အခန်း (၉၉၆)
Vol. 67 Ch. 996
တောအုပ်အတွင်း၌ ရုတ်တရက်ပေါ်လာသော အဘွားအိုက အိုမင်းပြီးအရပ်ပုပုံပေါ်သော်လည်း သူမ၏ကျင့်ကြံခြင်းကတော့နက်နဲသည်ဖြစ်၏။
ရှစ်ဖုန့်က ဝတ်ရုံနက်အတူပါရှိသော နတ်ဘုရားမြေခေါင်းလောင်းအား ဆက်လက်သယ်ဆောင်ထားဆဲဖြစ်ပြီး အဘွားအို၏အနောက်ဘက်မှလျှောက်လှမ်းလာ သည်။
အဘွားအိုအော်လိုက်ပြီးသည့်နောက် ထူးဆန်းသောသေမင်းနတ်ဘုရား၏ကျိန်စာက ကြောက်လန့်သွားပုံရပြီး ထပ်မံအသံထွက်မလာတော့ချေ။
ရှစ်ဖုန့်မှာအဘွားအိုနောက်မှလိုက်ပါလာပြီး ခြောက်ခြားဖွယ်ကောင်းသော တောအုပ်၏ ပိုနက်ရှိုင်းသောအတွင်းပိုင်းသို့ဆက်လက်သွားနေသည်ကို သူတွေ့လိုက်ရသည်။
ဖြည်းဖြည်းချင်း အစွယ်များကိုထုတ်ပြကာ လက်သည်းတို့ကိုဝင့်ကာယမ်းနေသည့် ခြောက်သွေ့ညှိုးနွမ်းနေသောသစ်ပင်များရှိသော ဧရိယာမှ လျှောက်လှမ်းထွက်လာသည်ကိုရှစ်ဖုန့်တွေ့လိုက်ရသည်။ ဤနေရာ၌ ခြောက်သွေ့ညှိုးနွမ်းနေသော သစ်ပင်များမရှိချေ။ တစ်ချက်ကြည့်ရုံဖြင့် ဧရာမစပါးအုံးကြီးများကဲ့သို့ နွယ်ပင်များကိုသာတွေ့ရသည်။
သို့သော် အဘွားအိုကရှေ့သို့လျှောက်လှမ်းလာသကဲ့သို့ နွယ်ပင်များမှာ အသက်ဝင်လာပုံရပြီး ဧရာမစပါးအုံးကြီးများကဲ့သို့ အဝေးသို့လျှောတိုက်ထွက်ခွာသွားကာ အဘွားအိုနှင့်ရှစ်ဖုန့်တို့ရှေ့သို့ ဆက်လက်သွားနိုင်ရန်အတွက် လမ်းကြောင်းတစ်ခုကိုဖွင့်ပေး၏။
ရှစ်ဖုန့်ကအဘွားအို၏နောက်မှဆက်လိုက်လာ သည်။ လမ်းတစ်လျှောက်တွင် နွယ်ပင်များ၏တရှိုးရှိုးတရှဲရှဲမြည်သံကို ကြားရနိုင်သည်ဖြစ်သည်။
သိပ်မကြာခင် အဘွားအို၏လျှောက်လှမ်းနေသောပုံရိပ်က ရုတ်ခြည်းတန့်သွားသည်။ သူမကအချင်းငါးပေလောက်သာရှိသော ဝိုင်းစက်သည့်ရေကန်တစ်ခုဘေးတွင်ရပ်တန့်လိုက်သည်။
ရေကန်မှအေးစိမ့်သောလေတို့လွင့်တက်လာ၏။ သို့သော် ရေကန်အတွင်းမှရေက ဆူပွက်နေပြီး ရေနွေးကြိုထားသကဲ့သို့တပွက်ပွက်ထနေသည်။
အဘွားအိုကရေကန်အားထိုးညွှန်ပြပြီးပြောလိုက် သည်။
“ကောင်မလေးကိုဒီထဲပစ်ချလိုက်… သေခြင်းနတ်ဘုရားရဲ့ကျိန်စာကို ကြားရတဲ့သူမှန်သမျှက ယင်ယန်စမ်းချောင်းရေထဲမှာ သန့်စင်ရတယ်..မဟုတ်ရင်အဲ့အရာက မင်းတို့ကိုထပ်ပြီးရှာတွေ့လိမ့်မယ်”
“ယင်ယန်စမ်းချောင်းရေလား”
အဘွားအို၏စကားတို့အားကြားရသောအခါတွင် ရှစ်ဖုန့်က စိတ်ထဲမှတီးတိုးရေရွတ်လိုက်သည်။
ယင်နှင့်ယန်။ အအေးနှင့်အပူသည်လည်း ယင်နှင့်ယန်နှင့် သက်ဆိုင်သည်ဖြစ်သည်။ ရေကန်အတွင်းမှရေကား အပူကောအအေးကောနှစ်ခုလုံးပါဝင်သည်ဖြစ်သည်။ ယင်နှင့်ယန်အလှည့်ကျပြောင်းလဲနေခြင်းဖြစ်၏။
ထို့နောက်အဘွားအိုက ထပ်ပြောသည်။
“ကောင်မလေးနိုးလာတဲ့အခါကြရင် ငါ့ဆီကိုတစ်ယောက်တည်းလာခဲ့ဖို့ပြောလိုက်”
ဤအရာအားပြောပြီးနောက် အဘွားအိုကားရှစ်ဖုန့်၏ပြန်ဖြေမှုကိုစောင့်နေခြင်းမရှိချေ။ သူ၏ပုံရိပ်က ဖျက်ခနဲဖြစ်သွားပြီး ရှစ်ဖုန့်၏မျက်လုံးရှေ့မှပျောက်ကွယ်သွားသည်။
အဘွားအိုထွက်ခွာသွားပြီးနောက် ရှစ်ဖုန့်က ရေကန်ဆီလျှောက်လှမ်းသွားလိုက်ပြီး ရေကန်အတွင်းမှ အပူနှင့်အအေးတည်ရှိမှုကို အာရုံခံလိုက်သည်။ဤယင်ယန်ရေကန်ကားထူး ခြားအံ့ဖွယ်ဖြစ်သည်ကိုရှစ်ဖုန့်ချက်ချင်းအာရုံခံမိလိုက်၏။
အဖြူရောင်လေအေးက ရေကန်မှလွင့်တက်လာသည်ကို အာရုံခံရင်း သန့်စင်သောယင်စွမ်းအင်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။
အသက်ကိုခပ်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး ခန္ဓာကိုယ်အတွင်းသို့လေးအေးအားစုပ်ယူလိုက် သည်။ သူ၏ဝိညာဉ်အနေဖြင့် အရမ်းသက်တောင့်သက်သာဖြစ်မှုကိုခံစားလိုက်ရ ပြီး သူ၏ဒန်တန်အတွင်းမှစွမ်းအင်က အနည်းငယ်တိုးပွားလာ၏။
သို့သော် မကြာခင် အေးစက်သည့်အဖြူရောင်စွမ်းအင်အားချေဖျက်မှုကိုရှစ်ဖုန့်ရပ်တန့်လိုက်သည်။
ဤအချိန်၌အရေးအကြီးဆုံးအရာကား နတ်ဘုရားမြေခေါင်းလောင်းအတွင်း၌ရှိနေသည့် ဝတ်ရုံနက်ဖြစ်သည်။
ဝတ်ရုံနက်၏အသက်ရှူသံကတည်ငြိမ်နေသော် လည်း အရမ်းအားနည်းနေဆဲဖြစ်ကာ သတိမေ့သည်အခြေအနေသို့ကျရောက်နေသည်။
“မြင့်တက်စမ်း”
ရှစ်ဖုန့်ကမကျယ်သောအသံဖြင့်အော်ပြောလိုက် သည်။ သူ၏ပခုံးထက်မှနတ်ဘုရားမြေခေါင်းလောင်းက ရုတ်တရက်မျောလွင့်တက်သွားပြီး သူ့ရှေ့ရှိရေကန်အထက်သို့မျောလွင့်သွားသည်။ ခေါင်းလောင်း၏နှုတ်ခမ်းဝက ဟင်းလင်းပြင်အတွင်း အောက်ဘက်သို့မျက်နှာမူထားပြီး ဖြည်းညှင်းစွာလည်ပတ်နေသည်။
ဤအခိုက်အတန့်တွင် ရှစ်ဖုန့်က သူ၏လက်တို့ဖြင့် ဆီးလ်တစ်ခုကိုပုံဖော်လိုက်ပြီး သူ၏လက်ဝါးအားဒေါင်လိုက်အတိုင်းအပေါ်သို့ တွန်းတင်လိုက်သည်။ ဆန်းကြယ်သောဖားလောင်းသဏ္ဍန်အဖြူရောင်စာလုံးလေးတစ်လုံးက ထွက်သွားပြီး ခေါင်းလောင်းနှုတ်ခမ်းဝကိုဖြတ်သန်း၍ နတ်ဘုရားမြေခေါင်းလောင်းအတွင်းသို့ဝင်ရောက်သွားသည်။
ထို့နောက် နတ်ဘုရားမြေခေါင်းလောင်းထံမှ အနက်ရောင်ပုံရိပ်တစ်ခု ဖြည်းညှင်းစွာဆင်းသက်လာသည်။ ၎င်းမှာ မေ့မျောနေသော ဝတ်ရုံနက်ဖြစ်သည်။
နတ်ဘုရားမြေခေါင်းလောင်းအတွင်းမှ ထွက်လာပြီးနောက် ဝတ်ရုံနက်က နွဲ့နှောင်းစွာဖြင့် အောက်ရှိရေကန်အတွင်းသက်ဆင်းသွားကာ ယင်ယန်ရေကန်အတွင်း ဖြည်းညှင်းစွာကျဆင်းသွားသည်။
“မိန်းကလေးလား”
ရှစ်ဖုန့်မှာအဘွားအိုပြောခဲ့သည်ကိုပြန်တွေးမိပြီး အနက်ရောင်ခေါင်းစွပ်အတွင်းမှ ဖုံးကွယ်နေသည့်မျက်နှာကိုစိုက်ကြည့်နေသည်။
သို့သော်ယခင်ကကဲ့သို့ပင် ဝတ်ရုံနက်၏အကာကို ဖြတ်မြင်နိုင်ခြင်းမရှိသေးပေ။
သို့သော် ပို၍မမြင်နိုင်လေရှစ်ဖုန့်ပို၍ သိချင်လာလေဖြစ်သည်။ အနက်ရောင်ခေါင်းစွပ်၏အောက်၌ မည်ကဲ့သို့မျက်နှာမျိုးဖုံးကွယ်နေပါသနည်း။
လောကဓံတရား၏ရိုက်ခတ်မှုကိုခံထားရပြီးအရေးအကြောင်းများနှင့် လူအိုတစ်ယောက်လော။
သို့မဟုတ် ၎င်းက လမင်းကိုပင်လွှမ်းမိုးသွားပြီး ပန်းများကိုပင်အရှက်ရစေသည့် မိန်းမငယ်လေးတစ်ဦးဖြစ်နေမည်လော။
သို့သော်ရှစ်ဖုန့်မှာအဘွားအိုအားတွေးမိလိုက်သည်။ သူမ၏အသက်ဖြင့် ဝတ်ရုံနက်က အသက်ခုနှစ်ဆယ်၊ရှစ်ဆယ်အရွယ်ရှိသော အဘွားအိုတစ်ယောက်ဖြစ်နေလျှင်ပင် ကောင်မလေးဟုခေါ်လိမ့်မည်သာဖြစ်၏။
ရှစ်ဖုန့်မှာအနက်ရောင်ခေါင်းစွပ်ကိုကြည့်လိုက် သည်။ ပို၍ကြည့်လေပို၍သိချင်လာလေဖြစ်၏။
ဖြည်းဖြည်းချင်းရှစ်ဖုန့်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး အနက်ရောင်ခေါင်းစွပ်အတွင်းဖုံးကွယ်နေသော မျက်နှာနှင့်နီးကပ်လာသည်။
“ခင်ဗျားနဲ့ဒီသခင်လေးကသေခြင်းရှင်ခြင်းကိုအတူတူဖြတ်ကျော်လာတာ.. မိတ်ဆွေတွေလို့တောင်ပြောလို့ရတယ်.. တစ်ချက်လောက်ကြည့်တာတော့ ပြဿနာမရှိဘူးမလား”
ရှစ်ဖုန့်ကဝတ်ရုံနက်အား ညင်သာစွာပြောလိုက်သည်။
သို့သော်ဝတ်ရုံနက်မှာ သတိမေ့နေသောကြောင့် သူပြောသည်အားကြားနိုင်ခြင်းမရှိပေ။
ရှစ်ဖုန့်ကစကားပြောပြီးနောက် သူ၏လက်နှစ်ဖက်အား ဖြည်းညှင်းစွာရှေ့သို့လှမ်းလိုက်သည်။ သိပ်မကြာလိုက်ခင် အနက်ရောင်ခေါင်းစွပ်၏ အနားကို ဖြည်းညှင်းစွာဆွဲလိုက်၏။
ဤအချိန်တွင် ဝတ်ရုံနက်၏မျက်နှာမျိုးစုံကရှစ်ဖုန့်၏စိတ်ထဲ၌ ပေါ်လာနေသည်။
အမျိုးသား၊အမျိုးသမီး၊အသက်ကြီးသူ၊ငယ်သူ၊လှပသူ၊ရုပ်ဆိုးသူ၊သာမန်ကာလျှံကာရှိသူ စသည့် မျက်နှာမျိုးစုံကရှစ်ဖုန့်၏စိတ်ထဲပ ဖျက်ခနဲပေါ်ပေါ်လာနေသည်။
ထို့နောက် ရှစ်ဖုန့်ကခေါင်းစွပ်ကိုဆုပ်ကိုင်လိုက်ပြီး ဖြည်းညှင်းစွာ မတင်ဖွင့်လိုက်၏။ သူ၏မျက်လုံးတို့ရှေ့၌ မျက်နှာက ဖြည်းဖြည်းချင်းပေါ်လာသည်။
“ဒါက..”
ထို့နောက်ရှစ်ဖုန့်အံ့အားသင့်သွားသည်။
“ကောင်မလေး.ကောင်မလေး.ကောင်မလေး”
သူ့ရှေ့ရှိမျက်နှာအားကြည့်၍ ရှစ်ဖုန့်ကတီးတိုးရေရွတ်လိုက်သည်။ ထို့နောက်သွားပေါ်အောင်ပြုံးလိုက်ပြီး ခေါင်းကိုခါလိုက်၏။
ယင်းက အသက်ခြောက်ဆယ်၊ခုနှစ်ဆယ်ရှိသော အဘွားအိုတစ်ဦးမဟုတ်ပေ။
သူမ၏ ညှို့ယူဖမ်းစားနိုင်ပြီး လှပချောမောသောမျက်နှာထက်၌ ရှုပ်ပွပြီးစိုစွတ်နေသော ဆံနွယ်တို့ကဖုံးလွှမ်းနေကာ ယင်းက ကွဲပြားခြားနားသောညှို့ယူဖမ်းစားမှုအလှတရား တစ်ခုပင်ဖြစ်သည်။
ညှို့ယူဖမ်းစားနိုင်သေအလှတရားတိုအလယ်တွင် ဒက်ဖိုဒေးလ်ပန်းကဲ့သို့ သစ်လွင်လန်းဆန်းမှုတစ်မျိုးရှိနေသည်။စင်ကြယ်သန့်ရှင်းပြီးအညစ်အထေးမရှိကာ မြင့်မြတ်သောမျိုးရိုးမှ ဆင်းသက်လာသည့်နှယ်ထင်ရသည်။
သတိမေ့နေစဉ်သူမ၏မျက်လုံးတို့ကအနည်းငယ်မေ့နေ၏။ သူမပုံစံကအရမ်းကိုအေးချမ်းသည်ဖြစ်သည်။ သူမ၏နှုတ်ခမ်းတို့က အနည်းငယ်ပွင့်ဟနေပြီး လူများအား အိမ်မက်ဆန်ဆန်ရင်ခုန်စိတ်လှုပ်ရှားဖွယ်ညှို့ယူ ဖမ်းစားနိုင်သော ခံစားချက်တစ်ခုကိုဖြစ်ပေါ်စေ၏။သူမ၏ဖြူဖွေး သောသွားတို့ကလည်းအနည်းငယ်ပေါ်နေသည်။
ဤအချိန်တွင်လှပသောမျက်နှာလေးအား စိုက်ကြည့်နေသည့်ရှစ်ဖုန့်မှာ အနည်းငယ်ပိတ်နေသောမျက်လုံးတစ်စုံက ဖြည်းဖြည်းချင်းပွင့်လာသည်ကို တွေ့လိုက်ရသည်။
တောက်ပရွှန်းလဲ့သော မျက်လုံးတစ်စုံက ပေါ်လာ၏။ သူမကမျက်မှောင်အနည်းငယ်ကျုံ့လိုက်ပြီး သူမရှေ့ရှိရှစ်ဖုန့်အားကြည့်ကာ မေးလိုက်သည်။
“ငါတို့အခုဘယ်ရောက်နေတာလဲ. ငါမသေသေးဘူးလား”
လှပသောမျက်နှာလေးမှထွက်ပေါ်လာသောအသံကယခင်ကဲ့သိုတူညီသောအိုမင်းအက်ရှသည့်အဘိုးအိုတစ်ဦးအသံဖြစ်သည်။
ဤကဲ့သို့ဘေးကျပ်နံကျပ်အခိုက်အတန့်၌ ဝတ်ရုံနက်ရုတ်ခြည်းနိုးလာမည်ဟုသူမမျှော်လင့် ထားခဲ့ပေ။ သူမ၏မျက်နှာအစစ်အားတွေ့ရသောအခါတွင် အနည်းငယ် မျက်နှာပူသလိုရှစ်ဖုန့်ခံစားလိုက်ရသည်။
ရှစ်ဖုန့်ကပြောလိုက်သည်။
“ခင်ဗျားမေ့ပြီးတဲ့နောက်တစ်ခုခုဖြစ်ခဲ့တယ်.. အခုဒီသခင်လေးတို့ အန္တရာယ်ကလွတ်လာပြီ…ခင်ဗျားကိုယ့်ကိုယ်ကိုယ်အရင်ဂရုစိုက်သင့်တယ်…ဒီစမ်းရေထဲမှာနေတာက ခင်ဗျားရဲ့ဒဏ်ရာတွေအတွက်ကောင်းတယ်..ခဏလောက်ကြာကြာနေလိုက်အုံး”
“အိုး”
ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက် ဝတ်ရုံနက်က “အိုး”ဟုပြန်ဖြေလိုက်ပြီး ခေါင်းငုံ့ကာတစ်ချက်ကြည့်လိုက်သည်။
သို့သော်သူမ၏အသွင်အပြင်ကိုကြည့်ခြင်းအားဖြင့် သူမ၏ခေါင်းစွပ်မတင်ခံထားရခြင်းအားသတိမပြု မိသေးပုံပေါ်၏။
ထို့နောက်သူမက ထူးခြားသောယင်ယန်စမ်းရေကို အာရုံခံလိုက်သည်။ သူမ၏လှပသောမျက်နှာလေးထက်၌ အံ့အားသင့်မှုတို့ဖြင့်ပြည့်နှက်နေသည်။ သူမကအံ့အားသင့်စွာပြောလိုက်သည်။
“ဒီရေကန်ကိုမင်းရှာတွေ့တာလား”
ဤနေရာသူမနှင့်ရှစ်ဖုန့်နှစ်ယောက်တည်းရှိသော ကြောင့် သူမသတိမေ့နေစဉ်ရှစ်ဖုန့်က ဤရေကန်အားရှာတွေ့ခြင်းဖြစ်မည်ဟု ထင်လိုက်သည်။
ရှစ်ဖုန့်ကပြောလိုက်သည်။
“ပြောရမှာအရှည်ကြီးပဲ.. ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်တာပိုကောင်းမယ်.. ခင်ဗျားကိုဖြည်းဖြည်းချင်းပြောပြမယ်”
“ကောင်းပြီ”
ဝတ်ရုံနက်က ရှစ်ဖုန့်အားအနည်းငယ်ခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက် သူမ၏ပွင့်လာသောတောက်ပသည့်မျက်လုံးတို့က ထပ်မံဖြည်းညှင်းစွာ ပိတ်လိုက်သည်။
သူမမျက်လုံးတိုပိတ်ထားစဉ်တွင် ရှစ်ဖုန့်က သူ၏လက်ချောင်းတို့ကို တိတ်ဆိတ်ကွေးလိုက်ပြီး ခေါင်းစွပ်အားဖျက်ခနဲနဂိုအတိုင်းပြန်ထားပေးလိုက်၏။
သို့သော် အနက်ရောင်ခေါင်းစွပ်က လှပသောမျက်နှာလေးအားလုံးဝမဖုံးကာသွားခင် သူမ၏လှပသောမျက်လုံးများက ရုတ်ခြည်း ထပ်မံပွင့်လာသည်။
သူမအနေဖြင့်တစ်စုံတစ်ခုအားသိရှိသွားပုံပေါ်၏။
ဆက်ရန်……
ဘာသာပြန်သူ-ARISE