← Chapters

အခန်း (၁၀၀၃)

Vol. 67 Ch. 1003

အခန်း (၁၀၀၃)

Vol. 67 Ch. 1003

ကုန်းစွန်းယွမ်ခေါင်းမော့လိုက်သည့်အခိုက်အတန့်တွင် ဝတ်ရုံနက်အနေဖြင့် ကုန်းစွန်းယွမ်က ဤ မှိုင်းညှို့နေသော ကမ္ဘာအတွင်း၌ ပင်သူမ၏ဖုံးကွယ်ခြင်းပညာရပ်အား ထွင်းဖောက်မြင်နိုင်သည်ဟု ဝတ်ရုံနက်သိလိုက်သည်။

ဤအချိန်တွင် ကုန်းစွန်းယွမ်၏အကြည့်က အဘွားဇူး၏ဟု ဝတ်ရုံနက်ရည်ညွှန်းခေါ်ဆိုသော အဘွားအိုပေါ်သို့ လုံးဝစူးစိုက်ကျရောက်နေသည်။ သူ၏မျက်နှာထက်၌ လောဘကြီးသောအမူအယာတစ်ခုကိုပင်ပြသနေ၏။

သူ၏ပုံစံက ရွံရှာဖွယ်ကောင်းသော ဝါသနာထူးရှိနေသည့် အကျင့်ပျက်ကောင်တစ်ဦးနှင့်ပင်တူသည်ဖြစ်သည်။

သို့သော်ထို့နောက်ချက်ချင်း ကုန်းစွန်းယွမ်က သူ၏မျက်နှာထက်မှ လောဘဇောတိုက်နေသော အမူအယာကို ဖျောက်လိုက်ပြီး အပြုံးခပ်ရေးရေးနှင့်ပြောလိုက်သည်။

“ဟားဟား..အကိုကျင်း. ကျွန်တော်အကိုကျင်းရဲ့မိုင်တစ်ထောင်နတ်ဘုရားမှန်အကြောင်းကိုကြားဖူးနေတာကြာပြီ. မိုင်တစ်ထောင်နတ်ဘုရားမှန်ကို ကျွန်တော့်အတွက် သုံးပေးနိုင်မလား”

ကုန်းစွန်းယွမ်ကစကားပြောနေသကဲ့သို့ သူ၏မျက်လုံးတို့က ကောင်းကင်ထဲမှ အဘွားအိုပေါ်သို့ကျရောက်နေ၏။

“တတိယသခင်လေးရဲ့အမိန့်ကို ကျွန်တော်မနာခံပဲမနေရဲပါဘူး”

ကုန်းစွန်းယွမ်၏ စကားများအားကြားပြီးနောက် ကျင်းဖူက အပြုံးတစ်ခုနှင့်ခေါင်းညိမ့်လိုက်ပြီး ဝင့်ကြွားစွာပြန်ဖြေလိုက်သည်။ထို့နောက် ကျင်းဖူ၏လက်အတွင်းမှ မိုင်တစ်ထောင်နတ်ဘုရားမှန်က လှုပ်ရှားသွားပြီး ကောင်းကင်ထဲသို့ အစိမ်းရောင်အလင်းတန်းတစ်ခုက ထိုးတက်သွားသည်။

အစိမ်းရောင်အလင်း၏ထွန်းလင်းမှုအောက်တွင် ကောင်းကင်ထဲ၌ရှိနေသည့်ပုံရိပ်နှစ်ခုကပေါ်လာခဲ့ ပြီး လူငါးဆယ့်နှစ်ယောက်၏မျက်လုံးရှေ့သို့ရောက်ရှိလာသည်။

“ဟမ့်.ဟမ့်”

ကျင်းဖူမှာ ကောင်းကင်ထဲမှအနက်ရောင်ပုံရိပ်အားမြင်တွေ့လိုက်ရသောအခါတွင် ချက်ချင်းပဲ နှာခေါင်းရှုံ့သံနှစ်ချက်ပြုလုပ်လိုက်သည်။ မိုင်တစ်ထောင်နတ်ဘုရားမှန်မှတစ်ဆင့် ဝတ်ရုံနက်အားသူရှာတွေ့ပြီးဖြစ်ပုံရ၏။

အမှန်တကယ်ပဲ ဝတ်ရုံနက်တွေးထားသည့်အတိုင်းဖြစ်လာသည်။ ဤလူက စိတ်ထားသေးသိမ်ပြီး သူမအား ဆန့်ကျင်၍ အငြိုးအတေးတို့ထားရှိခဲ့သည်မှာကြာပြီဖြစ်၏။

“ဟွန်း..ဒီခွေးမကတော့.. တကယ်ကြီး ဒီသူတောင်းစားနဲ့ အတူတူလျှောက်သွားနေတာကိုး.. သူကကိုယ့်သေတွင်းကိုယ်တူးနေတာပဲ. သေဖို့တောင်းဆိုနေတာပဲ. ဒီနေ့သူသေရတာ ငါ့အပြစ်လို့လာပြီးမပြောနဲ့”

ရှစ်ဖုန့်က အတိဒုက္ခကပ်ဘေးကို ကျော်လွှားပြီး ဝတ်ရုံနက်က အနီးအနား၌၎င်းအားစောင့်နေသည်ကို တွေ့ရသော်အခါတွင် ကျင်းဖူတစ်ယောက် အလွန်အမင်းစိတ်မသက်မသာဖြစ်မှုကိုခံစားရသည်။သူ၏စိတ်ထဲ၌ပင် ဝတ်ရုံနက်နှင့်ရှစ်ဖုန့်တို့က တိတ်တဆိတ်အတူတကွရှိနေပြီး ဤမည်းမှောင်သောတောအုပ်အတွင်း၌ပုန်းအောင်းကာ ထိုအရှက်မဲ့ညစ်ညမ်းလှသောအရာများကိုလုပ်နေခြင်းတို့က ပေါ်လာသည်။

“သေစမ်း. အရှက်မရှိတဲ့ ညစ်နွမ်းတဲ့ခွေးမ.နဲ့အရှက်မရှိတဲ့ တိရစ္ဆာန်ကောင်..သူတို့သေရမယ်.. သူတို့ ဆိုးဆိုးဝါးဝါးရုပ်ပျက်ဆင်းပျက်နဲ့ကိုသေရမယ်.. အဲ့နောက်မှသာငါ့နှလုံးသားထဲက အမုန်းတရားတွေက ပြေပျောက်နိုင်မှာ”

“သူတို့မသေခင်မှာ ငါ့ရှေ့မှာဒူးထောက်ပြီးတော့နောင်တရအမှားဝန်ခံတာ ကိုငါမြင်ချင်တယ်. ငါ့ကိုသစ္စာဖောက်တဲ့အတွက် ဒီအပျက်မကို နောင်တရစေချင်တယ်”

ကျင်းဖူက တွေးတောနေရင်း သူ၏လက်သီးတို့အားဆုပ်လိုက်ပြီး သူ၏လက်ချောင်းတို့က လက်ဖဝါးထဲသို့စိုက်ဝင်သည့်အထိဖြစ်နေသည်။

ဝတ်ရုံနက်ပေါ်လာပြီးပြီးချင်း မြေပြင်ထက်မှ အံ့အားသင့်နေသော အသံများထွက်ပေါ်လာသည်ကိုကြားရသည်။

“ဝတ်ရုံနက်တမာန်တော်..တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက ဝတ်ရုံနက်တမာန်တော်ပဲ. ဒီတောင်ပေါ်နတ်ဆရာမျိုးနွယ်စုက လူယုတ်မာက ဒီနေရာမှာရှိနေတာပဲ”

“ဝတ်ရုံနက်တမာန်တော်ပဲ..မြေရိုင်းဒေသကြီးက မျိုးနွယ်စုအသီးသီးနဲ့ကလန်အသီးသီးကမရေတွက် နိုင်တဲ့သူတွေ သူ့လက်ထဲမှာသေဆုံးခဲ့ကြတာ.. ဒီည တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက မသေမျိုးနတ်ဆိုးခန္ဓာကိုယ်ပိုင်ရှင်အပြင် ဒီ ဝတ်ရုံနက်တမာန်တော်ကိုလည်း ငါတို့လွှတ်ပေးလို့မရဘူး”

“အခု ငါတို့အများကြီးရှိတာ. ဒီဝတ်ရုံနက်တမာန်တော်ကို ငါတို့သတ်ရမယ်. ဒါပေမဲ့ ဝတ်ရုံနက်ဘေးက အဘွားကြီးက ဘယ်သူလဲ ..သူ့ကိုကြည့်ရတာ ငါ့ပေါ်ကိုတောင်ကြီးတစ်လုံးဖိကျလာသလိုခံစားရတယ်..ဒီပုဂ္ဂိုလ်က သေချာပေါက်မရိုးရှင်းဘူး”

“ဝတ်ရံနက်တမာန်တော်နဲ့ရှိနေတဲ့ တစ်ယောက်က တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက ဆန်းကြယ်တဲ့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးပဲဖြစ်ရမယ်. ဒီပုဂ္ဂိုလ်ရဲ့စွမ်းအားက ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်ကိုရောက်နေပြီပဲဖြစ်မယ်”

“ဒါပေမဲ့သူ့ရဲ့အော်ရာက အခု မတည်ငြိမ်ဘူး ..မျက်နှာကလည်းဖြူဖတ်ဖြူရော်ဖြစ်နေတယ်.. သူပြင်းပြင်းထန်ထန်ဒဏ်ရာရထားတာသိသာတယ်.. ငါတို့လူအများကြီးနဲ့ဆိုရင် ဒီအဘွားကြီးကိုကြောက်ဖို့လိုနေသေးလို့လား. အဲ့အပြင်ငါတို့မှာ တတိယသခင်လေးလည်းအတူတူရှိနေတာပဲ. ကုန်းစွန်းမိသားစုရဲ့ တိုက်ခိုက်ရေးပညာရပ်တွေက သာမန်ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်တစ်ယောက်ကိုသတ်ပစ်ဖို့ ပြဿနာမဟုတ်လောက်ဘူး”

ထိုလူကတတိယသခင်လေးအကြောင်းပြောချိန်တွင် သူ၏မျက်နှာထက်၌ ယုံကြည်ချက်အပြည့်ရှိနေ၏။ ထို့နောက်သူက ခေါင်းကိုလှည့်၍ သူနှင့်နှစ်မီတာအကွာ၌ရှိနေ‌သော ကုန်းစွန်းယွမ်ထံကြည့်လိုက်သည်။

အဘွားအိုအားခဏကြာအောင်ကြည့်ပြီးနောက် ကုန်းစွန်းယွမ်၏မျက်လုံးတို့က ဘေးသို့ပြောင်းသွားပြီး ဝတ်ရုံနက်ကိုကြည့်လိုက်သည်။သူကပြုံးလိုက်ပြီး ပြောလိုက်၏။

“ဝတ်ရုံနက်တမာန်တော်. ငါ ကုန်းစွန်းယွမ်က မင်းရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ကျော်ကြားမှုကို ကြားဖူးနေတာကြာပြီ.. ဒီနေ့ကံကောင်းစွာနဲ့မင်းကိုငါတွေ့ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး”

“ကုန်းစွန်းယွမ်.ကုန်းစွန်းမိသားစုရဲ့တတိယသခင် လေး. ငါဝတ်ရုံနက်လည်း မင်းအကြောင်းကြားဖူးနေတာကြာပြီ”

ကုန်းစွန်းယွမ်၏စကားတို့အားကြားပြီးနောက် ဝတ်ရုံနက်ကလည်းပြောလိုက်သည်။ သို့သော်သူမ၏အသံက ကုန်းစွန်းယွမ်နှင့်လုံးဝကိုဆန့်ကျင်နေ၏။ ယင်း၌ အေးစက်မှုတို့ပြည့်နှက်နေသည်။

ဤအကြိမ်တွင်သူမ၏အသံက အိုမင်းအက်ရှသောအဘိုးအိုတစ်ယောက်၏အသံကိုပြောင်းထားပြီးဖြစ်သည်။

စကားပြောနေရင်းဝတ်ရုံနက်က အနည်းငယ်ရွေ့လိုက်ပြီး အဘွားအို၏ရှေ့၌ရပ်လိုက်သည်။

သူဆိုလိုသည်ကရှင်းသည်။ ဤလူများအားမြင်တွေ့ရပြီးနောက် ဝတ်ရုံနက်အနေဖြင့် ထွက်ပြေးရန်ရည်ရွယ်ချက်မရှိပေ။ ထိုအစား အဘွားအိုအားအစွမ်းကုန်အသုံးပြု၍ ကာကွယ်ပေးချင်သည်ဖြစ်သည်။

ထိုအစားအားကောင်းသည့်တိုက်ခိုက်လိုစိတ်က ဝတ်ရုံနက်၏ခန္ဓာကိုယ်မှ ထိုးထွက်လာသည်။

ဤအချိန်တွင် ကုန်းစွန်းယွမ်၏ညာလက်က ဓားလက်ချောင်းတစ်ခုအသွင်ဖြစ်သွားပြီး အပေါ်သို့ထိုးညွှန်လိုက်သည်။

သူကအော်ပြောလိုက်၏။

“မျိုးနွယ်စု အသီးသီးကစစ်သည်တော်တို့ ဒီတောင်ပေါ်နတ်ဆရာမျိုးနွယ်စုက မိစ္ဆာက ယုတ်မာတဲ့မကောင်းတဲ့ကိစ္စအားလုံးကို ကျူးလွန်ပြီး မြေရိုင်းဒေသကထဲ မရေတွက်နိုင်တဲ့အစွမ်းထက်သူတွေကိုသတ်ခဲ့တယ်.. အခု အားလုံးပဲ ..အတူတူတိုက်ခိုက်ကြီး ဒီယုတ်မာတဲ့သတ္တဝါကို သတ်ကြ”

“ဟုတ်တယ်”

“သတ်ကြ”

“လွန်ခဲ့တဲ့သုံးနှစ်တုန်းက ဝိညာဉ်ကျားမျိုးနွယ်စုရဲ့အရင်ခေါင်းဆောင်က တောင်ပေါ်နတ်ဆရာမျိုးနွယ်စုကလူတွေနဲ့ တိုက်ခိုက်တုန်း ဝတ်ရုံနက်တမာန်တော်ရဲ့လက်ထဲမှာ သေခဲ့ရတယ်.. ဒီလူကိုသတ်ကိုသတ်ပစ်ရမယ်.. ဝိညာဉ်ကျားမျိုးနွယ်စုရဲ့အရင်ခေါင်းဆောင်အတွက် ငါတို့လက်စားချေရမယ်”

ကြမ်းကြုတ်သောသားရဲတစ်ကောင်ကဲ့သို့အော်ရာရှိသည့် သန်မာသည့်လူတစ်ယောက်က ကောင်းကင်ထဲမှ ဝတ်ရုံနက်ထံ ဒေါသတကြီးအော်ပြောလိုက်သည်။ သူ၏ညာလက်အား ကျားလက်သည်းတစ်ခုအသွင်ပြောင်းလိုက်၏။

သူကအော်ပြောလိုက်သကဲ့သို့ ဝိညာဉ်ကျားမျိုးနွယ်စု မှသန်မာသောလူ၏ ညာလက်သည်းပေါ်၌ ကြမ်းကြုတ်ရက်စက်သောအဖြူရောင်ကျားတစ် ကောင်၏ဦးခေါင်းတစ်ခုပေါ်လာသည်။

“ဝေါင်း”

ကျားဦးခေါင်းက ပါးစပ်ကိုဖွင့်ဟပြီး ကြမ်းကြုတ်ခက်ထန်သော ဟိန်းဟောက်သံတစ်ခုကို ဟိန်းဟောက်လိုက်ကာ ကောင်းကင်နှင့်မြေပြင်ကိုပင်လှုတ်ခတ်သွားစေ၏။ ကျား၏ ခွန်အားကြီးမားမှုက အနှိုင်းမဲ့ဖြစ်၏။

ထို့နောက် များစွာသောပုံရိပ်များက စတင်လှုပ်ရှားလာကြသည်။၎င်းတို့ထဲမှအချို့က ကောင်းကင်ထဲသို့ပျံတက်ပြီး ဝတ်ရုံနက်ထံသို့ဦးတည်လိုက်ကြသည်။

လူမျိုးနွယ်မှအစွမ်းထက်ပုဂ္ဂိုလ်များမှာ ရှေးဟောင်းအပျက်အစီးနယ်မြေအတွင်း များစွာသောသေကြေပျက်စီးမှုများကိုခံစားခဲ့ရသော်လည်း ရှင်သန်ကျန်ခဲ့သူအားလုံးက အထူးချွန်ဆုံးသူများဖြစ်ကြ၏။ လူငါးဆယ့်နှစ်ယောက်တွင် ဆယ့်ငါးယောက်က ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်များဖြစ် ကြပြီး အခြားသူများက ဧကရာဇ်နယ်ပယ်များဖြစ်ကြသည်။

ဤအချိန်တွင် မြေပြင်ထက်မှပုံရိပ်ငါးဆယ်က ဝတ်ရုံနက်ထံသို့ဦးတည်လာသည်။ ကုန်းစွန်းယွမ်နှင့်ကျင်းဖူသာ မြေပြင်ပေါ်၌ရပ်လျှက်ကျန်ခဲ့ခြင်းဖြစ်သည်။

အရာအားလုံးက သူ၏ထိန်းချုပ်မှုအောက်၌ရှိနေသကဲ့သို့ ကုန်းစွန်းယွမ်၏မျက်နှာထက်၌ အပြုံးခပ်ရေးရေးရှိနေ၏။

ဤအချိန်တွင် အကြွင်းမဲ့အစွမ်းပုဂ္ဂိုလ် နတ်ဘုရားတစ်ပိုင်းနယ်ပယ်ဆယ့်သုံးယောက်နှင့် ဧကရာဇ်နယ်ပယ်အစွမ်းထက်သူ သုံးဆယ့်ခုနှစ်ယောက်တို့၏ထောက်ပံ့မှုနှင့်အတူ ကုန်းစွန်းယွမ်၏အခြေအနေထိန်းချုပ်မှု၊ ကျင်းဖူ၏မိုင်တစ်ထောင်နတ်ဘုရားမှန်အား အချိန်မရွေးအသက်သွင်းပြီး တိုက်ခိုက်ရန်အသင့်ပြင်ထားမှုတို့ကြောင့် ဝတ်ရုံနက်နေဖြင့် သေချာပေါက်သေရတော့မည်ဖြစ်၏။

ကျင်းဖူ၏မျက်နှာကအေးစက်နေဆဲဖြစ်ပြီး အထက်သို့မော့ကြည့်ကာ မုန်းတီးမှုအပြည့်ဖြင့်ပြောလိုက်သည်။

“ခွေးမ.. ဒါမင်းငါ့ကိုသစ္စာဖောက်လို့ရလာတဲ့အရာပဲ. မင်းရဲအဆင့်အတန်းသရုပ်မှန်ကဘယ်လောက်မြင့် မြတ်တယ်ဆိုတာငါဂရုမစိုက်ဘူး . မင်းကိုအရမ်းဈေးပေါဖို့ ဘယ်သူကတောင်းဆိုခဲ့လို့လဲ ..မင်းကကိုယ့်ကိုယ်ကိုယ်ဘာလေးစားမှုမရှိတဲ့အပြင် ငါ့ကိုလည်းသစ္စာဖောက်တယ်. မင်းဒီမှာပဲသေရမယ်. အခု မင်းနောင်တရနေပြီလား.ဒါပေမဲ့နောက်ကျသွားပြီ”

ကျင်းဖူမှာသူ့ဖာသာသူတီးတိုးရေရွတ်နေသကဲ့သို့ ဝတ်ရုံနက်၏နှလုံးသားထဲ၌လည်း နောင်တတရားတို့ဖြင့်ပြည့်နှက်နေမည်ဟု ခံစားနေရ၏။ သူ့အားသစ္စာဖောက်ပြီး ထိုသူတောင်းစားလေးနှင့်အတူတူရှိခဲ့သည့်အတွက် သူမနောင်တရနေလောက်ပြီဖြစ်၏။

ထိုအရာအားတွေးမိသောအခါတွင် ကျင်းဖူ၏ခန္ဓာကိုယ်က စိတ်လှုပ်ရှားတုန်လှုပ်မှုကြောင့်တုန်ယင်သွားသည်။

“ညသုတ်သင်ခြင်းအမှောင်အရိပ်”

ဝတ်ရုံနက်က သူမထံသို့ဦးတည်လာနေသောပုံရိပ်များကိုကြည့်၍ အေးစက်စွာအော်ပြောလိုက်သည်။ထို့နောက် အနက်ရောင်ပုံရိပ်တစ်ခုက သူ၏ကိုယ်မှခွဲထွက်သွား၏။

လူအများကြီးကသူမအားတိုက်ခိုက်လာမှုနှင့်အတူ ကုန်းစွန်းယွမ်ကသူမအားအလွန်အန္တရာယ်များ သော ခံစားချက်ကို ပေးနေပြီး မိုင်တစ်ထောင်နတ်ဘုရားမှန်ကိုကိုင်ထားသော ကျင်းဖူလည်းရှိနေသောကြောင့် ဝတ်ရုံနက်အနေဖြင့် ၎င်းတို့အားမယှဉ်နိုင်မှန်းသိသော်လည်း သူမအနေဖြင့် ဆုတ်ခွာပြီး အဘွားအိုအား နောက်၌ထားရစ်ခဲ့ခြင်းမျိုးကို မလုပ်နိုင်ပေ။

သူမအနေဖြင့်အချိန်ဆွဲပြီး ရှစ်ဖုန့်၏ မိုးကြိုးအတိဒုက္ခကပ်ဘေးမကြာခင်ပြီးသွားဖို့မျှော်လင့်မိသည်။

“ဝုန်း”

အနက်ရောင်အရိပ်က ဝတ်ရုံနက်၏ကိုယ်မှထွက်ခွာသွားပြီး အောက်သို့ဖျက်ခနဲထိုးဆင်းသွားသည်။ ထို့နောက် ၎င်းကရုတ်တရက်ပေါက်ကွဲသွားပြီး အားကောင်းသောပေါက်ကွဲအားတစ်ခုကိုထုတ်လွှတ်ကာ အရပ်မျက်နှာပေါင်းစုံအားစတင်အကြီးအကျယ်ဖျက်ဆီးသွားစေ၏။

“အား.အား.အား.အား.အား”

ဆက်ရန်…..

ဘာသာပြန်သူ-ARISE

All Chapters