← Chapters

အခန်း (၉၉၁)

Vol. 67 Ch. 991

အခန်း (၉၉၁)

Vol. 67 Ch. 991

ကောင်းကင်နှင့်မြေပြင်အားလွှမ်းခြုံထားသည့် မိုးကောင်းကင်ထဲမှ အနက်ရောင်တိမ်တိုက်များမှာ မကောင်းသောအရာတို့ဖြင့်ပြည့်နှက်နေသည်။ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့အနေဖြင့် မည်သည့်အန္တရာယ်ခံစားချက်ကိုမှ မရရှိသော်လည်း ဤခံစားချက်ကပင် သူတို့အား အလွန်သက်တောင့်သက်သာမဖြစ်မှုကိုခံစားရစေသည်ဖြစ်သည်။

မည်းမှောင်သောတိမ်တိုက်ကြီးကအပေါ်စီးမှငုံ့၍သူတို့အား ကြည့်နေခြင်းကို ခံစားရခြင်းက မိမိတို့၏အသက်အားအခြားစွမ်းအားကြီးသက်ရှိတစ်ခု၏ ထိန်းချုပ်မှုအောက်သို့ရောက်ရှိသွားသလိုခံစားရစေသည်။

“သွားစို့”

ထို့နောက်ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့၏ပုံရိပ်များက ဖျက်ခနဲထပ်မံဖြစ်သွားပြီး မည်းမှောင်သောတိမ်တိုက်ကြီး၏အကြည့်ကို ရှောင်တိမ်းရန်ကြိုးစားလိုက်သည်။ သို့သော်သူတို့ရွေ့လျားနေသကဲ့သို မည်းမှောင်သောတိမ်တိုက်ကြီးကလည်း လိုက်ပါရွေ့လျားနေသည်ကို ရှင်းလင်းစွာအာရုံခံနိုင်သည်ဖြစ်သည်။၎င်း၏ ဧရာမနီရဲသောမျက်လုံးကြီးများက သူတို့ကိုအမြဲတမ်းစိုက်ကြည့်နေပြီး အချိန်တစ်ခုကြာသည်အထိသူတို့အားလွှတ်ထားလိမ့်မည်မဟုတ်ဟူသည့်ခံစားချက်ကိုခံစားရစေ၏။

ဤခံစားချက်မှာ ဆော့ကစားနေသောကြွက်လေးတစ်ကောင်အား ကြောင်တစ်ကောင်က စောင့်ကြည့်နေသကဲ့သို့ဖြစ်သည်။ဤခံစားချက်က ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့အား ပို၍ပင် မကျေမနပ်ဖြစ်မှုကိုခံစားရစေသည်။

တစ်ခုတည်းသော ကောင်းမွန်သည့်အရာကား မည်းမှောင်သောတိမ်တိုက်ကြီးအနေဖြင့်သူတို့အား တိုက်ခိုက်ခြင်းမရှိသေးခြင်းပင်ဖြစ်သည်။

“ငါတို့ဘာလုပ်သင့်လဲ”

ဝတ်ရုံနက်ကရှစ်ဖုန့်ကိုမေးလိုက်သည်။

ရှစ်ဖုန့်နှင့်အတူအချိန်ခဏကြာရှိခဲ့ပြီးနောက် ဝတ်ရုံနက်အနေဖြင့်သူကိုယ်တိုင်ပင်မသိလိုက်ပါဘဲ အခက်အခဲနှင့်ကြုံတွေ့လာရတိုင်း ရှစ်ဖုန့်၏ အမြင်ကို တောင်းခံတတ်လာသည်။

ဤလူကသူ့အားအမြဲတမ်းထူးဆန်းသောခံစားချက်ကိုပေးသည်ဖြစ်သည်။ သူနှင့်သာအတူရှိလျှင်မည်သည့်အန္တရာယ်ကိုမဆို အဆုံးသတ်၌ ရှောင်ရှားနိုင်စွမ်းရှိလိမ့်မည်ဟုခံစားရသည်။

ဝတ်ရုံနက်၏စကားများအားကြားပြီးနောက် ရှစ်ဖုန့်ကပြောလိုက်သည်။

“အခုဒီသခင်လေးတို့လုပ်နိုင်တဲ့အရာကအချိန်တစ်ခုအထိ ခြေတစ်လှမ်းပဲလှမ်းနိုင်တာပဲ.ဒီမွန်းစတားက ဒီသခင်လေးတို့ဆီကဘာကိုလိုချင်နေတာလဲဆိုတာကို မသိသေးဘူး..အဲ့ဒါက ဒီသခင်လေးတို့အပေါ်သတ်ချင်တဲ့ရည်ရွယ်ချက် ဒါမှမဟုတ် စွမ်းအားကြီးတိုက်ခိုက်မှုကိုထုတ်ဖော်ချင်တဲ့ရည်ရွယ်ချက်မျိုး မပြသေးဘူး”

“ဒါပေမဲ့..အဲ့အရာကငါတို့နောက်ကိုလိုက်ပြီးစောင့် ကြည့်နေတယ်လို့ခံစားရတယ်”

ဝတ်ရုံနက် က ကျယ်လောင်စွာပြောလိုက်သည်။

ဤအချိန်တွင် ထူးဆန်းပြီးအက်ရှရှနှင့်ရှင်းလင်းမှုမရှိသောအော်သံတစ်ခုက မိုးကောင်းကင်ထဲမှရုတ်ခြည်းထွက်ပေါ်လာသည်။ ဤထူးဆန်းသောအော်သံက ဧရာမမည်းမှောင်သောတိမ်တိုက်ကြီးထံမှလာခြင်း ဖြစ်သည်။

“ဟမ်”

ထိုအော်သံအားကြားလိုက်ရသောအခါတွင်ရှစ်ဖုန့်တစ်ယောက် မျက်မှောင်တင်းကြပ်စွာကြုတ်လိုက်သည်။

“မင်းအဲ့အသံကိုရှင်းရှင်းလင်းလင်းကြားရလား”

ဝတ်ရုံနက်က ရှစ်ဖုန့်ကိုပြောလိုက်သည်။

“အနက်ရောင်မိုးကြိုးလို့အော်တာများ..ဖြစ်လောက်မလား”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ခင်ဗျားရောဘာကြားလဲ”

ရှစ်ဖုန့်က ခေါင်းလှည့်ပြီးဝတ်ရုံနက်ကိုမေးလိုက်သည်။

“ငါလည်းကြားတယ်..အနက်ရောင်မိုးကြိုးလို့အော်တာ”

ဝတ်ရုံနက်ကခေါင်းညိမ့်ပြီးပြောသည်။

ထို့နောက်သူကအံ့အားသင့်စွာပြောသည်။

“အနက်ရောင်မိုးကြိုး..မင်းခန္ဓကိုယ်ထဲက နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးများဖြစ်နေမလား..ဒီမွန်းစတားကြီးက မင်းခန္ဓာကိုယ်ထဲက နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးအတွက်လာတာများဖြစ်နိုင်မလား”

ဝတ်ရုံနက်မှာဤအရာအားတွေးမိသောအခါတွင် အံ့အားသင့်စွာပြောလိုက်ပြီး သူ၏ပုံရိပ်က ဖျက်ခနဲထပ်မံဖြစ်သွားသည်။သို့သော်ဤအကြိမ်တွင်သူကရှစ်ဖုန့်နှင့်အတူ ရှေ့သို့မသွားခဲ့ပေ။ ထိုအစားဘယ်ဘက်သို့ဖျက်ခနဲထွက်ခွာပြီး ရှစ်ဖုန့်နှင့်ဝေးရာသို့လျှင်မြန်စွာသွားလိုက်သည်။

ဝတ်ရုံနက်၏အံ့အာသင့်မှုကိုကြားရကာ ထွက်ခွာသွားမှုအားမြင်တွေ့ရပြီးနောက် သူဘာလုပ်ရမလဲဆိုသည်အားရှစ်ဖုန့်သိလိုက်သည်။ ရှစ်ဖုန့်အနေဖြင့်အခြားမည်သည့်လှုပ်ရှားမှုကိုမှ ပြုလုပ်ခဲ့ခြင်းတော့မဟုတ်ပေ။ မှုန်မှိုင်းအုံ့စိုင်းနေသောတောအုပ်အား ထိုးခွင်းသွားသကဲ့ကို့ ရှေ့သို့ အရှိန်ဖြင့်ဆက်လက်ဦးတည်သွားခြင်းသာဖြစ်လုပ်ဆောင်ခြင်းဖြစ်သည်။

ထိုသို့ဆိုလျှင်တောင် မိုးကောင်းကင်ထဲမှထူးဆန်းသောအမည်းရောင်တိမ်တိုက်နှင့်ရင်ဆိုင်ရာတွင် ရှစ်ဖုန့်အနေဖြင့် သတိထားမှုကို လျော့ချထားခြင်းအားမပြုလုပ်ရဲပေ။

ဝတ်ရုံနက်ထွက်ခွာသွားသော်လည်း လွန်စွာကြီးမားသောအမည်းရောင်တိမ်တိုက်ကြီးက သူနှင့်တောက်လျှောက်လိုက်ပါရွေ့လျားနေဆဲဖြစ်သည်ကို ရှစ်ဖုန့်ရှင်းလင်းစွာအာရုံခံနိုင်ဆဲဖြစ်သည်။ နတ်ဆိုးဆန်သောသွေးနီ‌ရောင် မျက်လုံးတစ်စုံကလည်း သူ့ပေါ်သို့ကျရောက်နေဆဲဖြစ်သည်။

ရှစ်ဖုန့်အနေဖြင့် မှုန်မှိုင်းအုံ့ဆိုင်းနေသော တောအုပ်အားလွန်းထိုးပျံသန်းနေမှုကို ရပ်တန့်ခြင်းမရှိခဲ့ပေ။ ဆယ့်ငါးမိနစ်ဝန်းကျင်ခန့်ကြာမြင့်ပြီးနောက်တွင် သူ၏ဘေး၌ အနက်ရောင်ပုံရိပ်တစ်ခုဖျက်ခနဲပေါ်လာသည်။ အကွာအဝေးတစ်ခုသို့ ထွက်ခွာသွားသည့်ထိုအနက်ရောင်ပုံရိပ်က သူ့ဘေးသို့ပြန်လည်ရောက်ရှိလာသည်။

“ဘယ်လိုလဲ”

ဝတ်ရုံနက်ပြန်လာသည်အားမြင်တွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်က အလျှင်အမြန်မေးလိုက်သည်။

“ငါမှန်တယ်”

ဝတ်ရုံနက်ကပြောလိုက်သည်။

“မွန်းစတားကြီးက မင်းနောက်ကိုပဲလိုက်ပြီးစိုက်ကြည့်နေတာ ..ငါထွက်သွားတာကို လုံးဝသူကဂရုမစိုက်ဘူး..ကြည့်ရတာမင်းရဲ့ခန္ဓာကိုယ်ထဲကနတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးအတွက် အဲ့တာကတကယ်လာခဲ့တဲ့ပုံပဲ”

“အနက်ရောင်တိမ်တိုက်.အနက်ရောင်မိုးကြိုး.သူတို့ကတကယ်ကိုစုံတွဲတစ်ခုပဲ”

ရှစ်ဖုန့်ကသွားပေါ်အောင်ပြုံး၍ ကူကယ်ရာမဲ့စွာပြောလိုက်သည်။

“ဒါပေမဲ့ငါတို့ဒီလိုသွားနေလို့မဖြစ်ဘူး..ဒီမွန်းစတားကိုဖယ်ရှားပစ်ဖို့မင်းနည်းလမ်းတစ်ခုတော့ရှာမှရမယ်..အချိန်မရွေးမင်းအပေါ်ကိုကျရောက်လာနိုင်တဲ့ အန္တရာယ်ကို မင်းအနေနဲ့ ခွင့်ပြုထားလို့မရဘူး”

ဝတ်ရုံနက်ကပြောသည်။

ဤသို့သာဆက်သွားနေလျှင် အကယ်၍ ဤမွန်းစတားက မည်မျှကြာအောင်လိုက်နေပြီး မည်သည့်အချိန်၌ သူ၏အသက်အားနှုတ်ယူရန်စွမ်းအားကြီးတိုက်ခိုက်မှုတစ်ခုအားထုတ်ဖော်မည်ကို မည်သူက သိနိုင်မည်နည်း။

ရှစ်ဖုန့်ပြောလိုက်သည်။

“ဒီသခင်လေးလုပ်ချင်ပါတယ်.ဒါပေမဲ့..ကြည့်ရတာဒီမွန်းစတားကို ဒီသခင်လေးတို့လုံးဝရှင်းထုတ်ပစ်လို့မရနိုင်တဲ့ပုံပဲ”

ရှစ်ဖုန့်၏စကားအားကြားရသောအခါတွင် ဝတ်ရုံနက်က အခြားဘာမှပြောခြင်းမရှိပေ။ ဤမွန်းစတားက ၎င်းအား မျက်စိကျနေသော‌ကြောင့် ရှင်းထုတ်ပစ်ရန် တကယ်ပဲအလွန်ခက်ခဲသည်ဖြစ်သည်။၎င်းအားရင်ဆိုင်ဆန့်ကျင်ရန်အတွက် သူ၏ဖုံးကွယ်ခြင်းပညာရပ်ပင်သုံးမရဖြစ်နေသည် ဖြစ်၏။

“အမ်..ဘာဖြစ်တာလဲ”

ဤအချိန်တွင် ဝတ်ရုံနက်၏ပုံရိပ်က ဖျက်ခနဲထပ်မံဖြစ်သွားပြီး တောအုပ်၏အဝေးတစ်နေရာသို့ရောက်ရှိသွားပြီဖြစ်သည်။ သို့သော် ရှစ်ဖုန့်ကလိုက်မလာသည်အားသူတွေ့လိုက်ရသည်။

ဝတ်ရုံနက်ကလှည့်လိုက်ပြီး သူ့နောက်သို့ကြည့်လိုက်သည်။ ရှစ်ဖုန့်က မူလနေရာမှာပင် ရပ်နေဆဲဖြစ်ကြောင်းကို တွေ့လိုက်ရသည်။သူ့အနေဖြင့်ကြက်သေသေနေပုံရပြီး လုံးဝလှုပ်ရှားခြင်းမရှိပေ။

“ဘာဖြစ်နေတာလဲ”

ဝတ်ရုံနက်ကဖျက်ခနဲပြန်လှည့်လာပြီး ရှစ်ဖုန့်ဘေးသို့ပြန်လည်ရောက်ရှိလာသည်။ရှစ်ဖုန့်ကလုံးဝလှုပ်ရှားခြင်းမရှိသေးသည်ကို ဝတ်ရုံနက်တွေ့လိုက်ရသည်။

“သူသေသွားပြီ”

ဝတ်ရုံနက်က တုန်လှုပ်သွားပြီး သူ့ဖာသာသူတွေးလိုက်သည်။သို့သော် သူကချက်ချင်းပဲခေါင်းကိုခါယမ်းလိုက်သည်။ ဤကောင်ကအသက်ရှူနေဆဲဖြစ်၏။သေသွားသည့်လက္ခဏာလုံးဝမပြသေးပေ။

ထို့နောက် ဝတ်ရုံနက်က ခေါင်းမော့လိုက်ပြီး ကောင်းကင်ထဲမှဧရာမအမည်းရောင်တိမ်တိုက်ကြီးကိုကြည့်လိုက်သည်။ရှစ်ဖုန့်၏ဝိညာဉ်ဆုံးရှုံးလိုက်ရသည့် အကြောင်းပြချက်က ဤအမည်းရောင်တိမ်တိုက်ကြီးနှင့်တစ်ခုခုသက်ဆိုင်နေမည်ဖြစ်ကြောင်း သူသိသည်ဖြစ်၏။

“နတ်ဆိုးနတ်ဘုရား..စစ်မှန်သည့်မိုးကြိုး”

ဤအချိန်တွင် ဘေး၌ရှိနေသောရှစ်ဖုန့်က အသံတီးတိုးဖြင့်တိုးတိုးရေရွတ်လိုက်သည်ကို ဝတ်ရုံနက်ရုတ်ခြည်းကြားလိုက်ရသည်။

ဝတ်ရုံနက်ကခေါင်းပြန်ငုံ့ပြီးရှစ်ဖုန့်ထံကြည့်လိုက်သည်။ ထို့နောက် ရှစ်ဖုန့်၏ခန္ဓာကိုယ်အတွင်းမှစွမ်းအားကြီးအနက် ရောင်မိုးကြိုးတန်းကြီးတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ထဲသို့ ထိုးတက်သွားသည်ကို သူမြင်တွေ့လိုက်ရသည်။

“ဘာဖြစ်နေတာလဲ”

ဝတ်ရုံနက်က တုန်လှုပ်အံ့အားသင့်သွားသည်။ အနက်ရောင်မိုးကြိုးတို့က ကောင်းကင်ထဲသို့ထိုးတက်သွားသည်သာမက ဘက်ပေါင်းစုံသို့လည်းအရှိန်အဟုန်ဖြင့်ပျံ့နှံ့သွား သည်။ ဝတ်ရုံနက် မှာအလျှင်အမြန်နောက်ပြန်ဆုတ်၍ အနက်ရောင်မိုးကြိုးလျှပ်စီးတို့ကိုရှောင်တိမ်းလိုက်သည်။

သို့သော် အနက်ရောင်မိုးကြိုးလျှပ်စီးတို့ဖြတ်သန်းသွားသောနေရာတိုင်းရှိမရေတွက်နိုင်သောသစ်ပင်များမှာ အနက်ရောင်မိုးကြိုးလျှပ်စီးတို့၏ ရုတ်ခြည်းဝါးမျိုမှုကိုခံလိုက်ရသည်။ထို့နောက် သစ်ပင်များမှာပြင်းထန်သောအနက်ရောင်မိုးကြိုးလျှပ်စီးတို့ကြောင့် အမှုန်အမွှားများဖြစ်သွား၏။

ဝတ်ရုံနက်မှာ အနက်ရောင်မိုးကြိုးလျှပ်စီးတို့နှင့်ဝေးရာအကွာအ ဝေးတစ်ခု၌ ရပ်နေပြီးထိုဘက်သို့ထပ်မံကြည့်လိုက်သည်။ထိုသို့ဆိုလျှင်တောင်ဤအနက်ရောင်မိုးကြိုးလျှပ်စီးတို့၏ စွမ်းအားကရှစ်ဖုန့်၏ကိုယ်အတွင်းမှသွေးနီရောင်မီးတောက်၊အနက်ရောင်မိုးကြိုးလျှပ်စီးနှင့်ဟင်းလင်း ပြင်ဓားတို့ကို ပေါင်းစပ်ကာ နတ်ဘုရားမြေခေါင်းလောင်းအားရိုက်ခတ်စေပြီး ဖန်တီးသည့် စွမ်းအားကြီးအသံလှိုင်းတိုက်ခိုက်မှုတစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်ဖြစ်သည်။

ဤကလေး၌မည်သည့်အရာများဖြစ်ပျက်နေသည်ဆိုသည်ကို ဝတ်ရုံနက်အနေဖြင့် ယခုထိရှာမတွေ့နိုင်သေးပေ။

သို့သော်သူ့အနေဖြင့်ရှစ်ဖုန့်အစောပိုင်းကရေရွတ်လိုက်သောစကားကိုမှတ်မိနေဆဲဖြစ်သည်။

“နတ်ဆိုးနတ်ဘုရား..အစစ်အမှန်မိုးကြိုး”

ဤစကားလုံးတို့က မိုးကြိုးလျှပ်စီးတိုက်ခိုက်ရေးပညာရပ်တစ်ခုဖြစ် လောက်၏။ဤတိုက်ခိုက်ရေးပညာရပ်မှာ ရှစ်ဖုန့်၏ခန္ဓာကိုယ်မှထုတ်လွှတ်သော အနက်ရောင်မိုးကြိုးလျှပ်စီးနှင့်ဆက်နွယ်နေခြင်း ဖြစ်လောက်သည်ဖြစ်သည်။

“ဒီကလေးရဲ့ခန္ဓာကိုယ်ကို အဲ့အမည်းရောင်တိမ်တိုက်ကြီးက ဝင်စီးလိုက်တာများဖြစ်နေနိုင်မလား”

ဝတ်ရုံနက်မှာရုတ်ခြည်းသဘောပေါက်သွားပြီး ကောင်းကင်ထဲမှအမည်းရောင်တိမ်တိုက်ကြီးကို အမှတ်ရလိုက်သည်။

ဆက်ရန်…….

ဘာသာပြန်သူ-ARISE

All Chapters