← Chapters

အခန်း (၁၇၁၉-၁၇၂၁)

Vol. 91 Ch. 1719-1721

အခန်း (၁၇၁၉-၁၇၂၁)

Vol. 91 Ch. 1719-1721

အခန်း (၁၇၁၉) - ကျွန်တော် ဘယ်လို မြင်လဲ ဟုတ်လား

~"သခင်လေး ဝုဖ်ဂန်း စကားပြောနေတုန်းက ဒီလူချောလေးကိုပဲ တောက်လျှောက် စိုက်ကြည့်နေတာ... ဒါဆို ရှန်ရှုဘက်ကနေ လောင်းကြေးထပ်ထားတဲ့သူက သူလို့ အရိပ်အမြွက် ပြောချင်တာလား"

"ဒီလူချောလေးက စိမ်းနေသလိုပဲနော်... အရင်က တစ်ခါမှ မမြင်ဖူးပါဘူး"

"ဒါပေမဲ့ သူ့ဘေးနားက မမလေး မီလီကတော့ ငါတို့နဲ့ ရင်းနှီးပြီးသားလေ"

"မမလေး မီလီရဲ့ ဘေးနားမှာ ရပ်နိုင်ပြီး၊ ဒေါ်လာ သန်း ၁၀၀ တောင် ထုတ်နိုင်တယ် ဆိုမှတော့... သူ့နောက်ခံက သာမန်တော့ မဟုတ်လောက်ဘူး"

"ဒါဆိုရင် ရှန်ရှု ဆိုတဲ့ကောင်လေးဆီမှာ ငါတို့ သတိမထားမိလိုက်တဲ့ အချက်အလက် တစ်ခုခုများ ရှိနေလို့လား"

"မဖြစ်နိုင်ပါဘူး... ဒီမတိုင်ခင်တုန်းက ငါတို့ ညီအစ်မတွေ အားလုံး ပြိုင်ပွဲဝင် သုံးယောက်ရဲ့ အချက်အလက်တွေကို သေချာ လေ့လာထားပြီးသားပါ... ရှန်ရှုက အရင် ကားမောင်းဘုရင်ဟောင်းရဲ့ သားဆိုတာကလွဲရင် ဘာထူးခြားတဲ့ မှတ်တမ်းမှ မရှိပါဘူး... သူ သုံးမယ့် ပြိုင်ကားကတောင် ဆန်မူစီတို့၊ 'လေစွမ်းအား သားတော်' တို့ရဲ့ ကားတွေထက် အများကြီး နိမ့်နေတာလေ"

"ဒီလူချောလေးက ရှန်ရှုရဲ့ ဘာကို သဘောကျသွားတာလဲ"

"..."

အားလုံးက စိတ်ဝင်တစား ဆွေးနွေးနေကြသော်လည်း၊ ယဲ့ဖန်ကို တိုက်ရိုက် စကားပြောရဲသူ မရှိပေ။ ဖြစ်နိုင်သည်မှာ သူက သူစိမ်းဖြစ်နေခြင်းကြောင့် သော်လည်းကောင်း၊ မီလီနှင့်အတူ ပါလာခြင်းကြောင့် သော်လည်းကောင်း ဖြစ်နိုင်သည်။

ဝုဖ်ဂန်း တစ်ဦးတည်းသာ မျက်နှာပေါ်တွင် အန္တရာယ်ကင်းသော အပြုံးတစ်ခုကို ဆင်မြန်းထား၏။ ဆွေးနွေးသံများ ငြိမ်သက်သွားမှ သူက မေးလိုက်သည်။

"လူချောလေး... ခင်ဗျားရော ဒီအခြေအနေကို ဘယ်လို မြင်လဲ"

မီလီသည် ထိုအခြေအနေကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး၊ ယဲ့ဖန်အစား ဝင်ရောက် ဖြေရှင်းပေးရန် ပြင်လိုက်၏။

သို့သော် ယဲ့ဖန်က သူမကို ပြန်ဆွဲထားလိုက်သည်။ သူ၏ မျက်နှာထားမှာ ပြောင်းလဲခြင်း မရှိပေ။

"ကျွန်တော် ဘယ်လို မြင်လဲ ဆိုတော့... မျက်လုံးနဲ့ပဲ မြင်တာပေါ့ဗျာ... နားရွက်နဲ့ မြင်လို့မှ မရတာ"

"အဟား... ဟုတ်သားပဲ... ခင်ဗျား ပြောတာ အဓိပ္ပာယ်ရှိတယ်"

ဝုဖ်ဂန်းသည် ယဲ့ဖန်၏ ရွဲ့စောင်းစောင်း အဖြေကြောင့် ဒေါသထွက်သွားခြင်း မရှိသည့်အပြင်၊ ရယ်မောကာ ဆက်ပြောလိုက်၏။

"ကျွန်တော့် မေးခွန်းမှာ အားနည်းချက် ရှိသွားတာ အမှန်ပါပဲ"

"မေးခွန်းက ဒီလို ဖြစ်သင့်တာပါ... လူချောလေးရေ... ဒီပြိုင်ပွဲဝင် သုံးဦးထဲမှာ ဘယ်သူ နိုင်မယ်လို့ ထင်လဲ"

"ဘယ်သူက နိုင်နိုင်ခြေ ပိုများတယ်လို့ ခင်ဗျား ယူဆလဲ"

ယဲ့ဖန်၏ မျက်နှာထားမှာ တည်ငြိမ်နေဆဲပင်။

"ကျွန်တော် အကောင်းမြင်တဲ့သူကို ကျွန်တော် ပိုပြီး အကောင်းမြင်ပါတယ်... ပြီးတော့ သူ နိုင်နိုင်ခြေ ပိုများတယ်လို့လည်း ကျွန်တော် ခံစားရပါတယ်"

"..."

ဝုဖ်ဂန်း ကြောင်အသွားပြီး၊ မျက်နှာပေါ်ရှိ အပြုံးများပင် ခေတ္တမျှ အေးခဲသွားရရှာ၏။

တစ်ဖက်တွင်မူ မီလီက ယဲ့ဖန်ကို ခပ်ဖွဖွလေး ထိုးလိုက်သည်။

"ဘုရားရေ... ဦးရယ်... ဦးက အရမ်း ချစ်ဖို့ကောင်းလွန်းမနေဘူးလား"

"အဓိပ္ပာယ်မရှိတဲ့ စကားတွေကို အဓိပ္ပာယ်ရှိအောင် ပြောတတ်တယ်နော်"

"ကျွန်တော် အကောင်းမြင်တဲ့သူကို ကျွန်တော် ပိုပြီး အကောင်းမြင်ပါတယ် တဲ့... ဟားဟားဟား... ဘာလို့ ကျွန်မ ခေါင်းထဲ ဒီလို အဖြေမျိုး မပေါ်လာရတာလဲ"

ဘေးပတ်ဝန်းကျင်ရှိ အလှပဂေးများသည်လည်း ထူးဆန်းသော မျက်နှာထားများ ဖြစ်ကုန်ကြပြီး၊ ပါးစပ်ကို အုပ်ကာ မရယ်မိအောင် မနည်း ထိန်းချုပ်နေရရှာသည်။

သို့သော် သူတို့သည် ဝုဖ်ဂန်း ဒေါသထွက်လာမည်ကို ကြောက်ရွံ့ကြပုံ ရသည်။ တခစ်ခစ် ရယ်မောနေကြသော်လည်း၊ မည်သူကမျှ အသံထွက်ရဲခြင်း မရှိကြပေ။

"မီလီ... နင့်ရဲ့ crushက တော်တော် ထူးခြားတာပဲ"

ဝုဖ်ဂန်း နောက်ဆုံးတွင် သတိဝင်လာပြီး နှာခေါင်းကို ပွတ်သပ်လိုက်၏။

"ခင်ဗျားက တော်တော် ဟာသဉာဏ် ရှိတာပဲဗျ"

မီလီက ချက်ချင်း ဝင်ပြောလိုက်သည်။

"ဒါပေါ့... သူက ငါ သဘောကျတဲ့ ယောက်ျားပဲလေ"

"နင့်ထက် အများကြီး သာလွန်နေတာ ပုံမှန်ပါပဲ"

ဝုဖ်ဂန်း ထပ်မံ ရယ်မောလိုက်ပြီး၊ ခေါင်းပေါ်ရှိ အီလက်ထရောနစ် ဖန်သားပြင်ဆီသို့ အကြည့်လွှဲလိုက်၏။

ယခုအချိန်၌ ဖဲရိုးဘီ ပြိုင်ကွင်း၏ စမှတ်နေရာတွင် လှပသော မော်ဒယ်မလေးတစ်ဦး ရောက်ရှိနေပြီး၊ သူမ၏ လက်ထဲတွင် အလံငယ်လေး တစ်ခုကို ဝှေ့ယမ်းပြနေသည်။

ဖန်သားပြင်ပေါ်တွင် ပြိုင်ပွဲ တရားဝင် စတင်ရန် ဆယ်စက္ကန့် အလို ရေတွက်မှု (Countdown) စတင် ပေါ်ထွက်လာလေပြီ။

မီလီလည်း ထိုဘက်သို့ လှည့်ကြည့်လိုက်၏။

ယဲ့ဖန်မူကား သခင်လေး ဝုဖ်ဂန်းကို ကြည့်နေမိသည်။ သူ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွား၏။

ပြောရမည် ဆိုလျှင်... ဒီကောင်လေးက အစတုန်းက မီလီကို လာစနောက်နေတုန်းကတော့ နည်းနည်း မောက်မာပြီး ရိုက်ချင်စရာ ကောင်းသလိုလို ရှိသော်လည်း... တခြား အချိန်တွေမှာတော့ ဒီ ဒုတိယမျိုးဆက် သူဌေးသားလေးက မဆိုးဘူးဟု ပြောရမည်။

အနည်းဆုံးတော့... စကားနည်းနည်း အဆင်မပြေတာနှင့် ဒေါသထွက်ပြီး သူတစ်ပါးကို အနိုင်ကျင့်တတ်သော တခြား ဒုတိယမျိုးဆက်တွေနှင့် မတူပေ။

ခုနက ယဲ့ဖန် သူ့ကို လူကြားထဲ အရှက်ခွဲလိုက်သလို ဖြစ်သွားတာတောင်မှ သူ သိပ်ဒေါသမထွက်ခဲ့။

စကားတစ်ခွန်းနှစ်ခွန်းလောက် နားထောင်ပြီးသည်နှင့်၊ ယဲ့ဖန်က သာမန်လူ မဟုတ်မှန်း ရိပ်စားမိသွားပြီး... ရှန်ရှုဘက်ကို လောင်းကြေး အကြီးကြီး လိုက်ထပ်ရဲသည် အထိ သတ္တိရှိသည်။

အတိုချုပ် ပြောရလျှင်တော့... ခဏတာ ထိတွေ့ဆက်ဆံလိုက်ရုံနှင့်တင် ဒီကောင်လေးက အရည်အချင်းမရှိသော လူယုတ်မာ တစ်ယောက် မဟုတ်မှန်း သိသာနေသည်။ ပြီးတော့ ဒီကောင်လေး၏ အမြော်အမြင်နှင့် ဆုံးဖြတ်ချက် ပြတ်သားပုံတွေကလည်း သာမန်ထက် ထူးကဲနေပုံရသည်။

သခင်လေး ဝုဖ်ဂန်းက အီလက်ထရောနစ် ဖန်သားပြင်ကို ကြည့်နေရင်း မိမိကိုလည်း ခိုးကြည့်နေသည်ကို မြင်လိုက်ရသောအခါ... ယဲ့ဖန် စိတ်ထဲတွင် ပြုံးလိုက်မိ၏။

‘ဒီ ဒုတိယမျိုးဆက်လေးက တော်တော် စိတ်ဝင်စားဖို့ ကောင်းသားပဲ။

နောက်ကျရင် ပိုပြီး လေ့လာကြည့်သင့်မယ် ထင်တယ်။’

"စပြီ... စပြီဟေ့"

"ပြိုင်ပွဲ စတော့မယ်"

"ရင်တွေ တုန်လိုက်တာ"

"ဒီတစ်ခါ ဘယ်သူ ပထမ ရမလဲ မသိဘူး"

" 'လေစွမ်းအား သားတော်' လား... ဆန်မူစီ လား... ရှန်ရှု လား... ဘယ်သူမဆို ဖြစ်နိုင်တာပဲ"

ပွဲကြည့်စင်ပေါ်တွင် အလှပဂေးများ ဆူညံပွက်လောရိုက်သွားကြသည်။

အချို့ကလည်း စိတ်လှုပ်ရှားစွာဖြင့် လက်အုပ်ချီပြီး အီလက်ထရောနစ် ဖန်သားပြင်ကို စိုက်ကြည့်နေကြ၏။

"ငါး"

"လေး"

"သုံး"

ဖန်သားပြင်ပေါ်မှ ဂဏန်းများ တရွေ့ရွေ့ ပြောင်းလဲသွားသည်။

"နှစ်"

"တစ်"

သုညသို့ ရောက်သွားသော အခိုက်အတန့်တွင်...

ဖန်သားပြင်ပေါ်မှ မော်ဒယ်မလေးသည် လက်ထဲရှိ အလံကို အားကုန် ဝှေ့ယမ်းချလိုက်၏။ ပါဂါနီ ဖူဂျင် (Pagani Fūjin)၊ GTR နှင့် AE86 တို့သည် တစ်ပြိုင်နက်တည်း ဆိုသလို ဒုံးပျံများပမာ ပစ်လွှတ်ထွက်ခွာသွားကြလေတော့သည်။

အံ့သြစရာ ကောင်းသည်မှာ... လူတိုင်း အထင်သေးထားခဲ့ကြသော၊ ပါဂါနီနှင့် GTR တို့ထက် အစွမ်းနိမ့်သည်ဟု ယူဆထားကြသော AE86 သည်... ထိုကားနှစ်စီးနှင့် ယှဉ်လျှင် အနည်းငယ်မျှပင် နောက်ကျကျန်ရစ်ခဲ့ခြင်း မရှိပေ။

တာထွက်လိုက်သည်နှင့် တစ်ပြိုင်နက်၊ ကားသုံးစီးစလုံးသည် တစ်တန်းတည်း ယှဉ်လျက် အပြင်းအထန် ပြေးထွက်သွားကြသည်။

ကားတစ်စီးက ခေတ္တမျှ ဦးဆောင်သွားလျှင်တောင်မှ၊ နောက်တစ်ခဏတွင် ကျန်ကားနှစ်စီးက ပြန်လည် ကျော်တက်သွားပြန်သည်။

အခြေအနေက သရေကျနေသကဲ့သို့ပင်။

"ဘုရားရေ"

"ဒါက တော်တော် မယုံနိုင်စရာ ကောင်းတာပဲ"

"သာမန်ကာလျှံကာ ပုံစံပဲ ရှိတဲ့... ခုနက ရှန်ရှု အိပ်နေခဲ့တဲ့ အဲ့ဒီ AE86 က... ဆန်မူစီတို့ရဲ့ ကားစွမ်းဆောင်ရည်တွေနဲ့ ယှဉ်လိုက်ရင် လုံးဝ နိမ့်ကျမနေပါလား"

"ပါဂါနီ ဖူဂျင် ဆိုတာက ပါဂါနီရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်အပေါ် အခြေခံပြီး... ထိပ်တန်း ပရော်ဖက်ရှင်နယ် အဖွဲ့က ပြုပြင်မွမ်းမံပေးထားတာလေ... 'လေစွမ်းအား သားတော်' အတွက် အကောင်းဆုံး ပြိုင်ကွင်း ဘီလူးကြီးလို့ ပြောလို့ရတယ်"

"ဆန်မူစီရဲ့ GTR ကလည်း အတူတူလောက်ပဲ... အဲ့ဒါလည်း ထိပ်တန်း ပြိုင်ကားတစ်စီးပဲ"

"အဲ့ဒီလို ထိပ်တန်း ပြိုင်ကားနှစ်စီးကို... AE86 လေးက တာထွက်မှာရော အစပိုင်း အရှိန်မြှင့်တဲ့ နေရာမှာပါ သရေကျအောင် ယှဉ်ပြိုင်နိုင်တယ် ဆိုတာက... ရယ်စရာ ကောင်းလွန်းမနေဘူးလား"

" 'လေစွမ်းအား သားတော်' နဲ့ ဆန်မူစီတို့က ပြိုင်ဘက်ကို လျှော့တွက်ပြီး တမင် အလျော့ပေးလိုက်ကြတာများလား"

ယဲ့ဖန်တို့ ရှိနေသော ပွဲကြည့်စင်ပေါ်တွင် ဆူညံသံများ ထွက်ပေါ်လာလေတော့သည်။

ဝုဖ်ဂန်း ကိုယ်တိုင်ပင် မယုံနိုင် ဖြစ်နေရ၏။

သို့သော် ခေတ္တမျှ အံ့အားသင့်သွားပြီးနောက်၊ သူ တစ်စုံတစ်ခုကို သတိထားမိသွားပုံရသည်။ ရုတ်တရက် သူ့မျက်နှာထား ပြောင်းလဲသွားပြီး အံ့သြတကြီး ရေရွတ်လိုက်၏။

" 'လေစွမ်းအား သားတော်' နဲ့ ဆန်မူစီတို့က အလျော့ပေးထားတဲ့ လက္ခဏာ လုံးဝ မရှိဘူး"

"ဖန်သားပြင်ပေါ်က စ‌ကေးကို သေချာ ကြည့်... ပြီးရင် ဖဲရိုးဘီ ပြိုင်ကွင်းရဲ့ မြေပြင် အနေအထားနဲ့ တွက်ချက်ကြည့်လိုက်... အကြမ်းဖျင်း တွက်ကြည့်ရင် သိနိုင်တယ်"

"သူတို့နှစ်ယောက်လုံးရဲ့ တာထွက်အရှိန်နဲ့ အရှိန်မြှင့်နှုန်းက သူတို့ရဲ့ အထွတ်အထိပ် အခြေအနေကို ရောက်နေပြီ... အရင်တုန်းက သူတို့ လုပ်ခဲ့ဖူးတဲ့ စံချိန်တွေနဲ့လည်း အရမ်း နီးစပ်နေတယ်"

"သူတို့ အလျော့ပေးလိုက်တာ မဟုတ်ဘူး"

"သူတို့ရဲ့ ပြိုင်ဘက်... ဟို ရိုးရိုးရှင်းရှင်း ပုံစံနဲ့ ရှန်ရှုရယ်... သူ့ရဲ့ ရိုးရိုးရှင်းရှင်း AE86 ရယ်က... အရမ်း တော်လွန်းနေတာပဲ"

“ရှန်ရှုနဲ့ သူ့ရဲ့ AE86 က... အပြင်ပန်း မြင်ရသလောက် ရိုးရှင်းတာ မဟုတ်ဘူးဟေ့”

အခန်း (၁၇၂၀) - ငါရွေးချယ်တဲ့ ယောက်ျားက ဒီလိုပဲ ဖြစ်ရမယ်

~"ဒါဆို အဲ့ဒီ AE86 ကိုလည်း ပြုပြင်မွမ်းမံထားတာများလား"

ဝုဖ်ဂန်း၏ စကားကို ကြားလိုက်ရသောအခါ လူတိုင်း သဘောပေါက်သွားကြသည်။

"သာမန် AE86 တစ်စီးရဲ့ အမြင့်ဆုံး မြင်းကောင်ရေအားက ၁၃၀ ပဲ ရှိတယ်... အမြင့်ဆုံး အမြန်နှုန်းက ၉၆ ကီလိုမီတာ... အင်ဂျင်လည်ပတ်နှုန်းက တစ်မိနစ်ကို အပတ်ရေ ၈၀၀၀... သုညကနေ တစ်ရာ ကီလိုမီတာ ရောက်ဖို့ ၁၀.၃ စက္ကန့် ကြာပြီး... အမြန်ဆုံး မောင်းနိုင်တာက ၁၈၀ ကီလိုမီတာပဲ ရှိတယ်... ပြုပြင်မွမ်းမံထားတဲ့ ပါဂါနီ ဖူဂျင် နဲ့ GTR ကို ဘယ်လိုမှ ယှဉ်နိုင်စရာ အကြောင်းမရှိဘူး"

"ဒါပေမဲ့ အခု ဒီကားက... သုညကနေ တစ်ရာ ကီလိုမီတာ ရောက်ဖို့ ၃ စက္ကန့်လောက်ပဲ ကြာပြီး... အမြင့်ဆုံး အမြန်နှုန်း ၃၆၀ ကီလိုမီတာ ကျော် မောင်းနိုင်တဲ့ ပါဂါနီ ဖူဂျင်၊ GTR တို့နဲ့ ရင်ဘောင်တန်း နိုင်နေတယ် ဆိုတော့... သေချာပေါက် အကြီးအကျယ် ပြုပြင်မွမ်းမံထားလို့ပဲ ဖြစ်ရမယ်"

"အနည်းဆုံးတော့ ဒီကားရဲ့ အဓိက အစိတ်အပိုင်းကြီး သုံးခုနဲ့ ထိန်းချုပ်ရေး စနစ်တွေက... ထိပ်တန်း ပါဂါနီ ဖူဂျင် နဲ့ GTR တို့ထက် မနိမ့်ကျဘူးလို့ ပြောလို့ရတယ်"

"တခြားနည်းနဲ့ ပြောရရင်... ဒီ AE86 က အခွံပဲ AE86 ဖြစ်ပြီး... အတွင်းပိုင်းကတော့ ထိပ်တန်း ပြိုင်ကားတစ်စီး ဖြစ်နေတာပဲ"

"..."

ထိုသို့ ပြောလိုက်ကြသောအခါ၊ အားလုံးက ယဲ့ဖန်ကို အံ့အားသင့်စွာ ဝိုင်းကြည့်လိုက်ကြ၏။

ဝုဖ်ဂန်း ကိုယ်တိုင်ပင် အတူတူပင် ဖြစ်သည်။

"ငါ ထင်သားပဲ... ဘယ်သူကများ အကြောင်းမဲ့ သက်သက်... သာမန် AE86 လေး မောင်းတဲ့ ရှန်ရှုကို လောင်းကြေးထပ်ပါ့မလဲ"

"ဒီလူက AE86 ရဲ့ လျှို့ဝှက်ချက်ကို ကြိုမြင်ခဲ့တာကိုး"

"..."

ယဲ့ဖန်ကမူ ပြုံးရုံသာ ပြုံးနေပြီး၊ ဖန်သားပြင်ကိုသာ ကြည့်နေ၏။ ဘာမှ ပြန်မပြောပေ။

ဝုဖ်ဂန်းနှင့် အခြားသူများသည် ယဲ့ဖန် စကားပြန်ပြောမည့်ပုံ မပေါ်သည်ကို မြင်လိုက်ရသောအခါ၊ ကိုယ့်ဖာသာ အနေအစားချောင်အောင် နေလိုက်ကြပြီး အီလက်ထရောနစ် ဖန်သားပြင်ဘက်သို့ ပြန်လှည့်သွားကြသည်။

မီလီ တစ်ယောက်သာ စိတ်လှုပ်ရှားနေဆဲ ဖြစ်ပြီး၊ ယဲ့ဖန်ကို ခပ်ဖွဖွလေး ထိုးလိုက်၏။

"ဦး... ဘယ်လို လုပ်ပြီး သိတာလဲ"

"တစ်ယောက်ယောက်က AE86 ရဲ့ နောက်ဆုံး ပြုပြင်ထိန်းသိမ်းမှု မှတ်တမ်းကို ရထားတယ်လေ... အဲ့ဒီမှတ်တမ်းမှာ ဒီကားက မူလ AE86 အတိုင်းပဲ ရှိသေးပြီး... ဘာမှ ပြုပြင်မွမ်းမံထားတာ မရှိဘူးလို့ ဖော်ပြထားတယ်"

"ပြီးတော့ လူအများကြီးကလည်း ခုနက ခိုးကြည့်ပြီးပြီ... အပြင်ပန်း ကြည့်ရတာတော့ ဒီကားက အရင်အတိုင်းပဲ ဘာမှ ထူးခြားမှု မရှိပါဘူး"

ယဲ့ဖန် အများကြီး ရှင်းမပြတော့ဘဲ သူမကို တစ်ချက် လှမ်းကြည့်လိုက်၏။

"အရင်က ငါပြောဖူးတာ မေ့သွားပြီလား"

"ငါက စက်မှုပညာနဲ့ ပတ်သက်ရင် အရမ်း ကျွမ်းကျင်တယ်လို့"

"ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်သိသလိုမျိုး... စက်ပစ္စည်းတွေကိုလည်း ငါ ကောင်းကောင်း သိတယ်"

"ပြီးတော့ ငါ့ရဲ့ ကားမောင်းကျွမ်းကျင်မှုကလည်း အရမ်း ကောင်းတယ်လေ"

"ဒါဆို... ဦးက ပြိုင်ပွဲ စမှတ်မှာတုန်းက ရှန်ရှုရဲ့ AE86 ကို ကြည့်ပြီး... ပြုပြင်မွမ်းမံထားမှန်း သိလိုက်တာပေါ့"

မီလီ ချက်ချင်း ဝင်ပြောလိုက်၏။

"အဲ့လိုတော့ မဟုတ်ဘူး"

ယဲ့ဖန် ခေါင်းခါလိုက်သည်။

သူသည် 'မာစတာ အဆင့် စက်မှုကျွမ်းကျင်ပညာ'အား ရရှိထားပြီး ဖြစ်သဖြင့်... သူ၏ အကဲခတ်နိုင်စွမ်းမှာ အလွန် အံ့မခန်း ဖြစ်သည်။

သို့သော် AE86 မှာ အပြင်ပန်းအားဖြင့် မူမမှန်မှု တစ်စုံတစ်ရာ မရှိသဖြင့်... အဓိက အစိတ်အပိုင်းကြီး သုံးခုနှင့် ထိန်းချုပ်ရေး စနစ်တို့ကို ကျွမ်းကျင်ပညာရှင် တစ်ဦးက ပြုပြင်မွမ်းမံထားကြောင်း အပြင်ပန်းကြည့်ရုံဖြင့် သိနိုင်ရန် မဖြစ်နိုင်ပေ။

"လွန်ခဲ့တဲ့ ရက်ပိုင်းက ရှန်ရှု ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲနှစ်ခုရဲ့ စောင့်ကြည့်ကင်မရာ (Surveillance) မှတ်တမ်းတွေကို ငါ ကြည့်ခဲ့တယ်... အဲ့ဒီအချက်အလက်တွေနဲ့ ခုနက မြင်ကွင်းကို ပေါင်းစပ်လိုက်မှ... သူ့ကားကို ပြုပြင်ထားမှန်း ငါ အတည်ပြုနိုင်ခဲ့တာ"

"သေချာ စဉ်းစားကြည့်... ဒုတိယအကြိမ် ပြိုင်ပွဲ မှတ်တမ်းထဲမှာ... သူက ပထမအကြိမ်တုန်းကထက် ပိုမြန်မြန် မောင်းခဲ့တယ် မဟုတ်လားကွာ"

"မှတ်တမ်းထဲက သူ မောင်းခဲ့တဲ့ လမ်းအကွာအဝေးနဲ့ ကြာချိန်ကို တွက်ကြည့်လိုက်ရင်... ပထမအကြိမ်တုန်းက သူက AE86 ရဲ့ အမြင့်ဆုံး အမြန်နှုန်းနဲ့ မောင်းခဲ့တာ... ဒါပေမဲ့ ဒုတိယအကြိမ် မောင်းတဲ့အခါကျတော့... သူ့အမြန်နှုန်းက ပထမအကြိမ်ထက် နှစ်ဆလောက် ပိုမြန်နေတယ်"

"ဦးက တော်တော် သတိကောင်းတာပဲ"

မီလီသည် ချက်ချင်းပင် လက်မထောင်ပြလိုက်၏။

"လူဘယ်နှယောက်လောက်များ ဒီအချက်အလက်တွေကို ဖတ်ခဲ့လဲ မသိဘူး... ဒါပေမဲ့ ဘယ်သူမှ ဒီအသေးစိတ် အချက်လေးကို သတိမထားမိခဲ့ကြဘူး"

"ဒါကြောင့်မို့လို့ ဦးက ဒီလောက် ယုံကြည်မှု ရှိနေတာကိုး... ရှန်ရှုဘက်ကို ဒေါ်လာ သန်း ၁၀၀ တောင် ပုံအောလိုက်တာ အံ့ဩစရာ မရှိတော့ပါဘူး"

ယဲ့ဖန် ခေါင်းခါလိုက်ပြန်သည်။

"ဒီအချက် တစ်ခုတည်းနဲ့တော့... ရှန်ရှု၊ ဆန်မူစီ နဲ့ 'လေစွမ်းအား သားတော်' တို့ကြားက ပစ္စည်းကိရိယာ ကွာဟချက်ကို ဖြည့်ဆည်းပေးနိုင်ရုံပဲ ရှိသေးတယ်... ငါ ဒီလောက် လောင်းကြေး အကြီးကြီး ထပ်ရဲလောက်တဲ့အထိတော့ မလုံလောက်သေးဘူး"

"ငါ့ကို တကယ် ဆုံးဖြတ်ချက် ချစေခဲ့တာက နောက်ထပ် အချက်တစ်ချက်ကြောင့်ပါ"

"နောက်ထပ် အချက်တစ်ချက် ဟုတ်လား"

မီလီ၏ မျက်လုံးများထဲတွင် စူးစမ်းချင်စိတ်များ ပြည့်နှက်သွားလေတော့သည်။

ယဲ့ဖန်သည် ယခုတစ်ကြိမ်တွင် ရှင်းမပြတော့ပေ။ သူသည် ဖန်သားပြင်ကိုသာ ကြည့်ပြီး ပြောလိုက်၏။

"သတိထားကြည့်... သူတို့ အဓိက အဆင့်ကို ဝင်တော့မယ်"

"ခုနက အစမ်းသဘော ယှဉ်ပြိုင်ပြီးတဲ့နောက်... သူတို့အချင်းချင်းရဲ့ စွမ်းရည်နဲ့ အားသာချက်တွေကို အကြမ်းဖျင်း နားလည်သွားကြပြီ"

"နောက်ဆက်တွဲ အနေနဲ့... ပြိုင်ပွဲက တကယ့်ကို တင်းမာတဲ့ အခြေအနေကို ရောက်တော့မယ်"

"ဒီအဆင့်မှာ သူတို့က ပြိုင်ဘက်ရဲ့ အကန့်အသတ်တွေနဲ့ ဝှက်ဖဲတွေကို အစွမ်းကုန် စမ်းသပ်ကြလိမ့်မယ်... ဒါမှ နောက်ဆုံး အဆုံးအဖြတ် ပွဲစဉ်မှာ တုံ့ပြန်နိုင်မှာလေ"

မီလီ မော့ကြည့်လိုက်၏။

အီလက်ထရောနစ် ဖန်သားပြင်ပေါ်တွင် ပြိုင်ကားသုံးစီးသည် ဖဲရိုးဘီ ပြိုင်ကွင်း၏ အလယ်ပိုင်းသို့ အမှန်တကယ် ရောက်ရှိနေပြီ ဖြစ်သည်။

အင်ဂျင်သံများ ဟိန်းထွက်နေပြီး၊ ဒရစ်ဖ် (Drift) ဆွဲလိုက်တိုင်း တာယာနှင့် လမ်းမ ပွတ်တိုက်သံများက တောနက်ထဲမှ နဂါးနှင့် ကျားတို့ ဟိန်းဟောက်သံများပမာ ဆူညံနေ၏။

ထို ကြက်သီးထဖွယ်ရာ အသံများကြားတွင် ပြိုင်ကားသုံးစီးသည် တင်းမာသော အခြေအနေသို့ ရောက်ရှိသွားကြသည်။

လွန်ခဲ့သော တစ်စက္ကန့်က 'လေစွမ်းအား သားတော်' ဦးဆောင်နေသော်လည်း... နောက်တစ်စက္ကန့်တွင် ဆန်မူစီက တက်လာပြီး ဖိနှိပ်လိုက်ပြန်သည်။ ထို့နောက် နောက်တစ်စက္ကန့်တွင် ရှန်ရှုက ရုတ်တရက် ကျော်တက်သွားပြန်သည်။

အခြေအနေက အမြဲ ပြောင်းလဲနေ၏။

ကြည့်ရသည်မှာ မည်သူကမျှ ပြိုင်ဘက်ကို အပြတ်အသတ် ဖိနှိပ်ထားနိုင်ခြင်း မရှိဘဲ၊ တစ်ယောက်စီတိုင်းတွင် နိုင်နိုင်ခြေ ရှိနေသကဲ့သို့ပင်။

ခဏကြာသောအခါ ပွဲကြည့်စင်ပေါ်ရှိ အလှပဂေးများ မနေနိုင်တော့ဘဲ ပြောဆိုလာကြသည်။

"ကြည့်ရတာ... သူတို့ သုံးယောက်စလုံးရဲ့ ကားမောင်းကျွမ်းကျင်မှုက တူညီလုနီးပါး ဖြစ်နေပုံပဲ"

"ပြိုင်ပွဲရဲ့ ဒီအဆင့် ရောက်နေတာတောင်... ဘယ်သူကမှ ဘယ်သူ့ကို ဖိနှိပ်ထားနိုင်တာ မတွေ့ရဘူး... ဘယ်သူကမှ ဘယ်သူ့ကို ဘာမှ လုပ်လို့မရတဲ့ ပုံစံ ဖြစ်နေတယ်"

"ဒီအတိုင်း ဆက်သွားရင်... ဒီပွဲရဲ့ နောက်ဆုံး ရလဒ်က ဘုရားသခင် ဘယ်သူ့ဘက်ပါမလဲ ဆိုတာနဲ့... ဘယ်သူ့ ကံတရားက ပိုကောင်းမလဲ ဆိုတာအပေါ် မူတည်သွားတော့မှာလား"

"ဒါက ထင်မှတ်မထားတဲ့ ကိစ္စပဲ"

"မူလကတော့ ဒီပြိုင်ပွဲရဲ့ ချန်ပီယံက ဆန်မူစီ နဲ့ 'လေစွမ်းအား သားတော်' နှစ်ယောက်ထဲက တစ်ယောက် ဖြစ်မယ်လို့ ငါတို့ ထင်ထားခဲ့ကြတာ"

"ရှန်ရှုက ဒီလောက်ထိ တော်လိမ့်မယ်လို့ ထင်မထားမိဘူး"

"ဒီသုံးယောက်ထဲက ကြိုက်တဲ့သူ နိုင်သွားနိုင်တယ်"

မီလီသည် ထိုစကားများကို ကြားလိုက်ရသောအခါ သဘောတူကြောင်း ခေါင်းညိတ်ရန် ပြင်လိုက်စဉ်... ယဲ့ဖန်က ပြုံးပြီး ပြောလိုက်၏။

"ပိုပြီး တိတိကျကျ ပြောရရင်... ဒီပွဲရဲ့ အနိုင်အရှုံးက ဆန်မူစီ နဲ့ ရှန်ရှု ကြားမှာပဲ ဆုံးဖြတ်ရလိမ့်မယ်"

"ရှင်"

မီလီ ကြောင်အသွားသည်။

ဝုဖ်ဂန်း အပါအဝင် ဘေးပတ်ဝန်းကျင်ရှိ အလှပဂေးများသည်လည်း သူ့ဘက်သို့ လှည့်ကြည့်လာကြ၏။

မေးခွန်းထုတ်သံများ ဆူညံစွာ ထွက်ပေါ်လာတော့သည်။

"ဒါဆို ခင်ဗျား ဆိုလိုတာက... 'လေစွမ်းအား သားတော်' က သေချာပေါက် ရှုံးမယ်လို့ ပြောချင်တာလား"

"မဖြစ်နိုင်ပါဘူးနော်"

"အခုထိ သူက ဆန်မူစီ နဲ့ ရှန်ရှု ကို ဖိနှိပ်မထားနိုင်ပေမယ့်... ဆန်မူစီ နဲ့ ရှန်ရှု ကလည်း သူ့ကို ကျော်တက်နိုင်တာမှ မဟုတ်တာ"

"သူတို့ သုံးယောက်လုံးက အပြန်အလှန် ယှဉ်ပြိုင်နေကြတာပဲလေ... ဘာလို့ 'လေစွမ်းအား သားတော်' တစ်ယောက်တည်းက ရှုံးရမှာလဲ"

"..."

"ခင်ဗျားတို့ မြင်နေရတာက အပေါ်ယံ ပုံပန်းသဏ္ဍာန်ပဲ ရှိပါသေးတယ်"

ယဲ့ဖန် ဖန်သားပြင်ကို ကြည့်လိုက်၏။

"အမှန်တရားကတော့... 'လေစွမ်းအား သားတော်' ရဲ့ စည်းချက် (Rhythm) တွေ လုံးဝ ပျက်စီးသွားပြီ"

"သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက ရှုပ်ထွေးနေပြီ... သူ စိတ်လှုပ်ရှားနေပြီ"

"ကားမောင်းသမားတိုင်းမှာ ကိုယ်ပိုင် မောင်းနှင်မှု စည်းချက် သို့မဟုတ် လုပ်ငန်းခွင် စည်းချက် ဆိုတာ ရှိကြတယ်... ဒီစည်းချက်က အရမ်း သိမ်မွေ့ပြီး စကားလုံးနဲ့ ဖော်ပြဖို့ ခက်ခဲတယ်... ဒါပေမဲ့ သူတို့ရဲ့ ပြိုင်ပွဲတွေကို သေချာ လေ့လာကြည့်ရင်... ဒီစည်းချက်က ယာဉ်မောင်းရဲ့ သက်တမ်းတစ်လျှောက်လုံးမှာ ပါဝင်နေတာကို တွေ့ရလိမ့်မယ်... 'လေစွမ်းအား သားတော်' လည်း အတူတူပါပဲ... ဒီမတိုင်ခင်တုန်းက သူ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တိုင်းမှာ ဒီစည်းချက်အတိုင်း လိုက်နာပြီး အောင်ပွဲခံခဲ့တာ... ဒါပေမဲ့ ဒီတစ်ခါတော့ သူ့ရဲ့ စည်းချက်တွေ ရှုပ်ထွေးကုန်ပြီ... ပြီးတော့ သူ့စိတ်လည်း ဂနာမငြိမ် ဖြစ်နေပြီ”

အခန်း (၁၇၂၁) - ဒီလူချောလေး ပြောတာ မှန်နေတယ်

~"လူချောလေး.. ပြောသလောက်ကြီး တကယ် ဆန်းကြယ်နေလို့လား"

ပွဲကြည့်စင်ပေါ်ရှိ အလှပဂေးများစွာသည် သံသယ ဝင်နေကြသည်။

"ကျွန်မတို့ ကားပြိုင်ပွဲတွေ ကြည့်လာတာ ကြာလှပြီ... ဘာလို့ ဒါကို သတိမထားမိကြတာလဲ"

"ပြိုင်ပွဲဝင်တွေရဲ့ စည်းချက် ဆိုတာက... အန်နီမီ (Anime) တွေ၊ လူငယ်ရုပ်ရှင်တွေထဲက ဒဿနနဲ့ အယူအဆတွေလိုပဲ နားထောင်ရတာ ဆန်းကြယ်နေသလိုပဲ"

"အမှန်အတိုင်း ပြောရရင်... ကျွန်မ ကားပြိုင်တာနဲ့ ပတ်သက်ပြီး သုတေသန လုပ်ဖူးတယ်လို့ ထင်ပေမယ့်... ဒီလို အရာမျိုးတော့ မတွေ့ဖူးပါဘူး"

"..."

သို့သော် ထိုအချိန်၌... အီလက်ထရောနစ် ဖန်သားပြင်ပေါ်တွင် ပြိုင်ကားသုံးစီး၏ အခြေအနေ ရုတ်တရက် ပြောင်းလဲသွားလေတော့သည်။

ဖဲရိုးဘီ ပြိုင်ကွင်းအနီးရှိ တောင်ကုန်းအဆင်း လမ်းမကြီးတစ်ခုတွင်...၊

မူလက ဆန်မူစီသည် ရှေ့မှ ဦးဆောင်နေပြီး ရှန်ရှု၏ AE86 ကို ကဏ္ဍပေါင်းစုံမှ ဖိနှိပ်ထားခဲ့သည်။ သူတို့နှစ်ဦးသည် ဉာဏ်ရည်နှင့် သတ္တိကို ယှဉ်ပြိုင်နေကြသကဲ့သို့ ဖြစ်နေ၏။

သို့သော် ထိုအချိန်၌... အနောက်တွင် ကျန်ရစ်နေခဲ့သော ပြုပြင်မွမ်းမံထားသည့် ပါဂါနီ ဖူဂျင် ကားသည် ရုတ်တရက် ဟိန်းထွက်လာလေတော့သည်။

ကား၏ အိတ်ဇောပိုက်မှ လောင်စာဆီ အပြည့်အဝ မလောင်ကျွမ်းနိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသော အပြာရောင် မီးတောက်များ မှုတ်ထုတ်လိုက်၏။

မျက်စိတစ်မှိတ်အတွင်း ကား၏ အမြန်နှုန်းသည် အကန့်အသတ်အထိ ရုတ်တရက် မြင့်တက်သွားသည်။ 'လေစွမ်းအား သားတော်' သည် GTR နှင့် AE86 တို့ အပြိုင်အဆိုင် ဖြစ်နေသည်ကို အခွင့်ကောင်းယူပြီး... ထိုကားနှစ်စီး၏ ဘေးမှ ဖြတ်ကျော်တက်ရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။

ထိုသို့ ရုတ်တရက် စွန့်စားပြီး မောင်းနှင်လိုက်သောကြောင့်ပင်...

သူ့ရှေ့ရှိ GTR နှင့် AE86 တို့သည် အချိန်မီ မတုံ့ပြန်နိုင်ဘဲ ဆက်လက် ယှဉ်ပြိုင်နေကြဆဲ ဖြစ်သည်။

'လေစွမ်းအား သားတော်' အနေဖြင့် အနည်းငယ်မျှ သတိလွတ်သွားပါက... သူ့ကားကို ခြစ်မိသွားနိုင်ပေသည်။

ပြုပြင်မွမ်းမံထားသော ပါဂါနီ ဖူဂျင် ကားသည် မူလ ဦးတည်ရာ လမ်းကြောင်းမှ ချက်ချင်း သွေဖည်သွားပြီး... ကျဉ်းမြောင်းသော အတွင်းလမ်းမှတစ်ဆင့် တောင်နံရံဘက်သို့ တွန်းပို့ခံလိုက်ရလေတော့သည်။

"ဝီ... ဝီ... ဝီ..."

သူ့ကား၏ ရှေ့ပိုင်းနှင့် တောင်နံရံ ပွတ်တိုက်မှုကြောင့် မီးပွားများ ချက်ချင်း လွင့်စင်ထွက်ပေါ်လာ၏။

ထို့နောက် ပါဂါနီ ဖူဂျင် ကားသည် ဘရိတ်အုပ်ချိန်ပင် မရလိုက်ဘဲ၊ လမ်းကြောင်း လုံးဝ ပျောက်ဆုံးသွားလေတော့သည်။

ကားသည် တောင်နံရံနှင့် တရွတ်တိုက် ပါသွားပြီးနောက်၊ နောက်ဆုံး အကွေ့သို့ ရောက်သောအခါ... ကားသည် လောက်လေးဂွဖြင့် ပစ်လိုက်သကဲ့သို့ လွင့်ထွက်သွားပြီး ပြိုင်ကွင်းအောက်သို့ ထိုးကျသွားလေတော့သည်။

"ဝုန်း"

"ဒုန်း"

"ဂျိမ်း"

ဒရုန်း၏ ဝေဟင်ကင်မရာမှ ရိုက်ပြထားသည့်အတိုင်း... ကားတစ်စီးလုံးသည် အရှိန်ပြင်းစွာ ပစ်ပေါက်လိုက်သော သေတ္တာကြီး တစ်လုံးကဲ့သို့ ဖြစ်နေသည်။ တောင်စောင်းအတိုင်း လိမ့်ဆင်းသွားပြီး အကြိမ်ကြိမ် တိမ်းမှောက်သွားကာ... နောက်ဆုံးတွင် ရပ်တန့်သွားလေတော့သည်။

...

ပွဲကြည့်စင်ပေါ်ရှိ အလှပဂေးများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

သူတို့သည် အီလက်ထရောနစ် ဖန်သားပြင်ကို ကြောင်ငေးကြည့်နေမိကြ၏။

အချိန်အတော်ကြာမှ တစ်စုံတစ်ယောက်က မေးလိုက်သည်။

"သူ တစ်ခုခု ဖြစ်သွားမလား"

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားပြန်၏။

ထို့နောက် ဝုဖ်ဂန်းက ပြောလိုက်သည်။

"ခေတ်သစ် ပြိုင်ကားတွေက နည်းပညာ အရမ်း မြင့်မားပါတယ်... ပြီးတော့ တိုက်မိခိုက်မိရင် ကာကွယ်ပေးနိုင်မယ့် ဘေးကင်းလုံခြုံရေး အစီအမံတွေ အကုန် ပါပြီးသားပါ"

"အထူးသဖြင့် 'လေစွမ်းအား သားတော်' လို နိုင်ငံအဆင့် ထိပ်တန်း ပရော်ဖက်ရှင်နယ် အဖွဲ့မျိုးဆို ပိုတောင် ကောင်းသေးတယ်... သူတို့ရဲ့ ပြိုင်ကားတွေက ၃၆၀ ဒီဂရီ ပတ်လည် ဘာကန်းကွက်မှ မရှိအောင် ဘေးကင်းလုံခြုံရေး အစီအမံတွေ ထည့်သွင်း တည်ဆောက်ထားတာပါ"

"ကားတစ်စီးလုံး လုံးဝ ပျက်စီးသွားတာမျိုး မဟုတ်ရင်... အသက်အန္တရာယ် မရှိပါဘူး"

"ကျွန်တော် ကြည့်ရသလောက်တော့... သူ့ရဲ့ ပါဂါနီ ဖူဂျင် ကားက တောင်အောက်ကို လွင့်ကျသွားပေမယ့်... ကားကိုယ်ထည်က မပျက်စီးသေးဘူး... ပြီးတော့ လေအိတ်လိုမျိုး ဘေးကင်းရေး ကိရိယာတွေကလည်း ပုံမှန်အတိုင်း ပွင့်ထွက်လာတယ်... သူ ဘာမှ မဖြစ်လောက်ပါဘူး"

"ဒါပေမဲ့ အသက်ရှင်ရင်တောင်မှ... ဒဏ်ရာတချို့ ရတာနဲ့ ဦးနှောက် ခြာလပတ်လည်တာလောက်တော့ ရှောင်လွှဲလို့ ရမှာ မဟုတ်ဘူး"

"ပြီးတော့ ဒီပွဲမှာ သူ စောစောစီးစီး ရှုံးထွက်သွားရပြီပေါ့"

လူတိုင်းသည် ယဲ့ဖန်ကို ကြည့်ပြီး အေးစက်သော လေများကို ရှူရှိုက်လိုက်မိကြ၏။

"ဒီလူချောလေး ပြောတာ မှန်နေတယ်"

" 'လေစွမ်းအား သားတော်' က ရူးနေတာပဲ"

"ကျွန်မက သူ့ပရိသတ်ပါ... အရင်တုန်းက သူ့ပြိုင်ပွဲတွေ အများကြီး ကြည့်ဖူးပေမယ့်... သူ ဒီလောက် အတင်းအဓမ္မ မောင်းတာ တစ်ခါမှ မတွေ့ဖူးဘူး... ဒါပေမဲ့ ဒီတစ်ခါတော့ သူက ဒီလို နည်းလမ်းမျိုး သုံးလာတယ်... ဆန်မူစီ နဲ့ ရှန်ရှု တို့ရဲ့ ဖိအားပေးမှုက အရမ်း များလွန်းလို့... သူ့ရဲ့ စည်းချက်တွေ ပျက်စီးသွားတာ နေမှာ"

"နောက်ဆက်တွဲ အနေနဲ့... ဒီပွဲရဲ့ အနိုင်အရှုံးက ရှန်ရှု နဲ့ ဆန်မူစီ ကြားမှာပဲ ဖြစ်တော့မယ်"

"..."

"ဒီလူချောလေးက တော်တော် စွမ်းတဲ့ပုံပဲ"

"AE86 ရဲ့ မူမမှန်မှုနဲ့ ရှန်ရှုရဲ့ ထူးခြားမှုတွေကို ကြိုမြင်တာက ထားလိုက်ပါတော့... ပြိုင်ပွဲ ယှဉ်ပြိုင်နေတုန်းမှာတောင် 'လေစွမ်းအား သားတော်' ရဲ့ စည်းချက်တွေ ပျက်စီးနေတာကို သူက ကြိုမြင်နိုင်တယ်တဲ့"

"ဒါကို အာရုံခံနိုင်တယ် ဆိုမှတော့... သူက ကားပြိုင်ပွဲအကြောင်း တော်တော်လေး သိထားလို့ နေမှာပေါ့"

"လူချောလေး... ရှင်က ဘယ်သူလဲဟင်"

"ယုတ္တိနည်းကျကျ ပြောရရင်... ရှင်လို လူမျိုးက ကားပြိုင်လောကမှာ နာမည်မကြီးဘဲ မနေသင့်ဘူး... ဘာလို့ ကျွန်မတို့ အရင်က ရှင့်ကို တစ်ခါမှ မမြင်ဖူး မကြားဖူးရတာလဲ"

"..."

လူအချို့က အခွင့်ကောင်းယူပြီး ယဲ့ဖန်ကို စကားလာပြောကြသည်။

အလှပဂေးလေး အချို့ ယဲ့ဖန်ကို စကားလာပြောနေသည်ကို မြင်လိုက်ရသောအခါ၊ ဝုဖ်ဂန်းသည်လည်း ယဲ့ဖန်ဘက်သို့ လှည့်ကြည့်လိုက်၏။

"ဟုတ်တယ် လူချောလေး... ခင်ဗျားကို ကြည့်ရတာ စိမ်းနေသလိုပဲဗျ"

"ဒါပေမဲ့ ခင်ဗျား ပြသလိုက်တဲ့ အမြော်အမြင်နဲ့ နောက်ကွယ်က စွမ်းရည်တွေကတော့... သာမန်လူတစ်ယောက်နဲ့ မတူဘူးဗျ"

ယဲ့ဖန် ခပ်ဖွဖွ ပြုံးလိုက်၏။

"ကျွန်တော် နေမဝင်အင်ပါယာကို ရောက်လာတာ သိပ်မကြာသေးဘူး"

"နေမဝင်အင်ပါယာရဲ့ ကားပြိုင်လောကမှာလည်း အခုမှ ပထမဆုံးအကြိမ် ပေါ်လာဖူးတာ"

"ခင်ဗျားတို့ ကျွန်တော့်ကို မသိကြတာ ပုံမှန်ပါပဲ"

အလှပဂေး အများအပြား ခေါင်းညိတ်လိုက်ကြသည်။

ဝုဖ်ဂန်းကမူ တစ်စုံတစ်ခုကို ရိပ်မိသွားပုံရသည်။

"ဒါဆို... လူချောလေး ပြောချင်တာက... ခင်ဗျားက တခြားနိုင်ငံတွေရဲ့ ကားပြိုင်လောကမှာတော့ တော်တော်လေး နာမည်ကြီးတယ် ဆိုတဲ့ သဘောပေါ့"

ယဲ့ဖန် သူ့ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။

"ခင်ဗျားက တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ"

"ခင်ဗျားလည်း အတူတူပါပဲ"

ဝုဖ်ဂန်း ပြန်ပြုံးပြလိုက်သည်။

"အခွင့်အရေး ရရင် အတူတူ သောက်ကြတာပေါ့"

"ကျွန်တော် ဒကာခံပါ့မယ်"

"ကြည့်ရသေးတာပေါ့"

ယဲ့ဖန်သည် ပေါ့ပေါ့ပါးပါး လက်ကာပြလိုက်ပြီးနောက်၊ အီလက်ထရောနစ် ဖန်သားပြင်ဘက်သို့ ပြန်လည် အာရုံစိုက်လိုက်၏။

ထိုအချိန်၌ အီလက်ထရောနစ် ဖန်သားပြင်ပေါ်တွင် လူသားချင်း စာနာထောက်ထားမှုကို ထောက်ရှုသောအားဖြင့် ပုံရိပ်နှစ်ခု ခွဲပြထားသည်။

တစ်ခုမှာ 'လေစွမ်းအား သားတော်' အဖွဲ့ဝင်များနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက အဖွဲ့ခေါင်းဆောင်ကို အပြေးအလွှား သွားရောက် ကယ်ဆယ်နေသည့် မြင်ကွင်း ဖြစ်သည်။ နောက်တစ်ခုမှာ ရှန်ရှုနှင့် ဆန်မူစီတို့ ယှဉ်ပြိုင်နေသည့် မြင်ကွင်း ဖြစ်သည်။

ခွဲပြထားသော ပုံရိပ်မှတစ်ဆင့် ကြည့်လျှင် 'လေစွမ်းအား သားတော်' ၏ အသက်အန္တရာယ် မရှိကြောင်း သိသာထင်ရှားနေသည်။

ကယ်ဆယ်ရေးသမားများက ကားတံခါးကို ဖွင့်ပြီး သူ့ကို ဆွဲထုတ်လိုက်သောအခါ၊ သူ၏ မျက်လုံးများထဲတွင် ရက်စက်မှုနှင့် ရူးသွပ်မှု အရိပ်အယောင်များ ရှိနေသေးသော်လည်း... ကြီးကြီးမားမား ဒဏ်ရာရထားခြင်း မရှိပေ။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး တုန်လှုပ်ချောက်ချားနေပြီး အားအင်ကုန်ခမ်းနေပုံသာ ရသည်။

ကယ်ဆယ်ရေးသမားများက ပါဂါနီ ဖူဂျင် ကားထဲမှ တွဲထုတ်လာသောအခါ၊ သူသည် လက်ကိုပင် မမြှောက်နိုင်တော့ပေ။ သူသည် ခေါင်းကိုသာ လှည့်ပြီး... လျှပ်စီးလက်သကဲ့သို့ ပြေးထွက်နေဆဲ ဖြစ်သော ပြိုင်ကားနှစ်စီးကိုသာ ငေးကြည့်နေရှာ၏။

ဆန်မူစီနှင့် ရှန်ရှုတို့ အတွက်မူ...

'လေစွမ်းအား သားတော်' ချောက်ထဲ ကျသွားသည်ကို မြင်လိုက်ရသောအခါ သူတို့နှစ်ဦး စိတ်ဓာတ် အနည်းငယ် ကျဆင်းသွားခဲ့ကြသည်။

သို့သော် နားကြပ်ထဲမှတစ်ဆင့် 'လေစွမ်းအား သားတော်' အသက်အန္တရာယ် မရှိကြောင်း ကြားသိလိုက်ရပုံရသည်။ ခဏအကြာတွင် သူတို့နှစ်ဦး ပုံမှန် ပြန်ဖြစ်သွားကြ၏။

GTR နှင့် AE86 တို့ တင်းမာစွာ ပြန်လည် ယှဉ်ပြိုင်လာကြပြန်သည်။

ကားနှစ်စီးသည် ငါးဆင့်ကွေ့ အကွေ့၏ အဝင်ဝသို့ ရောက်သည်အထိ အပြန်အလှန် လုံးထွေးနေကြ၏။

အနိုင်အရှုံး မပေါ်သေးပေ။

ယခုအချိန်တွင် ယဲ့ဖန်နှင့် အခြားသူများသည် ဖန်သားပြင်ကို ကြည့်စရာမလိုဘဲ၊ ပွဲကြည့်စင်ပေါ်မှနေ၍ ပြိုင်ကားနှစ်စီးကို တိုက်ရိုက် မြင်တွေ့နေရပြီ ဖြစ်သည်။

"ရောက်လာကြပြီဟေ့"

ပွဲကြည့်စင်ပေါ်မှ အလှပဂေးများသည် စိတ်လှုပ်ရှားစွာဖြင့် ပြိုင်ကွင်းဘက်သို့ အကြည့်လွှဲလိုက်ကြ၏။

"ဒီ ငါးဆင့်ကွေ့ ပြီးတာနဲ့ ဖြောင့်ဖြောင့်တန်းတန်း မောင်းရတော့မှာ"

"ပြိုင်ကားနှစ်စီးရဲ့ စွမ်းဆောင်ရည်က အတူတူလောက်ပဲ ဆိုတော့... အဲ့ဒီရောက်ရင် ဘယ်သူနိုင်မလဲ ဆိုတာ ခန့်မှန်းလို့ ရသွားပြီ"

"ဒါကြောင့်... ပြိုင်ပွဲရဲ့ ဒီအဆင့်မှာ အခြေအနေက တော်တော်လေး ရှင်းလင်းနေပြီ"

"ငါတို့ ပွဲကြည့်စင် ရှေ့က ငါးဆင့်ကွေ့ အကွေ့တွေက... သူတို့ရဲ့ နောက်ဆုံး အောင်ပွဲအတွက် အဓိက သော့ချက်ပဲ"

"လူချောလေး... ဒီ အဆုံးအဖြတ် နေရာမှာ ရှန်ရှု နိုင်မယ်လို့ ထင်လား"

"...”

All Chapters