အခန်း (၉၉၄)
Vol. 67 Ch. 994
“သေစမ်း”
သွေးနီရောင်မီးတောက်ပင်လယ်က ပြင်းထန်စွာလောင်ကျွမ်းတောက်လောင်နေသည်။ သို့သော် ခြောက်ခြားဖွယ်ကောင်းသော သေမင်းရဲံအသံက မီးတောက်ပင်လယ်အတွင်း၌ ဆက်လက်ထွက်ပေါ်နေသည်။
ရှစ်ဖုန့်မှာ အမှောင်ထုအတွင်း၌ ပုန်းအောင်းနေသည့် သတ္တဝါအား လောင်ကျွမ်းကာထွက်လာစေရန်အတွက် သွေးနီရောင်မီးတောက်ဖြင့်မီးရှို့ပစ်ရန်ရည်ရွယ်ခဲ့သည်။
သို့သော် အသက်ဝိညာဉ်ကိုခြွေယူမည့်သေမင်း၏အသံက တော့ ဆက်လက်ထွက်ပေါ်နေဆဲဖြစ်သည်။ သူနှင့်ဝတ်ရုံနက်တို့မှာမည်သည့်သက်ရှိသတ္တဝါ၏ တည်ရှိမှုကိုမှ အာရုံခံမိခြင်းမရှိသေးပေ။
ယင်းမှာသူတို့မှလွဲ၍ မည်သည့်သက်ရှိသတ္တဝါမှရှိမနေသကဲ့သို့ပင်ဖြစ်သည်။
သို့သော် သေမင်းရဲ့အသံကတော့သူတို့အား အမှောင်ထုအတွင်း၌ သက်ရှိသတ္တဝါတစ်ကောင် ပုန်းအောင်းနေသည်ဟု ပြောနေသည်ဖြစ်သည်။သူတို့အနေဖြင့်ထောက်လှမ်းခြင်းသို့မဟုတ် အာရုံခံနိုင်ခြင်းမပြုနိုင်ခြင်းသာဖြစ်သည်။
“အူး”
ဤအခိုက်အတန့်တွင် ဘေး၌ရှိနေသောဝတ်ရုံနက်ထံမှ နာကျင်မှုဖြင့်ထွက်ပေါ်လာသောအသံကို ရုတ်ခြည်းရှစ်ဖုန့်ကြားလိုက်ရသည်။
ရှစ်ဖုန့်ကြက်သေသေသွားသည်။ ချက်ချင်းပဲလှည့်လိုက်ပြီး ဝတ်ရုံနက်ကိုမေးလိုက်၏။
“ဘာဖြစ်တာလဲ”
ဤအချိန်တွင်ဝတ်ရုံနက်မှာ ခန္ဓာကိုယ်အားရှေ့သို့ကိုင်းညွှတ်ပြီး တုန်ယင်နေသည်။ သူ့အနေဖြင့်နာကျင်မှုကြောင့်တောင့်တင်းတုန်ခါနေခြင်းဖြစ်ပုံရ၏။
“ငါ.ငါအရမ်းအားကောင်းတဲ့စွမ်းအားတစ်ခုရဲ့ဖိ နှိပ်မှုကိုခံနေရတယ်.. အဲ့တာကငါ့ကိုဖျက်ဆီးပစ်ချင်နေတာ.”
ဝတ်ရုံနက်ကပြောလိုက်သည်။ သူ၏အသံနှင့်နာကျင်မှု၊ခက်ခဲရုန်းကန်မှုတို့ဖြင့်ပြည့်နှက်နေ၏။
“စွမ်းအားလား”
ရှစ်ဖုန့်မှာမည်သည့်စွမ်းအားကိုမှအာရုံခံမိခြင်းမရှိ ပေ။ ထိုထက်ပိုသည်ကား မီးတောက်ပင်လယ်အတွင်း စွမ်းအားကသာတိုက်ခိုက်လိုသည်ဆိုလျှင် သူအနေဖြင့် ၎င်းအားအာရုံခံနိုင်သင့်သည်ဖြစ်သည်။
သို့သော် ဝတ်ရုံနက်အနေဖြင့် လိမ်ညာနေသည့်ပုံမပေါ်ချေ။ ဤအခိုက်အတန့်တွင် သူ့အနေဖြင့် သူ၏ခန္ဓာကိုယ်အတွင်းမှ စွမ်းအားအကုန်အသုံးပြု၍ ထိုစွမ်းအား၏ဖျက်ဆီးခြင်းမခံရအောင်ခုခံတွန်းလှန်နေရသည့်ပုံပေါ်သည်။
“အား..အား..အား.အား”
ထို့နောက်ဝတ်ရုနက်၏ ပါးစပ်မှ ကျယ်လောင်သောအော်ဟစ်သံများတစ်ခုပြီးတစ်ခုထွက်ပေါ်လာ၏။
“ညသုတ်သင်ခြင်းအမှောင်အရိပ်”
ဝုန်းဟူသောအသံတစ်ခုနှင့်အတူ ဝတ်ရုံနက်၏ခန္ဓာကိုယ်အတွင်းမှ အားကောင်းသောပေါက်ကွဲမှုတစ်ခုထိုးတက်လာသည်။ ပေါက်ကွဲအားကိုအသုံးပြု၍ သူ့အားတိုက်ခိုက်လာသောစွမ်းအားကို ခုခံလိုသည့်ပုံရသည်။
“ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ..သူကဘေးမှာပဲရှိနေတဲ့ဟာ.အခုထိသူ့ကိုတိုက်ခိုက်နေတဲ့စွမ်းအားကိုငါအာရုံမခံမိသေးဘူး.. ဒီလိုမျိုးအရာတစ်ခုကဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ”
ရှစ်ဖုန့်မှာဘာလုပ်ရမှန်းမသိဖြစ်နေ၏။
“ကြည့်ရတာစောစောကကြားခဲ့ရတဲ့ ခြောက်ခြားဖို့ကောင်းတဲ့သေမင်းရဲ့အသံကြောင့်ဖြစ်လောက်တယ်..မှားစရာအကြောင်းမရှိဘူး.သူလည်းကြားခဲ့တာပဲ..သူမကြာခင်သေလိမ့်မယ် ပြီးရင်ငါတို့အလှည့်ရောက်လာလိမ့်မယ်”
ကောင်းကင်သူတော်စင်မီးတောက်ကရှစ်ဖုန့်အား ပြောလိုက်သည်။
“သေ..သေ”
ကောင်းကင်သူတော်စင်မီးတောက်၏အသံကပျောက်ကွယ်သွားသောအခါတွင် သေမင်းရဲ့အသံကထပ်မံထွက်ပေါ်လာသည်။
“ဘာကိုသေမင်းရဲ့အသံလည်း ဒီကံတရားကိုငြင်းဆန်တယ်..ဒီသခင်လေးရဲ့အသက်ကို ဒီသခင်လေးပိုင်တယ် ဘယ်သူမှဒီသခင်လေးဆီကနေယူသွားလို့မရဘူး”
စကားပြောနေရင်းရှစ်ဖုန့်ကနတ်ဘုရားမြေခေါင်း လောင်းကိုထပ်မံထုတ်ယူလိုက်သည်။
ရှစ်ဖုန့်ကနတ်ဘုရားမြေခေါင်းလောင်းအားထုတ်ယူပြီးနောက် လက်ထဲ၌လျှင်မြန်စွာကြီးလာစေလိုက်သည်။ ထို့နောက်ဝတ်ရုံနက်အားလွှမ်းခြုံသွားရန် နတ်ဘုရားမြေခေါင်းလောင်းကိုအသုံးပြုလိုက်၏။
“ဒေါင်”
ဝတ်ရုံနက်အားနတ်ဘုရားမြေခေါင်းလောင်းက လွှမ်းခြုံသွားပြီးနောက် ခေါင်းလောင်း၏နှုတ်ခမ်းက မြေပြင်နှင့်ရိုက်ခတ်ပြီးခေါင်းလောင်းသံတစ်ခုထွက်ပေါ်လာသည်။
ဤအချိန်တွင်ရှစ်ဖုန့်ကသူ၏အသံအား နတ်ဘုရားမြေခေါင်းလောင်းအတွင်းမှဝတ်ရုံနက်ထံသို့ ပို့ဆောင်လိုက်သည်။
“တောင့်ခံထားအုံး. ဒီသခင်လေးအရင်ဆုံးခင်ဗျားကိုဒီနေရာကနေခေါ်ထုတ်သွားမယ်. ဒီသခင်လေးရဲ့မီးတောက်စွမ်းအားနဲ့ အနက်ရောင်လျှပ်စီးစွမ်းအင်ကိုနတ်ဘုရားမြေ ခေါင်းလောင်းထဲခင်ဗျားသုံးနိုင်အောင်လွှဲပေးပြီး အဲ့စွမ်းအားကိုခင်ဗျားခုခံနိုင်အောင်ကူညီပေးမယ်”
ရှစ်ဖုန့်ကစကားပြောနေရင်း ပြင်းထန်သောသွေးနီရောင်မီးတောက်များက စတင်ထွက်ပေါ်လာသည်။ ၎င်းတို့အားလုံးကနတ်ဘုရားမြေခေါင်းလောင်းထံသို့ ရူးသွပ်စွာဦးတည်သွားပြီး ၎င်းအတွင်းသို့သွန်းလောင်းထည့်လိုက်သည်။
ရှစ်ဖုန့်၏ညာလက်မှပြင်းထန်သောအနက်ရောင်မိုး ကြိုးလျှပ်စီးတို့ ချက်ချင်းထွက်ပေါ်လာသည်။နတ်ဘုရားမြေခေါင်းလောင်းထံသို့ ၎င်းတို့အားရိုက်ထည့်လိုက်သည်။
ထို့နောက်ရှစ်ဖုန့်က နတ်ဘုရားမြေခေါင်းလောင်းကိုမပြီး သူ၏ညာဘက်ပခုံးပေါ်တွင် တင်လိုက်သည်။သူ၏ပုံရိပ်ကဖျက်ခနဲထပ်မံဖြစ် သွား၏။
သို့သော်ဤအကြိမ်တွင်ရှစ်ဖုန့်က တောအုပ်၏အနက်ပိုင်းထဲသို့ဦးမတည်တော့ပေ။ထိုအစားလာရာလမ်းအတိုင်းလျှင်မြန်စွာပြန်လှည့်လိုက်သည်။
သူတို့အနေဖြင့်ဤနေရာသို့ယခင်ကရောက်ခဲ့ဖူးပြီးအန္တရာယ်မရှိသောကြောင့်အမြန်ဆုံးအရှိဖြင့် ရှေသို့သွားနိုင်သည်ဖြစ်၏။
“သေ..သေ.သေ..သေ.သေ”
မှောင်မိုက်ပြီးခြောက်ခြားဖွယ်ကောင်းသောတောအုပ်အတွင်းတွင် သေမင်း၏အသံကပဲ့တင်ရိုက်ခတ်ထွက်ပေါ်နေသည်။
သေမင်းရဲ့အသံထွက်ပေါ်လာသောကြောင့် ခြောက်ခြားဖွယ်ကောင်းသောကူးကူးမြည်သံကရပ်တန့်သွား၏။
“ချီးပဲ.ချီးပဲ..သတ္တိရှိရင် အမှောင်ထဲကနေ လည့်ကွက်တွေနဲ့လာမကစားနေနဲ့.. ဒီသခင်လေးဆီထွက်လာခဲ့စမ်း”
ရှစ်ဖုန့်၏ပုံရိပ်က တောအုပ်အတွင်းတစ်ဟုန်ထိုး သွားနေဆဲဖြစ်သည်။ သေမင်းရဲ့အသံအားကြားရသောအခါတွင် ဒေါသတကြီးအေးစက်စွာဖြင့်ထပ်မံအော်လိုက်သည်။
အချိန်တစ်ခုကြာမြင့်ပြီးသည့်တိုင် နတ်ဘုရားမြေခေါင်းလောင်းအတွင်းမှဝတ်ရုံနက်မှာ မမြင်နိုင်သောစွမ်းအားအားခုခံနေရဆဲဖြစ်သည်။ အချိန်တစ်ခုကြာမြင့်သည့်တိုင် နာကျင်စွာဖြင့်အော်ဟစ်နေရဆဲဖြစ်၏။
သို့သော်ထိုသောက်အရာက ရှစ်ဖုန့်ကိုတော့မတိုက်ခိုက်သေးပေ။
“ခင်ဗျားအခုဘယ်လိုနေလဲ”
ရှစ်ဖုန့်ကသူ၏အသံအားနတ်ဘုရားမြေခေါင်းလောင်းအတွင်းသို့ထပ်မံပို့လွှတ်လိုက်ပြီး ဝတ်ရုံနက်ကိုမေးလိုက်သည်။
ဝတ်ရုံနက်၏အသံကနတ်ဘုရားမြေခေါင်းလောင်းအတွင်းမှ မကြာခင်ထွက်ပေါ်လာသည်။
“ငါ..ငါအခုချိန်အထိခုခံနိုင်သေးတယ်.. ဒါပေမဲ့ ယာယီပဲရမှာ.. ဒီစွမ်းအားကိုခုခံရတာက ငါ့ရဲ့နတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းအားကို တစ်ဟုန်ထိုးကုန်ဆုံးစေတယ်.မကြာခင် ဒါမှမဟုတ် နောက်ပိုင်း ငါ့ခ္ဓာကိုယ်ထဲက နတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းအားတွေကုန်ခမ်းသွားပြီး အဲ့နောက် ငါအဲ့အရာရဲ့သတ်ဖြတ်တာကိုခံရလိမ့်မယ်”
“နည်းနည်းတောင့်ခံထားအုံး…ဒီတောအုပ်ထဲကမြန်မြန်ထွက်နိုင်ဖို့ဒီသခင်လေးကြိုးစားနေတယ်.. ဒီသောက်နေရာကနေထွက်တာနဲ့အဆင်ပြေပြီ”
ရှစ်ဖုန့်ကသူ၏အသံအားနတ်ဘုရားမြေခေါင်းလောင်းထံသို့ ထပ်မံပို့လွှတ်ကာ ဝတ်ရုံကို ပြောလိုက်သည်။
ရှစ်ဖုန့်ကသူ၏အသံအားပို့လွှတ်နေစဉ် နတ်ဘုရားမြေခေါင်းလောင်းအားဖိထားသောသူ၏ညာလက်ကလည်း သွေးနီရောင်မီးတောက်နှင့် အနက်ရောင်မိုးကြိုးလျှပ်စီးတို့ကိုထုတ်လွှတ်နေ ကာ ၎င်းတို့အား နတ်ဘုရားမြေခေါင်းလောင်းအတွင်းမှ ဝတ်ရုံနက်အသုံးပြုနိုင်ရန် ကူးပြောင်းပေးနေသည်။
ရှစ်ဖုန့်မှာ၎င်းနှင့်အတူ သေခြင်းရှင်ခြင်းကို ကျော်ဖြတ်ခဲ့ပြီး ၎င်းက သူ၏အသက်အားနှစ်ကြိမ်တိုင်ကယ်တင်ခဲ့သည်ဖြစ်သည်။ ယခု ၎င်းဒုက္ခရောက်နေချိန်တွင် ရှစ်ဖုန့်အနေဖြင့် ၎င်းအားအကောင်းဆုံး ကူညီရမည်ဖြစ်၏။
“တစ်ခုခုမှားနေတယ်”
ဤအချိန်တွင် တစ်ဟုန်ထိုးဦးတည်နေသောရှစ်ဖုန့်၏ပုံရိပ်က ရုတ်ခြည်းရပ်တန့်သွားသည်။ မှောင်မည်းအုံ့မှိုင်းနေသော တောအုပ်ဝန်းကျင်ကိုကြည့်လိုက်ပြီး သူလာခဲ့သောနေရာသို့ပြန်မရောက်သေးသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။ ထိုအစား သူနှင့်ဝတ်ရုံနက်တို့ ယခင်ကမရောက်ဖူးသေးသောနေရာသို့ရောက်ရှိ လာသည်။
ရှစ်ဖုန့်၌ထက်ရှသောအာရုံခံနိုင်စွမ်းရှိသည်ဖြစ်သည်။ ဤမှောင်မည်းအုံ့မှိုင်းနေသောတောအုပ်အတွင်းသို့သူ့အနေဖြင့် ပထမဆုံးအကြိမ်ဝင်ရောက်ခြင်းဖြစ်သော်လည်း တစ်ချက်ကြည့်ရုံဖြင့် ယခင်နေရာဟုတ်မဟုတ်ကိုပြောနိုင်သည်ဖြစ်သည်။
ယခု သူ့အနေဖြင့်လာရာလမ်းအတိုင်းပြန်မရောက်ခဲ့ရုံ သာမက တောအုပ်၏ပိုနက်ရှိုင်းသောနေရာသို့သွားနေခြင်း ပင်ဖြစ်ဖို့များသည်။
“သောက်ချီးပဲ”
ရှစ်ဖုန့်ကျိန်ဆဲလိုက်သည်။
“သေ.သေ..သေ..သေ.သေ”
သေမင်းရဲ့အသံကလည်း ထပ်မံထွက်ပေါ်လာသည်။
အမှောင်ထုအတွင်းမှဤသောက်အရာကပြဿနာထပ်မံဖြစ်လာစေပုံရသည်။ ၎င်းက ဤတောအုပ်အားပြောင်းလဲရန် ဆန်းကြယ်သောလျှို့ဝှက်ပညာရပ်အချို့ကိုသုံးခဲ့၏။
“ငါဘာလုပ်သင့်လဲ.. ချီးပဲ.. ဝတ်ရုံနက်ကသာတကယ်သေသွားရင် ငါကနောက်တစ်ယောက်ဖြစ်လာလိမ့်မယ်..ဒီသောက်အရာကငါ့နောက်ကိုလိုက်နေပေမဲ့ … အဲ့တာကို ငါကမြင်လည်းမမြင်နိုင်သလို အာရုံလည်းမခံနိုင်ဘူး. အဲ့တာကဘာသောက်ဟာလဲကွာ”
ရှစ်ဖုန့်ကသူ့ကိုယ်သူ အသည်းအသဲပြောဆိုလိုက်သည်။
ဤသည်မှာသူ့အတွက်ပထမဆုံးအကြိမ် ယခုကဲ့သို့ထူးဆန်းသောပြိုင်ဘက်နှင့် ပထမဆုံးအကြိမ် ပက်ပင်းကြုံဖူးခြင်းဖြစ်သည်။အခြားသောပြိုင်ဘက်များမှာ ၎င်းတို့မည်မျှပင်သန်မာအားကောင်းနေပါစေ မြင်နိုင်အာရုံခံနိုင်သေးသည်ဖြစ်သည်။
“အား..ငါတကယ်ပဲသေဖို့စောင့်နေရမှာလား. ဟင့်အင်း. လုံးဝမဟုတ်ဘူး. ဒီသခင်လေးဒီလိုမျိုးမသေနိုင်ဘူး”
ရှစ်ဖုန့်ကထပ်မံအော်ဟစ်ကြုံးဝါးလိုက်သည်။ သူ၏လှည့်လိုက်ပြီး ထပ်မံဖျက်ခနဲတစ်ဟုန်ထိုးအရှိန်တင်လိုက်ပြန် သည်။
နတ်ဘုရားမြေခေါင်းလောင်းအတွင်းမှ ဝတ်ရုံနက်က အားနည်းသည်ထက်အားနည်းလာသည်ကို အာရုံခံမိသောအခါတွင် ရှစ်ဖုန့်ကသူ၏အသံကိုထပ်မံပို့လွှတ်ပြီး ပြောလိုက်သည်။
“ခင်ဗျားတောင့်ခံထားရမယ်”
ရှစ်ဖုန့်က သူ၏သွေးနီရောင်မီးတောက်နှင့် အနက်ရောင်လျှပ်စီးတို့အား နတ်ဘုရားမြေခေါင်းလောင်းအတွင်းသို့ ဆက်လက်ကူးပြောင်းပေးနေ၏။
ဆက်ရန်…….
ဘာသာပြန်သူ-ARISE