန်ခြောက်ယောက်ထက် များစွာသာလွန်နေသည်မှာ ထင်ရှားသည်။
ကုမင်ဖရိုဖရဲကုန်းမြေ။ အရှင်ကုမင်ကလည်း ရွှမ်ဟွမ်စကြာဝဠာ၏ အပြင်ဘက်မှ တိုက်ပွဲမှတ်တမ်းကို ရရှိခဲ့သည်။
" ဒါက မဟာသူတော်စင်တွေရဲ့ စွမ်းအားပေါ့။ " အရှင်ကုမင်က စိတ်လှုပ်ရှားနေသည်။ " နဝမဖီးနစ်နဲ့ အရိပ်နတ်ဆိုးမဟာသူတော်စင်တိုလည်း အဲ့ဒီမှာ ရှိနေတာလား။ "
အရှင်ကုမင်က ထိုနှစ်ယောက်ကို ချက်ချင်း မှတ်မိလိုက်သည်။ ထိုနှစ်ယောက်၏ တိုက်ပွဲကြောင့်ပင် သူ၏ ကုမင်ဖရိုဖရဲကုန်းမြေကို ရွှေ့ပြောင်းခဲ့ရသည်။
" ဒီမဟာသူတော်စင်လေးယောက်ရဲ့ စွမ်းအားက..." အရှင်ကုမင်က တိုက်ပွဲကို ကြည့်နေပြီး ထူးဆန်းမှုတစ်ခုကို သတိပြုမိလိုက်သည်။
" နောက်ဆုံးပေါ်လာတဲ့ မဟာသူတော်စင်က ဘာလို့ နဂါးငွေ့တန်းနဲ့ အဲ့လောက်တူနေတာလဲ။ " အရှင်ကုမင်က အလွန်အံ့အားသင့်သွားသည်။
ရွှမ်ဟွမ်စကြာဝဠာ။
လင်းယွမ်က ဒုတိယမြောက် ဝင်လာခဲ့ပြီး အချိန်လေဟာနယ်လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းနေရသကဲ့သို့ နောက်ဆုံးတွင် တိတ်ဆိတ်သော ကြယ်တာယာကောင်းကင်တစ်ခုသို့ ရောက်ရှိသွားသည်။
" ဒါက စကြာဝဠာရဲ့ အတွင်းပိုင်းလား။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူ၏ အာရုံကို လျင်မြန်စွာ ဖြန့်ကျက်လိုက်သည်။ " နိယာမတွေရဲ့ ဖိနှိပ်မှုက တကယ်ပြင်ထန်တာပဲ။ အချိန်လေဟာနယ် အဆင့်ရှစ်နဲ့တောင် ဒီနေရာမှာ ဟင်းလင်းပြင်ကို အဝေးကြီး ဖြတ်ကျော်လို့မရဘူး။ "
အပြင်ဘက်တွင် မဟာသူတော်စင်တစ်ယောက်က ဟင်းလင်းပြင်နယ်မြေတစ်ခု၏ တစ်ရာခိုင်နှုန်း သို့မဟုတ် ဆယ်ပုံတစ်ပုံပင် အလွယ်တကူ ဖြတ်ကျော်နိုင်သည်။ သို့သော် ရွှမ်ဟွမ်စကြာဝဠာအတွင်း၌ အလွန်ဆုံး အလင်းနှစ် သန်းအနည်းငယ်ကိုသာ ဖြတ်ကျော်နိုင်သည်။
" ပြိင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက် ဖန်တီးခဲ့တဲ့ စကြာဝဠာလို့ မပြောရဘူး။ " လင်းယွမ်က တုန်လှုပ်နေမိသည်။
သူက ပိုမိုအာရုံခံမိလေ ထိုစကြာဝဠာက ပို၍ ကြောက်စရာကောင်းလေဖြစ်သည်ယ နိယာမများက အလိုအလျောက် လည်ပတ်နေရုံဖြင့် မဟာသူတော်စင်တစ်ယောက်ကို ဖိနှိပ်ထားနိုင်သည်။
" အရွယ်အစားအရဆိုရင် ဒီစကြာဝဠာက ဖရိုဖရဲဟင်းလင်းပြင်ထဲက သဘာဝစကြာဝဠာတွေထက် အများကြီး ပိုကြီးလောက်တယ်။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
သူ၏ လက်ရှိစွမ်းအားနှင့် သာမန်စကြာဝဠာတစ်ခုကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သော်လည်း ရွှမ်ဟွမ်စကြာဝဠာကိုမူ ဘာမှမလုပ်နိုင်ပေ။ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သဖြင့် စကြာဝဠာအတွင်းရှိ အချိန်လေဟာနယ်က စတင်ပြိုလဲနေပြီဖြစ်သည်။
ထိုစကြာဝဠာ၏ အထွတ်အထိပ်ကာလတွင် ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်ပင် ပေါ့ပေါ့ဆဆ ဝင်ရဲမည်မဟုတ်ပေ။ သို့သော် ရွှမ်ဟွမ်စကြာဝဠာက ပြိုင်ဘက်ကင်းမဟာသူတော်စင်ဖြစ်သော ဧကရာဇ်ရွှမ်ဟွမ်က ကြိုးစားတည်ဆောက်ခဲ့ခြင်းဖြစ်သည်။
" ငါ့ရဲ့ လက်ရှိတည်နေရာက ဒီမှာပဲ။ " လင်းယွမ်က သာရေချပ်မြေပုံကို ကြည့်ပြီး သူ၏ တည်နေရာကို သတ်မှတ်လိုက်သည်။
" ဒီလမ်းကြောင်းအတိုင်းသွားရင် အကျိုးအမြတ် အများဆုံး ရနိုင်လိမ့်မယ်။ " လင်းယွမ်က ကြိုတင်သတ်မှတ်ထားသော လမ်းကြောင်းတစ်ခုကို ရွေးချယ်လိုက်သည်။
ထိုလမ်းကြောင်း၏ နောက်ဆုံးပန်းတိုင်က ဧကရာဇ်ရွှမ်ဟွမ်၏ ဂူဗိမာန်ဖြစ်ပြီး လမ်းခရီးတစ်လျှောက်တွင် ရတနာနယ်မြေများစွာကို ဖြတ်သန်းသွားရမည်ဖြစ်သည်။ စကြာဝဠာထဲသို့ ဝင်ရောက်လာသော အခြားသူများက စကြာဝဠာ၏ အလယ်သို့သာ ဦးတည်သွားကြပေလိမ့်မည်။
လမ်းမှ ရရှိမည့်ရတနာများကတော့ ကံတရားပေါ်တွင်သာ မူတည်သည်။ သို့သော် လင်းယွမ်က မြေပုံရှိသည့်အပြင် ကြိုတင်စီစဉ်ထားသောကြောင့် အချိန်မကုန်ဘဲ အကျိုးအမြတ်များစွာ ရရှိပေလိမ့်မည်။ ဂူဗိမာန်ထဲတွင် ဘာမှမရှိလျှင်တောင် ထိုခရီးက အလဟဿ မဖြစ်တော့ပေ။
" သွားမယ်။ " လင်းယွမ်၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး အလင်းနှစ်သန်းချီ အဝေးတွင် ပြန်ပေါ်လာသည်။ သူက နောက်တစ်ကြိမ်လှုပ်ရှားရန် ပြင်လိုက်ချိန်တွင်....
ဝေါင်း....
ကြောက်စရောကောင်းသော ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာပြီး အချိန်လေဟာနယ်၏ နက်ရှိုင်းသော နေရာမှ ရေဘဝဲပုံစံ သက်ရှိတစ်ကောင် ထွက်ပေါ်လာကာ ၎င်း၏ လက်တံများစွာဖြင့် လင်းယွမ်ကို ရိုက်ချလိုက်သည်။ လက်တံများ ဖြတ်သန်းသွားသော နေရာတိုင်းက အချိန်လေဟာနယ်မှာ လျင်မြန်စွာ ပျက်ဆီးသွားသည်။
" ဒါက ရွှမ်ဟွမ်သားရဲလား။ " လင်းယွမ်က အံ့ဩသွားပြီး ထိုသက်ရှိကို ချက်ချင်း မှတ်မိလိုက်သည်။
သူက ယခင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေသို့ ဝင်ရောက်ခဲ့စဉ်က ထိုကဲ့သို့သော သက်ရှိများကို နေရာအနှံ့ ရှာတွေ့ခဲ့သည်။ အမှန်တော့ ရွှမ်ဟွမ်သားရဲက စစ်မှန်သော သက်ရှိတစ်ခု မဟုတ်ပေ။ ၎င်းတို့က ပတ်ဝန်းကျင်မှ ကမ္ဘာစွမ်းအားကို ငှားယူအသုံးပြုသဖြင့် အလွန်အစွမ်းထက်သော်လည်း သူတို့၏ ဉာဏ်ရည်က အလွန်နိမ့်ကျလှသည်။
ရွှမ်ဟွမ်နည်းစနစ်များတွင် ရွှမ်ဟွမ်သားရဲများကို ရွှမ်ဟွမ်သလင်းကျောက်များ ထုတ်ပေးသည့် အရာများအဖြစ်သာ သတ်မှတ်ထားသည်။ ရွှမ်ဟွမ်မူလခန္ဓာကို ကျင့်ကြံရာတွင် ရွှမ်ဟွမ်သလင်းကျောက်များစွာကို လိုအပ်သည်။
" ဒီရွှမ်ဟွမ်သားရဲရဲ့ စွမ်းအားက တကယ်ကြောက်စရာကောင်းတာပဲ။ ဖရိုဖရဲအဆင့်ကိုတောင် ရောက်ခါနီးနေပြီ။ " လင်းယွမ်က ရွှမ်ဟွမ်သားရဲကို ကြည့်လိုက်သည်။ " ဒါပေမယ့် ဒါက ပုံမှန်ပါပဲ။ ရွှမ်ဟွမ်သားရဲတွေက ပတ်ဝန်းကျင်ကမ္ဘာရဲ့ စွမ်းအားကို အသုံးချနိုင်ကြတယ်။ ဒီစကြာဝဠာရဲ့ မူလရင်မြစ်က အရမ်းအားကောင်းနေတော့ သူတို့ရရှိထားတဲ့ စွမ်းအားကလည်း ကြောက်စရာကောင်းနေမှာပဲ။ "
လင်းယွမ်က သူ့ကို ရူးသွပ်စွာ တိုက်ခိုက်နေသော ရေဘဝဲ ရွှမ်ဟွမ်သားရဲကို ကြည့်ပြီး ကမ္ဘာနတ်စွမ်းရည်က အသက်ဝင်လာသည်။ ပြင်ပကမ္ဘာ၏ စွမ်းအားအောက်တွင် ဖရိုဖရဲအဆင့်နှင့် နီးကပ်နေသော ရွှမ်ဟွမ်သားရဲက ချက်ချင်းပင် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ရေလဝဲရွှမ်ဟွမ်သားရဲ၏ ခန္ဓာကိုယ်က ပြိုကွဲသွားပြီး မီတာထောင်ချီကြီးမားသော ရွှမ်ဟွမ်သလင်းကျောက်တစ်ခု ထွက်ပေါ်လာသည်။
" ဒီရွှမ်ဟွမ်သလင်းကျောက်က တကယ်ကြီတာပဲ။ " လင်းယွမ်၏ မျက်လုံးများက တောက်ပသွာယသည်။ " အခု ဖရိုဖရဲအဆင့် ရွှမ်ဟွမ်မူလခန္ဓာအတွက် မျှော်လင့်ချက်ရှိသွားပြီ။ "
ဧကရာဇ်ရွှမ်ဟွမ်ဖန်တီးခဲ့သော ရွှမ်ဟွမ်မူလခန္ဓာက ကျင့်ကြံရန် အရင်းအမြစ်များစွာ လိုအပ်သည်။ ထိုအရင်းအမြစ်များက ကန့်သတ်ထားခြင်းမရှိဘဲ မည်သည့်အရင်းအမြစ်မဆို ရွှမ်ဟွမ်မူလခန္ဓာအတွက် အရေးပါလေသည်။
" တကယ်လို့ ငါသာ ဒီလိုရွှမ်ဟွမ်သားရဲ ထောင်ချီကို ရင်ဆိုင်ရမယ်ဆိုရင် ရွှမ်ဟွမ်မူလခန္ဓာကို ဖရိုဖရဲအဆင့်ထိ ကျင့်ကြံနိုင်လိမ့်မယ်။ " လင်းယွမ်က ရွှမ်ဟွမ်သလင်းကျောက်ကို သိမ်းဆည်းပြီး စိတ်ထဲမှ တွေးလိုက်သည်။
သူ၏ ရုပ်ခန္ဓာအခြေခံက မြင့်မားလွန်းသည်။ ရွှမ်ဟွမ်မူလခန္ဓာကို လွှမ်းမိုးခြင်းအဆင့်ထိ ကျင့်ကြံနိုင်ရုံနှင့် သူ၏ ရုပ်ခန္ဓာက သာမန်မဟာသူတော်စင်များနှင့် ယှဉ်နိုင်နေပြီဖြစ်သည်။ အကယ်၍ ရွှမ်ဟွမ်မူလခန္ဓာကို ဖရိုဖရဲအဆင့်ထိ ကျင့်ကြံနိုင်ခဲ့လျှင် သူ၏ ရုပ်ခန္ဓာက မဟာသူတော်စင်များနှင့် အပြည့်အဝ နှိုင်းယှဉ်နိုင်ပေလိမ့်မည်။
" ထောင်ချီလား။ " လင်းယွမ်က ပတ်ဝန်းကျင်ကို ကြည့်ပြီး ထိုပမာဏက မများဟု ခန့်မှန်းမိသည်။
ရွှမ်ဟွမ်စကြာဝဠာက ကျယ်ပြောလှပြီး အတွင်းရှိ ရွှမ်ဟွမ်သားရဲ အရေအတွက်မှာ သောင်းနှင့်ချီရှိနေနိုင်သည်။
" အခု စကြာဝဠာထဲကို ဝင်လာတဲ့ ဖရိုဖရဲအရှင်သခင်တွေအများကြီးရှိတာပဲ။ နောက်ဆုံးကျရင် သူတို့ဆီက ရွှမ်ဟွမ်သလင်းကျောက်တွေကို ငါလဲလှယ်လို့ရတာပဲ။ " လင်းယွမ်က တွေးလိုက်သည်။