အခန်း (၅၂၃-၅၂၅)
Vol. 35 Ch. 523-525
အခန်း (၅၂၃) - အသိမိတ်ဆွေဟောင်းနှင့် ဆုံတွေ့ခြင်း
~"အစ်ကိုကြီးဖုန်း... သူတို့ကို တကယ်ပဲ ယုံလိုက်တာလားဟင်..."
အင်ပါယာ အစွန်းရောက် ဂိုဏ်းမှ ထွက်ခွာလာပြီးနောက် လင်ရှောင်ရှောင် မအောင့်အည်းနိုင်တော့ဘဲ မေးလိုက်သည်။ ဖုန်းဝူချန် ဘာတွေ ကြံစည်နေလဲ ဆိုတာ သူမ နားမလည်နိုင် ဖြစ်နေ၏။
"ဘယ်ကသာ... သူတို့ ရတနာ ရှာတွေ့ရင်တောင် ငါ့ကို ပြောမှာ မဟုတ်ဘူး... မြေပုံထဲမှာ မှတ်တမ်းတင်ထားတဲ့ ရှေးဦး စက်ကွင်း လက်နက် က ရှာရလွယ်မယ် ထင်နေလား... ငါကိုယ်တိုင် အချိန်ကုန်ခံပြီး ရှာနေမယ့်အစား သူတို့ကို ကူရှာခိုင်းလိုက်တာ ပိုကောင်းတယ်လေ..."
"အစ်ကိုက မြေပုံထဲမှာ သူတို့ သတိမထားမိနိုင်တဲ့ 'ကမ္ဘာပျက် စွမ်းအား' တစ်စ ထည့်ပေးလိုက်တယ်... မြေပုံ ဘယ်ရောက်ရောက် အစ်ကို အာရုံခံလို့ ရတယ်... သူတို့ကို မြေပုံပေးလိုက်တာက ရတနာကို မြန်မြန် ရှာတွေ့စေချင်လို့ပဲ..."
ရှေးဦး ကမ္ဘာဦးခေတ် ရတနာကို ရှာဖွေခြင်းသည် ကောင်းကင်ပေါ် တက်ရသလို ခက်ခဲလှသည်။ ဖုန်းဝူချန် အနေဖြင့် အချိန်မဖြုန်းချင်ပေ။ ထို့အပြင် အခြား ရှေးဦး ကမ္ဘာဦးခေတ် စွမ်းအားများကိုလည်း ရှာဖွေရဦးမည်။
ထို့ကြောင့် ကျိုးရွှမ်ထုန်ကို မြေပုံပေးလိုက်ခြင်းသည် အကောင်းဆုံးသော နည်းလမ်းပင်။
"အစ်ကိုကြီးဖုန်းက အင်ပါယာ အစွန်းရောက် ဂိုဏ်းကို အရင်သွားခဲ့တာ...ကျွန်မတို့ ရှန်ဝူဂိုဏ်းနဲ့ ပတ်သက်နေတယ်လို့ သူတို့ကို သံသယ ဝင်စေချင်လို့ပဲ... အစ်ကိုကြီးက ဘာမှ ရှင်းရှင်းလင်းလင်း မပြောခဲ့တော့... သူတို့ ...ကျွန်မတို့ကို မထိရဲကြဘူး... ဒီနည်းနဲ့ ...ကျွန်မတို့က သူတို့ကို ရတနာ ရှာခိုင်းလို့ရသလို၊ အန္တရာယ်ကင်းကင်းနဲ့လည်း ပြန်ထွက်လာနိုင်ခဲ့တယ်... အစ်ကိုကြီးဖုန်းက တကယ် ဉာဏ်ကောင်းတာပဲ..."
လင်ရှောင်ရှောင် သဘောကျစွာ ရယ်မောလိုက်သည်။ သူမ၏ လှပသော မျက်နှာလေးပေါ်တွင် ချိုမြိန်သော အပြုံးတစ်ခု ပေါ်လာသည်။
"မြေခွေးအိုကြီးတွေက အသက်ကြီးလေ သံသယ များလေပဲ... မသေချာရင် သူတို့ မလှုပ်ရှားရဲကြဘူး..."
ဟု ဖုန်းဝူချန် ပြုံးရင်း ပြန်ပြောလိုက်သည်။
အနောက်ဘက်ဒေသမှ ထွက်ခွာလာပြီ ဖြစ်သော်လည်း ဖုန်းဝူချန်သည် ကမ္ဘာပျက် စွမ်းအားကို အာရုံခံနေရဆဲ ဖြစ်၏။ သို့ကြောင့် သူ စိတ်ချလက်ချ နေနိုင်သည်။
ရတနာမြေပုံ ဘယ်ရောက်ရောက် သူ အကုန်သိနေ၏။
၀င်္ကပါပင်လယ်နယ်မြေ ၏ ဆေးပညာ ပြိုင်ပွဲကြီး ကျင်းပတော့မည်။ နဂါးနတ်ဘုရား နန်းတော်သို့ ပြန်ရောက်ပြီးနောက် ဖုန်းဝူချန်သည် မိသားစုနှင့် တစ်ရက်တာ အချိန်ကုန်ဆုံးခဲ့သည်။ နောက်တစ်နေ့တွင် လင်ရှောင်ရှောင်၊ လျိုချင်းယန်တို့နှင့် အတူ ၀င်္ကပါပင်လယ်နယ်မြေသို့ ထွက်ခွာခဲ့ကြ၏။
နေရာရွှေ့ပြောင်း အခင်းအကျင်း ရှိနေပြီ ဖြစ်ရာ အကွာအဝေးကြောင့် ချစ်ခင်ရသူများနှင့် မတွေ့ရမှာကို ပူစရာ မလိုတော့ပေ။
၀င်္ကပါပင်လယ်နယ်မြေက ဦးစီးကျင်းပသော ဆေးပညာ ဆွေးနွေးပွဲကြီးသို့ ဝူကျီနယ်မြေ အနှံ့အပြားမှ အစွမ်းထက် ဆေးပညာရှင်များနှင့် ပါရမီရှင် ဆေးပညာရှင်များ ရောက်ရှိလာကြ၏။
ပြိုင်ပွဲကြီးကို ပင်လယ်ကမ်းခြေ မြို့တော်ဖြစ်သော 'ထျန်းဟိုင်မြို့တော်' တွင် ကျင်းပခြင်း ဖြစ်၏။ ပညာရှင်များ စုဝေးရာ နေရာတစ်ခုပင်။
၀င်္ကပါပင်လယ်နယ်မြေ၏ ဂုဏ်သိက္ခာကြီးမားသော အဌမ အဆင့် ဆေးပညာရှင်ကြီး တစ်ဦးက ဦးစီးကျင်းပခြင်း ဖြစ်၏။ ထျန်းဟိုင်မြို့တော် အတွင်း၌ သတ္တမ အဆင့်၊ ဆဌမ အဆင့် ဆေးပညာရှင်များသည် အလွန် လေးစားခံရသူများ ဖြစ်ကြ၏။
ဒီလို ပွဲကြီးပွဲကောင်းမျိုးကို ၀င်္ကပါပင်လယ်နယ်မြေမှ အင်အားကြီး ဂိုဏ်းများသာမက ကြယ်တာရာနယ်မြေ၊ အနောက်ဘက်ဒေသနှင့် ဝူကျီနယ်မြေတို့မှ အင်အားကြီးများပါ တက်ရောက်ကြ၏။
သို့သော်... ထို အင်အားကြီး ဂိုဏ်းတွေထဲမှာ ဂိုဏ်းချုပ်တွေနှင့် အကြီးအကဲတွေ ပါမလာကြပေ။
ဥပမာ - လွတ်လပ်ခြင်းဂိုဏ်း ဆိုလျှင် ဂိုဏ်းချုပ်… မလာဘဲ အဆင့်မြင့် ထိပ်သီးပိုင်း အနည်းငယ်သာ စေလွှတ်လိုက်သည်။ အကြီးအကဲများပင် ပါမလာကြပေ။
လင်မိုယန်၏ မွေးနေ့ပွဲတွင် အင်အားကြီး ဂိုဏ်းခေါင်းဆောင် အများအပြား အသတ်ခံလိုက်ရသည့် သတင်းသည် ဟိုးလေးတကျော် ဖြစ်နေပြီ ဖြစ်၏။
အရေးပါသော ပုဂ္ဂိုလ်ကြီး တစ်ဦးကို အပြစ်ပြုမိလိုက်ကြသည် ဆိုတာလောက်ပဲ သိကြပြီး အသေးစိတ်ကိုတော့ ဘယ်သူမှ မသိကြပေ။ သိသည့် လူတွေကလည်း ပါးစပ်မဟရဲကြပေ။
ထျန်းဟိုင်မြို့တော်။
ထျန်းဟိုင်မြို့တော်သည် ပင်လယ်နှင့် နီးကပ်ပြီး ၀င်္ကပါပင်လယ်နယ်မြေ၏ အကြီးဆုံးနှင့် အစည်ကားဆုံး မြို့တော် ဖြစ် ယပေ၏။
"၀င်္ကပါပင်လယ်နယ်မြေမှာ ဒီလောက် လှပတဲ့ မြို့တစ်မြို့ ရှိလိမ့်မယ်လို့ ထင်မထားခဲ့ဘူး... ထျန်းဟိုင်မြို့တော်က ငါ မြင်ဖူးသမျှထဲမှာ အလှဆုံးပဲ..."
လျိုချင်းယန် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
မြောင်ချင်းချင်းလည်း ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
"တကယ် လှတာပဲ... အစ်ကိုဖုန်း... ဟိုမှာ ကြည့်ပါဦး... ပင်လယ်ထဲမှာ သင်္ဘောကြီး တစ်စင်း..."
ယခုအခါ၊ ဖုန်းဝူချန်နှင့် အဖွဲ့သားများသည် ကျောက်တံတား တစ်ခုပေါ်တွင် ရပ်ပြီး ပင်လယ်ပြင်ကြီး၏ ကျယ်ပြောမှုနှင့် ထျန်းဟိုင်မြို့တော်၏ အလှတရားကို ခံစားနေကြ၏။
မြို့ထဲတွင် လူစည်ကားနေပြီး လမ်းမများပေါ်တွင် ဆေးပညာရှင်များကို နေရာတိုင်း၌ တွေ့မြင်နေရသည်။ ပျော်ရွှင်စရာ ကောင်းသော လေထုက လွှမ်းခြုံနေ၏။
ဖုန်းဝူချန်သည် ကျောက်တံတား လက်ရမ်းကို ကိုင်ပြီး ပင်လယ်ပြင်ကြီးကို ငေးကြည့်နေသည်။
ဒီအချိန်လေးမှာ ဖုန်းဝူချန် စိတ်အေးချမ်းမှုကို ခံစားနေရသည်။
လင်ရှောင်ရှောင်က ရွှင်မြူးစွာ ရယ်မောရင်း ၊
"အစ်ကိုကြီးဖုန်း... ဘာတွေ တွေးနေတာလဲဟင်..."
"အစ်ကို တွေးနေတာက... အစ်ကိုတို့တွေ ဘယ်တော့မှ ဒီလို အေးအေးဆေးဆေး ဘဝမျိုးနဲ့ နေရမလဲလို့ပါ... နေ့တိုင်း ပင်လယ်ပြင်ကြီးကို ကြည့်ပြီး နေရရင် ဘယ်လောက် ကောင်းမလဲ..."
ဟု ဖုန်းဝူချန်က ပြုံးရင်း ဖြေလိုက်သည်။
"အစ်ကိုကြီးဖုန်းရဲ့ ရင်ထဲက ဆန္ဒအမှန်က အဲ့ဒါ မဟုတ်လောက်ပါဘူး... အစ်ကိုကြီးဖုန်း တွေးနေတာက ပြိုင်ဘက်ကင်း ပညာရှင် ဖြစ်လာဖို့ မလားကွယ်..."
လင်ရှောင်ရှောင်က စနောက်လိုက်သည်။
လျိုချင်းယန်ကမူ ပခုံးတွန့်လိုက်ပြီး...
"ကြာလာရင် ပျင်းလာမှာပါဗျာ... ပင်လယ်ကြီးကို ကြည့်ရတာ အန်ချင်လာတဲ့အထိ ဖြစ်သွားလိမ့်မယ်..."
"ဟင်... ကမ္ဘာပျက် စွမ်းအား လှုပ်ရှားနေတယ်..."
ဖုန်းဝူချန် ရုတ်တရက် အာရုံခံမိလိုက်ပြီး ပြုံးလိုက်သည်။
"အင်ပါယာ အစွန်းရောက် ဂိုဏ်းက ရှာနေတာ ကြာပြီပဲ... အခု မြေပုံအပြည့်အစုံ ရသွားပြီဆိုတော့ ရတနာ ရှိတဲ့ နေရာကို ရှာတွေ့ဖို့ သိပ်ကြာတော့မှာ မဟုတ်ဘူး..."
"ရှေးဦး စက်ကွင်း လက်နက်က တကယ် ရှိတာလား..."
ဟု ပေတိုယန်က ထုတမမေးလိုက်သည်။ ကောင်းကင်ဘုံကို အာခံနိုင်လောက်သည့် လက်နက်မျိုး တကယ် ရှိလိမ့်မည်ဟု သူ မယုံကြည်နိုင်ပေ။
"ဒဏ္ဍာရီတွေအရ ဆိုရင်တော့ ရှိတယ်... ငါလည်း သေချာတော့ မသိဘူး... မမြင်ဖူးသေးဘူးလေ..."
ဖုန်းဝူချန် လက်ကာပြလိုက်သည်။
ရုတ်တရက် လူအုပ်ကြီး အော်ဟစ်လိုက်ကြပြီး ကျောက်တံတားပေါ်သို့ ပြေးသွားကြ၏။
"ဟေး... ဟိုမှာ ကြည့်... ပင်လယ်ပြင်ပေါ်မှာ တိုက်ခိုက်နေကြတယ်..."
"ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်တွေပဲ..."
"ဘာဖြစ်တာလဲ... ထျန်းဟိုင်မြို့တော်မှာ ဘယ်သူက ရမ်းကားရဲတာလဲ... မနက်ဖြန် ဆေးပညာ ပြိုင်ပွဲ စတော့မှာကို... ဆေးပညာရှင်တွေကို မကြောက်ကြဘူးလား..."
"ဘုန်း... ဘုန်း... ဘုန်း..."
"ဝေါ..ဝေါ..."
ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် စွမ်းအားများ ပင်လယ်ပြင်ပေါ်တွင် မွှေနှောက်နေပြီး လှိုင်းတံပိုးကြီးများ ထန်လာသည်။ ရေပန်းကြီးများ ကောင်းကင်သို့ ထိုးတက်သွား၏။
"ကောင်းကင်ဘုံလူသား ဆဋ္ဌမအလွှာ နဲ့ သတ္တမအလွှာ... စွမ်းအားကြီးလိုက်တာ... ၀င်္ကပါပင်လယ်နယ်မြေက ပါရမီရှင်တွေ ဖြစ်လောက်တယ်..."
လျိုချင်းယန်က တိုက်ခိုက်နေသူ နှစ်ယောက်ကို ကြည့်ပြီး သုံးသပ်လိုက်သည်။
"ပဉ္စမ အဆင့် အင်းကွက် ပညာရှင်..."
ဖုန်းဝူချန်၏ မျက်နှာပေါ်တွင် အံ့ဩရိပ်များ ပေါ်လာသည်။
"ပဉ္စမ အဆင့် အင်းကွက် ပညာရှင် ဟုတ်လား..."
လျိုချင်းယန် အံ့ဩသွား၏။
"ဒါကြောင့် ထျန်းဟိုင် မြို့တော်မှာ တိုက်ခိုက်ရဲတာကိုး... သူ့အဆင့်အတန်းနဲ့ ဆိုရင် ဆေးပညာရှင်တွေကို ကြောက်စရာ မလိုတော့ဘူး..."
"သတ္တမ အဆင့် ဆေးပညာရှင်တွေတောင် သူ့ကို အပြစ်မပြုရဲဘူး... ဒီလောက် ငယ်ငယ်လေးနဲ့ ဆိုတော့... အင်းကွက် ပါရမီရှင်ပဲ..."
ဖုန်းဝူချန် ပြောလိုက်သည်။
"ကျူးကော်လျန်ချန်... ကျူးကော် မိသားစုရဲ့ သခင်လေး..."
"သွမ့်မိုမင် ... သန့်ရှင်းသော တိမ်တိုက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေး..."
"သူတို့နှစ်ယောက်က ၀င်္ကပါ ပင်လယ်နယ်မြေရဲ့ အစွမ်းအထက်ဆုံး ပါရမီရှင်တွေပဲ... ဘာလို့ သခင်လေး နှစ်ယောက် တိုက်ခိုက်နေကြတာလဲ..."
လူအများက သူတို့ကို မှတ်မိသွားကြ၏။
တစ်ယောက်က ကျူးကော် မိသားစု သခင်လေး၊ ပဉ္စမ အဆင့် အင်းကွက် ပညာရှင်၊ ကောင်းကင်ဘုံလူသား ဆဋ္ဌမအလွှာ။
နောက်တစ်ယောက်က သန့်ရှင်းသော တိမ်တိုက်ဂိုဏ်း သခင်လေး၊ ကောင်းကင်ဘုံလူသား သတ္တမအလွှာ။
နှစ်ယောက်လုံးက ထိပ်တန်း ပါရမီရှင်တွေ။ ကျင့်ကြံဆင့် တစ်ဆင့် ကွာခြားသော်ငြား ၊ ကျူးကော်လျန်ချန်က အင်းကွက် ပညာရှင် ဖြစ်သည့်အတွက်ကြောင့် သွမ့်မိုမင်ကို ယှဉ်နိုင်နေ၏။
"သွမ့်မိုမင်... မင်း ရူးသွားပြီလား..."
ကျူးကော်လျန်ချန်က အေးစက်စွာ အော်ဟစ်လိုက်သည်။
"ငါ မရူးဘူး... လင်အာကို ပြန်ပေး..."
သွမ့်မိုမင် ရူးသွပ်မတတ် ဒေါသတကြီး အော်ဟစ်လိုက်သည်။ မျက်နှာ နီရဲနေပြီး သွေးကြောများ ထောင်ထနေ၏။
"ဟာသပဲ... လင်အာက ငါ့ကို သဘောကျတာ... မင်း ငါ့ကို နိုင်ရုံနဲ့ လင်အာက မင်းကို ပြန်ကြိုက်လာမယ် ထင်နေလား... ပြီးတော့ မင်း ငါ့ကို မနိုင်နိုင်ပါဘူး... ငါက ပဉ္စမ အဆင့် အင်းကွက် ပညာရှင် ဆိုတာ မမေ့နဲ့..."
ကျူးကော်လျန်ချန်က မထီမဲ့မြင် ပြောလိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း..."
သွမ့်မိုမင် ပို၍ ကြမ်းတမ်းစွာ တိုက်ခိုက်လိုက်သည်။
"တော်ကြပါတော့... သွမ့်မိုမင်... ကျွန်မ ရှင့်ကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူး... အစ်ကို တစ်ယောက်လိုပဲ သဘောထားခဲ့တာ...ကျွန်မ သဘောကျတာ အစ်ကိုကြီး ကျူးကော်ကိုပဲ..."
သူတို့ တိုက်ခိုက်နေစဉ်မှာပင် ပြတ်သားသော မိန်းကလေး အသံတစ်သံ ထွက်ပေါ်လာသည်။
"လင်အာ..."
သွမ့်မိုမင်၏ ခန္ဓာကိုယ် တုန်ယင်သွား၏။ မျက်ရည်များ ဝဲနေသော မျက်လုံးများဖြင့် အောက်ဘက်ရှိ ခမ်းနားသော အဆောက်အအုံ တစ်ခုကို ကြည့်ပြီး ဝမ်းနည်းစွာ ပြောလိုက်သည်။
"လင်အာ... ကိုယ် မင်းအတွက် အများကြီး ပေးဆပ်ခဲ့တာ... မင်း မမြင်ဘူးလား... မခံစားရဘူးလား..."
"မော့လင်အာ..."
ထိုအသံကို ကြားလိုက်ရသည့်အခါ ဖုန်းဝူချန်၏ မျက်နှာထား ရုတ်ချည်း ပြောင်းလဲသွား၏။
အသံက ရင်းနှီးလွန်းနေ၏။
"အစ်ကိုကြီးဖုန်း... ဟိုမှာ... တကယ်ပဲ မော့လင်အာဗျို့..."
လျိုချင်းယန်က လက်ညှိုးထိုးပြလိုက်သည်။
အဆောက်အအုံပေါ်တွင် ရပ်နေသော မိန်းကလေးသည်... မော့လင်အာ အမှန်ပင် ဖြစ်ပေသတည်း။
အခန်း (၅၂၄) - မော့လင်အာ
~"မော့လင်အာပဲ..."
မြောင်ချင်းချင်းလည်း အံ့ဩတကြီး အော်ဟစ်လိုက်သည်။ သူမကို တစ်ချက်ကြည့်ရုံနှင့် မှတ်မိလိုက်သည်။
"ကျိုကျိုး နဲ့ ထျန်းယွမ်နယ်မြေတွေမှာ သူပျောက်နေတာ အဲ့ဒါကြောင့်ကိုး... ၀င်္ကပါပင်လယ်နယ်မြေကို ရောက်လာတာပဲ..."
ဟု လင်ရှောင်ရှောင်က အံ့ဩတကြီး ပြောလိုက်သည်။
ဖုန်းဝူချန်လည်း အံ့ဩနေ၏။ ဒီလိုနေရာမျိုးမှာ မော့လင်အာနှင့် ဆုံရလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
"ဒီလို ကျေးဇူးကန်းပြီး ရက်စက်တဲ့ မိန်းမတစ်ယောက်က ၀င်္ကပါ ပင်လယ်နယ်မြေမှာ ဘာလို့ ဒီလောက် ရေပန်းစားနေရတာလဲ..."
လျိုချင်းယန် မကျေမနပ် ပြောလိုက်သည်။
"ဟွမ်ဖူမိသားစုက မိုမိသားစုကို ကူညီပေးခဲ့တာတောင်... ဟွမ်ဖူမိသားစု ဒုက္ခရောက်တဲ့အချိန်မှာ သူက နှုတ်ဆက်စကားတောင် မပြောဘဲ ထွက်သွားခဲ့တာ... ဟွမ်ဖူမိသားစု သေလား ရှင်လား ဆိုတာတောင် ဂရုမစိုက်ဘူး..."
မော့လင်အာ ရေပန်းစားရခြင်း အကြောင်းရင်းမှာ သူမ၏ အလှတရားကြောင့်ပင်။ ပါရမီ မထူးချွန်သော်လည်း၊ သူမ၏ အလှက တခြားမိန်းကလေးများထက် သာလွန်နေ၏။
အရေးကြီးဆုံးက သူမ၏ ပါးစပ်။
ချိုသာသော စကားလုံးများ၊ ကောက်ကျစ်သော အကြံအစည်များနှင့် လှပသော မျက်နှာလေး ပေါင်းစပ်လိုက်သောအခါ... ယောက်ျားလေးတိုင်းကို ဖမ်းစားနိုင်ခဲ့သည်။
မိုမိသားစုနှင့် ဟွမ်ဖူမိသားစု ပျက်စီးသွားပြီးနောက်၊ မော့လင်အာ တစ်ယောက်တည်း အင်ပါယာမှ ထွက်ခွာလာစဉ်က ခံစားခဲ့ရသော ဒေါသနှင့် မျှော်လင့်ချက်မဲ့မှုများကို မှန်းဆကြည့်နိုင်၏။
အနောက်ဘက်ဒေသသို့ ရောက်သောအခါ သူမ၏ အလှတရားကို အသုံးချပြီး သခင်လေးများနှင့် မိတ်ဖွဲ့ခဲ့သည်။ အဆင့်မြင့်သော နေရာသို့ တက်လှမ်းရန်နှင့် ဖုန်းဝူချန်ကို လက်စားချေရန် ရည်ရွယ်ချက်ဖြင့် ပါရမီရှင်များ၊ အင်အားကြီး ဂိုဏ်းများနှင့် ရင်းနှီးအောင် ကြိုးစားခဲ့သည်။
အနောက်ဘက်ဒေသ၊ ကြယ်တာရာနယ်မြေ၊ ဝူကျီနယ်မြေနှင့် ၀င်္ကပါပင်လယ်နယ်မြေ... လေးနေရာစလုံးကို သူမ ရောက်ရှိခဲ့ပြီး၊ အင်အားကြီး ဂိုဏ်းများမှ ပါရမီရှင် တပည့်များနှင့် သခင်လေးများ အားလုံး သူမကို သိကြ၏။
မော့လင်အာ၏ ရည်ရွယ်ချက်မှာ သူတို့နောက်ကွယ်မှ ကျင့်ကြံခြင်း အရင်းအမြစ်များကို အသုံးချရန်သာ ဖြစ်၏။ အဆင့်မြင့်ရန်အတွက် သူမ ဘာမဆို လုပ်ရဲသည်။
မော့လင်အာ၏ မောက်မာသော စိတ်ဓာတ်ကြောင့် ထိုပါရမီရှင်များကို တကယ် လေးစားခြင်း မရှိပေ။ အသိမိတ်ဆွေ အဆင့်လောက်သာ သဘောထားသည်။ သူတို့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ သူမကတော့ ဂရုမစိုက်ပေ။ သူမ လိုချင်တာက အရင်းအမြစ်များသာ။
အချိန်ကြာလာသည်နှင့်အမျှ မော့လင်အာ၏ ကျင့်ကြံဆင့် တိုးတက်လာသလို၊ သူမ ပေါင်းသင်းသော ပါရမီရှင်များ၏ အဆင့်အတန်းလည်း မြင့်မားလာသည်။ နောက်ဆုံးတွင် ကျူးကော် မိသားစု သခင်လေး ကျူးကော်လျန်ချန်နှင့် ရင်းနှီးခွင့် ရခဲ့သည်။
မူလက အင်မော်တယ် လက်နက် စံအိမ် သခင်လေးကို ပစ်မှတ်ထားခဲ့သော်လည်း တွေ့ခွင့်မရခဲ့ပေ။ ကျန်းမိသားစု သခင်လေး ကျန်းကျွင့်လန်နှင့်လည်း နီးစပ်ခွင့် မရခဲ့ပေ။
နောက်ဆုံးတွင် ကျူးကော်လျန်ချန်ကို ရွေးချယ်လိုက်သည်။ သွမ့်မိုမင်၏ နောက်ခံကလည်း မသေးသော်လည်း၊ ကျူးကော် မိသားစုလောက် မမြင့်မားသဖြင့် သူ့ကို မိတ်ဆွေ အဆင့်လောက်သာ သဘောထားခဲ့သည်။ မိတ်ဆွေ များလေ အင်အားတိုးလေဟု တွေးထားပုံ ရသည်။
၀င်္ကပါပင်လယ်နယ်မြေတွင် ကျူးကော် မိသားစုသည် အရှင်သခင် ဖြစ်၏။
ထို့ကြောင့် မော့လင်အာ၏ အဆင့်အတန်းသည် မိုးခေါ်၊ လေခေါ် လုပ်နိုင်လောက်အောင် မြင့်မားလာသည်။
မည်သူမျှ သူမကို အပြစ်မပြုရဲကြပေ။
ပါရမီရှင်များ အားလုံး ကျူးကော်လျန်ချန်နှင့် သွမ့်မိုမင်ကို လေးစားကြသဖြင့် မော့လင်အာကိုလည်း အလေးထားကြ၏။
မော့လင်အာသည် သူမ ဘာလိုချင်လဲ ဆိုတာ ကောင်းကောင်း သိသည်။ အပေါ်ယံ ဆန်သော်လည်း၊ ဒါသည် မော့လင်အာ အစစ်အမှန်ပင်။
သာမန်လူတစ်ယောက် အနေဖြင့် ဒီအဆင့်ထိ ရောက်လာအောင် ကြိုးစားခဲ့ခြင်းက အသိအမှတ်ပြုစရာပင်။
ဖုန်းဝူချန် ကိုယ်တိုင်လည်း သူမ၏ အရည်အချင်းကို လေးစားမိသော်လည်း၊ သူမ၏ နည်းလမ်းများကိုတော့ သဘောမကျပေ။
ယခု တစ်ခါ ဆေးပညာ ပြိုင်ပွဲတွင် ကျူးကော်လျန်ချန်က မော့လင်အာကို ခေါ်လာခဲ့ရာမှ သွမ့်မိုမင်နှင့် ထိပ်တိုက်တိုးပြီး ပြဿနာ တက်ကုန်ကြခြင်း ဖြစ်၏။
"သူ ဘာမှ မပြောင်းလဲသေးပါလား... ဒါပေမဲ့ ကျင့်ကြံဆင့်ကတော့ တော်တော် တက်လာတယ်... ထျန်းယွမ်ဘုံ နဝမအလွှာ အထွတ်အထိပ် ရောက်နေပြီ..."
ဖုန်းဝူချန် ခေါင်းခါလိုက်သည်။
သွမ့်မိုမင်၏ စကားများက ဖုန်းဝူချန်၏ အတိတ်က အဖြစ်အပျက်များကို ပြန်သတိရစေ၏။
"သူ့အကြောင်း နားမလည်တဲ့ သူတွေကတော့ ဒုက္ခတွေ့ကြမှာ သေချာတယ်... အစ်ကိုဖုန်း... သွားကြစို့... ကျွန်မတို့ ဝင်မပါတာ ကောင်းမယ်ရှင့်..."
မြောင်ချင်းချင်းက အကြံပြုလိုက်သည်။
လျိုချင်းယန်က နှုတ်ခမ်းမဲ့ရင်း၊
"ဘာလို့ လောနေတာလဲ... ပါရမီရှင် နှစ်ယောက် ချတာ ကြည့်ကောင်းသားပဲ..."
"ကြည့်ချင်ရင် ရှင့်ဘာသာ ကြည့်နေခဲ့... လာ၊ အစ်ကိုဖုန်း... သွားကြစို့..."
မြောင်ချင်းချင်းက လျိုချင်းယန်ကို မျက်စောင်းထိုးလိုက်သည်။
"သွားကြမယ်... ကြည့်စရာ ဘာမှ မရှိပါဘူး..."
ဖုန်းဝူချန်လည်း အေးဆေးစွာ ပြောလိုက်ပြီး လင်ရှောင်ရှောင်၏ လက်ကလေးကို ဆွဲကာ ကျောက်တံတားပေါ်မှ ဆင်းသွားလိုက်သည်။
လျိုချင်းယန်လည်း မတတ်သာဘဲ လိုက်သွားရ၏။
"အစ်ကိုကြီးသွမ့်... ရှင် ကျွန်မအပေါ် ကောင်းခဲ့တာတွေ၊ ကြိုးစားပေးခဲ့တာတွေ အကုန်သိပါတယ်... ကျွန်မလည်း ခံစားလို့ ရပါတယ်... ဒါပေမဲ့ အချစ်ဆိုတာ အတင်းအကျပ် လုပ်ယူလို့ မရဘူးလေ... ကျွန်မ ရှင့်ကို အစ်ကို တစ်ယောက်လိုပဲ သဘောထားခဲ့တာပါ..."
မော့လင်အာ မျက်ရည်များ စီးကျလျက် ရှင်းပြနေ၏။
"အစ်ကို တစ်ယောက်..."
သွမ့်မိုမင်၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေ၏။
လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး နာကျည်းစွာ တွေးလိုက်မိသည်။
"အစ်ကို တစ်ယောက်တဲ့လား... ဘာလို့လဲ... ငါက ကျူးကော်လျန်ချန်ထက် ဘာညံ့လို့လဲ... သူက အင်းကွက် ပညာရှင် ဖြစ်နေလို့လား..."
"သွမ့်မိုမင်... မင်း ကြားတယ်မလား... လင်အာက ငါ့ကိုပဲ သဘောကျတာတဲ့နော်..."
ကျူးကော်လျန်ချန် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ငါက အထင်ကြီးလွန်းခဲ့တာပါ..."
သွမ့်မိုမင် မျက်လုံးများကို မှိတ်လိုက်ပြီး ကောင်းကင်သို့ ပျံတက်ကာ ထွက်ခွာသွားလေသည်။
"အစ်ကိုကြီးသွမ့်..."
မော့လင်အာ စိုးရိမ်တကြီး အော်ခေါ်လိုက်သည်။ သွမ့်မိုမင်ကို နာကျင်စေခဲ့မှန်း သိသော်လည်း ရွေးချယ်စရာ မရှိပေ။ သူမ လိုချင်တာကို သွမ့်မိုမင်က ပေးနိုင်မှာ မဟုတ်ပါလေ။
‘ဟွန်း... သွမ့်မိုမင်... မင်းက လင်အာကို ငါနဲ့အပြိုင် လုချင်နေတာလား... မင်း ငါ့ခြေဖျားတောင် မမီပါဘူး…’
ကျူးကော်လျန်ချန် စိတ်ထဲတွင် ကျေနပ်အားရနေ၏။
သွမ့်မိုမင် ထွက်ခွာသွားသည်ကို ကြည့်ရင်း မော့လင်အာသည် ကျောက်တံတားပေါ်မှ ဆင်းလာသော လူတစ်ယောက်ကို မတော်တဆ တွေ့လိုက်ရသည်။
ရင်းနှီးနေသလို ခံစားလိုက်ရသည်။
"သူလား..."
မော့လင်အာ ကြောင်သွား၏။
သေချာ မမြင်လိုက်ရပေ။ လူအုပ်ကြားထဲ ပျောက်ကွယ်သွားပြီ ဖြစ်၏။
တကယ်တော့ ဒါက ဖုန်းဝူချန်၏ ကျောပြင် ဖြစ်၏။ ရင်းနှီးနေသော်လည်း သူမ မသေချာပေ။
'မဖြစ်နိုင်ပါဘူး... အင်ပါယာ အသေးလေးက စစ်သူကြီးချုပ် တစ်ယောက်က ဝူကျိ နယ်မြေကို ရောက်လာစရာ အကြောင်းမရှိဘူး…’
မော့လင်အာ ခေါင်းခါလိုက်သည်။
မော့လင်အာသည် ယခင်ကရော၊ ယခုရော ဖုန်းဝူချန်ကို အထင်သေးမြဲ အထင်သေးနေဆဲပင်။
‘ဖုန်းဝူချန်... စောင့်နေလိုက်... မကြာခင် နင် လက်လှမ်းမမီနိုင်တဲ့ အဆင့်ကို ငါ ရောက်ပြမယ်... စစ်သူကြီးချုပ် ဆိုတာ ငါ့ရှေ့မှာ ဘာမှ မဟုတ်ဘူး ဆိုတာ ပြလိုက်မယ်…’
မော့လင်အာ စိတ်ထဲတွင် ကြိမ်းဝါးလိုက်သည်။ ဖုန်းဝူချန်အပေါ် ထားရှိသော အမုန်းတရားများက လျော့မသွားသည့်အပြင် ပိုတိုးလာလေသည်။
‘လင်ရှောင်ရှောင်... နင်ရောပဲ... အဆင့်အတန်း အစစ်အမှန် ဆိုတာ ဘာလဲ ငါပြမယ်…’
လင်ရှောင်ရှောင်၏ စော်ကားမှုများကို ပြန်တွေးမိပြီး မော့လင်အာ ဒေါသထွက်နေ၏။
"လင်အာ... ဘာဖြစ်လို့လဲဟင်..."
မော့လင်အာ၏ ခံစားချက်ကို သတိထားမိသော ကျူးကော်လျန်ချန်က စိုးရိမ်တကြီး မေးလိုက်သည်။
မော့လင်အာ သတိပြန်ဝင်လာပြီး ခေါင်းခါလိုက်သည်။
"ဘာမှ မဖြစ်ပါဘူး... အစ်ကိုကြီးသွမ့် အတွက် စိတ်မကောင်း ဖြစ်မိလို့ပါရှင်..."
ထိုအခါ၊ ကျူးကော်လျန်ချန်က အစောင့်များကို လက်ပြပြီး ပြန်လွှတ်လိုက်သည်။ ထို့နောက် နူးညံ့စွာ ပြောလိုက်သည်။
"စိတ်မပူပါနဲ့... သွမ့်မိုမင် နားလည်သွားမှာပါ... အချိန်နည်းနည်း ပေးလိုက်ပါ…”
အခန်း (၅၂၅) - တိမ်တိုက်များအလား ထူထပ်သော ပညာရှင်များ
~နတ်သမီး ပင်လယ် မျှော်စင်...
ထျန်းဟိုင်မြို့တော်၏ အကျော်ကြားဆုံး စားသောက်ဆိုင်ကြီး။ ခမ်းနားထည်ဝါသော အဆောက်အအုံနှင့် ဇိမ်ခံ အပြင်အဆင်များကြောင့် နာမည်ကြီးသည်။
ဒီနေရာကို ဝင်ထွက်သွားလာသူများမှာ ချမ်းသာသူ၊ သို့မဟုတ် အာဏာရှိသူများသာ ဖြစ်၏။ အင်အားကြီး ဂိုဏ်းများမှ ခေါင်းဆောင်များနှင့် ပညာရှင်များ စုဝေးရာ နေရာလည်း ဖြစ်၏။
အဆင့်အတန်း တစ်ခု မရှိဘဲနှင့် နတ်သမီး ပင်လယ် မျှော်စင်ထဲသို့ ခြေချခွင့် မရှိပေ။
ကုန်ကျစရိတ်ကလည်း အလွန် ကြီးမားလှသဖြင့် သာမန်လူများ အနေဖြင့် အဝင်ဝမှသာ ငေးကြည့်နိုင်ကြ၏။
"ဆေးဧကရာဇ်... နတ်သမီး ပင်လယ် မျှော်စင်က ထျန်းဟိုင်မြို့တော်မှာ အကျော်ကြားဆုံးပဲ... ကျွန်တော် နေရာကြိုတင်မှာထားပြီးပါပြီ... ဆေးပညာ ပြိုင်ပွဲက ပင်လယ်ပြင်ပေါ်မှာ ကျင်းပမှာပါ..."
ဟန်ခွန်းက ဖုန်းဝူချန်နှင့် အဖွဲ့သားများကို ရိုသေစွာ လမ်းပြခေါ်ဆောင်လာသည်။
"ငါ့ရဲ့ အထောက်အထားကို မထုတ်ဖော်နဲ့... ငါ့ကို သိတဲ့လူတွေ တွေ့ရင်လည်း နှုတ်ပိတ်ခိုင်းထားလိုက်... မင်းလုပ်စရာရှိတာ သွားလုပ်ပါ... သင်္ဘောပေါ်တက်ခါနီးမှ ငါ့ကို လာပြော..."
ဖုန်းဝူချန်က အေးဆေးစွာ မှာကြားလိုက်သည်။
နတ်သမီး ပင်လယ် မျှော်စင်ထဲတွင် ကျန်းမိသားစု ခေါင်းဆောင်၊ အကြီးအကဲများနှင့် သခင်လေးများလည်း ရှိနေကြ၏။ ကောမိသားစုမှ အကြီးအကဲများလည်း ပါဝင်သည်။
ထို့အပြင် ရှန်ဝူဂိုဏ်း အကြီးအကဲများ၊ ကြယ်တာရာနယ်မြေ လေလံရုံမှ နီဖုန်းယွင်၊ ကျန်းမိသားစု ပထမအကြီးအကဲ ကျန်းဝူဖုန်းနှင့် ကောင်းကင်တာအိုဂိုဏ်းမှ ဆေးပညာရှင်များလည်း ရောက်ရှိနေကြ၏။ သူတို့အားလုံး ဖုန်းဝူချန်ကို သိကြ၏။
"ဟုတ်ကဲ့..."
ဟန်ခွန်း ရိုသေစွာ ခေါင်းညိတ်လိုက်သည်။
စားသောက်ဆိုင်ထဲတွင် ပညာရှင်များဖြင့် ပြည့်နှက်နေ၏။ ဆေးပညာရှင်များ၊ လက်နက်ပညာရှင်များ၊ သွန်းလုပ်ရေး ပညာရှင်များနှင့် အင်းကွက် ပညာရှင်များ အားလုံး စုဝေးနေကြ၏။
ဆေးပညာ ပြိုင်ပွဲ ဖြစ်သော်လည်း အခြား ပညာရှင်များပါ စိတ်ဝင်စားစွာ လာရောက်ကြခြင်း ဖြစ်ပေသည်။
"အစ်ကိုဖုန်း... ဒီဆေးပညာ ပြိုင်ပွဲမှာ ပညာရှင်တွေက ဘာလို့ ဒီလောက် များနေရတာလဲဗျ... တချို့လူတွေဆို ကျန်းမိသားစု ခေါင်းဆောင်ထက်တောင် စွမ်းအားကြီးနေသလိုပဲ... သူတို့ရဲ့ အင်အားစုက ကျန်းမိသားစုထက် ကြီးလို့လား..."
လျိုချင်းယန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
ဒါက ထူးဆန်းနေ၏။
"ကျန်းမိသားစု ခေါင်းဆောင်တို့က သူတို့ရဲ့ ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားတာလေ...ရှင် မြင်ရတာက အပေါ်ယံပဲ ရှိသေးတယ်..."ဟု လင်ရှောင်ရှောင်က တိုးတိုးလေး ရှင်းပြလိုက်သည်။
"ကျန်းထျန်းရွှမ်ကို မှတ်မိလား... သူက ငါတို့ကို ကူညီတုန်းက ထျန်းယွမ်ဘုံ အဆင့်လောက်ပဲ ထုတ်ပြခဲ့တာ... တကယ်တမ်းကျတော့ သူက ထျန်းကျီဘုံ တတိယ အလွှာ ရောက်နေတာ ကြာပြီ... ကျန်းမိသားစု ခေါင်းဆောင် ဆိုရင် ထျန်းကျီဘုံ သတ္တမ အလွှာ... အကြီးအကဲဟောင်းကြီး ဆိုရင် နဝမအလွှာတောင် ရှိတယ်..."
ဖုန်းဝူချန်က ထပ်မံ ရှင်းပြလိုက်၏။
"ရှီး..."
ထိုစကားကို ကြားသောအခါ လျိုချင်းယန် မျက်နှာ ဖြူဖျော့သွားပြီး လေစုပ်သံ ထွက်သွား၏။
"ကြောက်စရာကြီး..."
လျိုချင်းယန် အသံများ တုန်ရီနေ၏။
နတ်သမီး ပင်လယ် မျှော်စင်သည် ( ၇ )ထပ် ရှိပါ၏။ အထပ် မြင့်လေ၊ အဆင့်အတန်း မြင့်လေ ဖြစ် ၏။
သတ္တမထပ်သည် အဆင့်မြင့် ဆေးပညာရှင်များနှင့် ထိပ်တန်း ပုဂ္ဂိုလ်များအတွက် သီးသန့် ဖြစ်၏။ ဆဋ္ဌမထပ်နှင့် ပဉ္စမထပ်လည်း ထိုနည်းတူပင်။ ဖုန်းဝူချန်တို့ အဖွဲ့သည် ပဉ္စမထပ်တွင် နေရာရထားသည်။
နီဖုန်းယွင်နှင့် အခြား ပဉ္စမ အဆင့် ဆေးပညာရှင်များ၊ ကျန်းမိသားစု၊ ကောင်းကင်တာအိုဂိုဏ်းနှင့် ရှန်ဝူဂိုဏ်းမှ အကြီးအကဲများသည်လည်း ပဉ္စမထပ်တွင် ရှိနေကြ၏။ သူတို့၏ အဆင့်အတန်းသည် ပဉ္စမထပ်အထိသာ တက်ရောက်ခွင့် ရှိကြောင်း ပြသနေ၏။
ဖုန်းဝူချန်ကို သိသော သူများသည် သူ ရောက်လာသည်ကို မြင်သောအခါ ခေါင်းညိတ် နှုတ်ဆက်လာကြသည်။
ကြည့်ရသည်မှာ၊ ဟန်ခွန်းက ကြိုတင် သတိပေးထားပုံ ရသည်။
ဟန်ခွန်း ကိုယ်တိုင်ကတော့ သတ္တမထပ်တွင် ရှိနေ၏။ သတ္တမ အဆင့်သို့ ရောက်ရှိရန် အလားအလာ အရှိဆုံး ဆဌမ အဆင့် ဆေးပညာရှင် ဖြစ်သည့်အားလျော်စွာ သူ့အဆင့်အတန်းက မြင့်မားလှပါသည်။
သို့သော်... ပဉ္စမထပ်ရှိ အခြား စတုတ္ထအဆင့်၊ ပဉ္စမ အဆင့် ဆေးပညာရှင်များနှင့် ပညာရှင်များသည် ဖုန်းဝူချန်တို့ လူငယ်အဖွဲ့ ရောက်လာသည်ကို မြင်သောအခါ နားမလည်နိုင် ဖြစ်နေကြ၏။
"ဒီလူငယ်လေးတွေက မျက်နှာစိမ်းတွေပဲ... သူတို့က ဘယ်သူတွေလဲ... ဆေးပညာရှင်တွေလား..."
"မသေချာဘူး... သူတို့ဆီက ဝိညာဉ်စွမ်းအား အငွေ့အသက် မရဘူး... ဘယ်ဂိုဏ်းက တပည့်တွေလဲ မသိဘူး..."
"ဘယ်ဂိုဏ်းကပဲ ဖြစ်ဖြစ်... ဆေးပညာရှင် မဟုတ်ရင် စတုတ္ထအထပ် အောက်မှာပဲ နေသင့်တာ... ပဉ္စမထပ်က ဆေးပညာရှင်တွေပဲ တက်ခွင့်ရှိတာ..."
ဆေးပညာရှင်များနှင့် ပညာရှင်များက ဖုန်းဝူချန်တို့ကို မကျေမနပ် ကြည့်နေကြ၏။ သူတို့၏ အကြည့်များတွင် အထင်သေးမှုများ ပါဝင်နေ၏။
"ဆရာ... သူတို့ကို ပညာပေးလိုက်ရမလား..."
သူတို့ ပြောဆိုနေသည်များကို ကြားရသဖြင့် နီဖုန်းယွင် မခံမရပ်နိုင် ဖြစ်ကာ အသံလှိုင်းဖြင့် ပို့လွှတ်၍ မေးလိုက်သည်။
ဖုန်းဝူချန် ခေါင်းခါလိုက်ပြီး ပြန်ဖြေလိုက်သည်။
"မလိုပါဘူး... ဂရုမစိုက်ပါနဲ့..."
သူက ဘာမှ မကြားသလိုပင် နေလိုက်သည်။
"ငါတို့ကို အထင်သေးနေကြတာပဲ..."
လျိုချင်းယန်လည်း မကျေမနပ် ရေရွတ်လိုက်သည်။
"အစ်ကိုဖုန်း..ဟိုးမှာ... မော့လင်အာ..."
မြောင်ချင်းချင်း ရုတ်တရက် လှမ်းပြောလိုက်ပြီး လှေကားဘက်သို့ ညွှန်ပြလိုက်သည်။
ဖုန်းဝူချန် လှမ်းကြည့်လိုက်ရာ မော့လင်အာနှင့် ကျူးကော်လျန်ချန်တို့ ဆဋ္ဌမထပ်သို့ တက်သွားသည်ကို တွေ့လိုက်ရသည်။
ပဉ္စမထပ်ရှိ ဆေးပညာရှင်များနှင့် ပညာရှင်များ အားကျစွာ ကြည့်နေကြ၏။
ဆဋ္ဌမထပ်သို့ တက်ရောက်ခွင့် ရသူများသည် ထိပ်တန်း ပုဂ္ဂိုလ်များသာ ဖြစ်၏။ မည်သူမျှ ပေါ့ပေါ့တန်တန် သဘောထား၍ မရပေ။
မော့လင်အာနှင့် ကျူးကော်လျန်ချန်တို့ ဆဋ္ဌမထပ်သို့ တက်သွားနိုင်ခြင်းက သူတို့၏ အရည်အချင်းကို ပြသနေ၏။ ကျူးကော် မိသားစုသည် ၀င်္ကပါပင်လယ်နယ်မြေ၏ အရှင်သခင် ဖြစ်ရာ သူတို့ တက်ရောက်ခွင့် ရသည်မှာ မဆန်းပေ။
"ကျူးကော် မိသားစု ဆိုတော့လည်း မပြောလိုတော့ပါဘူး... ဆဋ္ဌမထပ်က ဆဌမ အဆင့် ဆေးပညာရှင် အဆင့်အတန်း မရှိရင် တက်လို့မရဘူး... ကျူးကော် မိသားစုနဲ့ သန့်ရှင်းသော နေမင်းဂိုဏ်းလောက်ပဲ တက်ခွင့်ရှိမှာ..."
"ဟန်ခွန်း ပြောတာတော့... ဒီတစ်ခါ ပြိုင်ပွဲမှာ လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်တဲ့ ဆေးပညာရှင် တစ်ယောက် ပါဝင်မယ်တဲ့... ဘယ်သူလဲတော့ မသိရဘူး..."
"အင်း... ငါလည်း ကြားတယ်... အဲ့ဒီ ဆေးပညာရှင်က ဆေးပညာ နယ်ပယ်မှာ 'ထျန်းရှန်ဇီ' ထက်တောင် ပိုတော်တယ်လို့ ပြောကြတယ်..."
"ဟုတ်တယ်... အဲ့ဒါကြောင့် ပညာရှင်တွေ အများကြီး ရောက်လာကြတာ... သွန်းလုပ်ရေး ပညာရှင်တွေ၊ အင်းကွက် ပညာရှင်တွေ၊ လက်နက်ပညာရှင်တွေ အကုန် စုဝေးနေကြတာ... အဲ့ဒီ လျှို့ဝှက် ဆေးပညာရှင်ကို မြင်ဖူးချင်ကြလို့လေ..."
ပဉ္စမထပ်ရှိ လူများ ဆွေးနွေးနေကြ၏။
သို့သော်... သူတို့ မသိသည်က သူတို့ ပြောနေသော လျှို့ဝှက် ဆေးပညာရှင်ကြီးသည် သူတို့ အထင်သေးနေသော ဖုန်းဝူချန် ဖြစ်နေခြင်းပင်။
"စားကြစို့... အစားအသောက်တွေ အလကား မဖြစ်စေနဲ့..."
ဖုန်းဝူချန်က ဟန်မပျက်ဘဲ အေးဆေးစွာ နှိုးဆော်လိုက်သည်။
မော့လင်အာ ကိစ္စသည် သူနှင့် မဆိုင်တော့ပေ။
သူတို့က လူစိမ်းတွေ ဖြစ်သွားကြလေပြီ။ ပြီးတော့ သူ့မှာ လင်ရှောင်ရှောင် ရှိနေပြီ မဟုတ်ပါလော။
"မြန်မြန်စားကြမယ်... ခဏနေ သင်္ဘောပေါ် တက်ရတော့မှာဗျ..."
လျိုချင်းယန်က ပြုံးပြီး တုံ့ပြန်လိုက်သည်။
ထျန်းဟိုင်မြို့တော်၏ အကျော်ကြားဆုံး စားသောက်ဆိုင် ဖြစ်သည့်အားလျော်စွာ အစားအစာများက ထူးကဲကောင်းမွန်လှသည်။
သာမန်လူများ တစ်သက်လုံး မမြည်းစမ်းဖူးနိုင်သော အရသာမျိုးပင်။
ဆဋ္ဌမထပ်သို့ တက်သွားသူများ ပျောက်ကွယ်သွားသည်နှင့် ပဉ္စမထပ်ရှိ ဆေးပညာရှင်များ၏ အကြည့်များသည် ဖုန်းဝူချန်တို့ဆီသို့ ပြန်လည် ရောက်ရှိလာကြ၏။ အထင်သေးမှုများ ပြည့်နှက်နေ၏။
"ဟွန်း... လူကြီးသူမကို မလေးစားတတ်တဲ့ ကောင်တွေ... လူကြီးတွေတောင် မစားရသေးဘူး... မင်းတို့က စားနေကြပြီ... ယဉ်ကျေးမှု မရှိလိုက်တာ..."
စတုတ္ထအဆင့် ဆေးပညာရှင် တစ်ယောက်က ငေါက်ငမ်းလိုက်သည်။
"ဟေ့ကောင်... မင်းက ဆေးပညာရှင် မဟုတ်ဘူး... ပဉ္စမထပ်မှာ နေခွင့်မရှိဘူး... ဆင်းသွားစမ်း..."
ဟု နောက်တစ်ယောက်ကလည်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဆေးပညာရှင်တွေနဲ့ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေပဲ ပဉ္စမထပ်ကို လာခွင့်ရှိတာ... မင်းတို့က ဆေးပညာရှင်လည်း မဟုတ်ဘူး... ဘယ်သူဘယ်ဝါမှန်းလည်း မသိရဘူး... ငါ့အထင်တော့ ဒီကို လာပြီး အလကား လာစားသောက်နေကြတာပဲ..."
ပညာရှင် တစ်ယောက်က အေးစက်စွာ ကဲ့ရဲ့ လိုက်သည်။ ဖုန်းဝူချန်တို့နှင့် အတူရှိနေရခြင်းကို သူက ရှက်စရာဟု ထင်မှတ်နေပုံ ရသည်။
သူတို့၏ လှောင်ပြောင်စကားများကို ကြားရသောအခါ လျိုချင်းယန် ဒေါသထွက်လာသည်။
"ခင်ဗျားတို့ ပါးစပ်တွေ ပိတ်ထားလိုက်..."
လျိုချင်းယန် ရုတ်တရက် ထအော်လိုက်ပြီး ပန်းကန်ပြား တစ်ချပ်ကို ကောက်ကိုင်ကာ ပစ်ပေါက်လိုက်သည်။
"ဟွန်း..."
စတုတ္ထအဆင့် ဆေးပညာရှင်က နှာခေါင်းရှုံ့လိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ပန်းကန်ပြားကို အမှုန့်ကြိတ်ပစ်လိုက်သည်။
"မောက်မာလိုက်တာ... လူကြီးကို ပြန်ပြောရဲတယ်ပေါ့... ရိုင်းစိုင်းလိုက်တဲ့ ကောင်..."
ပဉ္စမ အဆင့် ဆေးပညာရှင် တစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ခင်ဗျား ပါးစပ် ပိတ်ထားပါ..."
လျိုချင်းယန်က ပဉ္စမ အဆင့် ဆေးပညာရှင်ကို လက်ညှိုးထိုးပြီး ပြန်အော်လိုက်သည်။
"ခင်ဗျားက ဘယ်သူကြီးမို့လို့လဲ... စတုတ္ထအဆင့် ဆေးပညာရှင် ဖြစ်တာနဲ့ပဲ အထင်ကြီးစရာလား... ပဉ္စမ အဆင့် ဖြစ်တာနဲ့ပဲ ဆရာလုပ်လို့ ရပြီလား... အသက်ကြီးတာ တစ်ခုတည်းနဲ့ ကျုပ်တို့ကို လာပြီး ဆရာလုပ်မနေနဲ့... ကျုပ် အမုန်းဆုံးက ခင်ဗျားတို့လို အရည်အချင်း မရှိဘဲ ပါးစပ်သရမ်းတဲ့ အဘိုးကြီးတွေပဲဗျ…”