← Chapters

အခန်း (၂၈၅-၂၈၆)

Vol. 26 Ch. 285-286

အခန်း (၂၈၅-၂၈၆)

Vol. 26 Ch. 285-286

အခန်း (၂၈၅)။

"ဒီမိန်းမစိုးအိုကြီး ယင်လျန်ဟွာရဲ့ လက်ညှိုး စွမ်းအားက တကယ်ကို အံ့မခန်းပဲ။ သူက ဒီလောက် မြင့်မားတဲ့ အဆင့်ကို တကယ် ရောက်ရှိနေပြီ။ သူ ငါ့ကို အသတ်သတ်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်နိုင်တယ်။ ဆိုတော့, ခင်ဗျားက ကျုပ်ကို သတ်ချင်နေမှတော့, ခင်ဗျား နောင်နှစ်နွေဦးကို ကျော်နိုင်တော့မှာ မဟုတ်ဘူး။"

ဟုန်ယွိသည် သူ့ရင်ဘတ်ပေါ်ရှိ လက်ညှိုး အပေါက်ကို ကြည့်လိုက်ပြီး သတ်ဖြတ်လိုစိတ်က သူ့စိတ်နှလုံးထဲတွင် သဘာဝအတိုင်း ပေါ်ပေါက်လာ သည်။

သို့သော် သူသည် ဤမိန်းမစိုးအိုကြီး ယင်လျန်ဟွာ၏ လက်ညှိုး စွမ်းအားကို အတော်လေး စိုးရိမ်ခဲ့သည်။

အကယ်၍ သူသည် အလွန် အစွမ်းထက်သော အကာကွယ် ရတနာဝတ်စုံ သုံးထပ်ကို ဝတ်မထားခဲ့ပါက သူ၏နှလုံးသည် ကြေမွသွားပြီး သေသွား လောက်ပြီ။ ဤမိန်းမစိုးအိုကြီးသည် အနည်းငယ်မျှ ကြောက်ရွံ့မှုမရှိဘဲ သတ်ဖြတ်ခဲ့သည်။ သူသည် ရက်စက်ကြမ်းကြုတ်ပြီး၊ အာဏာရှင် ဆန်လွန်းသည်။ သူသည် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရမည်။

ဟုန်ယွိသည် တော်ဝင်ချန် အင်ပါယာနန်းတော်၏ လျှို့ဝှက် စွမ်းအားကို ပိုမို နားလည်လာသည်ဟု ယူဆနိုင်သည်။

"ငါ ပြောခဲ့သလိုပဲ၊ တော်ဝင်ချန် နန်းတော်ဟာ ဖန်ဆင်းခြင်းတာအိုဂိုဏ်းရဲ့ ရတနာတစ်ခုကို ရရှိထားပြီး၊ ဒိုင်ဇင် ဘုရားကျောင်းရဲ့ အဆုံးမဲ့ စည်းစိမ်ဥစ္စာတွေကိုလည်း လုယက်ထားတယ်။ ကျွမ်းကျင်သူ အမြောက်အမြား မပေါ်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူတို့က ဒါကို ဖုံးကွယ်ထားပြီး အပြင်လူတွေကို မသိစေတာပဲ။ တော်ဝင်ချန် နန်းတော်ဟာ ဝပ်နေတဲ့ ကျားတွေနှင့် ပုန်းနေတဲ့ နဂါးတွေ ပြည့်နေပုံရတယ်။ ကြင်ယာယွမ်ဆိုရင်လည်း နန်းတော်ထဲမှာ နေမယ်ဆိုရင် ဘာလှည့်ကွက်မှ မရှိဘဲ နေလို့မရနိုင်ဘူး။"

သိုင်းသူတော်စင် မိန်းမစိုးအိုကြီး ယင်လျန်ဟွာ၏ လက်ညှိုးဖြင့် တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီးနောက် ဟုန်ယွိသည် တော်ဝင်ချန် နန်းတော်၏ နက်နဲမှုကိုလည်း အမှန်တကယ်ပင် နားလည်လာခဲ့သည်။

ရုတ်တရက် သူ၏စိတ်ထဲတွင် နားမလည်နိုင်သော အတွေးတစ်ခု ပေါ်လာသည်။ သူသည် ကြင်ယာတော်ယွမ် တဖြစ်လဲ ညှို့ငင်မြေခွေးဘုရင်ကို အနည်းငယ် စိုးရိမ်ခဲ့သည်။ သူမသည် ကမ္ဘာပေါ်ရှိ မဟာ နတ်ဆိုးအင်မော်တယ် ရှစ်ပါးထဲမှ တစ်ပါး ဖြစ်သည်။

"ငါ့ရဲ့ လက်ရှိ သိုင်းပညာနဲ့ဆို စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို ပေါင်းစည်းထားတဲ့ အထွက်အထိပ် မဟာဆရာသခင်တစ်ဦးကို ရင်ဆိုင်နိုင်ချင်မှ ရင်ဆိုင်နိုင် မယ်။ သိုင်းသူတော်စင်ကိုတော့ လုံးဝ မယှဉ်နိုင်သေးဘူး။ ဒါပေမယ့် ဒီနေ့ ဒီမိန်းမစိုးအိုကြီး ယင်လျန်ဟွာနဲ့ ဖလှယ်လိုက်တာက ငါ့ရဲ့ သိုင်းတာအို အတွက် အကျိုးကျေးဇူး အများကြီး ရှိတယ်။ ငါသာ ပစ္စုပ္ပန်ဗုဒ္ဓကျမ်းရဲ့ အပ်စိုက်အမှတ် ၁၀၈ ကို လုံးဝ စုစည်းနိုင်မယ်ဆိုရင် သိုင်းပညာ တစ်ခုတည်း ကို အားကိုးပြီး ဒီမိန်းမစိုးအိုကြီးကို ရင်ဆိုင်နိုင်လိမ့်မယ်လို့ ငါ ထင်တယ်။"

ဟုန်ယွိသည် သူ၏သိုင်းတာအိုတွင် အားနည်းချက်ရှိသည်ကို ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သောကြောင့် မိန်းမစိုးအိုကြီး ယင်လျန်ဟွာ၏ လက်ညှိုး တိုက်ခိုက်မှုဖြင့် လွင့်သွားခြင်းကို အံ့သြခြင်း မရှိပေ။

မည်သို့ပင်ဆိုစေ သူသည် တာအိုပညာကို ကျင့်ကြံသော တစ္ဆေအင်မော်တယ်တစ်ဦး ဖြစ်သည်။ သိုင်းပညာဖြင့် ယှဉ်ပြိုင်မှုတွင် သိုင်းသူတော်စင် တစ်ဦးကို ရှုံးနိမ့်ခြင်းမှာ သဘာဝကျပါသည်။

"ငါ့ကို အဝတ်လဲပေး။"

ဟုန်ယွိသည် အဝတ်အစား အသစ်တစ်စုံကို လဲလိုက်သည်။ သူ၏ ရင်ဘတ်သည် နာကျင်စွာ ခုန်နေဆဲဖြစ်ပြီး ပါးစပ်ထောင့်တွင် သတ္တု အရသာကို ခံစားနေရသည်။ သူ၏ ဒဏ်ရာသည် အသေးဖွဲ့မဟုတ်ကြောင်း သူ သိသည်။

ထိုအချိန်တွင် ဂန်ချင်ဖုန်း၏ ယုံကြည်ရသော လူနှစ်ဦးသည် ဟုန်ယွိအတွက် ရေနွေးကြမ်းနှင့် မျက်နှာသုတ်ပုဝါကို ယူလာပေးသည်။ သူသည် ပါးစပ်ကို ဆေးကြောကာ၊ မျက်နှာသစ်လိုက်ပြီး၊ သူ အခုလေးတင် ထွေးထုတ်လိုက်သော သွေးများကို သန့်ရှင်းလိုက်ပါသည်။

"သခင်လေး ဟုန်၊ ဒီမိန်းမစိုးအိုကြီးက နန်းတော်ရဲ့ မိန်းမစိုးခေါင်းဆောင် ငါးဦးထဲက တစ်ဦးပဲ။ နန်းတော်ရဲ့ မိန်းမစိုးခေါင်းဆောင် ငါးဦးဆိုတာက - အရှေ့ နန်းဆောင်ရဲ့ ယင်လျန်ဟွာ၊ အနောက် နန်းဆောင်၊ တောင်နန်းဆောင်၊ မြောက်နန်းဆောင်နဲ့ ဧကရာဇ်နန်းတော်ရဲ့ မိန်းမစိုး ခေါင်းဆောင်တွေ ဟာ နက်နဲတဲ့ ကျွမ်းကျင်သူတွေပဲ။ ဒီယင်လျန်ဟွာရဲ့ သိုင်းပညာဟာ အမြင့်ဆုံး အဆင့်ကို ရောက်နေပြီ။ သူဟာ သိုင်းသူတော်စင် နယ်ပယ်ထဲ ဝင်ရောက်ခဲ့ ပြီး ဖြစ်နိုင်တယ်။ သခင်လေးဟုန်အနေနဲ့ ဒီလက်ညှိုးတစ်ချက်အတွက် လက်စားချေဖို့ အရမ်း ခက်ခဲမှာ ကျွန်တော် စိုးရိမ်တယ်။"

ဂန်ချင်ဖုန်းသည် ဟုန်ယွိ ဤတစ်ကြိမ်တွင် အကြီးအကျယ် ရှုံးနိမ့်သွားသည်ကို မြင်လိုက်ရသော်လည်း သူက တည်ငြိမ်စွာ ပြောလိုက်သည်။

"ဂိုဏ်းချုပ် ဂန်၊ ခင်ဗျား ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာ ပြန်မရနိုင်ဘူးလို့ ပြောပြီး စိတ်ထဲကနေ သေချာပေါက် လှောင်ပြောင်နေတာ မဟုတ်လား။"

ဟုန်ယွိ၏ မျက်နှာတွင် မှုန်ဝါးသော အပြုံးတစ်ခု ပေါ်လာပြီး၊ သူသည် လျှို့ဝှက် အခန်းထဲရှိ ကောင်းကင်ဓားဂိုဏ်းမှ ကျွမ်းကျင်သူများကို ကြည့်လိုက် သည်။

"လုံးဝ မဟုတ်ပါဘူး။ သခင်လေဟဟုန်ရဲ့ ဇနီး ယင်းချာ မင်းသမီး ရောက်လာတာနဲ့ ကျွန်တော်တို့ ကောင်းကောင်း စီစဉ်ပြီး ဒီဂုဏ်သိက္ခာကို ပြန်ရ အောင် လုပ်လို့ရပါတယ်။" ဂန်ချင်ဖုန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး၊ သူ၏ မျက်လုံးများတွင် ထူးဆန်းသော အမူအရာတစ်ခု လျှပ်တပြက် လင်းလက်သွားခဲ့သည်။

"ဂန်ချင်ဖုန်း၊ ခင်ဗျားရဲ့ တာအိုပညာ ကျင့်စဉ်အဆင့်က ခန္ဓာကိုယ်သိမ်းပိုက်ခြင်းနယ်ပယ်ကို ရောက်နေပြီ၊ မဟုတ်လား။ ဒါပေမဲ့ မဟာပြီးပြည့်စုံခြင်း အဆင့်ကို မရောက်သေးဘူး။ ဒါကြောင့် ခင်ဗျားရဲ့ အသိစိတ်ကို အတွေးတွေအဖြစ် ခွဲထုတ်လို့ မရသေးဘူး။" ဟုန်ယွိ ရုတ်တရက် မေးလိုက်သည်။

"မဆိုးပါဘူး။ သခင်လေးဟုန်က တာအိုပညာအကြောင်း ဒီလောက် နက်နက်နဲနဲ နားလည်ထားမယ်လို့ ကျွန်တော် မထင်ခဲ့ဘူး။ သခင်လေးက ကျွန်တော့်ရဲ့ ကျင့်စဉ်အဆင့်ကို တကယ် မြင်နိုင်တာလား။" ဂန်ချင်ဖုန်းက အံ့ဩစွာ ပြောလိုက်သည်။

"ခင်ဗျား ကျုပ်ကို မဟာဆရာသခင်နယ်ပယ်မှာပဲ ရှိတယ်လို့ တကယ်ထင်နေတာပဲလား။ ရိုးရိုး မဟာဆရာသခင် တစ်ယောက်က မင်းသားယုရဲ့ လက်ထောက်တစ်ဦး ဖြစ်လာပြီး၊ သူ့ကြီးမြတ်တဲ့ လုပ်ငန်းကို ဘယ်လိုလုပ် ကူညီနိုင်မှာလဲ။ ဒီနေ့ ကျုပ်ရဲ့ စွမ်းအား အစစ်အမှန်ကို ခင်ဗျား မြင်စေရ မယ်။ ဒါမှ ခင်ဗျားအနေနဲ့ ကျုပ်က ခင်ဗျားရဲ့ကျော်ကြားမူကို ခိုးယူထားတယ်လို့ ခင်ဗျား မထင်တော့မှာ။"

ဟုန်ယွိက အသက်မပါသော အသံဖြင့် ပြောလိုက်သည်။

"မင်း..."

ဟုန်ယွိ၏ စကားများကို ကြားသောအခါ ဂန်ချင်ဖုန်းသည် ဟုန်ယွိကို လုံးဝ ပြန်လည်မှတ်မိသွားပုံရသည်။ ကောင်းကင်ဓားဂိုဏ်းမှ ကျွမ်းကျင်သူများ သည် ဟုန်ယွိက အဘယ်ကြောင့် ထိုသို့ ပြောရသည်ကို နားမလည်ဘဲ မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေကြသည်။

"ဟွန်း..၊ ကျုပ်က ယင်လျန်ဟွာကို သတ်လို့ မရဘူးလို့ ခင်ဗျား တကယ် ထင်နေတာလား။ ဒါပေမဲ့ ဒီနေ့က သူ့ကို သတ်ရမယ့်နေ့ မဟုတ်ဘူး။ သူက အရှေ့နန်းဆောင်ရဲ့ မိန်းမစိုးခေါင်းဆောင် ဖြစ်တဲ့အတွက် သူဟာ အိမ်ရှေ့စံမင်းသားရဲ့ လက်ပါးစေတစ်ဦး ဖြစ်ရမယ်။ သူ့ကို သတ်လိုက်ရင် အိမ်ရှေ့စံ မင်းသားရဲ့ တောင်ပံတစ်စုံကို တကယ် ဖြတ်လိုက်တာပဲ။"

ဟုန်ယွိသည် ထိုကစားပြောနေစဉ် သူ၏ မျက်ခုံးနှစ်ခုကြားမှ ယန်လေတစ်ချက် ပျံထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် သူ့ရှေ့တွင် အနှိုင်းမဲ့ စစ်မှန်သော လူပုံစံအဖြစ် သိပ်သည်းသွားခဲ့သည်။

"မိုးကြိုးကပ်ဘေးအဆင့် အင်မော်တယ်။ သန့်စင်သော ယန်စိတ်ဝိညာဉ်။"

ဂန်ချင်ဖုန်းသည် ဟုန်ယွိ၏ အခြေအနေကို မြင်သောအခါ ပထမတွင် သူ၏ပါးစပ်ကို ကျယ်ကျယ် ဖွင့်လိုက်မိသည်။ ထို့နောက် သူ၏ မျက်လုံးများကို ပွတ်သပ်ပြီး၊ သူ့ခေါင်းကို ပုတ်ကာ ပြင်းထန်စွာ အော်ပြောလိုက်သည်။

"မင်းက မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးတဲ့ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတစ်ဦးကိုး။ သန့်စင်သော ယန်အင်မော်တယ်။”

"ဂိုဏ်းချုပ်ဂန်၊ ခင်ဗျား ဘာလို့ ဒီလောက်ကြီး သတိမေ့လျော့နေရတာလဲ။ ကျုပ်သာ မိုးကြိုးကပ်ဘေးအဆင့် အင်မော်တယ် မဟုတ်ရင် ငွေငါးမန်း ဘုရင်နဲ့ တာအိုလက်တွဲအဖော်တွေ ဖြစ်လာပြီး ကမ္ဘာကို လွတ်လွတ်လပ်လပ် ဘယ်လိုလုပ် လှည့်လည်နိုင်မှာလဲ။"

ဟုန်ယွိက ပြုံးပြုံးလေးဖြင့် ပြောလိုက်သည်။ "ဒီလိုဆိုရင်ရော ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ကျုပ် ငှားရမ်းပြီး မင်းကို အလင်းထဲမှာ ထားပေးမယ်။ တစ်ချိန်တည်းမှာပဲ ခင်ဗျားရဲ့ ကောင်းကင်ဓားဂိုဏ်းကို ထင်ပေါ် ကျော်ကြားစေရမယ်။"

"ဘာ…။ သခင်လေးက ကျွန်တော့် ခန္ဓာကိုယ်ကို ငှားရမ်းချင်တာလား။ သခင်လေးက ဒီအဘိုးကြီးရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး မင်းသားကို ကူညီဖို့ အပြင်ထွက်ချင်တာလား။ ကောင်းပြီ။ ဒီလိုဆိုရင် ကျွန်တော် အလင်းထဲမှာ ရှိပါစေတော့။ မိုးကြိုးကပ်ဘေးအဆင့် အင်မော်တယ်။ တစ္ဆေ အင်မော်တယ် တစ်ဦးက ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး၊ ရှင်ခြင်း သေခြင်းကို ကျော်လွန်တဲ့ တည်ရှိမှုပဲ။ မိုးကြိုးကပ်ဘေး ကို ကျော်ဖြတ်ပြီးတဲ့ တစ္ဆေအင်မော်တယ်ဆို ပြောစရာတောင် မလိုတော့ဘူး။ ကောင်းပြီ! အိမ်ရှေ့စံမင်းသားကို ကျွန်တော်က မိုးကြိုးကပ်ဘေး အဆင့် တစ္ဆေအင်မော်တယ် ဖြစ်တယ်ဆိုတာ သိသွားပါစေ။ ဟွန်း…၊ သူက ကျွန်‌တော်ရဲ့ ကောင်းကင်ဓားဂိုဏ်းကို ဘာမှ လုပ်ရဲမှာ မဟုတ်ဘူး။ အင်မော်တယ်သခင် ဟုန်၊ နောင်မှာ ဘာအမိန့်ရှိရှိ ကျွန်တော့်ကို ပြောပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ ကောင်းကင်ဓားဂိုဏ်းက အတော်လေး စွမ်းအား ရှိပြီး ငွေကြေးလည်း နည်းနည်းပါးပါး ရှိပါတယ်။ အင်မော်တယ်သခင်ဟုန် အမိန့်ပေးသရွေ့ ကျွန်တော့် ကောင်းကင်ဓားဂိုဏ်းက ကျွန်တော့်မှာ ရှိသမျှ အားလုံး ရောင်းရရင်တောင် လုပ်ဆောင်ပါ့မယ်။"

ဤအချိန်တွင် ကောင်းကင်ဓားဂိုဏ်း၏ ခေါင်းဆောင် ဂန်ချင်ဖုန်းသည် အလွန် တုန်လှုပ်သွားပါသည်။ ဟုန်ယွိကို မိုးကြိုးကပ်ဘေးအဆင့် တစ္ဆေအင်မော်တယ်၊ သန့်စင်သော ယန်စိတ်ဝိညာဉ် အင်မော်တယ်တစ်ဦး ဖြစ်လိမ့်မည်ဟု သူ တစ်ခါမှ မမျှော်လင့်ခဲ့ပေ။

သို့သော်, ယခုအချိန်တွင် သူသည် အလွန်လျင်မြန်စွာ တုန်ပြန့်ခဲ့သည်။ သူသည် ချက်ချင်းပင် ဟုန်ယွိအပေါ် သစ္စာစောင့်သိကြောင်း ဖော်ပြခဲ့သည်။ မိုးကြိုးကပ်ဘေးအဆင့် တစ္ဆေအင်မော်တယ်တစ်ဦးပေါ် တွယ်ကပ်ထားခြင်းသည် ကယ်တင်ရှင်တစ်ဦးပေါ် တွယ်ကပ်ထားခြင်းနှင့် တူသည်ကို လူတိုင်း သိထားသင့်ပါသည်။ ဤသည်မှာ မင်းသားတစ်ဦးပေါ် တွယ်ကပ်ထားထက် အများကြီး ပိုအစွမ်းထက်သည်။

တစ္ဆေအင်မော်တယ်တစ်ဦးက ဂိုဏ်းတစ်ခုကို တာဝန်ယူထားသရွေ့ အခြေခံအားဖြင့် တည်ငြိမ်သည်။ တရားရုံးက သင့်ကို တစ်ခုခု လုပ်ချင်လျှင်ပင် သူတို့အနေဖြင့် ကြောက်ရွံ့မှုအချို့ ရှိရမည်။ မည်သို့ပင်ဖြစ်စေ, တစ္ဆေအင်မော်တယ်တစ်ဦးသည် မသေနိုင်ပေ။ တစ္ဆေအင်မော်တယ်တစ်ဦးသည် ထွက်ပြေးပြီး ပြန်လည် မွေးဖွားကာ အစကနေ ပြန်စဖို့ အခွင့်အရေးပေါင်း များစွာ ရှိလိမ့်မည်။

ကြောက်စရာကောင်းသည်မှာ စွမ်းအား မဟုတ်ဘဲ အစကနေ ပြန်စနိုင်သည့် အခွင့်အရေး ဖြစ်သည်။

ထို့အပြင်, ယခုအခါ ဟုန်ယွိသည် တစ္ဆေအင်မော်တယ်တစ်ဦးသက်သက် မဟုတ်တော့ပေ။ သူ့နောက်မှာ သူ့တာအိုလက်တွဲဖော် ငွေငါးမန်းဘုရင် ရှိနေပါသည်။ ဤသည်မှာ တစ္ဆေအင်မော်တယ် နှစ်ဦးရှိခြင်းနှင့် ညီမျှသည်။ ငွေငါးမန်းဘုရင်တောင် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်နေနိုင်ပါသည်။

ဆိုလိုသည်မှာ, မိုးကြိုးကပ်ဘေးအဆင့် ကျွမ်းကျင်သူ နှစ်ဦး။

"မိုးကြိုး ကပ်ဘေးအဆင့် ကျွမ်းကျင်သူ နှစ်ဦး၊ ဒါကြောင့် သူတို့က မင်းသားယုကို ထီးနန်းအတွက် တိုက်ခိုက်ဖို့ ကူညီနိုင်တာ အံ့ဩစရာမရှိတော့ဘူး။ ဒါကြောင့်လည်း မင်းသားယုက ထာဝရ မိခင်ကို ဖမ်းဆီးနိုင်ခဲ့တာပဲ။ ငါ တွေးရုံတွေးနေမိတာ။ ဒီလို အစွမ်းထက်တဲ့ ကျွမ်းကျင်သူက တကယ် ရှိနေတာပဲ။"

ဂန်ချင်ဖုန်းက သူ့ကိုယ်သူ တွေးလိုက်သည်။

"မင်းတို့ ဘာလို့ တာအိုသခင်တစ်ဦးကို ဒူးထောက်ပြီး အရိုအသေ မပေးကြတာလဲ။ တာအိုသခင်တစ်ဦးကို မြင်တွေ့ရတာဟာ ကြီးမားတဲ့ ကံကောင်းမူကြီးပဲ။"

ထိုအချိန်မှာ ဂန်ချင်ဖုန်းက သူ့နောက်က ကျွမ်းကျင်သူ အနည်းငယ်ကို အော်ပြောလိုက်ပါသည်။

"အဓိပ္ပာယ်မဲ့ စကားများတာတွေ ရပ်လိုက်တော့။ ကျုပ်ရဲ့ ဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းထားပါ၊ ဒါဆို မင်းတို့ရဲ့ ဘဝတစ်လျှောက်လုံး အကျိုးကျေးဇူး ရလိမ့်မယ်။" ဟုန်ယွိက ဂန်ချင်ဖုန်းတစ်ယောက် သူ့ဖခင်အရင်းကို ပြောနေသကဲ့သို့ လေးစားပြနေသည်ကို မြင်လိုက်ရတော့ သူ့စိတ်ထဲမှာ သက်ပြင်း ချလိုက်မိပါသည်။ ဤကမ္ဘာကြီးသည် စွမ်းအားကမ္ဘာကြီး ဖြစ်သည်။ အကယ်၍, သင်သည် စွမ်းအားမရှိလျှင်, ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။

ကောင်းကင်ဓားဂိုဏ်းမှ ကျွမ်းကျင်သူ အနည်းငယ် ဒူးထောက်နေသည်ကို မြင်တော့ ဟုန်ယွိသည် မည်သည့်စကားမှ မပြောတော့ဘဲ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကိုသာ အလျင်အမြန် ပို့လွှတ်လိုက်သည်။ ဝှစ်…၊ သူသည် ဂန်ချင်ဖုန်း၏ ခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်ပါသည်။

ကောင်းကင်ဓားဂိုဏ်းမှ ကျွမ်းကျင်သူ အနည်းငယ် ဟုန်ယွိ၏ အခြား ခန္ဓာကိုယ်က သူတို့ ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်ထဲသို့ ပြေးဝင်သွားသည်ကို မြင်တော့ သူတို့ မျက်လုံးတွေ ပြူးသွားကြသည်။ ထို့နောက် သူတို့ဂိုဏ်းချုပ်၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ သူ ထရပ်လိုက်ပြီး သူ့ ခန္ဓာကိုယ်ထဲမှ အက်ကွဲသံတွေ ဆက်တိုက် ထွက်လာပါသည်။

"ဂန်ချင်ဖုန်း၊ ခင်ဗျားရဲ့ ခန္ဓာကိုယ်က တကယ် အားနည်းတာပဲ။ ဒါပေမဲ့ ခင်ဗျား သည်းခံရမယ်။"

ဟုန်ယွိ သိမ်းပိုက်ထားသော ဂန်ချင်ဖုန်းက အသံပြုလိုက်သည်။ သူ့လည်ချောင်းက အနည်းငယ် သြနေပြီး၊ သူ စကားပြောပြီးနောက် သူ ခြေလှမ်းကျယ်ကြီးဖြင့် ထွက်သွားတော့သည်။

အိမ်ရှေ့စံမင်းသား မင်းသားယု၏ စံအိမ်ကို ရောက်ရှိလာခြင်းက ထာဝရမိခင်နှင့် ပတ်သက်သည့် သတင်းတွေကို ကြားထား၍ ဖြစ်ရမည်။ အိမ်ရှေ့စံမင်းသားသည် အလွန် စွမ်းအားကြီးပြီး ကြီးစိုးလွန်းသူ ဖြစ်သည်။ အခု ဟုန်ယွိသည် ဂန်ချင်ဖုန်း၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး သူ ထွက်လာခြင်းက မင်းသားယုကို ထောက်ခံပေးရာ ရောက်လိမ့်မည်။ သို့မှသာ အိမ်ရှေ့စံမင်းသားသည် အဆင်ခြင်မဲ့ လှုပ်ရှားရဲမည် မဟုတ်တော့ပေ။

ဟုန်ယွိ၏ မှန်းဆချက်က မှန်ကန်ပါသည်။ ယခုအချိန်တွင် မင်းသားယုသည် အနိုင်ကျင့် လွှမ်းမိုးတတ်သည့် အိမ်ရှေ့စံမင်းသားကို ရင်ဆိုင်နေရသည်။ ယင်လျန်ဟွာသည် သူ့ကို လက်ညှိုးဖြင့် တိုက်ခိုက်ပြီးနောက် ဘာမှမဖြစ်ခဲ့သကဲ့သို့ အိမ်ရှေ့စံမင်းသား၏ နောက်မှာ ရပ်နေပါသည်။ သူ လုပ်ခဲ့သည့်ကိစ္စက အသေးမွှားကိစ္စတစ်ခုလိုပင်။

ထို့အပြင်, အိမ်ရှေ့စံမင်းသားကလည်း ထိုအကြောင်းကို လုံးဝ ဂရုစိုက်ပုံမပေါ်ချေ။

အမှန်တကယ်လည်း သူတို့အတွက် ဟုန်ယွိကို သတ်ဖြတ်ခြင်းက သိပ်အရေးမကြီးပါဘူး။ လမ်းလျှောက်နေရင်း ပုရွက်ဆိတ်တစ်ကောင်ကို သတ်ဖြတ်မိခြင်းထက် မပိုပေ။

ဤကိစ္စအတွက် စိတ်ထဲခံစားနေဖို့ မလိုအပ်ပေ။ ဟုန်ယွိနှင့် ဟုန်ရှီတို့ ညီအစ်ကိုနှစ်ဦးကြားက ရန်ငြိုးအတွက်တော့ အိမ်ရှေ့စံမင်းသားနှင့် ယင်လျန်ဟွာတို့အတွက် အရေးမကြီးသလို, သူတို့အနေဖြင့်လည်း လုံးဝ ဂရုမစိုက်ပါဘူး။

"စတုတ္ထညီ၊ ဒီတစ်ခါ ငါ ရုပ်ဖျက်ပြီး နန်းတော်က ထွက်လာတာက ကောလဟာလတချို့ ကြားလို့ပဲ" ဟုန်ရှီ ထွက်သွားပြီးနောက် အိမ်ရှေ့စံမင်းသား ယန်ယွမ်က မင်းသားယုကို ဖြည်းဖြည်းချင်း ပြောလိုက်သည်၊ "မင်းရဲ့တပည့်၊ ဝူယွမ်ပြည်နယ်မြို့တော် အုပ်ချုပ်ရေးမှူး ဟောင်ချင်းချန်က အသက်မဲ့ တာအိုဂိုဏ်းနဲ့ အစစ်မှန် လေဟာနယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ထာဝရမိခင်ကို ဖမ်းဆီးခဲ့တယ်လို့ ငါ ကြားထားတယ်။ ဒီတစ်ခါ သူမကို မြို့တော်ကို ခေါ်ဆောင်လာပြီး၊ မင်းရဲ့စံအိမ်မှာ ရှိနေတုန်းပဲဆို။ ခမည်းတော်က ငါ့ကို အဲဒီကိစ္စကို စုံစမ်းဖို့ ပြောနေတယ်။ မင်းက ဂိုဏ်းချုပ်ကို ဖမ်းဆီးခဲ့တာဆို တော့ မင်း သူမကို ငါ့ဆီအပ်သင့်တယ် မဟုတ်ဘူးလား။"

"ဒီကိစ္စက အလွန် အရေးကြီးတယ်၊ ဒါကြောင့် အစ်ကိုတော်ဆီကို အပ်သင့်ပါတယ်။ အစ်ကိုတော်က နိုင်ငံရဲ့ အိမ်ရှေ့စံမင်းသားဖြစ်ပြီး ကျွန်တော်က လည်း အစ်ကိုတော်ရဲ့ အရာရှိတစ်ဦးပါပဲ။ အသက်မဲ့တာအိုဂိုဏ်းနဲ့ အစစ်မှန် လေဟာနယ်ဂိုဏ်းကို ဖျက်ဆီးခဲ့တဲ့ ဂုဏ်သတင်းကလည်း အစ်ကိုတော် ဆီမှာပဲ ရှိသင့်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကြောင့် ကျွန်တော့လူတွေ အများကြီး ဆုံးရှုံးခဲ့ရသလို ငွေကြေးနဲ့ အစားအစာလည်း ဆုံးရှုံးခဲ့ရတယ်။ အစ်ကိုတော် ကျွန်တော့်ကို နည်းနည်းပါးပါး ခွဲဝေပေးနိုင်မလားလို့ ကျွန်တော် မျှော်လင့်မိပါတယ်။" မင်းသားယု သူ၏ ထိုင်နေသော အနေအထားကို အနည်းငယ် ပြောင်းလဲလိုက်ပြီး အိမ်ရှေ့စံမင်းသားကို လေးလေးနက်နက် ကြည့်လိုက်သည်။

သူသည် ဤအိမ်ရှေ့စံမင်းသားရှေ့တွင် ပေါ့ဆရဲခြင်း မရှိပေ။

"အော်…၊ စတုတ္ထညီ၊ မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား" ဒီအချိန်မှာ အိမ်ရှေ့စံမင်းသား ယန်ယွမ်သည် စကားကြော မရှည်တော့ဘဲ ပြုံးရယ်ကာ မင်းသား ယုယန်ချန်ကို တိုက်ရိုက် စိုက်ကြည့်လိုက်သည်။

တစ်ခဏအတွင်း မင်းသားယုသည် အိမ်ရှေ့စံမင်းသား၏ မျက်လုံးများတွင် မှုန်ဝါးဝါး ရောင်စုံ အလင်းအလွှာတစ်ခုကို မြင်လိုက်ရသည်။ သူ၏ ဦးခေါင်းနောက်တွင် မှုန်ဝါးဝါး အလင်းဝိုင်းတစ်ခုက တုန်ခါနေပုံရပြီး သူ့စိတ်နှလုံးထဲတွင် အေးစက်မှုကို မခံစားရဘဲ မနေနိုင်ခဲ့ပေ။

"အစ်ကိုတော်၊ ဘာတွေ ပြောနေတာလဲ၊ ကျွန်တော် ဂုဏ်သတင်းကျော်ဇောမူ တောင်းခံဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ လက်ရှိဘဝ က တော်တော်လေး ခက်ခဲနေတယ်။ အစ်ကိုတော်လည်း သိပါတယ်လေ..." မင်းသားယုက သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ပြီး တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

"ထပ် မပြောနဲ့တော့၊ မင်း ဘာလိုချင်လဲ။ ငါတို့က ညီအစ်ကိုတွေပဲ၊ စကား ရှည်နေဖို့ မလိုဘူး။" အိမ်ရှေ့စံမင်းသားက သူခေါက်ယပ်တောင်ကို ပိတ်လိုက်ပြီး သူ့လက်ဖဝါးပေါ်တွင် ခပ်ပါးပါး ခေါက်သိမ်းလိုက်သည်။ သေမင်းခေါင်းလောင်းသံကဲ့သို့ တုန်ခါနေသော အသံတစ်ခု ထွက်လာသည်။ (ဤနေရာတွင် "death knell" (သေမင်းခေါင်းလောင်းသံ) ဆိုသည်မှာ မင်းသားယုအတွက် အဆုံးသတ်ခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်း၏ နိမိတ်လက္ခဏာကို ရည်ညွှန်းပါသည်။ အိမ်ရှေ့စံမင်းသား၏ လုပ်ရပ်သည် ပြင်းထန်သော ခြိမ်းခြောက်မှုနှင့် အာဏာပြခြင်းကို ဖော်ပြနေပါသည်။)

"အစ်ကိုတော်က ဒီလောက် ပွင့်ပွင့်လင်းလင်း ရှိနေမှတော့ ကျွန်တော်လည်း အချိန် မဖြုန်းတော့ပါဘူး။ ပထမအချက်၊ အစ်ကိုတော်က ချန်ပီယံ မြို့စားရဲ့ ဆန်းကြယ်ကောင်းကင် ကုန်သွယ်ရေးအဖွဲ့ရဲ့ အချက်အလက် မိတ္တူကို ကျွန်တော့်ကို ပေးပါ။ ကျွန်တော်က ဒီမှာ အခွန်ဘဏ္ဍာရေး ဝန်ကြီးဌာနကို တာဝန်ယူထားတော့ ဒီကိစ္စကို စုံစမ်းရမယ်။ ဒုတိယအနေနနဲ့ ကျွန်တော့်ရဲ့ သိုင်းတာအိုဟာ လက်ရှိမှာ မဟာဆရာသခင် နယ်ပယ်မှာတင် ပိတ်မိနေပြီး တိုးတက်မှု မရှိတော့ဘူး။ အစ်ကိုတော်က ကျွန်တော့်ကို ဖန်ဆင်းခြင်း ကောင်းကင်ကျမ်းရဲ့ အချို့သော အစိတ်အပိုင်းတွေ၊ အထူးသဖြင့် အပ်စိုက်အမှတ်တွေ စုစည်းခြင်းဆိုင်ရာ အစိတ်အပိုင်းတွေကို လျှို့ဝှက် သင်ကြားပေးနိုင်မလား။ ဒါမှ ကျွန်တော်လည်း အောင်မြင်ပြီး အစ်ကိုတော်အတွက် အလုပ်လုပ်ပေးနိုင်မှာ။"

မင်းသားယုက ပြုံးပြုံးလေးဖြင့် ပြောလိုက်သည်။ တကယ်တော့ သူစိတ်ထဲမှာ အစီအစဉ်တစ်ခု ရှိနေသည်။

“အော်… စတုတ္ထညီ၊ မင်းက ငါနဲ့ ချန်ပီယံမြို့စား နှစ်ဦးစလုံး ဒဏ်ရာရအောင် တိုက်ခိုက်ပြီးမှ အကျိုးကျေးဇူးကို ရိတ်သိမ်းချင်တာလား။ ဒါ့အပြင်, မင်းက ဖန်ဆင်းခြင်း ကောင်းကင်ကျမ်းရဲ့ အဆင့်မြင့် သိုင်းပညာကို ခိုးကြည့်ပြီး အပ်စိုက်အမှတ်တွေ စုစည်းတဲ့ နည်းလမ်းကို လိုချင်တာလား။ သိုင်းသူတော်စင် နယ်ပယ်ကို ဝင်ရောက်ဖို့လား။ ဒီအစီအစဉ်က မဆိုးပါဘူး၊ အင်း၊ လုံးဝ မဆိုးဘူး။"

အိမ်ရှေ့စံမင်းသား၏ နားရွက်များက လှုပ်သွားပြီးနောက် မဆိုင်းမတွ ချီးကျူးလိုက်သည်။

"အစ်ကိုတော်က၊ လေးနက်လွန်းနေပါပြီ။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲ လိုချင်တာပါ။ ချန်ပီယံ မြို့စားကိစ္စကတော့ အစ်ကို သိထားပြီးသားလို့ ကျွန်တော် ထင်ပါတယ်။ သူက ခမည်းတော်ရဲ့ တရားမဝင် သားဖြစ်ပြီး နဂါးတစ်ဦးလည်း ဖြစ်တယ်။ သူက ကြီးမားတဲ့ ဆန်းကြယ် ကောင်းကင် ကုန်သွယ်ရေး အဖွဲ့ကို တည်ထောင်ခဲ့ပြီး အခု နန်းတွင်းရဲ့ ထောက်ပံ့မှုမရှိဘဲ စစ်တပ်ကို ထောက်ပံ့နိုင်တယ်။ သူဟာ နောင်အနာဂတ်မှာ အစ်ကိုတော်ရဲ့ ထီးနန်းတက်ဖို့အတွက်လည်း ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီး ဖြစ်နေတယ်။ ကျွန်တော်က အစ်ကိ‌ေတော်ကို နည်းနည်းပါးပါး ကူညီပေးဖို့ လုပ်ဆောင်တာပါ။"

မင်းသားယုက ထပ်မံ ပြောလိုက်သည်။

"ငါ သဘောမတူဘူးဆိုရင်, မင်း ဘယ်လိုလုပ်မလဲ" အိမ်ရှေ့စံမင်းသားက အနည်းငယ် ပြုံးလိုက်သော်လည်း သူ၏ အပြုံးတွင် လျှို့ဝှက်ထားသော ဓားမြှောင်တစ်ချောင်း ရှိနေသည်။ အိမ်ရှေ့စံမင်းသား၏ အပြုံးကို မြင်သောအခါ မင်းသားယုက မျက်မှောင်ကုပ်လိုက်သည်။

"ဟား…၊ ဟား…၊ ဟား…၊ အိမ်ရှေ့စံမင်းသား၊ ဒီကိစ္စကို သဘောတူလိုက်ရင် အကျိုးအမြတ်ပဲ ရှိပြီး အန္တရာယ် မရှိပါဘူး။ ဘာလို့ ဒီလောက် အနိုင်ကျင့်နေရတာလဲ။"

ထိုအချိန်မှာပင် နောက်ဖေး တံခါးကနေ အသံတစ်ခု ထွက်လာပါသည်။ ဂန်ချင်ဖုန်း၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသော ဟုန်ယွိက ထွက်လာခဲ့ခြင်း ဖြစ်သည်။

"ဟင်…" အိမ်ရှေ့စံမင်းသား၏ မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်က လျှပ်တပြက် လင်းလက်သွားခဲ့သည်။

"မင်း ဘယ်သူလဲ။ အိမ်ရှေ့စံမင်းသားနဲ့ မင်းသားတို့ စကားပြောနေတုန်း ကြားဖြတ်ဝင်ပြောရဲတာလား။"

အိမ်ရှေ့စံမင်းသား၏ ဝမ်းဗိုက်ထဲက ကပ်ပါးကောင်ကဲ့သို့ မိန်းမစိုးအိုကြီး ယင်လျန်ဟွာသည် အိမ်ရှေ့စံမင်းသား၏ မျက်လုံးများတွင် သတ်ဖြတ်လို စိတ်နှင့် သူ့စိတ်နှလုံးထဲရှိ မနှစ်မြို့မှုကို ချက်ချင်း ခံစားမိလိုက်သည်။ ရုတ်တရက် သူက ခါးကို မတ်လိုက်ပြီး သူ့ခန္ဓာကိုယ်က လျှပ်တပြက် လှုပ်ရှားသွားခဲ့သည်။

ဝှစ်!

သူ၏ အရိပ်ပင် ဝေဝါးသွားပြီး ယင်လျန်ဟွာသည် ဟုန်ယွိနှင့် ငါးလှမ်းအကွာတွင် ပေါ်လာခဲ့သည်။ သူတို့သည် ငါးလှမ်းအကွာတွင်သာ ရှိတော့သည်။

လက်ညှိုးတစ်ချောင်း၊ ယင်လျန်ဟွာသည် ဟုန်ယွိ၏နှလုံးတည့်တည့်ကို ရက်ရက်စက်စက် ထိုးလိုက်သည်။ မဟုတ်ဘူး၊ ဂန်ချင်ဖုန်း၏ နှလုံး ဖြစ်သင့်သည်။ ကြီးမားပြင်းထန်သော လေပြင်းတစ်ချက်က ဟုန်ယွိ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပါသည်။

ထိုအချိန်တွင် ထူထဲသော အနက်ရောင် အငွေ့များသည် ဟုန်ယွိ၏ရှေ့မှာ ရုတ်တရက် ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ခရုပတ် ဦးချိုနှစ်ချောင်းပါသည့် ကြီးမြတ်သော ကောင်းကင်နတ်ဆိုးတစ်ပါးသည် သူ့ရှေ့မှာ ပေါ်လာခဲ့သည်။

ထိုကြီးမြတ်သော ကောင်းကင်နတ်ဆိုးသည် သူ့ပါးစပ်ကို အကျယ်ကြီး ဖွင့်ပြီး ယင်လျန်ဟွာ၏ လက်ညှိုးကို ကိုက်ချလိုက်ပါသည်။ ဟုန်ယွိ အသုံးပြုနေသည့် ပညာရပ်မှာ စုန်းတစ္ဆေဂိုဏ်း၏ အမြင့်ဆုံး တာအိုပညာရပ်ဖြစ်သည့် စစ်နတ်ဘုရားမှော်ပညာကျမ်းပင် ဖြစ်တော့သည်။

အခန်း (၂၈၆)။

လက်စားချေခြင်းကို အေးနေမှ စားကောင်းသော ဟင်းပွဲတစ်ပွဲအဖြစ် တင်စားဆိုကြသော်လည်း၊ အဆုံးတွင် သူသည် မည်သည့် ဒုက္ခမှ မခံစားခဲ့ရပေ။ သူသည် ချက်ချင်းပင် လက်စားချေလိုက်ပြီ ဖြစ်သည်။ သူသည် သူ့ဂုဏ်ကျက်သရေကို ရယူနိုင်ခဲ့ပြီ ဖြစ်သည်။

ဟုန်ယွိသည် ဟုန်ရှီကို ရိုက်နှက်လိုက်ခြင်းကြောင့် မိန်းမစိုးအိုကြီး ယင်လျန်ဟွာ၏ ဒဏ်ရာပေးခြင်းကို ခံခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့်, သူသည် ချပ်ဝတ်မျိုးစုံကို အများအပြား ဝတ်ဆင်ထားသဖြင့် အဆင်ပြေခဲ့သည်။ သို့သော် သူ အဆင်ပြေသည် ဆိုသော်ငြားလည်း၊ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတစ်ယောက်အနေဖြင့် မိန်းမစိုးတစ်ဦး၏ ထိခိုက်ဒဏ်ရာပေးခြင်းကို ဟုန်ယွိ လုံးဝ သည်းမခံနိုင်ခဲ့ပေ။ ယခု သူသည် ကောင်းကင်ဓား ဂိုဏ်း၏ ဂိုဏ်းချုပ် ဂန်ချင်ဖုန်း၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး လက်စားချေရန် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သူသည် ယင်လျန်ဟွာကို သင်ခန်းစာ ပေးရပေတော့မည်။

သူသည် ဤမိန်းမစိုးအိုကြီးကို ချက်ချင်း သတ်ဖြတ်၍ မရနိုင်သော်လည်း၊ လွယ်လွယ်ကူကူနှင့် လွှတ်ပေးမည် မဟုတ်ချေ။ ဟုန်ယွိသည် အသေးအဖွဲ ကိစ္စလေးအတွက် လက်စားချေတတ်သူ မဟုတ်သော်လည်း၊ မိန်းမစိုးတစ်ဦးက သူ့အား ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အနိုင်ကျင့်ခြင်းကိုမူ ခွင့်ပြုမည် မဟုတ်ပေ။

အမှန်တကယ်လည်း ယင်လျန်ဟွာ၏ စိတ်ထဲတွင် ဟုန်ယွိကဲ့တို့လို လူမျိုးသည် ပုရွက်ဆိတ်တစ်ကောင်ထက် မပိုပေ။ ဟုန်ယွိ အသက်ရှင်သည် ဖြစ်စေ၊ သေဆုံးသည်ဖြစ်စေ သူ ဂရုမစိုက်ပေ။ မဟာဆရာသခင်တစ်ဦးကို သတ်ဖြတ်ခြင်းသည် အရေးမကြီးသော ကိစ္စတစ်ခုသာ ဖြစ်သည်။ ဟုန်ယွိသည် ထိုကဲ့သို့သော လူများကို မုန်းတီးသည်။

ထို့ကြောင့် ဟုန်ယွိသည် သူ၏အစွမ်းထက်သော ပညာကို ချက်ချင်း အသုံးပြုလိုက်သည်။ စစ်နတ်ဘုရားမှော်ပညာကျမ်း၏ စစ်နတ်ဘုရားနတ်ဆိုး သည် ဤမိန်းမစိုးအိုကြီးကို ကိုက်သတ်ရန် ရောက်ရှိလာလေပြီ။

ဟုန်ယွိ၏ တိုက်ခိုက်မှုသည် တစ္ဆေချီများဖြင့် ပြည့်နှက်နေသည်။ အနက်ရောင် အငွေ့များသည် သူ့ကို ဖုံးလွှမ်းနေပြီး နတ်ဆိုးတိမ်တိုက်များသည် သူ၏ခန္ဓာကိုယ် ပတ်ပတ်လည်၌ တဟုန်ထိုး ပျံ့နှံ့တိုးဝင်နေကြသည်။ ၎င်းသည် လူတိုင်း၏ စိတ်နှလုံးကို ဖိစီးစေပြီး အလွန် စိတ်မသက်မသာ ခံစားရစေသည့် ထူထဲပြီး ခြောက်သွေ့သော၊ ရိုးရှင်းပြီး လေးလံသော ရှေးဟောင်းစွမ်းအင်ကို သယ်ဆောင်လာလေသည်။

ရှေးဦးခေတ်မှ လွှမ်းမိုးကြီးစိုးလွန်းသော နတ်ဆိုးတစ်ပါးသည် လူ့ဘုံသို့ ဆင်းသက်လာပြီး၊ အခြေခံစည်းမျဉ်းများနှင့် တည်ရှိမှု အားလုံးကို ဖျက်ဆီးပစ်ချင်နေသယောင် ရှိသည်။

သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို အနက်ရောင် တိမ်တိုက်များဖြင့် ဖုံးလွှမ်းနေရုံသာမက ခရုပတ်ပုံစံ ဦးချိုများနှင့် အစွယ်များ ပါရှိသည့် လူ့ဦးခေါင်း အရွယ်အစားရှိ စစ်နတ်ဘုရား နတ်ဆိုးဦးခေါင်းကြီးတစ်ခုသည် ဟုန်ယွိ၏ ရှေ့မှောက်၌ ပေါ်ပေါက်လာသည်။

မူလက စစ်နတ်ဘုရား နတ်ဆိုးကိုယ်ပွား၏ ဦးခေါင်းအရွယ်အစားသည် အလွန် ကြီးမားသော်လည်း၊ ယခုအခါ ဟုန်ယွိသည် အထူးပြင်ဆင်ကာ၊ ချုံ့ထားခြင်း ဖြစ်သည်။

သူ ချုံ့လိုက်သော်လည်း ၎င်း၏ စွမ်းအားမှာမူ ဆတိုး မြင့်တက်လာလေသည်။

နတ်ဆိုးဦးခေါင်းသည် ပို၍သေးငယ်လေ၊ ပိုသိပ်သည်းလေ ဖြစ်ပြီး၊ ပိုမို အစွမ်းထက်လေ ဖြစ်ပေသည်။

စုန်းတစ္ဆေဂိုဏ်းချုပ် ယုဝူဒေါင် စိတ်ကူးဖြင့် ပုံဖော်ထားသော စစ်နတ်ဘုရား နတ်ဆိုးကိုယ်ပွားသည် အိမ်တစ်လုံးစာမျှ ကြီးမားပေသည်။ ထို့ကြောင့် ဖန်ရှင်းတာအိုဂိုဏ်းချုပ် ရှောင်အန်းရန်၏ မူလယန်ကောင်းကင်ခွဲပုဆိန်ဖြင့် နှစ်ပိုင်း ပိုင်းဖြတ်ခံရခြင်းကို မခုခံနိုင်ခဲ့ပေ။ (ရှေ့မှာတုန်းက မူလယန် နတ်ဘုရားပုဆိန်ဟု ပြန်ဆိုခဲ့သည်။ ပါသည့်အတိုင်း ပြန်ဆိုခြင်း ဖြစ်ပါသည်)။

သို့သော် ဟုန်ယွိ ပုံဖော်ထားသော စစ်နတ်ဘုရား နတ်ဆိုးကိုယ်ပွားမှာမူ သုံးဆမှ ငါးဆအထိ ပိုမို စွမ်းအားကြီးမားပေသည်။ ချန်ယင်းရှာသည် စစ်နတ်ဘုရားမှော်ပညာကျမ်း၏ အဓိပ္ပာယ်ကို စုန်းတစ္ဆေဂိုဏ်းချုပ် ယုဝူဒေါင်၏ လက်ထဲမှ အတင်းအဓမ္မ ရယူနိုင်ခဲ့သည်။ ဟုန်ယွိသည်လည်း ဘာသာပြန်ထားသော ကျမ်းစာများကို ဖတ်ရှုပြီး ပုံရိပ်များကို ပေါင်းစပ်ကာ ကျမ်းစာ၏ အဓိပ္ပာယ်ကို တဖြည်းဖြည်း နားလည်လာခဲ့သည်။

အထူးသဖြင့် ဟုန်ယွိသည် နတ်ဆိုးနတ်ဘုရား၏ သွေးကိုပင် စားသုံးခဲ့ဖူးပြီး ရှေးခေတ် စစ်နတ်ဘုရား၏ စိတ်ဆန္ဒ၏ အနှစ်သာရကို နားလည် သဘောပေါက်ခဲ့သည်။

ထို့ကြောင့် သူသည် စစ်နတ်ဘုရားမှော်ပညာကျမ်းမှ စစ်နတ်ဘုရားကို အသုံးပြုသည့်အခါ ပိုပြီး ထိရောက်မူရှိသည်။ စုန်းတစ္ဆေတာအိုဂိုဏ်း၏ ဂိုဏ်းချုပ် ယုဝူဒေါင် ပြန်လည် မွေးဖွားလာလျှင်ပင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။

ဤလှုပ်ရှားမှု တစ်ခုတည်းဖြင့် ဟုန်ယွိသည် စုန်းတစ္ဆေတာအိုဂိုဏ်း၏ အစစ်မှန်သော ဂိုဏ်းချုပ်တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။

"အင်း..."

ယင်လျန်ဟွာသည် ဟုန်ယွိ၏ ခန္ဓာကိုယ်နှင့် ငါးပေသာ ကွာဝေးတော့သည်။ လှုပ်ရှားမှု တစ်ခုတည်းဖြင့် ဟုန်ယွိကို သတ်ဖြတ်နိုင်သည်ဟု ထင်ခဲ့သော်လည်း၊ ထူထဲသော အနက်ရောင် မြူခိုးများသည် ရုတ်တရက် သူ၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် လူ့ဉီးခေါင်းအရွယ်အစားရှိသော နတ်ဆိုးဦးခေါင်းတစ်ခုက သူ့ကို ကိုက်ခဲရန် ရောက်ရှိလာသည်။ သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်သည် ချက်ချင်း ရပ်တန့်သွားသည်။ တစ်ချိန်တည်းမှာပင် သူသည် သူ၏ လက်ကို ပြန်ရုပ်လိုက်လေသည်။

သူ သူ့လက်ကို ပြန်ရုပ်လိုက်သည့်အခါ စစ်နတ်ဘုရား ဦးခေါင်း၏ ကြမ်းကြုတ်သော ကိုက်ခဲမှုကို ရှောင်တိမ်းလိုက်နိုင်ခဲ့သည်။

စစ်နတ်ဘုရား၏ ဉီးခေါင်းသည် လေကိုသာ ကိုက်မိသွားလေသည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လေဟာနယ်တစ်ခုလုံးကို နားမခံသာအောင် မြည်ဟည်းသွားစေသည်။ လက်သီးတစ်ချက် လေထုထဲ ထိုးနှက်လိုက်သကဲ့သို့ လေဟာနယ် ပေါက်ကွဲသည့် အသံများ ထွက်ပေါ်လာသည်။

ဤအသက်တစ်ရှိုက်အတွင်းမှာပင် လေထုသည် ဖန်သားအဖြစ် အေးခဲသွားပြီး ကွဲအက်သွားသကဲ့သို့ ခံစားချက်ကို ပေးစွမ်းသည်။

ထိုမှတဆင့် စစ်နတ်ဘုရား ဦးခေါင်း၏ ကိုက်အားကို မြင်တွေ့နိုင်သည်။ သံမဏိဖြင့် ပြုလုပ်ထားလျှင်ပင် တစ်ချက်ကိုက်ရုံဖြင့် ကြေမွသွားနိုင်သည်။

ထိုစစ်နတ်ဘုရား ကိုယ်ပွားကို ဟုန်ယွိသည် သူ၏စိတ်ဆန္ဒဖြင့် ပုံဖော်ခဲ့ခြင်း ဖြစ်သော်လည်း၊ ဟုန်ယွိ၏ လက်ရှိ ကျင့်စဉ်ဖြင့်ဆိုလျှင် သူ၏ စိတ်ဝိညာဉ်သည် သန့်စင်သော ယန်စိတ်ဝိညာဉ် ဖြစ်နေပြီ ဖြစ်ရာ၊ သူသည် စိတ်ကူးပုံရိပ်များကို အစစ်အမှန်အဖြစ် အသွင်ပြောင်းလဲနိုင်သည်။ သူ၏ စွမ်းအားသည် အကန့်အသတ်မရှိပေ။ စိတ်ကူးပုံရိပ်များသည် အစစ်မှန် အရာဝတ္ထု ဖြစ်လာခဲ့ပြီ။

"ဘယ်လောက် အစွမ်းထက်တဲ့ တာအိုပညာရှင်လဲ..."

ယင်လျန်ဟွာသည် နောက်ဆုတ်သွားစဉ် သူ၏ခန္ဓာကိုယ်သည် ဆက်တိုက်ဆိုသလို လျှပ်တပြက် လှုပ်ရှားသွားခဲ့သည်။ ရုတ်တရက် သူသည် လက်သီးသုံးချက်ကို ပြင်းပြင်းထန်ထန် ထိုးထုတ်လိုက်ပါသည်။ လက်သီးတစ်ချက်စီတိုင်း၌ အရှိန်ဟုန်ပြင်းစွာ စီးဆင်းနေသော မြစ်ရေပြင်းကဲ့သို့ ကြီးမားပြင်းထန်သော လက်သီးဆန္ဒများ တဟုန်ထိုး ပျံ့နှံ့နေခဲ့သည်။ လက်သီးဆန္ဒသည် မြို့တံခါးဖျက်သစ်တုံးကဲ့သို့ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ (ဤနေရာတွင် မြို့တံခါးဖျက်သစ်တုံးဖြင့် တင်စားပြောခြင်းသည် သူ၏ လက်သီးချက်တိုင်းက မြို့တံခါးဖျက်သစ်တုံးကဲ့သို့ လေးလံပြီး အရှိန်အဟုန်ပြင်းကာ တစ်ဖက်သားကို ကြေမွသွားစေနိုင်ကြောင်း ဖော်ပြလိုခြင်း ဖြစ်သည်။)

ဘန်း…၊ ဘန်း…၊ ဘန်း…။

လေထုကို ပေါက်ကွဲစေသည့် လက်သီးသုံးချက်သည် လေကို တိုက်ရိုက် ဖိသိပ်ပြီး စစ်နတ်ဘုရား၏ ဦးခေါင်းကို နဖူးပေါ် တိုက်ရိုက် ထိမှန်သွားသည်။ ချက်ချင်းပင် စစ်နတ်ဘုရား၏ ဦးခေါင်းသည် ပေါက်ကွဲသွားပြီး လွင့်ပျံနေသော အနက်ရောင် မီးခိုးများအဖြစ်သို့ ပြောင်းလဲသွားလေသည်။

"ဒါက မိန်းမစိုးအိုကြီး ယင်လျန်ဟွာရဲ့ လက်ဖဝါးစွမ်းအားပဲ.. တကယ်ကို ဒီလောက်တောင် အစွမ်းထက်တာလား။.. သူ့ရဲ့ သွေးစွမ်းအားကတောင် ဒီလောက် အားကောင်းနေတယ်။"

ယင်လျန်ဟွာ ထိုးနှက်လိုက်သည့်အချိန်တွင် ဟုန်ယွိသည် သူ့ဝိညာဉ်တစ်ခုလုံး တုန်ခါနေသည်ကို ခံစားလိုက်ရ၏။ တစ်ချိန်တည်းမှာပင် ယင်လျန်ဟွာ၏ ခန္ဓာကိုယ်မှ နေမင်းကြီးကဲ့သို့ ပူလောင် ပြင်းထန်ပြီး၊ မည်သူမျှ ဖြိုခွဲ၍မရနိုင်လောက်အောင် ခိုင်မာသော အော်ရာတစ်ခုက ထုတ်လွှတ်လာခဲ့ပြီး၊ ဟုန်ယွိအား ပူလောင်နေသော သံမဏိမီးဖိုကြီးဘေး၌ ရောက်ရှိနေသကဲ့သို့ ခံစားရစေသည်။

အော်... အော်... အော်...။

ယင်လျန်ဟွာ၏ လက်သီးသုံးချက်သည် စစ်နတ်ဘုရား၏ ဦးခေါင်းကို အနက်ရောင် မီးခိုးလုံးအဖြစ် ပြောင်းလဲလိုက်သည့် အချိန်မှာပင်၊ ဤအနက် ရောင် မီးခိုးလုံးကြီးသည် မြေပြင်ပေါ်သို့ ရိုက်ခတ်သွားလေသည်။ ချက်ချင်းပင် လူတစ်ယောက် အရပ်အမြင့်ရှိသော အစစ်မှန် စစ်နတ်ဘုရား အဖြစ်သို့ ပြောင်းလဲ ပုံဖော်သွားလေသည်။

ဧရာမတူကြီးကို ကိုင်ဆောင်ထားပြီး ပြင်းပြသော တိုက်ပွဲဆန္ဒများ ထုတ်လွှတ်နေသည့် ရှေးခေတ် စစ်နတ်ဘုရားတစ်ပါး…။

သူသည် လူသားပုံစံကို အသွင်ယူလိုက်သည်နှင့် ရှေးခေတ် စစ်နတ်ဘုရားသည် နောက်ဆုံးတွင် ပြန်လည် ရှင်သန်လာပြီး လူ့ဘုံသို့ ပြန်လာပြီဟု လူတိုင်း ခံစားလိုက်ရသည်။

သူ၏ လွှမ်းမိုးနိုင်သော အော်ရာသည် ရောက်ရှိနေသူ အားလုံးကို ထိတ်လန့်စေခဲ့သည်။ အိမ်ရှေ့စံမင်းသား ယန်ယွမ်၏ မျက်နှာအမူအရာပင်လျှင် ပြောင်းလဲသွားသည်။ သူသည် လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး၊ သူ ထရပ်မိလုနီးပါး ဖြစ်နေပြီ။

ဤရှေးခေတ် စစ်နတ်ဘုရားကြီး လူ့ဘုံသို့ ပြန်ရောက်လာသည့် အခိုက်တန့်မှာပင်, သူသည် ခြေထောက်ကို ဆောင့်နင်းလိုက်ရာ၊ မြေပြင်သည် တုန်ခါသွားလေသည်။ တစ်ချိန်တည်းမှာပင် သူ၏လက်ထဲမှ ဧရာမတူကြီးကို အထက်သို့ လွှဲယမ်းလိုက်ပြီး ကောင်းကင်သို့ ပျံတက်နေသော သိမ်းငှက်တစ်ကောင်၏ အမြန်နှုန်းဖြင့် ယင်လျန်ဟွာ၏ ခေါင်းဆီသို့ ရိုက်ချလိုက်လေသည်။

ဤလှုပ်ရှားမှုတွင် သိုင်းသူတော်စင်တစ်ဦး၏ လွှမ်းမိုးမူများ ပါဝင်နေသည်။ မဟုတ်ဘူး။ ၎င်းသည် သိုင်းသူတော်စင်တစ်ဦး၏ သိုင်းပညာထက်ပင် ပိုမို ဆန်းကြယ်နေပြီး၊ လူသားအင်မော်တယ်၏ စွမ်းအားပင် ဖြစ်နိုင်ပါသည်။ သို့သော် လူသားအင်မော်တယ်၏ စွမ်းအားမျိုး မပါဝင်ခဲ့ပေ။

ဤစစ်နတ်ဘုရား…။ သူသည် ရှေးခေတ်က ရိုးရှင်းသော တူသိုင်းပညာကို အပြည့်အဝ ဖော်ထုတ်ပြသလိုက်ခြင်း ဖြစ်သည်။

"ဘယ်လောက် ပြင်းထန်တဲ့ တူပညာရပ်လဲ။.. ကြီးမားလိုက်တဲ့ခွန်အား…..။"

ယင်လျန်ဟွာပင်လျှင် ဝင်ရောက်လာသော တူကြီးကို မြင်သောအခါ ဟစ်ကြွေးသံနှစ်ချက် ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ် လျှပ်တပြက် လှုပ်ရှားသွားခဲ့ပြီး၊ သူ၏ လက်ဖဝါးများက လှုပ်ရှားသည့်အခါ ဧရာမ တူကြီး၏ ခေါင်းပေါ်သို့ လက်ညှိုးတစ်ချောင်း ကျရောက်သွားလေသည်။

ဘုန်း…။

တူကြီးနှင့် လက်ညှိုး အပြင်းအထန် တိုက်မိသည့်အခါ ဧည့်ခံခန်းတစ်ခုလုံး၏ ကြမ်းခင်းများသည် လေထဲသို့ ပျံတက်သွားသည်။ ကြမ်းပြင်တစ်ခုလုံး ရှုပ်ထွေးသွားပြီး ပြင်းထန်သော သွေးနီရောင် အပူစွမ်းအင်လှိုင်းက အရပ်မျက်နှာ အားလုံးသို့ ပျံ့နှံ့သွားလေသည်။ လူတိုင်း ပူလောင်သော ခံစားမှုကို ခံစားလိုက်ရသည်။

ဤသည်မှာ သိုင်းပညာနှင့် တာအိုပညာတို့ကြားက တိုက်ပွဲ မဟုတ်ပေ။ ဤသည်မှာ သိုင်းသူတော်စင် အဆင့်ရှိသော ကျွမ်းကျင်သူနှစ်ဦးကြားက တိုက်ပွဲပင် ဖြစ်သည်။

ဤအချိန်တွင် စစ်နတ်ဘုရားသည် နတ်ဆိုးတစ်ပါး မဟုတ်တော့ပေ။ သူသည် ထူးခြားသော သို့မဟုတ် သိမ်မွေ့နက်နဲသော တာအိုပညာများကို အသုံးမပြုဘဲ၊ သန့်စင်သော သိုင်းပညာသက်သက်ဖြစ်သည့် တူကြီးကို ဝှေ့ယမ်းပြီး လေထုကို ပေါက်ကွဲစေကာ ဆန်းကြယ်သော လှုပ်ရှားမှုများဖြင့် ထိုးနှက်တိုက်ခိုက်လေသည်။

ဤကဲ့သို့ တိုက်ခိုက်မှုသည် မည်သည့်တာအိုပညာထက် ပိုမို အစွမ်းထက်သည်မှာ သေချာသည်။ ၎င်းသည် ထိရောက်မှုလည်း ရှိပေသည်။

ချက်ချင်းပင် စစ်နတ်ဘုရား၏ ရုပ်တုနှင့် ယင်လျန်ဟွာတို့သည် ၁၀ ကြိမ်ကျော် တိုက်ခိုက်ခဲ့ကြသည်။ သူတို့ တိုက်ခိုက်နေစဉ် သူတို့၏ စွမ်းအင်သည် ပြင်းထန်နေသည်။ သွေးနီရောင် အပူလှိုင်း စွမ်းအင်များက တုန်ခါနေပြီး သူတို့သည် လက်ရည်တူ ယှဉ်ပြိုင်နေကြလေသည်။

သိုင်းသူတော်စင်တစ်ပါးဖြစ်သည့် မိန်းမစိုး ယင်လျန်ဟွာသည် စစ်နတ်ဘုရားကို ပတ်ကွေ့ပြီး ဟုန်ယွိအား ပြင်းပြင်းထန်ထန် တိုက်ခိုက်ရန် ကြိုးစားနေခဲ့သည်။ သို့သော် စစ်နတ်ဘုရား၏ သိုင်းပညာသည် အလွန် ရှုပ်ထွေးလွန်းသဖြင့် သူသည် အဝေးကို ထွက်ခွာ၍ မရနိုင်ခဲ့ပေ။

"ကျုပ်ရဲ့ စစ်နတ်ဘုရားဦးခေါင်းကို ဒီလိုပုံစံမျိုးနဲ့ ဖျက်ဆီးပစ်နိုင်မယ်လို့ ခင်ဗျား ထင်နေလား။.. ခင်ဗျား မှားသွားပြီ..။ စစ်နတ်ဘုရားမှော်ပညာကျမ်း ဆိုတာ ရှေးဟောင်းကျမ်းစာတွေထဲက တစ်ခုပဲ.. အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဗောဓိသတ္တကျမ်းထက်တောင် ပိုနက်နဲသေးတယ်..။ ရှေးခေတ် စစ်နတ်ဘုရားရဲ့ စိတ်ဆန္ဒကို အထင်သေးလို့ မရဘူးဆိုတာ အခုမှ ငါ သိတော့တယ်..။ စစ်နတ်ဘုရားမှော်ပညာကျမ်းက တကယ်ကို အကောင်းဆုံး ပညာတွေထဲက တစ်ခုပါလား..။ ဒါက အတိတ်ကျမ်းထက် မနိမ့်ကျဘူး.. စုန်းတစ္ဆေဂိုဏ်းက လူတွေဟာ အဓိကအရာကို လျစ်လျူရှုပြီး အလောင်းတွေ သန့်စင်တာကိုပဲ အာရုံစိုက်နေကြတာ ဝမ်းနည်းစရာပဲ..။ ဒီစစ်နတ်ဘုရား ရုပ်တုက ဧကရာဇ်အလောင်း ဒါမဟုတ် ပျံဝဲနေတဲ့ အလောင်းတွေထက် အဆပေါင်း တစ်ရာ ပိုအားကောင်းတယ်။.. ငါသာ မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ရင်၊ ဒီစစ်နတ်ဘုရား ရုပ်တုဟာ စိတ်ဝိညာဉ်ဖြိုခွဲရုပ်သေးထက် နိမ့်ကျမှာ မဟုတ်ဘူး။"

အစပိုင်းတွင် သူသည် စစ်နတ်ဘုရားမှော်ပညာကျမ်းက အလွန် အစွမ်းထက်မည်ဟု မထင်မှတ်ခဲ့ပေ။ သို့သော် ဟုန်ယွိသည် နောက်ဆုံးတွင် ရှေးခေတ် စစ်နတ်ဘုရား၏ စွမ်းအားကို နားလည်သဘောပေါက်ခဲ့သည်။

ရှေးခေတ် စစ်နတ်ဘုရားကို ပုံဖော်ပြီးနောက် သူသည် ယင်လျန်ဟွာကဲ့သို့သော သိုင်းသူတော်စင်၏ စွမ်းအားနှင့် ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူသည် ပြိုင်ဘက်၏ လက်သီးဆန္ဒကိုလည်း မကြောက်ရွံ့သလို၊ ပြိုင်ဘက်၏ သွေးနီရောင် အပူစွမ်းအင်ကိုလည်း ကြောက်စရာ မလိုပေ။

ရှေးခေတ် စစ်နတ်ဘုရား ထုတ်ဖော်နေသည့် သိုင်းပညာသည် ဟုန်ယွိက နတ်ဆိုးနတ်ဘုရားသွေး၏ စိတ်ဆန္ဒမှ ထုတ်ယူထားခြင်း ဖြစ်ပြီး၊ စစ်နတ်ဘုရား ရုပ်တုထဲသို့ ထည့်သွင်းခဲ့သော နတ်ဘုရား စိတ်ဝိညာဉ် အတွေးတစ်ခု ဖြစ်ပေသည်။

ထို့ကြောင့် ရုပ်တုက ထုတ်ဖော်လာသော သိုင်းပညာသည် နတ်ဆိုးနတ်ဘုရား၏ သွေးထဲမှ စစ်နတ်ဘုရား၏ သိုင်းပညာ ဖြစ်သောကြောင့် ဤမျှလောက် အလွန် အားကောင်းနေရခြင်း ဖြစ်သည်။

ယခင်က ဟုန်ယွိ ထုတ်ဖော်တိုက်ခိုက်လေ့ရှိသော အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဗောဓိသတ္တကျမ်းသည်လည်း အလွန် အစွမ်းထက်ပါသည်။ သို့သော် သိုင်းသူတော်စင်အတွက်မူ အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဗောဓိသတ္တကျမ်းသည် ထိုးနှက်ချက် တစ်ခုတည်းကိုပင် မခုခံနိုင်ပေ။

သို့သော် စစ်နတ်ဘုရား ရုပ်တုသည်ကား များစွာပို၍ ကြမ်းတမ်းပေသည်။ သူသည် သိုင်းသူတော်စင်တစ်ဦးနှင့် အမှန်တကယ် ယှဉ်ပြိုင်နိုင်ခဲ့သည်။

သို့သော် ယခုလိုခုခံနိုင်ရန်အတွက် ပေးဆပ်ရမည့် တန်ဖိုးတစ်ခု ရှိပေသည်။

ဤတန်ဖိုးမှာ ဟုန်ယွိ၏ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်၏ ကိုးဆယ် ရာခိုင်နှုန်း နီးပါးသည် စစ်နတ်ဘုရား ရုပ်တု၏ ခန္ဓာကိုယ်ပေါ်၌ အာရုံစိုက်ထားရခြင်း ဖြစ်သည်။ သူသည် ရှေးခေတ် စစ်နတ်ဘုရားအဖြစ် သိပ်သည်းထားမှုကို ထိန်းထားရသည်။ မဟုတ်လျှင် ယင်လျန်ဟွာကြောင့် ဖျက်ဆီးခံရပေလိမ့် မည်။

ကျန်ရှိနေသည့် စိတ်ပိုင်းဆိုင်ရာစွမ်းအင် ဆယ်ရာခိုင်နှုန်းဖြင့် ဟုန်ယွိသည် အိမ်ရှေ့စံမင်းသား ယန်ယွမ်ကို သဘာဝအတိုင်း အာရုံစိုက်နေခဲ့သည်။

ဟုန်ယွိ၏ စိတ်ထဲတွင် အိမ်ရှေ့စံမင်းသား ယန်ယွမ်သည် ဤမိန်းမစိုး သိုင်းသူတော်စင်ထက် ပိုပြီး ကြောက်မက်ဖွယ် ကောင်းသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။

အဘယ်ကြောင့်ဆိုသော် သူသည် အိမ်ရှေ့စံမင်းသား ယန်ယွမ်၏ ခေါင်းနောက်တွင် အလင်းရောင်စဉ်ဝိုင်းများ အလွှာလိုက် ရှိနေသည်ကို အခုနကမှ တွေ့ရှိခဲ့သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အသက်မဲ့ အနာဂတ်ကျမ်းဖြင့် စုစည်းထားသော အလင်းရောင်စဉ်ဝိုင်းများ ဖြစ်ကြသည်။

သို့သော် ခြားနားချက်မှာ သူသည် ထာဝရမိခင်ထံမှ သိမ်းယူခဲ့သော နတ်ဘုရားများမှာ ခုနစ်ပါးသာ ရှိသည်။ ထိုနတ်ဘုရားများ သူ့ခေါင်းနောက်တွင် ပေါ်လာသောအခါ အလင်းရောင်စဉ်ဝိုင်း ခုနစ်ခုသာ ရှိသည်။ အိမ်ရှေ့စံမင်းသား ယန်ယွမ်မှာမူ အလင်းရောင်စဉ်ဝိုင်း ကိုးခု ရှိသည်။

မှန်ပေသည်။ အိမ်ရှေ့စံမင်းသား ယန်ယွမ်သည် အလင်းရောင်စဉ်ဝိုင်း ကိုးခုကို ကျင့်ကြံထားခဲ့သည်။ မဟာနတ်ဘုရား ကိုးပါး။ ၎င်းသည် အသက်မဲ့ အနာဂတ်ကျမ်း၏ အမြင့်ဆုံးအဆင့် ဖြစ်သည်။ ကိုးပါးစလုံးကို တစ်ခုတည်းအဖြစ် ပြန်ပေါင်းစည်းနိုင်သည်နှင့် သူသည် အင်မော်တယ် မူလဝိညာဉ်ကို ရရှိနိုင်သည်။

သို့သော် ဤသည်မှာ အဓိက အချက် မဟုတ်ပေ။ အဓိက အချက်မှာ အိမ်ရှေ့စံမင်းသား၏ ဘေးတွင် အစစ်မှန် လေဟာနယ် ဂိုဏ်း၏ ခေါင်းဆောင် ရှိနေခြင်း ဖြစ်သည်။ မိန်းမစိုး ယင်လျန်ဟွာသည် အစစ်မှန် လေဟာနယ် ဂိုဏ်း၏ ခေါင်းဆောင် လုံးဝ မဟုတ်ပေ။

"စတုတ္ထညီလေး.. မင်းရဲ့နေအိမ်မှာ ဒီလို တာအိုပညာရှင် တစ်ယောက် ရှိနေတာကိုး.. ဒါကြောင့် မင်းက ထာဝရမိခင်လို ဂိုဏ်းချုပ်တစ်ယောက်ကို ဖမ်းနိုင်ခဲ့တာ ဖြစ်မယ်.. ငါ မင်းကို တစ်ခုခု ဆုချဖို့ တကယ် လိုနေပြီ.. မင်း တောင်းဆိုထားတဲ့ အချက်တွေကို ငါ အလေးအနက် စဉ်းစားပေးရတော့မယ် ထင်တယ်။"

ယင်လျန်ဟွာနှင့် စစ်နတ်ဘုရားတို့ တိုက်ခိုက်နေသည့် အချိန်၌ပင် အိမ်ရှေ့စံမင်းသား ယန်ယွမ်သည် ရုတ်တရက် ထရပ်ပြီး လက်ညှိုးထိုးလိုက်သည်။ ကိုးရောင်ခြယ် အလင်းတန်းတစ်ခုက ဟုန်ယွိထံ တည့်တည့် ပစ်ခတ်သွားလေသည်။

"အိမ်ရှေ့စံမင်းသား.. ခင်ဗျားက ဒီမိန်းမစိုးအိုကြီးနဲ့ ပေါင်းပြီး ကျုပ်ကို ရင်ဆိုင်နေတာလား.. ဒါပေမဲ့ ကျုပ်က ခင်ဗျားတို့ကို ဘာလို့ ကြောက်ရမှာလဲ။"

သူ့ထံ ပစ်ခတ်လာသော ကိုးရောင်ခြယ် အလင်းတန်းကို မြင်သောအခါ ဟုန်ယွိ၏ အတွေးတစ်ချက်က လှုပ်ရှားသွားပါသည်။ သူ၏ ဦးခေါင်းနောက်တွင် ခုနစ်ရောင်ခြယ် အလင်းရောင်စဉ်ဝိုင်းတစ်ခု ပေါ်လာသည်။ ခုနစ်ရောင်ခြယ် အလင်းရောင်စဉ်ဝိုင်းသည် ချက်ချင်း လက်ဖဝါးကြီးတစ်ခုအဖြစ် ပုံဖော်လိုက်ပြီး အိမ်ရှေ့စံမင်းသား၏ ကိုးရောင်ခြယ် အလင်းတန်းဆီသို့ ရိုက်ချလိုက်လေသည်။ ၎င်းတို့နှစ်ခုစလုံး လေဟာနယ်ထဲတွင် ပြင်းပြင်းထန်ထန် တိုက်မိပြီး ပေါက်ကွဲသံများ ကြားရသည်။ ထို့နောက် နှစ်ခုစလုံး တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားလေ သည်။

"မဟာလေဟာနယ် လက်ဖဝါး။ မင်း..."

အိမ်ရှေ့စံမင်းသား၏ မျက်လုံးများက ရုတ်တရက် စူးရှသွားလေသည်။

"မှန်တယ်.. ထာဝရမိခင်က ကျုပ်လက်ထဲ ကျရောက်ခဲ့တယ်.. ကျုပ် သူမရဲ့ ခန္ဓာကိုယ်ထဲက နတ်ဘုရား ၇ ပါးကို ထုတ်ယူပြီး၊ သဘာဝအတိုင်း သန့်စင်လိုက်ပြီ..။ အိမ်ရှေ့စံမင်းသား.. အခု ကျုပ်ရဲ့ စွမ်းရည်ကို ခင်ဗျား သိပြီလား။"

ဟုန်ယွိက နက်နဲသော လေသံဖြင့် ပြောဆိုလိုက်သည်။

"အကြီးအကဲယင်.. ရပ်လိုက်။"

အိမ်ရှေ့စံမင်းသား ယန်ယွမ်က ရုတ်တရက် အော်ပြောလိုက်သည်။

အိမ်ရှေ့စံမင်းသား၏ အသံကို ကြားသောအခါ ယင်လျန်ဟွာ၏ ခန္ဓာကိုယ်သည် နောက်ပြန် ဆုတ်သွားလေသည်။ သူ၏ လက်ဖဝါးများက လေပြင်း တစ်ချက် သယ်ဆောင်ကာ ပျံထွက်လာပြီး စစ်နတ်ဘုရား၏ တူကြီးကို ဆက်တိုက် ရိုက်နှက်လိုက်သည်။ တူကြီးနှင့် လက်ဖဝါးရိုက်ချက်တို့ အပြင်းအထန် တိုက်မိကြသည်။ တစ်ချက်ပြီးတစ်ချက် အပြင်းအထန် ထိတွေ့သည့်အသံက ပိုမို ကျယ်လောင်လာသည်။ သူတို့သည် ၃၆ ကြိမ်အထိ ဆက်တိုက် တိုက်မိခဲ့ကြသည်။ ဘုန်း…။ စစ်နတ်ဘုရား၏ ရုပ်တုသည် အနက်ရောင် မီးခိုးလုံးအဖြစ် ပြောင်းလဲသွားပြီး ဟုန်ယွိ၏ ခန္ဓာကိုယ် ပတ်လည်၌ လိမ်ယှက်နေသည်။ မိန်းမစိုး ယင်လျန်ဟွာမှာမူ အသက်ပြင်းပြင်း နှစ်ချက် ရှူသွင်းပြီး အိမ်ရှေ့စံမင်းသား၏ နောက်၌ ရပ်တန့်ရန် နောက်ဆုတ်သွားလေသည်။

ယခင် အသက်ရှူမှုများမှတဆင့် ဤမိန်းမစိုး သိုင်းသူတော်စင်သည် စွမ်းအင် အများအပြား ကုန်ဆုံးသွားပြီ ဖြစ်ကြောင်းကို ပြသနေသည်။

"ဒီလောက်တောင် အစွမ်းထက်တာလား.. ငါ ဒီမိန်းမစိုးအိုကြီဂကို အထင်သေးမိပုံရတယ်။.. နောက်ဆုံးအချိန်မှာ သူက စစ်နတ်ဘုရားကို တကယ် ဖျက်ဆီးပစ်လိုက်တယ်။"

ဟုန်ယွိသည် ယင်လျန်ဟွာ နောက်ဆုတ်သွားသည်ကို ကြည့်ရှုနေသော်လည်း နောက်ထပ် တာအိုပညာများကို မသုံးတော့ပေ။ ဤအချိန်၌ သူသည် ယင်လျန်ဟွာ၏ သိုင်းပညာကို အကြမ်းဖျင်း နားလည်သဘောပေါက်ခဲ့ပြီ ဖြစ်သည်။

"ဟေ့ မိန်းမစိုးအိုကြီး.. ခင်ဗျား ခုနက ကျုပ်ကို တိုက်ခိုက်ရဲတယ်ပေါ့..။ ခင်ဗျား ပိုပြီး သတိထားနေရင် ကောင်းလိမ့်မယ်..။ ခင်ဗျားကို နွေဦးရောက်တဲ့ အထိ အသက်ရှင်ခွင့် ပေးမှာ မဟုတ်ဘူးလို့ ကျုပ်ပြောရင် ခင်ဗျား ယုံမလား။"

ဟုန်ယွိက ယင်လျန်ဟွာကို တိုက်ရိုက် လက်ညှိုးထိုးပြီး ပြောဆိုလိုက်သည်။

"မင်းရဲ့ တာအိုပညာက နက်နဲသားပဲ..။ မင်းက မိုးကြိုးကပ်ဘေးကိုတောင် ကျော်ဖြတ်နိုင်ခဲ့ပြီးကိုး..။ ဒါပေမဲ့ မင်း ငါ့ကို သတ်ဖို့က မလွယ်သေးပါဘူး.. သတ္တိရှိရင် စမ်းကြည့်လို့ရတယ်။"

မိန်းမစိုး ယင်လျန်ဟွာသည် ဟုန်ယွိ၏ ရှင်းလင်းပြတ်သားသော ခြိမ်းခြောက်မှုကို ကြားလိုက်ရသည့်အခါ သူ၏ နှုတ်ခမ်းများက လှုပ်ရှားသွားပြီး အဆုံးတွင် အသံထွက်၍ တုံ့ပြန်လိုက်လေသည်။

ဤအချိန်တွင် လုံးဝမာန်တက်နေသည့် ဤမိန်းမစိုး သိုင်းသူတော်စင်သည် သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေသော ဟုန်ယွိ၏ ပြောင်ပြောင် တင်းတင်း စိန်ခေါ်စကားများကို လျစ်လျူရှု၍ မရတော့ပေ။ မည်သို့ပင်ဆိုစေ မိုးကြိုးကပ်ဘေးအဆင့် ကျွမ်းကျင်သူတစ်ဦးက လူတစ်ဦးကို သတ်ဖြတ်လိုခြင်းသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသော ကိစ္စတစ်ခု ဖြစ်ပေသည်။

"မိုးကြိုးကပ်ဘေးအဆင့် တစ္ဆေအင်မော်တယ်က ဘာမို့လို့လဲ.. နန်းတော်ထဲမှာ လှုပ်ရှားရဲတယ်ပေါ့။"

အိမ်ရှေ့စံမင်းသား ယန်ယွမ် ရယ်မောလိုက်သည်။

"အိမ်ရှေ့စံမင်းသား.. ခင်ဗျားလည်း ကိုယ့်ကိုယ်ကိုယ် စိုးရိမ်သင့်တယ်..။ ကျုပ်က ဘာမှမဟုတ်ပေမဲ့ မိုနိုဂါတာရီဆိုရင်ရော ဘယ်လိုလဲ.. တိုင်ရှန်တာအိုဂိုဏ်းချုပ် မိုနိုဂါတာရီလေ.. ဒီလောကကြီးမှာ နံပါတ်တစ် ပုဂ္ဂိုလ်ပေါ့..။ ဟဲဟဲ.. ခင်ဗျားရဲ့ ခုနက ကျင့်စဉ်အဆင့် ကြည့်ပြီး ခင်ဗျားက တစ္ဆေအင်မော်တယ် အဆင့်အထိ ရောက်နေပြီလို့ ကျုပ် ပြောရဲတယ်..။ တစ္ဆေအင်မော်တယ် အဆင့်ထိ ကျင့်ကြံပြီး အိမ်ရှေ့စံမင်းသား ဖြစ်နေတာက တိုင်ရှန်တာအိုဂိုဏ်းရဲ့ တားမြစ်ချက်ပဲ..။ ခင်ဗျားလည်း အရင်ဧကရာဇ်တွေလို မိုနိုဂါတာရီရဲ့ လက်ချက်နဲ့ သေဆုံးသွားမှာ ကျုပ် စိုးရိမ်တယ်.. ။ ခင်ဗျား သတိထားပေတော့။"

ဤအချိန်၌ ဟုန်ယွိသည် သူ၏ ကိုယ်ရေးအချက်ကို ပြောင်းလဲထားပြီး ဖြစ်သည်။ သဘာဝအတိုင်း သူသည် လွတ်လပ်စွာ ပြောဆိုနိုင်ပြီး၊ မင်းသားယု ကိုယ်တိုင် ဖိတ်ခေါ်ထားသည့် လောကီရေးရာများကို ကျော်လွန်သည့် ကျွမ်းကျင်သူတစ်ဦးကဲ့သို့ ဟန်ဆောင်နေလေသည်။

မိုနိုဂါတာရီ၏ အမည်ကို ကြားလိုက်ရသောအခါ, အလွန် လိမ္မာပါးနပ်သော အိမ်ရှေ့စံမင်းသား၏ မျက်လုံးသူငယ်အိမ်များသည် အနည်းငယ် ကျုံ့သွားခဲ့သည်။

ရုတ်တရက် သူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ရယ်မောခြင်း ရပ်တန့်သွားပြီးနောက် သူက ပြောလိုက်သည်။

"မိုနိုဂါတာရီအကြောင်း မပြောဘဲနေကြစို့..။ မင်း ဘယ်သူလဲ ဆိုတာကို ငါ အလွန် သိချင်နေပြီ..။ မင်းရဲ့ စိတ်ဝိညာဉ်ကို ဒီကောင်းကင်ဓားဂိုဏ်းရဲ့ ခေါင်းဆောင်နဲ့ ပူးတွဲထားတာ သေချာတယ်..။ မင်း နတ်ဘုရား ၇ ပါးကို ဘယ်လို သိမ်းပိုက်ခဲ့လဲ သိရအောင်၊ မင်းနဲ့ တိုက်ခိုက်ဖို့ ငါ တော်တော်လေး စိတ်ဝင်စားနေပြီ။"

"အိမ်ရှေ့စံမင်းသားက နိုင်ငံရဲ့ ထီးနန်းကို ဆက်ခံမယ့်သူလေ.. ကျုပ်လို တောင်ပေါ်မှာနေပြီး တာအိုကျင့်ကြံသူ တစ်ယောက်နဲ့ တိုက်ခိုက်တာက သိက္ခာကျစရာပါ.. အထူးသဖြင့် ခင်ဗျားက တစ်စုံတစ်ရာ ဖြစ်သွားခဲ့ရင် ပြဿနာကြီးတက်လိမ့်မယ်..။ မင်းသားယုက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရုံ ပါ..။ ချန်ပီယံမြို့စားကမှ အိမ်ရှေ့စံမင်းသားရဲ့ အကြီးဆုံးရန်သူပဲ။ တိုင်ရှန်တာအိုဂိုဏ်းချုပ် မိုနိုဂါတာရီက ချန်ပီယံမြို့စားနဲ့ လျှို့ဝှက် တွေ့ဆုံခဲ့တယ် ဆိုတာကိုရော အိမ်ရှေ့စံမင်းသား သိပြီးပြီလား။"

"မင်း ဘာပြောလိုက်တယ်။"

ဟုန်ယွိ၏ စကားများကို ကြားလိုက်ရသောအခါ အိမ်ရှေ့စံမင်းသား ယန်ယွမ်၏ မျက်နှာထားက ရုတ်ခြည်း ပြောင်းလဲသွားလေတော့သည်။

All Chapters