သတ်ဖြတ်ခြင်း
Vol. 65 Ch. 935
“သတ်ဖြတ်ခြင်းဝိညာဉ်နတ်စစ်သူကြီးတောင် မင်းလက်ထဲမှာ အသတ်ခံလိုက်ရလိမ့်မယ်လို့ မထင်ထားဘူး။ မင်းရဲ့ စွမ်းအားက တကယ်ကို သာမန်မဟုတ်ဘူးပဲ။ မင်း ဒီထဲကို ဘယ်လိုဝင်လာသလဲဆိုတာ ငါမသိပေမဲ့ မင်းရဲ့ အသက်ကတော့ ငါ့လက်ထဲမှာပဲ အဆုံးသတ်ရလိမ့်မယ်...”
သတ်ဖြတ်ခြင်းလမင်းနတ်စစ်သူကြီးသည် နီရဲနေသော သူ၏ မျက်လုံးများဖြင့် ယီထျန်းယွမ်ကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ လက်ထဲမှ လေးရှည်ကို အစွမ်းကုန် ဆွဲဆန့်လိုက်ရာ သွေးမြားသုံးစင်း ပေါ်ထွက်လာသည်။ ဤအရာများမှာ အနှစ်သာရ သွေးများဖြင့် စုစည်းထားသော သွေးမြားများဖြစ်ပြီး စွမ်းအားမှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှသည်။
“ငါ့ကို သတ်မယ် ဟုတ်လား...”
ယီထျန်းယွမ်က ပြုံးလျက် ပြောလိုက်သည်။
“ဒါဆိုရင် မင်းက ငါ့ရဲ့ ခန္ဓာကိုယ်ကို ဝိညာဉ်ကူးပြောင်းဖို့ စိတ်မဝင်စားတော့ဘူးပေါ့...”
“မင်းရဲ့ ခန္ဓာကိုယ်က တကယ်ကို ပြည့်စုံလွန်းတယ်။ တကယ်ကို မဆိုးဘူးပဲ။ ဒါပေမဲ့ ဝိညာဉ်ကူးပြောင်းလို့ မရနိုင်တဲ့ ခန္ဓာကိုယ်မျိုးဆိုရင်တော့ သတ်ပစ်လိုက်တာကမှ ပိုကောင်းဦးမယ်...”
သတ်ဖြတ်ခြင်းလမင်းနတ်စစ်သူကြီး၏ အကြည့်များမှာ အေးစက်လှသည်။ သူ၏ ရုပ်ခန္ဓာကို မမြင်ရသော်လည်း သူ၏ ကိုယ်ပေါ်မှ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော နီရဲသည့် အလင်းတန်းများက သူ၏ ရင်ထဲမှ သတ်ဖြတ်လိုစိတ်နှင့် မျက်ဝန်းထဲမှ အေးစက်မှုများကို သက်သေပြနေသည်။
ဝိညာဉ်ကူးပြောင်း၍ မရနိုင်သော အခြေအနေတွင် လွှတ်ပေးလိုက်သည်ထက် သတ်ဖြတ်ပစ်လိုက်ရန်သာ သူ ရွေးချယ်နိုင်သည်။ အကယ်၍ ယီထျန်းယွမ်သာ ထွက်ပြေးသွားပြီး ဤကိစ္စ ပေါက်ကြားသွားပါက နောက်ပိုင်းတွင် မည်သူက ဤနေရာသို့ ဆက်လက် ဝင်ရောက်ဝံ့ပါမည်နည်း။
လူများ ဝင်မလာတော့ပါက ၎င်းတို့ ဝိညာဉ်ကူးပြောင်းရန် ခန္ဓာကိုယ် ရတော့မည် မဟုတ်ချေ။ ကျင့်ကြံသူများကို ဤနေရာ၌ အမြောက်အများ သတ်ဖြတ်ခိုင်းပြီး သတ်ဖြတ်လိုစိတ်များကို စုပ်ယူခိုင်းနေခြင်းမှာ အမှန်တကယ်တော့ ၎င်းတို့၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ပြောင်းလဲစေရန် ဖြစ်ပြီး ၎င်းတို့၏ ဝိညာဉ်ကူးပြောင်းမှု စံနှုန်းနှင့် ကိုက်ညီစေရန် လုပ်ဆောင်နေခြင်းသာ ဖြစ်သည်။
အရာအားလုံးမှာ အကွက်ချစီစဉ်ထားသော ထောင်ချောက်တစ်ခုသာ ဖြစ်သည်။ ကျင့်ကြံမှုကို အထောက်အကူပြုသည်ဆိုခြင်းမှာလည်း ရလဒ်များ ရှိသည်မှာ အမှန်ပင်ဖြစ်သလို တကယ်လည်း မဆိုးလှချေ။ သို့သော် ထိုရလဒ်များ နောက်ကွယ်ရှိ အဆုံးသတ်မှာမူ သေလမ်းသာ ဖြစ်သည်။
“ဟုတ်လား... မင်းက ခုနက မင်းရဲ့ အဖော်ထက် ငါ့ကို ရင်ဆိုင်ဖို့ ဘယ်လောက်အထိ အနိုင်ရနိုင်ခြေ ရှိတယ်လို့ ထင်နေတာလဲ...”
ယီထျန်းယွမ်က မျက်လုံးကို မှေးကျဉ်းကာ သူ့ကို ကြည့်လိုက်သည်။
- သတ်ဖြတ်ခြင်းလမင်းနတ်စစ်သူကြီး - ကျင့်စဉ်အဆင့် ကောင်းကင်သခင် ပထမအဆင့်။ လေးနှင့် မြားကို အသုံးပြု၍ တိုက်ခိုက်ရာတွင် ကျွမ်းကျင်ပြီး စွမ်းအားမှာ ပြင်းထန်လှကာ ပေတစ်ထောင်အကွာမှ ရန်သူကို သတ်ဖြတ်နိုင်သည်။ အရာအားလုံးကို ထိုးဖောက်နိုင်သော ကြမ်းတမ်းလှသည့် စွမ်းအားများကို တစ်မှတ်တည်း၌ စုစည်းနိုင်သည်။ စုစုပေါင်း တိုက်ခိုက်နိုင်စွမ်းမှာ ကြယ်တာရာစွမ်းအား ၂ သိန်း ၅ သောင်း ဖြစ်သည်။ အားနည်းချက်မှာ အလွန်ပြင်းထန်လှသော ယန်မီးလျှံ ဖြစ်သည်။
ဤသူသည်လည်း ကောင်းကင်သခင် ပထမအဆင့်သာ ရှိသေးသည်။ ၎င်းတို့၏ ကျင့်စဉ်အဆင့်မှာ ထိုမျှ မမြင့်မားလှသဖြင့် ရင်ဆိုင်ရသည်မှာ သေချာပေါက် လွယ်ကူလှသည်။ သေချာပေါက်ပင် ဤသည်မှာ ဝိညာဉ်အခြေအနေ ဖြစ်နေသောကြောင့်သာ ဖြစ်ပြီး အကယ်၍ ရုပ်ခန္ဓာ ရှိနေမည်ဆိုပါက ဤကျင့်စဉ်အဆင့်ထက် များစွာ ပိုမို မြင့်မားနိုင်ပေသည်။
“ရှူးရှူးရှူး...”
သူ့ကို ပြန်လည် ဖြေကြားလိုက်သည်မှာ စကားလုံးများ မဟုတ်ဘဲ သွေးမြားသုံးစင်းပင် ဖြစ်သည်။ ယီထျန်းယွမ်ဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာတော့သည်။ ထိုသွေးမြားသုံးစင်းမှာ တစ်စတစ်စ သိပ်သည်းလှသော သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် ကြီးမားလှသော နီရဲသည့် စွမ်းအင်ပိုက်ကွန်ကြီးတစ်ခုအဖြစ် ယှက်နွယ်ကာ သူ့ကို ဖမ်းဆီးရန် ကြိုးစားလိုက်သည်။
သွေးမြားသုံးစင်းမှာ မျက်လုံးပါသည့်အလား အရပ်မျက်နှာ အသီးသီးသို့ ဖြန့်ကျက်သွားပြီး ဤပိုက်ကွန်ကြီးကို ပိုမို ကြီးမားလာစေသည်။ ဤမျှ ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ခြင်းမှာ တစ်ဖက်လူ၏ ပုံစံနှင့် အနည်းငယ် မကိုက်ညီသကဲ့သို့ ရှိနေသည်။
ယီထျန်းယွမ်က အသာအယာ ပြုံးလိုက်ပြီး ထျန်ချန်နတ်ဘုရားလှံကို နောက်သို့ လှည့်ကာ ထိုးစိုက်လိုက်သည်။
“ဒေါင်...”
မာကျောလှသော သွေးမြားတစ်စင်းမှာ နောက်ကျောဘက်မှနေ၍ လွင့်ထွက်သွားပြီး စွပ်ခနဲ အသံနှင့်အတူ မြေပြင်အတွင်းသို့ တိုက်ရိုက် စိုက်ဝင်သွားတော့သည်။
“မင်းတို့လို ကောက်ကျစ်တဲ့ လူယုတ်မာတွေက အလစ်အငိုက် တိုက်ခိုက်ရတာကို တကယ်ပဲ သဘောကျတာပဲ။ အပြင်ပန်းမှာ ရှေ့ကနေ တိုက်ခိုက်နေသလို ဟန်ပြပြီး လက်တွေ့မှာတော့ နောက်ကနေ ခိုးပြီး တိုက်ခိုက်ချင်နေတာကိုး...”
ယီထျန်းယွမ်၏ စိတ်အာရုံမှာ ဤနယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားပြီးသား ဖြစ်သည်။ သတ်ဖြတ်လိုစိတ်များ ရှိနေလျှင်ပင် ကောင်းကင်မျက်လုံးက အသေးစိတ် အချက်အလက် အားလုံးကို ဖော်ပြပေးနေမြဲပင်။
“စစ်ပွဲမှာ လှည့်စားမှုဆိုတာ ရှိစမြဲပဲ။ ဒါကို မင်းရဲ့ဆရာက မသင်ပေးဘူးလား...”
သတ်ဖြတ်ခြင်းလမင်းနတ်စစ်သူကြီး၏ မျက်ဝန်းအိမ် နက်ရှိုင်းသော နေရာတွင် အံ့ဩမှုများ ဖြတ်ပြေးသွားသည်။ ယီထျန်းယွမ်က မိမိ၏ အလစ်အငိုက် တိုက်ခိုက်မှုကို တားဆီးနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
ပတ်ဝန်းကျင် တစ်ခုလုံးတွင် သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းနေသဖြင့် ဤအခြေအနေမျိုးတွင် ထိုသွေးမြားကို ရိုက်ချနိုင်ခြင်းမှာ သူ့ကို အလွန် အံ့ဩသွားစေသည်။ ပတ်ဝန်းကျင်ရှိ သတ်ဖြတ်လိုစိတ်များကြောင့် စူးစမ်းရန် ခက်ခဲလိမ့်မည်ဟု သူ ယူဆထားခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း သူက အလစ်အငိုက် တိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သော်လည်း နောက်ဆုံးတွင် သိရှိခံလိုက်ရသဖြင့် သူ့အတွက် မယုံကြည်နိုင်စရာ ဖြစ်နေရတော့သည်။
သို့သော် သူ၏ အမူအရာပေါ်တွင်မူ မသိသာဘဲ တည်ငြိမ်နေဆဲပင်။
“တကယ်တော့ အဲဒီစကားကို ငါ တကယ် သဘောကျတယ်...”
စကားဆုံးသည်နှင့် ယီထျန်းယွမ်သည် ပြုံးလျက် နေရာတွင်တင် ပျောက်ကွယ်သွားတော့သည်။ သတ်ဖြတ်ခြင်းလမင်းနတ်စစ်သူကြီး၏ ရင်ထဲတွင် အေးစက်သွားပြီး ဘာဖြစ်မှန်း မသိလိုက်မီမှာပင် ယီထျန်းယွမ်က သူ၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
နောက်တစ်စက္ကန့်တွင် သူ၏ နောက်ကျောဘက်မှနေ၍ ထိတ်လန့်ဖွယ် စွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို သူ ခံစားလိုက်ရသည်။ သို့သော် အရာအားလုံး နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ထျန်ချန်နတ်ဘုရားလှံမှာ သူ၏ ဦးနှောက်ကို ထိုးဖောက်သွားခဲ့ပြီး သူ၏ ဝိညာဉ်ကို မြေပြင်ပေါ်သို့ အဆုံးသတ် ရိုက်နှက်လိုက်ပြီ ဖြစ်သည်။ သူ အော်ဟစ်ရန်ပင် အချိန်မရလိုက်မီမှာပင် ကြမ်းတမ်းလှသော စွမ်းအားများက ထိုဝိညာဉ်ကို အမှုန့်ခြေပစ်လိုက်ပြီ ဖြစ်သည်။
- သတ်ဖြတ်ခြင်းလမင်းနတ်စစ်သူကြီးအား သတ်ဖြတ်ခြင်း အောင်မြင်ပါသည်။ အတွေ့အကြုံအမှတ် ၃.၂ ထရီလီယံ၊ ဆန်းကြယ်အမှတ် ၁၅ သန်း၊ အပြစ်ဒဏ်အမှတ် ၁ သန်း ရရှိပါသည်။ သတ်ဖြတ်ခြင်းကျင့်စဉ်၊ သတ်ဖြတ်ခြင်းနတ်ဘုရားအစီအရင် တို့ကို ရရှိပါသည်။ လက်နက် သတ်ဖြတ်ခြင်းလေး (အောက်အဆင့် ပြန်လည်မွေးဖွားခြင်းအဆင့်)၊ သတ်ဖြတ်ခြင်းလက်ကောက် (အောက်အဆင့် ပြန်လည်မွေးဖွားခြင်းအဆင့်)၊ သတ်ဖြတ်ခြင်းဝိညာဉ် (ရှားပါး) တို့ကို ရရှိပါသည်။
- အဆင့်ကျော်လွန် သတ်ဖြတ်ခြင်းအတွက် အပိုဆုအဖြစ် အတွေ့အကြုံအမှတ် ၅၀ ဘီလီယံ၊ ဆန်းကြယ်အမှတ် ၂ သန်း၊ ကျွမ်းကျင်မှုအမှတ် ၂ သန်း ရရှိပါသည်။ နတ်ဘုရားနယ်မြေ ကံစမ်းမဲဘီးလှည့်ခွင့် တစ်ကြိမ် ရရှိပါသည်။
ဆုလာဘ်များမှာ ထူးထူးခြားခြား ပြောင်းလဲမှု မရှိဘဲ အတွေ့အကြုံအမှတ်မှာ မဆိုးလှသော်လည်း သူ့ကို အဆင့်တက်စေရန်တော့ မလုံလောက်သေးချေ။ ဒုတိယအဆင့် မြေကမ္ဘာအရှင်မှ တတိယအဆင့်သို့ ထိုးဖောက်ရန် လိုအပ်သော အတွေ့အကြုံအမှတ်မှာ ထိတ်လန့်စရာပင်ဖြစ်ပြီး တိုက်ရိုက်ပင် နှစ်ဆ မြင့်တက်သွားကာ အမှတ် ထရီလီယံ နှစ်ရာအထိ ရှိနေသည်။
အတွေ့အကြုံအမှတ် ၂၀၀ ထရီလီယံပင်။ ဤ ၃.၂ ထရီလီယံ ဆိုသည်မှာ အစိတ်အပိုင်း အနည်းငယ်သာ ရှိသေးသည်။ သေချာပေါက်ပင် ဤသည်မှာ နားလည်ပေးနိုင်သော အတိုင်းအတာအတွင်း၌ ရှိနေသည်။ အဆင့်မြင့်လာလေလေ၊ အဆင့်တက်ရန် ခက်ခဲလာလေလေ ဖြစ်ပြီး အဆင့်ကျော်လွန် သတ်ဖြတ်လျှင်ပင် အချိန်အတော်ကြာ ကြိုးစားရပေဦးမည်။
ခြုံငုံကြည့်လျှင်မူ အလွန်ပင် မြန်ဆန်နေပြီဟု ဆိုရပေမည်။ အခြားသူများမှာ ပထမအဆင့် မြေကမ္ဘာအရှင်မှ ဒုတိယအဆင့်သို့ ထိုးဖောက်ရန်အတွက် ဆယ်စုနှစ်များစွာ သို့မဟုတ် ရာစုနှစ်တစ်ခုခန့်ပင် အချိန်ယူရတတ်သဖြင့် အလွယ်တကူ ထိုးဖောက်နိုင်ခြင်း မရှိကြချေ။
သက်တမ်းမှာ အလွန်အမင်း မြင့်တက်သွားသဖြင့် အချိန်ဆိုသည်မှာ ပြဿနာ မဟုတ်သော်လည်း အဓိက အချက်မှာ ထိုးဖောက်နိုင်ရန် မသေချာခြင်းသာ ဖြစ်သည်။
“အဆင့်တက်ဖို့ နောက်ထပ် အစိတ်အပိုင်း အနည်းငယ်ပဲ လိုတော့တယ်...”
ယီထျန်းယွမ် ကောင်းကင်သို့ မော့ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“တခြား နတ်စစ်သူကြီးတွေ ရှိသေးလား။ ရှိရင် မြန်မြန် ထွက်လာခဲ့ကြ၊ မဟုတ်ရင် ငါ ထွက်သွားတဲ့အခါ ဒီအကြောင်းကို အကုန် ဖွင့်ချလိုက်ရင် ဘယ်သူမှ လာတော့မှာ မဟုတ်ဘူးနော်...”
သူသည် ယခုအခါ ပေါ်ပေါ်ထင်ထင်ပင် ခြိမ်းခြောက်နေခြင်း ဖြစ်ပြီး ၎င်းတို့ကို အတင်းအကျပ် ထွက်လာစေရန် လုပ်ဆောင်နေခြင်းပင်။ သို့သော် သူ ဟစ်အော်လိုက်ပြီးနောက် မည်သူမျှ ပြန်လည် ဖြေကြားခြင်း မရှိချေ။ ကြည့်ရသည်မှာ နတ်စစ်သူကြီး ဆယ်ဦးသာ ရှိပုံရပြီး ယခုအခါ နောက်ဆုံး နှစ်ဦးမှာလည်း သေဆုံးသွားပြီဖြစ်ရာ မည်သူကမှ ထပ်မံ ပေါ်လာတော့မည် မဟုတ်ချေ။
“မရှိတော့ဘူး ထင်တယ်၊ ဒါဆိုရင်တော့ ဒီက အစီအရင်ကြီးကို စိတ်အေးလက်အေး ဖျက်ဆီးလို့ ရပြီပေါ့...”
ယီထျန်းယွမ် ဤနေရာကို ဝေ့ကြည့်လိုက်သည်။ ဤနေရာရှိ အစီအရင်ကို ဖျက်ဆီးရန်အတွက် အရင်ဆုံး အစီအရင်၏ ဗဟိုချက်ကို ရှာဖွေရမည် ဖြစ်သည်။ သူသည် ကောင်းကင်မျက်လုံးကို ချက်ချင်း ဖွင့်လိုက်သည်။ ဤစွမ်းရည်မှာ အလွန်ပင် အသုံးဝင်လှသည်။ ယခင်က ဖန်တီးရှင်အဆင့် အစီအရင်များကို ရင်ဆိုင်ရစဉ်ကပင် ဤကောင်းကင်မျက်လုံးဖြင့် ဗဟိုချက်ကို ရှာဖွေနိုင်ခဲ့သည်။
ယခုအချိန်အထိပင် အထက်ရှိ စွမ်းအင်အင်းကွက်များကို စူးစမ်းရှာဖွေနိုင်သည်။ ဤသည်မှာ သူ့ကို ဝိညာဉ်မျိုးနွယ်စုနှင့် ပတ်သက်၍ အလွန်ပင် ထူးဆန်းစေသည်။ ၎င်းတို့သည် မည်သို့သော တည်ရှိမှုမျိုး ဖြစ်သဖြင့် ဤမျှသော စွမ်းအားမျိုး ရှိနေရသည်နည်း။
ဤနေရာတွင် ဝိညာဉ်မျိုးနွယ်ဝင် တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရသော်လည်း သုံးဘုံလောကတွင်မူ တွေ့ရှိခဲ့ရသည်။ အထူးသဖြင့် ဤစွမ်းရည်မှာ အလွန်ပင် ထိရောက်လှသဖြင့် သူ့ကို အနည်းငယ် ဇဝေဇဝါ ဖြစ်စေခြင်းပင်။
“အသက်ပလဲကို မြန်မြန် ရှာပြီး ပြန်သွားမှ ဖြစ်မယ်၊ သုံးဘုံလောကမှာတော့ တစ်ခုမှ မရှိဘူး...”
ယီထျန်းယွမ် ခေါင်းခါလိုက်သည်။ သူသည် ယခင်က ဝိညာဉ်မျိုးနွယ်ကို အသက်ပုလဲ ရှာဖွေပေးမည်ဟု ကတိပေးခဲ့ဖူးသည်။
သို့သော် နှစ်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့သော်လည်း မည်သည့် အရိပ်အယောင်မျှ ရှာမတွေ့ခဲ့ချေ။ သိသာလှသည်မှာ အသက်ပုလဲသည် သုံးဘုံလောကတွင် လုံးဝ မရှိနိုင်ခြင်းပင်။ ကံကောင်းထောက်မစွာဖြင့် ယခင်က ရှိထားသော အသက်ပုလဲမှာ ရှိနေသေးသဖြင့် နှစ်အနည်းငယ်ခန့် တောင့်ခံထားနိုင်သေးပေသည်။ သို့မဟုတ်ပါက အသက်ကို ဆက်လက် တည်တံ့စေရန် ခက်ခဲလှပေလိမ့်မည်။
ချက်ချင်းပင် ယီထျန်းယွမ်သည် ဤအစီအရင်ကြီးကို ဖျက်ဆီးနိုင်ရန်အတွက် ဗဟိုချက်ကို ပိုမို အလေးထား ရှာဖွေနေတော့သည်။
အခန်း ၉၃၅ ပြီးပါပြီ။