အခန်း (၁၀၀၂)
Vol. 67 Ch. 1002
နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုး အတွင်း၌ဖြစ်သည်။
ထို့နောက် နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုး ၏စွမ်းအားတို့အား စုပ်ယူနေသည့်အင်မော်တယ်သွေးစက်သုံးစက်က ရုတ်ခြည်းသွေးတစ်စက်စီ ခွဲထွက်သွားသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။
ရှစ်ဖုန့်၏ခန္ဓာကိုယ်အတွင်း၌ အင်မော်တယ်သွေးစက် စုစုပေါင်း ခြောက်စက်ရှိသွားပြီဖြစ်သည်။
အင်မော်တယ်သွေးစက်သုံးစက်က နောက်ထပ်သုံးစက်ခွဲထွက်သွားပြီးသည့်နောက် မူလအင်မော်တယ်သွေးစက်သုံးစက်မှာ နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုး၏ စွမ်းအားကို စုပ်ယူနေဆဲဖြစ်သည်။
ဤအရာအားတွေးမိသောအခါတွင် ရှစ်ဖုန့်၏ ပုံပျက်ပန်းပျက်ဖြစ်ပြီး သွေးချင်းချင်းနီနေသောမျက်နှာက လွန်စွာထိတ်လန့်ကြောက်မယ်ဖွယ်ကောင်းသော အပြုံးတစ်ခုကိုပြသလာသည်။
“အရင်တစ်ခေါက်တုန်းက အင်မော်တယ်သွေးစက်တစ်စက်ကနေ သုံးစက်ဖြစ်ခဲ့တယ်. ဒီတစ်ကြိမ် သုံးစက်ကနေ ကိုးစက်အထိများ ခွဲထုတ်နိုင်မလား”
အကယ်၍ သူ့၌အင်မော်တယ်သွေးစက်ကိုးစက်သာရှိလာခဲ့လျှင် သူ၏ထိခိုက်ဒဏ်ရာရနေသောခန္ဓာကိုယ်က ယခင်ထက်များစွာပို၍ ပြန်လည်ကောင်းမွန်လာလိမ့်မည်ဖြစ်သည်။
ယခုရှစ်ဖုန့်မှာ နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးအတွင်း၌ပိတ်မိနေသကဲ့သို့ မိုးကြိုးလျှပ်စီးတို့ကြောင့် ထိခိုက်ပျက်စီးနေသော သူ၏ခန္ဓာကိုယ်က အင်မော်တယ်သွေးစက်သုံးစက်အားထပ်မံရရှိပြီးသည့်နောက်တွင် ပို၍မြန်ဆန်သောအမြန်နှုန်းဖြင့်ပြန်လည်ကောင်းမွန်လာနေသည်။
နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးတို့ကြောင့် ထိခိုက်ပျက်စီးနေသောသူ၏ခန္ဓာကိုယ်က ပကတိမျက်စိဖြင့်မြင်နိုင်သောအမြန်နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာနေ၏။
မည်းမှောင်ပြီးကြမ်းကြုတ်ပြင်းထန်နေသောကမ္ဘာအတွင်းတွင် ဝတ်ရုံနက်က သူ့ဘေး၌ရှိနေသည့်အဘွားအိုကိုကြည့်လိုက်သည်။ အဘွားအိုကအဖျက်စွမ်းအားအား ခုခံတွန်းလှန်နေသကဲ့သို့ သူမ၏မျက်နှာကဖြူသည်ထက်ဖြူဖျော့လာသည်အားတွေ့ရသောအခါတွင် ဝတ်ရုံနက်အနေဖြင့် သူမအတွက်ပို၍ပို၍စိုးရိမ်ပူပန်လာသည်။
သို့သော်အဘွားအိုအတွက်သူမစိုးရိမ်နေလျှင်ပင် ကူညီပေးနိုင်သောအရာဘာမှမရှိချေ။
တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှ ဝတ်ရုံနက်တမာန်တော်ဖြစ်သောသူ့အနေဖြင့် မြေရိုင်းဒေသကြီးအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသောကျော်ကြားမှုရှိပြီး သာမန်နတ်ဘုရားတစ်ပိုင်းနယ်ပယ်အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးအားအလွယ်တကူသတ်ပစ်နိုင်သည် ဖြစ်သည်။
သို့သော် ဤအဘွားအို၏ရှေ့မှောက်နှင့် အဖျက်စွမ်းအားတို့၏ အောက်တွင်တော့ သူမအနေဖြင့် အရွယ်ရောက်လူကြီးတို့၏တိုက်ပွဲအား စောင့်ကြည့်နေရသည့်သုံးနှစ်အရွယ်ကလေးတစ်ဦးလိုဖြစ်နေသည်။
အဘွားအိုကပို၍ပို၍ပင်ပန်းလာပြီး ကောင်းကင်ထဲမှ အမည်းရောင်တိမ်တိုက်ကြီးသည်လည်းချွင်းချက်မရှိနေပေ။ ဧရာမအမည်းရောင်တိမ်တိုက်ကြီးက ပင်လယ်လှိုင်းလုံးများကဲ့သို့ ပို၍ပို၍ တလိပ်လိပ်ဖြစ်လာသည်။ ဤသို့သာဆက်ပြီးဖြစ်နေလျှင် ၎င်းအနေဖြင့် အပိုင်းပိုင်းဖြစ်သွားမည်ကိုပင်စိတ်ပူရသည်ဖြစ်၏။
အချိန်များဖြည်းညှင်းစွာကုန်ဆုံးလာသကဲ့သို့ နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးက လည်း ဖြည်းဖြည်းချင်းအားနည်းလာသည်။
“ဟမ်”
ဤအခိုက်အတန့်တွင် ဝတ်ရုံနက်တစ်ယောက်လန့်ဖျပ်သွားပြီး တိုးဖျော့ညင်သာစွာ “ဟမ်”ဟု ရေရွတ်လိုက်သည်။ ဤကဲ့သို့အရေးကြီးသောဘေးကျပ်နံကျပ်အခိုက်အတန့်မျိုးတွင် သူတို့ထံသို့ အရှိန်အဟုန်ဖြင့်ဦးတည်လာနေသော ဒါဇင်နှင့်ချီသည့် အော်ရာများကို အာရုံခံမိလိုက်သည်။
“အိုးမဟုတ်သေးဘူး. အဘွား..တစ်ယောက်ယောက်လာနေပြီ”
ဝတ်ရုံနက် က ဘေး၌ရှိနေသည့်အဘွားအိုအား အလျှင်အမြန်ပြောလိုက်သည်။
“အူး”
ဤအချိန်တွင် နောက်ထပ် သွေးစီးကြောင်းက အဘွားအို၏နှုတ်ခမ်းထောင့်မှစီးကျလာသည်။ သူမ၏မျက်နှာကပို၍ဖြူဖျော့လာသည်။
ထို့နောက် အဘွားအိုက ပါးစပ်ကိုဖွင့်ဟပြီး လွန်စွာအားနည်းလှသောအသံဖြင့်ပြောလိုက်သည်။
“သေစမ်း”
ထို့နောက် အဘွားအိုက ခေါင်းမော့လိုက်ပြီးကောင်းကင်ထဲသို့ကြည့်လိုက်သည်။သူမက လွန်စွာကြီးမားပြီး တလိပ်လိပ်ထနေသည့် ထူးဆန်းသောတိမ်တိုက်ကြီးကိုကြည့်၍ပြောလိုက်သည်။
“ငါ့မှာပြင်ပကနေဒီကိုရောက်လာတဲ့သူရှိနေတယ်.. ဒါကြောင့် ဒီထိန်းချုပ်မှုမဲ့တဲ့အဖျက်စွမ်းအားကို မင်းနဲ့အတူမတားဆီးနိုင်တော့ဘူး..ဒီမှာပဲရပ်ကြရ အောင်”
“ဟင့်အင်း”
ထို့နောက်ချက်ချင်း အမျိုးသမီးတစ်ဦး၏ အေးစက်စက်နိုင်သောအသံက ကောင်းကင်ထဲမှထွက်ပေါ်လာသည်။ အဘွားအို၏တိုက်တွန်းအကြံပြုချက်အား သူမတကယ်ကြီးငြင်းခဲ့၏။
အမျိုးသမီး၏အသံအားကြားလိုက်ရသောအခါတွင် အဘွားအို၏မျက်နှာထက်၌ အလွန်အမင်းအမျက်ထွက်သော အမူအယာတစ်ခုဖြစ်ပေါ်လာသည်။
“ချီးပဲ..ဒီကလေးရဲ့ မိုးကြိုးအတိဒုက္ခကပ်ဘေးက အမွှေးတိုင်သုံးတောင်လွမ်းကျွမ်းပြီးတဲ့အချိန်လောက်ဆိုအဆုံးသတ်လောက်ပြီ..အချိန်တိုတစ်ခုအ တွင်းသူ့ကို ဂရုစိုက်ဖို့မလိုတော့ဘူး.. ဒီတစ်ကြိမ်အတိဒုက္ခကပ်ဘေးကို အောင်မြင်ခဲ့ပြီးလို့သုံးသပ်လို့ရနိုင်တယ်”
အဘွားအို၏စကားဆုံးပြီးပြီးချင်း အမျိုးသမီး၏အေးစက်စက်နိုင်သောအသံက နောက်တစ်ကြိမ်ထွက်ပေါ်လာ၏။ သူမ၏လေသံ၌ ဆုံးဖြတ်ချခိုင်မာစွာချထားမှုတို့ဖြင့်ပြည့်နှက်နေ၏။
“ဟင့်အင်း”
“နင်”
ထိုစကားနှစ်လုံးအားထပ်မံကြားလိုက်ရသောအခါတွင် အဘွားအိုမှအရမ်းဒေါသထွက်လွန်းသောကြောင့် ပြောစရာစကားပင်ပျောက်သွားရသည်။
“အူး”
ထို့နောက်သူမ၏နှုတ်ခမ်းထောင့်မှနောက်ထပ် သွေးစီးကြောင်းတစ်ခု စီးကျလာသည်။
“အဘွားဇူး”
ဝတ်ရုံနက်က စိတ်ပူပန်စွာဖြင့်အလျှင်အမြန်အော်ပြောလိုက်သည်။သို့သော် အဘွားအိုအနားကိုတော့သူမကပ်မလာခဲ့ပေ။ ဤကဲ့သို့ အရေးကြီးသောအခိုက်အတန့်မျိုးတွင်သူမအနေဖြင့် မဆင်မခြင် အဘွားအိုအား မထိရဲပေ။
“ချီးပဲ.ဒီခွေးမကတော့. ငါနဲ့အတူတားဆီးထားတဲ့အဖျက်စွမ်းအားကို သူက ပြန်မရုတ်သိမ်းဘူး. ငါသာဒီလိုမျိုးပြန်ရုတ်သိမ်းလိုက်ရင် သေချာပေါက် အထိန်းအချုပ်မဲ့တဲ့အဖျက်စွမ်းအားရဲ့တန်ပြန်သက်ရောက်ရိုက်ခတ်မှုကိုခံရလိမ့်မယ်.. ငါ့ရဲ့လက်ရှိအခြေအနေနဲ့ဆိုရင် ဒီအဖျက်စွမ်းအားရဲ့ သတ်ဖြတ်တာကိုငါသေချာပေါက်ခံရလိမ့်မယ်”
ဝတ်ရုံနက်အားစကားပြောလိုက်သကဲ့သို့ အဘွား၏ဖြူဖျော့နေသောမျက်နှာထက်၌ ဒေါသတို့ဖြင့်ပြည့်နှက်နေသည်။
“ပြန်ရုတ်သိမ်းလို့မရမှတော့ အဘွားဇူး. ကျေးဇူးပြုပြီးအလျှင်စလိုမလုပ်ပါနဲ့ အဲ့လူတွေကိုသမီးကိုင်တွယ်လိုက်ပါ့မယ်”
ဝတ်ရုံနက်ပြောလိုက်သည်။
ထို့နောက်ဝတ်ရုံနက် သူမ၏လက်တို့ဖြင့်ဆီးလ်တစ်ခုကို ပုံဖော်လိုက်ပြီး စိတ်ထဲမှ “ဖုံးကွယ်စမ်း” ဟုအော်ပြောလိုက်သည်။ သူမ၏နှင့်အဘွားအိုတို့၏ပုံရိပ်က တစ်ချိန်တည်းတွင် ပျောက်ကွယ်သွား၏။ နှစ်ယောက်လုံး အမှောင်ထုဟင်းလင်း ပြင်ထဲ၌ ပုံးအောင်းလိုက်ခြင်းဖြစ်၏။
ထို့နောက် အနက်ရောင်ဝတ်ရုံ၏အောက်၌ ဖုံးကွယ်နေသော ဝတ်ရုံနက်၏မျက်လုံးတို့က ဒါဇင်နှင့်ချီသောအော်ရာများရှိရာဘက်သို့ စိုက်ကြည့်နေပြီး ၎င်းတို့အလာကိုစောင့်ဆိုင်းနေသည်။
အမှောင်ထုအတွင်းတွင် သူမ ၏ဖုံးကွယ်ခြင်းပညာရပ်က တစ်ဝက်အားထုတ်ရုံဖြင့် နှစ်ဆပို၍အကျိုးသက်ရောက်သည်ဖြစ်သည်။
ဖြည်းဖြည်းချင်းသိပ်မဝေးသောနေရာ၌ ပုံရိပ်များကတစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
အော်ရာဆယ်ခု။
အော်ရာအခုနှစ်ဆယ်။
အော်ရာသုံးဆယ်”
မကြာခင် ဝတ်ရုံနက်မှာရင်းနီးသောပုံရိပ်တစ်ခုကိုမြင်တွေ့လိုက်ရသည်။ ယင်းက မိုင်တစ်ထောင်နတ်ဘုရားမှန်ကိုကိုင်ထားသည့် ကျင်းဖူဖြစ်သည်။
ကျင်းဖူအားမြင်တွေ့သောအခါတွင်ဝတ်ရုံနက်မှာစိတ်ထဲမှကျိန်ဆဲလိုက်သည်။
ကျင်းဖူမှာမိုင်တစ်ထောင်နတ်ဘုရားမှန်အားများစွာအသုံးပြုတတ်၏။ သူမ၏ဖုံးကွယ်ခြင်းပညာရပ်နှင့်ဆိုလျှင် ယင်းကား အမှောင်ထုအတွင်းသို့ ထောက်လှမ်းမှုအား ရှောင်တိမ်းရန်ခက်ခဲလိမ့်မည်ဖြစ်သည်။
မူလက ဝတ်ရုံနက်အနေဖြင့်ကျင်းဖူကို မစိုးရိမ်ခဲ့ပေ။ သို့သော် နောက်ဆုံးအကြိမ်တွင် သူမက ရှစ်ဖုန့်အားကယ်တင်ခဲ့ပြီး ရှစ်ဖုန့်က ကျင်းဖူအား နတ်ဘုရားမြေခေါင်းနှင့် သတ်လုနီးပါးဖြစ်ခဲ့သည်ဖြစ်၏။
ကျင်းဖူမှာစိတ်သဘောထားကျဉ်းမြောင်းသောသူဖြစ်သည်။သူ့အနေဖြင့်သူမအားသေချာပေါက်မုန်းတီး ပြီး သူရှစ်ဖုန့်အား သတ်နိုင်လုနီးပါးအခြေအနေတွင် သူမကကြားကကယ်တင်ခဲ့သည့်အတွက် အပြစ်တင်လိမ့်မည်ဖြစ်သည်။၎င်းအနေဖြင့်သူမ အား သေချာပေါက်သစ္စာဖောက်လိမ့်မည်ဖြစ်၏။
ပုံရိပ်သုံးဆယ်ကျော်ပေါ်လာပြီးနောက် ပုံရိပ်များကပို၍ပို၍ပေါ်လာသည်။ လူအုပ်အတွင်း သူမအား စိတ်ပူပန်စေသောနောက်ထပ်လူတစ်ယောက်ကိုမြင်တွေ့လိုက်ရသည်။
၎င်းက ကုန်းစွန်းမိသားစုမှ တတိယသခင်လေးဖြစ်သူ ကုန်းစွန်းယွမ်ပင်ဖြစ်သည်။
ဤသည်ကား မြေရိုင်းဒေသကြီး၏ နံပါတ်တစ်အစွမ်းထက်ပုဂ္ဂိုလ်ဖြစ်သူ ကုန်းစွန်းထိုက်ယင်၏သားဖြစ်သည်။ နောက်ဆုံးအကြိမ်တွေ့ခဲ့စဉ်ကညဘက်၌ဖြစ်၏။ ဝတ်ရုံနက်အနေဖြင့် သူနှင့်ရှစ်ဖုန့်တို့ အမှောင်ထုအတွင်း၌ပုန်းနေသည်အား ကုန်းစွမ်းယွမ်တစ်ယောက် မြင်တွေ့ခဲ့သည်ဟုသံသယရှိနေသည်။
ယခုအဘွားအိုကအားနည်းသည်ထက်အားနည်း လာ၏။ ကျင်းဖူနှင့်ကုန်းစွန်းယွမ်ပေါ်လာသည်အားတွေ့ရ သောအခါတွင် ဝတ်ရုံနက်မှာပို၍ပို၍စိတ်ပူလာသည်။
ထို့နောက်သူမက နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးထံသို့လှည့်ကြည့်လိုက်သည်။ ၎င်းပျောက်ကွယ်ရန်အချိန်တစ်ချို့ယူရအုံးမည်ဖြစ်၏။
“ငါတို့စွမ်းအားတွေအားလုံးစုစည်းထားကြစို့.ဒီတစ် ကြိမ် မိုးကြိုးတွေပျောက်သွားတာနဲ့ အတူတူတိုက်ခိုက်ပြီး ဒီတောင်ပေါ်နတ်ဆရာမျိုးနွယ်စုကသူတောင်းစားကိုသတ်ကြမယ်”
“ကြည့်အုံး..အားလံးပဲကြည့်လိုက်အုံး.ဒီမှာစမ်းရေပဲ.. ဒီစမ်းရေထဲကနေ သန့်စင်တဲ့ယင်ယန်စွမ်းအားကိုငါအာရုံခံမိတယ်..ဒါကထူးခြားအံ့ဖွယ်ပဲဖြစ်ရမယ်.. တောင်ပေါ်နတ်ဆရာမျိုးနွယ်စုကသူတောင်းစား လေး အဆင့်ချိုးဖျက်နိုင်သွားတာ ဒီစမ်းရေကြောင့်ပဲဖြစ်ရမယ်”
“ဟားဟားဟား..ကောင်းလိုက်တာ. ဒီစမ်းရေကိုဝါးမျိုပြီးရင် ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကိုငါရောက်နိုင်လောက်တယ်”
“ဒီရေ..ဒါက တကယ်ထူးခြားတာပဲ”
အုံ့မှိုင်းခြောက်ခြားဖွယ်ကောင်းသော တောအုပ်အတွင်းတွင် ဤဒါဇင်နှင့်ချီသောလူများပေါ်လာမှုကြောင့် ဆူညံပွက်လောရိုက်သောအသံများထွက်ပေါ်နေသည်။
“ဒီရေကတကယ်ကောင်းတာပဲ”
ကုန်းစွန်းယွမ်က ယင်ယန်ရေကန်အားကြည့်၍ပြုံးလိုက်သည်။သို့ သော်ထို့နောက်တွင် ကုန်စွန်းယွမ်က သူ၏ခေါင်းကိုဖြည်းညှင်းစွာမော့လိုက်ပြီး ကောင်းကင်ထဲသို့ကြည့်လိုက်သည်။ လေထဲမျောလွင့်ရပ်တည်ကာ ကောင်းကင်ထဲသို့လက်ကိုထိုးညွှန်ထားသည့်ပုံရိပ်အား ကြည့်လိုက်၏။
ဤအရပ်ပုသောပုံရိပ်ထံမှ လွန်စွာနက်နဲသောစွမ်းအားကို ကုန်းစွန်းယွမ်အာရုံခံမိခဲ့သည်။ မြေရိုင်းဒေသကြီးအတွင်း အသန်မာဆုံးသူဖြစ်သော သူ၏ဖခင်ဖြစ်သူ ကုန်းစွန်းထိုက်ယင်ပင် သူမနှင့်ယဉ်ပါက ကောင်းကင်နှင့်မြေပြင်ကဲ့သို့ကွာခြားနေ၏။
အဘွားအို၏လက်ရှိအခြေအနေဖြစ်သည့် ဖြူဖျော့နေသောမျက်နှာနှင့် နှုတ်ခမ်းထောက်မှ သွေးစီးကျနေမှုအားမြင်တွေ့ရသောအခါတွင် ကောင်းကင်နတ်ဆိုးဝါးမျိုပညာရပ်အား ကျင့်ကြံထားသည့်ကုန်းစွန်းယွမ်တစ်ယောက် ထိန်းမနိုင်သိမ်းမရဖြစ်လာပြီး ထပ်မံအေးဆေးတည်ငြိမ်စွာမနေနိုင်တော့ပေ။
ဆက်ရန်……..
ဘာသာပြန်သူ-ARISE