← Chapters

အခန်း (၉၉၉)

Vol. 67 Ch. 999

အခန်း (၉၉၉)

Vol. 67 Ch. 999

“ဝုန်း”

လွန်စွားကြီးမားသောအနက်ရောင်မိုးကြိုးတန်းကြီးက အပေါ်သို့ထိုးတက်လာသောရှစ်ဖုန့်နှင့် အနည်းငယ်ဝေးကွာနေဆဲဖြစ်ပြီး ရုတ်တရက် ၎င်းက လေထုအလယ်၌ပေါက်ကွဲသွားသည်။

နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးမှာ မမြင်နိုင်သောစွမ်းအားကြီးစွမ်းအားတစ်ခု၏ တားဆီးခြင်းကိုခံလိုက်ရပုံရပြီး ဆက်လက်ဆင်းသက်၍ ရှစ်ဖုန့်ဆီသို့ရောက်ရှိမလာနိုင်ဘဲဖြစ်နေသည်။

ရှစ်ဖုန့်သည်လည်း ရုတ်ခြည်းနာကျင်စွာဖြင့်အော်ဟစ်လိုက်သည်။ သူပေါ်သို့တက်လာချိန်တွင် ရုတ်ခြည်း မမြင်နိုင်သောစွမ်းအားကြီးစွမ်းအားတစ်ခု သူ့အားရိုက်ချလိုက်သလိုခံစားလိုက်ရကာ ပြင်းထန်စွာပြန်လည်ဆောင့်ကျလာသည်။

ဤစွမ်းအားမှာ ခြောက်ခြားဖွယ်ကောင်းသောတောအုပ်အတွင်း၌ သူ ထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားစဉ်သူ့အား အမှောင်ထုအတွင်း အကြိမ်ကြိမ်ထပ်တလဲလဲပြန်လည်တွန်းပို့ခဲ့သောစွမ်းအားနှင့်အတူတူပင်ဖြစ်သည်။

ယခု ထိုစွမ်းအားက ဆင်းသက်လာသောနတ်ဆိုးသုတ်သင်ခြင်းအနက် ရောင်မိုးကြိုးအား တားဆီးထားရုံသာမက သူ့ကိုလည်းနောက်တစ်ကြိမ်ပြန်လည်ရိုက်ချလိုက်သည်။

ကျယ်လောင်သော ဒုန်းခနဲမြည်သံနှင့်အတူ ထိုစွမ်းအားကြောင့်ရှစ်ဖုန့်တစ်ယောက် မြေပြင်ပေါ်သို့ပြင်းထန်စွာကျဆင်းလာသည်။ ရှစ်ဖုန့်ကကောင်းကင်ထဲသို့ထပ်မံမော့ကြည့်လိုက် ပြီး လေထုအလယ်၌ တားဆီးခံထားရသော နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးအားကြည့်ကာ အန်တုသည့်အသံဖြင့် အော်ဟစ်လိုက်သည်။

“မဟုတ်ဘူး”

ဤနတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးက သူ့ကဲ့သိုအန်တုသူအား ဖျက်ဆီးပစ်ရန် ကောင်းကင်ဘုံက ပစ်လွှတ်ခြင်းမျိုးဖြစ်ကာ အတိုင်းအဆမရှိသောအကျိုးကျေးဇူးများပါရှိသည် ဖြစ်သည်။ ဤအခွင့်အလမ်းမျိုးအား လွဲချော်ရခြင်းက စိတ်ကူး၍မရနိုင်လောက်သောဆုံးရှုံးမှုတစ်ခုပင်ဖြစ်၏။

နောက်ထပ်အခွင့်အလမ်းတစ်ခုလာမလာဆိုသည်ကားမည်သူသိနိုင်ပါအံ့နည်း။

“မဟုတ်ဘူး. ဒါကအခွင့်အရေးပဲ. ငါဒါကိုလွဲချော်လို့မရဘူး.. လုံးဝမရဘူး”

ရှစ်ဖုန့်ကထပ်မံကြုံးဝါးလိုက်ပြီး သူ၏ပုံရိပ်က ပေါ်သို့လေးညှို့မှပစ်လွှတ်သောမြှားတစ်စင်းလို့ ထိုးတက်သွားသည်။

အံ့ဩမှင်သက်ဖွယ်ကောင်းသောအမြန်နှုန်းဖြင့် အပေါ်သို့ထိုးတက်သွားသကဲ့သို့ ပြင်းထန်သောအနက်ရောင်မိုးကြိုးလျှပ်စီးတို့က သူ၏ခန္ဓာကိုယ်မှပေါက်ကွဲထွက်လာကာ သူ၏လက်ထဲ၌သွေးနီရောင်ဓားအလင်းတစ်ခုပေါ်လာပြီး သွေးသောက်ဓားထွက်ပေါ်လာကာဆုပ်ကိုင်ထားလိုက်သည်။

“ဟ.. ဟင်းလင်းပြင်သတ်ဖြင်ခြင်းဓား..ကောင်းကင်ဘုံ ကိုးခု လှုတ်ခတ်မိုးကြိုး”

ရှစ်ဖုန့်ကထပ်မံကြုံးဝါးလိုက်ပြီး သူ၏ဝန်းကျင်မှ အနက်ရောင်မိုးကြိုးလျှပ်စီးတို့က အပေါ်သို့ဝုန်းခနဲထိုးတက်သွားသည်။

သွေးသောက်ဓားကလည်းကောင်းကင်ကိုထိုးခွင်း ပြီး အလွန်ကြီးမားသောမီးတောက်ဓားတစ်လက်က ဟင်းလင်းပြင်ထဲ၌ပေါ်လာကာ ကောင်းကင်အားနှစ်ပိုင်းပိုင်းဖြတ်လိုက်သည်။

သို့သော် သွေးနီရောင်မီးတောက်ဓားကြီးက ရှေသို့အရှိန်အဟုန်ပြင်းစွာထိုးထုတ်လိုက်သည့်အခိုက်အတန့်တွင် ဆန်းကြယ်ပြီးမမြင်နိုင်သောစွမ်းအားကြီးစွမ်းအား အောက်၌ သဲလွန်စမကျန်အောင်ပျောက်ကွယ်သွားသည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။ ယင်းက ပင်လယ်ပြင်အတွင်းကျောက်တုံးကြီးနစ်မြုပ်သွားကဲ့သို့ဖြစ်၏။

ထိုအခိုက်အတန့်တွင် ထိုစွမ်းအားကိုချိုးဖျက်ပြီး နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးအားသက်ဆင်းလာစေနိုင်ရန်အတွက် သူ၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာသော အနက်ရောင်လျှပ်စီးမိုးကြိုးတို့က ဆက်လက်မြည်ဟိန်းနေပြီး တစ်လှိုင်းပြီးတစ်လှိုင်း တိုးပွားလာသည့် ပြင်းထန်စွမ်းအားကြီးမားသောစွမ်းအားတစ်ခုကိုသယ်ဆောင်ကာ အပေါ်သို့အဟုန်ပြင်းစွာဖြင့်တိုးဝှေ့တက်သွား၏။

အကွာအဝေးတစ်ခုအတွင်းရှိလေထုအလယ်၌ အရပ်တစ်မီတာသာမြင့်သောအဘွားအိုတစ်ဦးက ရှစ်ဖုန့်အပေါ်သို့အကြည့်တို့ကျရောက်နေဆဲဖြစ်သည်။ထိုစွမ်းအားကြီးမားပြီး မမြင်နိုင်သောစွမ်းအားအားရှစ်ဖုန့်က ခုခံတွန်းလှန်နေဆဲဖြစ်သည်ကိုတွေ့ရသောအခါ တွင် ခေါင်းကိုအနည်းငယ်ခါယမ်းပြီးပြောလိုက်သည်။

“ဒီကမ္ဘာမှာ ရှေးခေတ်နဂိုမူလစွမ်းအားရဲ့အကြွင်းအကျန်ကို ဆက်လက်ပိုင်ဆိုင်ထားတုံးပဲ..ဒီကလေးရဲ့စွမ်းအားနဲ့ ဒီရှေးခေတ်နဂိုမူလစွမ်းအားကို ချိုးဖျက်နိုင်ဖို့မဖြစ်နိုင်ဘူး”

“ရှေးခေတ်နဂိုမူလစွမ်းအား”

အဘွားအို၏စကားတို့အားကြားရသောအခါတွင် ဝတ်ရုံနက်မှာမိမိကိုယ်ကိုယ်မထိန်းချုပ်နိုင်ဘဲ အံ့အားသင့်စွာရေရွတ်ပြောဆိုမိသည်။

ဝတ်ရုံနက်အနေဖြင့် ရှေးခေတ်နဂိုမူလစွမ်းအားအား ရှေးဟောင်းစာလိပ်များ၌ မှတ်တမ်းထင်ထားသည်ကို တွေ့ဖူးသည်ဖြစ်သည်။ ၎င်းက ရှေးခေတ်အချိန်ကာလကတည်းက စွမ်းအားကြီးမားလွန်းလှသောစွမ်းအားတစ်ခုဖြစ် ပြီးအစစ်အမှန်နတ်ဘုရားတစ်ဦး၏စွမ်းအားနှင့်ပင်နှိုင်းယှဉ်နိုင်သည်ဖြစ်၏။

ဤကမ္ဘာ၌ထိုသို့သောစွမ်းအားမျိုးက ကျန်ရှိနေအုံးမည်ဟုသူလုံးဝမမျှော်လင့်ထားခဲ့ပေ။

“အမည်းရောင်တိမ်တိုက်ကြီး”

ထို့နောက်ဝတ်ရုံနက်က ကောင်းကင်ထဲသို့မော့ကြည့်လိုက်သောအခါတွင် ဧရာမဝဲကြီးနှင့်မဝေးသောနေရာ၌ ရှိနေသည့် လွန်စာထုထည်ကြီးမားလှသောအနက်ရောင်တိမ်တိုက်ကြီးကိုမြင်တွေ့လိုက်ရသည်။ ဤတိမ်တိုက်မှာယခင်က ရှစ်ဖုန့်၏နောက်သို့လိုက်ခဲ့ပြီး နတ်ဘုရားတစ်ပိုင်းနယ်ပယ်တိုက်ခိုက်ရေးပညာရပ်ကိုပင် ၎င်းအားသင်ကြားပေးခဲ့သည်ဖြစ်သည်။ အမည်းရောင်တိမ်တိုက်ကြီးအတွင်း လွန်စွာကြီးမားလှသော သွေးနီရောင် မျက်လုံးနှစ်လုံးက လင်းလက်တောက်ပနေဆဲဖြစ်သည်။

“ကြည့်ရတာသူက ဒီနယ်မြေအတွင်းမှာ နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးကျဆင်းလာတာကိုမြင်တော့ ထပ်ပြီး မထိန်းနိုင်တော့တဲ့ပုံပဲ”

အဘွားအို ဧရာမအမည်းရောင်တိမ်တိုက်ကြီး အားမြင်တွေ့ရသောအခါ၌ သွားပေါ်အောင်ပြုံးလိုက်သည်။

“အဘွား အဲ့တာကဘယ်သူလဲ”

အဘွားအို၏ပြောစကားအားကြားလိုက်ရသောအခါတွင် ဝတ်ရုံနက်က သာယာနာပျော်ဖွယ်ကောင်းသည့်ဆည်းလည်းသံကဲသို့အသံမျိုးဖြင့်မေးလိုက်သည်။

“အဲ့တာလား. သူက မသေမျိုးနတ်ဆိုးနဲ့ ရှင်းပြလို့မရနိုင်တဲ့ ဆက်နွယ်မှုရှိတယ်”

အဘွားအိုကပြောလိုက်သည်။

ထို့နောက် သူကထပ်ပြောသည်။

“အဲ့တာက အရင်တုန်းက နတ်ဆိုးနတ်ဘုရားရဲ့အစစ်အမှန်မိုးကြိုး ဖြစ်တဲ့ ကောင်းကင်ဘုံကိုးခုလှုတ်ခတ်မိုးကြိုးကို သင်ပေးခဲ့တာကြောင့်အခုလည်းသူကူညီလိမ့်မယ်.. အဲ့ရှေးခေတ်နဂိုမူလစွမ်းအားကို ချိုးဖျက်ဖို့အတွက်ငါသူနဲ့ပူးပေါင်းပြီးတော့ သူ့ရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးအုံးမယ်”

နောက်ဆုံးစကားအားပြောပြီးသည့်နောက်တွင် အဘွားအို၏ပုံရိပ်က ဖျက်ခနဲဖြစ်သွားပြီးနောက် ပျောက်ကွယ်သွား၏။

“မသေမျိုးနတ်ဆိုးလား”

အဘွားအိုထွက်ခွာသွားပြီးသည့်နောက် ဝတ်ရုံနက်မှာ အဘွားအိုအစောပိုင်းကပြောခဲ့သည့် မခေါ်ဝံ့သည့်နမည်အကြောင်းကို အသေအချာတွေးတောနေ၏။ သို့သော်မကြာခင် ဝတ်ရုံနက်မှာသဘောပေါက်သွားပြီး တီးတိုးရေရွတ်လိုက်သည်။

“မသေမျိုးနတ်ဆိုးတဲ့လား. မသေမျိုးနတ်ဆိုးနတ်ဘုရား. ဒီအမည်းရောင်တိမ်တိုက်ကြီးက တကယ်ပဲ ဒဏ္ဍာရီလာ စစ်မှန်တဲ့နတ်ဘုရားမသေမျိုးနတ်ဆိုးနတ်ဘုရားနဲ့ ဆက်နွယ်နေတာလား.”

ရှစ်ဖုန့်တစ်ယောက် နတ်ဆိုးနတ်ဘုရား အစစ်အမှန်မိုးကြိုးပညာရပ် ကောင်းကင်ဘုံကိုးခု လှုတ်ခတ်မိုးကြိုးကို ရခဲ့စဉ် ထိုထူးဆန်းသောအမည်းရောင်တိမ်တိုက်ကြီးက နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုး သို့မဟုတ် မသေမျိုးနတ်ဆိုးနတ်ဘုရားနှင့်ဆက်နွယ်နေလိမ့်မည်ဟု သူမအားပြောခဲ့၏။

ကောင်းကင်ထက်ရှိဧရာမဝဲကြီးက အလွန်ကြီးသည့်အနက်ရောင်မိုးကြိုးလျှပ်စီးတို့ကို ထုတ်လွှတ်နေသော်လည်း ၎င်းမှာစွမ်းအားကြီးမမြင်နိုင်သောစွမ်းအားတားဆီးမှုကိုခံထားရပြီး ပို၍ကျဆင်းလာနိုင်ခြင်းမရှိပေ။

ရှစ်ဖုန့်မှာစွမ်းအားကြီးတိုက်ခိုက်မှုများကိုဆက် လက်ထုတ်ဖော်နေသော်လည်း သူ၏တိုက်ခိုက်မှုများကမမြင်နိုင်သောစွမ်းအား ကြောင့်ဆက်လက်ဝုန်းခနဲပျက်စီးနေသည်။

ထိုစွမ်းအား၏ရိုက်နှက်ဖြိုလဲချမှုအားသူ၏ပုံရိပ်က ဘယ်နှစ်ကြိမ်ခံခဲ့ရသည်ကို ရေတွက်၍ပင်မရနိုင်တော့ပေ။

ဤအခိုက်အတန့်တွင် သူ့အနေဖြင့် နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးလျှပ်စီး ဖြင့် သန့်စင်ခြင်းကို အန်တုခြင်းမလုပ်နိုင်ရုံသာမက သူ၏နှလုံးသားထဲ၌လည်းမကျေနပ်ချက်များကတိုးမြင့်ပြည့်နှက်လာနေ၏။

ဤသို့သာဆက်သွားနေလျှင် အနက်ရောင်မိုးကြိုးလျှပ်စီးက ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး သူ၏ဤအကြိမ်အဆင့်တက်လှမ်းမှုကလည်းအ ချည်းနှီးဖြစ်သွားလိမ့်မည်ဖြစ်သည်။

“ကောင်လေး.နောက်ပြန်ဆုတ်..မင်းရဲ့စွမ်းအင်ကိုမ ဖြုန်းတီးနဲ့”

ထိုအချိန်တွင် အိုမင်းအက်ရှပြီးလေးနက်သောအသံတစ်ခုက ကမ္ဘာအတွင်းပဲ့တင်ထွက်ပေါ်လာသည်။ မကြာခင် ပုံရိပ်တစ်ခုက ရှစ်ဖုန့်နှင့်သိပ်မဝေးသော ဟင်းလင်းပြင်အတွင်း၌ ပေါ်လာ၏။၎င်းမှာ ဆန်းကြယ်ပြီးစွမ်းအားကြီးမားသောအမျိုးသမီးပင် ဖြစ်သည်။

“စီနီယာ”

ရှစ်ဖုန့်က ရောက်ရှိလာသော အဘွားအိုထံသို့ကြည့်၍ ခေါ်လိုက်သည်။

“ငါကြားဝင်စွတ်ဖက်ပြီး ဒီစွမ်းအားကိုချိုးဖျက်ပေးမယ် အဲ့တာမှ မင်းနတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးကို ကြုံတွေ့ခံစားလို့ရမှာ. မင်းအရင်ဆုံးနောက်ကိုဆုတ်လိုက်”

အဘွားအိုက ရှစ်ဖုန့်အားထပ်မံပြောလိုက်သည်။

“ကောင်းပါပြီ”

အဘွားအို၏ စကားတို့အားကြားသောအခါတွင် ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်သည်။

ဤစွမ်းအားကြီးမားသောအဘွားအိုက ထိုမမြင်နိုင်သည့်စွမ်းအားကြီးစွမ်းအားအားချိုးဖျက်နိုင်စွမ်း အမှန်တကယ်ရှိလိမ့်မည်ဖြစ်သည်။

သူဆက်ပြီးအဆက်မပြတ်တိုက်ခိုက်နေခဲ့လျှင်ပင် ယင်းက အကျိုးမရှိဆိုသည်ကို ရှစ်ဖုန့်သိပြီးဖြစ်၏။ ယခင်ကတည်းက သူမရပ်တန့်ခဲ့သည့်အကြောင်းပြချက်မှာ လက်သင့်မခံလိုသောကြောင့်ဖြစ်သည်။

ထို့နောက် ရှစ်ဖုန့်၏ ပုံရိပ်က ဖျက်ခနဲဖြစ်သွားပြီး အဘွားအိုရှိနေသာဟင်းလင်းပြင်မှထွက်ခွာသွား သည်။ သူပြန်ပေါ်လာသောအခါတွင် အောက်ဘက်ရှိမြေပြင်သို့ရောက်ရှိနေပြီးဖြစ်သည်။

အဘွားအိုကဟင်းလင်းပြင်ထဲ၌ တစ်ယောက်တည်းရပ်နေပြီး သူမ၏လက်ကိုနောက်ပစ်ထားကာ ကောင်းကင်ထဲသို့မော့ကြည့်လိုက်သည်။ အရပ်အမောင်းကပုသော်လည်းလူ့ဘီလူကြီးတစ် ကောင်ကဲ့သို့ အော်ရာမျိုးကို ထုတ်လွှတ်နေ၏။

ထို့နောက်အဘွားအို၏အကြည့်က အကွာအဝေးတစ်ခုအတွင်း၌ရှိနေသည့် ထူးဆန်းသောအမည်းရောင်တိမ်တိုက်ကြီးပေါ်သို့ကျရောက်သွားပြီး လေးနက်သောအသံဖြင့်ပြောလိုက်သည်။

“ငါတို့နှစ်ယောက်လုံးက ဒီကောင်လေးကိုကူညီဖို့ရည်ရွယ်ထားမှတော့ သူ့ကိုကူညီဖို့အတူတူပူးပေါင်းပြီးဒီရှေးဟောင်းနဂိုမူလစွမ်းကို ချိုးဖျက်ရအောင် ငါတို့လုပ်ကြမလား”

ယခုမှသာ ယခင်ကသူမြင်တွေ့ခဲ့ရသောထူးဆန်းသည့်အမည်းရောင်တိမ်တိုက်ကြီးက နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးတို့ကို ထုတ်လွှတ်နေသော အနက်ရောင်ဝဲကြီးမှအကွာအဝေးတစ်ခုနေရာ၌ ပေါ်လာသည်ကို ရှစ်ဖုန့်သဘောပေါက်လိုက်ခြင်းဖြစ်သည်။

“ကောင်းပြီ”

အမျိုးသမီးတစ်ဦး၏အသံက ရုတ်ခြည်းကုန်းမြေအားဖြတ်သန်းထွက်ပေါ်လာ သည်။ ထိုအသံကား မည်းမှောင်သောတိမ်တိုက်ကြီးထံမှလာခြင်းဖြစ် သည်ဟု ရှစ်ဖုန့်ကောင်းစွာပြောနိုင်၏။

“အထဲမှာအမျိုးသမီးတစ်ယောက်ပုန်းနေတာလား”

အဘွားအိုက ဤရှေးဟောင်းအပျက်အစီးနယ်မြေတွင်နေထိုင်ပြီး နောက်ထပ်အမျိုးသမီးတစ်ဦးက ထိုနေရာ၌နေထိုင်ကာ ရှစ်ဖုန့်အနေဖြင့်၎င်း၏ထူးဆန်းမှုကို ရှာမတွေ့နိုင်ခဲ့ပေ။

ဆက်ရန်…….

ဘာသာပြန်သူ-ARISE

All Chapters