အခန်း (၅၁၄-၅၁၆)
Vol. 35 Ch. 514-516
အခန်း (၅၁၄) - နှစ်တစ်ထောင် အင်မော်တယ် ဝိညာဉ်ကျောက်
~"မပြောင်းပေးနိုင်ဘူး..."
ကျောက်ဟွာဖုန်းက ပြတ်သားစွာ ငြင်းပယ်လိုက်သည်။ ညှိနှိုင်းစရာ နေရာမရှိ။
'ကရုဏာမဲ့ တောင်ကြား'၏ နောက်ကွယ်တွင် 'အင်ပါယာ အစွန်းရောက် ဂိုဏ်း' ရှိနေသည်ကို ကျောက်ဟွာဖုန်း သိထားသင့်သည်။ ကရုဏာမဲ့ တောင်ကြားကို ဖျက်ဆီးလိုက်လျှင် ဖန်ယွင်ဂိုဏ်းလည်း အသက်ရှင် ကျန်ရစ်မည် မဟုတ်ပေ။
အင်ပါယာ အစွန်းရောက် ဂိုဏ်းကို သွားအပြစ်ပြုတာက ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။
ဒါကို သိလျက်နဲ့ ကျောက်ဟွာဖုန်းက ဘာလို့ ဒီလို တောင်းဆိုရတာလဲ။
ဖုန်းဝူချန် နားမလည်နိုင်အောင် ဖြစ်နေ၏။
"ဂိုဏ်းချုပ်ကျောက်... အင်ပါယာ အစွန်းရောက် ဂိုဏ်းကို မကြောက်ဘူးလား..."
ဖုန်းဝူချန် အကဲခတ်မေးလိုက်သည်။
"ဟွန်း... အင်ပါယာ အစွန်းရောက် ဂိုဏ်းက အင်အားကြီးတာ မှန်တယ်... ဒါပေမဲ့ ငါ့ရဲ့ ဖန်ယွင်ဂိုဏ်းကို ဘာမှမလုပ်နိုင်ပါဘူး... စကားအများကြီး ပြောမနေနဲ့... ကရုဏာမဲ့ တောင်ကြားကို ဖျက်ဆီးပေးဖို့ သဘောတူရင် နှစ်တစ်ထောင် အင်မော်တယ် ဝိညာဉ်ကျောက်က မင်းအပိုင်ပဲ... သဘောမတူရင်လည်း သဘောပဲ... ငါ တခြားလူ ရှာလိုက်မယ်..."
ကျောက်ဟွာဖုန်းက မထီမဲ့မြင် ပြုံးရင်း ပြောလိုက်သည်။
"အစ်ကိုကြီးဖုန်း... သဘောတူလိုက်ပါရှင်..."
လင်ရှောင်ရှောင်က အသံလှိုင်းဖြင့် တိတ်တဆိတ် ပြောလိုက်သည်။
ဖုန်းဝူချန် ခေါင်းညိတ်လိုက်ပြီး ပြုံးလိုက်သည်။
"ကောင်းပြီလေ ဂိုဏ်းချုပ်ကျောက်... ကျွန်တော် သဘောတူပါတယ်..."
"ဟေ့ကောင်လေး... မင်း ဉာဏ်များဖို့ မကြိုးစားနဲ့နော်... မဟုတ်ရင် အင်မော်တယ် ဝိညာဉ်ကျောက် ရဖို့ စိတ်မကူးနဲ့..."
ကျောက်ဟွာဖုန်းက ခြိမ်းခြောက်လိုက်သည်။
ထိုအခါ၊ ဖုန်းဝူချန်က သူ့အား တောင်းဆိုလိုက်သည်။
"စိတ်ချပါ... ဒါပေမဲ့ မလုပ်ခင်မှာ နှစ်တစ်ထောင် အင်မော်တယ် ဝိညာဉ်ကျောက် အစစ် ဟုတ်မဟုတ်.. ကျုပ် ကြည့်ချင်တယ်... မဟုတ်ရင် ဘယ်လို ယုံရမှာလဲ..."
"ဒါ နှစ်တစ်ထောင် အင်မော်တယ် ဝိညာဉ်ကျောက် အစစ်ပဲ..."
အကြီးအကဲ လျူကျန့်ထျန်းက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။
ဖုန်းဝူချန်က သူ့ကို တစ်ချက်ကြည့်ပြီး ပြုံးလိုက်ကာ၊
"အကြီးအကဲက စတုတ္ထအဆင့် ဆေးပညာရှင်ပဲ ရှိသေးတာ... လက်နက်ပညာရှင် မဟုတ်ဘူး... ဒါ အစစ် ဟုတ်မဟုတ် ဘယ်လိုလုပ် သေချာမှာလဲ... ခင်ဗျား အရင်က မြင်ဖူးလို့လား..."
လျူကျန့်ထျန်း မျက်မှောင်ကြုတ်လိုက်ကာ မကျေမနပ် ဖြစ်သွား၏။
"မင်း ငါ့ကို သံသယ ရှိနေတာလား..."
"မထင်ပါနဲ့ဗျာ... သံသယ ရှိတာ မဟုတ်ပါဘူး... ဒါပေမဲ့ ကျွန်တော်က နှစ်တစ်ထောင် အင်မော်တယ် ဝိညာဉ်ကျောက်ကို အရင်က မြင်ဖူးလို့ပါ... ဒီကျောက်က အရမ်း ရှားပါးတယ်... ကုန်းမြေတိုက်ကြီးမှာ မြင်ဖူးတဲ့လူ သိပ်မရှိဘူး... ပြီးတော့ ကျွန်တော်က လက်နက်ပညာရှင်လေ... သေချာအောင် စစ်ဆေးရမှာပေါ့... အတုကြီး ဖြစ်နေရင် ကျွန်တော် အလကား အပင်ပန်းခံရမှာလေ..."
"ဟေ... မင်းက လက်နက်ပညာရှင်လား... ဘယ်အဆင့်လဲ..."
လျူကျန့်ထျန်း အံ့ဩသွား၏။
"ပဉ္စမ အဆင့်..."
ဖုန်းဝူချန် ပေါ့ပေါ့ပါးပါးပင် ဖြေလိုက်သည်။
"ပဉ္စမ အဆင့်..."
ကျောက်ဟွာဖုန်းနှင့် အခြားသူများ မျက်လုံးပြူးသွားကြ၏။
အသက် ၂၀ တောင် မပြည့်သေးတဲ့ ကောင်လေးက ပဉ္စမ အဆင့် လက်နက်ပညာရှင်တဲ့လား။
"အဲ့ဒါကြောင့် ခင်ဗျားတို့ တောင်းတဲ့ ဝိညာဉ်လက်နက် ( ၁၀၀ ) ကို ကျွန်တော် သဘောတူလိုက်တာလေ..."
ပြောရင်းနှင့် ဖုန်းဝူချန်သည် သူ့ဝိညာဉ်စွမ်းအားကို အနည်းငယ် ထုတ်ပြလိုက်သည်။
"အလို၊ တကယ်ပဲ ပဉ္စမ အဆင့် ဝိညာဉ်စွမ်းအား ပါလား... လက်နက်သန့်စင် ပါရမီရှင်ပဲ... သခင်လေးကျန်းထက်တောင် ပိုတော်သေးတယ်..."
လျူကျန့်ထျန်း အာမေဋိတ်သံ ထွက်သွား၏။
ထိုအခါမှ၊ ဖုန်းဝူချန်က အရှိန်အဝါကို ပြန်ရုပ်သိမ်းလိုက်ပြီး ဆက်ပြောသည်။
"အင်မော်တယ် ဝိညာဉ်ကျောက်တွေရဲ့ သက်တမ်းကို ကျုပ် ကောင်းကောင်း သိတယ်... ကျုပ်ဆီမှာလည်း သာမန် ကျောက်တုံးတွေ အများကြီး ရှိတယ်... ဒါပေမဲ့ နှစ်တစ်ရာ သက်တမ်းလောက်ပဲ ရှိတာ..."
ပြောပြောဆိုဆိုနှင့် ဖုန်းဝူချန်သည် အင်မော်တယ် ဝိညာဉ်ကျောက် အချို့ကို ထုတ်ပြလိုက်သည်။
"ကြည့်ပါဦး ဂိုဏ်းချုပ်ကျောက်... ဒါတွေက နှစ်တစ်ရာကျော် သက်တမ်းရှိတဲ့ ကျောက်တွေ... ဒါက နှစ် ( ၇၀ )... ဒါက နှစ် ၅၀... ဒါကြောင့် ကျုပ် သေချာ စစ်ဆေးချင်တာပါ... မစစ်ဆေးရရင် သဘောမတူနိုင်ဘူး... အလကား အလုပ်မလုပ်ချင်ဘူး..."
ဖုန်းဝူချန်၏ စကားများသည် ယုံကြည်လောက်စရာ ဖြစ်နေသဖြင့် ကျောက်ဟွာဖုန်း တွန့်ဆုတ်သွား၏။
"မင်း ကူညီမယ်လို့ သဘောတူမှတော့... ပြလိုက်တာ ဘာမှ မဖြစ်ပါဘူး..."
ကျောက်ဟွာဖုန်း ခေါင်းညိတ်လိုက်သည်။
ကရုဏာမဲ့ တောင်ကြား အကြောင်းကို အနောက်ဘက်ဒေသ တစ်ခုလုံး သိသည်။ ဖုန်းဝူချန် မကူညီလျှင် တခြားသူ ရှာရခက်မည်။
ကျောက်ဟွာဖုန်းသည် အင်မော်တယ် ဝိညာဉ်ကျောက် တစ်တုံးကို ထုတ်ယူလိုက်သည်။ လက်ဖဝါးထဲတွင် ဆုပ်ကိုင်ထားရာ အလွန်တရာ ပြင်းထန်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ခန်းမဆောင် တစ်ခုလုံးကို လွှမ်းခြုံသွား၏။ မျက်စိကျိန်းမတတ် ရောင်စုံ အလင်းတန်းများ တောက်ပလာသည်။
လက်ကို ဖြန့်လိုက်သောအခါ ရောင်စုံ အလင်းတန်းများက ခန်းမဆောင် တစ်ခုလုံးကို လင်းလက်သွားစေ၏။
ကျောက်ဟွာဖုန်းက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးရင်း ပြောလိုက်သည်။
"ဒါ နှစ်တစ်ထောင် အင်မော်တယ် ဝိညာဉ်ကျောက်ပဲ... သေချာ ကြည့်ထား..."
"အိုး.. တကယ်ကြီး နှစ်တစ်ထောင် အင်မော်တယ် ဝိညာဉ်ကျောက်ပဲ…’
ဖုန်းဝူချန် စိတ်ထဲတွင် ဝမ်းသာသွား၏။
"အစ်ကိုကြီးဖုန်း... ဒါ နှစ်တစ်ထောင် သက်တမ်း ရှိလို့လား..."
လင်ရှောင်ရှောင်က ဟန်ဆောင်ပြီး မေးလိုက်သည်။
ဖုန်းဝူချန် ခေါင်းခါလိုက်သည်။
"ဒါ နှစ်တစ်ထောင် သက်တမ်း မရှိဘူး... အလွန်ဆုံး နှစ် ( ၆၀၀ ) ပဲ ရှိမယ်... နှစ်တစ်ထောင် အင်မော်တယ် ဝိညာဉ်ကျောက်က ကိုးရောင်ခြယ် အလင်းတန်း ထွက်တာ... ပြီးတော့ စွမ်းအားကလည်း အရမ်း ကြမ်းတမ်းတယ်..."
လျူကျန့်ထျန်းက အလျင်အမြန် ငြင်းလိုက်သည်။
"နှစ် ( ၆၀၀ ) ဟုတ်လား... မဖြစ်နိုင်တာ... ရှေးဟောင်း စာအုပ်တွေထဲမှာ ရေးထားတာက ရောင်စုံ အလင်းတန်း ထွက်ရင် နှစ်တစ်ထောင်ပဲတဲ့..."
"ရှေးဟောင်း စာအုပ်လား..."
ဖုန်းဝူချန် စိတ်ဝင်စားသွား၏။
ကျောက်ဟွာဖုန်းက"ဟေ့ကောင်လေး၊ မင်း ငါတို့ကို လာလိမ်နေတာလား..."
ဟု မေးလိုက်တော့သည်။ ဖုန်းဝူချန် လိမ်နေသည်ဟု သူ ထင်နေ၏။
"ခင်ဗျားတို့က နှစ်တစ်ထောင်လို့ ယူဆချင်ရင်လည်း သဘောပဲ... ကျွန်တော် လိုချင်တာက နှစ် ( ၁၀၀၀ ) သက်တမ်း ရှိတဲ့ ကျောက်တုံး... ဒါပေမဲ့ နှစ် ( ၆၀၀ ) နဲ့ နှစ် ( ၁၀၀၀ ) ကျော်က သိပ်မကွာလှဘူး... တောင်းပန်ပါတယ်... ကျွန်တော်ရဲ့ စံချိန်စံညွှန်းက အရမ်း မြင့်တယ်... ကျွန်တော့်ဆရာ အင်မော်တယ် လက်နက် သွန်းလုပ်ဖို့ နှစ်တစ်ထောင် သက်တမ်း ရှိမှ ဖြစ်မှာ... ဒီကျောက်တုံးက ကရုဏာမဲ့ တောင်ကြားကို ရှင်းပေးရလောက်တဲ့ တန်ဖိုး မရှိပါဘူး... ပထမ အချက် နှစ်ချက်လောက်နဲ့ ဆိုရင်တော့ စဉ်းစားလို့ ရပါသေးတယ်... ဂိုဏ်းချုပ်ကျောက်... ကျွန်တော်.. သွားတော့မယ်..."
ဖုန်းဝူချန်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
‘ဆရာတဲ့လား…’
လင်ရှောင်ရှောင် တစ်စုံတစ်ခုကို သဘောပေါက်သွားသလို မျက်ခုံးပင့်လိုက်သော်လည်း ဘာမှ ဝင်မပြောဘဲ ငြိမ်နေလိုက်သည်။
ဖုန်းဝူချန် မတ်တတ်ရပ်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။
ကျောက်ဟွာဖုန်းနှင့် လျူကျန့်ထျန်းတို့ ထုံထိုင်းသွားကြ၏။ ဖုန်းဝူချန်က ချက်ချင်း ထွက်သွားရန် ပြင်နေသည်ကို မြင်တော့ ဒါ နှစ်တစ်ထောင် သက်တမ်း မဟုတ်ဘူး ဆိုတာကို သူတို့ ယုံစ ပြုလာကြ၏။
‘မဖြစ်နိုင်ဘူး... ဒါ ဘယ်လိုလုပ်ပြီး နှစ်တစ်ထောင် မဟုတ်ရမှာလဲ…’
ကျောက်ဟွာဖုန်း သူ့လက်ထဲက ကျောက်တုံးကို မယုံကြည်နိုင်စွာ စူးစူးရဲရဲ ကြည့်နေမိသည်။
တံခါးဝ ရောက်ခါနီးတွင် ဖုန်းဝူချန်က ရုတ်တရက် လှည့်ပြောလိုက်သည်။
"ဒါနဲ့ ဂိုဏ်းချုပ်ကျောက်... ကျန်းမိသားစုနဲ့ အင်မော်တယ် လက်နက် စံအိမ်က နှစ် ( ၆၀၀ ) သက်တမ်းရှိတဲ့ ကျောက်တုံးကို လိုချင်ကောင်း လိုချင်ကြလိမ့်မယ်... သူတို့ကို သွားရောင်းကြည့်ပါလား... ဒါပေမဲ့ ခင်ဗျားရဲ့ တောင်းဆိုချက်ကို သူတို့ လက်ခံပါ့မလားတော့ မသိဘူးနော်... သူတို့ဆီမှာ အင်မော်တယ် ဝိညာဉ်ကျောက်တွေ ပေါမှပေါ... ဒီကျောက်တုံးက ခင်ဗျားတို့အတွက် ဘာမှ အသုံးမဝင်ဘူးလေ..."
"ဒါက..."
အကြီးအကဲ သုံးယောက် တစ်ယောက်မျက်နှာ တစ်ယောက် ပြန်ကြည့်နေကြ၏။
ကျောက်ဟွာဖုန်း အကြီးအကျယ် တွေးဆနေရချေ၏။
‘ဒီကောင်လေး လိမ်နေပုံ မရဘူး... တစ်ချက် ကြည့်ရုံနဲ့ နှစ်တစ်ထောင် မဟုတ်မှန်း သိပြီး ချက်ချင်း ထွက်သွားတာ…’
ကျောက်ဟွာဖုန်း တွန့်ဆုတ်နေ၏။ ဖန်ယွင်ဂိုဏ်းတွင် လက်နက်ပညာရှင် မရှိပါ။ နှစ်တစ်ထောင် သက်တမ်း မဟုတ်လျှင် သူတို့အတွက် အသုံးမဝင်ပေ။
ထို့အပြင် အင်မော်တယ် ဝိညာဉ်ကျောက်သည် အင်မော်တယ် လက်နက် သွန်းလုပ်ရာတွင်သာ အသုံးဝင်သည်။ ကုန်းမြေတိုက်ကြီးတွင် ကျန်းမိသားစုနှင့် အင်မော်တယ် လက်နက် စံအိမ်သာ ထိုသို့ စွမ်းဆောင်နိုင်သည် မဟုတ်ပါလော။
'ကျစ်..ဒီသရဲအိုကြီးက တော်တော် စိတ်ခိုင်တာပဲ…’
ဖုန်းဝူချန် စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။
တံခါးဝကနေ ခြေတစ်လှမ်း လှမ်းတော့မည်။ ကျောက်ဟွာဖုန်းတို့က တားမည့်ပုံ မပေါ်သေးပေ။ ဖုန်းဝူချန် စိတ်မရှည်ချင်တော့ပါ။
"အစ်ကိုကြီးဖုန်း... သူတို့ကို လိမ်လို့ ရမယ့်ပုံ မပေါ်ဘူးနော်.."
လင်ရှောင်ရှောင်က သူ့အား တိုးတိုးလေး ပြောလိုက်သည်။
ဖုန်းဝူချန် ခေါင်းခါလိုက်ရင်း..၊
"သွားကြစို့... နောက်နည်းလမ်း စဉ်းစားကြတာပေါ့..."
"မိတ်ဆွေလေး... နေပါဦး..."
ဖုန်းဝူချန်တို့ ထွက်တော့မည့် ဆဲဆဲတွင် ကျောက်ဟွာဖုန်း၏ အသံ ထွက်ပေါ်လာသည်။
'အဟား…မိပြီ…’
ဖုန်းဝူချန် စိတ်ထဲတွင် အော်ဟစ်လိုက်သည်။ သို့သော်၊ သူက ခြေလှမ်းကို ရပ်လိုက်ပြီး မှင်သေသေပင် ပြောလိုက်သည်။
"ဂိုဏ်းချုပ်ကျောက်... ဒါ တကယ်ကို နှစ်တစ်ထောင် သက်တမ်း မရှိပါဘူး... မယုံရင် တခြား အစွမ်းထက်တဲ့ လက်နက်ပညာရှင်တွေကို မေးကြည့်လို့ ရပါတယ်... ကျွန်တော်က အလျင်လိုနေလို့ သွားခွင့်ပြုပါဦး..."
ဖုန်းဝူချန်၏ ဟန်ဆောင်ကောင်းပုံကို ကြည့်ပြီး လင်ရှောင်ရှောင်ခမျာ ခစ်ခနဲ ရယ်ချင်စိတ်ကို မနည်း ထိန်းထားရသည်။
"မိတ်ဆွေလေး... ပထမ အချက် နှစ်ချက်နဲ့ လဲမယ် ဆိုရင်ရော..."
ကျောက်ဟွာဖုန်းက အလျှော့ပေးကာ မေးလိုက်တော့သည်။
အခန်း (၅၁၅) - မမျှော်လင့်ထားသော သတင်း
~”ပထမ အချက် နှစ်ချက်နဲ့ လဲမယ် ဟုတ်လား..."
ဖုန်းဝူချန် မျက်မှောင်ကြုတ်ကာ တွေးတောဟန်ဆောင်လိုက်သည်။
“နှစ် ( ၆၀၀ ) သက်တမ်းရှိတဲ့ အင်မော်တယ် ဝိညာဉ်ကျောက်က အစွမ်းထက်တဲ့ အင်မော်တယ် လက်နက်ကို ဖန်တီးနိုင်တယ် ဆိုပေမယ့်... သွန်းလုပ်တာ ကျရှုံးသွားရင် သာမန် ကျောက်တုံးနဲ့ ထူးမခြားနားပဲ…”
“ဆဌမ အဆင့် ဆေးလုံး အလုံး ( ၁၀၀ ) နဲ့ ဝိညာဉ်လက်နက် အခု ( ၁၀၀ ) ဆိုတာ မက်လောက်စရာ ပမာဏ ဆိုပေမယ့်... ကျွန်တော့်ဆရာကတော့ စိတ်ဝင်စားမယ့်ပုံ မပေါ်ဘူး…”
"အတိုချုပ်ပြောရရင်... ဒီကျောက်တုံးရဲ့ တန်ဖိုးက လက်နက်ပညာရှင် အပေါ်မှာ မူတည်နေတယ်... ခင်ဗျားတို့အတွက်တော့ အသုံးမဝင်ဘူး..."
ဖုန်းဝူချန် တစ်ယောက်တည်း တီးတိုးရေရွတ်ရင်း စဉ်းစားနေ၏။
ဖုန်းဝူချန် စဉ်းစားနေတာကို ကြည့်ရင်း ကျောက်ဟွာဖုန်းနှင့် အကြီးအကဲ သုံးယောက် စိတ်မရှည် ဖြစ်လာကြ၏။
ဖုန်းဝူချန် သဘောမတူလျှင် ကရုဏာမဲ့ တောင်ကြားကို ဖျက်ဆီးဖို့ မပြောနှင့်၊ ဆေးလုံးနှင့် လက်နက်တွေတောင် ရတော့မှာ မဟုတ်ပေ။
ကျန်းမိသားစု သို့မဟုတ် အင်မော်တယ် လက်နက် စံအိမ်ကို သွားရောင်းမည် ဆိုလျှင်တောင် ဈေးကောင်းရပါ့မလား မသေချာ။ နှစ်တစ်ထောင် သက်တမ်း မဟုတ်မှတော့ သာမန် ကျောက်တုံးနှင့် အတူတူပဲဟု ပြောပြီး မဝယ်ဘဲ နေလိုက်လျှင် မည်သို့ တတ်နိုင်ပါမည်နည်း။
ထို့ထက်၊ ပိုသည်က ထို အင်အားကြီး နှစ်ခုရှေ့မှာ မိမိတို့ ဖန်ယွင်ဂိုဏ်းက ဈေးမဆစ်ရဲချေ။
လက်နက်ပညာရှင် ဆိုတာ နေရာတိုင်းမှာ ရှိသည် မဟုတ်ချေ။ ထူးချွန်သော လက်နက်ပညာရှင်က ပို၍ပင် ရှားသေး၏။
ဤလူငယ်ကို လက်လွှတ်လိုက်လျှင် တခြား မည်သူ့ကို သွားရောင်းရမည်နည်း.. ။
ကျောက်ဟွာဖုန်း အကြံမထုတ်နိုင်တော့ပေ။
"ကျွန်တော့်ဆရာကို အရင် မေးကြည့်လိုက်ဦးမယ်... နှစ် ( ၆၀၀ ) သက်တမ်းရှိတဲ့ ကျောက်တုံးကို ကြိုးစားပြီး သုံးလို့ ရမလား ဆိုတာ... ဂိုဏ်းချုပ်ကျောက် ခဏစောင့်ပါ..."
ဖုန်းဝူချန် ပြောလိုက်ပြီး သူ့ဆရာကို သတင်းပို့သလို ဟန်ဆောင်လိုက်သည်။
"ဂိုဏ်းချုပ်... တကယ် လဲလိုက်တော့မလို့လားဗျ..."
လျူကျန့်ထျန်းက တိုးတိုးလေး ကပ်မေးလိုက်သည်။
သူ့အား ကျောက်ဟွာဖုန်း တိုးတိုးလေး ပြန်ပြောလာ၏။
"ဆေးလုံး အလုံး ( ၁၀၀ ) နဲ့ လက်နက် အခု ( ၁၀၀ ) ရရင် ငါတို့ ဖန်ယွင်ဂိုဏ်းရဲ့ အင်အားက အဆမတန် တိုးတက်လာမှာဟ... အဲ့ဒီကျရင် ကရုဏာမဲ့ တောင်ကြားကို ဖျက်ဆီးဖို့က လက်ဖဝါး တစ်ဖက်လှန်လိုက်သလောက်ပဲ လွယ်ကူသွားမှာ... တကယ်လို့ ဒီကျောက်တုံးက နှစ်တစ်ထောင် သက်တမ်း မရှိရင် တခြားသူတွေကို ဈေးကြီးကြီးနဲ့ ရောင်းလို့ရမှာ မဟုတ်ဘူး... ကျန်းမိသားစုနဲ့ အင်မော်တယ် လက်နက် စံအိမ်က စိတ်ဝင်စားချင်မှ စိတ်ဝင်စားမှာ... ဒီကောင်လေးက လိမ်နေပုံလည်း မရဘူး..."
"ဂိုဏ်းချုပ် ပြောတာ မှန်တယ်... သူ့နဲ့ လဲလိုက်ရင် ဆေးလုံးနဲ့ လက်နက်တွေ ရဦးမယ်... တခြားသူနဲ့ လဲရင် ဈေးကြီးလွန်းလို့ မလိုချင်ဘူး ပြောလိုက်ရင် ငါတို့ပဲ နစ်နာမှာ..."
ဟု ဒုတိယအကြီးအကဲ ကောင်းယွမ်ရှန်ကလည်း သဘောတူ ထောက်ခံလိုက်သည်။
ဆက်သွယ်ဟန် ဆောင်နေသော ဖုန်းဝူချန်သည် ကျောက်ဟွာဖုန်းတို့ကို အကဲခတ်နေပြီး စိတ်ထဲတွင် ပျော်ရွှင်နေ၏။
"ဂိုဏ်းချုပ်ကျောက်... ခင်ဗျားတို့ ကံကောင်းသွားတယ်ဗျ... ကျွန်တော့်ဆရာက သဘောတူလိုက်ပါပြီ... နှစ် ( ၆၀၀ ) သက်တမ်းရှိတဲ့ ကျောက်တုံးကို သူ စမ်းသုံးကြည့်မယ်တဲ့..."
ဖုန်းဝူချန် ရုတ်တရက် ပြောလိုက်သည်။ မျက်နှာထားကတော့ မလိုချင်သလိုလို ပုံစံမျိုးပင်။
"ကောင်းတယ်... သိပ်ကောင်းတယ်..."
ကျောက်ဟွာဖုန်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် ဝမ်းသာအားရ ပြောလိုက်သည်။
သူ အမြတ်ကြီးသွားသလို ခံစားနေရသည်။
"ညီလေး... မင်းကို ငါ ယုံတယ်... အင်မော်တယ် ဝိညာဉ်ကျောက်ကို အရင် ပေးလိုက်မယ်... ဆေးလုံးနဲ့ လက်နက်တွေကို အမြန်ဆုံး ဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..ဟားဟား.."
ကျောက်ဟွာဖုန်း ရယ်မောလိုက်ပြီး နှစ်တစ်ထောင် အင်မော်တယ် ဝိညာဉ်ကျောက်ကို ကမန်းကတန်း ပစ်ပေးလိုက်သည်။
ဖုန်းဝူချန်က ဝမ်းသာအားရ ဖမ်းယူလိုက်ပြီး အသေအချာ သိမ်းဆည်းလိုက်တော့သည်။
'ဟား…နောက်ဆုံးတော့ ငါ့အကွက်ထဲ ဝင်လာပြီ…’
စိတ်ထဲတွင် အော်ဟစ်နေသော်လည်း အပြင်ပန်းတွင်တော့ တည်ငြိမ်စွာပင် မေးလိုက်သည်။
"ဂိုဏ်းချုပ်ကျောက်... ဆေးပညာရှင်တွေနဲ့ လက်နက်ပညာရှင်တွေရဲ့ စည်းကမ်းကို သိတယ်မလား..."
ထိုစကားကို ကြားသောအခါ ကျောက်ဟွာဖုန်း မျက်နှာပျက်သွား၏။
"စည်းကမ်းကို သိပါတယ်... ဒါပေမဲ့ ဖန်ယွင်ဂိုဏ်းမှာ ဆဌမ အဆင့် ဆေးလုံး ဖော်စပ်ဖို့ ကုန်ကြမ်းတွေ အများကြီး မရှိဘူး... ဥက္ကာခဲ သံတုံး ( ၁၀၀ ) လည်း မရှိဘူး..."
"ဖန်ယွင်ဂိုဏ်းက အင်အားနည်းတာမှ မဟုတ်တာ... ဆေးပစ္စည်းနဲ့ သံတုံးလောက် ဝယ်ဖို့က အသေးအဖွဲလေးပါ...ကျွန်တော်က ဆင်းရဲတယ်ဗျ... ပိုက်ဆံမရှိဘူး..."
ဖုန်းဝူချန် ပခုံးတွန့်လိုက်သည်။
"ညီလေး... မင်းက ဆဌမ အဆင့် ဆေးလုံး ဖော်စပ်နိုင်တယ် ဟုတ်လား..."
လျူကျန့်ထျန်းက ရုတ်တရက် သတိထားမိပြီး သံသယဖြင့် မေးလိုက်ခြင်းပါ။
"မင်းက ဆဌမ အဆင့် ဆေးပညာရှင်များလား..."
"အိုးဟိုး…အကြီးအကဲက မျက်စိ အမြင်မရှိတာ မဟုတ်ဘူးပဲ... ကျွန်တော်က ဆဌမ အဆင့် ဆေးပညာရှင် ဆိုတာ ရိပ်မိသားပဲ..."
ဖုန်းဝူချန် အံ့ဩသလို ရယ်မောလိုက်သည်။
"မင်းက ဆဌမ အဆင့် ဆေးပညာရှင်..."
ကျောက်ဟွာဖုန်းခမျာ ဟန်ချက်ပျက်ပြီး လဲကျလုနီးပါး ဖြစ်သွားသည်
။"မဖြစ်နိုင်ဘူး... ဒီလောက် ငယ်ငယ်လေးနဲ့ ဆေးပညာရော လက်နက်ပညာရော ဒီလောက် ထူးချွန်နေတယ် ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး..."
လျူကျန့်ထျန်း ထိတ်လန့်တကြား အော်ဟစ်လိုက်မိ၏။
ပဉ္စမ အဆင့် လက်နက်ပညာရှင် ဖြစ်တာကို ယုံဖို့ ခက်ခဲနေတာ... အခု ဆဌမ အဆင့် ဆေးပညာရှင်ပါ ဖြစ်နေတယ် ဆိုတော့ ဘယ်သူက ယုံမှာလဲ။
"ဘုန်း..."
ထိုစဉ်၊ ဖုန်းဝူချန်က လက်သီးဆုပ်လိုက်ရာ စိမ်းပြာရောင် မီးတောက် တစ်ခု တောက်လောင်လာသည်။ တချိန်တည်းမှာပင် ကြီးစိုးသော ဝိညာဉ်စွမ်းအား တစ်ခု ပေါက်ကွဲထွက်လာသည်။
"အဆင့်... ဆဌမ အဆင့် ဆေးပညာရှင်... ဆေးပညာ ပါရမီရှင်... လက်နက်ပညာ ပါရမီရှင်..."
ဖုန်းဝူချန်၏ ဝိညာဉ်စွမ်းအားကို ခံစားမိလိုက်သောအခါ လျူကျန့်ထျန်း တစ်ကိုယ်လုံး တုန်ယင်သွားရ၏။
‘သူက တကယ်ကြီး ဆဌမ အဆင့် ဆေးပညာရှင်ပါလား... အသက် ( ၂၀ ) အရွယ် ဆဌမ အဆင့် ဆေးပညာရှင်…’
ကျောက်ဟွာဖုန်းနှင့် အခြားသူများ ထပ်မံ အံ့အားသင့်သွားကြပြန်သည်။ ဖုန်းဝူချန်ကို ဘီလူး တစ်ကောင်လို ကြည့်နေကြ၏။
လောကကြီးမှာ ဆေးပညာရော လက်နက်ပညာရော ထိပ်တန်းအဆင့် ရောက်နေသော ပါရမီရှင်မျိုး ရှိနေလိမ့်မည်ဟု သူတို့ အိပ်မက်ထဲမှာတောင် ထင်မထားခဲ့မိကြပေ။
ဒါက အလွန်ပင် မယုံကြည်နိုင်စရာ ကောင်းလွန်း၏။
"ဆေးပညာရှင်နဲ့ လက်နက်ပညာရှင်ရဲ့ ဝိညာဉ်စွမ်းအား ကွာခြားချက်ကို ခင်ဗျားတို့ သိလား..."
ဟု ဖုန်းဝူချန်က လျူကျန့်ထျန်းကို ကြည့်ပြီး ပြုံးရင်း မေးသည်။
မီးတောက်ကို ကစားရင်း ဖုန်းဝူချန် ဆက်ပြောလိုက်၏။
"လက်နက်ပညာရှင်ရဲ့ ဝိညာဉ်စွမ်းအားကို တိတိကျကျ ပြောရရင် 'စိတ်စွမ်းအား' လို့ ခေါ်တယ်... နှစ်ခုက သိပ်မကွာခြားလို့ 'ဝိညာဉ်စွမ်းအား' လို့ပဲ ပေါင်းခေါ်ကြတာ... တကယ်တမ်းကျတော့ ကွာခြားချက် ရှိတယ်... သွန်းလုပ်ရေး ပညာရှင်နဲ့ အင်းကွက် ပညာရှင်တွေလည်း ဒီလိုပါပဲ..."
ထိုအခါ၊ ကျောက်ဟွာဖုန်းနှင့် အကြီးအကဲ သုံးယောက်လုံး ကျောက်ရုပ် ဖြစ်ကုန်ကြ၏။
ဖုန်းဝူချန်က တည်ငြိမ်စွာ ပြောလိုက်သည်။
"ဂိုဏ်းချုပ်ကျောက်... ဆေးပစ္စည်းတွေ သွားဝယ်ခိုင်းလိုက်ပါ... ကျွန်တော် အချိန်မရဘူးဗျ..."
"ဪ... ဟုတ်ကဲ့... အခုချက်ချင်း သွားဝယ်ခိုင်းလိုက်ပါ့မယ်..."
ကျောက်ဟွာဖုန်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြန်ဖြေလိုက်၏။ သူ့အမူအရာက ( ၁၈၀ ) ဒီဂရီ ပြောင်းလဲသွားလေသည်။
ဆဌမ အဆင့် ဆေးပညာရှင်၏ အဆင့်အတန်းသည် အလွန် မြင့်မားသည်။ ကျောက်ဟွာဖုန်း အပြစ်မပြုရဲပေ။ အထူးသဖြင့် ဖုန်းဝူချန်သည် ပဉ္စမ အဆင့် လက်နက်ပညာရှင်လည်း ဖြစ်နေသည် မဟုတ်ပါလော။
"ဂိုဏ်းချုပ်ကျောက်... အင်ပါယာ အစွန်းရောက် ဂိုဏ်းကို ဘာလို့ မကြောက်တာလဲ ဆိုတာ ပြောပြလို့ ရမလား... သူတို့က ခင်ဗျားတို့ ဖန်ယွင်ဂိုဏ်းကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်တယ်လေ..."
ဖုန်းဝူချန် စပ်စုလိုက်သည်။
ထိုအခါ၊ ကျောက်ဟွာဖုန်းက တလေးတစားနှင့် ဖြေလာသည်။
"ဒီလိုပါ၊ ကျုပ်ဆီမှာ ရတနာမြေပုံ တစ်ဝက် ရှိတယ်... အဲ့ဒီမြေပုံထဲမှာ အစွမ်းထက်တဲ့ လက်နက်တစ်ခု အကြောင်း မှတ်တမ်းတင်ထားတာ... အင်ပါယာ အစွန်းရောက် ဂိုဏ်းက အဲ့ဒါကို လိုချင်နေတာလေ... ကျန်တဲ့ တစ်ဝက်က သူတို့ဆီမှာ ရှိတယ်..."
"သူတို့က ရှင်တို့ကို သတ်ပြီး မြေပုံ ယူသွားမှာ မကြောက်ဘူးလား..."
ဟု လင်ရှောင်ရှောင်က အံ့ဩတကြီး မေးလိုက်သည်။
"ဒါက သေမင်းနဲ့ လောင်းကစား လုပ်နေတာပဲ... မြေပုံ ဘယ်မှာထားလဲ ဆိုတာ ကျုပ်တစ်ယောက်တည်း သိတာ... သူတို့ ကျုပ်တို့ကို သတ်လိုက်ရင် မြေပုံ ရမှာ မဟုတ်တော့ဘူး... မြေပုံ တစ်ဝက်တည်းနဲ့ ရတနာကို ရှာလို့ ဘယ်လို ရမလဲ..."
"ဪ... ဒါကြောင့်ကိုး..."
ဖုန်းဝူချန်လည်း ခေါင်းညိတ်လိုက်သည်။
"ဂိုဏ်းချုပ်ကျောက်... မြေပုံထဲမှာ ဘာရတနာ ပါလဲ သိလားဗျ..."
"အင်း..မြေပုံအပြည့်အစုံကို ကျုပ် မြင်ဖူးတယ်... လုယူတုန်းက တစ်ဝက်ကို သူတို့ ယူသွားတာ... ကျုပ်မှတ်မိသလောက်တော့... အဲ့ဒီထဲမှာ 'အချိန်ကို ထိန်းချုပ်နိုင်တဲ့ လက်နက်'တစ်ခု အကြောင်း ပါတယ်။ အသေးစိတ်တော့ မသိဘူး... ကျုပ်လည်း ဘယ်တော့မှ လူလွှတ်ပြီး မရှာဖူးဘူး... သူတို့ပဲ လိုက်ရှာနေကြတာ..."
"အချိန်ကို ထိန်းချုပ်နိုင်တဲ့ လက်နက်..."
လင်ရှောင်ရှောင် မျက်လုံးများ အရောင်လက်သွား၏။ တစ်ခါမှ မကြားဖူးပေ။
ဖုန်းဝူချန်၏ မျက်နှာထားကတော့ အကြီးအကျယ် တုန်လှုပ်သွား၏။
‘ရှေးဦး စက်ကွင်း လက်နက်..’
ဖုန်းဝူချန် စိတ်ထဲတွင် အော်ဟစ်လိုက်မိသည်။
သူ့ခေါင်းထဲတွင် ရှေးဦး စက်ကွင်း လက်နက် အကြောင်း သတင်းအချက်အလက်များ ချက်ချင်း ပေါ်လာသည်။
၎င်းသည် ရှေးဦး ကမ္ဘာဦးခေတ်က နတ်ဘုရား လက်နက် ဖြစ်ပြီး၊ ပိုင်ရှင်အား အချိန်ကို ထိန်းချုပ်နိုင်စွမ်း ပေးသည်။ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသော လက်နက်ပင်။
ဖုန်းဝူချန်အတွက်တော့... ဒါက မမျှော်လင့်ထားသော ဆုလာဘ်ကြီး တစ်ခုပင် ဖြစ်ပေသတည်း။
အခန်း (၅၁၆) - ရတနာမြေပုံ တစ်ဝက်
~"အချိန်ကို ထိန်းချုပ်နိုင်တဲ့ ရတနာ ဆိုတာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ... ဘယ်သူကမှ အချိန်ကို မထိန်းချုပ်နိုင်ပါဘူး..."
ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့၏ အံ့ဩနေသော မျက်နှာထားများကို မြင်သောအခါ ကျောက်ဟွာဖုန်းက ခေါင်းခါရင်း ပြောလိုက်သည်။
ဤကဲ့သို့ ကောင်းကင်ဘုံကို အာခံနိုင်သော အစွမ်းထက် လက်နက်မျိုး ရှိလိမ့်မည်ဟု သူ မယုံကြည်သောကြောင့် လူလွှတ်ပြီး မရှာခိုင်းခြင်း ဖြစ်၏။
ကျောက်ဟွာဖုန်း တစ်ယောက်တည်း မဟုတ်ပေ။ ကျင့်ကြံသူ အများစု ယုံကြည်ကြမည် မဟုတ်ပေ။
အချိန်ကို ထိန်းချုပ်တယ် ဆိုတာက... သိပ်ကို စိတ်ကူးယဉ်ဆန်လွန်းသည်။
သို့သော် ဖုန်းဝူချန်ကတော့ ယုံကြည်သည်။
"ဟုတ်ပါတယ်..."
ဖုန်းဝူချန် ခေါင်းညိတ်လိုက်သည်။
သေချာ အတည်မပြုနိုင်သေးသရွေ့ ဒါက ဒဏ္ဍာရီလာ 'ရှေးဦး စက်ကွင်း လက်နက် ' ဟုတ်မဟုတ် မပြောနိုင်သေးပေ။
"အစကတည်းက ဒီမြေပုံက အတုလို့ ကျုပ် ထင်ခဲ့တာ... ဒါပေမဲ့ အင်ပါယာ အစွန်းရောက် ဂိုဏ်းက အစစ်လို့ ယုံကြည်နေတော့ သူတို့ကို ထိန်းချုပ်ဖို့ သုံးနေရတာ... ဒါပေမဲ့ နှစ်တွေကြာလာတာနဲ့အမျှ ဖန်ယွင်ဂိုဏ်းနဲ့ ကရုဏာမဲ့ တောင်ကြားကြားက ရန်ငြိုးတွေက ပိုကြီးလာတော့... သူတပါးလက်ကို ငှားပြီး ရှင်းထုတ်ဖို့ စဉ်းစားရတော့တာပဲ... ကရုဏာမဲ့ တောင်ကြားကို မရှင်းထုတ်နိုင်ရင်...ကျုပ်ရဲ့ ဖန်ယွင်ဂိုဏ်းက တနေ့ကျရင် သူတို့ရဲ့ အဆိပ်ပြင်းတဲ့ အကြံအစည်တွေအောက်မှာ ပျက်စီးသွားနိုင်တယ်လေ..."
ကျောက်ဟွာဖုန်းက လေးနက်စွာ ပြောပြနေသည်။
"ဂိုဏ်းချုပ်ကျောက် လိုချင်တာက ဆဌမ အဆင့် ဆေးလုံး ( ၁၀၀ ) နဲ့ ဝိညာဉ်လက်နက် ( ၁၀၀ )... ရည်ရွယ်ချက်က ကရုဏာမဲ့ တောင်ကြားကို ရင်ဆိုင်ဖို့ အင်အားဖြည့်ချင်တာပေါ့..."
"ဟုတ်တယ်... ဖန်ယွင်ဂိုဏ်း ရှင်သန်ချင်ရင် ကရုဏာမဲ့ တောင်ကြားကို ဖိနှိပ်ထားရမယ်... မျိုးဖြုတ်ပစ်နိုင်ရင် ပိုကောင်းတယ်..."
ကျောက်ဟွာဖုန်းက ရက်စက်စွာ ပြောလိုက်သည်။
‘အားကြီးသူက အားနည်းသူကို ဝါးမြိုတဲ့ လောကကြီးမှာ ဒါက ခါးသီးတဲ့ အမှန်တရားပဲ။’
ဖန်ယွင်ဂိုဏ်း အနေနဲ့ အနင်းခံရမည့် အဖြစ်မျိုး မရောက်ချင်သဖြင့် နည်းလမ်းပေါင်းစုံ စဉ်းစားနေရခြင်း ဖြစ်၏။
သူ မျက်လုံးများ ကစားလိုက်ပြီး အကြံတစ်ခု ရသွား၏။ ကျောက်ဟွာဖုန်းကို ကြည့်ပြီး ဏ္ဍပြောလိုက်သည်။
"ဂိုဏ်းချုပ်ကျောက်... ဖန်ယွင်ဂိုဏ်းက ကရုဏာမဲ့ တောင်ကြားကို ရှင်းထုတ်နိုင်မယ့်အပြင်... အင်ပါယာ အစွန်းရောက် ဂိုဏ်းကိုပါ ခြိမ်းခြောက်ထားနိုင်မယ့် နည်းလမ်းတစ်ခု ကျွန်တော့်မှာ ရှိတယ်..."
"ဟေ... အင်ပါယာ အစွန်းရောက် ဂိုဏ်း မခြိမ်းခြောက်ရဲအောင် လုပ်နိုင်တဲ့ နည်းလမ်း ဟုတ်လား..."
ကျောက်ဟွာဖုန်း အံ့အားသင့်သွား၏။ ဘယ်လို အံ့ဖွယ်နည်းလမ်းမျိုးလဲ ဆိုတာ သိချင်နေမိသည်။
အနောက်ဘက်ဒေသ၏ အင်အားကြီး ( ၅ ) ခုထဲက တစ်ခု ဖြစ်သည့် အင်ပါယာ အစွန်းရောက် ဂိုဏ်း၏ စွမ်းအားက သာမန် အစီအစဉ်လေးတွေနှင့် ကိုင်တွယ်၍ ရတာ မဟုတ်ပေ။
အကြီးအကဲ သုံးယောက်လည်း စိတ်ဝင်စားသွားကြ၏။
"ဟုတ်ပါတယ်... ဒါပေမဲ့ ဂိုဏ်းချုပ်ကျောက်... ကျွန်တော် ရတနာမြေပုံကို ကြည့်ချင်တယ်... တစ်ချက်လောက်ပါပဲ... ကျွန်တော် တစ်ယောက်တည်း ပိုင်ဆိုင်ဖို့ မကြိုးစားပါဘူး... အင်ပါယာ အစွန်းရောက် ဂိုဏ်းက ဒီမြေပုံကို ဒီလောက် တန်ဖိုးထားပြီး လက်မလျှော့ဘဲ ရှာနေတယ် ဆိုတော့... ဒီမြေပုံမှာ တခြား အသုံးဝင်တာတွေ ရှိနေမလားလို့ပါ..."
ဟု ဖုန်းဝူချန် ပြုံးပြီး တောင်းဆိုလိုက်သည်။
"တခြား အသုံးဝင်တာ..."
ကျောက်ဟွာဖုန်း မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။
သံသယ ရှိနေသော်လည်း ကျောက်ဟွာဖုန်းသည် မြေပုံတစ်ဝက်ကို ထုတ်ယူပြီး တွန့်ဆုတ်ခြင်း မရှိဘဲ ဖုန်းဝူချန်ဆီသို့ ပစ်ပေးလိုက်သည်။
"ညီလေးသာ ကရုဏာမဲ့ တောင်ကြားကို ရှင်းထုတ်ပေးနိုင်ပြီး အင်ပါယာ အစွန်းရောက် ဂိုဏ်းကို ခြိမ်းခြောက်ပေးနိုင်မယ် ဆိုရင်... ဒီမြေပုံကို လက်ဆောင်ပေးလိုက်ရတာ ဘာမှ မဟုတ်ပါဘူး..."
ကျောက်ဟွာဖုန်း၏ ပြတ်သားမှုနှင့် ယုံကြည်မှုကို မြင်သောအခါ ဖုန်းဝူချန် အံ့ဩသွား၏။
"ဂိုဏ်းချုပ်ကျောက်က ကျွန်တော့်ကို ဒီလိုပဲ ယုံလိုက်တာလား..."
"ဆဌမ အဆင့် ဆေးပညာရှင် တစ်ယောက်ကို ကျုပ် ယုံတယ်... ပြီးတော့ ရတနာ ဆိုတာကို ငါ စိတ်မဝင်စားဘူး... အဲ့ဒါကြောင့်နဲ့ ကျုပ်အသက် အဆုံးရှုံးမခံနိုင်ဘူး..."
ဖုန်းဝူချန်သည် ဆဌမ အဆင့် ဆေးပညာရှင် ဖြစ်သလို ပဉ္စမ အဆင့် လက်နက်ပညာရှင်လည်း ဖြစ်သည်ကို သိထားသဖြင့် ကျောက်ဟွာဖုန်းက မိုက်မဲစွာ ရန်မူမည် မဟုတ်ပေ။
ကျောက်ဟွာဖုန်းက မိုက်မဲသူ မဟုတ်ရုံမက ပါးနပ်သူလည်း ဖြစ်၏။ မဟုတ်လျှင် ရတနာမြေပုံကို ဒီလောက် ရက်ရက်ရောရော ပေးလိုက်မည် မဟုတ်ပေ။
ဖုန်းဝူချန်လို ကြောက်မက်ဖွယ် ပါရမီရှင်မျိုးကို သူက မိတ်ဆွေဖွဲ့ထားချင်သည်။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကျောက်... ဆေးလုံးတွေနဲ့ လက်နက်တွေကို အမြန်ဆုံး ဖန်တီးပေးပါ့မယ်…( ၇ ) ရက် အတွင်း လူလွှတ်ပြီး ပို့ပေးပါ့မယ်... ဆေးပစ္စည်းတွေနဲ့ လက်နက်ကုန်ကြမ်းတွေ ပြင်ဆင်ပေးစရာ မလိုပါဘူး..."
ဖုန်းဝူချန် လက်သီးဆုပ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
"( ၇ )ရက် အတွင်း..."
ကောင်းယွမ်ရှန် မျက်မှောင်ကြုတ်လိုက်ကာ သံသယ ဝင်နေမိသည်။
"မင်း လိမ်နေတာ မဟုတ်မှန်း ငါတို့ ဘယ်လို သိနိုင်မလဲ... အင်မော်တယ် ဝိညာဉ်ကျောက်နဲ့ မြေပုံကို ယူပြီး ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ... ငါတို့က မင်းကို ဘယ်မှာ လိုက်ရှာရမလဲ... ဖန်ယွင်ဂိုဏ်းရဲ့ အင်အားက လေလံရုံကို မယှဉ်နိုင်ဘူးနော်..."
"ဒုတိယအကြီးအကဲ ပြောတာ ဟုတ်တယ်... ဂိုဏ်းချုပ်... သူသာ ပြန်မလာရင် ငါတို့က ရတနာ နှစ်ခုလုံး အလကား ပေးလိုက်ရသလို ဖြစ်သွားမှာ..."
တတိယအကြီးအကဲက ထောက်ခံလိုက်သည်။
ဖုန်းဝူချန်က အပြုံးနုနုဖြင့် ပြောလိုက်သည်။
"ကျွန်တော်က ကြယ်တာရာနယ်မြေ၊ နဂါးနတ်ဘုရား နန်းတော်သခင် ဖုန်းဝူချန် ပါ... မယုံရင် ကျွန်တော် ဒီမှာပဲ နေပြီး ဆေးလုံးနဲ့ လက်နက်တွေ ဖန်တီးပေးလို့ ရပါတယ်... ဒါပေမဲ့ ဆေးပစ္စည်းတွေနဲ့ ကုန်ကြမ်းတွေကိုတော့ ခင်ဗျားတို့ ဘာသာ ရှာပေးရလိမ့်မယ်... ကျွန်တော့်မှာ မရှိဘူး..."
ကောင်းယွမ်ရှန် မျက်နှာထား ပြောင်းလဲသွား၏။ စကားမပြောနိုင်တော့ပေ။
ဆဌမ အဆင့် ဆေးလုံး အလုံး ( ၁၀၀ ) နဲ့ လက်နက် အခု ( ၁၀၀ ) ဖန်တီးဖို့ ဆိုတာ ကုန်ကြမ်းပမာဏ အများကြီး လိုအပ်သည်။ ပေါင်းလိုက်လျှင် ရွှေဒင်္ဂါး အမြောက်အမြား ကုန်ကျမည် ဖြစ်၏။
"၇ ရက် ဆိုရင် ၇ ရက်ပေါ့..."
ကျောက်ဟွာဖုန်းက တွန့်ဆုတ်ခြင်း မရှိဘဲ သဘောတူလိုက်သည်။ ဖုန်းဝူချန်ကို ယုံကြည်ဖို့ ရွေးချယ်လိုက်သည်။
"ခွင့်ပြုပါဦး..."
ဖုန်းဝူချန် မတ်တတ်ရပ်ပြီး နှုတ်ဆက်ကာ လင်ရှောင်ရှောင်နှင့်အတူ ထွက်ခွာသွားလေသည်။
သူတို့ ထွက်သွားပြီးနောက် လျူကျန့်ထျန်းက မေးလိုက်သည်။
"ဂိုဏ်းချုပ်... အဲ့ဒီလူငယ်လေးကို တကယ် ယုံတာလား..."
ကျောက်ဟွာဖုန်း မျက်မှောင်ကြုတ်လိုက်ပြီး...
"ကြယ်တာရာနယ်မြေကို လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်... သူ့နောက်ခံက ရိုးရှင်းမှာ မဟုတ်ဘူး... ငါတို့ သူ့ကို စော်ကားမိလို့ မဖြစ်ဘူး..."
ထိုအခါ၊လျူကျန့်ထျန်း ခေါင်းညိတ်လိုက်လေသည်။
"ဒီလို နတ်ဆိုးဆန်တဲ့ ပါရမီရှင်မျိုး ငါ့တစ်သက် မမြင်ဖူးဘူး... ဒီကောင်လေးက သာမန် မဟုတ်တာ သေချာတယ်..."
ဖန်ယွင်ဂိုဏ်းမှ ထွက်ခွာလာပြီးနောက် ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့သည် ရှန်ဝူဂိုဏ်းဆီသို့ ဦးတည်သွားကြ၏။
"အစ်ကိုကြီးဖုန်း... ခုနက ကျောက်တုံးက တကယ်ပဲ နှစ်တစ်ထောင် အင်မော်တယ် ဝိညာဉ်ကျောက်လားဟင်..."
လင်ရှောင်ရှောင်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"ဟုတ်တယ်... အစစ်ပဲ..."
ဖုန်းဝူချန် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
"ခစ်ခစ်…အစ်ကိုကြီးဖုန်းက တကယ် လှည့်စားတတ်တာပဲ..."
လင်ရှောင်ရှောင်က ပါးစပ်ကို အုပ်ပြီး ကြည်လင်စွာ ရယ်မောလိုက်သည်။
ဖုန်းဝူချန် ပခုံးတွန့်လိုက်ပြီး...
"ကရုဏာမဲ့ တောင်ကြားက ငါနဲ့ ဘာရန်ငြိုးမှ မရှိဘူး... သူတို့ကို သွားမျိုးဖြုတ်ပေးဖို့ ငါ စိတ်မဝင်စားဘူး... ဖန်ယွင်ဂိုဏ်း ကိစ္စ သူတို့ဘာသာ ရှင်းပါစေ..."
လင်ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။ ဟုတ်ပါသည်။
"ဒါနဲ့... ရတနာမြေပုံ ကိစ္စကရော... အချိန်ကို ထိန်းချုပ်နိုင်တဲ့ ရတနာက တကယ် ရှိတာလား..."
"အင်း…ရှေးဦး ကမ္ဘာဦးခေတ်တုန်းက အချိန်ကို ထိန်းချုပ်နိုင်တဲ့ 'ရှေးဦး စက်ကွင်း လက်နက် ' ဆိုတဲ့ နတ်ဘုရား လက်နက် တစ်ခု တကယ် ရှိခဲ့တယ်... ဒါပေမဲ့ အဲ့ဒါကို ထိန်းချုပ်ဖို့ 'အချိန် စွမ်းအား' ရှိမှ ရမှာ... မြေပုံက တစ်ဝက်တည်း ဆိုတော့... အဲ့ဒါ…ဟုတ်မဟုတ် အစ်ကို မသေချာဘူး..."
ဖုန်းဝူချန်က အေးဆေးစွာ ဖြေလိုက်သည်။
"ရှေးဦး စက်ကွင်း လက်နက် ..."
လင်ရှောင်ရှောင် မျက်မှောင်ကြုတ်လိုက်၏။ တစ်ခါမှ မကြားဖူးပေ။
"ဒဏ္ဍာရီလာ နတ်ဘုရား လက်နက်ပါ... တကယ် ရှိမရှိ မသေချာပေမယ့်... အချိန် စွမ်းအားကတော့ တကယ် ရှိတယ်... ဒီခရီးစဉ်က အကျိုးရှိသားပဲ..."
ဖုန်းဝူချန် စိတ်လှုပ်ရှားစွာ ပြုံးလိုက်သည်။
အချိန် စွမ်းအား ရှိလျှင်... ရှေးဦး စက်ကွင်း လက်နက် လည်း ရှိမည်ပင်။
"ကျန်တဲ့ မြေပုံတစ်ဝက်က အင်ပါယာ အစွန်းရောက် ဂိုဏ်း လက်ထဲမှာ ရှိနေတာ... အစ်ကိုကြီးဖုန်း... သူတို့ဆီက ဘယ်လို လှည့်ယူမလဲ... သူတို့က အလွယ်တကူ ပေးမယ့်ပုံ မပေါ်ဘူး..."
"ကျန်တဲ့ တစ်ဝက်ကို ရအောင် ယူရမယ်... ဘယ်နည်းနဲ့မဆို... အင်ပါယာ အစွန်းရောက် ဂိုဏ်းကို ဖျက်ဆီးပစ်ရမယ် ဆိုရင်တောင်... မြေပုံကို ရအောင် ယူရမယ်..."
ဖုန်းဝူချန် ပြတ်သားစွာ ပြောလိုက်သည်။
ရှေးဦး စက်ကွင်း လက်နက် အကြောင်း သတင်းရထားပြီ ဖြစ်ရာ၊ ဒီလို နတ်ဘုရား လက်နက်မျိုးကို လက်လွှတ်ခံလို့ မဖြစ်ပေ။
နာရီဝက်ခန့် ကြာသောအခါ... ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့သည် ရှန်ဝူမြို့တော် သို့ ရောက်ရှိလာကြ၏။
"ရှန်ဝူမြို့တော်... ဒါ ရှန်ဝူဂိုဏ်းရဲ့ နယ်မြေ မလား..."
လင်ရှောင်ရှောင် အံ့ဩစွာ မေးလိုက်သည်။
"အစ်ကိုကြီးဖုန်း... ရှန်ဝူဂိုဏ်းကို သွားမလို့လား..."
"ဟုတ်တယ်... အနောက်ဘက်ဒေသရဲ့ အစွမ်းအထက်ဆုံး အင်အားစု အနေနဲ့... ရှန်ဝူဂိုဏ်းက အကောင်းဆုံး မိတ်ဖက်ပဲ... အင်ပါယာ အစွန်းရောက် ဂိုဏ်းကို ဖိနှိပ်ဖို့ ဆိုတာ လက်ဖဝါး တစ်ဖက်လှန်လိုက်သလောက်ပဲ လွယ်ကူသွားမှာလေကွာ..."
ဖုန်းဝူချန်က ပြုံးရင်း လင်ရှောင်ရှောင်၏ လက်ကို ဆွဲကာ မြို့ထဲသို့ ဝင်ရောက်သွားလေသည်။
အနောက်ဘက်ဒေသ၏ အရှင်သခင် အစစ်ဖြစ်သော ရှန်ဝူဂိုဏ်း၏ အင်အားသည် အင်ပါယာ အစွန်းရောက် ဂိုဏ်းထက် အဆပေါင်းများစွာ သာလွန်လှပေ၏။