← Chapters

အခန်း (၁၀၀၅)

Vol. 67 Ch. 1005

အခန်း (၁၀၀၅)

Vol. 67 Ch. 1005

သိပ်မကြာလိုက်ခင် သူ့အောက်၌ရှိနေသည့်အနက်ရောင်မိုးကြိုးနဂါးက ရှစ်ဖုန့်ကျင့်ကြံခဲ့သည့် မိုးကြိုးဓာတ်အခြေပြု နတ်ဘုရားတစ်ပိုင်းနယ်ပယ်တိုက်ခိုက်ရေးနည်းစနစ်ဖြစ်ကြောင်း ဝတ်ရုံနက်ပြောနိုင်သည်။

သို့သော် အနက်ရောင်မိုးကြိုးအတိဒုက္ခကပ်ဘေးကို ကြုံတွေ့ပြီးနောက် ရှစ်ဖုန့်အသုံးပြုသောအနက်ရောင်မိုးကြိုးလျှပ်စီးနည်းစနစ်က ယခင်ကထက်များစွာပို၍အစွမ်းထက်လာသည်ကို ဖြစ်၏။

အနက်ရောင်မိုးကြိုးလျှပ်စီးနဂါးကြောင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်ဆယ့်သုံးဦးနှင့် ဧကရာဇ်နယ်ပယ်သုံးဆယ့်ခုနှစ်ဦးတို့၏ ပူးပေါင်းတိုက်ခိုက်မှုကရုတ်ခြည်းပြိုကွဲသွားသည်။

အနက်ရောင်မိုးကြိုးနဂါးက သူမထံသို့ဦးတည်လာနေသော စွမ်းအားများအားချိုးဖျက်လိုက်သည့်အခိုက်အတန့်အပေါ်အခွင့်အရေးယူးပြီး သူမ၏ကိုယ်အားအတင်းအကျပ်လှုပ်ရှားလိုက် သည်။ လေထုအလယ်၌ရပ်လိုက်ပြီး သူ့ကိုယ်သူထိန်းချုပ်နိုင်မှုပြန်ရသွားသည်။

အေးအေးလူလူနိုင်သောလူငယ်တစ်ယောက်၏အသံက ဤကမ္ဘာထဲ၌ ရိုက်ခတ်ထွက်ပေါ်နေပြီး အနက်ရောင်မိုးကြိုးတန်းကြီးမှထွက်ပေါ်လာသည့်အနက်ရောင်မိုးကြိုးလျှပ်စီးနဂါးက အစွမ်းထက်ပုဂ္ဂိုလ်များ၏ပူးပေါင်းတိုက်ခိုက်မှုကိုဖြိုခွင်းလိုက်သည်။ ရုတ်ခြည်း အားလုံး၏အကြည့်များက အဖျက်စွမ်းအားတို့ပါဝင်နေသော အနက်ရောင်မိုးကြိုးတန်းထံသို့ရောက်ရှိသွား၏။

သူတို့၏မျက်နှာထက်၌ တည်ကြည်လေးနက်သောအမူအယာများဖြစ်ပေါ်လာသည်။

“ဒီသူတောင်းစား”

ကျင်းဖူကလည်းထိုဘက်သို့ကြည့်လိုက်သည်။သူအလွန်အမင်းရွံရှာမုန်းတီးသောလူငယ်၏အသံကို ကြားရပြီး မိမိ၏စွမ်းအားဖြင့်နှိုင်းယှဉ်ပါက အလွန်နိမ့်ကျနေသည်အနက်ရောင်မိုးကြိုးလျှပ်စီးနဂါးအားမြင်တွေ့လိုက်ရသောအခါတွင် ကျင်းဖူ၏မျက်နှာပေါ်ရှိအမုန်းတရားကပို၍ပင်ကြီးထွားလာသည်။

“အိုး. မကြာခင်အဆုံးသတ်တော့မှာလား’

ကုန်းစွန်းယွမ်၏အမူအယာက အရင်အတိုင်းရှိနေဆဲဖြစ်ပြီး တီးတိုးရေရွတ်လိုက်သည်။

“အစောပိုင်းက အနက်ရောင်မိုးကြိုး. အဲ့တာက အနက်ရောင်မိုးကြိုးလျှပ်စီးစွမ်းအားပဲ. အရမ်းစွမ်းအားကြီးတယ်. ကြည့်ရတာငါထပ်ပြီးအချိန်ဆွဲနေလို့မရတော့တဲ့ပုံပဲ. အဲ့အဘွားကြီးရဲ့စွမ်းအားကို ဖြစ်နိုင်သမျှအမြန်ဆုံးငါဝါးမျိုရမယ်”

ဤအခိုက်အတန့်တွင် ကုန်းစွန်းယွမ်၏ကိုယ်က ဖျက်ခနဲဖြစ်သွားပြီး ရပ်နေသောနေရာမှပျောက်ကွယ်သွားသည်။ ကျင်းဖူတစ်ယောက်တည်းသာအောက်ဘက်ရှိ မြေပြင်ထက်၌ကျန်ရစ်ခဲ့၏။

“ချိုးဖျက်စမ်း”

ဤအချိန်တွင် အေးစက်သောအော်သံတစ်ခုထွက်ပေါ်လာသည်။ ဝတ်ရုံနက်၏အောက်ရှိအချိန်တစ်ခုတိုင်ပျောက်ကွယ်ခြင်းမရှိသေးသော အနက်ရောင်မိုးကြိုးလျှပ်စီးနဂါးမှာ ဤအေးစက်သောအော်သံကြောင့် ချက်ချင်းဖျက်ဆီးခံလိုက်ရသည်။

ထို့နောက်ပုံရိပ်တစ်ခုက မှောင်မိုက်သောဟင်းလင်းပြင်ထဲ၌ပေါ်လာသည်။ ၎င်းက ကုန်းစွန်းမိသားစုမှတတိယသခင်လေးဖြစ်သူကုန်းစွန်းယွမ်ပင်ဖြစ်သည်။

သူ၏လက်တို့အားနောက်ပစ်ထားပြီး ကုန်းစွန်းယွမ်က ဝတ်ရုံနက်အား အေးအေးလူလူနိုင်ပြီး အေးစက်သောအမူအယာဖြင့် မော့ကြည့်လိုက်၏။ သူကခပ်ရေးရေးပြုံးပြီးပြောလိုက်သည်။

“တစ်ချက်တည်းအပြတ်ရှင်းနိုင်တဲ့တိုက်ကွက်ကိုပိုင်ဆိုင်ထားတဲ့ တောင်ပေါ်နတ်ဆရာမျိုးနွယ်စုက ဝတ်ရုံနက်တမာန်တော်ကို ကြားဖူးတာကြာနေပြီ. မင်းကအဲ့တာကိုမသုံးခင် ငါအလာကိုစောင့်နေတာမလား. ဟားဟား.လာပါ. ငါကုန်းစွန်းယွမ်ကို မင်းရဲ့ အကောင်းဆုံးတိုက်ခိုက်မှုကိုမြည်းစမ်းခွင့်ပေးစမ်း ပါ”

ကုန်းစွန်းယွမ်၏စိတ်အေးလက်အေးနှင့်ပြုံးယောင်သန်းနေသောအသံကိုကြားရသောအခါတွင်ဝတ်ရုံနက်၏ အေးစက်သောအသံကလည်းထွက်ပေါ်လာသည်။

“မင်းသဘောပဲ”

ဝတ်ရုံနက်တမာန်တော်၌ တကယ်ပဲ သူမ၏ တစ်ချက်တည်းအပြတ်ရှင်းနိုင်သောတိုက်ကွက်တစ်ခုရှိသည်ဖြစ်၏။သို့သော် ကြယ်တစ်ပွင့်နတ်ဘုရားတစ်ပိုင်းနယ်ပယ်ဖြစ်သောကြောင့် ဤလှုပ်ရှားမှုအားတစ်ကြိမ်သာသုံးနိုင်သည်ဖြစ်၏။

ဝတ်ရုံနက်က ဤတိုက်ကွက်အားအသုံးမပြုခဲ့ခြင်းမှာ ကုန်းစွန်းယွမ်ပြောသကဲ့သို့ ဤနေရာ၌အစွမ်းအထက်ဆုံးသူဖြစ်သည့် ၎င်းအလာကိုစောင့်နေခြင်းကြောင့်ဖြစ်သည်။ သူမကသူ့အားတစ်ချက်တည်းဖြင့်သတ်ဖြတ်ချင်၏။

“အမှောင်သတ်ဖြတ်ခြင်း”

ဝတ်ရုံနက်က ဤစကားတို့အား အေးစက်စွာအော်ပြောလိုက်သည်။ ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိအမှောင်ထု၏စွမ်းအားက အုံကြွလာပြီး ကုန်းစွန်းယွမ်ထံတစ်ဟုန်ထိုးဦးတည်သွားသည်။

လွန်စွာကြီးမားသောဓားအလင်းတစ်ခုက ညအမှောင်ထုအတွင်း၌ပေါ်လာပြီး ကုန်းစွန်းယွမ်ကိုရုတ်ခြည်းဝါးမျိုသွား၏။

ယင်းမှာ၎င်းကကုန်းစွန်းယွမ်အားရုတ်ခြည်းသတ်ဖြတ်လိုက်သကဲ့သို့ဖြစ်သည်။ ၎င်းက ဟင်းလင်းပြင်ဓားထက်များစွာပိုအားကောင်းသော အားကောင်းသည့်သတ်ဖြတ်ခြင်းအော်ရာတစ်ခုကိုထုတ်လွှတ်နေသည်။သတ်ဖြတ်ခြင်းအော်ရာကနေရာတစ်ခုလုံးအား လွှမ်းမိုးပျံ့နှံ့နေ၏။

“ကုန်းစွန်း..ကုန်းစွန်းယွမ်သေသွားပြီ”

“ဒါက..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ..ဘယ်လိုလုပ် ပြီးကုန်းစွန်းယွမ်က ရှုံးသွားရတာလဲ”

“ဟုတ်တယ်..ငါကုန်းစွန်းယွမ်ရဲ့အော်ရာကိုတကယ်ကြီး ထပ်အာရုံမခံနိုင်တော့ဘူး”

ကုန်းစွန်းယွမ်အားဧရာမဓားသွားကြီးက လွှမ်းခြုံသွားသကဲ့သို့ အလန့်တကြားအံ့အားသင့်သံများကလည်းချက် ချင်းထွက်ပေါ်လာသည်။အားလုံး၏မျက်နှာထက်၌ မယုံကြည်နိုင်မှုများဖြစ်ပေါ်နေ၏။

“မြေရိုင်းဒေသကြီးက အစွမ်းအထက်ဆုံးသူဖြစ်တဲ့ ကုန်းစွန်းထိုက်ယင်ရဲ့အမွေဆက်ခံသူ ကုန်းစွန်းယွမ်က ဒီလိုမျိုးနဲ့ရှုံးသွားတာလား”

“ဒါကရုတ်ခြည်းဆန်လွန်းတယ်”

“မဟုတ်ဘူး. မဖြစ်ရဘူး. တတိယသခင်လေး.ငါ့ရဲ့တတိယသခင်လေး”

ကြမ်းတမ်းသောပုံပန်းသွင်ပြင်နှင့်လူငယ်မှာ ကုန်းစွန်းယွမ်အား ဧရာမဓားသွားကြီးက ဝါးမျိုသည်ကို တွေ့ရသောအခါတွင် သူ၏နှလုံးသားထဲမှပူဆွေးမှုတို့ကို မထိန်းထားနိုင်တော့ချေ။သူကအလျှင်အမြန်ဝမ်းနည်းပူဆွေးစွာဖြင့်အော်ဟစ်လိုက်သည်။

သူအော်ဟစ်လိုက်သကဲ့သို့ အားလုံးကမယုံကြည်နိုင်ဖြစ်နေသောမျက်နှာများဖြင့် သူ့အားလှည့်ကြည့်လိုက်ကြသည်။

သူတို့၏မျက်နှာများထက်၌ အလွန်အမင်းအံ့အားသင့်ရမှုကြောင့်မိန်းမောမှုတို့ပင်ဖြစ်နေ၏။

“ငါ့ရဲ့တတိယသခင်လေ.ငါ့ရဲ့တတိယသခင်လေးတဲ့”

“မဖြစ်နိုင်တာကြီးကွာ”

“မင်းထပ်ပြီး အဓိပ္ပါယ်မရှိတာပြောရင် ငါမင်းကိုတစ်ချက်တည်းနဲ့သတ်ပစ်မယ်”

ဤအချိန်တွင်အေးစက်သောအသံတစ်ခုက ထပ်မံထွက်ပေါ်လာသည်။ ဤအသံက တတိယသခင်လေး ကုန်းစွန်းယွမ်နှင့်သက်ဆိုင်သောအသံဖြစ်၏။

အသံထွက်ပေါ်လာသကဲ့သို့ သူ၏ကိုယ်အားဝါးမျိုသွားသော လွန်စွာကြီးမားသည့်အလင်းဓားသွားကြီးက အပိုင်းပိုင်းပြိုကွဲသွားသည်။

“ကုန်းစွန်းမိသားစုရဲ့အထွတ်အထိပ်တိုက်ခိုက်ရေးနည်းစနစ်အောက်မှာ ငါရှုံးနေတုန်းဖြစ်တဲ့ပုံပဲ.”

ဝတ်ရုံနက်က ကျိုးပျက်သွားသောဓားသွားအလင်းကိုကြည့်၍ ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်သည်။

ထို့နောက်ဧရာမဓားသွားအလင်းက ညအမှောင်ထုအတွင်း၌ပျောက်ကွယ်သွားပြီး ကုန်းစွန်းယွမ်၏ငယ်ရွယ်သောပုံရိပ်က ထပ်မံပေါ်လာသည်။

သို့သော်ကုန်းစွန်းယွမ်မှာ ဝတ်ရုံနက်၏ တစ်ချက်တည်းအပြီးသတ်တိုက်ကွက်အားချိုးဖျက်နိုင်ခဲ့သော်လည်း အခြေအနေအရမ်းကောင်းပုံမရပေ။ သူ၏နှုတ်ခမ်းထောင့်၌သွေးစတို့ရှိနေသည်ဖြစ်၏။

ဝတ်ရုံနက်၏ အားအကောင်းဆုံးတိုက်ခိုက်မှုအောက်၌ ခံစားချက်အရမ်းကောင်းမွန်ခဲ့ပုံမရပေ။

ကုန်းစွန်းယွမ်၏ခန္ဓာကိုယ်မှ ကြွပ်ဆပ်သောအသံတစ်ခုရုတ်ခြည်းထွက်ပေါ်လာသည်။ ကုန်းစွန်းယွမ်က သူ၏အဝတ်အစားတို့ထံလက်လှမ်းလိုက်ပြီး လက်ချောင်းတစ်ချောင်းစာအရွယ်ရှိသော အရိုးပစ္စည်းတစ်ခုကို ဆွဲထုတ်လိုက်သည်။ သို့သော် ဤအရိုးပစ္စည်းက နှစ်ပိုင်းပြတ်နေသည်ဖြစ်၏။

“ဒီလက်နက်ရဲ့ကာကွယ်မှုကြောင့်သာမဟုတ်ခဲ့ရင် မင်းရဲ့ တိုက်ကွက်ကြောင့်ငါသေသွားလောက်တယ်.. ဟီးဟီးဟီး”

ကုန်းစွန်းယွမ်က သူ၏လက်ဝါးတို့ကို ဖြန့်လိုက်ပြီး ကောင်းကင်ထဲရှိဝတ်ရုံနက်အားရယ်မောကာပြောလိုက်သည်။

ကုန်းစွန်းယွမ်၏လက်ဝါးတို့၌ ထူးဆန်းသောမီးခိုးရောင်ဝဲတစ်ခုကပေါ်လာသည်။ မီးခိုးရောင်ဝဲ၏အောက်တွင် နှစ်ပိုင်းပြတ်သွားသော အရိုးအရာဝတ္ထုက ရုတ်ခြည်းပြာအဖြစ်ပြောင်းသွားသည်။

ဤအချိန်တွင်ကုန်းစွန်းယွမ်ကသူ၏ပါးစပ်ကိုထပ်မံဖွင့်ဟပြီး ဝတ်ရုံနက်ကိုပြောလိုက်သည်။

“မင်းရဲ့တစ်ချက်တည်းနဲ့ငါ့ကို သတ်ဖို့ကျရှုံးသွားပြီးဆိုတော့ အခုကမင်းသေရမဲ့အလှည့်ပဲ. နမည်ဆိုးနဲ့ကျော်ကြားတဲ့ဝတ်ရုံနက်တမာန်တော် ငါ့ရဲ့စွမ်းအားတစ်စိတ်တစ်ပိုင်းဖြစ်လာစမ်း”

နောက်ဆုံးစကားပြောချိန်တွင် ကုန်းစွန်းယွမ်၏မျက်နှာက ရုတ်ခြည်းအေးစက်မှုအဖြစ်ပြောင်းလဲသွားသည်။ ရုတ်ခြည်း သူ၏ပါးစပ်မှ မကျယ်သောအော်ဟစ်သံထွက်ပေါ်လာသည်။

“စုပ်ယူဝါးမျို”

ရုတ်ခြည်းလွန်စွာအားကောင်းသော ဝါးမျိုခြင်းစွမ်းအားတစ်ခုက ကုန်းစွန်းယွမ်၏လက်ဝါး၌ လှည့်ပတ်လာသည်ကို ဝတ်ရုံနက်အာရုံခံမိလိုက်သည်။ သူ၏ခန္ဓာကိုယ်အတွင်းမှ နတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းအားတို့က ကုန်းစွန်းယွမ်၏လက်ဝါးထံသို့ထိန်းချုပ်၍မရနိုင်စွာစီးဆင်းနေသည်။

သူ၏လက်ရှိအခြေ‌အနေနှင့် ဤစွမ်းကြီးဝါးမျိုစွမ်းအားအား ခုခံတွန်းလှန်ရန်မည်သည့်စွမ်းအားမှရှိမနေပေ။ သူ၏ခန္ဓာကိုယ်ကလည်း ဝါးမျိုခြင်းစွမ်းအားကြောင့်အောက်သို့စုပ်ယူခံနေရသည်။

“မဟုတ်ဘူး”

ဝတ်ရုံနက်က အလန့်တကြားတုန်လှုပ်စွာဖြင့် အလျှင်အမြန်အော်ပြောလိုက်သည်။

ကုန်းစွန်းယွမ်၏ညာလက်က ဝတ်ရုံနက်အားစတင်ဝါးမျိုနေချိန်တွင် သူဘယ်လက်၌ ထူးဆန်းသောမီးခိုးရောင်ဝဲကပေါ်လာသည်။ ၎င်းကလွန်စွာအားကောင်းသော ဝါးမျိုခြင်းစွမ်းအားကိုထုတ်လွှတ်ပြီး ဝတ်ရုံနက်နောက်ရှိအဘွားအိုကိုမျက်နှာမူထားသည်။

“ရဲတင်းလိုက်တာ”

ကောင်းကင်ထဲသို့ထိုးညွှန်ထားဆဲဖြစ်သော အဘွားအိုမှာ ကုန်းစွန်းယွမ်၏ဘယ်လက်ဝါးကသူမထံမျက်နှာမူလာသည်ကိုတွေ့ရသောအခါတွင် လက်ဝါးပေါ်မှဝါးမျိုခြင်းစွမ်းအားကိုအာရုံခံမိလိုက်သကဲ့သို့ ချက်ချင်းအေးစက်စွာအော်ပြောလိုက်သည်။ သူမ၏ဖြူဖျော့သောမျက်နှာထက်၌ ရုတ်ခြည်း သတ်ဖြတ်လိုစိတ်တို့နှင့်ပြည့်နှက်သွားသည်။

သို့သော် သူမ၏ခန္ဓာကိုယ်အတွင်းမှနတ်ဘုရားတစ်ပိုင်းနယ်ပယ်စွမ်းအားတို့က ခန္ဓာကိုယ်အပြင်ဘက်သို့ စီးမျောထွက်နေဆဲဖြစ်သည်ကို သူမခံစားရဆဲဖြစ်၏။

“ဟီးဟီးဟီးဟီး..ခင်ဗျားရဲ့ စွမ်းအားကိုကျုပ်ဝါးမျိုပြီးရင် ဒီမြေရိုင်းဒေသထဲမှာ ကျုပ်ကုန်းစွန်းယွမ်က အသန်မာဆုံးလူအစွမ်းအထက်ဆုံးသူဖြစ်လာမှာ အဲ့အခါ ကျုပ်အဖေ ကုန်းစွန်းထိုက်ယင်တောင်မှ ကျုပ်ရှေ့မှာ ဒူးထောက်ရလိမ့်မယ်”

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters