← Chapters

အခန်း (၉၉၅)

Vol. 67 Ch. 995

အခန်း (၉၉၅)

Vol. 67 Ch. 995

“ဟ”

မည်းမှောင်အုံ့မှိုင်းနေသောတောအုပ်အတွင်းတွင် ရှစ်ဖုန့်ကဒေါသတကြီးကြုံးဝါးလိုက်သည်။ သူ၏ကိုယ်မှ အနက်ရောင်မိုးကြိုးတို့ထွက်ပေါ်လာပြီး ရုတ်တရက် ရှစ်ဖုန့်က ညကောင်းကင်ယံထဲသို့ထိုးတက်သွား၏။

သို့သော်ထို့နောက်တွင် မမြင်နိုင်သောစွမ်းအားကြီးစွမ်းအားတစ်ခုက ရှစ်ဖုန့်၏အထက်၌ပေါ်လာပြီး အနက်ရောင်မိုးကြိုးတို့အဖြစ်ပြောင်းလဲထားသောရှစ်ဖုန့်အား မှောင်မည်းအုံ့မှိုင်းနေသော တောအုပ်အတွင်းသို့ ပြန်လည်ရိုက်ချလိုက်သည်။

ဤအကြိမ်အပါအဝင် ထိုစွမ်းအားကြောင့် တောအုပ်အတွင်း ပြန်လည်ရိုက်ချခံရသည့်အကြိမ်ရေမည်မျှရှိပြီဆိုသည်ကို ရှစ်ဖုန့်အနေဖြင့်မှတ်ပင်မမှတ်မိနိုင်တော့ပေ။

“သေ.သေ.သေ”

ထို့နောက် တောအုပ်အတွင်းသေမင်းရဲ့အသံကဆက်လက်ထွက်ပေါ်နေသည်။

၎င်းက နားထောင်ရသူအဖို့စိတ်ပျက်ဖို့ကောင်းလွန်းလှသည်ဖြစ်၏။

“အား”

ယခုအခါ၌ရှစ်ဖုန့်မှလုံးဝရူးသွပ်နေပြီဖြစ်သည်။ သူ့အနေဖြင့် အမှောင်ထဲ၌ပုန်းအောင်းနေသည့်ထိုမွန်းစတား အားဖမ်းမိပြီး ပြာအဖြစ်တကယ်ပဲပြောင်းလဲပစ်ချင်နေပြီဖြစ်သည်။

သူ့အနေဖြင့်လာရာလမ်းအတိုင်းနောက်ပြန်လှည့် သော်လည်း အကြိမ်တိုင်းအကြိမ်တိုင်းတွင် ၎င်းကထပ်မံဟုတ်မနေတော့ပေ။ သူယခင်ကမရောက်ဖူးသောလမ်းကြောင်းသို့သာ ရောက်ရှိသွားသည်ဖြစ်သည်။

သူလေကိုထိုးခွင်းချိန်တွင်လည်း မမြင်နိုင်သောစွမ်းအားကြီးစွမ်းအား၏ပြန်လည်ရိုက်ချမှုကိုခံရပြန်သည်။

သူကဤထူးဆန်းသောတောအုပ်၏ထိန်းချုပ်မှု အောက်သို့ရောက်ရှိနေသည်ဖြစ်သည်။ လှောင်အိမ်ထဲပိတ်မိနေသည့်ငှက်တစ်ကောင်နှယ် ဖြစ်နေ၏။

နတ်ဘုရားမြေခေါင်းလောင်းအတွင်းမှဝတ်ရုံနက်မှာမူ အားနည်းသည်ထက်အားနည်းလာပြီဖြစ်ပြီး သူ၏ခန္ဓကိုယ်တွင်လည်းဒဏ်ရာဗရပွဖြစ်နေပြီဖြစ်သည်။ သူ၏အသက်အားနှစ်ကြိမ်တိုင်ကယ်တင်ခဲ့သောကျေးဇူးကိုဆပ်ရန်အတွက်က ရှစ်ဖုန့်အနေဖြင့် အသက်ဓားအားကိုယ်စားပြုသည့်ရှေးဟောင်းစာလုံးကို ၎င်းထံလွှဲပြောင်းပေးပြီးဖြစ်ပြီး ထိုစာလုံးကိုအသုံးပြု၍ ၎င်းအနေဖြင့် တောင်ခံထားနိုင်ရန်သူမျှော်လင့်မိသည်။

“ဘယ်သူလဲ”

ဤအခိုက်အတန့်တွင် သူ့ရှေ့ရှိတောအုပ်အတွင်းမှ ထူးဆန်းသောလှုပ်ရှားမှုတစ်ခုကို ရှစ်ဖုန့်ရုတ်ခြည်းအာရုံခံမိလိုက်သည်။ ပုံရိပ်တစ်ခုကသူ့ထံသို့တစ်ဟုန်ထိုးချဉ်းကပ်လာသည်။ ရှစ်ဖုန့်ကချက်ချင်းထိုသူကို အော်ပြောလိုက်သည်။

“မင်းကဘယ်သူလဲ.. နှစ်ပေါင်းများစွာကုန်ဆုံးခဲ့ပြီးပြီ.. ဘယ်သက်ရှိမှဒီနေရာကိုမဝင်နိုင်ခဲ့ဘူး.ဒီညမှာတော့ သက်ရှိတစ်ယောက်ကိုတွေ့ရလိမ့်မယ်လို့ငါမမျှော်လင့်ထားခဲ့မိဘူး”

ရုတ်ခြည်း အိုမင်းအက်ရှသောအသံတစ်ခုရှေ့မှထွက်ပေါ်လာသည်။

ထို့နောက်ရှစ်ဖုန့်၏ရှေ့သိပ်မဝေးသောနေရာတွင် အနက်ရောင်အရိပ်တစ်ခုဖျက်ခနဲပေါ်လာသည်။

ထို့နောက် ပုကွသောပုံရိပ်တစ်ခုက ရှစ်ဖုန့်၏ရှေ့၌ပေါ်လာ၏။

၎င်းကကိုင်းညွှတ်သောခန္ဓာကိုယ်နှင့်အရပ်အမြင့် တစ်မီတာလောက်သာရှိသော အဘွားအိုတစ်ဦးဖြစ်သည်။ သူမ၏ပုံစံကအရမ်းကိုအိုမင်းပြီး ခန္ဓာကိုယ်ထက်၌ အချိန်တို့၏တိုက်စားမှုဒဏ်ကိုခံရသည့်လက္ခဏာတို့ကျန်ရစ်နေသည်ဖြစ်သည်။ သူ၏အိုမင်းသောမျက်နှာထက်တွင် အရေးအကြောင်းများဖြင့်ပြည့်နှက်နေပြီး ယင်း တွန့်ကြေနေသောစာရွက်တစ်ရွက်နှယ်ဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် အချိန်ကြာမြင့်စွာအသက်ရှင်နေထိုင်ခဲ့သည်ကို ပြောနိုင်သည်ဖြစ်၏။

သို့သော် အချိန်တော်တော်ကြာသည်အထိဤနေရာသို့မည်သည့်သက်ရှိမှမဝင်ရောက်နိုင်ခဲ့ဟု ဤအဘွားအိုမှပြောခဲ့ခြင်းကြောင့်သူမက ဤနေရာ၌နေထိုင်သူဖြစ်ကြောင်းကိုသက်သေပြနေသည်။

သူမကဤရှေးဟောင်းအပျက်အစီးနယ်မြေတွင်နေထိုင်ခဲ့သည်ဖြစ်သောကြောင့်သူမ၏သက်တမ်းက ကြောက်မက်ဖွယ်ကောင်းအောင်ရှည်လျားမည်ဖြစ်သည်။

သို့သော်ပို၍အရေးအကြီးဆုံးအရာကား ရှစ်ဖုန့်အနေဖြင့်သူမ၏ ကျင့်ကြံမှုကို ဖောက်မမြင်နိုင်ခြင်းဖြစ်သည်။ သူမကအရပ်ပုသော်လည်း အော်ရာကနက်ရှိုင်းပြီး အခြေမဲ့တွင်းကြီးတစ်ခုနှယ်အတိုင်းအဆမဲ့လှသည် ဖြစ်သည်။

သို့သော် ဤထူးဆန်းပြီး မည်းမှောင်အုံ့မှိုင်းနေသော တောအုပ်အတွင်း၌ ဤကဲသို့အဘွားအိုတစ်ဦးအားမြင်တွေ့ရသောအခါတွင် ရှစ်ဖုန့်က ပို၍သတိဝီရိယရှိစွာဖြင့် သူမအားစိုက်ကြည့်လိုက်သည်။

“မင်းတို့က ပြင်ပအရိုင်းတိုက်ကြီးကနေလာတာလား”

အဘွားအိုကရှစ်ဖုန့်နှင့် သူ၏ညာဘက်ပခုံးပေါ်၌သယ်ဆောင်လာသော နတ်ဘုရားမြေခေါင်းလောင်းအားကြည့်ရင်းလိုက်သည်။

သူမကထိုသို့ပြောသောကြောင့် နတ်ဘုရားမြေခေါင်းလောင်းအတွင်းမှ ဝတ်ရုံနက်အားတွေ့ခြင်းဖြစ်ရမည်ဖြစ်သည်။

“အမှန်ပဲ”

ရှစ်ဖုန့်ကခေါင်းညိမ့်လိုက်သည်။

“ငါနဲ့လိုက်ခဲ့”

ဤအချိန်တွင် အဘွားအိုက ရုတ်ခြည်းလှည့်လိုက်ပြီး ရှစ်ဖုန့်ကိုပြောလိုက်သည်။

တွေ့တာမကြာသေးခင်မှာပင်သူမကရှစ်ဖုန့်အားလိုက်လာရန်တောင်းဆိုခဲ့သည်။ ရှစ်ဖုန့်ကစိတ်ပူစွာဖြင့်မျက်မှောင်ကြုတ်လိုက်၏။ သူ့အနေဖြင့် သူ့နှင့်အတူမည်သို့သွားနိုင်ပါမည်နည်း။

အဘွားအိုကလှည့်လိုက်ပြီးခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။ ရှစ်ဖုန့်ကသူမနောက်သို့လိုက်မလာသည်အားတွေ့ရသောအခါတွင် ပြန်လှည့်လိုက်ပြီး ရှစ်ဖုန့်ထံထပ်မံကြည့်လိုက်သည်။

“ကောင်လေး..မင်းတိုကသေခြင်းနတ်ဘုရားရဲ့ကျိန်စာမိထားတာ.. မင်းတိုငါနဲ့အတူမသွားရင် ဒီကောင်မလေးသေတာကိုပဲမင်းစောင့်နေရလိမ့်မယ်..ပြီးရင် မင်းရဲ့သေခြင်းတရားကိုလည်းစောင့်နေရတာပဲတက်နိုင်လိမ့်မယ်”

“သေခြင်းနတ်ဘုရားရဲ့ကျိန်စာလား”

ဤအရာအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်မှာတုန်လှုပ်အံ့အားသင့်သွားသည်။ သေခြင်းနတ်ဘုရား၏ကျိန်စာ။ ရှေးခေတ်အချိန်ကာလက ထျန်းဟန်တိုက်ကြီးအတွင်းတွင် သေခြင်းနတ်ဘုရားဟုခေါ်သော နတ်ဘုရားတစ်ပါးရှိခဲ့သည်။ သူတစ်ချိန်ကရခဲ့သော ငွေရောင်ကောက်ရိတ်တံစဉ်မှာ သေခြင်းနတ်ဘုရား၏လက်နက်ဖြစ်သည်။ ၎င်းအားသေခြင်းကောက်ရိတ်တံစဉ်ဟုခေါ်သည်ဖြစ်၏။

အဘွားအိုက ထိုအသံအားသေခြင်းနတ်ဘုရား၏ကျိန်စာဟုခေါ်ဆိုခဲ့သည်။ ၎င်းကသေခြင်းနတ်ဘုရားနှင့်ဆက်နွယ်နေသည် များဖြစ်နိုင်မည်လော။

သူမက”ကောင်မလေး”ဟု ပြောလိုက်သောအခါတွင် ရှစ်ဖုန့်မှာ ပို၍တုန်လှုပ်အံ့အားသင့်သွားပြီး သူ၏ပခုံးပေါ်ရှိ နတ်ဘုရားမြေခေါင်းလောင်းအား ထူးဆန်းသောအမူအယာဖြင့်ကြည့်လိုက်သည်။

ရှစ်ဖုန့်၏စိတ်ထဲတွင် အနက်ရောင်ပုံရိပ်၏ ဝတ်ရုံနက်နှင့် အဘိုးအိုတစ်ဦး၏အိုမင်းအက်ရှသောအသံကပေါ်လာခဲ့သည်။

အထူးသဖြင်ထိုအသံဖြစ်သည်။ ယင်းကား မိန်းကလေးဟူသောစကားလုံးဖြင့်မည်သို့မှပေါင်းစပ်ရန်မဖြစ်နိုင်ချေ။

သို့သော် ဖြူဖွေးသေးသွယ်ပြီးမိန်းမဆန်သော လက်တစ်စုံကိုလည်းရှစ်ဖုန့်အမှတ်ရလိုက်သည်။

“ဒီကောင်ကတကယ်ပဲ အမျိုးသမီးတစ်ယောက်လား”

ဤအရာအားတွေးမိသောအခါတွင်ရှစ်ဖုန့်က နက်နဲလှသော အဘွားအိုကိုထပ်မံကြည့်လိုက်သည်။

သို့သော်အဘွားအိုကစကားဆုံးပြီးနောက် ရှစ်ဖုန့်အားထပ်မံအာရုံစိုက်ခြင်းမရှိတော့ပေ။ သူမ၏ခြေထောက်တို့ကိုရွေ့လျားလိုက်ပြီး ရှေ့သို့လျှောက်လှမ်းလိုက်ကာ ကိုယ့်အလုပ်ကိုယ်လုပ်ဆောင်လိုက်သည်။

အဘွားအိုကရှေ့သို့ထပ်မံရွေ့လျားသွားသည်ကို တွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်ကသူမနောက်မှအလျှင်အမြန်လိုက်လိုက် သည်။ ဤအချိန်တွင် ဝတ်ရုံနက်အားကယ်တင်ရန်အတွက်အဘွားအိုက တစ်ခုတညး်သောမျှော်လင့်ချက်ဖြစ်သည်။

နတ်ဘုရားမြေခေါင်းလောင်းအတွင်းမှအော်ရာက အားနည်းသည်ထက်အားနည်းလာသည်ကို ရှစ်ဖုန့်အာရုံခံမိပြီးဖြစ်သည်။ ဝတ်ရုံနက်စွမ်းအင်ကုန်းခမ်းရန်မှာ သိပ်ပြီးမကြာနိုင်တော့ပေ။

“သေ..သေ..သေ..သေ..သေ.”

ဤအခိုက်အတန့်တွင် သေခြင်းနတ်ဘုရား၏ ကျိန်စာက ခြောက်ခြားဖွယ်ကောင်းသောတောအုပ်အတွင်း ထပ်မံထွက်ပေါ်လာပြန်သည်။

ဤအခိုက်အတန့်တွင်ရှေ့မှလျှောက်နေသောအ ဘွားအိုက ရုတ်ခြည်းအော်လိုက်သည်။

“ဟ”

အဘွားအိုအောလိုက်သောအခါတွင် စွမ်းအား၏အတက်အကျလှိုင်းအနည်းငယ်ကိုမှရှစ်ဖုန့်အာရုံမခံမိခဲ့ပေ။ သို့သော် အဘွားအိုအော်လိုက်ချိန်တွင် သေခြင်းနတ်ဘုရား၏ကျိန်စာဟုခေါ်သောထူးဆန်းသည့်အသံက တုန့်ခနဲရပ်တန့်သွားသည်။

ထို့နောက် ထူးဆန်းသောရှေးဟောင်းခရမ်းရောင်ရုန်းတစ်ခုက သူ၏ရှေ့၌မျောလွင့်နေသည်ကိုရှစ်ဖုန့်တွေ့လိုက်ရသည်။ ၎င်းက နတ်ဘုရားမြေခေါင်းလောင်းထက်သို့မျောလွင့်လာ ပြီး အရှိန်အဟုန်တစ်ခုဖြင့်ကျဆင်းသွားသည်။

“ဒေါင်”

နတ်ဘုရားမြေခေါင်းလောင်းမှညင်သာသောခေါင်းလောင်းသံတစ်ခုထွက်ပေါ်လာသည်။

“ဒါက..”

သတိပေးခြင်းမရှိသော ခရမ်းရောင်ရုန်းကြောင့်နတ်ဘုရားမြေခေါင်း လောင်းက လှုပ်ခတ်သွားသည်။ရှစ်ဖုန့်ကြက်သေသေသွားရ၏။

သို့သော်အဘွားအို၏အက်ရှရှနှင့်ဂရုမထားသောအသံအားထပ်မံကြားလိုက်ရ၏။

“စိတ်ပူမနေနဲ့.. ဒီကောင်မလေးကိုယ်ထဲက သေခြင်းနတ်ဘုရားကျိန်စာရဲ့စွမ်းအင်အကြွင်းအ ကျန်ကို ငါဖျက်ဆီးလိုက်တာ”

အဘွားအိုကနောက်ပြန်မကြည့်ဘဲပြောလိုက်သည်။ ထိုသို့ပြောပြီးနောက် သူမက ဆက်လက်လျှောက်လှမ်းသွားသည်။

အဘွားအို၏ စကားများအားကြားပြီးနောက် ရှစ်ဖုန့်အနေဖြင့်နတ်ဘုရားမြေခေါင်းလောင်းကိုအာရုံခံလိုက်ပြီးစိတ်သက်သာရာရမှုကိုခံစားလိုက်ရသည်။

အဘွားအိုကသူ့အားမလိမ်ခဲ့ပေ။ နတ်ဘုရားမြေခေါင်းလောင်းအတွင်းမှဝတ်ရုံနက်၏အော်ရာက ဖြည်းဖြည်းချင်းတည်ငြိမ်လာသည်။

ထို့နောက်ရှစ်ဖုန့်ကအဘွားအိုနောက်သို့ထပ်မံလိုက်လိုက်သည်။ သူမနောက်သို့ရောက်ရှိသောအခါတွင် ရိုသေစွာဖြင့်မေးလိုက်၏။

“စီနီယာ..ကျွန်တော်တို့အသက်ကိုကယ်တင်ပေးလို့ကျေးဇူးတင်ပါတယ်. ကျွန်တော်တို့ဘယ်ကိုသွားနေတာလဲဆိုတာကို စီနီယာကိုမေးလို့ရမလား”

ဤပုဂ္ဂိုလ်ကသူတို့နှစ်ယောက်၏အသက်အားကယ်တင်ခဲ့သည်ဖြစ်သောကြောင့်သူမ၏စွမ်းအားက နက်နဲလှပြီး အချိန်တစ်ခုကြာအောင်အသက်ရှင်နေထိုင်ခဲ့သည် ဖြစ်ရမည်သာဖြစ်သည်။ သူမအနေဖြင့် နှိမ့်ချစွာဖြင့် “စီနီယာ”ဟု အခေါ်ခံရဖို့ထိုက်တန်သည်ဖြစ်သည်။

ရှစ်ဖုန့်စကားပြောပြီးခဏအကြာတွင် အဘွားအို၏အသံကို ထပ်မံကြားလိုက်ရသည်။

“ငါမင်းတို့ကိုကယ်တင်တဲ့အကြောင်းပြချက်က ငါနဲ့ဒီကောင်မလေးကြားထဲမှာ ဆက်နွယ်မှုအချို့ရှိလို့ပဲ. မဟုတ်ရင် မင်းတို့သေသေရှင်ရှင်ငါနဲ့ဘာမှမဆိုင်ဘူး”

“တစ်ခြားမေးခွန်းတွေအတွက် ငါ့ကိုအများကြီးလာမမေးနဲ့. ငါကမင်းကိုလိုက်ခဲ့ဆိုရင် လိုက်လာခဲ့”

သူမ၏စကားအဆုံးမှအဘွားအို၏စိတ်မရှည်မှုကို ကြားရနိုင်၏။

ရှစ်ဖုန့်မှာမူလက ဤရှေးဟောင်းအပျက်အစီးနယ်မြေနှင့် ပက်သက်၍ သူမအားပိုမေးမြန်းချင်ခဲ့သော်လည်း ယခုအခါ၌သူမအနေဖြင့်မည်သည့်အရာမှထပ်ပြောမည့်ပုံမပေါ်ပေ။

သို့သော်ဤအဘွားအို၌သူတို့နှစ်ဦးအပေါ်မည်သည့်မကောင်းသည့်ရည်ရွယ်ချက်မှရှိပုံမပေါ်လောက်ပေ။ အကယ်၍သူမသာသေစေချင်လျှင် သူ့အနေဖြင့်သူမအားခုခံနိုင်လိမ့်မည်မဟုတ်ပေ။

ရှစ်ဖုန့်ကနက်နဲလှသောအဘွားအို၏ ကျင့်ကြံမှုအဆင့်မည်မျှမြင့်မားသည်ဆိုသည်ကို သိချင်စွာဖြင့် အသေးစိတ်ဆက်လက်ကြည့်ရှုစစ်ဆေးနေ၏။

ဆက်ရန်….

ဘာသာပြန်သူ-ARISE

All Chapters