အခန်း (၉၉၈)
Vol. 67 Ch. 998
“မင်းကငါ့ကို သူ့ကိုရှာစေချင်တာလား.. သူကဘယ်မှာလဲ”
ဝတ်ရုံနက်မှာ ရှစ်ဖုန့်၏ ဆန်းကြယ်သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးဟုပြောသည်ကိုကြားရ ပြီး သူမက သူ့အားလာရှာဟုပြောခဲ့သည်ကိုကြားရသောအခါတွင် မရေမရာဖြစ်သောလေသံတစ်ခုနှင့် မေးလိုက်သည်။
ရှစ်ဖုန့်ကပြောလိုက်သည်။
“မင်းကိုရေကန်ထဲခေါ်လာပြီးတဲ့နောက်သူထွက်ခွာသွားပေမဲ့ ဒီနယ်မြေထဲမှာပဲရှိလောက်တယ်…ဒီနေရာကအရာအားလုံးကို သူအာရုံခံနိုင်လောက်တယ်.. မင်းသာသူ့ကိုသွားရှာရင် သူပေါ်လာလောက်တယ်”
“ငါသိပြီ. ငါသွားပြီးတွေ့လိုက်မယ်”
ဝတ်ရုံနက်မှာရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်ကိုခေါင်းညိမ့်ပြလိုက်သည်။ ထို့နောက် ရှစ်ဖုန့်၏ရှေ့၌ဖျက်ခနဲပျောက်ကွယ်သွားသည်။
“ယင်ယန်စမ်းရေ”
ဝတ်ရုံနက်ထွက်ခွာသွားပြီးနောက် ရှစ်ဖုန့်က အကွာအဝေးတစ်ခုသို့အကြည့်ကိုထပ်မံပြောင်းလိုက်သည်။ သူကရေကန်ထံသို့ကြည့်လိုက်၏။
ရှစ်ဖုန့်မှာ ဤရေကန်အတွင်းမှ ယင်ယန်စမ်းရေအားအသုံးပြချင်နေသည်မှာ ကြာပြီဖြစ်သည်။
အဘွားအိုကာသူမနှင့်ဝတ်ရုံနက်တို့ကြား၌ ဆက်နွယ်မှုအချို့ရှိသည်ဟုပြောခဲ့သည်ဖြစ်သော ကြောင့် သူနှင့်ဝတ်ရုံနက်ကလည်း သေခြင်းရှင်ခြင်းအခြေအနေများစွာကို အတူတူကျော်ဖြတ်ခဲ့ကြသည်ဖြစ်ရာ သူ၏ခန္ဓကိုယ်အားသန့်စင်ခြင်းအပြင်ယင်ယန်စမ်းရေအားအသုံးပြုခြင်းက သူ့အတွက်ပြဿနာတစ်ခုတော့မဖြစ်နိုင်လောက် ပေ။
ရှစ်ဖုန့်ကစိတ်ထဲမှတွေးလိုက်သည်။ရုတ်ခြည်းသူ၏ပုံရိပ်က ဖျက်ခနဲဖြစ်သွားကာ မြင်ကွင်းမှပျောက်ကွယ်သွားသည်။
ရှစ်ဖုန့်ပြန်ပေါ်လာသောအခါတွင် ရေကန်၏အထက်၌ဝဲပျံနေပြီးဖြစ်ကာ အောက်ဘက်မှယင်ယန်စမ်းရေအား အာရုံခံနေ၏။
ထို့နောက်ရှစ်ဖုန့်၏ပုံရိပ်က ယင်ယန်စမ်းရေအတွင်းသို့ ဖြည်းညှင်းစွာဆင်းသက်လိုက်သည်။
ရုတ်ခြည်းလွန်စွာအေးစက်သောယင်နှင့်လွန်စွာပူ သောယန်တို့က သူ၏ခန္ဓာကိုယ်အားတိုက်ခိုက်လာသည်။ သို့သော် ယင်နှင့်ယန်စွမ်းအားတို့က မကြာခင်ထိပ်တိုက်တွေ့ဆုံပြီး မျှခြေတစ်ခုကိုဖန်တီးလိုက်၏။ ထို့နောက်၎င်းတို့ကရှစ်ဖုန့်ခန္ဓာကိုယ်အားစတင်သန့်စင်နေသည်။
သို့သော်ရှစ်ဖုန့်အနေဖြင့် ယင်ယန်စမ်းရေအတွင်းသို့ဝင်ရောက်ပြီးနောက်သူ၏ခန္ဓာကိုယ်အားသန့်စင်ခြင်းကိုသာမပြုလုပ်လိုခဲ့ ပေ။
ငရဲဘုံကိုးခု ပညာရပ်အား တိတ်တဆိတ်စတင်အဆက်မပြတ်လှည့်ပတ်လိုက်၏။ ရှစ်ဖုန့်၏ခန္ဓာကိုယ်ပေါ်မှ ချွေးပေါက်များအားလုံးပွင့်သွားပြီး ယင်ယန်စမ်းရေကိုစုပ်ယူလိုက်သည်။
ရှစ်ဖုန့်၏ရင်ဘက်သို့မရောက်သောယင်ယန်စမ်းရေက ရုတ်ခြည်း ရှစ်ဖုန့်၏ချက်အထိကျဆင်းသွားသည်။
သန့်စင်သောယင်ယန်စမ်းရေမှသန့်စင်သောယင်နှင့်ယန်စွမ်းအင်တို့အား သူ၏ခန္ဓာကိုယ်အတွင်းသို့စုပ်ယူနေ၏။ ရှစ်ဖုန့်က၎င်းအား လိုသလိုထိန်းချုပ်ပြီး သုံးပုံတစ်ပုံပိုင်းခြားလိုက်သည်။
တစ်ပုံအားသူ၏ဝိညာဉ်ကို အားဖြည့်ရန်အတွက်သူ၏မျက်ခုံးနှစ်ခုကြားသို့စီးဆင်းစေလိုက်သည်။
တစ်ပုံကိုကား သူ၏ကာယခန္ဓာကိုယ်အတွက် အသွေးအသားအရိုးနှင့် ကိုယ်တွင်းအင်္ဂါများထံသို့စပ်ယူလိုက်၏။
နောက်ဆုံးအပုံအား သူ၏ဒန်တန်နှင့်ပေါင်းစပ်ထားသော ကောင်းကင်မီးတောက်ထံသို့စီးဆင်းစေလိုက်သည်။
သူ၏ခန္ဓာကိုယ်အတွင်းမှ နူးညံ့ညင်သာပြီးသန့်စင်သော ယင်နှင့်ယန်စွမ်းအင်ကိုခံစားရင်း ဖော်ပြ၍မရနိုင်လောက်သော သက်တောင့်သက်သာရှိသည့်ခံစားချက်နှင့် ခေါင်းအစခြေအဆုံးသာမက ဝိညာဉ်ထိတိုင်နွေးထွေးသောခံစားချက်တို့ကို ရှစ်ဖုန့်ခံစားလိုက်ရသည်။
ယင်းက အေးစက်သောနေ့တစ်နေ့၌ ရေပူစမ်းတစ်ခုအတွင်း စိမ်ရသည်ထက် အဆတစ်ရာပိုမိုကောင်းမွန်သည်ဖြစ်သည်။
ကောင်းကင်သူတော်စင်မီးတောက်အတွင်းတွင် စွမ်းအင်က အနည်းငယ်မျှသောကွာဟချက်ဖြင့် ရုတ်ခြည်းတိုးပွားလာသည်။
၎င်းကနည်းပါးသည့်ပမာဏတစ်ခုဟုဆိုရမည်ဖြစ် သော်လည်း ယင်ယန်စွမ်းအင်၏သုံးပုံတစ်ပုံကိုစုပ်ယူခြင်းက ရှစ်ဖုန့်အတွက် နတ်ဘုရားတစ်ပိုင်းနယ်ပယ်အစွမ်းထက်ပုဂ္ဂိုလ်ဆယ်ယောက်အားသတ်ကာ ၎င်းတို့၏ သေခြင်းစွမ်းအင်နှင့်သွေးတို့အားဝါးမျိုသည်နှင့်ညီ မျှသည်ဖြစ်သည်။
သုံးပုံမှအခြားသောတစ်ပုံ၏ယင်ယန်စွမ်းအင်မှာ ရှစ်ဖုန့်ဝိညာဉ်စွမ်းအား၏စုပ်ယူမှုကိုဖြည်းဖြည်း ချင်းခံနေရသည်။ သိပ်မကြာခင်ကမှကြယ်ခုနှစ်ပွင့်ဧကရာဇ်နယ်ပယ်သို့ရောက်ရှိခဲ့သောသူ၏ ဝိညာဉ်က ယခုအခါ၌ အဆင့်ချိုးဖျက်လုနီးပါးသို့ရောက်နေပြီဖြစ်သည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။
ယင်ယန်စမ်းရေမှ သန့်စင်သောယင်နှင့်ယန်စွမ်းအင်က တကယ့်ကို ထူးခြားအံ့ဖွယ်ပင်ဖြစ်သည်။
ရှစ်ဖုန့်၏အထွတ်အထိပ်ကြယ်ကိုးပွင့်နယ်ပယ်သို့ ရောက်ရှိနေခဲ့သည့် ငရဲဘုံကိုးခု မသေမျိုးခန္ဓာကိုယ်၌ ချက်ချင်းအဖြူရောင်ကိုကိုယ်စားပြုသော အလင်းတစ်ခုလင်းလက်တောက်ပလာသည်။ ရှစ်ဖုန့်၏ခန္ဓာကိုယ်မှ နှိုင်းယှဉ်၍မရနိုင်လောက်အောင်ရဲရင့်ပြတ်သား သောအော်ရာက ရုတ်ခြည်း နိုးထလာသည်။
ယင်ယန်စမ်းရေနှင့်သန့်စင်ကာစွမ်းအားတိုးပွားလာပြီးနောက် ကြယ်ကိုးပွင့် ဧကရာဇ်နယ်ပယ်သို့ ရောက်နေသည်မှာ ကြာမြင့်နေခဲ့ပြီဖြစ်သည့်သူ၏ ကာယခန္ဓာကိုယ်က တကယ်ပဲသဘာဝအတိုင်းအဆင့်ချိုးဖျက်သွားသည်ဖြစ်၏။
သိုင်းနယ်ပယ်လမ်းစဉ်ကဲ့သို့ပင် နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ ဝင်ရောက်သွားခြင်းဖြစ်သည်။
“ဟူး.ဟူး..ဟူး..ဟူး..ဟူး..”
ရုတ်ခြည်းတစ်ဝှီဝှီမြည်သောအသံတို့ထွက်ပေါ်လာ ပြီး လေပြင်းများက ကောင်းကင်အားဖြတ်သန်းတိုက်ခတ်လာသည်။
ကောင်းကင်ထဲ၌ ရင်းနီးကျွမ်းဝင်မှုရှိသော လွန်စွာကြီးမားသည့်အနက်ရောင်ဝဲကြီးတစ်ခု ပေါ်လာသည်။ ကောင်းကင်နှင့်မြေပြင်ကြားထဲတွင် ရာသီဥတုက နောက်တစ်ကြိမ်ပြောင်းလဲလာပြန်၏။
အကွာအဝေးတစ်ခုအတွင်း မြေပြင်၏အထက်လေထုအတွင်းသုံးမီတာအမြင့် ရှိသောနေရာ၌ ပုံရိပ်နှစ်ခုက မျောလွင့်ရပ်တည်နေသည်။ ၎င်းတို့ကဝတ်ရုံနက်နှင့်အဘွားအိုတို့ဖြစ်ကြသည်။
ဤအခိုက်အတန့်တွင် ဆန်းကြယ်ပြီးစွမ်းအားကြီးမားသော အဘွားအို၏ အိုမင်းသောမျက်နှာထက်၌ရုတ်ခြည်းပြောင်းလဲမှုတစ်ခုဖြစ်ပေါ်သွားသည်။ သူမကခေါင်းမော့ကာ ကောင်းကင်ထဲသို့ကြည့်လိုက်ပြီး အံ့အားသင့်စွာပြောဆိုလိုက်၏။
“ဒါက”
“အဘွား ဇူး..ဘာဖြစ်လို့လဲ”
ဝတ်ရုံနက်မှာအဘွားအို၏ အရွယ်ရနေသောမျက်နှာထက်မှာ ပြောင်းလဲမှုများအား အာရုံခံမိသောအခါတွင် စိတ်ရှုပ်ထွေးစွာဖြင့်မေးလိုက်သည်။
သို့သော်ဤအကြိမ်ဝတ်ရုံနက်စကားပြောဆိုသောအသံက အဘိုးအိုတစ်ဦး၏အသံမှုတ်ပေ။ ယင်းကြည်လင်သော မိန်းမငယ်လေးတစ်ဦး၏အသံဖြစ်ပြီး ငွေရောင်ခေါင်းလောင်းသံလေးကဲ့သို့သာယာလှသည်ဖြစ်သည်။
ထို့နောက် ဝတ်ရုံနက် အဘွားအိုနောက်သို့လိုက်ပါပြီး အမည်းရောင်ခေါင်းစွပ်အောက်မှခေါင်းကိုလှည့်ကာ ကောင်းကင်ထဲသို့ကြည့်လိုက်သည်။
“ဒါက”
ဝတ်ရုံနက်မှာကောင်းကင်ထဲမှလေပြင်းများကိုအာရုံခံမိပြီး ကောင်းကင်ထဲ၌ပေါ်လာသည့် လွန်စွာကြီးမားသော အနက်ရောင်ဝဲကြီးအားတွေ့လိုက်ရသည့်အခါတွင် သူမကအံ့အားသင့်စွာပြောလိုက်သည်။ ထို့နောက် သူမက အံ့အားသင့်စွာပြောလိုက်သည်။
“နတ်ဆိုးသုတ်သင်ခြင်း အနက်ရောင်မိုးကြိုး ဒီကောင်စုတ်က ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကိုရောက်သွားပြီး ကောင်းကင်ဘုံမိုးကြိုးကပ်ဘေးကို သက်ဆင်းစေတာလား”
ထို့နောက်အဘွားအိုက ဖြည်းညှင်းစွာခေါင်းငုံ့လိုက်ပြီး ရှစ်ဖုန့်ရှိရာဘက်သို့ကြည့်လိုက်သည်။
“ဒီကောင်စုတ်လေးက သိုင်းနယ်ပယ်…ကာယခန္ဓာကိုယ်နဲ့ ဝိညာဉ်ကိုပါတစ်ချိန်တည်းကျင့်ကြံတာ အခု သူ့ရဲ့ကာယခန္ဓာကိုယ်က နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကိုရောက်သွားတော့ နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးကို လှုံ့ဆော်နိုင်စွမ်းရှိလာတာပဲ”
“သမီးသိပြီ”
ဝတ်ရုံနက်ကခေါင်းညိမ့်ပြီးတုန့်ပြန်လိုက်သည်။ ထို့နောက် သူမက ငုံ့လိုက်ပြီး ထိုလူရှိရာဘက်သို့ကြည့်လိုက်သည်။
“ဝုန်း”
ဤအခိုက်အတန့်တွင် ကောင်းကင်ထဲမှပြင်းထန်သောမိုးခြိမ်းသံတစ်ခုထွက်ပေါ်လာသည်။ ထို့နောက် ကမ္ဘာကြီးအား ဖျက်ဆီးပစ်နိုင်စွမ်းရှိပုံရသော အနက်ရောင်မိုးကြိုးတန်းတစ်ခုက ဧရာမအနက်ရောင်ဝဲကြီးထံမှ သက်ဆင်းလာသည်။ ယင်းမှာ ဧရာမအနက်ရောင်နဂါးကြီးတစ်ကောင်က တစ်ရှိန်ထိုးထိုးဆင်းလာသကဲ့သို့ဖြစ်သည်။
ကောင်းကင်ထဲမှအနက်ရောင်မိုးကြိုးနှင့်ပက်သက်၍ ရှစ်ဖုန့်မှာအံ့အားသင့်ခြင်းမရှိပေ။ သူ၏ကောင်းကင်ဘုံကိုဆန့်ကျင်သောခန္ဓာကိုယ်ကနတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ရောက်ရှိသွားပြီဖြစ်သည်။ ထို့ကြောင့်မိုးကြိုးကပ်ဘေးအားသက်ဆင်းစေခြင်းက သဘာဝသာဖြစ်သည်။ သို့သော်ယင်းက ယခင်ကကဲ့သို့ နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးဖြစ်နေလိမ့်မည်ဟုတော့ သူမမျှော်လင့်ထားခဲ့ပေ။
“ဟားဟား..အရမ်းကောင်းတယ်”
သက်ဆင်းလာသောနတ်ဆိုးသုတ်သင်ခြင်းအနက် ရောင်မိုးကြိုးအားရင်ဆိုင်ရင်းရှစ်ဖုန့်က အနည်းငယ်မျှပင်ကြောက်ရွံ့မနေချေ။ ထိုအစားသူက ရယ်မောလိုက်သည်။
ဤနတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုး၏စွမ်းအားက ယခင်ကဲ့သို့အတူတူပင်ဖြစ်သည်။ ယခင်အကြိမ်က သူ့အနေဖြင့်၎င်းကိုတားဆီးနိုင်ခဲ့၏။ ယခု သိုင်းနယ်ပယ်ဖြစ်စေ ကာယခန္ဓာကိုယ်ဖြစ်စေ ဘာဖြစ်ဖြစ် ယခင်အကြိမ်ကထက်များစွာပိုသန်မာအားကောင်းလာပြီဖြစ်၏။
၎င်းအားတားဆီးရန်ကသူ့အတွက် ကိတ်မုန့်တစ်ခုစားသည်ထက်ပင်လွယ်ကူသည်ဖြစ်သည်။
ထိုထက်ပိုသည်ကား ယခင်အကြိမ်က နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးဖြင့်သန့်စင်ခံရပြီးသည့်နောက် သူ၏ကာယခန္ဓာကိုယ်ကများစွာသန်မာလာခဲ့သည်သာမက သူ၏ခန္ဓာကိုယ်အတွင်း၌ မသေမျိုးသွေးစက်ကို နှစ်စက်အထိစုဆောင်းနိုင်ခဲ့ပြီး အနက်ရာင်မိုးကြိုးလျှပ်စီးကလည်းသူ၏ထိန်းချုပ်မှုအောက်သို့လုံးဝကျရောက်သွားခဲ့သည်ဖြစ်သည်။
အခွင့်အရေးရစွာဖြင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ် တိုက်ခိုက်ရေးနည်းစနစ်ဖြစ်သော ကောင်းကင်ဘုံကိုးခု လှုတ်ခတ်မိုးကြိုးကိုလည်း သူရရှိခဲ့သည်။ ဤအရာအားလုံက ယခင်အကြိမ်က နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးကြောင့် ဖြစ်လာခဲ့ခြင်းဖြစ်၏။
“လာစမ်းပါ”
ရှစ်ဖုန့်ကကောင်းကင်ထဲသို့မော့ကြည့်လိုက်ပြီ ဆက်လက်ဟက်ဟက်ပက်ပက်ရယ်မောနေခဲ့သည်။ ယင်ယန်စမ်းရေကန်အတွင်း၌ရှိနေသော သူ၏ခန္ဓာကိုယ်ကအနက်ရောင်မိုးကြိုးလျှပ်စီးနှင့်တွေ့ဆုံရန် အပေါ်သို့တစ်ဟုန်ထိုးထိုးတက်သွား၏။
အောက်ဘက်ရှိရေကန်အတွင်း၌ ယင်ယန်စမ်းရေတော်တော်များများရှိနေသေးသည် ဖြစ်သည်။ ရှစ်ဖုန့်အနေဖြင့် နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်ကြိုးကြောင့် မပျက်စီးသွားစေလိုပေ။ သူ၏ကာယခန္ဓာကိုယ်အားအသုံးပြုကာ ၎င်းအား လုံးဝတားဆီးလိုသည်ဖြစ်သည်။
အားလုံးထက် ယင်ယန်စမ်းရေက ဆန်းကြယ်ပြီးစွမ်းအားကြီးမားသော အဘွားအိုနှင့်သက်ဆိုင်သည့်အရာဖြစ်သည်။ အကယ်၍ သူ့ကြောင့်သာပျက်စီးသွားခဲ့လျှင် အဘွားအိုဒေါသထွက်လိမ့်မည်ဖြစ်၏။
အကယ်၍သူမဒေါသထွက်သွားခဲ့လျှင် ရှစ်ဖုန့် ငရဲဘုံကိုးခု မသေမျိုးခန္ဓာကိုယ်က နတ်ဘုရားတစ်ပိုင်းနယ်ပယ်သို့ရောက်ရှိနေခဲ့ပြီး ကောင်းကင်ဘုံကိုးခု လှုတ်ခတ်မိုးကြိုးနှင့် ဖြည်းဖြည်းချင်းရင်းနီးလာခဲ့သည်ဆိုလျှင်တောင် ရှစ်ဖုန့်အနေဖြင့်သူတို့ကြားထဲမှကွာခြားချက်ကို သိရှိနားလည်ဆဲဖြစ်သည်။လောလောဆယ်တွင် သူ့အနေဖြင့်သူမ၏တစ်ချက်တည်းသောတိုက်ခိုက်မှုကိုပင်ခံယူနိုင်လိမ့်မည်မဟုတ်ပေ။
ထိုအဘွားအိုက တကယ်ကြီးနက်နဲလှသည်ဖြစ်သည်။
“အား”
ရုတ်ခြည်း ရှစ်ဖုန့်ကကောင်းကင်ထဲသို့မော့ကာအော်ဟစ်လိုက်ပြီး သူကိုယ်အား ဆင်းသက်လာသောအနက်ရောင်မိုးကြိးတို့နှင့်နီးကပ်အောင်ဆွဲယူလိုက်သည်။
ဆက်ရန်……..
ဘာသာပြန်သူ-ARISE