အခန်း (၉၉၇)
Vol. 67 Ch. 997
အနက်ရောင်ခေါင်းစွပ်က ဝတ်ရုံနက်၏ခေါင်းပေါ်သို့ပြန်လည်ဖျက်ခနဲရောက်ရှိလာသည်။ ခေါင်းစွပ်ကလှပသောမျက်နှာလေးအား ထပ်မံ ဖုံးကတော့မည့်အချိန်တွင် လှပပြီးအသက်ဝင်သော မျက်လုံးတစ်စုံက ရုတ်ခြည်း ပွင့်လာသည်ကိုရှစ်ဖုန့် မြင်တွေ့လိုက်ရသည်။
ထို့နောက် သူမ၏လှပသောမျက်နှာလေးမှာ နောက်တစ်ကြိမ်အနက်ရောင်ခေါင်းစွပ်၏ဖုံးကာခြင်းကိုခံလိုက်ရသည်။
ဤအခိုက်အတန့်တွင် သူမတစ်စုံတစ်ခုအားသိသွားသည်ဟု ရှစ်ဖုန့်ခံစားလိုက်ရသည်။ သူ့အနေဖြင့် အနည်းငယ် အပြစ်ရှိသလိုခံစားလိုက်ရသည်။ ဖြည်းဖြည်းချင်းထရပ်ပြီးပြောလိုက်၏။
“ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ”
“ကိုယ့်ဒဏ်ရာတွေကို ပြန်ကုစားဖို့ဂရုစိုက်သင့်တယ်.. ခင်ဗျားကိုထပ်ပြီးမနှောက်ယှက်တော့ဘူး. ပတ်ဝန်းကျင်ကိုလမ်းလျှောက်ထွက်ပြီး ဒီနယ်မြေရဲ့ မြေပြင်အနေအထားကို စစ်ဆေးလိုက်အုံးမယ်”
ဤသို့ပြောပြီးနောက် ရှစ်ဖုန့်ကလှည့်လိုက်ပြီး ထွက်ခွာသွားရန်လုပ်လိုက်သည်။
“ရပ်လိုက်”
သို့သော်ရှစ်ဖုန့်လှည့်လိုက်သည့် အချိန်တွင် အေးစက်သောအသံတစ်ခုက အနောက်ဘက်မှထွက်ပေါ်လာသည်။
အသံကတော့အိုမင်းအက်ရှနေဆဲဖြစ်၏။
အေးစက်သောအသံအားကြားပြီးနောက် ရှစ်ဖုန့်ကသူ့ဖာသာသူတွေးလိုက်သည်။
“ငါလုပ်တာကိုသိသွားတာများလား”
ထို့နောက် ရှစ်ဖုန့်ကလှည့်လိုက်ပြီး ခေါင်းကိုအနည်းငယ်ငုံ့လိုက်သည်။ သူဝတ်ရုံနက်အား အပြုံးတစ်ခုပေးလိုက်ပြီး ဖော်ရွေကြင်နာမှုကိုထင်ဟပ်စေလိုက်၏။ သူကအပြုံးတစ်ခုနှင့်ပြောလိုက်သည်။
“ဘာဖြစ်လို့လဲ. တစ်ခုခုရှိလို့လား”
“မင်းပုံစံကြည့်တာနဲ့တစ်ခုခုမှားယွင်းတာလုပ်ထားတာကို ငါပြောနိုင်တယ်. ဘာလို့ငါ့မျက်နှာကိုခွင့်ပြုချက်မရှိဘဲကြည့်တာလဲ”
ဝတ်ရုံနက်က အိုမင်းသောအသံကိုအသုံးပြု၍ ရှစ်ဖုန့်ကိုအေးစက်စွာပြောလိုက်သည်။
“အိုး.ဒါကနားလည်မှုလွဲတာတစ်ခုပါ”
ရှစ်ဖုန့်၏မျက်နှာထက်၌ အေးစက်မှုတစ်ခုရှိနေဆဲဖြစ်သည်။ သူမအားရှင်းပြလိုက်၏။
“မင်းကိုမာဝင်နေချိန် မင်းရဲ့ ခေါင်းစွပ်က မညီညာတဲ့ခရီးလမ်းမှာကျွတ်သွားတာ”
ရှစ်ဖုန့်ကမျက်တောင်မခတ်ဘဲပြောလိုက်သည်။ သူ၏အဆင့်ဖြင့် ဤခံစားချက်များအားလွတ်လပ်စွာပင် ထိန်းချုပ်နိုင်သည်ဖြစ်သည်။
ထို့နောက်ရှစ်ဖုန့်ကပြောလိုက်သည်။
“ဒါပေမဲ့ကောင်းပါတယ်. မင်းကလှပတဲ့မိန်းကလေးဖြစ်နေပေမဲ့ မင်းကို လူတွေက အမြဲတမ်းသနားစရာကောင်းတဲ့အဘိုးကြီးတစ် ယောက်လို့ထင်နေကြတာ”
“တစ်ယောက်ယောက်ကသာ ငါ့ခေါင်းစွပ်ကိုမချွတ်ရင် ငါ့ရဲ့ဝတ်ရုံနက်က ကျွတ်မှာမဟုတ်ဘူး”
ဝတ်ရုံနက်၏အသံက ရုတ်ခြည်းပို၍ပင်အေးစက်လာသည်။
“အဲ့လိုလား”
ဝတ်ရုံနက်၏စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်က တွေးတွေးဆဆဖြင့် ခေါင်းညိမ့်လိုက်သည်။ထို့နောက်သူကနားလည်သ ဘောပေါက်သည့်လေသံဖြင့်ပြောလိုက်သည်။
“ဒီသခင်လေးနားလည်ပြီ”
“ဒီသခင်လေးအခုနားလည်ပြီ..အသံပြုလုပ်တဲ့အဲ့မွန်းစတားကြောင့်ပဲဖြစ်ရမယ်.. ဒီသခင်လေးတို့အာရုံစိုက်မနေတုန်း မင်းရဲ့ခေါင်းစွပ်ကအချွတ်ခံရပြီး မင်းရဲ့ပုံစံအစစ်ပေါ်လာတာပဲ.. အဲ့မွန်းစတားက လုံးဝကိုဆိတ်ငြိမ်လွန်းတယ်.. အဲ့အရာရဲ့တည်ရှိမှုကို လုံးဝအာရုံမခံနိုင်ဘူး. ဒါကရူးသွပ်ချင်စရာပဲ”
“အဲ့လိုလား”
ဝတ်ရုံနက်က အေးစက်စွာထပ်မံပြောလိုက်သည်။ သို့သော် သူမ၏အေးစက်သောအသံမှတစ်ဆင့် ရှစ်ဖုန့်၏ စကားတို့အားမယုံကြည်သည်မှာသိသာ၏။
“အဲ့လိုပဲဖြစ်ရမယ်..ဒီသခင်လေးတို့အခြားအရာတွေအများကြီးမတွေးသင့်ဘူး အဲ့တာက မင်းရဲ့ဒဏ်ရာတွေအတွက်မကောင်းဘူး. ကောင်းကောင်းအနားယူပြီး ပြန်ကုသပါ..တစ်ခုခုလိုရင် ဒီသခင်လေးကိုခေါ်လိုက်”
ရှစ်ဖုန့်ကပြောလိုက်သည်။
သို့သော် ဤအချိန်တွင် ဝတ်ရုံနက်က တစ်ခြားဘာမှပြောခြင်းမရှိဘဲ ရှစ်ဖုန့်၏ပုံရိပ်က လျှင်မြန်စွာဖျက်ခနဲဖြစ်သွားပြီး ပျောက်ကွယ်သွားသည်။
ဤမှောင်မည်းအုံ့မှိုင်းသောတောအုပ်အတွင်း ယင်ယန်စမ်းရေအတွင်း၌ ခန္ဓာကိုယ်သန့်စင်ရန်စိမ်နေဆဲဖြစ်သည့် ဝတ်ရုံနက်တစ်ယောက်သာကျန်ရစ်ခဲ့သည်။
သူ့ရှေ့ရှိဘာမှမရှိတော့သောနေရာအားကြည့်ရင်း ဝတ်ရုံနက်က အေးစက်စွာပြောလိုက်သည်။
“ဒီကောင်”
ရှစ်ဖုန့်၏ထွက်ခွာလာသောပုံရိပ်က ဝတ်ရုံနက်နှင့်ဝေးသောနေရာ၌ပေါ်လာသည်။ သူက အကွာအဝေးတစ်ခုအတွင်းမှ ဝတ်ရုံနက်အား ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။
“ဒီလိုမျိုးပြေးထွက်လာတာက ငါ့ကိုယ်ကျင့်တရားအတွက်အပြစ်ရှိတယ်လို့များခံ စားရတဲ့ပုံပေါက်အောင်လုပ်နေလား… ဒါပေမဲ့ .မထင်ပါဘူးလေ…ငါတော်တော်လေးကျိုးကြောင်းဆီလျော်အောင်ပြောခဲ့တာပါ”
“ထားလိုက်ပါ.ဒါနဲ့ပက်သက်ပြီးမစိုးရိမ်ရအောင်. နတ်ဘုရားတစ်ပိုင်းတိုက်ခိုက်ရေးနည်းစနစ်ဖြစ်တဲ့ ကောင်းကင်ဘုံကိုးခု လှုပ်ခတ်မိုးကြိုးကို ငါလေ့ကျင့်ဖို့လိုအပ်တယ်..အနာဂတ်မှာ တစ်ခြားသူတွေနဲ့ငါတိုက်ခိုက်ရင် ဒါကို လွတ်လပ်စွာသုံးနိုင်လိမ့်မယ်”
“ကောင်းကင်ဘုံကိုးခု လှုတ်ခတ်မိုးကြိုး”
ဤအခိုက်အတန့်တွင် ရှစ်ဖုန့်ကအော်ပြောလိုက်သည်။ ချက်ချင်းပဲ သူ၏ခန္ဓာကိုယ်မှ အနက်ရောင်အလင်းတစ်ခုနှင့်အတူ ပြင်းထန်သောအနက်ရောင်မိုးကြိုးများ က ဝုန်းခနဲပေါက်ကွဲထွက်လာသည်။ သူ၏တစ်ကိုယ်လုံးက အနက်ရောင်မိုးကြိုးလူသားတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။
ယခုဝတ်ရုံနက်က သူ၏ဒဏ်ရာများအားပြန်လည်ကုသနေသောကြောင့် ဤနေရာ၌ကောင်းကင်ဘုံးကိုးခု လှုတ်ခတ်မိုးကြိုးကို သူ လေ့ကျင့်ရမည်ဖြစ်သည်။ ဝတ်ရုံနက်တစ်ယောက်ရေကန်ထဲမှထွက်လာမှာ သာသူက ဝင်ရောက်ရန်သွားရမည်ဖြစ်သည်။
သေခြင်းနတ်ဘုရားရဲ့ကျိန်စာအသံအား ကြားရသူကား ယင်ယန်ရေကန်အတွင်း၌ သူ၏ခန္ဓာကိုယ်ကို မသန့်စင်ခဲ့လျှင် အနာဂတ်၌ထိုမွန်းစတားက သူ့အား ရှာတွေ့လိမ့်မည်ဟု အဘွားအိုက ပြောခဲ့သည်ဖြစ်၏။
…………………………………………………………
“ဟမ်..နတ်ဆိုးသုတ်သင်ခြင်းမိုးကြိုးနက်လား. အစစ်အမှန်မိုးကြိုးနတ်ဆိုးနတ်ဘုရားလား”
မှိုင်းညို့နေသော ကောင်းကင်ယံအတွင်း၌ အရပ်ပုသောပုံရိပ်တစ်ခု တင်ပျဉ်ခွေထိုင်ပြီး မျောလွင့်ရပ်တည်နေသည်။ သူ၏အောက်ဘက်သိပ်မဝေးသောနေရာမှ စွမ်းအားအတက်အကျလှိုင်းတို့အားအာရုံခံမိသောအခါတွင် စွမ်းအားရုတ်ခြည်းသူ့ကိုဆွဲဆောင်သွားသည်။ သူကခေါင်းလှည့်လိုက်ပြီးတီးတိုးရေရွတ်လိုက်၏။
“သူ့ရဲ့ နတ်ဆိုးနတ်ဘုရားအစစ်အမှန်မိုးကြိုးကအရမ်း ကျွမ်းကျင်မှုမရှိသေးတဲ့ပုံပဲ.. သူဒါကိုစပြီးလေ့ကျင့်နေတာပဲဖြစ်ရမယ်..ဒီနေရာကိုဝင်လာပြီးတဲ့နောက် သူ့ကို နတ်ဆိုးနတ်ဘုရားအစစ်အမှန်မိုးကြိုးကိုသင်ပေးတဲ့သူနဲ့ဆုံခဲ့ပုံပဲ”
“နှစ်ပေါင်းများစွာကြာပြီးတာတောင် ..သူကမမေ့နိုင်သေးပါလား”
အဘွားအိုက စကားပြောလိုက်သကဲ့သို့ စိတ်ခံစားချက်အချို့ဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။
“ဟ”
နွယ်ပင်များဖုံးလွှမ်းနေသည့်မှိုင်းညို့အုံ့ဆိုင်းနေ သောနယ်မြေတွင် အနက်ရောင်မိုးကြိုးတို့အဖြစ်ပြောင်းလဲထားသော ရှစ်ဖုန့်က ရုတ်ခြည်းမိုးထစ်ချုန်းသကဲ့သို့ကြုံးဝါးလိုက်သည်။
ချက်ချင်းပဲ သူ၏ကိုယ်ပေါ်မှ အနက်ရောင်မိုးကြိုးများက အရပ်မျက်နှာအနှံ့သို့ အထိန်းအကွပ်မဲ့စွာ ပေါက်ကွဲပျံ့နှံ့သွားသည်။
“ဝုန်း.ဝုန်း.ဝုန်း.ဝုန်း..ဝုန်း”
မိုးထစ်ချုန်းသံများက ဆက်တိုက်ပေါက်ကွဲထွက်ပေါ်နေသည်။ ကောင်းကင်ဘုံကိုးခုလှုတ်ခတ်မိုးကြိုးအသံက စုစုပေါင်းကိုးကြိမ်တိတိဖြစ်သည်။
မိုးကြိုးပစ်ချက်တစ်ချက်စီတိုင်းက ယခင်တစ်ခုထက်ပိုအားကောင်း၏။ ဤမိုးကြိုးပစ်ချက်တစ်ခုစီနှင့်အတူ အရှိန်အဟုန်ပြင်းစွာသောင်းကျန်းနေသောအနက် ရောင်မိုးကြိုးတန်းများက ပို၍ပြင်းထန်လာသည်။
အရှိန်အဟုန်ပြင်းထန်သောအနက်ရောင်မိုးကြိုးတန်းများအောက်တွင် ပတ်ဝန်းကျင်ရှိ စပါးအုံးကဲ့သို့ သောနွယ်ပင်များမှာ အပိုင်းပိုင်းချေမွခံလိုက်ရသည်။
ရှစ်ဖုန့်အသုံးပြုသောနတ်ဘုရားတစ်ပိုင်းနယ်ပယ်တိုက်ခိုက်ရေးနည်းစနစ်က နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးအတွက် အထူးဖန်တီးထားပုံရသည်။ ၎င်းက ရှစ်ဖုန့်၏ကိုယ်အတွင်းမှနတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးအားအားအကောင်းဆုံးအခြေအနေဖြင့်ဆင့်ခေါ်သည်ဖြစ်သည်။
ထိုထက်ပိုသည်ကား မိုးကြိုးဥပဒေသကကို ကိုယ်စားပြုသော ရှေးဟောင်းစာလုံးက အရှိန်အဟုန်ပြင်းထန်သောအနက်ရောင်မိုးကြိုးတို့အတွင်း၌ပေါ်လာပြီး ကောင်းကင်ဘုံကိုးခု လှုတ်ခတ်မိုးကြိုးအားပို၍ပင်ပြင်းထန်လာစေ၏။
“ဟ”
ဤအချိန်တွင်ရှစ်ဖုန့်ကနောက်ထပ်ကြုံးဝါးလိုက်သည်။ ရှစ်ဖုန့်၏ကြုံးဝါးသံအောက်တွင် အရှိန်အဟုန်ပြင်းထန်သောအနက်ရောင်မိုးကြိုးတို့က ရုတ်ခြည်းမှေးမှိန်ပျောက်ကွယ်သွားသည်။
အနက်ရောင်မိုးကြိုးတို့အောက်သို့ရောက်ရှိသွား သောခန္ဓာကိုယ်ကပြန်ပြီးထွက်ပေါ်လာ၏။
ဤအခိုက်အတန့်တွင် ကောင်းကင်ဘုံကိုးခုလှုတ်ခတ်မိုးကြိုး၏ စွမ်းအားအားအာရုံခံမိသောကြောင့် ရှစ်ဖုန့်၏မျက်နှာထက်၌ ပျော်ရွှင်မှုတို့ဖြင့်ပြည့်နှက်နေသည်။
“နတ်ဆိုးနတ်ဘုရားရဲ့အစစ်အမှန်မိုးကြိုး ကောင်းကင်ဘုံကိုးခုလှုတ်ခတ်မိုးကြိုးပစ်ချက်… ဒီတိုက်ခိုက်ရေးနည်းစနစ်ရယ်မိုးကြိုးနိယာမကို ကိုယ်စားပြုတဲ့ ရှေးဟောင်းစာလုံးရယ်နဲ့ဆို ငါ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်က အရင်ထက်ပိုပြီးအားကောင်းလာတယ်”
“အရမ်းကောင်းတယ်.ခုဏကလိုမျိုးမင်းသာစွမ်း အားအပြည့်အဝသုံးခဲ့ရင် ငါတောင်မှမင်းကိုကြောက်ရတယ်”
ဤအခိုက်အတန့်တွင် ရှစ်ဖုန့်၏နောက်မှ အိုမင်းအက်ရှသောအသံတစ်ခုက ရုတ်ခြည်းထွက်ပေါ်လာသည်။
ရှစ်ဖုန့်ကခေါင်းမော့ပြီးကြည့်လိုက်သည်။၎င်းကဝတ်ရုံနက်ဖြစ်၏။
ယခုသူမကရေကန်အတွင်းမှထွက်လာသည်ဖြစ်သည်၊။ ယင်ယန်စမ်းရေကန်အတွင်းနေခဲ့ပြီးနောက် သူမ၏ဒဏ်ရာများအားပြန်လည်ကုသပြီးသည့်ပုံ ပေါ်၏။
“မင်းအဆင်ပြေရဲ့လား”
ရှစ်ဖုန့်ကသူမကိုမေးလိုက်သည်။
“အင်း.ငါအခုဆင်ပြေတယ်..ဒီကန်ထဲကစမ်းရေက တကယ့်ကိုထူးခြားအံ့ဖွယ်ပဲ”
ဝတ်ရုံနက်က ခေါင်းညိမ့်ပြီးပြန်ဖြေ၏။
ဝတ်ရုံနက်၏စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်က အနည်းငယ်ခေါင်းညိမ့်လိုက်သည်။ ထို့နောက်သူကသူမကိုပြောလိုက်၏။
“တို့တွေတောအုပ်ထဲကနေလွတ်လာနိုင်တာက ဆန်းကြယ်တဲ့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးပေါ်လာခဲ့လို့ပဲ. သူမကမင်းနဲ့တစ်ခုခုသက်ဆိုင်မှုရှိတယ်လို့ပြောတယ်”
“ငါနဲ့တစ်ခုခုသက်ဆိုင်တာလား”
ရှစ်ဖုန့်၏စကားတို့အားကြားရသောအခါ ဝတ်ရုံနက် အနည်းငယ်အံ့အားသင့်သွားသည်။
“အင်း”
ရှစ်ဖုန့်ကထပ်မံခေါင်းညိမ့်ပြီးတုန့်ပြန်လိုက်သည်။ ထို့နောက်သူက ထပ်ပြောလိုက်၏။
“အဲ့တာထက်. သူကဒီရှေးဟောင်းအပျက်အစီးနယ်မြေထဲမှာနေ တာ နှစ်ပေါင်းတောင်တော်ကြာနေပြီလို့ထင်တယ်.. မင်းနိုးလာတဲ့အခါကြရင် သူ့ကိုလာရှာဖို့ ဒီသခင်လေးကို ပြောခဲ့တယ်”
ဆက်ရန်……….
ဘာသာပြန်သူ-ARISE