← Chapters

အခန်း (၁၀၀၀)

Vol. 67 Ch. 1000

အခန်း (၁၀၀၀)

Vol. 67 Ch. 1000

ထူးဆန်းသောအမည်းရောင်တိမ်တိုက်ကြီးမှ အမျိုးသမီးတစ်ဦး၏အသံဖြင့် “ကောင်းပြီ” ဟု ပြန်ဖြေလိုက်သည်။ လေထုအလယ်တွင် အဘွားအိုက သူမ၏လက်ညှိုးကို ဆန့်ထုတ်လိုက်ပြီး သီးခြားကမ္ဘာငယ်ကောင်းကင်ထံသို့ ထိုးညွှန်လိုက်သည်။

လွန်စွာစွမ်းအားကြီးမားလှသောစွမ်းအားက အဘွားအို၏လက်ချောင်းထိပ်မှ ကောင်းကင်ထဲသို့ အဟုန်ပြင်းစွာစီးထွက်သွားသည်ကို ရှစ်ဖုန့်ချက်ချင်းအာရုံခံမိလိုက်သည်။

တစ်ချိန်တည်း၌ ကောင်းကင်ထဲရှိထူးဆန်းသောဧရာမအမည်းရောင်တိမ်တိုက်ကြီးကလည်း ရုတ်ခြည်းအမည်းရောင်ပါးစပ်ကြီးတစ်ခုကို ထုတ်ဖော်ပြသလာသည်။ ခရစ်စတယ်ကဲ့သို့ ဝင်းလက်တောက်ပပြီး တစ်ပိုင်းတစ်စကြည်လင်နေကာ ဧရာမရေနဂါးကြီးတစ်ကောင်က ဧရာမအမည်းရောင်ပါးစပ်ကြီးထံမှအန်ထုတ်လိုက်သည့်နှယ်ထွက်ပေါ်လာသည်။

ရေနဂါးကြီးပေါ်လာပြီးပြီးချင်း ယင်းမှာ ရှေးခေတ်နဂါးတစ်ကောင်အသက်ဝင်လာသကဲ့သို့ ဖြစ်လာ၏။ ၎င်း၏ပါးစပ်ကိုဖွင့်ဟပြီး ကြမ်းတမ်းရက်စက်သောနဂါးဟိန်းသံတစ်ခုထွက် ပေါ်လာကာ ဟင်းလင်းပြင်ကြီးတစ်ခုလုံးအားပြင်းထန်စွာတုန်ခါသွားစေ၏။

၎င်းကလွန်စွာစွမ်းအားကြီးမားလှသော နဂါးအော်ရာတစ်ခုကို ထုတ်လွှတ်နေသည်။

ထို့နောက် ဧရာမရေနဂါးကြီးက ပင်လယ်ထဲသို့ ပြန်မည့် ရှည်လျားသောနဂါးကြီးတစ်ကောင်ကဲ့သို့စတင်လှုပ်ရှားလာသည်။၎င်းက အစွယ်တို့ကိုထုတ်ပြပြီးလက်သည်းတို့ကိုဝင့်ကာ အလွန်အမင်းရန်လိုကြမ်းကြုတ်စွာဖြင့် အရှိန်အဟုန်ဖြင့်ထိုးဆင်းသွားသည်။

မျက်စီတစ်မှိတ်အတွင်း အဘွားအို၏လက်ချောင်းထိပ်မှ စွမ်းအားကြီးစွမ်းအား၊ ထိုးဆင်းလာသောရေနဂါးကြီးနှင့် အထက်မှကျဆင်းလာသော နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးတို့က တစ်ချိန်တည်းတွင်လေထုအလယ်၌ ထိပ်တိုက်တွေ့ဆုံပစ်ဆောင့်သွားသကဲ့သို့ထင်ရသည်။

ရှစ်ဖုန့်မှာ အောက်မှအထက်သို့မော့ကြည့်နေရင်းသူ၏နှလုံး သားထဲ၌ တုန်လှုပ်အံ့အားသင့်မှုတို့ဖြင့်ပြည့်နှက်နေ၏။ ဤလူနှစ်ယောက်က သေချာပေါက် မွန်းစတားများကြားထဲမှမွန်းစတားများဖြစ်ကြသည်။ ၎င်းတို့အနေဖြင့် တကယ်ကြီး ထိုကဲ့သို့ စွမ်းအားကြီးမားသောစွမ်းအားတစ်ခုကို ထုတ်ဖော်နိုင်ကြသည်ဖြစ်သည်။

အချိန်အကြာကြီးအသက်ရှင်နေထိုင်ခဲ့ကြသော ဤမွန်းစတားနှစ်ကောင်အနေဖြင့် မည်မျှအထိစွမ်းအားကြီးမားလာသနည်းဆိုသည် အားသူသိချင်မိ၏။

ကြယ်ငါးပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်လေ။ ကြယ်ခြောက်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်လော။ ကြယ်ခုနှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်လော။ ကြယ်ရှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်လော။သို့မဟုတ် ၎င်းတို့ထက်ပို၍ပင်မြင့်မားသည်လော။

ရှစ်ဖုန့်၏စိတ်ထဲ၌အတွေးများက ဖျက်ခနဲဖြစ်ပေါ်လာသည်။ထျန်းဟန်တိုက်ကြီး၌ သူယခင်ကနေထိုင်ခဲ့သော်လည်း ရေတွင်းအောက်ခြေမှ ဖားသူငယ်တစ်ကောင်သာဖြစ်ခဲ့သည်ဖြစ်၏။ ပြင်ပကမ္ဘာကြီးက မည်မျှကျယ်ပြောသည်ဆိုသည်အားသူမသိခဲ့ပေ။

“ဝုန်း”

မြေပြင်ကိုပင်ကွဲအက်သွားစေလောက်သည့် ပေါက်ကွဲသံတစ်ခုက ကောင်းကင်ထဲ၌ရုတ်ခြည်းထွက်ပေါ်လာ၏။ ထို့နောက် အဘွားအို၏အသံက အထက်မှထွက်ပေါ်လာသည်။

“ကောင်လေး..အပေါ်ကိုတက်သွားတော့. အထက်ကအရာရာကိုဆိတ်သုဉ်းပျက်စီးစေတဲ့စွမ်းအားထဲမှာ အပေါက်တစ်ခုပွင့်နေပြီးပြီ. ငါတို့ယာယီမင်းကို ထောက်ပံ့ပေးထားမယ်..ဒါဆိုရင် မင်းအောင်အောင်မြင်မြင်နဲ့ မိုးကြိုးအတိဒုက္ခကပ်ဘေးကို ဖြတ်ကျော်နိုင်လိမ့်မယ်”

အဘွားအို၏ စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်မှာအဘွားအို၏လက်ချောင်းထိပ်မှစွမ်းအားက ရေနဂါးနှင့်ထိပ်တိုက်တွေ့ဆုံသွားသောနေရာ၌ ပျောက်ကွယ်သွားသည်ကို ရုတ်ခြည်းအာရုံခံမိလိုက်၏။ ရေနဂါးမှာလည်းထောင်ပေါင်းများစွာသော ရေစက်များအဖြစ်သို့ပြောင်းလဲသွားပြီး ကမ္ဘာမြေအား အားဖြည့်ပေးမြည့်သကဲ့သို့ မြေပြင်ပေါ်ဖြန်းပက်ကျဆင်းလာသည်။

ဤအခိုက်အတန့်တွင် ပြင်းထန်သောအနက်ရောင်မိုးကြိုးလျှပ်စီးတို့မှာမည်သည့်စွမ်းအားကြီးစွမ်းအားတို့၏ တားဆီးခြင်းကိုမှထပ်မံမခံရတော့ပေ။

“ကျေးဇူးတင်ပါတယ် စီနီယာ”

ရှစ်ဖုန့်ကအဘွားအိုအားအလျှင်အမြန်ကျေးဇူးတင်စကားဆိုလိုက်သည်။ ထို့နောက် ကောင်းကင်ထဲမှထူးဆန်းသော အမည်းရောင်တိမ်တိုက်ကြီးကို ထပ်မံမော့ကြည့်လိုက်ပြီး ပြောလိုက်၏။

“ကူညီမှုအတွက်ကျေးဇူးတင်ပါတယ် စီနီယာ”

ရှစ်ဖုန့်၏အသံက ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ရိုက်ခတ်ပျံ့နှံ့သွား ပြီးဖြစ်သည်။ သို့သော် တစ်ချိန်တည်း၌ သူ၏ပုံရိပ်ကလည်းဖျက်ခနဲဖြစ်သွားပြီး ချက်ချင်းလက်ငင်းထိုနေရာ၌ပင်ပျောက်ကွယ်သွား၏။

ရှစ်ဖုန့်ပြန်ပေါ်လာချိန်တွင် နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုး၏အောက်သို့ရောက်ရှိနေပြီဖြစ်သည်။ သူ့အားထိမှန်တော့မည့်ဧရာမအနက်ရောင်မိုးကြိုးတန်းကြီးအားမော့ကြည့်ရင်း ရှစ်ဖုန့်ကအော်ပြောလိုက်သည်။

“လာစမ်းပါ. မင်းဒီသခင်လေးကိုဖျက်ဆီးပစ်ချင်တယ်ဆိုရင် ဆင်းလာပြီးတော့ ဒီသခင်လေးကိုဖျက်ဆီးစမ်း. မင်းပျောက်ကွယ်သွားမလားဒီသခင်လေးကပဲပျောက်ကွယ်သွားရမလားဆိုတာကိုကြည့်သေးတာပေါ့”

ရှစ်ဖုန့်မှာအော်ပြောနေသကဲ့သို့ သူ၏ပြင်းထန်သောလက်သီးကလည်း အပေါ်သို့ ပေါက်ကွဲလွင့်စင်ထွက်သွားသည်။

ဤအခိုက်အတန့်တွင် ထိန်းမနိုင်သိမ်းအရလောက်အောင် ကြမ်းတမ်းလှသောအနက်ရောင်မိုးကြိုးတို့က ရုတ်ခြည်း အမိန့်အာဏာကိုဖီဆန်ရဲသော ကောင်းကင်ဘုံအားဆန့်ကျင်နေသည့်လူကို ဝါးမျိုသွား၏။

“နောက်ဆုံးတော့ပြီးသွားပြီ”

အဝေးတစ်နေရာရှိကောင်းကင်ထဲ၌ ဝတ်ရုံနက်က ဟင်းလင်းပြင်အတွင်း တစ်ယောက်တည်းဝင့်ကြွားစွာရပ်နေပြီး ထိုလူအားဝါးမျိုသွားသော နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးအား ကြည့်၍ တိုးဖျော့ညင်သာစွာပြောလိုက်သည်။

ထို့နောက် သူက အနက်ရောင်မိုးကြိုးတို့နှင့် သိပ်မဝေးသောနေရာရှိနေသည့် အရပ်ပုပုပုံရိပ်အားကြည့်ရင်း ထပ်မံတီးတိုးရေရွတ်ပြောဆိုလိုက်သည်။

“သူမဒီကမ္ဘာထဲမှအသက်ရှင်လျက်ရှိနဲ့နေထိုင်နေ အုံးမယ်ဆိုတာကို ငါမမျှော်လင့်ထားခဲ့ဘူး”

ဒဏ္ဍာရီအရဆိုလျှင် ထိုအချိန်ကသူမအနေဖြင့်ကြယ်ခြောက်ပွင့် နတ်ဘုရားတစ်ပိုင်းနယ်ပယ်ရှိခဲ့သည်ဟုဆို၏။ ဤကဲ့သို့အချိန်များစွာကြာမြင့်ပြီးသည့်နောက် သူမအနေဖြင့်မည်သည့်နယ်ပယ်သို့ရောက်ရှိနေနိုင်ပါသနည်း။

“ကြည့်.အဲ့ကိုကြည့်လိုက်. အဲ့တာအနက်ရောင်မိုးကြိုးပဲ”

“အဲ့တာနတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးပဲ. အဲ့တာ တောင်ပေါ်နတ်ဆရာမျိုးနွယ်စုရဲ့ မသေမျိုးနတ်ဆိုးခန္ဓာကိုယ်ပဲ. သူထပ်ပြီးအဆင့်တက်ပြန်ပြီလား”

“ဆိုးသွမ်းလွန်းတဲ့ကောင်..ငါတို့သူ့ကို အသက်ရှင်ခွင့်ပြုလို့မရဘူး. မြန်မြန်သွားပြီး ပျက်စီးခြင်းကနေကယ်တင်နိုင်တဲ့အရာရှိနေမလားဆိုတာကိုသွားကြည့်ရအောင်”

တောအုပ်အတွင်းရှိအဝေးတစ်နေရာတွင် လူသားမျိုးနွယ်၏ပုံရိပ်ငါးဆယ့်နှစ်ခုက လေထုအလယ်၌မျောလွင့်ရပ်တည်နေပြီး အဝေးရှိညကောင်းကင်ယံထဲမှထူးဆန်းသော သဘာဝလွန်ဖြစ်ရပ်ဆန်းကို ကြည့်နေကြသည်။

မူလက ရှေးဟောင်းအပျက်အစီးနယ်မြေအတွင်းသို့ လူသားမျိုးနွယ်မှအစွမ်းထက်ပုဂ္ဂိုလ် ငါးရာခန့် ဝင်ရောက်ခဲ့ကြ၏။ အဆုံးသတ်တွင် သူတို့အနေဖြင့်အနက်ရောင်ရေလွှမ်းနဂါးနှင့်တိုက်ခိုက်ခဲ့ရပြီး အရိုးကုန်းမြေပေါ်မှ အဖြူရောင်အရိုးမွန်းစတားများနှင့် မမျှော်လင့်ပဲပက်ပင်းကြုံတွေ့ခဲ့ရသည်ဖြစ်သည်။ ရလဒ်အနေဖြင့် လွန်စွာကြီးအားသောသေကြေပျက်စီးမှုကို ကြုံတွေ့ခံစားခဲ့ရသည်။ မူလကငါးရာမှ လူငါးဆယ်သာကျန်ရစ်ခဲ့၏။

၎င်းတို့ထဲမှအများစုမှာ ဤရှေးဟောင်းအပျက်အစီးနယ်မြေအတွင်း အေးစက်သောအလောင်းများဖြစ်လာပြီးဖြစ်သည်။သို့သော် ထိုသို့ကြီးပဲလည်းဖြစ်နိုင်သည်တောမဟုတ်ချေ။ အလောင်းများမှာ ကြမ်းကြုတ်ရက်စက်သောနတ်ဆိုးသားရဲများ၏ စားသောက်ခံရခြင်း သို့မဟုတ် အပိုင်းပိုင်းဆွဲဖြဲခံရခြင်းတို့ကို ဖြစ်ပြီးဖြစ်နေလောက်သည်။

လူငါးဆယ့်နှစ်ယောက်၏ခေါင်းဆောင်ဖြစ်သူမှာ ကုန်းစွန်းမိသားစုမှတတိယသခင်လေးဖြစ်သူ ကုန်းစွန်းယွမ်ပင်ဖြစ်သည်။ ကုန်စွန်းယွမ်မှာ အနက်ရောင်ရေလွှမ်းနဂါး၏လက်မှ ထွက်ပြေးခဲ့သော်လည်း ရုတ်ခြည်းပြန်ပေါ်လာခဲ့သည်ဖြစ်၏။

သို့‌သော် ဤအခိုက်အတန့်တွင်တော့ကုန်းစွန်းယွမ်သည်လည်း ဘာတွေဖြစ်ပျက်နေလဲဆိုသည်ကိုမသိချေ။ သူ၏လက်တို့၌ ရှည်လျားသောအနက်ရောင်အမွေးတို့ ရှည်ထွက်လာပြီး ၎င်းတို့ကသူ၏တစ်ကိုယ်လုံးသို့ပျံ့နှံ့လာနေဆဲဖြစ်သည်။

“ချီးပဲ.ဒါကဘာတွေလဲ”

ပြောရလျှင်ယင်းကား ကုန်းစွန်းယွမ်ပဲဖြစ်နေသည်မဟုတ်ပေ။ လူငါးဆယ်မှတစ်ဝက်ကျော်၏လက်များ၌ ရှည်ထွက်လာနေသော အနက်ရောင်အမွှေးရှည်များရှိကြသည်ဖြစ်သည်။

သူတို့၏စိတ်ထဲတွင်ပင် အချိန်တိုင်းအချိန်တိုင်း သဲသဲကွဲကွဲမရှိသောမိစ္ဆာဆန်သည့် ဝေဝေဝါးဝါးအသံတစ်ခုက ဖြစ်ပေါ်နေသည်။

“တတိယသခင်လေး. နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးက တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက လူဖြစ်လောက်တယ်.. ရှေးဟောင်းအပျက်အစီးနယ်မြေထဲမှာသူက မမျှော်လင့်ဘဲကံကောင်းမှုအချို့ကို ပက်ပင်းကြုံခဲ့တာဖြစ်မယ်.. ကျွန်တော်တို့အခုဘာလုပ်သင့်လဲ”

တစ်စုံတစ်ယောက် ကုန်းစွန်းယွမ်၏အမြင်ကိုတောင်းခံလိုက်သည်။

“မမျှော်လင့်ဘဲကံကောင်းမှုနဲ့ပက်ပင်းကြုံတာလား..အတိဒုက္ခကပ်ဘေးလား. မသေမျိုးနတ်ဆိုးခန္ဓာကိုယ်လား”

ကုန်းစွန်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏အကြည့်အား လက်ပေါ်၌ရှိနေသည့်အမွှေးရှည်တို့ထံမှဖယ်လိုက်သည်။ သူသည်လည်းခေါင်းကိုမော့လိုက်ပြီး အဝေး၌ပေါ်လာခဲ့သော အနက်ရောင်ဝဲကြီးနှင့် ကျဆင်းလာသောပြင်းထန်သည့် အနက်ရောင်မိုးကြိုးတို့ကိုကြည့်လိုက်သည်။

ထို့နောက်ကုန်းစွန်းယွမ်ကပြောလိုက်၏။

“ယုတ်မာကောက်ကျစ်တဲ့ တောင်ပေါ်နတ်ဆရာမျိုးနွယ်စု ..ငါတို့သူ့ကိုဆက်ပြီး ကြီးထွားလာခွင့်ပြုလို့မရဘူး. သူက အနာဂတ်ကြရင် မြေရိုင်းဒေသကြီးဆီကို ကြီးမားတဲ့ကပ်ဘေးကို ယူဆောင်လာလိမ့်မယ်.. သွားပြီးတော့သူ့ကိုသတ်ဖို့အခွင့်အရေးကိုယူကြစို့”

“ဟုတ်တယ်.. သတ်..သူ့ကိုသတ်ပစ်”

“သူ့ကိုသတ်”

ထို့နောက်မကြာခင်များစွာသောအေးစက်သည့် အော်သံများထွက်ပေါ်လာသည်။ ပုံရိပ်ငါးဆယ်က အလျှင်အမြန်ရွေ့လျားသွားသကဲ့သို့သတ်ဖြတ်လိုစိတ်များကလည်း ပျံ့နှံ့လာသည်။ချက်ချင်းပဲ၎င်းတို့ကရှေ့သို့တစ်ဟုန်ထိုးဦးတည်သွားလိုက်သည်။

“ငါတို့ကတော့အန္တရာယ်တွေအများကြီးကိုဖြတ်ကျော်ခဲ့ရပြီး သေလုနီးပါးတောင်ဖြစ်ခဲ့ရတယ်.. အဲ့တောင်ပေါ်နတ်ဆရာမျိုးနွယ်စု ကလူက ငါတို့ထက်အရင် မမျှော်လင့်ထားတဲ့ကံကောင်းမှုကို ပက်ပင်းကြုံတွေ့ပြီး ထပ်အဆင့်တက်သွားတယ်. သူကတကယ်သေဖို့ထိုက်တန်တယ်”

တစ်စုံတစ်ယောက်က စိတ်ထဲမှ ကြမ်းကြုတ်ခက်ထန်စွာပြောလိုက်သည်။

“ဒီသူတောင်းစား..ဒီတိရစ္ဆာန်တကယ်ထပ်ပြီးအဆင့်တက်ပြန်ပြီ. ချီးပဲ. သူတကယ်သေဖို့ထိုက်တန်တယ်. ဒီတစ်ကြိမ်် ငါကျင်းဖူ မင်းကိုသေချာပေါက်သတ်မယ်”

မိုင်တစ်ထောင်နတ်ဘုရားမှန်အားကိုင်ထားသည့် လူတစ်ယောက်က အနက်ရောင်မိုးကြိုးတို့ရှိရာဘက်ခြမ်းသို့ကြည့်၍ စိတ်ထဲမှရက်စက်ကြမ်းကြုတ်စွာတွေးလိုက်သည်။

ကျင်းဖူက ဤလူငါးဆယ်ကျော်ပါဝင်သောအုပ်စုအတွင်း၌ရောနှောပါဝင်နေမည်ဟု မည်သူက ထင်ပါမည်နည်း။

မိုးကြိုးမျိုးနွယ်စုမှ အစွမ်းထက်ပုဂ္ဂိုလ်လဲ့ဟောင်မှာ ရှစ်ဖုန့်၏သွေးများကိုခြောက်သည်အထိစုပ်ယူခြင်းကိုခံရပြီး ခြောက်သွေ့သောအလောင်းတစ်ခုအဖြစ် သေဆုံးသွားခဲ့ပြီဖြစ်သည်။

တုန်ကလန်မှတုန်ဟူသည်လည်း ကုန်းစွန်းယွမ်မှအနက်ရောင်ရေလွှမ်းနဂါးကို စော်ကားမှုကြောင့် နတ်ဆိုးသားရဲမျိုးနွယ်စုဘုရင်က လူသားမျိုးနွယ်စုအပေါ်၌ ၎င်း၏အမျက်ဒေါသအား ထုတ်လွှတ်မှုထဲတွင် ပါဝင်ခံစားခဲ့ရ၏။ အမြှီးတစ်ချက်အားသိမ်းကျုံးလွှဲယမ်းလိုက်မှုအောက်တွင် လူသားမျိုးနွယ်ကျင့်ကြံသူတစ်ဒါဇင်ကျော်သေကြေပျက်စီးခဲ့ရပြီး ၎င်းတို့ထဲမှတစ်ဦးမှာ နတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းအားကိုပိုင်ဆိုင် ထားသော တုန်ဟူပင်ဖြစ်သည်။

ဆက်ရန်………

ဘာသာပြန်သူ-ARISE

All Chapters