အခန်း (၉၉၃)
Vol. 67 Ch. 993
ရှစ်ဖုန့်နှင့်ဝတ်ရုံနက်ကတို့ ကြောက်မက်ဖွယ်ကောင်းသောတောအုပ်အနက် ပိုင်းထဲသို့ဝင်ရောက်လာသောအခါတွင် ပတ်ဝန်းကျင်ကပို၍ကြောက်ဖို့ကောင်းသည်ထက် ကောင်းလာရုံသာမက သူ့တို့ဘေးပတ်ဝန်းကျင်၌ပေါ်လာသည့် သစ်ပင်များကပင်ပို၍ ကြောက်မက်ဖွယ်ကောင်းသည်ကို တွေ့လိုက်ရသည်။
သစ်ပင်များအားလုံးက ညှိုးနွမ်းနေပြီးလုံးဝကို မကောင်းဆိုးဝါးအသွင်သဏ္ဍန်ပေါက်နေ၏။၎င်းတို့မှာ အစွယ်များကို ပြကာ လက်သည်းများအား ဝေ့ယမ်းနေသကဲ့သို့ ထင်ရပြီး အရမ်းကိုကြမ်းကြုတ်ခက်ထန်သောအသွင်ရှိနေ၏။
“ကူး..ကူး……….ကူး..ကူး..ကူး……..ကူး……ကူး”
ဤအခိုက်အတန့်တွင် တောအုပ်၏အနက်ပိုင်းအတွင်းမှ ထူးဆန်းသော “ကူး..ကူး” ဟူသည့်အသံထွက်ပေါ်လာပြီး သေလုအောင်ဆိတ်ငြိမ်နေသောတောအုပ်၏ခြောက်ခြားဖွယ်ကောင်းမှုအား ပို၍ကျောစိမ့်ကြောက်မက်ဖွယ်ကောင်းအောင်လုပ်ဆောင်နေသည်။
ဤခြောက်ခြားဖွယ်ကောင်းသော တောအုပ်အတွင်းသို့ဝင်ရောက်လာပြီးနောက်ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့မှာ ထပ်မံလျှင်မြန်စွာမလှုပ်ရှားရဲတော့ပေ။ထိုအစား သူတို့က ရှေ့သို့ ဖြေးညှင်းစွာနှင့်သတိကြီးကြီး လျှောက်လှမ်းသွားကြ၏။
“ကူး.ကူး.ကူး..ကူး.ကူး.ကူး”
ထူးဆန်းသော “ကူး..ကူး”အသံကလည်း သူတို့၏ရှေ့မှဆက်တိုက်ထွက်ပေါ်နေသည်။
သို့သော် ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့ တောအုပ်အနက်ပိုင်းအတွင်းသို့နောက်ထပ်နာရီအတော်ကြာ လျှောက်လှမ်းဝင်ရောက်သွားသော်လည်း ထူးဆန်းသောဆူညံသံကိုပြုလုပ်နေသည့် သတ္တဝါအား မြင်တွေ့ရခြင်းမရှိသေးပေ။
“ဒါကဘယ်လိုသတ္တဝါမျိုးလဲ..ထူးဆန်းတဲ့အသံကို ကြားနိုင်ပေမဲ့ တည်ရှိမှုကို လုံးဝမမြင်တွေ့ရဘူး”
ရှစ်ဖုန့်၏ဘေးမှ လျှောက်လှမ်းနေသောဝတ်ရုံနက်က ကျယ်လောင်စွာပြောလိုက်သည်။
“ဒါကခင်ဗျားတို့အရိုင်းတိုက်ကြီးရဲ့နောက်ထပ်ရှေးဟောင်းသက်ရှိတစ်ခုပဲ..ဒီသခင်လေးလည်းတည်ရှိမှုကိုအာရုံမခံနိုင်ဘူး. ကြည့်ရတာ ဒီအရာမှာဘာအော်ရာမှမရှိတဲ့ပုံပဲ”
ရှစ်ဖုန့်ကပြောလိုက်သည်။
ထို့နောက်ရှစ်ဖုန့်ကပြောသည်။
“အဲ့အရာရဲ့ဖုံးကွယ်ခြင်းပညာရပ်က ခင်ဗျားထက်ပိုပြီးတော့ ကောင်းမွန်တဲ့ပုံရတယ်.. ဒါပေမဲ့ ဒီမှာအချိန်တော်တော်ကြာဒီသခင်လေးတို့ရှိနေပြီးတာတောင် အဲ့အရာကဒီသခင်လေးတို့ကိုမတိုက်ခိုက်သေးဘူး.. အဲ့အရာမှဒီသခင်လေးတို့ကို တိုက်ခိုက်ဖို့ရည်ရွယ်ချက်တစ်စုံတစ်ရာရှိနေတယ်လို့ဒီသခင်လေးမထင်ဘူး”
“သတ္တဝါအားလုံးက ကြမ်းကြုတ်ခက်ထန်စွာနဲ့မွေးဖွားလာကြတာမဟုတ်ဘူး ..အချို့သတ္တဝါတွေက ဒီသခင်လေးတို့ကသူတို့ကို ရန်သွားမစွသ၍ သူတို့ကလည်းဒီသခင်လေးတို့ကိုလာပြီးရန်စွမှာမဟုတ်ဘူး”
“အဲ့လိုကြင်နာတတ်ပြီးနုရွတဲ့ သတ္တဝါတစ်ကောင်ဖြစ်လို့ငါမျှော်လင့်ပါတယ်”
ဝတ်ရုံနက်က ပြန်တုန့်ပြန်သည့်အနေဖြင့်ခေါင်းညိမ့်သည်။
“ကူးကူး..ကူးကူး..ကူးကူးကူး”
ဤအချိန်တွင်သူတို့၏ရှေ့မှ နောက်ထပ်ထူးဆ်းသော “ကူးကူး”သံကဆက်တိုက်ထွက်ပေါ်လာသည်။
“ဒီ..ဒီအသံက အဲ့ဒဏ္ဍာရီလာအသံနဲ့ အရမ်းကိုဆင်တူနေတယ်”
ဤအခိုက်အတန့်တွင် ရှစ်ဖုန့်၏ခန္ဓာကိုယ်အတွင်းမှ အံ့အားသင့်သောအသံတစ်ခု ရုတ်ခြည်းထွက်ပေါ်လာသည်။
ယင်းကား ကွေ့ရှန့်ဟု နမည်ပြောင်းလဲခံထားရသော ကောင်းကင်သူတော်စင်မီးတောက်ဖြစ်သည်။
“ဘာ..ခင်ဗျားဒီအသံကိုသိတာလား..ရှေးခေတ်အချိန်တုန်းက ထျန်းဟန်တိုက်ကြီးထဲမှာလည်း ဒီလိုထူးဆန်းတဲ့သက်ရှိမျိုးရှိနေတာများဖြစ်နိုင်မ လား”
ကောင်းကင်သူတော်စင်မီးတောက်၏စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်ကမေးလိုက်သည်။
ကောင်းကင်သူတော်စင်မီးတောက်ကပြန်ဖြေသည်။
“ငါတို့ခေတ်အချိန်တုန်းက ဒီထူးဆန်းတဲ့အသံအကြောင်း ဒဏ္ဍာရီတစ်ခုကို အမှတ်ရသွားလို့ပါ”
သို့သော် ရှစ်ဖုန့်မှာပြန်လည်ဖြေကြားသံအားကြားလိုက်ရချိန်တွင် ကွေ့ရှန့်အနေဖြင့် ဒဏ္ဍာရီလာထူးဆန်းသောအသံအား အနည်းငယ်ကြောက်ရွံ့နေသည့်ပုံပေါ်သည်ကိုတွေ့ရ၏။
ကောင်းကင်သူတော်စင်မီးတောက်၏ စကားတို့အားတွေးတောပြီး ရှစ်ဖုန့်က လေးနက်သောအသံဖြင့်မေးလိုက်သည်။
“ဒါကဘယ်လိုဒဏ္ဍာရီမျိုးလဲ..ဘယ်လိုသက်ရှိမျိုးက အဲ့ထူးဆန်းတဲ့အသံကိုပြုလုပ်နေတာလဲ”
“ငါတို့ခေတ်အချိန်တုန်းကတောင် အဲ့တာကဘယ်လိုသက်ရှိမျိုးလဲဆိုတာကို ဘယ်သူမှမသိကြဘူး”
“ဒီထူးဆန်းတဲ့တစီစီမြည်နေတဲ့အသံကို သေခြင်းတရားရဲ့ကြောက်မက်ဖွယ်အသံ သေမင်းရဲ့အသံလို့သိကြတယ်..ဒီထူးဆန်းတဲ့အသံကိုကြားရတဲ့ဘယ်သက်ရှိဖြစ်တည်မှုမဆို သေရလိမ့်မယ်”
ကောင်းကင်သူတော်စင်မီးတောက်မှာနောက်ဆုံးစကားအားပြောချိန်တွင်သူ၏အသံက တိုးပြီးလေးနက်သွားသည်။
ကောင်းကင်သူတော်စင်မီးတောက်မှာရှစ်ဖုန့်၏ဒန်တန်ဖြစ်သည်။ဤအကြောင်းအရာအားပြောနေချိန်တွင်၎င်းအနေဖြင့် လိမ်နေခြင်းမဟုတ်သည်ကို ရှစ်ဖုန့်အာရုံခံနိုင်သည်ဖြစ်သည်။
“သေမင်းရဲ့အသံတဲ့လား”
ရှစ်ဖုန့်ကတည်ကြည်လေးနက်ပူပန်သောအမူအ ယာသို့ပြောင်းလဲသွားပြီး အသက်ရှူသံအောက်၌ပင် တီးတိုးရေရွတ်လိုက်သည်။
ဤမှောင်မည်းအုံ့မှိုင်းပြီး ထူးဆန်းအံ့ဖွယ်ကောင်းသောတောအုပ်ကြီးအတွင်းတွင် ဒဏ္ဍာရီလာ သေမင်းရဲ့အသံက ပေါ်လာရန်မှာ မဖြစ်နိုင်သောအရာမဟုတ်ပေ။
အထူးသဖြင့်မွန်းစတားနတ်ဘုရားသင်္ချိုင်းနယ်မြေဟုခေါ်ဆိုသော ဤကဲ့သို့နေရာမျိုးတွင်ဖြစ်သည်။
“ဟုတ်တယ်..ဒါကသေမင်းရဲ့အသံပဲဖြစ်ရမယ်..ဘယ်သူမှသူ့ရဲ့အော်ရာကိုအာရုံမခံနိုင်ပေမဲ့ အဲ့တာကိုကြားရတဲ့ဘယ်သက်ရှိဖြစ်တည်မှုမဆို သေရလိမ့်မယ်”
ကောင်းကင်သူတော်စင်မီးတောက်က ကြောက်လန့်အံ့အားသင့်စွာပြောလိုက်သည်။
နတ်ဘုရားတစ်ပိုင်းနယ်ပယ်အဆင့်ရှိသော ကောင်းကင်သူတော်စင်မီးတောက်သည်ပင် ဤထူးဆန်းသောအသံအား ကြောက်လန့်ပုံရသည်။
“ဘာဖြစ်လို့လဲ”
ရှစ်ဖုန့်၏ဘေး၌လျှောက်လှမ်းနေသောဝတ်ရုံနက် က ရှစ်ဖုန့်၏ လေးနက်နေသောမျက်နှာအားမြင်တွေ့လိုက်ရ သောအခါတွင် မေးလိုက်သည်။
“ရှေးခေတ်အချိန်ကာလတုန်းက ထျန်းဟန်တိုက်ကြီးရဲ့ ဒဏ္ဍာရီတစ်ခုအကြောင်းကို အမှတ်ရသွားလို့ပါ.. အဲ့တာကဒီအသံနဲ့တစ်ခုခုသက်ဆိုင်နေတယ်”
ရှစ်ဖုန့်ကပြန်ဖြေသည်။
“အိုး..ငါ့ကိုအဲ့အကြောင်းပြောပြပါအုံး”
ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက် ဝတ်ရုံနက်က သိချင်စိတ်ဖြင့်မေးလိုက်သည်။
“ရှေးခေတ်အချိန်တုန်းက ထျန်းဟန်တိုက်ကြီးမှာဒီအသံကို သေမင်းရဲ့အသံလို့ခေါ်တယ်..အဲ့တာကို ကြားတဲ့ဘယ်သက်ရှိဖြစ်တည်မှုမဆို သေရလိမ့်မယ်”
ရှစ်ဖုန့်ကဝတ်ရုံနက်အားကောင်းကင်သူတောင်စင်မီးတောက်က သူ့အားပြောပြသည့်အတိုင်းပြောပြလိုက်သည်။
“သေမင်းရဲ့အသံတဲ့လား”
ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက် ဝတ်ရုံနက်၏အသံကလေးနက်လာသည်။
ဤသည်ကားမှောင်မည်းအုံ့မှိုင်းပြီးကျောစိမ့်စရာ ကောင်းလောက်သောတောအုပ်ကြီးတစ်ခုဖြစ်သည်။ဤထူးဆန်းသောအသံ အားထပ်ပေါင်းထည့်မည့်အပြင် ဤနေရာ၌ လုံးဝအာရုံခံနိုင်ခြင်းမရှိသော သက်ရှိများ ရှိနေသည်ဖြစ်သည်။
အချိန်တစ်ခုအထိနှစ်ယောက်ားတိတ်ကျသွားပြီး စကားထပ်မံပြောခြင်းမရှိတော့ပေ။
ယင်းကသေလုအောင်တိတ်ဆိတ်ခြောက်ကပ်နေ သောတောအုပ်ကြီးအား ပို၍ပင် ကျောစိမ့်ဖွယ်ကောင်းလောက်အော်ဆိတ်ငြိမ်ခြောက်ကပ်သွားစေသည်။
အချိန်တစ်ခုထိတိုင်အောင် ထူးဆန်းသော “ကူး.ကူး”အသံကတည်ရှိနေဆဲဖြစ်သည်။
ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့တောအုပ်အနက်ပိုင်းထဲသို့ ဝင်ရောက်လာပြီးနောက် ဝတ်ရုံနက်က ရုတ်ခြည်းပြောလိုက်သည်။
“မျက်လုံးတစ်စုံက ငါတို့ကိုအမှောင်ထဲကနေစိုက်ကြည့်နေတယ်လို့ငါခံစားရတယ်”
“အင်း.ဒီသခင်လေးလည်းခံစားရတာအတူတူပဲ”
ရှစ်ဖုန့်က တိတ်တဆိတ်ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
ဤအချိန်တွင် သူတို့အနေဖြင့် နောက်ကျောဘက်မှ ထူးဆန်းသောမျက်လုံးတစ်စုံက စိုက်ကြည့်နေခြင်းကို ခံစားရသည်သာမက မှောင်မည်းအုံ့မှိုင်းပြီးအေးစက်သောအော်ရာတစ်ခုကိုပါခံစားနေရခြင်းဖြစ်သည်။
သို့သော်သူတို့လှည့်လိုက်သောအခါတွင် အစွယ်များပြကာလက်သည်းများဝင့်နေသည့် ထိုထူးဆန်းသော သစ်ပင်များကိုလွဲ၍ ဘာကိုမှမြင်တွေ့ရခြင်းမရှိပေ။
အခြားသောသက်ရှိဖြစ်တည်မှုများ၏တည်ရှိမှုကို လည်း သူတို့အာရုံခံနိုင်ခြင်းမရှိသေးပေ။
“ကူး.ကူး..ကူးကူးကူး..”
ဤအချိန်တွင်ထူးဆန်းသောထိုအသံအားထပ်မံ ကြားလာရပြန်သည်။
“သေ.သေ.သေ.သေ”
ဤအချိန်တွင် မှောင်မည်းအုံ့မှိုင်းပြီးကျော်စိမ့်စရာကောင်းသော တောအုပ်အတွင်းမှ နတ်ဆိုးတစ်ကောင်၏အသံကဲ့သို့ တစ်စုံတစ်ယောက်၏ တေးဆိုပဲ့တင်သံတစ်ခုက ရုတ်ခြည်းထွက်ပေါ်လာသည်။
“ဘယ်သူကဒီမှာလာပြီးလည့်စားနေတာလဲ..ဒီသ ခင်လေးဆီထွက်လာခဲ့စမ်း”
အသံအားကြားပြီးနောက် ရှစ်ဖုန့်ကအလျှင်အမြန်အော်ပြောလိုက်သည်။
သူ၏ညာလက်၌သွေးနီရောင်အလင်းတစ်ချက် ထွက်ပေါ်လာပြီး နတ်ဘုရားတစ်ပိုင်းနယ်ပယ်အထိဆင့်တက်လှမ်းလာသော သွေးသောက်ဓားရှည်က လက်ထဲ၌ပေါ်လာသည်။
ဤအချိန်တွင်ဝတ်ရုံနက်ကလည်း ဘေးပတ်ဝန်းကျင်သို့ကြည့်လိုက်သည်။အချိန်မရွေးတိုက်ခိုက်နိုင်ရန် နှစ်ယောက်သား အသင့်ပြင်ထား၏။
“သေ..သေ..သေ..သေ”
“သေ..သေ.သေ”
ဤအချိန်တွင်အသံအားထပ်မံကြားရပြန်သည်။
သို့သော်ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့အနေဖြင့်အခြားသက်ရှိ ဖြစ်တည်မှုများ၏တည်ရှိမှုကို အာရုံမခံနိုင်သေးပေ။ တစ်စုံတစ်ယောက်ကသူတို့အား တိတ်တဆိတ်စောင့်ကြည့်နေသည်ဟူသည့်ခံစားချက်ကိုလည်းရနေဆဲဖြစ်သည်။
ကျောစိမ့်စရာကောင်းလောက်သောလေပြင်းများက သူတို့ထံသို့ဘက်ပေါင်းစုံမှ အကြိမ်ကြိမ်တိုက်ခတ်လာသည်။
“လောင်ကျွမ်းစမ်း”
ဤအချိန်တွင် ရှစ်ဖုန့်၏မျက်နှာက ရက်စက်ကြမ်းကြုတ်သောအမူအယာသို့ပြောင်းလဲသွားသည်။သူကအေးစက်စွာအော်ပြောလိုက်၏။ ရုတ်ခြည်း ကြောက်မက်ဖွယ်ကောင်းသောနီရဲတောက်လောင်နေသည့်မီးက ခန္ဓာကိုယ်ထဲမှဝုန်းခနဲ ထွက်ပေါ်လာသည်။မီးတောက်များထွက်ပေါ်လာ ပြီးမကြာခင် အရပ်မျက်နှာအနှံ့သို့ လျှင်မြန်စွာ ဝေ့ယမ်းထွက်သွား၏။
ရုတ်ခြည်းဤဧရိယာက ဒေါသတကြီးတောက်လောင်နေသောမီးတောက် ပင်လယ်တစ်ခုအဖြစ်ပြောင်းလဲသွားသည်။ရုတ်ခြည်းသွေးနီရောင်မီးတောက်အလင်းတစ်ခု ကောင်းကင်ထဲသို့ထိုးတက်သွားပြီး ကမ္ဘာတစ်ခုလုံးအား သွေးနီရောင်တို့ စွန်းထင်းသွားစေသည်။
ဤကျောစိမ့်ဖွယ်ကောင်းသောအရာက ပုန်းအောင်းနေပြီး ထွက်မလာချင်သောကြောင့် ရှစ်ဖုန့်မှာ၎င်းထွက်လာရန် သွေးနီရောင်မီးပင်လယ်ကိုအသုံးပြုလောင်ကျွမ်း စေလိုက်ခြင်းဖြစ်သည်။
ရှစ်ဖုန့်နှင့်ဝတ်ရုံနက်တို့နှစ်ယောက်လုံးက ဤသွေးနီရောင်မီးပင်လယ်အတွင်း၌ရှိနေသည်။
ဝတ်ရုံနက်မှာမီးတောက်တို့၏ဝိုင်းရံမှုကိုခံပုံပေါ် သော်လည်း ရှစ်ဖုန့်၏ ကျွမ်းကျင်ပိုင်နိုင်စွာထိန်းချု်ပမှုအောက်၌ ၎င်း၏ခန္ဓာကိုယ်အား မီးတောက်တစ်ခုပင်ထိတွေ့ခြင်းမရှိပေ။
ဆက်ရန်……….
ဘာသာပြန်သူ-ARISE