အခန်း (၁၇၂၅-၁၇၂၇)
Vol. 91 Ch. 1725-1727
အခန်း (၁၇၂၅) - ဖော့ခ်စီးတီး လူငယ်မျိုးဆက်သစ်ရဲ့ ပါရမီရှင်
~အန်းကျူတေလာ၏ လက်ထောက် တစ်ယောက်အနေဖြင့်... အီဗန် ဟူရှန်း သည် ဒီဗွန်ရှိုင်းယား မိသားစု၏ အခြေအနေကို ကောင်းစွာ သိရှိထား၏။
ဒီဗွန်ရှိုင်းယား မိသားစုမှ ထွက်ပေါ်လာသော ထူးချွန်သည့် လူငယ်နှစ်ဦးအကြောင်း သူ ကြားဖူးထားသလို... အထူးသဖြင့် ဖော့ခ်စီးတီး တစ်မြို့လုံးက အသိအမှတ်ပြုထားသော ပါရမီရှင် တစ်ဦးအကြောင်းကိုလည်း သူ ကောင်းစွာ ကြားဖူးထားသည်။
ထိုလူငယ်နှင့် တစ်ခါမှ မဆုံဖူးသော်လည်း... အဆင့်မြင့် ညစာစားပွဲများတွင် သူ့အမည်နာမကို မကြာခဏ ကြားဖူးနေရတတ်သည်။
ဒီဗွန်ရှိုင်းယား ဟွတ်ခ် (Devonshire Hook)၊ ဒီဗွန်ရှိုင်းယား မိသားစု၏ မျိုးဆက်သစ်များထဲတွင် အတောက်ပဆုံးသော ပုလဲရတနာ တစ်ပွင့်။
လူအချို့က သူ့ကို ဘုရားသခင်၏ အချစ်တော် ဖန်တီးမှု တစ်ခုဟု ဆိုကြသည်။ အလွန်အမင်း ချောမောခန့်ညားရုံသာမက... အရပ်ရှည်ပြီး ထွားကြိုင်းသန်မာသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူ၏ ဦးနှောက်ဉာဏ်ရည်ကလည်း သာမန်လူများထက် အဆပေါင်းများစွာ သာလွန်ထက်မြက်၏။
သူ ဘာကိုပဲ သင်ယူ သင်ယူ... ဥပမာ တစ်ခုတည်း ပြလိုက်ရုံနှင့်၊ ကျန်တာတွေ အကုန်လုံးကို ဆက်စပ်တွေးခေါ်နိုင်ပြီး၊ လက်တွေ့ အသုံးချပြနိုင်စွမ်း ရှိသည်။ သူ၏ ထူးချွန်ပြောင်မြောက်သော ပါရမီကို ထိုနေရာတွင် တွေ့မြင်နိုင်သည်။
အသက် သုံးနှစ်အရွယ် မူကြိုကျောင်း စတက်သည့်အချိန်ကတည်းက... ကျောင်းသားအားလုံး၏ ဘုရင်တစ်ပါး ဖြစ်လာခဲ့သူ ဖြစ်သည်။
တစ်ခါတစ်ရံတွင် ဆရာ၊ ဆရာမများပင် သူ့ကို လေးစားအားကျရ၏။
အသက် ခြောက်နှစ်တွင် မူလတန်း စတက်ခဲ့ပြီး... မူလတန်း သင်ရိုးညွှန်းတမ်း တစ်ခုလုံးကို ပြီးဆုံးအောင် သင်ယူဖို့အတွက် နှစ်နှစ်သာ အချိန်ယူခဲ့ရသည်။ ဘာသာရပ်တိုင်းတွင်လည်း အမှတ်ပြည့် ရယူနိုင်ခဲ့သူ ဖြစ်သည်။
အသက် ကိုးနှစ်တွင် အလယ်တန်း ပညာရေးကို စတင်သင်ယူခဲ့ပြီး... ဘာသာရပ်အားလုံး ပြီးဆုံးအောင် သင်ယူရန် တစ်နှစ်ခွဲသာ အချိန်ယူခဲ့ရပြန်သည်။
ထို့အပြင် ဘာသာရပ်တိုင်း အမှတ်ပြည့် ရယူထားနိုင်သည့်အပြင်... နိုင်ငံအဆင့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကာ ပထမဆု အကြိမ်ကြိမ် ရရှိခဲ့ဖူးသူ ဖြစ်၏။
အသက် ဆယ်နှစ်ခွဲတွင် ဖော့ခ်စီးတီး၏ ထိပ်တန်း အထက်တန်းကျောင်းသို့ ဝင်ခွင့်ရရှိခဲ့သည်။
ထုံးစံအတိုင်း ပညာရေးပိုင်းတွင် သူက ပြိုင်ဘက်ကင်း ဖြစ်နေဆဲပင်။
တစ်နှစ်ခွဲ အတွင်းမှာပင် ကျောင်းတစ်ကျောင်းလုံးမှ ထူးချွန်ကျောင်းသားများကို အပြတ်အသတ် ကျော်ဖြတ်ကာ... ဘာသာရပ်တိုင်းနှင့် ပြိုင်ပွဲတိုင်းတွင် အမှတ်ပြည့်ဖြင့် အောင်မြင်ခဲ့သည်။
အသက် ၁၂ နှစ်အရွယ်တွင်... ထိုကောင်လေးသည် တက္ကသိုလ် စတက်ခဲ့လေပြီ။ အောက်စ်ဖို့ဒ် တက္ကသိုလ် စီးပွားရေး ကျောင်း သို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူသည် ကိုယ်ခံပညာ၊ ကားမောင်းပညာ၊ ဆေးပညာနှင့် ရင်းနှီးမြှုပ်နှံမှု နယ်ပယ်များကိုပါ စတင် လေ့လာခဲ့သည်။
နောက်ဆုံးတွင်... တစ်နှစ်ကျော်လေး အတွင်းမှာပင် အောက်စ်ဖို့ဒ် တက္ကသိုလ် သိုင်းကလပ်၏ နံပါတ်တစ် ဖြစ်လာခဲ့၏။ သိုင်းကလပ် နည်းပြဆရာ ကိုယ်တိုင်ပင် အရှုံးပေးခဲ့ရသည်ဟု ဆိုကြသည်။ တစ်ချိန်တည်းမှာပင် သူသည် တစ်ပိုင်းတစ်စ ပရော်ဖက်ရှင်နယ် ကားမောင်းသမား တစ်ယောက် ဖြစ်လာခဲ့ပြီး... ဖော့ခ်စီးတီးတွင် ကျင်းပသော ကားပြိုင်ပွဲ တစ်ခုတွင် ချန်ပီယံဆု ရရှိခဲ့ဖူးသည်။ ဆေးပညာ နယ်ပယ်တွင်လည်း ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့သည်ဟု သတင်းကြီး၏။ အောက်စ်ဖို့ဒ် တက္ကသိုလ် ဆေးကျောင်းမှ နာမည်ကြီး ပါမောက္ခကြီးများ ကိုယ်တိုင်ပင် သူ့ကို ချီးကျူးခဲ့ကြသည်။
ရင်းနှီးမြှုပ်နှံမှု နယ်ပယ် အကြောင်းကိုမူ ပြောစရာပင် မလိုတော့ချေ။ ဖော့ခ်စီးတီးရှိ ထိပ်တန်း အသိုင်းအဝိုင်း တစ်ခုလုံးက... တက္ကသိုလ် တက်နေသည့် လေးနှစ်တာ ကာလအတွင်း ဒီဗွန်ရှိုင်းယား ဟွတ်ခ် သည် ရင်းနှီးမြှုပ်နှံမှု လောက၏ ဒဏ္ဍာရီတစ်ပါး ဖြစ်ခဲ့သည်ကို သိရှိထားကြသည်။
ကနဦး မတည်ငွေရင်း ဒေါ်လာ တစ်သန်းတည်းဖြင့် စတင်ခဲ့ပြီး... တက္ကသိုလ် တက်နေစဉ်အတွင်းမှာပင် ဈေးကွက်တန်ဖိုး ဒေါ်လာ သန်း ၅၀၀ ကျော်ရှိသော ရင်းနှီးမြှုပ်နှံမှု အုပ်စုကြီး တစ်ခုကို တည်ထောင်နိုင်ခဲ့သူ ဖြစ်၏။
လေးနှစ်အတွင်း အဆပေါင်း ၅၀၀ တိုးပွားအောင် စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကြည့်ရသည်မှာ... ဒီကောင်လေး မလုပ်နိုင်တာ ဘာမှ မရှိဘူးဟုပင် ထင်မှတ်ရ၏။
လူတိုင်း မနာလိုဖြစ်ပြီး ရူးသွပ်သွားစေနိုင်လောက်သည့် မိသားစု နောက်ခံအပြင်...
ဖော့ခ်စီးတီး အထက်တန်းလွှာ အသိုင်းအဝိုင်းတွင် လူငယ်မျိုးဆက်သစ်များအကြောင်း ပြောကြတိုင်း... သူ့အကြောင်း မပါဘဲ မပြီးသလောက်ပင်။
သူသည် မြင့်မားသော တောင်ကြီးတစ်လုံးပမာ လူတိုင်း၏ အမြင်အာရုံကို ဖုံးလွှမ်းထား၏။
အီဗန် ဟူရှန်း မှတ်မိနေသေးသည်။ စံနှုန်းသတ်မှတ်ချက် အလွန်မြင့်မားသော အန်းကျူတေလာ ကိုယ်တိုင်ကပင်... "တကယ်လို့များ ဒီဗွန်ရှိုင်းယား ဟွတ်ခ် သာ စီးပွားရေးဘက်ကို အာရုံစိုက်ပြီး ဒီဗွန်ရှိုင်းယား မိသားစုကို ဆက်ခံမယ်ဆိုရင်... သူက မိသားစုကို ပိုပြီး မြင့်မားတဲ့ နေရာဆီ ခေါ်ဆောင်သွားနိုင်လိမ့်မယ်" ဟု မှတ်ချက်ပြုခဲ့ဖူးသည်။
ဤသည်မှာ အီဗန် ဟူရှန်း သူ့နောက်လိုက် ဖြစ်လာပြီးနောက်ပိုင်း... လူငယ်တစ်ယောက်အပေါ် အန်းကျူတေလာ ချီးကျူးခဲ့ဖူးသမျှ အမြင့်ဆုံး စကားပင် ဖြစ်သည်။
ဝမ်းနည်းစရာ တစ်ချက်တော့ ရှိနေ၏။ ဒီဗွန်ရှိုင်းယား ဟွတ်ခ် သည် ပါရမီရှင် ဖြစ်လွန်းသောကြောင့်လား မသိ... သူ့စိတ်က တစ်ခုတည်းအပေါ် အာရုံမစိုက်နိုင်ဘဲ၊ သူ၏ အပြုအမူများကလည်း "ကမ္ဘာကျော်" နေတတ်သည်။ အကယ်၍၊ သတင်းတွေ ထွက်လာလျှင် ဖော့ခ်စီးတီး တစ်မြို့လုံး လှုပ်ခတ်သွားလောက်သည်။
ဘာပဲဖြစ်ဖြစ်... အန်းကျူတေလာ သည် ဧရာမ အန်းကျူ စွမ်းအင် အုပ်စုကြီးကို တစ်ဦးတည်း လက်ဗလာဖြင့် တည်ထောင်ခဲ့သူ ဖြစ်သည်။ သူတို့ခေတ်အခါတုန်းက ဆိုလျှင်... သူ့ကို အင်ပါယာ လူငယ်မျိုးဆက်သစ်တွေထဲမှာ အထူးချွန်ဆုံး ပါရမီရှင်အဖြစ် သတ်မှတ်ခဲ့ကြဖူးသည်။
သို့သော်၊ ယနေ့မှာတော့... အန်းကျူတေလာ ကိုယ်တိုင်က ယဲ့ဖန်သည် အချိန်တစ်ခု ရောက်လျှင် ဒီဗွန်ရှိုင်းယား ဟွတ်ခ် ကို ကျော်တက်သွားလိမ့်မည်ဟု သုံးသပ်နေသည်။
အီဗန် ဟူရှန်း ဘာပြောရမှန်း မသိတော့ချေ။
"ဥက္ကဋ္ဌကြီး... တရုတ်ပြည်ဘက်က ဘာသတင်းထူးတွေများ ရခဲ့လို့လဲခင်ဗျ"
အန်းကျူတေလာ ပြုံးလိုက်၏။
"လျှို့ဝှက်ချက်တွေ အများကြီး ပါဝင်နေလို့ အသေးစိတ်တော့ ငါ မပြောပြတော့ဘူး"
"အချက်အလက် အသေးစားလေး တချို့လောက်ပဲ ပြောပြမယ်... နားထောင်ပြီးရင် ငါ ဘာလို့ ဒီလို မှတ်ချက်ပေးရလဲ ဆိုတာ မင်း နားလည်သွားလိမ့်မယ်"
"ပထမအချက်... တရုတ်ပြည်က ငါ့မိတ်ဆွေ ပြောပြတာက... ယဲ့ဖန်က ဘာမှမရှိတဲ့ အခြေအနေကနေ စတင်ပြီး... တစ်နှစ်တောင် မပြည့်ခင်မှာ လင်းနန် ဒေသရဲ့ အချမ်းသာဆုံး သူဌေး ဖြစ်လာခဲ့တယ်တဲ့"
"မင်း လင်းနန် ကို သိတယ်မလား... တရုတ်ပြည်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးနဲ့ အတိုးတက်ဆုံး ဒေသတွေထဲက တစ်ခုလေ... ငါတို့ အင်ပါယာက သူကောင်းမျိုးနွယ် တော်တော်များများတောင် အားကျပြီး တောင့်တနေရတဲ့ နေရာမျိုးလေကွာ"
အီဗန် ဟူရှန်း၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွား၏။
"တစ်နှစ်တောင် မပြည့်ခင်မှာ... ဘာမှ မရှိရာကနေ စပြီး အဲ့ဒီနေရာရဲ့ အချမ်းသာဆုံး သူဌေး ဖြစ်လာတယ် ဟုတ်လား"
အန်းကျူတေလာ ခေါင်းညိတ်လိုက်သည်။
"ဒါက သူ့အတွေ့အကြုံရဲ့ တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတယ်"
"ဒါ့အပြင် ငါ ကြားတာက... တရုတ်ပြည်မှာ အလွန် တိုးတက်ဖွံ့ဖြိုးတဲ့ ကျန်းနန် (Jiangzuo) ဒေသက ခေါင်းဆောင်ပိုင်းတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့အတွက်လည်း... သူက လပိုင်းလောက်ပဲ အချိန်ယူခဲ့ရတယ်တဲ့"
အီဗန် ဟူရှန်း လေအေးတစ်ချက် ရှူရှိုက်မိလိုက်ပြန်သည်။
နိုင်ငံတကာ ကုမ္ပဏီကြီး တစ်ခု၏ မန်နေဂျာနှင့် အန်းကျူတေလာ၏ လက်ထောက် တစ်ယောက်အနေဖြင့်... ကျန်းနန် နှင့် ကျန်းနန် စစ်ဒေသ ဆိုသည်မှာ တရုတ်ပြည်တွင် မည်မျှ အရေးပါကြောင်း သူ ကောင်းစွာ သိရှိထားသည်။
ယဲ့ဖန်က လပိုင်းလေး အတွင်းမှာတင် သူတို့နှင့် ရင်းနှီးသည့် ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့တယ် ဆိုတာ... ဒီစွမ်းရည်မျိုး ဒီဗွန်ရှိုင်းယား ဟွတ်ခ် မှာ မရှိချေ။
ဒီဗွန်ရှိုင်းယား ဟွတ်ခ် က ပါရမီရှင် ဆိုပေမယ့်... အလွန် မောက်မာပြီး ငါတစ်ကောကောင် ဟု နာမည်ကြီးတာလေ။
အန်းကျူတေလာ ဆက်ပြောလိုက်၏။
"ဒါတွေအပြင်... နောက်ထပ် ကြားခဲ့ရတာ တစ်ခု ရှိသေးတယ်... ယဲ့ဖန်ကို တရုတ်အစိုးရ ကိုယ်တိုင်က အထူး အလေးထားပုံ ရတယ်ကွ"
"ငါ့ရဲ့ အဆက်အသွယ် တော်တော်များတဲ့ မိတ်ဆွေက ယဲ့ဖန်ရဲ့ အချက်အလက်တွေကို စစ်ဆေးကြည့်ချင်ပေမယ့်... သူ့မှာ လုပ်ပိုင်ခွင့် မရှိဘူး ဖြစ်နေတယ်"
“မိတ်ဆွေ ..ငါ့ကို ပြောပြတာက... ဒီလို အခြေအနေမျိုးမှာ ဖြစ်နိုင်ချေ တစ်ခုပဲ ရှိတယ်တဲ့... တစ်ဖက်လူရဲ့ ဖိုင်က အလွန် လျှို့ဝှက်ချက် မြင့်မားနေပြီး... နိုင်ငံတော်က အထူး ဂရုစိုက်ပြီး တန်ဖိုးထားတဲ့ လူတော်လူကောင်း တစ်ယောက် ဖြစ်နေလို့ပဲတဲ့”
"..."
အီဗန် ဟူရှန်း စကားမပြောနိုင်တော့ပေ။
"ဗျာ..."
သူသည် အချိန်အတော်ကြာအောင် ကြက်သေသေ ရပ်နေပြီးမှ ခါးသက်သက် ပြုံးလိုက်မိ၏။
"ဒါကြောင့်မို့လို့ ဥက္ကဋ္ဌကြီးက သူ့ကို ဒီလောက် အထင်ကြီးနေတာကိုး"
"ကြည့်ရတာ မစ္စတာယဲ့ က တကယ့် နဂါးဆိုးကြီး ဖြစ်နေပုံပဲ"
"အရင်တုန်းက ဧကရီ ဟိုတယ်မှာတုန်းက... ကျွန်တော် သူ့ရဲ့ ကြီးမြတ်မှုကို မသိခဲ့မိဘူး..."
"ထားလိုက်ပါတော့... ပြီးပြီးသား အကြောင်းတွေ ပြန်ပြောမနေပါနဲ့"
အန်းကျူတေလာ သူ့စကားကို ဖြတ်ပြောလိုက်၏။
"အမှားကနေ သင်ခန်းစာ ယူတတ်ရင် ပြီးတာပါပဲ... နောက်တစ်ခါ ထပ်မမှားဖို့သာ သတိထား"
"အခု ငါ စဉ်းစားသင့်တာက... ပရင့်စ် ကို သူ့ရဲ့ လက်ရှိ ကောင်လေးအပေါ် စိတ်ကုန်သွားအောင် လုပ်ပြီး... မစ္စတာယဲ့ ကို စိတ်ဝင်စားလာအောင် ဘယ်လို လုပ်ရမလဲ ဆိုတာပဲ"
"မင်း ပြောကြည့်... ခဏနေ ပရင့်စ်ရဲ့ ကောင်လေး ရောက်လာရင်... ငါက တမင်တကာ ပြဿနာရှာပြီး ပရင့်စ် ရှေ့မှာ သူ့ကို အရှက်ကွဲအောင် လုပ်လိုက်ရင် ကောင်းမလား"
အီဗန် ဟူရှန်း ခမျာ ချွေးများ ရွှဲနစ်နေရှာပြီး ဘယ်လို ဖြေရမှန်း မသိတော့ချေ။
ထိုအချိန်၌ ဖုန်းမြည်သံ တစ်ခု ထွက်ပေါ်လာ၏။
ဖုန်းကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် အန်းကျူပရင့်စ်၏ အသံ ထွက်ပေါ်လာတော့သည်။
"ဖေဖေ... သမီး ကောင်လေး ခုနက ဖုန်းဆက်တယ်... သူ မကြာခင် ရောက်ပါတော့မယ်တဲ့”
အခန်း (၁၇၂၆) - ဘယ်လောက်တောင် အံ့မခန်း ဖြစ်နေလို့လဲ
~အီဗန် ဟူရှန်း သည် အခြေအနေကို သဘောပေါက်လိုက်ပြီး၊ အန်းကျူတေလာ တစ်ကိုယ်တည်း လွတ်လပ်စွာ ပြောဆိုနိုင်ရန် အနောက်သို့ ခြေတစ်လှမ်းခွဲခန့် လိမ္မာပါးနပ်စွာ ဆုတ်ခွာပေးလိုက်၏။
အန်းကျူတေလာ သည်လည်း ထိုအခြေအနေကို ကျင့်သားရနေပြီ ဖြစ်သည်။ သူသည် ဖုန်းထဲမှ တစ်ဖက်လူအား လေးလေးနက်နက် မရှိသော လေသံဖြင့် မေးလိုက်၏။
"သိပြီ... မင်း ဘယ်ရောက်နေပြီလဲ"
"သမီးလည်း ရောက်ခါနီးပြီ"
တစ်ဖက်မှ အန်းကျူပရင့်စ်၏ အသံမှာ ရွှင်လန်းတက်ကြွနေသည်။
"သမီးကောင်လေး ဖုန်းဆက်လာတော့... သူ့ကို စောင့်နေဖို့ ပြောလိုက်တယ်"
"ခဏနေရင် သူ့ကို ဖေဖေ့ဆီ ခေါ်လာခဲ့မယ်နော်"
"ဖေဖေ အမြဲကစားနေကျ ကွင်းမှာပဲ ရှိနေတာ မဟုတ်လား"
"ဟုတ်တယ်၊သမီး"
အန်းကျူတေလာ ပြန်ဖြေလိုက်ပြီး၊ သူမ၏ ကောင်လေးအကြောင်း ပိုမို မေးမြန်းရန် ပြင်လိုက်၏။
မထင်မှတ်ထားစွာပင်၊ သူ စကားမစရသေးခင်မှာပင် တစ်ဖက်မှ "အိုကေ" ဟု ပြောပြီး ဖုန်းချသွားလေတော့သည်။
"ဟေ့... ဒီကောင်မလေး"
အန်းကျူတေလာ ထိုင်ရာမှ မတ်မတ် ပြန်ထိုင်လိုက်မိ၏။
"ဒီလောက်တောင် ဖခင်ဖြစ်သူအပေါ် သဘောထား မပြည့်ဝရတာလဲ"
"ကောင်လေးနဲ့ ချစ်သူ ဖြစ်သွားရုံနဲ့ ဖုန်းချသွားရသလား"
"အရင်တုန်းက သူ ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးပါဘူး"
အီဗန် ဟူရှန်း သည် ဘေးနားတွင် တိတ်ဆိတ်စွာ ရပ်စောင့်နေပြီး၊ တစ်ခွန်းမှ ဝင်မပြောရဲရှာပေ။
"အဲ့ဒီကောင်လေးမှာ ဘယ်လို မှော်အစွမ်းတွေ ရှိနေလဲ ဆိုတာ ငါ ကြည့်ရသေးတာပေါ့"
အန်းကျူတေလာ ခေါင်းခါလိုက်၏။
"နေမဝင်အင်ပါယာက လူငယ် ပါရမီရှင်တွေ အများကြီးကိုတောင် သူ လှည့်မကြည့်ခဲ့ဘူး... ယဲ့ဖန်ကို မိတ်ဆက်ပေးဖို့ ငါ့ကို အခွင့်အရေးတောင် မပေးခဲ့ဘူး... ဒါပေမဲ့ အဲ့ဒီကောင်လေး အပေါ်မှာကျတော့ သူက ဒီလောက်တောင် စွဲလမ်းနေတယ်တဲ့လား"
"ဟူရှန်း... ခဏနေကျရင် အဲ့ဒီကောင်လေးကို အကဲခတ်ပေးစမ်းပါဦး"
"ဟုတ်ကဲ့ပါ ဥက္ကဋ္ဌကြီး"
အီဗန် ဟူရှန်း ပြန်ဖြေလိုက်၏။
ထို့နောက် သူသည် အန်းကျူတေလာ၏ အနားယူရာ နေရာကို သန့်ရှင်းရေး ကူလုပ်ပေးလိုက်သည်။
ထိုအချိန်၌ ရယ်မောသံများနှင့် စကားပြောသံများ ထွက်ပေါ်လာ၏။
ထိုအသံများထဲတွင် အန်းကျူပရင့်စ်၏ အသံလည်း ပါဝင်နေသည်။
အန်းကျူတေလာနှင့် အီဗန် ဟူရှန်း တို့သည် တစ်ပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြ၏။
သို့သော် မြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့နှစ်ဦးစလုံး ကြက်သေသေသွားရလေတော့သည်။
"ယဲ့ဖန်... မစ္စတာယဲ့ လား"
အန်းကျူတေလာ သူ့မျက်လုံးသူ မယုံနိုင် ဖြစ်သွား၏။
သို့သော် အန်းကျူပရင့်စ်၏ ဘေးနားမှ လျှောက်လှမ်းလာသော လူငယ်လေးကို သေချာ အကဲခတ်ကြည့်လိုက်ပြီးနောက်... ဧကရီ ဟိုတယ်တွင် သူ့ကို အံ့အားသင့်စေခဲ့သော လူငယ်လေး ဖြစ်နေကြောင်း အတည်ပြုနိုင်လိုက်သောအခါ... သူ လေအေးတစ်ချက် ရှူရှိုက်လိုက်မိလေတော့သည်။
"ဘုရားသခင်က ငါ့ကို ကူညီနေတာများလား"
အီဗန် ဟူရှန်း ရယ်ရခက် ငိုရခက် ဖြစ်သွား၏။
"ကြည့်ရတာ မမလေးက ဥက္ကဋ္ဌကြီးရဲ့ စိတ်ဓာတ်ကို အမွေရထားရုံတင် မကဘူး... အမြင်ပါ တူနေပုံ ရတယ်"
"ဒါဆိုရင် ကောင်းတာပေါ့... ဥက္ကဋ္ဌကြီး အနေနဲ့ မမလေးက မစ္စတာယဲ့ ကို စိတ်ဝင်စားလာအောင် ဘယ်လို လုပ်ရမလဲ ဆိုတာ ခေါင်းစားစရာ မလိုတော့ဘူးပေါ့"
"ခဏနေ ထမင်းစားတဲ့အချိန်ကျရင်... သူတို့ တွဲနေတာကို ခေါင်းညိတ်ပြီး သဘောတူပေးလိုက်ရုံပဲ"
အန်းကျူတေလာလည်း ပြုံးလိုက်၏။
"ဟုတ်တယ်"
"ဒီလိုဆိုရင်တော့ ငါ စိတ်ပူစရာ မလိုတော့ဘူး"
"ဒါပေမဲ့..."
ရုတ်တရက် သူ စကားလမ်းကြောင်း ပြောင်းလိုက်၏။
"ဒါပေမဲ့ သူတို့ တွဲနေတာကို ငါက လွယ်လွယ်နဲ့ သဘောတူလိုက်လို့ မဖြစ်ဘူး"
"ဗျာ... ဘာဖြစ်လို့လဲ"
အီဗန် ဟူရှန်း နားမလည်နိုင် ဖြစ်သွား၏။
"ဘာလို့လဲဆိုတော့ ပရင့်စ် က ငါ့အကြောင်း ကောင်းကောင်း သိတယ်လေ"
အန်းကျူတေလာ၏ မျက်လုံးများထဲတွင် နက်နဲသော အဓိပ္ပာယ်များ ဖြတ်သန်းသွား၏။
"တကယ်လို့ ငါက တန်းပြီး သဘောတူလိုက်ရင်... ငါ့အကြောင်း သိထားတဲ့ သူက... ဒါ ထောင်ချောက်ပဲ၊ ငါ တစ်ခုခု ကြံစည်နေတာပဲ ဆိုပြီး သံသယ ဝင်သွားလိမ့်မယ်... ဒါက အနာဂတ်မှာ သူနဲ့ ယဲ့ဖန်ရဲ့ ဆက်ဆံရေးအတွက် ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး"
"တကယ်လို့ ငါက ယဲ့ဖန်ကို တမင်တကာ အခက်တွေ့အောင် လုပ်ပြီး... သူတို့ကို သဘောမတူဘူး ဆိုရင်တော့... သူက ယဲ့ဖန်ကို ပိုပြီး တန်ဖိုးထားလာလိမ့်မယ်... ယဲ့ဖန်နဲ့ အတူရှိခွင့်ရတဲ့ အခွင့်အရေးကိုလည်း ပိုပြီး တန်ဖိုးထားလာလိမ့်မယ်"
"ခဏနေကျရင်... ငါတို့ ယဲ့ဖန်ကို မသိချင်ယောင် ဆောင်ပြီး သူစိမ်းတစ်ယောက်လို ဆက်ဆံကြမယ်..."
ပြောပြောဆိုဆိုပင် အန်းကျူတေလာသည် ဇာတ်ညွှန်းတစ်ခုကို အမြန် ရေးဆွဲလိုက်လေတော့သည်။
အီဗန် ဟူရှန်း သည် နားထောင်ပြီးနောက် ရယ်ရမလို ငိုရမလို ဖြစ်သွားရှာသည်။
သူ့တွင် မည်သည့် ငြီးငွေ့သံမှ မရှိသော်လည်း၊ တစ်ခဏမျှ ဘယ်လို တုံ့ပြန်ရမှန်း မသိ ဖြစ်သွား၏။ အန်းကျူပရင့်စ်က ယဲ့ဖန်ကို ခေါ်ဆောင်လာသောအခါ၊ သူသည် ချက်ချင်းပင် ဇာတ်လမ်းထဲ ဝင်လိုက်လေတော့သည်။
သူသည် ယဉ်ကျေးစွာ ဦးညွှတ်လိုက်ပြီး ဦးအောင် နှုတ်ဆက်လိုက်၏။
"မမလေး... ရောက်လာပြီလား"
"ဘေးနားက လူငယ်လေးက မမလေးရဲ့ ကောင်လေးလား"
...
အန်းကျူပရင့်စ်သည် ထိုစကားကို ကြားလိုက်ရသောအခါ အတော်လေး ဂုဏ်ယူသွားပုံရသည်။ သူမ အလျင်အမြန် ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်ပါတယ် ဦး ဟူရှန်း"
ပြောရင်း သူမသည် ယဲ့ဖန်ကို အီဗန် ဟူရှန်း နှင့် အန်းကျူတေလာအား မိတ်ဆက်ပေးလိုက်သည်။
"ဒါ သမီးရဲ့ ကောင်လေး ယဲ့ဖန် ပါ... သူက ဆန်းကြယ်တဲ့ အရှေ့တိုင်း တရုတ်ပြည်က လာတာပါ"
ယဲ့ဖန်သည် အန်းကျူ စွမ်းအင် အုပ်စုကြီး၏ ထိပ်တန်း လျှို့ဝှက် ဖိုင်ကို ရရှိထားပြီး ဖြစ်သဖြင့်၊ အန်းကျူတေလာနှင့် အန်းကျူပရင့်စ်တို့၏ ပတ်သက်ဆက်နွယ်မှုကို သိရှိထားပြီး ဖြစ်သည်။ ထို့ကြောင့် အန်းကျူတေလာနှင့် အီဗန် ဟူရှန်း တို့ကို တွေ့လိုက်ရသောအခါ မအံ့သြပေ။
သူသည် ထိုနှစ်ဦးကို နှုတ်ဆက်ရန်ပင် ပြင်ဆင်လိုက်သေး၏။
သို့သော် မထင်မှတ်ထားစွာပင်၊ သူ စကားမပြောနိုင်ခင်မှာပင် အန်းကျူတေလာနှင့် အီဗန် ဟူရှန်း တို့က သူ့ကို တစ်ပြိုင်နက်တည်း မျက်ရိပ်ပြလိုက်ကြသည်။
ထို့နောက် အန်းကျူတေလာသည် သူ့ကို တစ်ခါမှ မမြင်ဖူးသကဲ့သို့ ဟန်ဆောင်လိုက်၏။ သူသည် ကုလားထိုင်ပေါ်တွင် လှဲလျောင်းနေရင်း ခေါင်းကို ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။
"အို... ဆန်းကြယ်တဲ့ အရှေ့တိုင်း တရုတ်ပြည်က ဟုတ်လား... ဘယ်လောက်တောင် ဆန်းကြယ်လို့လဲ"
"ဖော့ခ်စီးတီးက ဒုတိယမျိုးဆက် သူဌေးသားတွေ အများကြီးကို ကျော်လွန်ပြီး... ငါ့ရဲ့ အဖိုးတန် သမီးလေးက သူ့ကို ရွေးချယ်လိုက်ရလောက်အောင် ဘာတွေများ ဆန်းကြယ်နေလို့လဲ"
ယဲ့ဖန်သည် အန်းကျူတေလာ၏ ရည်ရွယ်ချက်ကို နားမလည်နိုင်ပေ။
သို့သော် အန်းကျူတေလာနှင့် အီဗန် ဟူရှန်း တို့က သူ့ကို ပူးပေါင်းဆောင်ရွက်ရန်နှင့် မသိချင်ယောင်ဆောင်ရန် အချက်ပြနေကြောင်း သူ ရိပ်မိလိုက်၏။
ထို့ကြောင့် သူ အလျင်စလို စကားမပြောတော့ဘဲ၊ အခြေအနေကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော် သူ့ဘေးနားတွင် ရပ်နေသော အန်းကျူပရင့်စ်ကမူ အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။ သူမသည် ဖခင်ဖြစ်သူကို အလျင်အမြန် ပြောလိုက်၏။
"အာ... ဖေဖေကလည်း... သမီးရဲ့ ချစ်သူကို အဲ့ဒီလို ရန်လိုတဲ့ ပုံစံနဲ့ မဆက်ဆံပါနဲ့"
"ယဲ့ဖန်က တကယ် တော်တာပါ"
"သမီး တရုတ်ပြည် ရောက်တုန်းက... သူ့ကျေးဇူးကြောင့် တန်ဖိုးကြီး ရှေးဟောင်းပစ္စည်း အများကြီး ရခဲ့တာလေ... ပြီးတော့ မကြာသေးခင်ကမှ သူက တစ်ခါတည်းနဲ့ ဒေါ်လာ ၁.၅ ဘီလီယံလောက် အမြတ်ရအောင် လုပ်ပြခဲ့တာ"
"ဒါ့အပြင် သူက တရုတ်သိုင်းပညာ၊ ရှေးဟောင်းပစ္စည်း သုတေသန၊ ဆေးပညာ... အစုံ ကျွမ်းကျင်တယ်"
"သူက သမီး တွေ့ဖူးသမျှထဲမှာ စိတ်အဝင်စားဆုံး၊ အတော်ဆုံးနဲ့ အသင့်တော်ဆုံး လူငယ်တစ်ယောက်ပါ"
အန်းကျူတေလာသည် ထိုစကားများကို ကြားလိုက်ရသောအခါ အနည်းငယ် အံ့သြသွားပုံရပြီး၊ ယဲ့ဖန်ကို ပထမဆုံးအကြိမ် သေချာ ကြည့်လိုက်၏။
သို့သော် ခဏအကြာတွင် သူက ပြန်ပြောလိုက်သည်။
"ဒါတွေက မင်း ကိုယ်တိုင် ပြောနေတာတွေလေ... တကယ် ဟုတ်မဟုတ် ဘယ်သူ သိမလဲ"
"ပြီးတော့ မင်းက ငယ်ပါသေးတယ်... အလိမ်ခံရဖို့ အရမ်း လွယ်တယ်"
"မင်းရဲ့ အဆင့်အတန်းနဲ့ ကြွယ်ဝမှုကို ကြည့်ပြီး... တစ်ယောက်ယောက်က တမင်တကာ ထောင်ချောက်ဆင်ပြီး ချဉ်းကပ်လာရင်... မင်း သတိမထားမိဘဲ အစစ်အမှန်လို့ ထင်သွားနိုင်တယ်... အာဂျိုင်း (Argyll) မိသားစုမှာ ဒီလိုကိစ္စမျိုး တစ်ခါ ဖြစ်ဖူးတယ်လေ... ဆင်းရဲသား ကောင်လေးတစ်ယောက်က သေချာ စီစဉ်ပြီး အာဂျိုင်း မိသားစုက သမီးလေးရဲ့ မျက်လုံးထဲမှာ 'ရှားပါးတဲ့ လူတော်လူကောင်း' တစ်ယောက် ဖြစ်အောင် ဟန်ဆောင်ခဲ့တာ... နောက်ဆုံးကျတော့ ငွေရော လူပါ လိမ်ယူသွားတယ်လေ..."
"ယဲ့ဖန်က အဲ့ဒီလို လူမျိုး မဟုတ်ပါဘူး၊ ဖေဖေ"
အန်းကျူပရင့်စ် အတော်လေး သေချာနေပုံရ၏။
"ဘာလို့လဲဆိုတော့ သမီးတို့ အတူတူ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ တချို့က ဟန်ဆောင်လို့ မရဘူးလေ"
"သူက တကယ် အံ့မခန်းပါပဲ"
"ဖေဖေ မယုံရင် သူ့ကို အခုချက်ချင်း စမ်းသပ်ကြည့်လိုက်လေ... ဖေဖေ ကိုယ်တိုင် သူ့ကို လေးစားလာအောင် သူ လုပ်ပြလိမ့်မယ်"
…
အခန်း (၁၇၂၇) - ရူးသွပ်ဖွယ်ရာ အရိပ်အမြွက်များ
~"အို... ဟုတ်လား"
အန်းကျူတေလာသည် ကြောင်တောင်တောင် ဖြစ်သွား၏။
အန်းကျူပရင့်စ်သည် ယဲ့ဖန်၏ နားနားသို့ အမြန် ကပ်လိုက်ပြီး၊ သူ့ကို အန်းကျူတေလာ၏ ရှေ့သို့ တွန်းပို့ရင်း တီးတိုး ပြောလိုက်သည်။
"ခဏနေကျရင် ရှင့်ကိုပဲ အားကိုးရတော့မယ်နော်... အချစ်"
"ဖေဖေက ကျွန်မကို ဖော့ခ်စီးတီးက ဒုတိယမျိုးဆက် သူဌေးသားတွေနဲ့ အမြဲ မိတ်ဆက်ပေးချင်နေတာ... ပြီးတော့ သူ့သမီးရဲ့ ကိုယ်ပိုင်ဘဝကို ဝင်စွက်ဖက်ချင်နေတာ"
"သူ့ရှေ့မှာ ရှင့်အစွမ်းတွေ ပြသလိုက်စမ်းပါ... သမီးရဲ့ ရွေးချယ်မှုက သူ့ထက် မညံ့ဘူး ဆိုတာ သက်သေပြလိုက်... သူ့ကို သမီးအပေါ် စွက်ဖက်ချင်စိတ်တွေ လုံးဝ ပျောက်သွားအောင် လုပ်လိုက်စမ်းပါ"
ပြောပြောဆိုဆိုပင် သူမသည် ခေါင်းကို အမြန် မော့လိုက်ပြီး အန်းကျူတေလာကို ကြည့်လိုက်ပြန်၏။
"သမီး အတည်ပြောနေတာနော်"
"ဖေဖေ မယုံရင်... အခုပဲ မေးခွန်းတွေ မေးကြည့်လို့ ရတယ်"
အန်းကျူတေလာသည် ထိုစကားကို ကြားလိုက်ရသောအခါ ယဲ့ဖန်ကို စိတ်ဝင်တစား ကြည့်လိုက်၏။
"ပရင့်စ် ပြောတာ အမှန်ပဲလား"
"မောင်ရင်… ငါ့ရဲ့ စမ်းသပ်မှုကို လက်ခံရဲသလား"
ယဲ့ဖန် အလျင်စလို ပြန်မဖြေပေ။
အန်းကျူပရင့်စ်ကမူ ခေါင်းတငြိမ့်ငြိမ့် လုပ်ပြလိုက်၏။
"သူ လက်ခံတယ်"
"ဒါပေမဲ့ ယဲ့ဖန်က ဖေဖေ့ရဲ့ စမ်းသပ်မှုကို လက်မခံခင်မှာ... ဖေဖေ ကတိတစ်ခု ပေးရမယ်... တကယ်လို့ သူသာ ဖေဖေ့ရဲ့ စမ်းသပ်မှုကို အောင်မြင်သွားရင်... နောက်ကျရင် သမီးနဲ့ ယဲ့ဖန် တွဲတာကို ဖေဖေ လုံးဝ တားဆီးလို့ မရတော့ဘူးနော်"
"ကောင်းပြီလေ"
အန်းကျူတေလာ ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့ သမီးက တောင်းဆိုလာမှတော့... ဖေဖေလည်း အချက်တစ်ချက် ပြန်ပြောရလိမ့်မယ်... တကယ်လို့ မင်းကောင်လေးက ဖေဖေ့ရဲ့ စမ်းသပ်မှုကို မအောင်မြင်ဘူး ဆိုရင်တော့...ဖေဖေ ပြောမယ်... နောက်ကျရင် မင်းရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာ ဖေဖေ့ စကားကို တသဝေမတိမ်း နားထောင်ရမယ်"
"စောစောတုန်းက ဧကရီ ဟိုတယ်မှာ ငါ တရုတ်ပြည်က အလွန် အရည်အချင်းရှိတဲ့ လူငယ်တစ်ယောက်နဲ့ တွေ့ခဲ့တယ်... သူ့ကို ငါ တော်တော် သဘောကျတယ်... သူ့ဆီမှာ မင်းကြိုက်တဲ့ တရုတ် အငွေ့အသက်တွေ အများကြီး ရှိတယ်..."
ယဲ့ဖန် သံသယ ဝင်သွား၏။
‘အဲ့ဒီလူက ငါ့အကြောင်း ပြောနေတာများလား။’
အန်းကျူပရင့်စ် သတိမထားမိချိန်တွင် အီဗန် ဟူရှန်း က သူ့ကို တိတ်တဆိတ် မျက်စိမှိတ်ပြလိုက်သည်ကို မြင်လိုက်ရသောအခါ... သူ အကြမ်းဖျင်း သဘောပေါက်သွားလေတော့သည်။
‘အန်းကျူတေလာက ငါနဲ့ အန်းကျူပရင့်စ် တွဲတာကို တားဆီးချင်နေတာလား။
ဆန့်ကျင်ဘက် အနေနဲ့... သူက ငါ့ကို သဘောကျပြီး အန်းကျူပရင့်စ်နဲ့ ဆက်ဆံရေးကို ထောက်ခံအားပေးနေတာ။’
‘ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့်... သူတို့ သိကျွမ်းနေတာကို အန်းကျူပရင့်စ် ရှေ့မှာ ယာယီ ဖုံးကွယ်ထားဖို့ ရွေးချယ်လိုက်တာပဲ။
ဒါဆိုရင်... သူတို့ကို မသိချင်ယောင်ဆောင်ပြီး သူတို့နဲ့အတူ လိုက်ကစားပေးလိုက်ရမလား။’
သို့သော် ယဲ့ဖန်၏ ဘေးနားမှ အန်းကျူပရင့်စ်သည် အန်းကျူတေလာ၏ စကားကို အမြန် ဖြတ်ပြောလိုက်၏။
"ကိစ္စ မရှိပါဘူး"
"ဘာပဲဖြစ်ဖြစ်... သမီးရဲ့ ချစ်သူကို သမီး ယုံကြည်မှု ရှိတယ်"
"သူက ဖေဖေ့ရဲ့ စမ်းသပ်မှုကို သေချာပေါက် အောင်မြင်မှာ... ပြီးရင် ဖေဖေ့ကို အံ့အားသင့်သွားစေရမယ်"
"သဘောတူတယ်"
အန်းကျူတေလာသည် ကုလားထိုင်ပေါ်မှ ထရပ်လိုက်ပြီး ယဲ့ဖန်ဘက်သို့ လှည့်လိုက်၏။
"ဒီ မစ္စတာယဲ့ က ရှေးဟောင်းပစ္စည်းတွေ၊ တရုတ်သိုင်းပညာတွေနဲ့ ဆေးပညာတွေကို ကျွမ်းကျင်တယ်ပေါ့... ဟုတ်လား"
ထိုအခြေအနေကို မြင်လိုက်ရသောအခါ အန်းကျူပရင့်စ်သည်လည်း ယဲ့ဖန်ကို လှမ်းကြည့်လိုက်ပြီး၊ တစ်ချိန်တည်းမှာပင် အဓိပ္ပာယ်ပါသော အကြည့်ဖြင့် သူ့ကို ကြည့်လိုက်၏။
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ်... ကျွန်တော် နည်းနည်းပါးပါး သိပါတယ်"
"ဒါဆို ရိုးရှင်းသွားပြီပေါ့"
အန်းကျူတေလာ အနည်းငယ် ပြုံးလိုက်၏။
"ဟူရှန်း... လွန်ခဲ့တဲ့ နှစ်ရက်က ငါ့ရဲ့ ပါတနာတွေ ငါ့ဆီ ပို့ပေးထားတဲ့ ပစ္စည်းတချို့ကို သွားယူခိုင်းလိုက်"
"ပြီးတော့ ငါ့ရဲ့ သက်တော်စောင့်တွေကိုလည်း အသင့်ပြင်ထားခိုင်းလိုက်... ခဏနေကျရင် မစ္စတာယဲ့ နဲ့ လေ့ကျင့်ခိုင်းရမယ်"
အီဗန် ဟူရှန်း ချက်ချင်း တုံ့ပြန်လိုက်၏။ ထို့နောက် ဘေးသို့ လျှောက်သွားပြီး ဖုန်းဆက်ရန် ပြင်လိုက်သည်။
မိနစ်အနည်းငယ် ကြာသောအခါ... ရုပ်ရည်သန့်ပြန့်ပြီး ယူနီဖောင်း ဝတ်ဆင်ထားသော ဝန်ထမ်းအချို့သည် ပစ္စည်းသုံးခုကို ပိုက်လျက် လျှောက်လှမ်းလာကြ၏။
"မစ္စတာ အန်းကျူ"
သူတို့ ရောက်လာသောအခါ ဝန်ထမ်းအားလုံး အန်းကျူတေလာကို တညီတညွတ်တည်း ဦးညွှတ်လိုက်ကြသည်။
အန်းကျူတေလာ လက်ကာပြလိုက်ပြီး၊ ယဲ့ဖန်၏ ရှေ့တွင် တန်းစီရပ်ရန် ညွှန်ကြားလိုက်၏။
"ဒီ မစ္စတာယဲ့ က တရုတ်ပြည်က ရှေးဟောင်းပစ္စည်း ကုန်သည် တစ်ယောက်ပဲ"
"ငါ့ရဲ့ စုဆောင်းမှုတွေကို သူ့ကို သေချာ ကြည့်ခိုင်းလိုက်"
"သူ့ကို ဈေးဖြတ်ခိုင်းလိုက်ပါ"
ယဲ့ဖန်သည် ထိုစကားများက သူ့ကို ရည်ရွယ်မှန်း သိသာထင်ရှားစွာ သိလိုက်ရ၏။
ဝန်ထမ်းများသည် ချက်ချင်းပင် နာခံလိုက်ကြပြီး၊ သူ့ရှေ့တွင် တန်းစီ ရပ်လိုက်ကြသည်။ သူတို့တစ်ယောက်စီတိုင်းက သူ့ကို အပြုံးဖျော့ဖျော့လေးများဖြင့် ကြည့်နေကြ၏။
ယဲ့ဖန်သည် သူတို့ကို တစ်ချက်သာ လှမ်းကြည့်လိုက်ပြီးနောက်၊ အန်းကျူတေလာ ဘက်သို့ လှည့်ကြည့်လိုက်သည်။
"ဒါတွေက တရုတ်ပြည်ရဲ့ ထိပ်တန်း ရှေးဟောင်းပစ္စည်း ကုန်သည် တစ်ယောက်အတွက်တော့ ကလေးကစားစရာတွေပါ"
"ဦး... အခက်အခဲကို နည်းနည်းလောက် တိုးမြှင့်ဖို့ မစဉ်းစားချင်ဘူးလား"
အန်းကျူတေလာ ထိုစကားကို ကြားလိုက်ရသောအခါ အံ့သြသွား၏။
"ကလေးကစားစရာ ဟုတ်လား"
"ဒီပစ္စည်း သုံးခုစလုံးက သာမန် မဟုတ်တဲ့ ဇာစ်မြစ်တွေ ရှိတယ်ကွ"
"ငါ့ကို ပေးတဲ့သူကတောင် ပြောသွားတယ်... ဒီပစ္စည်း သုံးခုက နေမဝင်အင်ပါယာမှာ 'ထူးခြားဆန်းပြားတဲ့' (Unique) ပစ္စည်းတွေတဲ့... မင်းက ဒါတွေကို ကလေးကစားစရာလို့ ပြောရဲတယ်ပေါ့"
ယဲ့ဖန်၏ မျက်နှာထားမှာ ပြောင်းလဲခြင်း မရှိပေ။ သူသည် ဘယ်ဘက်အစွန်ဆုံးမှ ဝန်ထမ်းကို ဦးစွာ ကြည့်လိုက်ပြီး၊ သူမ၏ လင်ဗန်းပေါ်တွင် တင်ထားသော ရွှေအိုးကို ကြည့်လိုက်၏။
"အယ်လိဇဘက် ဘုရင်မကြီး (Elizabeth I) လက်ထက်က သုံးခဲ့တဲ့ ရွှေအိုး"
"ဒါပေမဲ့ ဒါက အပြစ်အနာအဆာ ရှိတဲ့ ပစ္စည်းတစ်ခုပဲ... အိုးရဲ့ ကိုယ်ထည်၊ နှုတ်သီးနဲ့ အဖုံးတွေက ပုံမှန် ဖြစ်ပေမယ့်... အိုးရဲ့ အောက်ခြေနဲ့ လက်ကိုင်တွေက ပျက်စီးနေတယ်... အခု ကျွန်တော်တို့ မြင်နေရတဲ့ ပြီးပြည့်စုံတဲ့ ပုံစံက... ခေတ်သစ် လက်မှုပညာနဲ့ နောက်ပိုင်းမှ ပြန်လည် ပြုပြင်ထားတာ"
" 'ထူးခြားဆန်းပြားတယ်' လို့ ခေါ်ဆိုရလောက်အောင် တန်ဖိုးရှိတာတော့ အမှန်ပါပဲ... ဘာလို့လဲဆိုတော့ ဒီပစ္စည်းက အစစ်အမှန်ကနေ ပြုလုပ်ထားတာကိုး... ပြီးတော့ အတုပြုလုပ်တဲ့ အဆင့်အတန်းနဲ့ လက်မှုပညာကလည်း အရမ်း မြင့်မားတယ်... အစစ်အမှန်လို့တောင် လုံးဝ ထင်ရလောက်တယ်..."
သူသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်၏။
သို့သော် အန်းကျူပရင့်စ်သည် ရွှေအိုးရှေ့သို့ လျှောက်သွားလိုက်သည်။ သူမသည် လက်နှစ်ဖက်လုံးတွင် လက်အိတ်ဖြူများ ဝတ်ဆင်လိုက်ပြီး၊ မှန်ဘီလူးတစ်ခုကို ထုတ်ယူကာ လေးလေးနက်နက် စစ်ဆေးကြည့်ရှုလိုက်၏။
စစ်ဆေးပြီးနောက် သူမသည် ဖခင်ဖြစ်သူကို သံသယ မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"အဖြေမှန်ကို ပြောပြပါတော့ ဖေဖေ"
"ဒီပစ္စည်းက တကယ်ပဲ လှည့်ကွက်တချို့ ရှိနေပုံရတယ်"
"သမီး ဆိုသဘီး (Sotheby's) လေလံအိမ်မှာ အလုပ်လုပ်လာတာ ကြာပါပြီ... ဒါပေမဲ့ ဘာမူမမှန်တာမှ မတွေ့ရဘူး"
"သမိုင်းဝင် ခြေရာလက်ရာ တချို့နဲ့ အပြစ်အနာအဆာ သေးသေးလေး တချို့တော့ ရှိတယ်... အဲ့ဒါတွေ အကုန်လုံးက သဘာဝအတိုင်းပဲ..."
အန်းကျူတေလာ၏ မျက်လုံးများထဲတွင် အံ့သြမှုများ ဖြတ်သန်းသွားပြီး၊ ယဲ့ဖန်ကို ကြည့်လိုက်၏။
"ကြည့်ရတာ မစ္စတာယဲ့ က တကယ် စွမ်းရည် ရှိပုံပဲ"
"ဒီ အယ်လိဇဘက် ဘုရင်မကြီးရဲ့ ရွှေအိုးက... အလွန် ဆန်းပြားတဲ့ အတုပြုလုပ်နည်းပညာနဲ့ ဖန်တီးထားတာ အမှန်ပါပဲ... 'အစစ်ကနေ အတုလုပ်ထားတယ်' လို့ ပြောလို့ရတာပေါ့"
"အရင်တုန်းက ငါနဲ့ ရင်းနှီးတဲ့ စုဆောင်းသူတွေ အများကြီး ပူးပေါင်းပြီး စစ်ဆေးခဲ့ကြပေမယ့်... ဘာပြဿနာမှ ရှာမတွေ့ခဲ့ဘူး... နောက်ပိုင်းကျမှ ပစ္စည်းသိပ္ပံ နယ်ပယ်က ပညာရှင် တစ်ယောက်က သိပ္ပံနည်းကျ ပစ္စည်းခွဲခြမ်းစိတ်ဖြာမှု နည်းလမ်းကို သုံးပြီးမှ ပြဿနာကို ရှာတွေ့ခဲ့တာ"
"အတုပြုလုပ်တဲ့ နည်းလမ်းနဲ့ လက်မှုပညာက မစ္စတာယဲ့ ခန့်မှန်းတဲ့အတိုင်းပါပဲ... အောက်ခြေနဲ့ လက်ကိုင် အစိတ်အပိုင်းတွေကို နောက်ပိုင်းမှ ပြန်လည် ပြုပြင်ပြီး ဟောင်းနွမ်းအောင် လုပ်ထားတာ..."
ယဲ့ဖန် မအံ့သြပေ။ သူ ခေါင်းညိတ်လိုက်ပြီး ဒုတိယမြောက် ပစ္စည်းကို ကြည့်လိုက်၏။
အန်းကျူပရင့်စ် သက်ပြင်းချလိုက်မိသည်။ သူမသည် ဖခင်ဖြစ်သူကို ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။
"သမီး ပြောသားပဲ... ယဲ့ဖန်က လိမ်မပြောပါဘူးလို့"
"သူ့ရဲ့ ရှေးဟောင်းပစ္စည်း သုတေသန စွမ်းရည်က ထိပ်တန်းပဲ"
"သူ့အတွက်တော့ ဒါက ကလေးကစားစရာ လောက်ပါပဲ"
"ဒီ အယ်လိဇဘက် ဘုရင်မကြီးရဲ့ ရွှေအိုးက သဲလွန်စတွေကို မြင်ရုံနဲ့တင်... သူ့ရဲ့ ရှေးဟောင်းပစ္စည်း နယ်ပယ်က စွမ်းဆောင်ရည်ကို သက်သေပြဖို့ လုံလောက်ပါတယ်"
ယခုတစ်ကြိမ်တွင်မူ အန်းကျူတေလာ ငြင်းဆန်ခြင်း မပြုတော့ပေ။
"ဒါပေမဲ့... သူ့ကို ထိပ်တန်းအဆင့်လို့ သတ်မှတ်လို့ ရမလား... ဒီ ရှေးဟောင်းပစ္စည်း သုံးခုကို စစ်ဆေးတာက ကလေးကစားစရာလို့ ပြောခွင့် ရှိမရှိ ဆိုတာကတော့... ဆက်ကြည့်ရဦးမှာပေါ့"
"စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ကြတာပေါ့"
"မင်းရဲ့ ကောင်လေးက ငါတို့ကို အံ့အားသင့်အောင် ဆက်လုပ်နိုင်ဦးမလား ဆိုတာ ကြည့်ရသေးတာပေါ့"
"...”