← Chapters

အခန်း (၂၈၇-၂၈၈)

Vol. 26 Ch. 287-288

အခန်း (၂၈၇-၂၈၈)

Vol. 26 Ch. 287-288

အခန်း (၂၈၇)။

"မင်းက ဘယ်လူလဲ။... ဘာလို့ ဒီလောက် အများကြီး သိနေရတာလဲ။"

အိမ်ရှေ့စံမင်းသား ယန်ယွမ်၏ မျက်နှာအနေထား ပြောင်းလဲသွားသော်လည်း, သူသည် လျင်မြန်စွာပင် ပြန်လည် ထိန်းချုပ်လိုက်လေသည်။ သူသည် ဤကိစ္စ မှန်မမှန် မေးခွန်းထုတ်ခြင်း မပြုဘဲ၊ ဂန်ချင်ဖုန်း၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသော ဟုန်ယွိကို ဆက်လက် စိုက်ကြည့်နေလေသည်။ အိမ်ရှေ့စံမင်းသား၏ အကြည့်သည် ထက်ရှပြီး နားလည်ရခက်သော အဓိပ္ပာယ်များ ပါဝင်နေပါသည်။

"ကျုပ် ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး..။ အရေးကြီးတာက အိမ်ရှေ့စံမင်းသားဟာ မင်းသားယု တောင်းဆိုထားတဲ့ အခြေအနေတွေကို သဘောတူ, မတူဆိုတာပါပဲ..။ အိမ်ရှေ့စံမင်းသား သဘောတူရင်၊ အားလုံး ပျော်ရွှင်ရလိမ့်မယ်..။ အိမ်ရှေ့စံမင်းသား သဘောမတူရင်တော့၊ မင်းသားယုလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မှာ မဟုတ်တော့ဘူး..၊ ကျုပ်တို့လဲ အသေအလဲ တိုက်ခိုက်ပြီး ထာဝရမိခင်ကို တရားရေးဝန်ကြီးဌာန ဆီ အပ်နှံရလိမ့်မယ်..။ ဒီအကြောင်းကို အင်ပါယာတရားရုံးဆီ အစီရင်ခံပြီး၊ ဧကရာဇ်ကို အသိပေးရလိမ့်မယ်။"

ဟုန်ယွိသည် သူ၏ကိုယ်ရေးအချက်ကို သဘာဝအတိုင်း ထုတ်ဖော်ပြောမည် မဟုတ်ပေ။ သူက ပြုံးသလို မပြုံးသလို အမူအရာဖြင့် အိမ်ရှေ့စံ မင်းသားကို ကြည့်နေလိုက်သည်။

"ဒီလိုလား.. အသေအလဲ တိုက်ခိုက်မယ်ပေါ့..။ ငါးကတော့ သေသွားနိုင်တယ်။ ဒါပေမယ့်, ပိုက်ကတော့ ပေါက်သွားကောင်း ပေါက်သွားနိုင်မယ်။"

အိမ်ရှေ့စံမင်းသား ယန်ယွမ်က တဟားဟား ရယ်မောလိုက်ပြီး သူ၏ အကြည့်တွေက နတ်ဆိုးဆန်လာလေသည်။

သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြပြီး လေထဲတွင် မီးလျှံမီးပွားများ လွင့်ပျံနေသကဲ့သို့ ရှိနေလေသည်။

ဟုန်ယွိသည် အိမ်ရှေ့စံမင်းသား ယန်ယွမ်၏ နတ်ဆိုးဆန်သော အကြည့်ကို ကြည့်လိုက်ရင်း၊ ရုတ်တရက် အိမ်ရှေ့စံမင်းသား၏ စိတ်ဝိညာဉ် အာရုံ ခံစားမှုများသည် သူ့နတ်ဘုရား စိတ်ဝိညာဉ်၏ အတွင်းပိုင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်လာပြီး၊ သူ့အား ထွင်းဖောက်မြင်ရန် ကြိုးစားနေသကဲ့သို့ ခံစားလိုက်ရသည်။

"ဒီအိမ်ရှေ့စံမင်းသား ယန်ယွမ်က တာအိုပညာမှာ ကျွမ်းကျင်ရုံတင်မက၊ လျှို့ဝှက်နည်းစနစ်များစွာကိုလည်း ကျင့်ကြံထားတာပဲ..။ သူက ငါ့ကို စမ်းသပ်ဖို့ အဲဒီနည်းလမ်းတွေကို အသုံးမပြုခဲ့ပေမဲ့၊ ငါ ဘာလို့ စောင့်ကြည့်ခံနေရသလို ခံစားနေရတာလဲ..။ ဒီလိုဆိုမှတော့၊ ဥပဒေသအားလုံးရဲ့ လေဟာနယ်၊ အသက်မဲ့ အနာဂတ်ကျမ်းရဲ့ အတိုင်းအဆမဲ့ လေဟာနယ်ကို ခင်ဗျားကို ပြရသေးတာပေါ့။"

ဟုန်ယွိသည် အိမ်ရှေ့စံမင်းသား ယန်ယွမ်၏ အကြည့်ကြောင့် နောက်ဆုတ်မသွားခဲ့ပေ။ သူ၏ မျက်လုံးများသည်လည်း ခုနစ်ရောင်ခြယ် အလင်းလွှာ တစ်ခုဖြင့် ဖုံးလွှမ်းသွားလေသည်။

မျက်လုံးသည် ဝိညာဉ်၏ တံခါးပေါက် ဖြစ်သည်။ ဟုန်ယွိသည် အသက်မဲ့ အနာဂတ်ကျမ်းကို အသက်သွင်းလိုက်သည်နှင့်၊ သူသည် သူ၏ မျက်လုံးများပေါ်တွင် နတ်ဘုရား ခုနစ်ပါး၏ စွမ်းအားကို အသုံးပြုလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင်၊ စောင့်ကြည့်ခံနေရသလိုဖြစ်သော ခံစားမှုသည် သဲလွန်စမကျန် ပျောက်ကွယ်သွားလေသည်။

"သခင်က တကယ်ပဲ ထူးချွန်တာပဲ.. ခင်ဗျားကို ဘယ်လို ခေါ်ရမလဲ။"

အိမ်ရှေ့စံမင်းသား ယန်ယွမ်သည် ဟုန်ယွိ၏ မျက်လုံးများပေါ်တွင် ပေါ်လာသော ခုနစ်ရောင်ခြယ် အလင်းကို ကြည့်လိုက်ပါသည်။ သူသည် လက်ထဲမှ ခေါက်ယပ်တောင်ကို ဆုပ်ကိုင်ပြီး ပြန်ဖွင့်လိုက်သည်။ သူက ခေါင်းညိတ်လိုက်ပြီး ဂရုမစိုက်သော လေသံဖြင့် မေးလိုက်သည်။

"ကျုပ်နာမည်က အိမ်ရှေ့စံမင်းသားရဲ့ အာရုံစိုက်မှုကို ခံရလောက်အောင် မထိုက်တန်ပါဘူး။"

ဟုန်ယွိသည် သူ၏နာမည်ကို ပြောပြရလောက်အောင် မိုက်မဲခြင်း မရှိပေ။ မည်သို့ပင်ဆိုစေ အိမ်ရှေ့စံမင်းသား၏ စွမ်းရည်သည် အလွန် ကြီးမားလွန်း လှသည်။ သူသည် မည်သည့် သဲလွန်စကိုမဆို ရှာဖွေတွေ့ရှိနိုင်သည်။

"ဒါပေမဲ့.. အိမ်ရှေ့စံမင်းသားရဲ့ နောက်က မိန်းမစိုးအိုကြီးက ကျုပ်ကို စော်ကားခဲ့တယ်..။ ဒီတာအိုသခင်ကလည်း ဒီကိစ္စကို မှတ်သားထားတယ်..။ အိမ်ရှေ့စံမင်းသား၊ ခင်ဗျား သူ့ရဲ့ လုံခြုံရေးကို ကာကွယ်ပေးရမယ်..။ မဟုတ်လို့, တစ်နေ့ ခင်ဗျား သတိမထားမိဘဲ သူ့ခန္ဓာကိုယ် အသတ်ခံရပြီး သူ့ရဲ့ ဝိညာဉ်ကို ဒီတာအိုသခင်က သန့်စင်လိုက်ရင်၊ ခင်ဗျားအနေနဲ့ ရှာစရာနေရာရှိမှာ မဟုတ်ဘူး..။ သိုင်းသူတော်စင်တစ်ဦးရဲ့ သွေးအနှစ်သာရနဲ့ အရိုးတွေ က မှော်ရတနာတွေချည်းပဲ..။ အဲဒီအရာတွေကို ဝိညာဉ်ဆေးဝါးတွေနဲ့ မှော်ရတနာတွေ သန့်စင်ရာမှာ အသုံးပြုလို့ရတယ်။"

ဟုန်ယွိသည် ထိုစကားပြောဆိုနေစဉ်မှာ မကောင်းဆိုးဝါး အငွေ့အသက်တစ်ခု သူ့ထံမှ ထွက်ပေါ်လာလေသည်။ တစ်ချိန်တည်းမှာပင် သူ့မျက်လုံးထဲ မှ သက်တံရောင် အလင်းရောင်စဉ်ဝိုင်းများ ဆုတ်ခွာသွားပြီး ထူထဲသော အနက်ရောင် အငွေ့များနှင့် နတ်ဆိုးအလင်းရောင် အမျိုးမျိုးဖြင့် အစားထိုး ထွက်ပေါ်လာသည်။

ဤအချိန်တွင် တစ်စုံတစ်ယောက်သည် သူ၏ မျက်လုံးများကို ကြည့်လိုက်ပါက၊ ဤမြေပြင်ပေါ်တွင် ငရဲဘုံကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားရ ပေလိမ့်မည်။

နတ်ဆိုးချီ၊ အန္တရာယ်ချီနှင့် သွေးချီတို့သည် အလွန် ပြင်းထန်လွန်းသဖြင့် ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားသကဲ့သို့ ထင်မှတ်ရသည်။

ဟုန်ယွိသည် သူ၏ မကောင်းသော စိတ်ခံစားမှု အားလုံးကို သူ၏ မျက်လုံးများတွင် တမင်တကာ ဖော်ပြလိုက်ခြင်း ဖြစ်သည်။ ဤသည်မှာ အိမ်ရှေ့စံ မင်းသားအား ရက်စက်ကြမ်းကြတ်သော မိန်းမစိုးအိုကြီး ယင်လျန်ဟွာ၏ ရိုက်နှက်ခြင်းကြောင့် လွင့်စင်သွားခဲ့သော ဟုန်ယွိနှင့် သူ့ကိုယ်သူ ဆက်စပ်၍ မရနိုင်အောင် ပြုလုပ်လိုက်ခြင်း ဖြစ်သည်။

"တာအိုဘုန်းကြီး.. ကျုပ် ခင်ဗျားကို စောင့်နေမယ်။"

ယင်လျန်ဟွာသည် ဟုန်ယွိ၏ နတ်ဆိုးဆန်သော အကြည့်ကို မြင်သောအခါ ကြောက်ရွံ့မှု အနည်းငယ်မျှ မပြသသည့်အပြင်၊ သူ၏ ခန္ဓာကိုယ်ကိုပင် မတ်မတ်ထားလိုက်ပြီး ဟုန်ယွိ၏ အကြည့်ကို ရင်ဆိုင်လိုက်လေသည်။

သိုင်းသူတော်စင်များသည် စိတ်ဓာတ်ခိုင်မာကြပြီး ကမ္ဘာကို တုန်လှုပ်စေမည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သေချာသည်မှာ, သူသည် ဟုန်ယွိ၏ အကြည့် ကြောင့် ကြောက်လန့်သွားမည် မဟုတ်ပေ။

"ကောင်းပြီ.. ကောင်းပြီ.. ကောင်းပြီ..။ စတုတ္တညီလေး.. အစ်ကိုတော်က ညီတော်ကို လျှော့တွက်ခဲ့မိတယ်..။ ညီတော်ရဲ့ ဩဇာအာဏာကလည်း မသိမသာ ကြီးထွားလာနေခဲ့တာပဲ..။ ညီတော်အနေနဲ့ အခု အစ်ကိုတော်ကို စိန်ခေါ်နိုင်ပြီပေါ့.. အစ်ကိုတော် ပြန်သွားပြီး ညီတော်ကို အဖြေမပေးခင် ရက်အနည်းငယ်လောက် စဉ်းစားဖို့ လိုမယ်ထင်တယ်။"

အိမ်ရှေ့စံမင်းသား ယန်ယွမ်သည် သူ့ခန္ဓာကိုယ်ကို မတ်မတ်ထားလိုက်ပြီး စကားလုံးများကို ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။ ထို့နောက် သူသည် သူ့နောက်ရှိ ရက်စက်ကြမ်းကြုတ်သော မိန်းမစိုးအိုကြီးဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"အကြီးအကဲယင်.. နန်းတော်ကို ပြန်ကြစို့.. မယ်တော်ကြီးနဲ့ မယ်တော်ကို ဂါရဝပြုရမယ့်အချိန် ရောက်ပြီ..။ ညီတော်.. အစ်ကိုတော် ပြန်သွားပြီး၊ ညီတော်ရဲ့ တောင်းဆိုမှုကို သေသေချာချာ စဉ်းစားလိုက်ဦးမယ်..။ အစ်ကိုတော်မှာ သေချာတဲ့ အဖြေရရင်၊ ညီတော်ဆီ လူလွှတ်လိုက်မယ်။"

"အိမ်ရှေ့စံမင်းသား.. ကောင်းကောင်း ပြန်ကြွပါ။"

အိမ်ရှေ့စံမင်းသား ယန်ယွမ်၏ စကားများကို ကြားလိုက်ရသောအခါ မင်းသားယုလည်း ထရပ်ပြီး ဦးညွှတ်လိုက်သည်။

"ညီတော်.. စံအိမ်ကိုပဲ ဂရုစိုက်ပါ.. အစ်ကိုတော်ကို လိုက်ပို့စရာ မလိုပါဘူး။"

အိမ်ရှေ့စံမင်းသားသည် သူ၏ ခေါက်ယပ်တောင်ကို အသုံးပြု၍ မင်းသားယု၏ ပခုံးကို ပုတ်လိုက်သည်။ ထို့နောက် သူသည် အပြင်သို့ ထွက်ခွာသွားပြီး လူထမ်းယာဉ်ပေါ်တက်ကာ လျင်မြန်စွာ ထွက်ခွာသွားလေသည်။

ဟူး.....

အိမ်ရှေ့စံမင်းသား ယန်ယွမ် ထွက်ခွာသွားသည်ကို မြင်သောအခါ မင်းသားယုသည် သက်ပြင်းရှည်ကြီး ချလိုက်ပါသည်။ သူသည် ထိုင်ခုံပေါ်တွင် ထိုင်ချလိုက်ပြီး အချိန်အတော်ကြာအောင် လှုပ်ရှားချင်စိတ်ပင် မရှိတော့ပေ။ ယခုလေးတင် တွေ့ဆုံမှုသည် သူ၏စွမ်းအင်နှင့် ခွန်အားအားလုံးကို ကုန်ဆုံးသွားစေသကဲ့သို့ ထင်မှတ်ရလေသည်။

အတွေးတစ်ချက်ဖြင့် ဟုန်ယွိ၏စိတ်သည် လှုပ်ရှားသွားပြီး ဂန်ချင်ဖုန်း၏ခန္ဓာကိုယ်မှ နွေးထွေးသော လေစီးကြောင်းတစ်ခုသည် ထွက်ခွာသွားခဲပြီး လျှို့ဝှက်ခန်းအတွင်းမှ သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်လာသည်။ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာခဲ့သည်။ သူ ထရပ်လိုက်သောအခါ သူ၏ ရင်ဘတ်သည် သိပ်မနာကျင်တော့ကြောင်း ခံစားလိုက်ရသည်။ ထို့ကြောင့် သူသည် ကိုယ်လက်ဆန့်တန်းပြီး အပြင်သို့ ထွက်လာခဲ့သည်။

"မင်းသားယုရဲ့ စွမ်းအင်က သိပ်အားမကောင်းသလို၊ သူ့စိတ်အခြေအနေကလည်း အထွဋ်အထိပ်ကို မရောက်သေးဘူးလို့ ထင်ရတယ်။ သူသာ သိုင်းသူတော်စင် အဆင့်ထိ မလေ့ကျင့်နိုင်ရင်၊ အိမ်ရှေ့စံမင်းသားကို တိုက်ခိုက်ဖို့ အရမ်း ခက်ခဲလိမ့်မယ်။ သူက အရှိန်အဝါအရာမှာ အရမ်းကို အားနည်းနေလိမ့်မယ်။ လုံလောက်တဲ့ စိတ်အခြေအနေ မရှိရင်၊ သူ့အနေနဲ့ သဘာဝအတိုင်း ကဏ္ဍအသီးသီးမှာ အားနည်းနေမှာပဲ။ ဧကရာဇ်နဲ့ နန်းတွင်းက အရာရှိတွေအားလုံးလည်း ဒါကို ရှင်းရှင်းလင်းလင်း မြင်နိုင်လိမ့်မယ်လို့ ငါ ထင်တယ်။ အခု အရေးကြီးဆုံးက မင်းသားယုအနေနဲ့ သိုင်းသူတော်စင် အဆင့်ကို ရောက်ဖို့ပဲ။ တကယ်လို့ သူသာ သိုင်းသူတော်စင်အဆင့်ကို မရောက်ရင်၊ အရာအားလုံးက ပုံရိပ်ယောင်သာသာ ဖြစ်သွားလိမ့်မယ်။"

ဟုန်ယွိသည် ပန်းထိုးထားသော အဝတ်အစား တစ်စုံကို လဲလှယ်ဝတ်ဆင်ထားပြီး ဖြစ်သည်။ သူ၏ ခေါင်းပေါ်ရှိ ရှုပ်ပွနေသော ဆံပင်များကိုလည်း သန့်ရှင်းသပ်ရပ်အောင် ပြုလုပ်ထားသည်။ သူသည် လူငယ် ပညာရှင်တစ်ဦး၏ ပုံစံကို ပြန်လည် ပြင်ဆင်ထားသည်။ ထို့ပြင် သူ စကားပြောသောအခါ ယခင်ကကဲ့သို့ မကောင်းဆိုးဝါး အငွေ့အသက်များ ပျံ့လွင်နေခြင်း မရှိတော့ပေ။ ယင်းအစား သူသည် ဂုဏ်သိက္ခာရှိပြီး တည်ငြိမ်စွာ ပြောဆိုနေလေ သည်။

"ဟုန်ယွိ.. မင်း ခုနက အဆင်ပြေရဲ့လား။ ဟေ့ တစ်ယောက်ယောက်ရှိလား။ ခမည်းတော် ငါ့ကို ချီးမြှင့်ထားတဲ့ ကိုးပါးပြောင်းလဲခြင်း မဟာ ရွှေဆေးလုံးကို လျှို့ဝှက်ခန်း ဘဏ္ဍာတိုက်ထဲကနေ ယူခဲ့ကြစမ်း။"

ဟုန်ယွိ ထွက်လာသည်ကို မြင်သောအခါ မင်းသားယုက ချက်ချင်း ညွှန်ကြားလိုက်သည်။ ထို့နောက် သူသည် ရေနွေးကြမ်း တစ်ငုံသောက်လိုက်ပြီး ခေါင်းခါလိုက်သည်။

"သိုင်းသူတော်စင်အဆင့်ကို ရောက်ဖို့ဆိုတာ အပြောလွယ်ပြီး အလုပ်ခက်လွန်းတယ်။ ငါ အိမ်ရှေ့စံမင်းသားဆီကနေ ဖန်ဆင်းခြင်း ကောင်းကင်ကျမ်း ကို ရရင်တောင်၊ အစစ်မှန် သိုင်းသူတော်စင အဆင့်ကို ရောက်ဖို့ ခက်ခဲလိမ့်မယ်။"

"မှန်ပါတယ်.. အတားအဆီးတွေကို ချိုးဖျက်ဖို့ ခက်ခဲပြီး၊ တံခါးတွေကို ဖွင့်ဖို့က ပိုခက်ခဲပါတယ်။ တောင်ပေါ်က သူခိုးဓားပြတွေကို နှိမ်နင်းဖို့ လွယ်ကူပေမဲ့၊ ကိုယ့်စိတ်ထဲက သူခိုးဓားပြတွေကို နှိမ်နင်းဖို့က ပိုခက်ခဲတယ်လေ။ သိုင်းသူတော်စင်အဆင့်ကို ရောက်ဖို့ဆိုတာက၊ ဂါထာမန္တန်တွေ၊ ဆေးဝါးတွေ အသုံးပြုရုံနဲ့ ထိရောက်တာ မဟုတ်ဘူး။ မင်းသားအနေနဲ့ ဒီကိုးပါးပြောင်းလဲခြင်း မဟာ ရွှေဆေးလုံးကို ကိုယ့်အတွက် အသုံးပြုတာ ပိုကောင်းပါလိမ့်မယ်။"

ဟုန်ယွိသည် အစောင့်တစ်ဦးက လျှို့ဝှက်ခန်းထဲမှ ပိုးထည်သေတ္တာတစ်လုံးကို ထုတ်ယူလာသည်ကို ကြည့်နေလိုက်သည်။ ဖွင့်ကြည့်လိုက်သောအခါ သစ်ကြားသီး အရွယ်အစားရှိ ဆေးလုံးတစ်လုံးကို ကျောက်စိမ်းသေတ္တာ၏ အောက်ခြေတွင် ရှိနေသည်ကို တွေ့လိုက်ရပါသည်။ ဆေးလုံးသည် ခရမ်းရောင် အလင်းတန်းများဖြင့် တောက်ပနေပြီး ပြင်းထန်သော ဆေးနံ့ကို ထုတ်လွှတ်နေကာ၊ အနံ့လိုက်ရသူတိုင်းကို အင်မော်တယ်ကမ္ဘာသို့ ရောက်ရှိသွားသကဲ့သို့ ခံစားရစေသည်။

"ဒီကိုးပါးပြောင်းလဲခြင်း မဟာရွှေဆေးလုံးက ငါတို့ ဖန်ဆင်းခြင်းတာအိုဂိုဏ်းရဲ့ ဆေးလုံးပဲ။ ဒါကို အထွဋ်အထိပ် သိုင်းသူတော်စင်ရဲ့ လတ်ဆတ်တဲ့ သွေးနဲ့ ဆေးဖက်ဝင် အပင်အမျိုးအစား တစ်ထောင်ကျော်နဲ့ ဖော်စပ်ထားပြီး၊ ဆေးမီးဖိုထဲမှာ ကျိုချက်ထားတာ။ ဒီဆေးလုံးကို နည်းနည်းချင်းစီ စားသုံးရင်၊ သွေးကို ပြောင်းလဲစေပြီး ကြွက်သားတွေကို ပြန်လည် ဖြစ်ပေါ်စေနိုင်တယ်။ အရိုးတွေကို ပျော့ပျောင်းပြီး သန်မာစေကာ၊ ကြွက်သားတွေ ရဲ့ ဖွဲ့စည်းပုံကိုလည်း ကြံ့ခိုင်သန်မာစေနိုင်တယ်။ ရှင်တန်သိုင်းသခင်အဆင့် ကျွမ်းကျင်သူတစ်ဦးသာ ဒီဆေးလုံးကို စားသုံးလိုက်ရင်၊ လအနည်းငယ် လောက် အနားယူပြီးတာနဲ့ မဟာဆရာသခင်တစ်ဦးရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ရရှိလိမ့်မယ်။ ဒါက ပေါက်ကွဲစွမ်းအားပဲ။ ဟုန်ယွိ၊ မင်း ဒီဆေးလုံးကို အထင်မသေးနဲ့။"

မင်းသားယုက ဆေးလုံးကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။ "ငါတို့ တော်ဝင်ချန် တော်ဝင် မိသားစုက ဖန်ရှင်းတာအိုဂိုဏ်းရဲ့ တာအိုဘုန်းကြီးတွေကို ဒီဆေးလုံးကို သန့်စင်ဖို့ အမိန့်ပေးနိုင်ခဲ့ရင်တောင်၊ ဒီဆေးလုံးက အများကြီး မရှိဘူး။ မင်း ဒီဆေးလုံးကို ပြန်ယူသွားပြီးရင်၊ နည်းနည်းချင်းစီ စားသုံးပါ။ နေ့တိုင်း နည်းနည်းစီ စားပါ၊ ဒါပေမဲ့ အများကြီး မစားနဲ့.. မဟုတ်ရင် မင်း ဆေးစွမ်းအင်ကို စုပ်ယူနိုင်မှာ မဟုတ်ဘူး။"

"အို....၊ ဒီဆေးလုံးက သွေးကို ပြောင်းလဲစေပြီး ကြွက်သားတွေကို ပြန်လည် ဖြစ်ပေါ်စေနိုင်တယ် ဟုတ်လား.. တိုင်ရှန်တာအိုဂိုဏ်းရဲ့ လူသားအနှစ်သာရဆေးလုံး၊ မြေအနှစ်သာရဆေးလုံးနဲ့ ကောင်းကင်အနှစ်သာရဆေးလုံးတို့နဲ့ ယှဉ်ရင် ဘယ်လိုနေမလဲ သိချင်မိတယ်။" ဟုန်ယွိသည် ဆေးလုံးကို စိတ်ဝင်တစား ကြည့်လိုက်သည်။

တော်ဝင်ချန် တော်ဝင် မိသားစု၏ အဓိက ကျင့်ကြံခြင်း နည်းလမ်းသည် ရှေးဟောင်း ဖန်ဆင်းခြင်းတာအိုဂိုဏ်း၏ အမွေအနှစ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ယခု ဟုန်ယွိသည် တော်ဝင် မိသားစုနှင့် နီးစပ်နေပြီဖြစ်ရာ၊ သူသည် ဖန်ဆင်းခြင်းတာအိုဂိုဏ်းနှင့် ပတ်သက်သော အရာအားလုံးကို အထူး စိတ်ဝင်စားနေသည်။

ထို့ပြင် ယခု သူသည် ဖန်ဆင်းခြင်းတာအိုဂိုဏ်းအကြောင်း အရာအားလုံးကို သိရှိထားပြီဖြစ်ရာ၊ ဟုန်ရွှန်ကျိကို ရင်ဆိုင်ရာတွင် ပိုမို ယုံကြည်မှု ရှိလာ သည်။

"တိုင်ရှန်တာအိုဂိုဏ်းရဲ့ ကောင်းကင်အနှစ်သာရဆေးလုံးဟာ နတ်ဘုရားတွေရဲ့ ဆေးလုံးပဲ.. မြေအနှစ်သာရဆေးလုံးက သူတော်စင်တွေရဲ့ ဆေးလုံး ပဲ။ လူသားအနှစ်သာရဆေးလုံးကတော့ အခြေခံအုတ်မြစ်ရဲ့ ဆေးလုံးပဲ။ ဆေးလုံးတိုင်းက စိတ်ကူးနိုင်စွမ်းကို ကျော်လွန်ပြီး၊ ဆေးအဆိပ်တောက် ဒါမှမဟုတ် ဆေးအညစ်ကြေး နည်းနည်းလေးမှ မပါရှိဘူး။ ဒီကိုးပါး ပြောင်းလဲခြင်း မဟာရွှေဆေးလုံးက သွေးကို ပြောင်းလဲစေပြီး ကြွက်သားတွေကို ပြန်လည် ဖြစ်ပေါ်စေနိုင်ပေမဲ့၊ စားသုံးပြီးနောက် ခန္ဓာကိုယ်ထဲမှာ ဖယ်ရှားလို့ မရနိုင်တဲ့ ဆေးအဆိပ် အနည်းငယ် ကျန်ရှိနေသေးတယ်။ မင်း မလိုအပ်ဘူးဆိုရင်၊ ငါ မင်းကို အတင်းအကျပ် မပေးတော့ပါဘူး။"

မင်းသားယုက လက်ဝှေ့ယမ်းလိုက်ပြီး သူ့လူများကို ဆေးလုံး ပြန်ယူသွားရန် အမိန့်ပေးလိုက်သည်။

ဟုန်ယွိက ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ အလွန် ရိုးရှင်းသည့် ယုတ္တိဗေဒ ဖြစ်သည်။ ဆေးလုံးများသည် လူတစ်ဦး၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို ဖြည့်ဆည်းပေးနိုင်သော်လည်း၊ ခန္ဓာကိုယ်ထဲတွင် အကြွင်းအကျန်အချို့ ကျန်ရှိနေမည် ဖြစ်သည်။ မည်သည့် ဆေးလုံးမျှ ခြွင်းချက် မရှိပေ။ ယွမ်ယာန် ကောင်းကင်ပုလဲကဲ့သို့သော ဆေးဖက်ဝင် ပါဝင်ပစ္စည်းများမှာပင် ဆေးအကြွင်းအကျန် ရှိပါသည်။

ဟုန်ယွိသည် အတိတ်က ဆေးလုံး အများအပြား သောက်သုံးခဲ့ဖူးသော်လည်း၊ တောက်ပသောမိုးကြိုးကိုယ်ထည် ကျင့်စဉ်၏ သန့်စင်မှုကြောင့် ဆေးအကြွင်းအကျန် အားလုံးသည် ခန္ဓာကိုယ်မှ ထွက်သွားပြီး၊ သူ၏ ခန္ဓာကိုယ်သည် သန့်ရှင်းစင်ကြယ်နေပြီ။ ထို့ကြောင့် သူသည် ဆေးလုံးများကို မလိုအပ်တော့ပေ။

ဆေးလုံးများသည် လူတစ်ဦး၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံကို သန်မာစေနိုင်သော်လည်း၊ သိုင်းသူတော်စင် နယ်ပယ်ကို ဝင်ရောက်ပြီး သွေးပြောင်းလဲသော အခါ သွေးအဆိပ် အကြွင်းအကျန်များကို ဖယ်ရှားရန် အလွန် ခက်ခဲလိမ့်မည်။ ယင်းအစား ၎င်းသည် ဝန်ထုပ်ဝန်ပိုး ဖြစ်လာလိမ့်မည်။ ဆေးအဆိပ်များ သည် နယ်ပယ်တစ်ခုကို ချိုးဖောက်ရန်နှင့် သွေးပြောင်းလဲရန်အတွက် ကြီးမားသော အတားအဆီးတစ်ခု ဖြစ်လာလိမ့်မည်။

“အော်၊ ဒါနဲ့၊ ဟုန်ယွိ၊ မင်း ခုနက ချန်ပီယံ မြို့စားဟာ တိုင်ရှန်တာအိုဂိုဏ်းရဲ့ ခေါင်းဆောင် မိုနိုဂါတာရီရဲ့ ထောက်ခံမှုကို ရရှိတယ်လို့ ပြောခဲ့တယ်.. ဒါက အိမ်ရှေ့စံမင်းသားကို ခြိမ်းခြောက်ဖို့ ဟာသသက်သက် ပြောလိုက်တာလား။ ဒါမှမဟုတ် တကယ်လား။"

ဆေးလုံးကို သိမ်းဆည်းပြီးနောက် မင်းသားယု ရုတ်တရက် မေးလိုက်သည်။

"သေချာပေါက် တကယ်ပေါ့.. ကျွန်တော် တိုင်ရှန်တာအိုဂိုဏ်းရဲ့ သူတော်စင် မိန်းမပျို ဆုမူနဲ့ တွေ့ဆုံခဲ့ပြီးပြီ..။ ဒီတစ်ခါ ချန်ပီယံ မြို့စားဟာ တောင်ရိုင်းဒေသနယ်မြေမှာ မိုနိုဂါတာရီနဲ့ တွေ့ဆုံခဲ့တယ်လို့ ပြောကြတယ်..။ သူတို့နှစ်ဦး စကားပြောပြီးနောက်၊ မိုနိုဂါတာရီက ချန်ပီယံ မြို့စားကို ကျင့်ကြံခြင်း နည်းလမ်း လွှဲပြောင်းပေးပြီး ဆေးလုံးတွေလည်း ပေးခဲ့လောက်တယ်။" ဟုန်ယွိ ထိုင်လိုက်ပြီး ပြောလိုက်သည်။

"ကျင့်ကြံခြင်း နည်းလမ်း ပေးခဲ့တယ် ဟုတ်လား။ ဆေးလုံးတွေရောလား။ ကောင်းကင်အနှစ်သာရဆေးလုံးဟာ နတ်ဘုရားတွေရဲ့ ဆေးလုံးပဲ..။ မိုနိုဂါတာရီက သူ့ကို သေချာပေါက် ပေးမှာ မဟုတ်ဘူး၊ ပြီးတော့ သူ့မှာ မရှိတာလည်း ဖြစ်နိုင်တယ်..။ သူ တစ်ခုခုပေးချင်ရင်၊ မြေအနှစ်သာရဆေးလုံး ဖြစ်လိမ့်မယ်။ မြေအနှစ်သာရဆေးလုံး... ငါလည်း မြေအနှစ်သာရဆေးလုံး တစ်လုံးလောက်တော့ လိုချင်မိသား။ ဒါဆို ငါ သိုင်းသူတော်စင် နယ်ပယ် ကို စိတ်ပိုင်းဆိုင်ရာနဲ့ မကျော်ဖြတ်နိုင်ပေမဲ့၊ ငါ့ရုပ်ခန္ဓာကိုယ်ကတော့ ကျော်ဖြတ်နိုင်တယ်။ ဒီလိုဆိုရင်တော့ ချန်ပီယံ မြို့စားရဲ့ စွမ်းအားက အများကြီး တိုးလာတော့မှာပဲ။"

မင်းသားယုက ရေရွတ်လိုက်သည်။

သိုင်းသူတော်စင် နယ်ပယ်ကို ရုပ်ခန္ဓာကိုယ်နှင့် စိတ်ဟူ၍ ခွဲခြားထားသည်။ ရုပ်ခန္ဓာကိုယ်၏ ထူးခြားချက်မှာ သွေးသည် သန့်ရှင်းပြီး မွှေးကြိုင်သည်။ ရုပ်ပိုင်းဆိုင်ရာ ခွန်အား၊ အမြန်နှုန်း၊ အရှိန်ဟုန်နှင့် စွမ်းအား အားလုံးသည် အလွန်အမင်း တိုးတက်လာသည်။

စိတ်ပိုင်းဆိုင်ရာဖြင့် ဝင်ရောက်နိုင်ခြင်း၏ ထူးခြားချက်မှာ ၎င်းတွင် သိမ်မွေ့သော အနာဂတ်ကြိုမြင်နိုင်စွမ်း ရှိသည်။ ၎င်းသည် အရာအားလုံးကို ထွင်းဖောက်မြင်နိုင်သည်။ အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ၊ အသက်ရှူချိန် အနည်းငယ်၊ အမွှေးတိုင် တစ်တိုင်စာ၊ သို့မဟုတ် လက်ဖက်ရည် တစ်ခွက်စာ အချိန်အတွင်း သိမ်မွေ့သော တုံ့ပြန်မှုကို ခံစားသိရှိလိမ့်မည်။ ၎င်းသည် မည်သည့် လျှို့ဝှက်တိုက်ခိုက်မှုကိုမျှ ကြောက်စရာမလိုပေ။ ထို့ပြင်, လက်သီးဆန္ဒ၏ စိတ်ဝိညာဉ်သည် အလွန် သိပ်သည်းပြီး မှော်ပညာရပ်အားလုံးကို ချိုးဖျက်နိုင်သည်။

ရုပ်ခန္ဓာကိုယ်နှင့် စိတ်နှစ်ခုစလုံးသည် သူတော်စင် နယ်ပယ်သို့ ဝင်ရောက်ပြီးနောက် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်။ ထိုအချိန်မှသာ အစစ်မှန် သိုင်းသူတော်စင်တစ်ဦး ဖြစ်လာမည်။ ဥပမာအားဖြင့် ဝူအိမ်တော်ထိန်း၊ နင်ဂျာဘုန်းတော်ကြီး၊ ဝေတိုင်ကန်၊ ယင်လျန်ဟွာနှင့် ချန်ပီယံ မြို့စားတို့သည် အထွဋ်အထိပ် သိုင်းသူတော်စင်များ ဖြစ်ကြသည်။

တစ်ဖက်တွင်မူ ချန်ယင်းရှာသည် ရုပ်ပိုင်းဆိုင်ရာ သိုင်းသူတော်စင်တစ်ဦးသာ ဖြစ်သည်။ သူမ၏စိတ်သည် တစ္ဆေအင်မော်တယ် ဖြစ်ပြီး၊ သူမသည် သိုင်းသူတော်စင် နယ်ပယ်သို့ ဝင်ရောက်ခဲ့သော်လည်း၊ ရုပ်ခန္ဓာကိုယ်နှင့် စိတ်ကို တစ်ခုတည်းအဖြစ် မပေါင်းစည်းနိုင်ပါက အသုံးမဝင်ပေ။

"ဟုတ်တယ်.. မြေအနှစ်သာရဆေးလုံးက ဒီလောက် မှော်ဆန်တယ်ဆိုရင်၊ တစ်လုံးတည်း ရှိရင်တောင်၊ ချန်ပီယံ မြို့စားက သူ့လက်အောက်ခံ ကျွမ်းကျင်သူတွေရဲ့ သွေးနဲ့ အရွတ်တွေကို ပြောင်းလဲပေးနိုင်တယ်..။ လအနည်းငယ်အတွင်းမှာ သူတို့ရဲ့ ခန္ဓာကိုယ်တွေက သိုင်းသူတော်စင် နယ်ပယ် ကို ဝင်ရောက်သွားလိမ့်မယ်။"

ဟုန်ယွိက ပြောလိုက်သည်။

"ပြီးတော့ ချန်ပီယံ မြို့စားရဲ့ လက်အောက်မှာ စိတ်နဲ့ သိုင်းသူတော်စင် နယ်ပယ်ကို ဝင်ရောက်ခဲ့ပေမဲ့ ရုပ်ပိုင်းဆိုင်ရာအရ မကျော်ဖြတ်နိုင်သေးတဲ့ ကျွမ်းကျင်သူတွေ ရှိမှာ သေချာတယ်.. သူတို့သာ မြေအနှစ်သာရဆေးလုံးကို သောက်သုံးလိုက်ရင်၊ သူတို့ဟာ အစစ်မှန် သိုင်းသူတော်စင်တွေ ဖြစ်လာလိမ့်မယ်။"

မင်းသားယု ပြောလိုက်သည်။

သူတို့ ပြောလေ၊ လက်ရှိ အခြေအနေသည် အလွန် ဆိုးရွားကြောင်း သူတို့ ပို၍ ခံစားလာရလေ ဖြစ်သည်။

"အိမ်ရှေ့စံမင်းသားက သေချာပေါက် လက်လျှော့မှာ မဟုတ်ဘူး။ ကျွန်တော် သူတို့ကို တစ်ယောက်တည်း တိုက်ခိုက်နိုင်မယ် မထင်ဘူး..။ ဒီည ကျွန်တော် နန်းတော်ကို သွားပြီး မိတ်ဆွေနှစ်ယောက်ကို သွားရှာမယ်။ သူတို့က မင်းသားကို ကူညီပေးနိုင်မလား ကြည့်ရအောင်။"

ဟုန်ယွိက ရုတ်တရက် ပြောလိုက်သည်။

"မင်း ညဘက်ကြီး နန်းတော်ကို သွားချင်တာလား။ နန်းတော်ထဲမှာ ပုန်းအောင်းနေတဲ့ ပညာရှင်တွေ အများကြီး ရှိတယ်။ ကျွမ်းကျင်သူတွေ ဘယ်နှစ်ယောက် ရှိမှန်းတောင် ငါ မသိဘူး..။ နန်းတော်ထဲ ဝင်ရောက်တာက ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၊ အစစ်မှန်ခုနှစ်ကြယ်ဂိုဏ်း၊ အနှစ်သာရ နတ်ဘုရား ကျောင်းတော်နဲ့ တခြား မြင့်မြတ်နယ်မြေတွေထဲ ထိုးဖောက်ဝင်ရောက်တာထက် အများကြီး ပိုခက်ခဲလိမ့်မယ်။"

မင်းသားယုက ထိတ်လန့်စွာ ပြောလိုက်သည်။

"အဆင်ပြေပါတယ်.. ကျွန်တော့်ရဲ့ နတ်ဘုရား စိတ်ဝိညာဉ်နဲ့ ခရီးသွားမှာပါ..။ ကျွန်တော်က လေဟာနယ်ပုံရိပ်ယောင်ကမ္ဘာနဲ့ ခရီးသွားနိုင်ပါတယ်။"

ဟုန်ယွိက ဆုံးဖြတ်ချက် ချလိုက်သည်။ ဒီည သူသည် ကမ္ဘာပေါ်တွင် အနက်နဲဆုံးနှင့် အန္တရာယ်အရှိဆုံး နေရာဖြစ်သည့် တော်ဝင်ချန် နန်းတော်ကို သွားကြည့်ချင်သည်။

သူသည် ထိုနေရာသို့ အပျော်ခရီးသွားခြင်း မဟုတ်ပေ။ ပထမအချက်၊ သူသည် ကြင်ယာတော်ယွမ်ကို ရှာချင်သည်။ ဒုတိယအနေဖြင့်, သူသည် တော်ဝင်ချန် နန်းတော်အတွင်း အာဏာ ဖြန့်ဝေမှုကို ကြည့်ချင်သည်။

"မင်းသား.. မင်းသားတစ်ပါးအနေနဲ့ မင်းသားဟာ နန်းတော်ထဲကို အရင်က ဝင်ထွက်ဖူးတယ်.. နန်းတော်ရဲ့ အနေထားကို အကြမ်းဖျင်း ကျွန်တော့်ကို ပြောပြပါ..။ ဒါ့အပြင် ကြင်ယာတော်ယွမ်က ဘယ်နန်းဆောင်မှာ နေလဲ။"

ဟုန်ယွိက ရုတ်တရက် မေးလိုက်သည်။

...

"ဘန်း…။"

ကျောက်စိမ်းမြို့တော် အပြင်ဘက်ရှိ နတ်ဘုရားသခင်ဗျူဟာ တပ်ရင်း၏ စစ်တန်းလျားများရှိ တပ်မှူး၏ နေအိမ်မှ အက်ကွဲသံ ထွက်ပေါ်လာသည်။

ဟုန်ရှီ၏ ပြင်းထန်သော ရိုက်ချက်ကြောင့် သတ္တုစားပွဲတစ်လုံး၏ တစ်ဝက်သည် ဖြတ်တောက်သွားခဲ့သည်။

ဟုန်ရှီ၏ မျက်နှာသည် ပြာနှမ်းသွားသည်။ ရှင်းလင်းပြတ်သားသော လက်ဝါးရာတစ်ခုက သူ့မျက်နှာ ညာဘက်ခြမ်းတွင် ပေါ်လာသည်။ သွေးများက စွန်းထင်းနေဆဲဖြစ်ပြီး ထိုရိုက်ချက်သည် မည်မျှ ပြင်းထန်ကြောင်း ပြသနေသည်။

"ဟုန်ယွိ…။ ငါ မင်းကို အပိုင်းပိုင်း ခုတ်ပစ်ချင်တယ်။ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ..။ မင်းကများ ငါ့ကို ရိုက်ရဲတယ်ပေါ့..။ ဒါ ကြီးမားတဲ့ အရှက်ခွဲမှုကြီးပဲ။ ကြီးမားတဲ့ အရှက်ခွဲမှုကြီးပဲ။"

ပြင်းထန်သော အမျက်ဒေါသ၊ အရှက်ရမှုနှင့် ဖော်ပြမရနိုင်သော ခံစားချက်တို့က ဝူဝမ်မြို့စား၏သား ဟုန်ရှီ၏ သွေးကို ဆူပွက်စေခဲ့သည်။

"လူရှိလား….။"

"ရှိပါတယ်။"

အကြာကြီး စဉ်းစားပြီးနောက် ဟုန်ရှီသည် ရုတ်တရက် ထရပ်ပြီး အော်ခေါ်လိုက်သည်။ ကျွမ်းကျင်သူ အနည်းငယ် ချက်ချင်း ပြေးဝင်လာကြသည်။

"အနောက်ဘက် တောင်တန်းကို သွားပြီး ငါ့အတွက် အုတ်ဂူတစ်ခု သွားတူးကြစမ်း။ အရိုးပြာတွေကို တူးထုတ်ခဲ့ကြ။" ဟုန်ရှီက ကြမ်းကြုတ်သော မျက်နှာထား ဖြင့် ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ…။" ကျွမ်းကျင်သူများက ခေါင်းငုံ့လိုက်ကြသည်။

"ဟားဟားဟားဟား! ဟားဟားဟားဟား။"

ထိုအချိန်တွင် ကျယ်လောင်သော ရယ်မောသံက နတ်ဘုရားသခင်ဗျူဟာ တပ်ရင်း၏ နေအိမ်ထဲသို့ ဝင်ရောက်လာပါသည်။

"ဘယ်သူလဲ" ဟုန်ရှီ၏ ခန္ဓာကိုယ်သည် တုန်ခါသွားသည်။ ကျွမ်းကျင်သူများ သူတို့၏ လက်နက်များကို ချက်ချင်း ဆွဲထုတ်လိုက်ကြသည်။

"ဂုဏ်သိက္ခာကြီးမားတဲ့ ဝူဝမ်မြို့စားရဲ့ သားကြီးက ညီတစ်ယောက်ရဲ့ ပါးရိုက်ခံရပြီးနောက် ဒေါသထွက်လွန်ပြီး၊ အုတ်ဂူတူးဖို့လောက်ပဲ သိတော့တာလား။" အေးစက်သော လေတစ်ချက် တိုက်ခတ်လာပြီး အမျိုးသမီးတစ်ဦး ပေါ်လာသည်။ ဤအမျိုးသမီးတွင် အပြာရောင် မျက်လုံးများ ရှိနေသည်။

"မင်းသမီးယူလူလက်" ဟုန်ရှီသည် ထိုအပြာရောင် အမျိုးသမီး၏ မျက်လုံးများကို ကြည့်လိုက်သည်။

"ချန်ပီယံ မြို့စားက ဒီနေ့ မင်းသားယုရဲ့ နေအိမ်မှာ ရှင် ကြုံတွေ့ခဲ့ရတာကို သိပြီးပြီ..။ ရှင့်ရဲ့ အဲဒီညီမှာ ကျွမ်းကျင်သူတစ်ဦး ကျောထောက်နောက်ခံ ရှိနေတယ်.. ရှင် လက်စားချေနိုင်မှာ မဟုတ်ဘူး..။ ဒါပေမဲ့ ချန်ပီယံ မြို့စားက ရှင့်ကို သိုင်းသူတော်စင်အဆင့်ကို တက်လှမ်းရာမှာ ကူညီပေးနိုင်ဖို့ မြေအနှစ်သာရဆေးလုံး တစ်လုံး အထူး လက်ဆောင်ပေးလိုက်တယ်။"

အခန်း (၂၈၈)။

"ဘာ.. မြေအနှစ်သာရဆေးလုံး ဟုတ်လား။"

ဟုန်ရှီသည် မင်းသမီးယူလူလက်၏ စကားများကို ကြားလိုက်ရသောအခါ သူ၏ ခန္ဓာကိုယ်ထဲရှိ ဆူပွက်နေသော သွေးများသည် ငြိမ်သက်သွားခဲ့ သည်။ သူသည် မြက်ခင်းပြင်ပုံစံ အဝတ်အစားများ ဝတ်ဆင်ထားသည့် အပြာရောင် မျက်လုံးပိုင်ရှင် အမျိုးသမီးကို သားရဲတစ်ကောင်၏ အကြည့်မျိုး ဖြင့် ကြည့်နေမိသည်။

"တပ်မှူးက ကျွန်မကို မယုံဘူးလား။"

မင်းသမီးယူလူလက် ချိုသာစွာ ပြုံးလိုက်ပြီး သူမ၏ ရင်ခွင်ထဲမှ မြစိမ်းရောင် ပိုးသားအပိုင်းအစတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုပိုးသားဖြင့် ထုပ်ပိုးထားသည်မှာ သစ်ကြားသီး အရွယ်အစားရှိ ပုံဆောင်ခဲတစ်ခု ဖြစ်သည်။

ထိုပုံဆောင်ခဲ၏ အလယ်ဗဟိုတွင် ပယင်းရောင်ကဲ့သို့ ပုံဆောင်ခဲ၏ အလယ်ဗဟိုကို ရစ်ပတ်ထားသည့် လက်မအရွယ် ဆေးလုံးတစ်လုံး ရှိသည်။

ဤဆေးလုံးကို နတ်ဆိုးဘုရားသွေးစက်ကဲ့သို့ ပိတ်လှောင်ထားခြင်း ဖြစ်သည်။ ထိုသို့ ပိတ်လှောင်ခြင်း၏ အားသာချက်မှာ ဆေးစွမ်းဂုဏ်သတ္တိသည် နှစ်ပေါင်း တစ်သောင်းကြာပြီးနောက်မှာပင် လွင့်ပျယ်သွားမည် မဟုတ်ပေ။ သို့သော် အစွမ်းထက်သော မှော်စွမ်းအားနှင့် နတ်ဘုရား စွမ်းရည်များ မရှိသူများသည် ဤသို့ ပိတ်လှောင်နိုင်မည် မဟုတ်ပေ။

ဤဆေးလုံးသည် အနီရောင်ရင့်ရင့်ဖြစ်ပြီး မီးလျှံကဲ့သို့ တဖျပ်ဖျပ် ခုန်နေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ဆေးလုံးသည် အထည်ကိုယ်ဒြဗ်ရှိသည်ဟု မထင်ရဘဲ၊ စီးဆင်းနေသော မှော်အဆောင်များနှင့် မီးလျှံအငွေ့များဖြင့် ပြုလုပ်ထားသကဲ့သို့ ထင်မှတ်ရသည်။ ၎င်းသည် ဤလူ့လောကနှင့် မသက်ဆိုင်သည့် အရာတစ်ခု ဖြစ်နေပေသည်။

"ဒါက မြေအနှစ်သာရဆေးလုံးလား။"

ဟုန်ရှီ၏ လက်က လှုပ်ရှားသွားပါသည်။ သူ ပုံဆောင်ခဲကို ယူရန် တာစူနေစဉ်မှာ မင်းသမီးယူလူလက်က သူမလက်ကို လှန်ပြီး လှိမ့်ချလိုက်ပါသည်။

"ဟုန်ရှီ.. နတ်ဘုရားသခင်ဗျူဟာ တပ်ရင်းရဲ့ တပ်မှူးအနေနဲ့ ရှင်က တပ်တွေကို ဦးဆောင်ပြီး၊ နှစ်ပေါင်းများစွာ အတွေ့အကြုံ ရှိပြီးသားပါ..။ ရှင် ဘာလို့ ဒီလောက် စိတ်မရှည်ရတာလဲ။" မင်းသမီးယူလူလက်က လေသံခပ်မာမာဖြင့် ပြောလိုက်သည်။ "ဒီမြေအနှစ်သာရဆေးလုံးက ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆေးလုံးပဲ..။ ဒါက သွေးကို ပြောင်းလဲစေနိုင်ပြီး၊ အရွတ်တွေကို ပြန်လည် ဖြစ်ပေါ်စေနိုင်တယ်။ အရိုးတွေကိုလည်း ကြီးထွားစေနိုင် တယ်၊ အရိုးတွင်းခြင်ဆီနဲ့ ကိုယ်တွင်း အင်္ဂါတွေကို သန့်စင်ပေးနိုင်တယ်..။ ဒါ့ပြင် ဆေးအဆိပ်လည်း နည်းနည်းလေး မပါရှိဘူး..။ ဒီဆေးက သွေးထဲမှာ တွယ်ကပ်နေခြင်း မရှိဘဲ၊ အနာဂတ်မှာ လူတစ်ယောက်ကို သိုင်းသူတော်စင်တစ်ဦး ဖြစ်စေနိုင်တယ်.. ။ တကယ်လို့, လူတစ်ယောက်ဟာ သွေးမသန့်စင်ရင်၊ စစ်မှန်တဲ့ သိုင်းသူတော်စင် ခန္ဓာကိုယ်ကို ကျင့်ကြံနိုင်မှာ မဟုတ်ဘူး..။ မဟာဆရာသခင်တစ်ဦး ဖြစ်နေသမျှ ဒီဆေးလုံးကို သောက်သုံးပြီးတာနဲ့ သွေးနဲ့ အရိုးတွင်းခြင်ဆီ ပြောင်းလဲခြင်းရဲ့ အခက်ခဲဆုံး အဆင့်ကို ကျော်ဖြတ်နိုင်လိမ့်မယ်..။ ဒါကြောင့် ဒီဆေးလုံးဟာ ကမ္ဘာပေါ်ရှိ တခြား ဘယ်ရတနာထက်မဆို ပိုအဖိုးတန်တယ်..။ ရွှေဒင်္ဂါးသိန်းချီ၊ ဒါမဟုတ် ငွေဒင်္ဂါးသန်းဆယ်ချီ ရှိရင်တောင် ရရှိဖို့ ခက်ခဲလိမ့်မယ်..။ တပ်မှူးဟုန်အနေနဲ့ ဒီလောက် အဖိုးတန်တဲ့ လက်ဆောင်ကို ဖြစ်သလို လက်ခံဖို့တော့ နည်းနည်းလေး ကလေးဆန်လွန်းရာ မရောက်ဘူးလား။"

"ဒီဆေးလုံးက တကယ်ပဲ အဖိုးတန်လွန်းတယ်…။ နန်းတော်မှာတောင် ဒါမျိုး မရှိဘူး။"

ဟုန်ရှီသည် မင်းသမီးယူလူလက် သိမ်းဆည်းလိုက်သော ဆေးလုံးကို ကြည့်လိုက်ပြီး ခြောက်ကပ်သော လေသံဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့, ဒီဆေးလုံးက ငါ့ကို စစ်မှန်တဲ့ သိုင်းသူတော်စင်တစ်ဦး ဖြစ်စေနိုင်မှာ မဟုတ်ဘူး..။ စစ်မှန်တဲ့ သိုင်းသူတော်စင်တစ်ဦး ဖြစ်ဖို့ဆိုတာ သွေးကို သန့်စင်ဖို့ လိုအပ်ရုံတင်မကဘူး၊ စိတ်နဲ့ စိတ်ဝိညာဉ်ကိုလည်း အလုံးတစ်လုံးလို သန့်စင်ပြီး သိမ်မွေ့ဆန်းကြယ်တဲ့ နယ်ပယ်တစ်ခုကို ရောက်ရှိဖို့ လိုအပ်တယ်။"

"လူတစ်ဦးရဲ့ စိတ်ဝိညာဉ်ကို ကျင့်ကြံဖို့ဆိုတာက ကိုယ်တိုင်လုပ်မှရမှာလေ..။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူမှ ရှင့်ကို ကူညီပေးနိုင်မှာ မဟုတ်ဘူး..။ ဟုန်ရှီ၊ ရှင် ကျွန်မကို စျေးဆစ်ချင်တယ်ဆိုရင်တော့ မေ့လိုက်ပါ..။ ကျွန်မ ဒီနေ့ ဒီနေရာကို အလကားသက်သက် လာခဲ့မိတယ်လို့ပဲ မှတ်ယူလိုက်မယ်။" မင်းသမီးယူလူလက် ထရပ်လိုက်သည်။

"ဒီနတ်ဘုရားသခင်ဗျူဟာ တပ်ရင်းက နန်းတော်အတွက် အရေးကြီးတဲ့ နေရာပဲ..။ မင်းက တိုင်းတပါးက သံတမန်တစ်ဦးပဲ..။ မင်း လာချင်သလိုလာ၊ သွားချင်သလို သွားနိုင်မယ်လို့ ထင်နေလား။" ဟုန်ရှီက ခက်ထန်စွာ ပြုံးလိုက်သည်။

"ဟုန်ရှီ.. အော် ဟုန်ရှီ..။ ရှင်က အရမ်း မာနကြီးလွန်းပဲ..။ ရှင်က ရှင့်အဖေ ဟုန်ရွှန်ကျိနဲ့ ယှဉ်ရင် ကွာခြားချက်က ကောင်းကင်နဲ့ မြေကြီးလိုပဲ။" မင်းသမီးယူလူလက်က ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။ "ရှင် ဒီမြေအနှစ်သာရဆေးလုံးကို ကျွန်မဆီကနေ အတင်းအကျပ် လုယူဖို့ ကြိုးစား ချင်နေတာလား..။ ရှင်က ကျွန်မကို ဒီမှာ ဆက်ပြီး နေစေချင်တာလား..။ ရှင် ကျွန်မကို ဒီမှာ ဆက်ထိန်းထားနိုင်စွမ်း ရှိမရှိဆိုတဲ့အကြောင်း မပြောနဲ့ဦး။ ရှင် ဆက်ထိန်းထားနိုင်ရင်တောင် ချန်ပီယံ မြို့စားရဲ့ လက်စားချေမှုကို ရှင် ခံနိုင်ရည်ရှိမယ်လို့ ထင်နေလား..။ ချင်ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့သား ဘာဖြစ်သွားလဲ ရှင် မသိသေးဘူးလား။"

"ကိုးလပိုင်းရဲ့ သုံးဆယ်ရက်နေ့မှာ ချင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဝေလီရန်ကို ချန်ပီယံ မြို့စားက ကျင်းမျိုးနွယ်စုရဲ့ သခင်မငယ်လေးကို စော်ကားမှုနဲ့ ဖမ်းဆီးခဲ့တယ်..။ သူ့ကို ဓားနဲ့ထိုး၊ အရေခွံခွာပြီး မြက်တောထဲ ပစ်ထည့်ထားခဲ့တယ်..။ အဲဒီနောက် ချင်းပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးကို ရာထူးချပြီး နောက်၊ တရားရေးဝန်ကြီးဌာနရဲ့ ထောင်ထဲမှာ သေဆုံးခဲ့ရတယ်။" ဟုန်ရှီက မင်းသမီးယူလူလက်ကို ကြည့်ရင်း ပို၍ ခြောက်ကပ်ကပ်အသံဖြင့် ပြောလိုက်သည်။

ချန်ပီယံ မြို့စားသည် သူ့လူများကို ကာကွယ်ပေးရာတွင် အလွန်အမင်း နာမည်ကြီးသူ ဖြစ်သည်။ ကျင်းမျိုးနွယ်စု၏ သခင်မငယ်လေးသည် သူ၏ သီးသန့် ပိုင်ဆိုင်မှု ဖြစ်သည်။ ချင်ပြည်နယ်၊ အုပ်ချုပ်ရေးမှူး၏ သားသည် တစ်ချိန်က သူမကို နှောင့်ယှက်ခဲ့ဖူးသည်။ နောက်ဆုံးတွင် ချန်ပီယံ မြို့စားက သူ့ကို ဖမ်းဆီးပြီး စစ်တပ်သို့ ပို့ဆောင်ကာ အရေခွံခွာပြီး မြက်တောထဲ ပစ်ထားခဲ့သည်။

"တစ်ယောက်ယောက်ရှိလား...၊ လာကြစမ်း၊ မင်းသမီးယူလူလက်ကို လက်ဖက်ရည်နဲ့ ဧည့်ခံစမ်း။"

ကိုယ့်ကိုယ်ကိုယ် ပြောဆိုပြီးနောက် ဟုန်ရှီက လက်ဝှေ့ယမ်းလိုက်သည်။

"တပ်မှူးဟုန်က စည်းမျဉ်းတွေကို လိုက်နာသူ ဖြစ်ပုံရတယ်။" မင်းသမီးယူလူလက်က ခေါင်းညိတ်ပြီး ပြန်ထိုင်လိုက်သည်။ "ဒီလိုဆိုမှတော့, ကျွန်မ ရှင့်ကို သတင်းအချက်အလက် နည်းနည်းပါးပါး ပိုပြောပြပါ့မယ်..။ ရှင့်ညီငယ် ဟုန်ယွိက ဘာမှသိပ်မပြောပလောက်ပေမဲ့၊ သူ့နောက်ကွယ်မှာ ကမ္ဘာပေါ်က မဟာနတ်ဆိုးအင်မော်တယ် ရှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ ငွေငါးမန်းဘုရင် ရှိနေတယ်။"

"ငွေငါးမန်းဘုရင်လား။ သူက ယွမ်နိုင်ငံရဲ့ မင်းသမီး မဟုတ်လား။" ဟုန်ရှီက ထိတ်လန့်စွာဖြင့် ပြောလိုက်သည်။

"အခုတော့ ဟုန်ယွိရဲ့ သိုင်းပညာ ဘာကြောင့် ဒီလောက် တိုးတက်လာလဲဆိုတာ ရှင် သိပြီပေါ့..။ ဒါ့အပြင် ဒီငွေငါးမန်းဘုရင်ဟာ သူ့ရဲ့ တာအိုလက်တွဲဖော် ဖြစ်လာခဲ့ပြီ..။ ရှင် လက်စားချေဖို့ဆိုတာ သိပ်မလွယ်လောက်ဘူး။" မင်းသမီးယူလူလက်က ပြောလိုက်သည်။

"သူ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..။ ငွေငါးမန်းဘုရင်က ကမ္ဘာပေါ်က ထိပ်တန်း ကျွမ်းကျင်သူတစ်ဦးပဲ။ ပြီးတော့ သူက သာမန် ခွေးမသားလေးတစ်ယောက်..။ ဘာလို့လဲ။ ဘာလို့လဲ။" ရုတ်တရက် ပြင်းထန်သော မနာလိုစိတ်က ဟုန်ရှီ၏ နှလုံးသားထဲတွင် တဟုန်ထို ပျံ့နှံ့လာခဲ့သည်။

"မနာလိုဖြစ်နေလဲ အသုံးမဝင်ဘူး..။ တစ်ခုတည်းသော နည်းလမ်းက ရှင့်ခွန်အားကို တိုးတက်အောင် လုပ်ဖို့ပဲ။" မင်းသမီးယူလူလက်က အေးစက်စွာ ပြောလိုက်သည်။ သူမ၏ စကားများသည် ရေအေးတစ်ပုံးနှင့်တူပြီး၊ ဟုန်ရှီ၏ ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်များကို ငြှိမ်းသတ်လိုက်ပြန်သည်။

"မြေအနှစ်သာရဆေးလုံးကို ကျုပ်ကို ပေး.. ချန်ပီယံ မြို့စားက ကျုပ်ကို ဘာလုပ်စေချင်လဲ။" ဟုန်ရှီက ပြောလိုက်သည်။

"ချန်ပီယံ မြို့စားက ရှင့်ကို ဘာမှ လုပ်စေချင်တာ မဟုတ်ပါဘူး..။ သူက ဟုန်ယွိကို ဖိနှိပ်ဖို့ ရှင့်ကို အကျိုးအမြတ် ပေးနေတာပဲ..။ ရှင့်လက်ထဲက ဒီအင်အား နည်းနည်းလေးနဲ့ ဩဇာအာဏာ ရှိနေပြီလို့ ရှင်ထင်နေလား..။ ဒီတပ်အင်အား နည်းနည်းလေးနဲ့ မြို့စားက ရှင့်ကို စည်းရုံးဖို့ ထိုက်တန်ပြီ ထင်နေလား..။ ချန်ပီယံ မြို့စားသာ ငွေငါးမန်းဘုရင်ကို စိတ်မဝင်စားဘူးဆိုရင်၊ ရှင့်ကို မြေအနှစ်သာရဆေးလုံး ပေးမှာ မဟုတ်ဘူး..။ ဒီဆေးလုံးက ရှင် သိုင်းပညာ လေ့ကျင့်ဖို့၊ သိုင်းသူတော်စင် နယ်ပယ်ကို ချိုးဖြတ်ဝင်ရောက်ထွက်ဖို့နဲ့ ဟုန်ယွိကို ဖိနှိပ်ဖို့ လုံလောက်တယ်..။ ချန်ပီယံ မြို့စားက ရှင့်ကို ဘာမှ လုပ်စေချင်တာ မဟုတ်ပေမဲ့၊ ဒီနေ့ ဖြစ်ပျက်ခဲ့သမျှကို ရှင့်ဘက်က မပေါက်ကြားတာ အကောင်းဆုံးပဲ..။ မဟုတ်လို့ မြို့စား စိတ်ဆိုးလာရင်၊ ရှင် ရှင့်ဖခင်ရဲ့ ဘေးနားမှာပဲ တစ်သက်လုံး ပုန်းအောင်းနေရလိမ့်မယ်။"

သူမ ပြောနေစဉ်တွင် မင်းသမီးယူလူလက်၏ ခန္ဓာကိုယ် လှုပ်ရှားသွားပြီး မှိန်ဖျော့သော မြူခိုးများက သူမ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်သွားသည်။ ဟုန်ရှီသည် လက်လှမ်းလိုက်သော်လည်း အရိပ်ကိုသာ ဖမ်းမိလိုက်သည်။ မင်းသမီးယူလူလက်သည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့သည်။

ပုံဆောင်ခဲထဲတွင် ပိတ်လှောင်ထားသည့် မြေအနှစ်သာရဆေးလုံးကမူ စားပွဲပေါ်တွင် ကျန်ရှိနေခဲ့သည်။

"တပ်မှူးဟုန်.. မြေအနှစ်သာရဆေးလုံးက ရှင့်ကို သိုင်းသူတော်စင်နယ်ပယ်ထဲ ဝင်ရောက်ဖို့ စွမ်းဆောင်ပေးနိုင်တယ်..။ ဒါပေမယ့်, ရှင် ရှင့်စိတ်ကို ဆက်လက် လေ့ကျင့်ဖို့ လိုအပ်နေသေးတယ်..။ မဟုတ်ရင် ရှင့်အရေပြားနဲ့ အသားသက်သက်ဆို, အခွံသာသာပဲ ဖြစ်နေလိမ့်မယ်..။ ရှင် စစ်မှန်တဲ့ သိုင်းသူတော်စင်တစ်ဦး ဖြစ်လာမှပဲ အရည်အချင်း ပြည့်မီလိမ့်မယ်...။"

မင်းသမီးယူလူလက်သည် မြူခိုးအဖြစ်သို့ ပြောင်းလဲပြီးနောက် သူမ၏ အသံသည် တဝဲဝဲလည်လည် ဖြစ်ကာ၊ ပဲ့တင်ထပ် ကျန်ရစ်ခဲ့ပြီး၊ တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။

"ဟွန့်။"

အသံက တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသည်ကို ကြားလိုက်ရသောအခါ, ဟုန်ရှီ မင်းသမီးယူလူလက် ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိလိုက် သည်။ သူ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"အဖေက လူသားအင်မော်တယ် ဖြစ်နေပြီ..။ ကံမကောင်းစွာနဲ့ပဲ သူ ငါ့ကို အပ်စိုက်မှတ် သန့်စင်ခြင်း နည်းလမ်းကို သင်ပေးဖို့ ဆန္ဒ မရှိသေးဘူး..။ အခု ငါ ဒီမြေအနှစ်သာရဆေးလုံးကို စားသုံးပြီးရင်၊ ငါ့ခန္ဓာကိုယ်က သိုင်းသူတော်စင်တစ်ဦး ဖြစ်လာလိမ့်မယ်..။ ဒါဆို အဖေက ငါ့ကို စစ်မှန်တဲ့ အပ်စိုက်အမှတ် သန့်စင်ခြင်း နည်းလမ်းကို သင်ပေးလိမ့်မယ်..။ အဲဒီအချိန်ကျရင်...၊ ချန်ပီယံ မြို့စား၊ မင်း ငါ့ကို အထင်သေးရဲတယ်ပေါ့...။ ဟုန်ယွိ၊ ငါ မင်းကို အစိတ်စိတ် အမြွှာမြွှာ ဆုတ်ဖြဲပစ်မယ်။"

ဟုန်ရှီက ဟစ်ကြွေးလိုက်သည်။

ကျောက်စိမ်းမြို့တော် အပြင်ဘက် ကီလိုမီတာ ၆၀ အကွာရှိ ကျောက်စိမ်းနဂါးတောင်ပေါ်ရှိ ဖန်ရှင်းတာအိုဂိုဏ်း ဘုရားကျောင်းတွင် ဆံပင်အားလုံးကို ဖြတ်ထားသော လူငယ်တစ်ဦးသည် မီးတောက်နေသော ဆေးမီးဖိုရှေ့တွင် ထိုင်နေသည်။

လူတစ်ဦး ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ ဆံပင်များနှင့် အရေပြားများသည် မိဘများထံမှ အမွေရရှိထားခြင်း ဖြစ်ပြီး ၎င်းတို့ကို ပျက်ဆီးစေ၍ မရပေ။ ဆံပင်ဖြတ်ခြင်းသည် ကြီးမားသော မရိုသေမှု ဖြစ်သော်လည်း ဤလူငယ်သည် သူ့ဆံပင်များကို တိုအောင် ညှပ်ထားသည်။

ဖန်ရှင်းတာအိုဂိုဏ်း ဂိုဏ်းချုပ် ရှောင်းအန်ရန်နှင့် ဆံပင်ဖြူ၊ မျက်နှာနီမြန်းသော တာအိုဘုန်းကြီး အနည်းငယ်တို့သည်လည်း သူ့ဘေးတွင် ထိုင်နေကြ ပြီး ဤလူငယ်ကို စောင့်ရှောက် ကာကွယ်နေပုံရသည်။

ဤလူငယ်မှာ ချန်ပီယံ မြို့စားပင် ဖြစ်သည်။

"မြို့စား.. မြေအနှစ်သာရဆေးလုံးကို ဟုန်ရှီထံ ပေးအပ်ခဲ့ပြီးပါပြီ" ထိုအချိန်၌ မင်းသမီးယူလူလက်၏ ပုံသဏ္ဌာန်သည် ဆေးမီးဖိုအပြင်ဘက်တွင် ပေါ်လာခဲ့သည်။

"ကောင်းပြီ.. ငါ နားလည်တယ်" ချန်ပီယံ မြို့စားက ခေါင်းညိတ်လိုက်သည်။

"မြို့စား.. ဟုန်ရွှန်ကျိက တကယ်ကို ယုတ်မာတယ်..။ သူက ကွန်ဖြူးရှပ် ပညာရှင်တစ်ဦးအဖြစ် သူ့ကိုယ်သူ ပြောဆိုပြီး၊ အဓိက ဂိုဏ်းကြီးတွေကို ငြင်းပယ်ခဲ့တယ်..။ သူက နန်းတော်နဲ့ ကွန်ဖြူးရှပ်ပညာရှင် ဝန်ကြီးတွေထံ စာချွန်လွှာတွေ တင်ပြခဲ့ပြီး၊ ကျွန်ုပ်တို့ ဖန်ရှင်းတာအိုဂိုဏ်းကို နန်းတော်က နေ လုံးဝ မောင်းထုတ်ချင်ခဲ့တယ်..။ သူက ကျွန်ုပ်တို့ မြေယာတွေကိုတောင် သိမ်းယူပြီး နိုင်ငံတော် ဘဏ္ဍာတိုက်ထဲ ထည့်သွင်းချင်ခဲ့တယ်..။ ဒီတစ်ခါ မြို့စားက ယွမ်မင်နိုင်ငံအပေါ် ကြီးမားတဲ့အောင်ပွဲ ဂုဏ်သတင်းနဲ့အတူ နန်းတော်ကို ရောက်ရှိလာတာဆိုတော့, ဟုန်ရွှန်ကျိကို ဆန့်ကျင်ပြီး၊ ကျွန်ုပ်တို့ ဖန်ရှင်းတာအိုဂိုဏ်းအတွက် သေချာပေါက် ပြောဆိုပေးရပါမယ်။"

အဘိုးအို တာအိုဘုန်းကြီးတစ်ပါးက ပြောလိုက်သည်။

"အဆင်ပြေပါတယ်.. ဒါပေမဲ့ ဟုန်ရွှန်ကျိက အခု လူသားအင်မော်တယ် ဖြစ်သွားပြီ..။ သူက တကယ်ပဲ ပြိုင်ဘက်ကင်းတဲ့ ဉာဏ်ကြီးရှင်ပဲ။ ဒါပေမဲ့..." ချန်ပီယံ မြို့စားသည် စကားအနည်းငယ် ပြောပြီးနောက် ရပ်တန့်သွားခဲ့သည်။

အဘိုးအို တာအိုဘုန်းကြီးများသည်လည်း မေးမြန်းခြင်းကို ရပ်လိုက်ကြသည်။ ရှောင်အန်ရန်ကမူ တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။

ညက နက်ရှိုင်းလာပြန်သည်။

နန်းမြို့တော်သည် ကြီးမားကျယ်ဝန်းသော အဆောက်အအုံများဖြင့် ပြည့်နေခဲ့ပြီး၊ ကျောက်စိမ်းမြို့တော်၏ အလယ်ဗဟိုတွင် တည်ရှိသည်။ တော်ဝင်ချန် နန်းမြို့တော်သည် ကမ္ဘာပေါ်တွင် အကြီးဆုံး နန်းတော်ဖြစ်သည်ဟု ဆိုနိုင်သည်။ နန်းမြို့တော်သည် ဆက်ခံသော မင်းဆက်များစွာတို့မှ တည်ဆောက်ခဲ့သော ကမ္ဘာ့ဗဟိုချက်လည်း ဖြစ်သည်။ ရာစုနှစ်ပေါင်းများစွာ ပြုပြင်တိုးချဲ့ခြင်း၊ စစ်မီးများ လောင်ကျွမ်းခံရခြင်းနှင့် ပြန်လည် တည်ဆောက်ခြင်းတို့ကို အကြိမ်ကြိမ် တွေ့ကြုံခဲ့ရပြီး၊ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ၏ ပြုပြင်ပြောင်းလဲမှုများကို ဖြတ်သန်းခဲ့ရသည်။

ဒိုင်ဇင်ဘုရားကျောင်းတော်ကဲ့သို့ ကြီးကျယ်ခမ်းနားသော နန်းဆောင်များ၊ ခန်းမဆောင်များနှင့် ဘုရားကျောင်းများပင် နန်းမြို့တော်နှင့် နှိုင်းယှဉ်လျှင် သေးငယ်နေခဲ့သည်။

ဤနေရာသည် ဤကမ္ဘာကြီး၏ နှလုံးသားပင် ဖြစ်သည်။

ကောင်းကင်မှ တိတ်ဆိတ်စွာ ကျဆင်းလာသော နှင်းပွင့်များကို ကြည့်ရင်း ဟုန်ယွိသည် လမ်းပေါ်တွင် တစ်ယောက်တည်း လျှောက်လာခဲ့ပြီး အဝေးကို ကြည့်လိုက်သည်။ နန်းမြို့တော်၏ ကြီးမားသော အတွင်းမြို့ရိုးများ၊ မြင်းစီးအစောင့်တပ်အုပ်စုများ၊ ကျုံးများ၊ အဖြူရောင် ကျောက်စိမ်းနှင့် ရွှေများဖြင့် ပြုလုပ်ထားသော ကျယ်ပြန့်သည့် တံတားများကို မြင်နေရသည်။

ဤအချိန်၌ ဟုန်ယွိသည် အနက်ရောင် အဝတ်အစားကို တကိုယ်လုံး အပြည့်အစုံ လွှမ်းခြုံထားပြီး သူ၏ မျက်နှာသွင်ပြင်မှာ မှုန်ဝါးနေသည်။ ဤအချိန်တွင် တစ်စုံတစ်ယောက်သာ သူ၏ မျက်နှာကို ကြည့်လိုက်ပါက၊ သူ၏မျက်နှာပေါ်တွင် မျက်နှာသွင်ပြင်များ မရှိကြောင်း တွေ့ရှိရလိမ့်မည်။ ၎င်းသည် အလင်းရောင် လုံးဝ ကင်းမဲ့နေသည်။ အဘယ်ကြောင့်ဆိုသော် ဤအချိန်တွင် ဟုန်ယွိသည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ထဲ၌ မဟုတ်ဘဲ၊ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ပုံစံဖြင့် ရှိနေသောကြောင့် ဖြစ်သည်။

သို့သော် ဤအချိန်တွင် သူ၏ စိတ်ဝိညာဉ်သည် ထင်ရှားလာခဲ့ပြီး စိတ်ဝိညာဉ်နှင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကြား ကွာခြားမှု မရှိတော့ပေ။

ဤညတွင် သူသည် အစီအစဉ်အရ ဤကမ္ဘာကြီး၏ ဗဟိုချက်ဖြစ်သော နန်းမြို့တော်ကို စူးစမ်းလေ့လာရန် သွားနေခြင်း ဖြစ်သည်။ သို့သော် သူသည် ကောင်းကင်သို့ ပျံတက်ပြီး နန်းမြို့တော်ကို အပေါ်စီးမှ ကြည့်ရှုရန် မဝံ့ရဲပေ။

အကြောင်းမှာ နန်းမြို့တော်ထဲတွင် ကျွမ်းကျင်သူများစွာ ရှိနေသောကြောင့် ဖြစ်သည်။ နန်းတော်ထဲတွင် ပုန်းကွယ်နေနဂါးများနှင့် ငုပ်လျှိုးနေသော ကျားများ ရှိနေသည်။ မည်သည့် ကျွမ်းကျင်သူ အမျိုးအစားများ ရှိနေသည်ကို မည်သူမျှ မသိပေ။ အကယ်၍, သူသာ ကောင်းကင်သို့ ပျံတက်ပါက၊ သူ၏ စိတ်ဝိညာဉ်မှ ထုတ်လွှတ်သော အငွေ့အသက်ကို ထိုကျွမ်းကျင်သူများသည် အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ပေလိမ့်မည်။

ဟုန်ယွိသည် ယခုအခါ ချီလှိုင်းများကို စောင့်ကြည့်ပြီး အာရုံခံနေသည်။

မှန်ပါတယ်၊ သူသည် နန်းမြို့တော်၏ ချီလှိုင်းများကို စောင့်ကြည့်နေခြင်း ဖြစ်သည်။

သူ၏အမြင်တွင် ကြီးမားသော နန်းမြို့တော်အထက်၌ ရွှေရောင် လေစီးကြောင်းများ စီးဆင်းနေခြင်း၊ တဖျပ်ဖျပ် လင်းနေခြင်းတို့ကို တွေ့နေရသည်။ ဤရွှေရောင် လေစီးကြောင်းများတွင် အဆုံးမဲ့သော ခမ်းနားထည်ဝါမှုများ ပါဝင်နေသည်။

ဟုန်ယွိ၏အမြင်တွင် နန်းမြို့တော် တစ်ခုလုံးသည် ဗုဒ္ဓ၏စိတ်ဝိညာဉ်ရေးရာ တောင်ကုန်း၊ တာအိုသခင်၏ ကောင်းကင် နန်းတော်ကဲ့သို့ ဖြစ်နေပြီး မှိန်ဖျော့စွာ တောက်ပနေသည်။

သို့သော် ဤရွှေရောင် လေစီးကြောင်းများကို သာမန်လူများ မြင်နိုင်မည် မဟုတ်ပေ။ တာအို ကျွမ်းကျင်သူများသာ သူတို့စိတ်ဝိညာဉ်ကို အသုံးပြု၍ ခံစားနိုင်ပေမည်။

"ဒါက လူအများအပြားရဲ့ စိတ်နှလုံးသားထဲမှာ တည်ရှိနေတဲ့ တော်ဝင် အာဏာရဲ့ ခမ်းနားထည်ဝါမှုပဲ.. ဒီအတွေးတွေဟာ နန်းမြို့တော်ထဲမှာ ရစ်ပတ်နေတယ်..။ သာမန် တစ္ဆေသရဲတွေနဲ့ ဝိညာဉ်တွေဟာ အနားကို မချဉ်းကပ်ရဲကြဘူး..။ ဒါပေမဲ့ ဒါကလည်း ပုံမှန် ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။"

ဟုန်ယွိ၏ ခန္ဓာကိုယ်က လင်းလက်သွားပြီး တိတ်ဆိတ်သော ယန်စွမ်းအင် စီးကြောင်းအဖြစ်သို့ ပြောင်းလဲကာ မြေပြင်မှနေ၍ နန်းမြို့တော်ထဲသို့ ထိုးဖောက် ဝင်ရောက်သွားလေသည်။

All Chapters