← Chapters

အန်း (၉၉၂)

Vol. 67 Ch. 992

အန်း (၉၉၂)

Vol. 67 Ch. 992

“အစစ်အမှန်မိုးကြိုး နတ်ဆိုးနတ်ဘုရားရဲ့ ပထမပုံစံ....ကောင်းကင်ဘုံကိုးခုလှုပ်ခတ်မိုးကြိုး”

ဤအချိန်တွင် နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးတို့ထံမှ ကြမ်းကြုတ်သောသားရဲတစ်ကောင်ကဲ့သို့ ကြုံးဝါးသံတစ်ခု ထွက်ပေါ်လာပြီး ထိုအသံနှင့်အတူ မြည်ဟိန်းသံတို့လည်းလိုက်ပါလာသည်။

“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..”

ကောင်းကင်ယံထက်တွင် မိုးခြိမ်းသံများက ဆက်တိုက်ထွက်ပေါ်လာပြီးစုစုပေါင်း ကိုးချက်တိတိ မြည်ဟိန်းပြီးမှ ရပ်တန့်သွားသည်။

မိုးခြိမ်းသံများ ဖြစ်ပေါ်လာပြီးနောက်အကွာအဝေးတစ်ခုအတွင်း၌ရှိနေသောဝတ်ရုံနက်မှာ ကောင်းကင်ထဲသို့ ထိုးတက်နေသော အနက်ရောင်မိုးကြိုးတို့က နောက်ဆုံး၌ အားနည်းပြီး မှေးမှိန်လွင့်ပြယ်လာသည်ကို ဖြည်းဖြည်းချင်းမြင်တွေ့လိုက်ရသည်။

ဖြည်းညှင်းစွာဖြင့် အဝတ်ဗလာဖြစ်နေသာ ငယ်ရွယ်သည့်ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်းပေါ်လာသည်။သို့သော် သူ၏သန်မာသောကိုယ်ပေါ်၌ အနက်ရောင်လျှပ်စီးကြောင်းများက ကူးလူးနေဆဲဖြစ်ပြီး မီးလောင်မှုကြောင့်ပဲစေ့များအက်ကွဲသည့်အသံကဲ့သို့ အသံများပင်ထွက်ပေါ်နေစေ၏။

ဝတ်ရုံနက်မှာ အဝတ်မဲ့နေသောခန္ဓာကိုယ်အားမြင်တွေ့လိုက်ရ သောအခါတွင် အကြောင်းပြချက်အချို့ကြောင့် ခေါင်းကို ငုံ့လိုက်၏။ထို့နောက် မျက်လုံးတို့အားကာသကဲ့သို့ သူ၏ဝတ်ရုံနက် အနားစကိုဆွဲလိုက်သည်။

“အစစ်အမှန်မိုးကြိုး နတ်ဆိုးနတ်ဘုရားရဲ့ ပထမပုံစံ....ကောင်းကင်ဘုံကိုးခုလှုပ်ခတ်မိုးကြိုး”

အနက်ရောင်မိုးကြိုးတို့ မှေးမှိန်ပျောက်ကွယ်သွားသောအခါတွင် လူငယ်တစ်ယောက်၏တီးတိုးရေရွတ်သံကထွက် ပေါ်လာသည်။

သူ၏စိတ်ထဲမှသူယခင်က မမှတ်မိခဲ့သောအချက်အလက်အချို့ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။

သူ၏စိတ်ထဲမှ အချက်အလက်များအား အာရုံခံနေရင်းရှစ်ဖုန့်မနေနိုင်ဘဲ စိတ်ရှုပ်ထွေးစွာဖြင့်တီးတိုးရေရွတ်လိုက်သည်။

သို့သော်ထို့နောက်တွင် ရှစ်ဖုန့်ကကောင်းကင်ထဲသို့ရုတ်ခြည်းမော့ကြည့်လိုက်ပြီး ရူးသွပ်နေသောလူတစ်ယောက်ကဲ့သို့ ရယ်မောလိုက်၏။

“ဟားဟားဟား..ကောင်းတယ်..အရမ်းကောင်းတယ်...နောက်ထပ်နတ်ဘုရားတစ်ပိုင်းတိုက်ခိုက်ရေးနည်းစနစ်တစ်ခုကို ငါရလိုက်ပြီ..ဒီတိုက်ခိုက်နည်းစနစ်က ဟင်းလင်းပြင်ဓားထက် ပိုဆန်းကြယ်ပြီး ပိုစွမ်းအားကြီးတယ်ဆိုတာကို ငါခံစားနိုင်တယ်”

ရှစ်ဖုန့်၏ရယ်သံအားကြားရသောအခါ ဝတ်ရုံနက်ကပြောလိုက်သည်။

“ဒါကကြောက်ဖို့ကောင်းတဲ့နေရာတစ်ခုပဲ..သေခြင်းသတ္တဝါတွေကမင်းအပေါ်ထောက်လှမ်းနေမလားဆိုတာဘယ်သူသိနိုင်မှာလဲ..အရင်ဆုံးမင်းအဝတ်တွေဝတ်ထားတာပိုကောင်းမယ်”

ဝတ်ရုံနက်၏စကားတို့ကရှစ်ဖုန့်၏နားထဲသို့ကျ ဆင်းသွားသည်။ရှစ်ဖုန့်ကခေါင်းငုံ့ပြီး သူ၏အဝတ်မဲ့ကိုယ်ကို ကြည့်လိုက်သည်။သို့သော် သူအနေဖြင့်အလျှင်လိုခြင်းမရှိပေ။ သူ၏သိုလှောင်လက်စွပ်အတွင်းမှ အနက်ရောင်ငှက်မွှေးဝတ်ရုံကို ထုတ်လိုက်သည်။

ဤအနက်ရောင်ငှက်မွှေးဝတ်ရုံမှာ ကျီးကန်းနက်ကလန်မှပုယာအားသတ်ဖြတ်ပြီးနောက်ယူထားသည့်ဝတ်ရုံဖြစ်သည်။၎င်းကကျီးကန်းနှက်၏ ပင်မငှက်မွှေးမှဖွဲ့စည်းထားခြင်းဖြစ်သည်။၎င်းကနတ်ဘုရားတစ်ပိုင်းနယ်ပယ်ခုခံရေးချပ်ဝတ်တစ်ခုနှင့်ညီမျှ၏။

ဤအချိန်တွင် ရှစ်ဖုန့်၏ခန္ဓာကိုယ်ပတ်ပတ်လည်၌ရှိနေသည့် အနက်ရောင်လျှပ်စီးအမျှင်တန်းလေးများအားလုံးက ခန္ဓာကိုယ်အတွင်းသို့စုပ်ယူခံလိုက်ရသည်။အနက် ရောင်ငှက်မွှေးဝတ်စုံကို လျှင်မြန်စွာ ဝတ်ဆင်လိုက်ပြီး သူ၏ သီးသန့်နေရာကို ဖုံးကာလိုက်သည်။

ဝတ်ရုံနက်၏အသံကထပ်မံထွက်ပေါ်လာသည်။

“ကြည့်ရတာ မင်းကအရင်အတိုင်းရှိနေတုန်းပဲနဲ့တူတယ်..ထူးဆန်းတဲ့အမည်းရောင်တိမ်တိုက်ကြီးရဲ့ ဝင်စီးမှုကို မင်းမခံခဲ့ရဘူးပဲ”

သို့သော်ရှစ်ဖုန့်၏မျက်နှာပေါ်ရှိအမူအယာနှင့် စကားပြောပုံအရ အကဲဖြတ်ရသလောက် မည်သည့်ဝင်စီးအပိုင်ရယူခံလိုက်ရသည့်လက္ခဏာကိုမှ ပြသခဲ့ခြင်းဖြစ်သည်။

ရှစ်ဖုန့်ကပြောလိုက်သည်။

“အဲ့အချိန်တုန်းက ဒီသခင်လေးခင်ဗျားနဲ့အတူသွားနေတုန်း..ရုတ်တရက်ကြီး စိတ်ထဲကို သတင်းအချက်အလက်လှိုင်းလုံးတစ်ခုဝင်ရောက်လာတယ်..အဲ့အချိန်တုန်းက စိတ်ကလုံးဝဗလာဖြစ်သွားသလိုခံစားလိုက်ရတယ်”

“ဒီသခင်လေးအသိပြန်ဝင်လာတဲ့အချိန်မှာ ခုဏကလိုဖြစ်နေခဲ့တာပဲ..အနက်ရောင်မိုးကြိုးက ဒီသခင်လေးရဲ့ခန္ဓာကိုယ်ထဲက ထွက်လာခဲ့တယ်လို့ ခင်ဗျားပြောခဲ့တယ်..ခင်ဗျားပြောတာကိုကြားပြီးတဲ့နောက်မှာ ဝေဝါးတဲ့အမြင်တစ်ခုတော့ရှိခဲ့ပေမဲ့ ..အရမ်းရှင်းလင်းမနေဘူး”

“အိုး”

ဝတ်ရုံနက်မှာ ရှစ်ဖုန့်၏စကားများအားကြားပြီးနောက် “အိုး” ဟု ညင်သာစွာရေရွတ်ပြီးနောက် မေးလိုက်သည်။

“ခုဏကမှမင်းအသိပြန်ဝင်လာခဲ့တာလား..ဒါဆိုမင်းစိတ်ထဲကို တစ်ဟုန်ထိုးဝင်ရောက်လာတဲ့အချက်အလက်က နတ်ဘုရားတစ်ပိုင်းနယ်ပယ် မိုးကြိုးတိုက်ခိုက်ရေးနည်းစနစ်တစ်ခုလား”

“အမှန်ပဲ”

ရှစ်ဖုန့်ကခေါင်းညိမ့်သည်။ထို့နောက်သူကပြောသည်။

“ဖြစ်ခဲ့တာတွေက အမည်းရောင်တိမ်တိုက်ကြီးကြောင့်ဖြစ်ရတာပဲဖြစ်ရမယ်”

“အဲ့တာက အမည်းရောင်တိမ်တိုက်ကြီးနဲ့တစ်ခုခုဆိုင်နေတာပဲ ဖြစ်ရမယ်..ဒီသခင်လေးရဲ့ခန္ဓာကိုယ်ထဲက နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးကြောင့် ဖြစ်ရမယ်..ဒီအမည်းရောင်တိမ်တိုက်ကြီးက နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးနဲ့တစ်ခုခုသက်ဆိုင်တာ ဒါမှမဟုတ် အရင်က ခင်ဗျားပြောခဲ့တဲ့ မသေမျိုးနတ်ဆိုးနတ်ဘုရား နဲ့သက်ဆိုင်နေတာမျိုးပဲဖြစ်ရမယ်”

မသေမျိုးနတ်ဆိုးနတ်ဘုရားနှင့်တစ်ခုခုသက်ဆိုင် နေသည်ဟု ရှစ်ဖုန့်ခံစားရသည့်အကြောင်းပြချက်မှာ နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးကြောင့်တစ်ခုတည်းမဟုတ်ဘဲ သူ၏စိတ်ထဲသို့တစ်ဟုန်ထိုးဝင်ရောက်လာသည့် တိုက်ခိုက်ရေးပညာရပ်ကြောင့်လည်းပါဝင်၏။၎င်းအား အစစ်အမှန်မိုးကြိုးနတ်ဆိုး နတ်ဘုရား ဟုခေါ်ဆို၏။သူရှိခဲ့သည်ကား အစစ်အမှန်မိုးကြိုးနတ်ဘုရားရဲ့ပထမပုံစံ ကောင်းကင်ဘုံကိုးခု လှုပ်ခတ်မိုးကြိုးဖြစ်သည်။

“ဒီတစ်ကြိမ်ဘေးအန္တရာယ်တစ်ခုကနေ မင်းအမြတ်ထွက်ခဲ့တဲ့ပုံပဲ..”

ဝတ်ရုံနက်ကပြောလိုက်သည်။

“ထူးဆန်းတဲ့အမည်းရောင်တိမ်တိုက်ကြီးက မင်းကိုသတ်ချင်နေတယ်လို့ငါထင်တာ..ပညာရပ်တွေသင်ကြားပေးဖို့ မင်းနောက်ကိုလိုက်နေတယ်လို့ငါမမျှော်လင့်ထားဘူး..ကြည့်ရတာမင်းကအံ့ဖွယ်ကောင်းအောင်ကံ ကောင်းတာပဲကွ”

ရှစ်ဖုန့်သည်လည်းဤအကြိမ်ဘေးအန္တရာယ်တစ်ခုမှ အမြတ်ထွက်လာသည်ဟု ခံစားရသည်။ သို့သော်ရှစ်ဖုန့်မှာ စိတ်ထဲ၌သိပ်တော့မပျော်ရွှင်ပေ။ထိုအချိန်က သူ၏သေခြင်းရှင်ခြင်းမှာ ထူးဆန်းသောအမည်းရောင်တိမ်တိုက်ကြီး၏အတွေးများဖြင့်ထိန်းချုပ်မှုအောက်သို့လုံးဝကျရောက်သွားသည်ဖြစ်သည်။

ပျော်ရွှင်ရမည်ဆိုလျှင်ကား ၎င်းအနေဖြင့် သူ့အား စွမ်းအားကြီးမားပြီး ဆန်းကြယ်သော တိုက်ခိုက်ရေးပညာရပ်ကိုသင်ကြားပေးခဲ့သည်ဖြစ်သည်။မပျော်ရွှင်ရသည်ကား ၎င်းအနေဖြင့်အချိန်မရွေးသူ့အားဖျက်ဆီးပစ်နိုင်သည်ဖြစ်၏။

ရှစ်ဖုန့်အနေဖြင့်သူ၏အသက်အားအခြားတစ်စုံတစ်ယောက်၏ထိန်းချုပ်ထားခြင်းကိုခံရသည့်ခံစားချက်ကို အမြဲတမ်းမုန်းတီးသည်ဖြစ်သည်။

“ထူးဆန်းတဲ့တိမ်တိုက်ကြီးလည်းထွက်သွားပြီဆို တော့ ဆက်သွားရအောင်..တောအုပ်အနက်ပိုင်းထဲမှာ ဘာတွေရှိနေမလဲဆိုတာကို ငါတို့မသိနိုင်ဘူး..”

ဝတ်ရုံနက်က ရှစ်ဖုန့်ကိုပြောလိုက်သည်။

“သွားစို့..ဘာပဲဖြစ်ဖြစ်ဒီသခင်လေးတို့ဂရုစိုက်ရမယ်”

ရှစ်ဖုန့်က ဝတ်ရုံနက်ကိုပြောလိုက်သည်။

ထို့နောက်နှစ်ယောက်သားဖျက်ခနဲရှေ့သို့ တစ်ချိန်တည်းရောက်ရှိသွားပြီး တောအုပ်အနက်ပိုင်းအတွင်းသို့ဆက်လက်သွား လိုက်ကြသည်။

တောအုပ်၏ပိုနက်သောအတွင်းပိုင်းသို့ဝင်ရောက် လေမှုန်မှိုင်းအုံ့ဆိုင်းအေးစက်လာလေကို သူတို့အာရုံခံမိပြီးဖြစ်သည်။

“ဂါး..ဂါး..ဂါး..ဂါး..ဂါး..ဂါး”

“သတ်ကြ..ချီးပဲ”

“ဒီအသက်မဲ့နေတဲ့အရိုးတွေက ဘယ်လိုလုပ်ပြီးအသက်ဝင်လာတာလဲ.အရိုးတွေကအများကြီးပဲ..ဒီအရာတွေကဘာတွေလဲ”

ကြမ်းကြုတ်ခက်ထန်သောသားရဲတို့၏ အော်ဟစ်သံများနှင့် လူသားတို့၏အော်ဟစ်သံများအားဆက်တိုက်ကြားရနိုင်သည်ဖြစ်သည်။

များပြားလှသောနတ်ဆိုးသားရဲများနှင့် လူသားမျိုးနွယ်မှပုံရိပ်များမှာအဖြူရောင်သားရဲအ ရိုးတို့နှင့်ပြည့်နှက်နေသည့်ကုန်းမြေတစ်ခုပေါ်သို့ ရောက်ရှိနေပြီးဖြစ်သည်။ ၎င်းတို့က မျက်စိတစ်ဆုံးထိပြည့်နှက်နေသည့်အပြင် အဆုံးမရှိသောအကွာအဝေးတစ်ခုအထိ ပြန့်ကျဲနေခြင်းဖြစ်သည်။

ကုန်းစွန်းယွမ်၏အနက်ရောင်ရေလွှမ်းနဂါးအပေါ် ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် လူသားများနှင့်နတ်ဆိုးသားရဲများကြားထဲ၌ တိုက်ပွဲတစ်ခုကဖြစ်ပေါ်လာပြီးဖြစ်သည်။ သို့သော်အရိုးစုကုန်းမြေသို့ဝင်ရောက်လာပြီး ၎င်းတို့အသက်ဝင်လာမှုအားရင်ဆိုင်လာရသောအ ခါတွင် လူသားများနှင့်နတ်ဆိုးသားရဲများက အင်အားချင်းပူးပေါင်းလိုက်ကြသည်။ လူသားများနှင့်နတ်ဆိုးသားရဲများက ရန်သူအားရင်ဆိုင်တိုက်ခိုက်ရန် ယာယီပူးပေါင်းလိုက်ခြင်းဖြစ်သည်။

“ကုန်းစွန်းမိသားစုရဲ့တတိယသား..မင်းငါနဲ့ထပ်မတွေ့အောင်နေတာပိုကောင်းမယ်..မဟုတ်ရင်ငါ မင်းကို မြှုပ်စရာနေရာတစ်ခုတောင်မရှိဘဲနဲ့သေအောင် လုပ်ပစ်မယ်..ဂါး”

တိုက်ပွဲဖြစ်ပွားရာနေရာ၏အကွာအဝေးတစ်ခုမှ အနက်ရောင်ရေလွှမ်းနဂါး၏ဒေါသတကြီးဟိန်း ဟောက်သံထွက်ပေါ်လာသည်။

အနက်ရောင်နဂါးမှာ ကုန်းစွန်းယွမ်နောက်သို့ အချိန်တစ်ခုကြာအောင်လိုက်ဖမ်းပြီးသည့်နောက် ဖမ်းမမိတော့သည့်ပုံပေါ်သည်။သူ၏ဒေါသတကြီး အော်ဟစ်သံမှအကဲဖြစ်ရသလောက် ထွက်ပြေးလွတ်မြောက်သွားလောက်ပြီဖြစ်သည်။

“ဂါး”

သို့သော်အနက်ရောင်နဂါး၏အော်ဟစ်သံအားကြားရသကဲ့သို့ အကန့်သတ်မဲ့သောအရိုးပင်လယ်ထံမှ အနက်ရောင်နဂါး၏အော်သံထက်ပို၍ကြမ်းကြုတ်ခက်ထန်သောအော်သံတစ်ခုထွက်ပေါ်လာသည်။

ထို့နောက်စွမ်းအားကြီးအော်ရာတစ်ခုထိုးတက်လာ ပြီး နတ်ဆိုးသားရဲများရောလူသားများပါ ဤအော်ရာသူတို့၏အမူအယာများကိုပြောင်းလဲ သွားစေပြီး တစ်ခုခုမှားယွင်းနေသည်ဟုခံစားသိရှိလိုက်သည်။

မိုးကုတ်စက်ဝိုင်းထက်တွင် ဧရာမ အရိုးစုပုံရိပ်ကြီးက ဖြည်းဖြည်းချင်း သူတို့၏မျက်လုံးရှေ့၌ပေါ်လာ၏။

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters