အခန်း (၁၀၀၄)
Vol. 67 Ch. 1004
ညသုတ်သင်ခြင်းအမှောင်အရိပ်၏ ပေါက်ကွဲမှုအောက်တွင် နာကျင်မှုကြောင့်ထွက်ပေါ်လာသော အော်ဟစ်သံများကိုကြားရသည်။ သို့သော်နတ်ဘုရားတစ်ပိုင်းနယ်ပယ် ဆယ့်သုံးယောက်ကတော့ တိုက်ခိုက်မှုအား အတူတကွတားဆီးနိုင်လိုက်၏။
ဝတ်ရုံနက်၏နတ်ဘုရားတစ်ပိုင်းတိုက်ခိုက်ရေး နည်းစနစ်အားရင်ဆိုင်ရရာတွင် နောက်ဆုံး၌နတ်ဘုရားတစ်ပိုင်းနယ်ပယ်ဆယ့်သုံး ဦးကတားဆီးနိုင်သွား၏။
နတ်ဘုရားတစ်ပိုင်းနယ်ပယ်ဆယ့်သုံးဦးနှင့် ဧကရာဇ်နယ်ပယ်သုံးဆယ့်ခုနှစ်ဦးတို့က ဝတ်ရုံနက်အားတိုက်ခိုက်ရန် ဆက်လက်ချီတက်ကြည်။
“ညသုတ်သင်ခြင်းအမှောင်အရိပ်”
“ဟင်းလင်းပြင်ဓား”
ဤအခိုက်အတန့်တွင် ဝတ်ရုံနက်က ညာလက်ဖြင့်ဓားလက်ချောင်းတစ်ခုကို ပုံဖော်လိုက်ပြီး နှစ်ကြိမ်အော်ပြောလိုက်သည်။ ဤအခိုက်အတန့်တွင် သူကလူများအားသတ်ဖြတ်ရန်အာရုံမစူးစိုက်ထားပေ။ ထိုအစား ဤလူများကိုမည်ကဲ့သို့တားဆီးပြီး ရှစ်ဖုန့်နှင့်အဘွားအိုတို့အတွက် အချိန်ဆွဲပေးရန်သာအာရုံစူးစိုက်ထားသည်။
သူမအော်ပြောလိုက်သကဲ့သို့နောက်ထပ် ပုံရိပ်တစ်ခု သူမ၏ကိုယ်မှထွက်ခွာသွား၏။ ကြီးမားပြီး သဏ္ဍန်မဲ့သော သတ်ဖြတ်ခြင်းဓားက သူမ၏ခန္ဓာကိုယ်အောက်၌ပေါ်လာသည်။ ထို့နောက်အနက်ရောင်အရိပ်နှင့်သတ်ဖြတ်ခြင်းဓားတို့က အောက်ဘက်သို့တိုက်ခိုက်လိုက်သည်။
ဧရာမသတ်ဖြတ်ခြင်းဓားကြီးကကျဆင်းလာပြီး အပိုင်းပိုင်းပိုင်းဖြတ်ပစ်နိုင်သော ကြမ်းကြုတ်ပြီးစွမ်းအားကြီးမားသည့် စွမ်းအားကလည်း ဝုန်းခနဲပြိုဆင်းလာ၏။ အနက်ရောင်အရိပ်ကလည်း ရုတ်ခြည်းပေါက်ကွဲသွားပြီး ပေါက်ကွဲအားကြောင့်နေရာတစ်ခုလုံး အပြင်းအထန်တုန်ခါသွားသည်။
ညသုတ်သင်ခြင်းအမှောင်အရိပ်က ညအမှောင်ထုအားဖြတ်သန်းပြီး နတ်ဘုရားတစ်ပိုင်းနယ်ပယ်များအား အဝေးသို့တိုက်ထုတ်ရန် သတ်ဖြတ်ခြင်းဓားကိုကူညီနေ၏။
နတ်ဘုရားတစ်ပိုင်းနယ်ပယ်နည်းစနစ်နှစ်ခု၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် သတ်ဖြတ်ခြင်းဓားနှင့် ညသုတ်သင်ခြင်းအမှောင်အရိပ်တို့က လာနေသောပုံရိပ်များအားထပ်မံတားဆီးလိုက်သည်။
“ဟမ့်. ခေါင်းမာလိုက်တာ. အခုထိတောင်မင်းကခုခံချင်နေသေးတာလား”
မြေပြင်ထက်တွင်အေးစက်သောနှာခေါင်းရှုံ့သံတစ်ခုထွက်ပေါ်လာသည်ကိုကြားရသည်။ ကျင်းဖူ၏မိုင်တစ်ထောင်နတ်ဘုရားမှန်က ထပ်မံစတင်လှုပ်ရှားလာပြီး ကောင်းကင်ထဲ၌ထွန်းလင်းသွားသည်။
ရှေးဟောင်းမိုင်တစ်ထောင်နတ်ဘုရားမှန်၏မျက်နှာပြင်ပေါ်၌ အစိမ်းရောင်အလင်းတန်းတစ်ခု စတင်ထွက်ပေါ်လာသည်။ ဤအစိမ်းရောင်အလင်းတန်းက ဧရာမဓားရှည်တစ်ချောင်းကဲ့သို့ တည့်တည့်တိုးဝင်သွား၏။
“စီနီယာအကိုကျင်းဖူက လှုပ်ရှားမှတော့ ကျွန်တော်ကလည်းဝိုင်းကူညီရမှာပေါ့”
ကျင်းဖူကမိုင်တစ်ထောင်နတ်ဘုရားမှန်နှင့်တိုက်ခိုက်မှုတစ်ခုအားထုတ်ဖော်လိုက်သည်ကို တွေ့ရသောအခါတွင် ကုန်းစွန်းယွမ်ကပြုံးလိုက်ပြီး ကျင်းဖူကိုပြောလိုက်သည်။
ထို့နောက်ကုန်းစွန်းယွမ်၏ညာလက်က လက်ဝါးတစ်ခုအသွင်ဖြစ်သွားပြီး ရာနှင့်ချီသည့်ထူးဆန်းသောမီးခိုးရောင်ရုန်းများပေါ်လာသည်။ ၎င်းတို့က ကုန်းစွန်းယွမ်၏ ညာလက်၌ဝိုင်းအုံနေသကဲ့သို့ ပျက်စီးယိုယွင်းပြီး ရှေးကျသောအော်ရာတစ်ခုကိုထုတ်လွှတ်နေသည်။
ကုန်းစွန်းယွမ်၏ ညာလက်ပေါ်၌ ရာနှင့်ချီသောမီးခိုးရောင်ရုန်းများပေါ်လာသည်ကို တွေ့ရသောအခါတွင် ကျင်းဖူ၏မျက်လုံးတို့ပြူးသွားပြီး အလန့်တကြားအံ့အားသင့်စွာပြောလိုက်သည်။
“မဟာဟင်းလင်းပြင်လက်ဝါး”
မဟာဟင်းလင်းပြင်လက်ဝါးမှာမြေရိုင်းဒေသကြီး၏ နံပါတ်တစ်အစွမ်းထက်ပုဂ္ဂိုလ် ကုန်းစွန်းထိုက်ယင်၏ နမည်ကျော်ကြားသော အထွတ်အထိပ်နည်းစနစ်များထဲမှတစ်ခုဖြစ်သည်။ ဤလက်ဝါးက ကြယ်နှစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်တိုက်ခိုက်ရေးနည်းစနစ်ဖြစ်သည်ဟု ကောလဟာလများအရသိရ၏။
“အမှန်ပဲ”
ကျင်းဖူ၏အံ့အားတသင့် ရေရွတ်သံအားကြားရသောအခါတွင် ကုန်းစွန်းယွမ်က အပြုံးခပ်ရေးရေးနှင့်ပြန်ဖြေလိုက်သည်။ ထို့နောက် ကုန်းစွန်းယွမ်က သူ၏လက်ဝါးအားရှေ့သို့ တွန်းထုတ်ပြီး ကောင်းကင်ထဲသို့တည့်တည့်ချိန်ရွယ်လိုက်သည်။
ကုန်းစွန်းယွမ်က ဧရာမမီးခိုးရောင်လက်ဝါးရိပ်ကြီးကို ဝုန်းခနဲ ထုတ်လွှတ်လိုက်၏။ ကောင်းကင်နှင့်မြေပြင်အားဝါးမျိုပစ်နိုင်ပုံရသောစွမ်းအားတစ်ခုက ဤကမ္ဘာကြားထဲ၌ လွှမ်းမိုးဖြစ်ပေါ်လာသည်။ ကျင်းဖူ၏မိုင်တစ်ထောင်နတ်ဘုရားမှန်မှအစိမ်းရောင်အလင်းပင် လက်ဝါးရိပ်ကြောင့် မှေးမှိန်သွားရသည်။
မီးခိုးရောင်လက်ဝါးက လျှပ်စီးတန်းတစ်ခုကဲ့သို့ အပေါ်ကို ထိုးတက်သွား၏။ လူသားမျိုးနွယ်မှ ကျွမ်းကျင်သူများနှင့် ထိတွေ့မိချိန်တွင် ကုန်းစွန်းယွမ်၏ထိန်းချုပ်မှုအောက်၌လက်ဝါးရိပ်ကက တကယ်ကြီး အပေါ်သို့ဆက်မတက်ခင် ထိုလူများ၏ခန္ဓာကိုယ်များအားဖြတ်သန်းကျော်ဖြတ်သွားသည်။
မဟာဟင်းလင်းပြင်လက်ဝါး၏ဟုသိကြသည့် ဤ မီးခိုးရောင်လက်ဝါးဖြတ်သန်းသွားရာနေရာတိုင်းတွင် ဖြတ်သန်းခံလိုက်ရသည့် ဝတ်ရုံနက်၏သက်ဖြတ်ခြင်းဓားနှင့် ညသုတ်သင်ခြင်းအမှောင်အရိပ်တို့၏စွမ်းအားများ မှာ ဤလက်ဝါးပုံရိပ်ကြောင့် အစအနရှာမရအောင်အစိတ်စိတ်အမွှာမွှာပေါက်ကွဲပျက်ဆီးသွားသည်။
“ဒီစွမ်းအားက..အိုး.မဟုတ်သေးဘူး”
သူ့ထံသို့ရောက်ရှိလာတော့မည့် မဟာဟင်းလင်းပြင်လက်ဝါးအားအာရုံခံမိသော အခါတွင် ဝတ်ရုံနက်မှာချက်ချင်းအလန့်တကြားပြောလိုက်သည်။ ထို့နောက်ချက်ချင်း အောက်မှလာနေသာမဟာဟင်းလင်းပြင်လက်ဝါးက ရုတ်ခြည်းဝတ်ရုံနက်၏ကိုယ်အားလွင့်စင်အောင်တိုက်ထုတ်လိုက်သည်။
ဝတ်ရုံနက်၏တစ်ကိုယ်လုံးက ရုတ်ခြည်း မဟာဟင်းလင်းပြင်လက်ဝါး၏လွှမ်းခြုံမှုကိုခံလိုက်ရသည်။ထို့နောက် မဟာဟင်းလင်းပြင်လက်ဝါးက သူမအားကောင်းကင်ထဲသို့သယ်ဆောင်သွား၏။
“ဒါ..ဒါက .. ကုန်းစွန်းမိသားစုရဲ့ အထွတ်အထိပ်နည်းစနစ်ဖြစ်တဲ့ မဟာဟင်းလင်းပြင်လက်ဝါးပဲ. စွမ်းအားကြီးမားလိုက်တာ”
လူသားမျိုးနွယ်မှအစွမ်းထက်ပုဂ္ဂိုလ်များမှာ မဟာဟင်းလင်းပြင်လက်ဝါးအား မြင်တွေ့လိုက်ရချိန်တွင် အံ့အားသင့်စွာပြောဆိုလိုက်၏။
“ကုန်းစွန်းမိသားစုရဲ့ တိုက်ပွဲဝင်နည်းစနစ်က တကယ့်ကိုစွမ်းအားကြီးတာပဲ.. ပြီးတော့ ဒါက မြို့အရှင်ကုန်းစွန်းထိုက်ယင်ရဲ့ ကျော်ကြားတဲ့အထွတ်အထိပ်နည်းစနစ်တစ်ခုပဲ”
“ဟမ့်. ဒီဝတ်ရုံနက်တမာန်တော်က ကျော်ကြားချင်ကျော်ကြားလိမ့်မယ်.ဒါပေမဲ့ ကုန်းစွန်းမိသားစုရှေ့မှာတော့ဘာမှမဟုတ်ဘူး”
ကုန်းစွန်းယွမ်အားယုံကြည်မှုအပြည့်ရှိနေသော ကျင့်ကြံသူက မဟာဟင်းလင်းပြင်လက်ဝါးကြောင့် ဝတ်ရုံနက်ဝါးမျိုခံလိုက်ရသည်ကိုတွေ့ရသောအခါတွင် အထင်သေးမှုအပြည့်ဖြင့်နှာခေါင်းရှုံ့လိုက်သည်။
ထို့နောက်သူတက ခေါင်းကိုငုံ့လိုက်ပြီး တတိယသခင်လေးကုန်းစွန်းယွမ်ကို အလွန်အမင်းကြည်ညိုလေးစားစွာဖြင့်ကြည့်လိုက်၏။
တစ်ချက်လှုပ်ရှားလိုက်ပြီးနောက် ကုန်းစွန်းယွမ်က ထပ်မံမတိုက်ခိုက်ခဲ့ပေ။ သူ၏မျက်နှာထက်၌အပြုံးခပ်ရေးရေးကရှိဆဲဖြစ်သည်။
“ငါသာ တစ်နေ့ကြ သခင်လေးကုန်းစွန်းယွမ်လိုလူမျိုးနဲ့အတူတူရှိနိုင်ရင်ဘယ်လောက်ကောင်းမလဲ..သူ.သူကငါ့ကိုသေချာပေါက် အရမ်း ညင်သာနူးညံ့စွာဆက်ဆံမှာ”
ကြမ်းတမ်းသောရုပ်အသွင်နှင့် ကြယ်လေးပွင့်ဧကရာဇ်နယ်ပယ် လူငယ်တစ်ယောက်က သူ့ဖာသာသူတွေးနေ၏။ သူကခေါင်းကိုငုံ့လိုက်ပြီး သူချစ်နှစ်သက်ရသောအမျိုးသမီးတစ်ဦးအားကြည့်သကဲ့သို့အကြည့်မျိုးဖြင့်ကြည့်ကာ နှလုံးသားထဲ၌လည်းပျော်ရွှင်မှုတို့ဖြင့်ပြည့်နှက်နေသည်။
သူ၏စိတ်ထဲတွင် သူနှင့် တတိယသခင်လေးကုန်းစွန်းယွမ်တို့က နေဝင်ဆည်းဆာချိန်အောက်၌ အတူတူပြေးလွှားနေကြသည့်မြင်ကွင်းတစ်ခုပေါ် လာ၏။
“ငါ့ကိုသစ္စာဖောက်ဖို့မင်းကိုဘယ်သူပြောခဲ့လဲ. မင်းပဲဒါကိုတောင်းဆိုခဲ့တာ..”
မိုင်တစ်ထောင်နတ်ဘုရားမှန်ကိုကိုင်ထားသော ကျင်းဖူက ကောင်းကင်ထဲသို့အေးစက်စွာကြည့်၍ အံကိုတင်းတင်းကြိတ်ပြီးပြောလိုက်သည်။
မဟာဟင်းလင်းပြင်လက်ဝါးက တိုက်ခိုက်မှုကိုလွှမ်းမိုးသွားသည့်နောက် ကျင်းဖူက မိုင်တစ်ထောင်နတ်ဘုရားမှန်နှင့်တိုက်ခိုက်မှုကိုရပ်တန့်လိုက်သည်။
“ဘန်း”
ရုတ်ခြည်းကောင်းကောင်းကင်ထဲ၌ ကျယ်လောင်သောမြည်သံတစ်ခုထွက်ပေါ်လာသည်။ အားလုံးစောင့်ကြည့်နေကြသော မဟာဟင်းလင်းပြင်လက်ဝါးက ကောင်းကင်ထဲသို့တစ်ဟုန်ထိုးထိုးတက်နေဆဲဖြစ်သည်။ ရုတ်ခြည်း ၎င်းမှာ မမြင်နိုင်သောစွမ်းအားကြီးအားတစ်ခု၏ ရိုက်ချလိုက်သည်။
ထိုအချိန်တွင် မဟာဟင်းလင်းပြင်လက်ဝါး၏ဝါးမျိုမှုကိုခံထားရ သော အနက်ရောင်ပုံရိပ်က အားလုံး၏မျက်လုံးရှေ့၌ထပ်မံပေါ်လာ၏။
မမြင်နိုင်ပဲစွမ်းအားကြီးမားသောအားက မဟာဟင်းလင်းပြင်လက်ဝါးကို လွင့်စင်ပျောက်ကွယ်သွားစေပြီးနောက် ဝတ်ရုံနက်၏ခန္ဓာကိုယ်အားပြင်းထန်စာတိုက်ခိုက်လာပြီး သူမ၏ကိုယ်ကို အောက်သို့ထပ်မံရိုက်ချလိုက်ပြန်သည်။
မမြင်နိုင်သောစွမ်းအားကြီးအားကိုမြင်တွေ့ရသောအခါတွင် မည်သူမှအံ့အားမသင့်ကြချေ။ သူတို့တောအုပ်အထက်ကောင်းကင်အားဖြတ်သန်းပျံသန်းစဉ်ကလည်းသူတို့အနေဖြင့်ထိုစွမ်းအား၏ ခြောက်ခြားဖွယ်ကောင်းသောတောအုပ်အတွင်းသို့ ပြန်လည်ရိုက်ချမှုကိုခံခဲ့ရသည်ဖြစ်သည်။
သို့သော်ယင်းကထူးဆန်းလှသည်။ ခြောက်ခြားဖွယ်ကောင်းသောတောအုပ်အတွင်းသို့သူတို့ဝင်ရောက်လာချိန်တွင် သူတို့၏လက်များပေါ်၌ရှည်ထွက်လားပြီးတစ်ကိုယ်လုံးသို့ ပျံ့နှံ့လာနေသော အနက်ရောင်အမွှေးရှည်တို့က ရုတ်ခြည်းပျောက်ကွယ်သွားသည်ကိုတွေ့လိုက်ရသည်။
ဝတ်ရုံနက်၏ခန္ဓာကိုယ်က မထိန်းချုပ်နိုင်သေးဘဲပြုတ်ကျလာနေဆဲဖြစ်သည်။ ဤအခိုက်အတန့်တွင် အစွမ်းထက်သူများအနေဖြင့် ဤကဲ့သို့အခွင့်အရေးတစ်ခုကို မည်ကဲ့သို့လက်လွှတ်ခံနိုင်မည်နည်း။ သူတို့၏ခန္ဓာကိုယ်မှစွမ်းအားအားလုံးကို အလျှင်အမြန်စုစည်းပြီး အားအကောင်းဆုံးတိုက်ခိုက်မှုများကိုတစ်ခုပြီးတစ်ခုထုတ်ဖော်ကာ ဝတ်ရုံနက်အား စည်းမဲ့ကမ်းမဲ့ မရပ်မနားတိုက်ခိုက်လိုက်ကြ၏။
သူတို့အနေဖြင့် နမည်ဆိုးဖြင့်ကျော်ကြားသော တောင်ပေါ်နတ်ဆရာမျိုးနွယ်စုမှ လူယုတ်မာကို သတ်ရန်ဆုံးဖြတ်ထားပြီးဖြစ်သည်။
တစ်ဟုန်ထိုးပြုတ်ကျလာနေသောဝတ်ရုံနက်မှာ သူမထံသို့အောက်ဘက်မှလာနေသော စွမ်းအားကြီးတိုက်ခိုက်မှုများကိုအာရုံခံမိပြီးဖြစ်သည်။ သူမ၏စိတ်ထဲ၌အတွေးတစ်ခုကဖျက်ခနဲပေါ်လာ၏။
“ငါသေရတော့မှာလား..ဒါပေမဲ့..”
ဤအခိုက်အတန့်တွင် ငယ်ရွယ်ပြီး သာယသော အသံတစ်ခုက ရုတ်ခြည်းကောင်းကင်ထဲ၌ ပဲ့တင်ထွက်ပေါ်လာသည်။
“ဒီသခင်လေးအတိဒုက္ခကပ်ဘေးကျော်ဖြတ်တဲ့အချိန်တိုင်း ဘာလို့အရမ်းအသက်ဝင်နေရတာလဲ. မင်းတို့အားလုံးက ဒီသခင်လေးအတွက်နဲ့ဒီနေရာအထိတောင်လာခဲ့ ကြတာလား”
ဝတ်ရုံနက်မှာဤအသံအားကြားလိုက်ရသောအခါတွင် သူမ၏ကိုယ်က တုန်ယင်သွားသည်။ သူမအနေဖြင့် အောက်မှသူမထံသို့ဦးတည်လာနေသော စွမ်းအားများကိုဂရုမစိုက်မိပေ။ မနေနိုင်ဘဲ ဧရာမအနက်ရောင်မိုးကြိုးတို့ရှိရာဘက်သို့ ကြည့်လိုက်မိသည်။
နတ်ဆိုးသုတ်သင်ခြင်းအနက်ရောင်မိုးကြိုးတို့က ပြင်းထန်စွာကျဆင်းနေဆဲဖြစ်သည်။ သို့သော်ဤအချိန်တွင် ကြီးမားသောအနက်ရောင်မိုးကြိုးတန်းတစ်ခုက မနက်ရောင်မိုးကြိုးနဂါးတစ်ကောင်ကဲ့သို့ အနက်ရောင်မိုးကြိုးတန်းတို့ထံမှထွက်ပေါ်လာပြီး အောက်ဘက်ရှိဝတ်ရုံနက်ထံတစ်ဟုန်ထိုးဦးတည်သွားသည်။
အနက်ရောင်မိုးကြိုးနဂါးဖြတ်သန်းသွားသည့်နေရာတိုင်းတွင် ဝတ်ရုံနက်အားဖျက်ဆီးပစ်ချင်နေသောစွမ်းအား ကြီး စွမ်းအားအားလုံးက မိုးကြိုးနဂါး၏ ဝါးမျိုမှုကိုရုတ်ခြည်းခံလိုက်ကြရသည်။
ဆက်ရန်………..
ဘာသာပြန်သူ-ARISE