← Chapters

အခန်း (၂၈၃-၂၈၄)

Vol. 26 Ch. 283-284

အခန်း (၂၈၃-၂၈၄)

Vol. 26 Ch. 283-284

အခန်း (၂၈၃)။

"မြန်လိုက်တာ။ ဒီအိမ်ရှေ့စံမင်းသားက တကယ်ကို လျှော့တွက်လို့ မရဘူးပဲ။ မနေ့ညကမှ မင်းသားယုဟာ ထာဝရမိခင်ကို စံအိမ်မှာ ထောင်ချထား တယ်။ ဒီမနက်မှာပဲ သူက နန်းတော်ကနေ အရပ်ဝတ်နဲ့ ထွက်လာပြီ။ ပြီးတော့ နတ်ဘုရားသခင် ဗျူဟာ တပ်ရင်းရဲ့ တပ်မှူး ဟုန်ရှီပါ ပါလာတယ် ဟုတ်လား။ ဟမ့်၊ ဒီလိုဆိုမှတော့ ငါလည်း ရှောင်မနေတော့ဘူး။"

ဟုန်ယွိက ပြောလိုက်ပြီး ရုတ်တရက် သူ့မျက်နှာပေါ်မှာ အေးစက်သော အပြုံးတစ်ခု လျှပ်တစ်ပြက် ပေါ်လာသည်။

"အိမ်ရှေ့စံမင်းသားက ရောက်လာပြီ။ အခုတံခါးဝမှာ ရှိနေပြီ၊ ဟုန်ယွိ, မင်း ခဏလောက် ရှောင်နေလိုက်ပါလား။"

တံခါးဝမှ အစောင့်က အစီရင်ခံပြီးနောက် မင်းသားယုက ထရပ်လိုက်သည်။ သူသည် ပထမတော့ အနည်းငယ် စိတ်လှုပ်ရှားဟန် ရှိသော်လည်း ချက်ချင်းပင် ပြန်လည် စိတ်တည်ငြိမ်သွားသည်။ သူက တည်ငြိမ်စွာ လက်ဝှေ့ယမ်းပြီး ဟုန်ယွိကို ပြောလိုက်သည်။

"မင်းသား၊ ကျွန်တော် အရင် သွားပါတော့မယ်" ဂန်ချင်ဖုန်းက လျင်မြန်စွာ ပြောလိုက်သည်။ သူသည် သူ့နောက်ရှိ လူများကို မျက်စောင်းထိုးလိုက်ပြီး ခြေလှမ်းအနည်းငယ် လှမ်းကာ အတွင်းခန်းထဲသို့ ဝင်ရောက်ပြီး ပုန်းအောင်းလိုက်သည်။ အစေခံမလေး အနည်းငယ်ကလည်း စားပွဲပေါ်ရှိ ခေါက်ဆွဲ၊ သရေစာနှင့် နို့လက်ဖက်ရည်များကို လျင်မြန်စွာ ရှင်းလင်းလိုက်သည်။

သို့သော် ဟုန်ယွိ ထမရပ်ဘဲ ပြုံးပြီး ပြောလိုက်သည်၊ "အိမ်ရှေ့စံမင်းသားဟာ အရမ်း ဂုဏ်သိက္ခာ ကြီးမားတယ်။ သဘာဝအတိုင်း ကျွန်တော် မင်းသားဘေးမှာ နေရမှာပဲ။ ဒါ့အပြင် ဝူဝမ်မြို့စားရဲ့ သားအကြီးဆုံး ဟုန်ရှီဟာ ဒီနှစ်အတွင်း ဘယ်လို ဖြစ်နေပြီလဲဆိုတာ ကျွန်တော် မြင်ချင်သေး တယ်။ သူက ဝူဝမ်မြို့စား ဘွဲ့ကို နောင်အနာဂတ်မှာ ဆက်ခံဖို့ အရည်အချင်း ရှိရဲ့လား။"

ဟုန်ယွိသည် အိမ်ရှေ့စံမင်းသား ရောက်ရှိလာသည့် သတင်းကို ကြားသောအခါ၊ ပထမတွင် ရှောင်နေရန် ရည်ရွယ်ခဲ့သည်။

သို့သော် ဟုန်ရှီလည်း အတူပါလာသည့်အကြောင်းကို ကြားလိုက်ရသည့်အခါ သူသည် ရှောင်နေရန် မလိုချင်တော့ပေ။

ဟုန်ယွိသည် ဝူဝမ်မြို့စား၊ သူ၏ဖခင်၊ လူသား အင်မော်တယ်ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ဟုန်ရွှန်ကျိကိုပင် ရင်ဆိုင် တိုက်ခိုက်ရဲပြီး တစ်ယောက်ကို တစ်ယောက် ပြန်လှန် ပြောဆိုရဲခဲ့သည်။ သူသည် အဘယ့်ကြောင့် ဟုန်ရှီကို အလေးအနက်ထားရမည်နည်း။

လွန်ခဲ့သော တစ်နှစ်ခန့် အရင်ဟုန်ရှီသည် တပ်ဖွဲ့နှင့် သြဇာအာဏာ များစွာ ရှိခဲ့သည်။ သူ လက်ချောင်းလေး တစ်ချောင်းကို လှုပ်လိုက်ရုံဖြင့် ဟုန်ယွိ ထာဝရ ပျက်စီးသွားစေနိုင်သည်ဟု ဆိုနိုင်သော်လည်း၊ ယခုအခါတွင် ဟုန်ယွိသည် လက်ချောင်းတစ်ချောင်းဖြင့် ဟုန်ရှီကို အသာအယာ ချေမှုန်း သတ်ပစ်နိုင်ပြီ ဖြစ်သည်။

တစ်နှစ်အတွင်း ဤမျှ ကြီးမားသော ကွာခြားမှုနှင့် ဩဇာအာဏာ၏ ပြောင်းပြန်လှန်သည်အထိ ဖြစ်ပေါ်ခဲ့သည်။

သို့သော် ဟုန်ယွိသည် ဟုန်ရှီကို ချက်ချင်း သတ်ပစ်ရန် ရည်ရွယ်ခြင်း မရှိပေ။ ယင်းအစား သူသည် တစ်ဆင့်ချင်းစီ လုပ်ဆောင်ပြီး တစ်ဖက်လူကို စိတ်ပျက်အားငယ်သည်အထိ ကစားလိုသည်။

မဒမ်ကျောက်နှင့် သူမ၏ မိသားစုအတွက်မူ, သူတို့ကို သတ်ဖြတ်လိုက်ခြင်းက သူတို့ကို အလွယ်တကူ လွှတ်ပေးလိုက်ခြင်း ဖြစ်သွားပေလိမ့်မည်။

"ကောင်းပြီ။ အိမ်ရှေ့စံမင်းသားရဲ့ သိုင်းပညာက နက်နဲတယ်။ ပြီးတော့ သူ့တာအိုပညာကလည်း နက်နဲတာပဲ။ ဖိအားက တကယ်ကို ကြီးမားလွန်း တယ်။ မင်းလို သခင်တစ်ဦး ငါ့ဘေးနားမှာ ရှိနေရင် ငါ ပိုပြီး စိတ်အေးနိုင်တယ်။ ဒါပေမဲ့ မင်းရဲ့ တာအိုပညာရပ်တွေကို ထုတ်ဖော်မပြတာ အကောင်းဆုံးပဲ။ မဟုတ်ရင် နောင်အနာဂတ်မှာ ရှင်းပြဖို့ ခက်လိမ့်မယ်။" မင်းသားယုက သတိပေးလိုက်သည်။

ဟုန်ယွိက ခေါင်းညိတ်ပြီး ပြောသည် "ဒါကို ကျွန်တော် သိပါတယ်၊ သေချာပေါက် သိထာပေါ့။ ဒါပေမဲ့ လိုအပ်လာရင်တော့ ကျွန်တော်တို့ ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ အိမ်ရှေ့စံမင်းသားကို သိအောင် လုပ်ပေးရလိမ့်မယ်။ မဟုတ်ရင် သူ ကျွန်တော်တို့ကို အနိုင်ကျင့်ဖို့ လွယ်တယ်လို့ ထင်သွားလိမ့်မယ်။"

"ဟား..၊ ဟား..၊ ဟား..၊ ဟား…၊ စတုတ္ထညီငယ်၊ မင်း တကယ်ကို ကြိုးစားနေတာပဲ။ မနက်စောစောစီးစီး လက်အောက်ငယ်သားတွေနဲ့ ငွေကြေးနဲ့ ရိက္ခာတွေအကြောင်း ဆွေးနွေးနေပြီ။ ဘယ်လိုလဲ၊ မကြာသေးခင်က အခွန်ဘဏ္ဍာဝန်ကြီးဌာနဆီ ငွေကြေး၊ စားနပ်ရိက္ခာနဲ့ စစ်သည်တွေရဲ့ လစာ၊ ကပ်ဘေးအန္တရာယ် ကယ်ဆယ်ရေးနဲ့ မြစ်ကြောင်းပြုပြင်ရေးတွေအတွက် နေရာအနှံ့ကနေ အစီရင်ခံစာတွေ ပေးပို့လာတာနဲ့ ပတ်သက်ပြီး အလုပ်ရှုပ် နေရပြီ မဟုတ်လား။ မင်း ဒီရက်ပိုင်းတွေမှာ ခက်ခဲနေတယ်ဆိုတာ ငါ သိပါတယ်။ ဒါကြောင့် မင်းခန္ဓာကိုယ်ကို အာဟာရ ဖြည့်ဖို့ ဆေးအချို့ ကို အထူး ယူလာပေးတာ။ နောင်အနာဂတ်မှာ ငါ မင်းကို အများကြီး အားကိုးရလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် အလုပ်တွေ ဝန်ပိအောင် မလုပ်ပါနဲ့။"

ဟုန်ယွိ ပါးစပ်ပိတ်လိုက်သည်နှင့် ကျယ်လောင်သော ရယ်မောသံနှစ်ခုက အပြင်ဘက်မှ ထွက်ပေါ်လာသည်။ ထို့နောက် လူသုံးဦးသည် စင်္ကြံအဝင်ဝ တွင် ပေါ်လာကြသည်။ တစ်ဦးမှာ အနီရောင် ဝတ်စုံဝတ်ထားသည့် မိန်းမစိုးတစ်ဦး ဖြစ်သည်။ သူ့လက်ထဲတွင် မည်သည့်ပစ္စည်းမှ မပါဘဲဗလာ ဖြစ်နေ ပြီး၊ သူ့ပုံစံက သိမ်းငှက်မျက်လုံးများနှင့် လိပ်ပုံစံ ရှိသည်။ နောက်တစ်ဦးမှာ ပလက်တီနမ် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေသရဖူကို ဆောင်းထားသော အမျိုးသားတစ်ဦး ဖြစ်သည်။

ထိုအမျိုးသားသည် နတ်ဘုရားသခင်ဗျူဟာ တပ်ရင်း၏ တပ်မှူး၊ ဝူဝမ်မြို့စား၏ သားအကြီးဆုံး ဟုန်ရှီ ဖြစ်ပြီး၊ ကြီးမားသော အာဏာ ဩဇာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

သို့သော် ဤလူသုံးဦးထဲတွင် ဟုန်ရှီသည် အဓိက ဇာတ်ကောင် မဟုတ်ပေ။ သူတို့နှစ်ဦး၏ ရှေ့တွင် ရပ်နေသူမှာ ခရမ်းရောင် ပိုးထည် ဝတ်ရုံကို ဝတ်စားထားပြီး ကျောက်စိမ်း သရဖူကို ဆောင်းထားသော အမျိုးသားတစ်ဦး ဖြစ်သည်။ သူ့လက်ထဲတွင် ခေါက်ယပ်တောင်ကို ကိုင်ထားပြီး၊ သူ၏ မျက်ခုံးနှစ်ခုကြားတွင် ဖြာထွက်နေသည့် ခရမ်းရောင် အငွေ့အသက် ရှိနေသည်။ သူ၏ ဘဝနှင့် ကံကြမ္မာသည် ဖော်ပြ၍ မရနိုင်လောက်အောင် မြင့်မြတ်လွန်းသည်။ သူသည် အဓိက ဇာတ်ကောင် ဖြစ်သည်။

မျက်ခုံးနှစ်ခုကြားတွင် ခရမ်းရောင် အငွေ့အသက်ရှိနေသော ခန့်ညားထည်ဝါသည့် ထိုအမျိုးသားသည် တော်ဝင်ချန် မင်းဆက်၏ အိမ်ရှေ့စံမင်းသား ယန်ယွမ်ဖြစ်သည်။

"ဒီယန်ယွမ်ဟာ တကယ်ကို မြင့်မြတ်လွန်းတာပဲ။ ခရမ်းရောင် အငွေ့အသက်ဆိုတာ အရှေ့အရပ်ကနေ ရောက်ရှိလာတာ။ သူ အိမ်ရှေ့စံ ရာထူးကို ဒီလောက် ကြာကြာ သိမ်းပိုက်ထားနိုင်တာ အံ့သြစရာ မရှိတော့ဘူး။ နှိုင်းယှဉ်ကြည့်ရင်, မင်းသားယုကတောင် အရောင်မှိန်နေတယ်။ သူ့စွမ်းအား၊ ကြီးစိုးမှုနဲ့ ဧကရာဇ် အငွေ့အသက် အားလုံးနှိုင်းယှဉ်ကြည့်ရင်, အားလုံးက သိသိသာသာ လျော့နည်းနေတယ်။ လူတစ်ယောက်ရဲ့ ဝိညာဉ်အပေါ် ဖိအား သက်ရောက်စေနိုင်ခြင်းလည်း မရှိတော့ဘူး။ ဘာမတော်တဆမူမှ မရှိခဲ့ရင် ဧကရာဇ် နတ်ရွာစံပြီးနောက် မင်းဆက်ရဲ့ နတ်ဘုရား လက်နက်ကို ထိန်းချုပ်နိုင်တဲ့ ရာထူးဟာ အိမ်ရှေ့စံမင်းသားဆီကို သေချာပေါက် ရောက်ရှိမှာပဲ။ မင်းသားယုမှာ မျှော်လင့်ချက် လုံးဝ မရှိဘူး။ ဒါပေမယ့်, အခု ချန်ပီယံမြို့စား ရှိနေပြီ။ ချန်ပီယံ မြို့စားရဲ့ အသွင်အပြင်လည်း မြင့်မြတ်လွန်းတယ်။ အိမ်ရှေ့စံမင်းသားနဲ့ နှိုင်းယှဉ်ကြည့်ရင် သူတို့ရဲ့ အငွေ့အသက် ပေါ် မူတည်ပြီး ဘယ်သူက သာလဲဆိုတာ တပ်အပ် ပြောလို့မရနိုင်ဘူး။"

ဟုန်ယွိသည် အိမ်ရှေ့စံမင်းသား ယန်ယွမ်ကို မြင်သောအခါ တုန်လှုပ်သွားပါသည်။

ထိုသို့ဖြစ်ရခြင်းမှာ, ဟုန်ယွိသည် အလွန်မြင့်မားသည့် နယ်ပယ်အထိ ကျင့်ကြံထားသောကြောင့် ဖြစ်ပြီး၊ ရှင်ခြင်းနှင့် သေခြင်းကြားက အတားအဆီးကို ချိုးဖြတ်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ သဘာဝအတိုင်း သူသည် အိမ်ရှေ့စံမင်းသား၏ ခန္ဓာကိုယ်ရှိ တန်ခိုးစွမ်းအားနှင့် ဧကရာဇ်ချီကို ခံစားသိရှိနိုင်ခဲ့သည်။

ဤဧကရာဇ်ချီသည် အစစ်မှန် လေစီးကြောင်း သို့မဟုတ် တိမ်စွမ်းအင်မျိုး မဟုတ်ပေ။ ယင်းအစား လူများကို ခံစားမှုတစ်ခု ပေးစွမ်းနိုင်သော၊ နားလည်နိုင်သော်လည်း ဖော်ပြ၍ မရနိုင်သော ခံစားမူတစ်ခု ဖြစ်သည်။

နက်ရှိုင်းသော တာအိုပညာကို ပိုင်ဆိုင်ထားသည့် တာအိုပညာရှင်များသည် စွမ်းအင်များကို ခံစားကြည့်သည့်အခါ၊ များသောအားဖြင့် တစ်ဖက်လူ၏ စိတ်အခြေအနေကို ကြည့်ရှုပြီး တစ်ဖက်လူ၏ အောင်မြင်မှုများဖြင့် သူတို့၏ ကံကြမ္မာကို ဆုံးဖြတ်ကြသည်။ အခြေခံအားဖြင့် သူတို့သည် ခန့်မှန်းချက်သည် မှားယွင်းခြင်းမရှိဘဲ ဆယ်ကြိမ်တွင် ကိုးကြိမ်က တိကျမှန်ကန်သည်။

အိမ်ရှေ့စံမင်းသား ယန်ယွမ်၏ မျက်ခုံးနှစ်ခုရှိ ခရမ်းရောင် အငွေ့အသက်ကို မြင်သောအခါ ဟုန်ယွိသည် ချန်ပီယံ မြို့စားကို အမှတ်ရမိသည်။

အကယ်၍, သူသာ ရာဇပလ္လင်အတွက် တကယ်တမ်း တိုက်ခိုက်လိုပါက အနာဂတ်ကို ခန့်မှန်းရန် အမှန်တကယ် ခက်ခဲမည်ဖြစ်ကြောင်း သဘောပေါက်လိုက်ပါသည်။

"ဟွန်း…၊ အနာဂတ်မှာ အဆုံးမဲ့ ပြောင်းလဲမှုတွေ ရှိလာနိုင်တယ်။ ဒါတွေက အငွေ့ပျံပြီး ထင်ယောင်ထင်မှား ဖြစ်နိုင်တဲ့အရာတွေပဲ။ အင်မော်တယ် တွေတောင် ဆုပ်ကိုင်နိုင်မှာ မဟုတ်ဘူး။ မင်းသားယုရဲ့ အ‌ငွေ့အသက် လျော့နည်းနေတာဟာ သူ အလုံအလောက် မသန်မာသေးလို့ပဲ။ သူ အလုံအလောက် သန်မာလာရင်, သူ့ယုံကြည်မှု တိုးလာမယ်။ ဒါဆို သူ့အငွေ့အသက်ကလည်း သဘာဝအတိုင်း တိုးမြင့်လာမှာပဲ။"

ဟုန်ယွိက အေးစက်စွာ ရယ်မောပြီး ထရပ်လိုက်သည်။ သူက မင်းသားယုကို ကြည့်ပြီး သူ့အနီးသို့ လျှောက်သွားကာ၊ အိမ်ရှေ့စံမင်းသားကို အရိုအသေပေးရန် ဦးညွှတ်လိုက်ပါသည်။

အင်ပါယာတရားရုံ၏ စည်းကမ်းအရ အိမ်ရှေ့စံမင်းသားသည် အမွေဆက်ခံသူဖြစ်ပြီး မင်းသားသည် လက်အောက်ခံ ဖြစ်သည်။ သူတို့သည် ညီအစ်ကို ဖြစ်နေသော်လည်း ဦးညွှတ်ရမည် ဖြစ်ပြီး၊ အိမ်ရှေ့စံမင်းသားက မင်းသားကို ဆူပူနိုင်သေးသည်။ သေချာသည်မှာ, တဖက်လူက မှားယွင်းသည့် အရာ တစ်ခုခု လုပ်ဆောင်ထားသည့်အခါမှသာ ဆူပူကျိန်းမောင်းနိုင်ပါသည်။ ထိုသို့မဟုတ်လျှင်, ပေါ့ပေါ့ပါးပါး အပြစ်ဝေဖန်၍ပင် မရပေ။

အိမ်ရှေ့စံမင်းသားနှင့် မင်းသားယုတို့ စကားအနည်းငယ် ပြောဆိုပြီး ဧည့်ခံခန်းဆီသို့ လျှောက်သွားစဉ် ဟုန်ယွိသည် သူ့မျက်နှာပေါ်သို့ ရောက်ရှိလာ သော စူးရှသော အကြည့်တစ်ခုကို ခံစားလိုက်ရသည်။

ပြောစရာမလိုပါချေ။ ထိုအကြည့်သည် ဟုန်ရှီ၏ အကြည့်ဖြစ်သည်။

ဟုန်ယွိက အေးစက်စွာ ပြုံးပြီး ပြန်ကြည့်လိုက်မိသည်။ မျှော်လင့်ထားသည့်အတိုင်း ထိုလူသည် ဟုန်ရှီ ဖြစ်နေခဲ့သည်။ သူ၏ မျက်လုံးများသည် ဓားများကဲ့သို့ တောက်ပပြီး ထက်ရှကာ တပ်ရင်းမှူးတစ်ဦး၏ ကြောက်မက်ဖွယ် စွမ်းအင်ကို ပိုင်ဆိုင်ထားသည်။ သူ၏ အကြည့်သည် ဟုန်ယွိကို ထိုးဖောက်ပြီး ထိုအကြည့်တွင် မထီမဲ့မြင် အထင်သေးဟန် အရိပ်အမြွက်ပင် ပါဝင်နေလေသည်။

ဟုန်ရှီ၏ ဤအမူအရာများကို ဟုန်ယွိသည် သူ့စိတ်ထဲတွင် သူ၏ အကြည့်မှတစ်ဆင့် နက်နက်ရှိုင်းရှိုင်း စွဲထင်ဟပ်နေခဲ့သည်။

"ဟွန်း…၊ မင်းကများ ငါ့ကို အထင်သေးရဲတယ်ပေါ့ ဟုတ်လား။ ဟုန်ရွှန်ကျိက သူ့သားတွေကို ငါ့ရဲ့ စွမ်းရည်အကြောင်း မပြောပြခဲ့ဘူးလား။ သေချာပါတယ်၊ သူ ဒီလို ရှက်စရာကောင်းတဲ့ ကိစ္စမျိုးကို ဘယ်သူ့ကိုမှ ပြောပြမှာ မဟုတ်ဘူး။ ထားလိုက်ပါတော့။ ဟုန်ရှီ၊ အို…. ဟုန်ရှီ၊ ငါ မင်းကို ဒီနေ့ ငါ့ရဲ့ စွမ်းရည်ကို သိစေရမယ်။ ငါ မင်းကို ငါ့ရဲ့သိုင်းပညာနဲ့ အနိုင်ယူပြမယ်။ ငါ မင်းနဲ့ အရင် ကစားလိုက်ဦးမယ်။"

ဟုန်ရှီ၏ မျက်လုံးများတွင် မထီမဲ့မြင်ပြုမူ၊ အထင်သေးခြင်းနှင့် လျစ်လျူရှုခြင်းတို့ကို မြင်သောအခါ ဟုန်ယွိသည် ဒေါသထွက်ခဲ့သော်လည်း သူသည် အေးစက်စွာ ရယ်မောနေခဲ့သည်။

"ဟုန်ယွိက အိမ်ရှေ့စံမင်းသားကို အရိုအသေ ပေးပါတယ်။"

မင်းသားယုနှင့် အိမ်ရှေ့စံမင်းသားတို့ ဝင်လာသောအခါ ဟုန်ယွိက ဦးညွှတ်ပြီး တည်ငြိမ်စွာ ထိုင်လိုက်သည်။ ဤလုပ်ရပ်က ဟုန်ရှီကို မျက်မှောင် ကုပ်စေပြန်သော်လည်း ဟုန်ယွိက မီးထိုးပေးသကဲ့သို့ ပြုံးလိုက်ပါသည်။ သူသည် သူ့ခေါင်းကို အနည်းငယ် မော့ပြီး ဟုန်ရှီကို စိန်ခေါ်သည့် အကြည့် ဖြင့် ကြည့်လိုက်ပါသည်။

ဟုန်ယွိ၏မျက်လုံးထဲရှိ စိန်ခေါ်သော အကြည့်သည် မည်သူ့ကိုမဆို အမျက်ဒေါသကြောင့် စိတ်နှလုံးကို လောင်ကျွမ်းစေနိုင်ပြီး၊ ဟုန်ယွိကို တရားမဝင်သားတစ်ဦးအဖြစ် အမြဲ ရှုမြင်ခဲ့သော ဟုန်ရှီအနေဖြင့် ပြောစရာပင် မလိုတော့ချေ။

"ဟုန်ယွိ…။ မင်းပါလား။ မင်း ကျောက်စိမ်းမြို့တော်ကို ပြန်ရောက်နေပြီလား။ မင်း မိဘတွေကို အရိုအသေပေးဖို့ စံအိမ်ကို ဘာလို့ မပြန်တာလဲ။ မနက်စောစောစီးစီး မင်းသားရဲ့ စံအိမ်ကို နှောင့်ယှက်ဖို့ ရောက်လာတာလား။ မင်း ဘာလို့ ဒီလောက် စည်းကမ်းမရှိရတာလဲ။ ပြီးတော့ အိမ်ရှေ့စံ မင်းသားကို မြင်ပြီး ဘာလို့ ဒူးမထောက်တာလဲ။ မင်း ဘယ်လိုဖြစ်ပြီး ကျင့်ဝတ်သိက္ခာတွေ ကင်းမဲ့နေရတာလဲ။ မြန်မြန် ဒူးထောက်စမ်း၊ ပြီးရင် မိဘတွေကို အရိုအသေ ပေးဖို့ စံအိမ်ကို ပြန်သွားစမ်း။"

ရုတ်တရက် ဟုန်ရှီက ပြောလိုက်သည်။

သူ စကားပြောလိုက်သည့် အခိုက်အတန့်တွင် သူ၏လေသံသည် ခက်ထန်ပြီး တင်းမာနေကာ၊ သူသည် ဟုန်ယွိကို ဆူပူကြိမ်းမောင်းနေသည်မှာ ထင်ရှားသည်။ သို့သော် စည်းကမ်းအရ မည်သူကမျှ အပြစ်ရှာ၍ မရပေ။

အစ်ကိုတစ်ဦးသည် ဖခင်အရာ၌ တည်သူဖြစ်သည်။ ပထမဇနီး၏ သားအကြီးဆုံးတစ်ဦးအနေဖြင့် ပြောစရာပင် မလိုချေ။ သူသည် မယားငယ်တစ်ဦး ၏ သားဖြစ်သော ညီငယ်ဖြစ်သူ ဟုန်ယွိကို ဆူပူကျိန်မောင်းခြင်းမှာ သဘာဝကျပြီး မည်သူမျှ အပြစ်ရှာ၍ မရနိုင်ပေ။

“အော်…၊ ကျွန်တော်က အိမ်ရှေ့စံမင်းသားကို ဦးညွှတ်ပြီးပါပြီ။ အိမ်ရှေ့စံမင်းသားက အရပ်ဝတ်နဲ့ ထွက်လာတာဆိုတော့ သဘာဝအတိုင်း သာမန် ပြည်သူတွေရဲ့ စည်းကမ်းအတိုင်း လိုက်နာရမှာပဲ။ ဒါ့အပြင် ကျွန်တော်က ပညာရှင်တစ်ဦးပါ၊ မြင့်မြတ်သူတွေကို လှောင်ပြောင်ပြီး အရာရှိတွေကိုဆို အေးစက်စွာ ဆက်ဆံတတ်တယ်။ ဒါက ပညာရှင်တစ်ဦးရဲ့ အစစ်မှန်စိတ်ဓာတ်နဲ့ အမူအရာပဲ။ အိမ်ရှေ့စံမင်းသားကလည်း ကျွန်တော့်ရဲ့ မာန်မာနကို အမှတ်ထားမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ အိမ်ရှေ့စံမင်းသားဟာ ပညာရှင်တွေကို အမြဲတမ်း ကြင်နာတတ်သူမို့ ကျွန်တော့်ရဲ့ မာန်မာနကို အရေးစိုက်နေမှာ မဟုတ်ဘူး။ ကျွန်တော့်အနေနဲ့လည်း အမေနဲ့ တွေ့ဖို့ အနောက်တောင်တန်းကို သွားပြီးပါပြီ။ ဘယ်အမေနဲ့ တွေ့ဖို့ စံအိမ်ကို ပြန်သွားရမှာလဲ။"

ဟုန်ယွိက ရယ်မောပြီး ထရပ်လိုက်သည်။ သူက ဟုန်ရှီကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

"အနောက်ဘက် တောင်တန်းကို အမေနဲ့ တွေ့ဖို့ သွားခဲ့တယ် ဟုတ်လား။ အနောက်ဘက် တောင်တန်းမှာ ဘယ်အမေ ရှိလို့လဲ။ ငါ ဘယ်လိုလုပ် မသိရတာလဲ။ မင်းအမေ မဒမ်ကျောက်က မြို့စားစံအိမ်မှာ ရှိနေတယ်လေ။ အနောက်ဘက် တောင်တန်းမှာ ရှိတဲ့သူက မယားငယ်တစ်ဦးပဲ။ မင်းက မြင့်မြတ်တဲ့ ပညာရှင်တစ်ဦး မဟုတ်လား။ ဒီလိုစည်းကမ်းတွေကို မသိဘူးလား။"

ဟုန်ရှီက ကောက်ကျစ်စွာ ရယ်မောပြီး သူ့ပါးစပ်ထောင့်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာဖြင့် လှောင်ပြောင်လိုသည့် အမူအရာ ပေါ်လာပါ သည်။ သူ့ပုံစံက ကြောက်မက်ဖွယ်ကောင်းပြီး ကြောက်စရာကောင်းသော ကျားတစ်ကောင်က သူ၏ ထက်မြက်သော ခြေသည်းနှင့် သွားများကို ထုတ်ပြသကဲ့သို့ ဖြစ်နေသည်။

တော်ဝင်ချန်၏ စည်းကမ်းအရ မယားငယ်တစ်ဦး၏ အမေသည် ဇနီးကြီး ဖြစ်သည်။ မယားငယ်တစ်ဦးသည် မွေးမိခင်တစ်ဦး ဖြစ်သော်လည်း သူမသည် မယားငယ်တစ်ဦးသာ ဖြစ်သည်။ သူမသည် ဇနီးကြီးကို အရိုအသေ ပေးရမည်ဖြစ်ပြီး မွေးမိခင်လည်း မဟုတ်တော့ပေ။

"ဟား..၊ ဟား၊ ဟား..ဟား။ မင်း ပြောတာ မှန်တယ်။ အရမ်း မှန်တယ်။ ဒါပေမဲ့ ငါ ရှေးဟောင်း စာအုပ်တွေ အများကြီး ဖတ်ဖူးတယ်၊ ပညာရှင်တွေရဲ့ စည်းကမ်းအရဆို ငါ့ကို 'သူမက မွေးဖွားပေးခဲ့တဲ့ အမေဆိုတော့ သူမက ငါ့အမေဆိုတာပဲ သိတယ်။ ရှေ့ခေတ် ပညာရှင်တွေရဲ့ စာအုပ်တွေထဲမှာ မယားငယ်ဆိုတာမျိုး မရှိဘူး။ ဒါပေမဲ့ ဟုန်ရှီ၊ မင်းက စာအုပ်တွေ မဖတ်ခဲ့ဘူး။ သိုင်းပညာရှင်တစ်ဦးအနေနဲ့ မင်း ဒီစည်းကမ်းတွေကို မနားလည်တာ ပုံမှန်ပါပဲ။"

ဟုန်ယွိက ကောက်ကျစ်စွာ ရယ်မောလိုက်ပြီး၊ သူ့လေသံက ပို၍ပင် ထက်ရှလာသည်။ သူသည် ဟုန်ရှီကို သိုင်းပညာရှင်တစ်ဦးအနေဖြင့် စည်းကမ်း တွေ မနားလည်သူဟု တိုက်ရိုက် လှောင်ပြောင်လိုက်ခြင်း ဖြစ်သည်။

ဤသည်မှာ လွန်ခဲ့သော နှစ်များစွာက ယခင် မင်းဆက်များ၏ ဝန်ကြီးချုပ် လီယန် ဟုန်ရွှမ်ကျီကို ပြောခဲ့သော စကားတစ်ခွန်း ဖြစ်ပါသည်။

ဟုန်ရှီသည် စာအုပ်များစွာ ဖတ်ဖူးသော်လည်း၊ သူသည် တရားဝင် အင်ပါယာစာမေးပွဲများကို ဝင်ရောက်ဖြေဆိုခဲ့ခြင်း မရှိသလို ဖြေဆိုစရာလည်း မလိုပေ။ တစ်ဖက်တွင်မူ ဟုန်ယွိသည် အမြင့်မြင့် ပညာရှင်စာမေးပွဲတွင် ထိပ်တန်းအဆင့်ဖြင့် အောင်မြင်ထားသူ ဖြစ်သည်။ သူသည် သဘာဝအတိုင်း ဟုန်ရှီကို သိုင်းပညာရှင်တစ်ဦးဟု ပြောဆိုနိုင်သည်။

"မင်း..."

ဟုန်ယွိ၏ ဆဲဆိုခြင်းကို ခံရပြီးနောက် ဟုန်ရှီ၏ မျက်နှာ နီရဲလာပြီး သူ၏ ဆံပင်များပင် ထောင်လာခဲ့သည်။

သို့သော် ဟုန်ယွိ သူ့ကို အလွတ်မပေးခဲ့ပေ။ သူက ရယ်မောပြီး "သိုင်းပညာရှင်တစ်ဦး ဖြစ်ရတာလည်း ကောင်းကျိုးတွေ ရှိပါတယ်။ တိုင်းပြည်ကို ကာကွယ်ပေးနိုင်တယ်လေ။ ဒါပေမဲ့ ဒါက အားကောင်းတဲ့ စွမ်းရည်လည်း လိုအပ်တယ်။ အစ်ကိုရှီ၊ မင်းက နတ်ဘုရားသခင်ဗျူဟာ တပ်ရင်းရဲ့ တပ်မှူး တစ်ဦး အနေနဲ့ စစ်တပ်အာဏာကို ကိုင်ထားတယ်။ မင်း မြို့တော်ကို ကာကွယ်နိုင်မလား မသိဘူး။ ငါတို့နှစ်ယောက် တွေ့ဆုံရတာ ကောင်းပါတယ်။ ဒီတစ်ခါ ငါ လေ့ကျင့်ဖို့ အပြင်ထွက်သွားတုန်းက သိုင်းပညာအချို့ သင်ယူခဲ့တယ်။ မင်းဆီကနေ အကြံဉာဏ်အချို့ တောင်းခံချင်တယ်။ ဒီနေ့ အိမ်ရှေ့စံမင်းသားနဲ့ မင်းသားယုတို့က နှင်းအငွေ့အသက်ကို ခံစားနေကြတယ်။ ငါတို့ ညီအစ်ကိုတွေ အိမ်ရှေ့စံမင်းသားနဲ့ မင်းသားယုကို နည်းနည်း ပါးပါး ပျော်ရွှင်အောင် ကူညီပေးလိုက်မယ်ဆိုရင်ရော ဘယ်လိုလဲ။ မင်း စိတ်ဝင်စားလား မသိဘူး။"

ဟုန်ယွိသည် ထိုစကားပြောနေစဉ် သူ၏ လက်ကို မြှောက်ပြီး၊ မျက်ခုံးများကို ပင့်လိုက်ပါသည်။

"ဟား..၊ ဟား..၊ မင်းက တရားမဝင် သားတစ်ဦးပါပဲ။ မင်းရဲ့အထက်အရာရှိတွေကို စော်ကားချင်နေတာလား။ မင်းက ငါ့ကို စော်ကားချင်တာလား။ မင်းမှာ ဘယ်ရာထူးမျိုး ရှိလို့လဲ။ ငါကရော ဘယ်လိုရာထူးမျိုးကို ပိုင်ဆိုင်ထားလဲ။" ဟုန်ရှီက ဟုန်ယွိကို စိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက အသားတစ်ဖတ်ကို ဆွဲထုတ်တော့မည့်အတိုင်း ဖြစ်နေခဲ့သည်။ ရုတ်တရက် သူက အထင်သေးဟန်ဖြင့် ရယ်မောပြီး "တန်လဲ့" ဟု အော်ခေါ်လိုက် သည်။

"ရောက်ပါပြီ။"

ထိုအချိန်မှာပင် အသံတစ်သံက အဝေးမှ ထွက်ပေါ်လာသည်။ ထင်ရှားသည်မှာ ၎င်းသည် ဟုန်ရှီနှင့်အတူ ခေါ်လာခဲ့သော ကျွမ်းကျင်သူများထဲမှ တစ်ဦး ဖြစ်သည်။ သူသည် အခြားတစ်ဖက်တွင် အနားယူနေသည်။

"မင်းနဲ့ ဟုန်ယွိ တိုက်ခိုက်လိုက်ပါ။ သူ့ကို ဒဏ်ရာပြင်းပြင်းထန်ထန် ရအောင် မလုပ်မိစေနဲ့" ဟုန်ရှီက အေးစက်စွာ ပြုံးပြီး ထိုင်ခုံပေါ် ထိုင်လိုက်သည်။

"ဟမ့်။"

အော်ခေါ်ခံရသော ထိုကျွမ်းကျင်သူသည် တံခါးဝတွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဟုန်ယွိက ရုတ်တရက် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပါသည်။ သူ၏ ပုံရိပ်က လျှပ်တစ်ပြက် လင်းလက်သွားပြီး တစ္ဆေသရဲတစ်ကောင်ကဲ့သို့ ဟုန်ရှီ၏ ရှေ့တွင် ပေါ်လာခဲ့သည်။

သူသည် ဟုန်ရှီ၏ မျက်နှာကို ရိုက်ချလိုက်သည်။

ထိုအချိန်တွင် ဟုန်ယွိ၏ အရှိန်ဟုန်သည် အလွန်မင်း လျင်မြန်လွန်းသည်။ သူ၏ ခန္ဓာကိုယ် လှုပ်ရှားသွားသည်နှင့် ပုံရိပ်များ ဆက်တိုက် ပေါ်လာသည်။ ၎င်းသည် ရုတ်တရက် စွမ်းအား ပေါက်ကွဲမှုကြောင့်ဖြစ်ပြီး မည်သူမျှ အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိပေ။

ထိုအပြင် သူသည် မြေကြီး၏ အဆုံးစွန်အပေါက် အပ်စိုက်အမှတ်နှစ်ခုကို ကျင့်ကြံပြီးစီးခဲ့ပြီ။ သူ၏ ခြေလှမ်းပညာနှင့် ခန္ဓာကိုယ်၏ လှုပ်ရှားမှုများ ကို လျင်မြန်စေသည်။ ဤသို့ အနီးကပ် တိုက်ခိုက်မှုသည် သိုင်းတာအိုတွင် အထွက်အထိပ် မဟာဆရာသခင်တစ်ဦးနှင့် ညီမျှပြီး၊ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ် ပေါင်းစပ်ခြင်း၏စွမ်းအားကို ရရှိစေသည်။

ဟုန်ရှီသည် ထိုင်ရန် ပြင်ဆင်နေစဉ် သူ၏ရှေ့တွင် အရိပ်တစ်ခု လျှပ်တစ်ပြက် လင်းလက်သွားသည်ကို မြင်လိုက်ရသည်။ သူ၏ မဟာဆရာသခင်အဆင့် ကျင့်ကြံမှုနှင့်ပင် ရန်သူ မည်သို့ ရွေ့လျားသွားသည်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။ သူ၏ စိတ်သည် အချက်ပေးသံများ ပြည့်လာခဲ့သည်။ သူက ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး အလွန် လျင်မြန်စွာဖြင့် နောက်သို့ ပြန်ခုန်ဆုတ်လိုက်သည်။

သို့သော် သူ၏ခြေလှမ်းပညာနှင့် ခန္ဓာကိုယ် လှုပ်ရှားမှုများသည် ဟုန်ယွိထက် အနည်းငယ် နိမ့်ကျနေသည်။ ထိုအပြင် သူ၏ သိုင်းပညာသည်လည်း ဟုန်ယွိထက် မသာပေ။

သူ၏ ခန္ဓာကိုယ် ခုန်ဆုတ်သွားသည်နှင့် ရိုက်ချက်တစ်ခုက သူ့မျက်နှာပေါ် ပဲ့တင်ထပ်သွားခဲ့သည်။

ဤရိုက်ချက်သည် နွားတစ်ကောင် နံရံကို ပစ်တိုက်သကဲ့သို့ ပြင်းထန်သည်။ ရိုက်ချက်၏ ပြတ်သားသော အသံက ထွက်ပေါ်လာပြီး၊ စံအိမ်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။

ဟုန်ရှီသည် မျက်နှာကို ရိုက်ခံလိုက်ရပြီးနောက် လေထဲတွင် နှစ်ပတ်လည်ပြီး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူ့လက်ကို ကြမ်းပြင်ပေါ် ဖိထားပြီး သွေးစွန်းနေသော သွားနှစ်ချောင်းကို ထွေးထုတ်လိုက်သည်။

ရောက်ရှိနေသည့် လူတိုင်း ကြောင်အအ ဖြစ်သွားကြသည်။

မင်းသားယုနှင့် အိမ်ရှေ့စံမင်းသားတို့ပင် ကြောင်အသွားကြသည်။

ဟုန်ယွိသည် စကားပြောနေစဉ် ဟုန်ရှီကို ရိုက်ချလိုက်ပြီး မြေပြင်ပေါ် လိမ့်ကျကာ သွေးစွန်းနေသော သွားများကို ထွေးထုတ်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ပေ။

ဤအရာအားလုံးသည် အလွန် လျင်မြန်စွာ ဖြစ်ပျက်သွားသဖြင့် စဉ်းစားရန်ပင် အချိန်မရှိပေ။

ဂုဏ်သိက္ခာကြီးမားသော တပ်မှူး ဟုန်ရှီသည် အမှန်ပင် ရိုက်ခံလိုက်ရပြီး မြေပြင်ပေါ် လိမ့်ကျသွားသည်။ သူ ခုခံဖို့ပင် အခွင့်အရေး မရခဲ့ပေ။

"မြေကြီးရဲ့အဆုံးစွန် အလင်းဝင်အပေါက် အပ်စိုက်မှတ်နှစ်ခုက တကယ်ကို အံ့သြစရာကောင်းတာပဲ။"

ဟုန်ရှီကို ရိုက်ချက်တစ်ချက်ဖြင့် ပစ်လွှင့်ထုတ်ပြီးနောက် ဟုန်ယွိ၏ စိတ်နှလုံးသည် တည်ငြိမ်သော ရေကဲ့သို့ ဖြစ်နေသည်။ သူသည် ဤကိစ္စ၏ အကျိုးဆက်များကို အနည်းငယ်မျှပင် မကြောက်ရွံ့ပေ။ ထို့ပြင် သူသည် ပစ္စုပ္ပန်ဗုဒ္ဓကျမ်းတွင် မှတ်တမ်းတင်ထားသော မြေကြီး၏ အဆုံးစွန်း အလင်းဝင်အပေါက်နှစ်ခုဖြစ်သော ကမ္ဘာမြေသံလိုက်၏ စွမ်းအားကို သိရှိပြီး ဖြစ်သည်။

"ကျွန်တော့် သိုင်းပညာက ဟုန်ရှီထက် သာလွန်ပေမဲ့ မြေကြီး၏ အဆုံးစွန်း အလင်းဝင်အပေါက်နှစ်ခုဖြစ်တဲ့ ကမ္ဘာမြေသံလိုက်ကို ကျင့်ကြံခြင်း မပြုမီ သူ့ကို ရိုက်ချဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။"

ဟုန်ယွိ၏ သိုင်းပညာသည် ယခုအခါ ဟုန်ရှီထက် အများကြီး သာလွန်နေပြီ။

သူ၏ခန္ဓာကိုယ်ကို မိုးကြိုးနတ်ဘုရားတာအိုဂိုဏ်း၏ တောက်ပသောမိုးကြိုးကိုယ်ထည်ဖြင့် သန်မာအောင် ပြုလုပ်ပြီးနောက် သူသည် နတ်ဆိုး နတ်ဘုရားသွေးကို စားသုံးခဲ့ပြီး၊ ရှန်ကျင်း နတ်ဘုရားရှစ်ပါး အပ်စိုက်အမှတ်၊ ချိုင့်ဝှမ်း စိုက်ပျိုးရေးနတ်ဘုရားမ၏ ပထမ အပ်စိုက်အမှတ်နှင့် ကမ္ဘာမြေသံလိုက် အပ်စိုက်မှတ်နှစ်ခုကိုပင် ပေါင်းစပ်ခဲ့သည်။ အစစ်မှန် သိုင်းသူတော်စင် ခန္ဓာကိုယ်ကို ကျင့်ကြံပြီးနောက် ဟုန်ယွိ၏ ခန္ဓာကိုယ်သည် မယုံနိုင်လောက်အောင် သန်မာလာခဲ့သည်။

ယခုအချိန်တွင် ဟုန်ရှီသည် မဟာဆရာသခင်တစ်ဦးသာ ဖြစ်သည်။ သူသည် ချီဇီယန်နှင့် လက်ရည်တူလောက်သာ ဖြစ်နေနိုင်သည်။ သူသည် ဟုန်ယွိနှင့် မည်သို့ ယှဉ်နိုင်တော့မည်နည်း။

"အိုင်ယာ…။ မင်း ဘာလို့ မခုခံတာလဲ။ နတ်ဘုရားသခင်ဗျူဟာ တပ်ရင်းရဲ့ တပ်မှူးတစ်ဦးအနေနဲ့ ခြင်တစ်ကောင် ပျံသန်းသွားရင်တောင် သတိရှိနေမယ်လို့ ငါ ထင်ခဲ့တာ။ မင်းရဲ့ သိုင်းပညာက ဘာလို့ ဒီလောက် အားနည်းနေရတာလဲ။ အဖေက မင်းကို ကောင်းကင်ဘုံသေမင်းဘီးကို မသင်ပေးခဲ့ဘူးလား။"

ဟုန်ရှီကို တစ်ချက် ရိုက်နှက်ပြီးနောက် ဟုန်ယွိက အံ့ဩသွားဟန်ဖြင့် ပြောလိုက်ပါသည်။

အခန်း (၂၈၄)။

"အား.....။"

ဟုန်ရှီသည် သူ့ခြေထောက်ကို ကုန်းပြီး ထရပ်လိုက်သည်။ သူ၏ ပလက်တီနမ် အဝတ်အစားတွင် အရေးအကြောင်းများစွာ ရှိနေပြီး တွန့်ကြေနေသည်။ တစ်ချိန်တည်းမှာပင် သူ၏ မျက်လုံးများက သွေးနီရောင်သမ်းနေသည်။

သွေးဆာပြီး ရက်စက်ကြမ်းကြုတ်သော စွမ်းအင်သည် ဟုန်ရှီ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ စစ်ရေးအာဏာကို ကိုင်စွဲထားပြီး ကောင်းကင်ယံရှိ နေတစ်စင်းကဲ့သို့ ထင်ရှားကျော်ကြားသော၊ မိုးကောင်းကင်၏ သားတော်တစ်ပါးကဲ့သို့ ဂုဏ်ယူဝင့်ကြွားလေ့ရှိသော ဤနတ်ဘုရားသခင် ဗျူဟာ တပ်ရင်း၏ တပ်မှူးကြီးသည် မမျှော်လင့်ဘဲ ရိုက်နှက်ခံလိုက်ရပြီး မြေပြင်ပေါ် ပစ်လဲကျကာ သွားနှစ်ချောင်းပင် ဆုံးရှုံးခဲ့ရသည်။

ဤသည်မှာ စိတ်ကူး၍ပင် မရနိုင်သော မြင်ကွင်းဖြစ်သည်။

နတ်ဘုရားသခင် ဗျူဟာတပ်ရင်း၏ တပ်မှူးကို မည်သူကရော ဤကဲ့သို့ ရိုက်နှက်ရဲမည်နည်း။

ဧကရာဇ်ပင်လျှင် ဤသို့ မလုပ်ဖူးပေ။ သို့သော် ဟုန်ယွိက လုပ်ဆောင်ခဲ့သည်။ ထို့ပြင် သူသည် အိမ်ရှေ့စံမင်းသားနှင့် မင်းသားယုတို့၏ စောင့်ကြည့်နေမှုအောက်တွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ရောက်ရှိနေသူအားလုံး ဤရိုက်ချက်ကြောင့် ကြောင်အသွားကြသည်။

ဤမြင်ကွင်းသည် လူတိုင်း၏ မျှော်လင့်ချက်ကို ကျော်လွန်သွားသောကြောင့် ဖြစ်သည်။

ဟုန်ရှီ၏ အမိန့်ကို ကြားပြီးနောက် အလျင်အမြန် ရောက်လာသော နတ်ဘုရားသခင် ဗျူဟာ တပ်ရင်းမှ ကျွမ်းကျင်သူ တန်လဲ့ပင်လျှင် သူ၏ ခြေလှမ်းကို ရပ်လိုက်သည်။ သူသည် ထိုမြင်ကွင်းကို မယုံနိုင်ဖွယ် အမူအရာဖြင့် ကြည့်နေပါသည်။

မင်းသားယု၏ စံအိမ်တစ်ခုလုံးတွင် အချိန်က ရပ်တန့်သွားသည့်အတိုင်းပင်။

အိမ်ရှေ့စံမင်းသား ယန်ယွမ်ပင်လျှင် အနည်းငယ် မျက်မှောင်ကုပ်လိုက်သည်။ သူ၏ လက်ချောင်းများသည် တစ်စုံတစ်ခု လုပ်ဆောင်တော့မည့်အလား လှုပ်ရှားသွားသော်လည်း သူသည် ဟုန်ယွိကို တားဆီးရန် ထမရပ်ခဲ့ပေ။

သို့သော် အိမ်ရှေ့စံမင်းသား၏ အကြည့်သည် ဟုန်ယွိဘက်သို့ ပြောင်းလဲသွားခဲ့သည်။ သူ၏ အကြည့်က လင်းလက်သွားပြီး ဟုန်ယွိကို ထွင်းဖောက်မြင်လိုသကဲ့သို့ ရှိနေသည်။

အိမ်ရှေ့စံမင်းသား ယန်ယွမ်ပင်လျှင် ဟုန်ယွိ အဘယ်ကြောင့် ရုတ်တရက် ဤမျှ အတင့်ရဲရသည်ကို နားမလည်ခဲ့ပေ။ သူ ဤမျှ အတင့်ရဲနေခြင်းက မည်သည့်အရာကို အားကိုးနေလို့လဲ။

ဟုန်ယွိနှင့် ဟုန်ရှီတို့သည် ညီအစ်ကိုများ ဖြစ်ကြသော်လည်း သူတို့၏ အဆင့်အတန်း ကွာခြားမှုက ကြီးမားလွန်းသည်။ တစ်ဦးမှာ ဇနီးကြီး၏ သားအကြီးဆုံးဖြစ်ပြီး၊ ကျန်တစ်ဦးမှာ တရားမဝင် သားဖြစ်သည်။ တစ်ဦးမှာ နတ်ဘုရားသခင် ဗျူဟာ တပ်ရင်း၏ တပ်မှူးဖြစ်ပြီး၊ ကျန်တစ်ဦးမှာ ပြည်နယ် စာမေးပွဲကို အောင်မြင်ထားသူ တစ်ဦးမျှသာ ဖြစ်သည်။

ဤညီအစ်ကိုနှစ်ဦး၏ အဆင့်အတန်းများသည် အိမ်ရှေ့စံမင်းသားနှင့် မင်းသားယုတို့ကဲ့သို့ ဖြစ်သည်။ တစ်ဦးမှာ အမွေဆက်ခံသူဖြစ်ပြီး၊ ကျန်တစ်ဦးမှာ လက်အောက်ခံသာ ဖြစ်သည်။ မင်းသားယုသာ အိမ်ရှေ့စံမင်းသားကို ရိုက်ပါက ကြီးလေးသော ပြစ်မှုအဖြစ် သတ်မှတ်ခံရမည်။ ပြည်တွင်းရေးဌာန၏ ဉပဒေများပင် မလိုအပ်တော့ပေ။ နန်းတွင်းကျင့်ဝတ်စိစစ်သူများ၏ စွပ်စွဲချက်ဖြင့်ပင် မင်းသားယုကို မြုပ်နှံပစ်ရန် လုံလောက်သည်။

ဤသည်မှာ "ညီအစ်ကို မပီသခြင်း" ဟူသော ဂုဏ်သတင်း ဖြစ်သည်။

ယုတ္တိကျကျဆိုရလျှင်, ဟုန်ရှီသည် ဟုန်ယွိကို သူ့ရှေ့တွင် ရိုက်နှက်သင့်သည်။ ၎င်းသည် သင့်လျော်သော စည်းကမ်း ဖြစ်သင့်သည်။ သို့သော် ယခုမူ ဇာတ်လမ်းက ပြောင်းပြန်ဖြစ်သွားခဲ့သည်။ ဤသည်မှာ အိမ်ရှေ့စံမင်းသား ယန်ယွမ်ကို ကမ္ဘာလောကကြီး ပြောင်းလဲသွားသကဲ့သို့ ခံစားရစေသည်။

ဟုန်ရှီ၏ မျက်လုံးများက သွေးနီရောင်သမ်းနေပြီ။ သူက ထရပ်ပြီးနောက် ဟုန်ယွိကို စိုက်ကြည့်နေပြီး သူ၏ ဆံပင်အားလုံး ထောင်မတ်နေသည်။ သူသည် ပါးစပ်ထောင့်မှ သွေးကို သုတ်လိုက်ပြီး သူ၏ ပလက်တီနမ် ဝတ်စုံကို ဆုတ်ဖြဲလိုက်သည်။ ဒိုင်ဇင် ဘုရားကျောင်းမှ နက်နက်ရှိုင်းရှိုင်း ပြုလုပ်ထားသော ပျော့ပျောင်းသော သံချပ်ကာ ဖြစ်သည့် နက်မှောင်သော ရွှေနက်ရောင်ဝတ်စုံကို ထုတ်ဖော်လိုက်သည်။ ထိုဝတ်စုံသည် ဓားလှံများ မထိုးဖောက်နိုင်ပေ။

ငယ်စဉ်ကတည်းက ဟုန်ရှီသည် တစ်ကြိမ်တစ်ခါမှ ရိုက်မခံရဖူးပေ။

သိုင်းသူတော်စင်တစ်ဦး၏ အရှိန်အဝါအောက်တွင် ဟုန်ရွှန်ကျိကို မည်သူက မလေးမစား လုပ်ရဲမည်နည်း။ မည်သူက သူ့ကို ထိခိုက်ရဲမည်နည်း။ သူ အရွယ်ရောက်ပြီး နတ်ဘုရားသခင် ဗျူဟာ တပ်ရင်း၏ တပ်မှူး ဖြစ်လာပြီးနောက် သူသည် ဂိုဏ်းပေါင်းများစွာ၏ ပစ်မှတ် ဖြစ်လာခဲ့သည်။ သို့တိုင် မည်သူမျှ သူ့ကို မလေးမစား မလုပ်ရဲပေ။

သို့သော် ယခုမူ ဟုန်ယွိသည် သူ့မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပြီး ကြမ်းပြင်ပေါ် လဲကျစေခဲ့သည်။ သူ မယုံနိုင်ခဲ့ပေ။

သူ့ကို ရိုက်နှက်လိုက်သူသည် ဟုန်ရွှန်ကျိ၊ အိမ်ရှေ့စံမင်းသား သို့မဟုတ် ဧကရာဇ် ဖြစ်နေခဲ့လျှင်, ပိုကောင်းပေမည်။ သို့သော် သူ့ကို ရိုက်နှက်လိုက်သူမှာ သူ အထင်အသေးဆုံး၊ မုန်းတီးဆုံးဖြစ်သည့် မယားငယ်၏သား ဟုန်ယွိ ဖြစ်နေသည်။

သူသည် ဟုန်ယွိကို အချိန်မရွေး ချေမှုန်းသတ်ဖြတ်နိုင်သည်ဟု ယုံကြည်ထားခဲ့သည်။

သူသည် အသက်ရှူချိန် အနည်းငယ်အတွင်း ဟုန်ယွိ၏ ရိုက်နှက်ခြင်း ခံလိုက်ရသည်ကို မယုံနိုင်ခဲ့ပေ။

တကယ်ဆို, ခရိုင်တရားသူကြီးတစ်ဦး လမ်းဘေးမှာ လမ်းလျှောက်နေစဉ် သူတောင်းစားတစ်ဦးက ရုတ်တရက် ပြေးလာပြီး သူ့မျက်နှာကို ရိုက်လိုက်ပါက မည်သူမျှ ယုံကြည်နိုင်မည် မဟုတ်ပေ။

ပထမတွင် သူသည် မယုံကြည်ခဲ့ဘဲ ထင်ယောင်ထင်မှား ဖြစ်သည်ဟုပင် ထင်ခဲ့မိသည်။ ထို့နောက် အဆုံးမဲ့ အရှက်ရမှု၊ အမျက်ဒေါသနှင့် ခက်ထန်မှုတို့က ဟုန်ရှီ၏ စိတ်နှလုံးထဲတွင် ပေါ်လာခဲ့သည်။ တစ်ခဏအတွင်း သူသည် ဒေါသအမျက်ထွက်လွန်းသဖြင့် သူ၏ အမြင်များပင် မှုန်ဝါးသွားသည်။

သွေးဆာနေသော ဟစ်ကြွေးသံတစ်ခုက ဟုန်ရှီ၏ ပါးစပ်မှ ထွက်ပေါ်လာသည်။ ဟုန်ရှီသည် ဒဏ်ရာရနေသည့် ရှေးဟောင်း ကြမ်းကြုတ်သော သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူ၏ လက်များကို ဘီးပုံစံအဖြစ် ပြောင်းလဲလိုက်ပြီး သူ၏ ခြေထောက်များကို လှည့်လိုက်သည်။ သူ၏ ပေါင်ရင်းရှိ ကြွက်သားများက ပြင်းထန်စွာ ပွတ်တိုက်သွားသည်။ တစ်ချက် ခုန်ပျံလိုက်ပြီးနောက်, သူသည် ဟုန်ယွိ၏ ရှေ့သို့ ရောက်ရှိလာသည်။

ဟုန်ရှီ၏ ဤလှုပ်ရှားမှုသည် ကြီးမားပြီး ထက်ရှကာ၊ ပုံသဏ္ဌာန်မဲ့ လွှဘီးကဲ့သို့ ဖြစ်နေသည်။ သူသည် ဟုန်ယွိကို နှစ်ပိုင်းခွဲခြမ်းလိုပြီး၊ တစ်ချိန်တည်း မှာပင် ဟုန်ယွိကို အသားကြိတ်စက်ထဲသို့ ကြိတ်ထည့်လိုသည်။ ဤသည်မှာ သေချာပေါက် သတ်ဖြတ်ခြင်း လှုပ်ရှားမှုဖြစ်သည်။

"မြေကြီး ထိုးဖောက်ဘီး ။"

မင်းသားယု၏ လက်ချောင်းများက အနည်းငယ် လှုပ်ရှားသွားသော်လည်း သူ လှုပ်ရှားမှု မလုပ်ခဲ့ပေ။

ဟုန်ရှီ၏ ရုတ်တရက် တိုက်ခိုက်မှုကို ရင်ဆိုင်ရင်း, ဟုန်ယွိသည် သူ့ကို လွှမ်းခြုံလာသော ကြီးမားသည့် သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရ၏။ တစ်ချိန်တည်းမှာပင် သူသည် ကြီးမားသော ဘီးကြီး၏ ဖြတ်တောက်ခြင်းနှင့် လည်ပင်းညှစ်ခြင်း လက်သီးဆန္ဒကိုလည်း ခံစားလိုက်ရသည်။ သူ တုန်လှုပ်သွားသည်။ အခုနက သူ၏ ရိုက်ချက်သည် အောင်မြင်ခဲ့သော်လည်း ၎င်းသည် တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ကြောင်း သူ သိသည်။ သူက ရုတ်တရက် ရိုက်နှက်လိမ့်မည်ဟု ဟုန်ရှီအနေဖြင့် မမျှော်လင့်ထားပေ။ ယခု ရှင်ခြင်းသေခြင်း တိုက်ပွဲတွင် ဟုန်ယွိသည် သူ့ပြိုင်ဘက်က ကောင်းကင် ဘုံ သေမင်းဘီး၏ လက်သီးပညာကို ထုတ်ဖော်လာသောကြောင့် ဟုန်ရှီကို တစ်ကွက်နှစ်ကွက်လောက်ဖြင့် ချေမှုန်းရန်မှာ မဖြစ်နိုင်တော့ပေ။

အဆုံးတွင် ဟုန်ယွိသည် သိုင်းသူတော်စင်တစ်ဦး မဟုတ်သေးပေ။

"ဟမ့်၊ မင်းက အသက်နဲ့ စွန့်စားချင်မှတော့, ငါ မင်းနဲ့အတူ လိုက်ပါပေးမယ်။"

ဟုန်ယွိက သူ့ဘယ်လက်ကို ကွေးလိုက်သည်။ ကောင်းကင်ဘုံ သေမင်းဘီး၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရစဉ်မှာပင် သူ၏အမူအရာက အနည်းငယ်မျှ မပြောင်းလဲပေ။ သူသည် လုံးဝ မရွေ့လျားပေ။ သူ၏ ခန္ဓာကိုယ်က ခိုင်မြဲစွာ ရပ်နေပြီး အောက်သို့ ဖိကပ်ထားသည်။ တစ်ခဏအတွင်းမှာပင် သူ၏ခြေဖဝါးအောက်ရှိ ကမ္ဘာမြေသံလိုက် အပ်စိုက်အမှတ် နှစ်ခုသည် မြေကြီးနှင့် တင်းတင်းကျပ်ကျပ် ဆက်သွယ်ထားသော သံလိုက်နှစ်ခုအဖြစ် ပြောင်းလဲသွားပုံရပြီး၊ ခြေထောက်နှစ်ဖက်သည် မလှုပ်ခါနိုင် မပျက်စီးနိုင်တော့ပေ။

တစ်ချိန်တည်းမှာပင် သူသည် မိုးကြိုးလျှပ်စီး ဆေဘာကျမ်း၏ ယင်ယန်ကပ်ဘေးသိုင်းကွက်ကို လက်ကို ကွေးထားဟန်ဖြင့် ခုတ်ပိုင်းလိုက်သည်။

"ဟမ်…။ ယင်ယန် ကပ်ဘေး၊ အစစ်မှန် သိုင်းသူတော်စင် ခန္ဓာကိုယ်။"

ဟုန်ယွိသည် သူ့ခြေထောက်များကို ကြမ်းပြင်ပေါ်တွင် ဖိနင်းလိုက်သည်နှင့် အိမ်ရှေ့စံမင်းသား၏ နောက်တွင် တိတ်ဆိတ်စွာ ရပ်နေသည့် သိမ်းငှက်မျက်လုံးနှင့် မိန်းမစိုးအိုကြီး ယင်လျန်ဟွာသည် ရုတ်တရက် သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်ပါသည်။

အိမ်ရှေ့စံမင်းသား၏ လက်ချောင်းများက ထပ်မံ လှုပ်ရှားသွားပြန်သည်။ အဘယ်ကြောင့်ဆိုသော် ဟုန်ယွိ၏ ထိုလှုပ်ရှားမူနှင့်အတူ ဟုန်ယွိ၏ စွမ်းအင်က မြေကြီးနှင့် လုံးဝ ဆက်သွယ်နေသကဲ့သို့ ဖြစ်ပြီး၊ ထူထဲပြီး လေးလံကာ ကြမ်းတမ်းပြီး ရိုင်းစိုင်းသော စွမ်းအင်ကို သူ ခံစားရသောကြောင့် ဖြစ်သည်။

ရုတ်တရက် သူ၏မျက်လုံးများတွင် ခုနစ်ရောင်ခြယ် အလင်းတန်းတစ်ခုက လင်းလက်သွားခဲ့သည်။ သူ၏ မျက်လုံးအိမ်များသည် သက်တန့်များကဲ့သို့ ဖြစ်လာခဲ့ပြီး၊ ခုနစ်ရောင်ခြယ် ဖလင်ပြားဖြင့် ဖုံးအုပ်ထားသည့်အတိုင်းပင်။

သူ၏ မျက်လုံးအိမ်ပေါ်ရှိ သက်တန့်ရောင် ဖလင်ပြားမှတစ်ဆင့် သူသည် ဟုန်ယွိ၏ ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသော ကောင်းကင်မြွေကြီး တစ်ကောင် နှင့် ကြီးမားလေးလံသော လိပ်ကြီးတစ်ကောင် ပေါ်လာပြီး၊ ကြီးမြတ်သော မဟာနတ်ဘုရားပုံရိပ်အဖြစ် ပေါင်းစည်းသွားသည်ကို မြင်လိုက်ရသည်။

ဟုန်ယွိ ဤလှုပ်ရှားမှုကို ထုတ်ဖော်လိုက်သည်နှင့် ရောက်ရှိနေသူလူတိုင်း၏ စိတ်နှလုံးထဲတွင် ပြင်းထန်သော ခံစားချက်တစ်ခု ပေါ်လာသည်ကို ခံစားလိုက်ရပါသည်။

သို့သော် ဤတစ်ခဏတွင် မိန်းမစိုးအိုကြီး ယင်လျန်ဟွာသည် ခြေလှမ်းတစ်လှမ်း ရှေ့သို့ တက်လှမ်းပြီး ရုတ်တရက် တိုက်ပွဲကွင်းပြင်၏ အလယ်ဗဟိုတွင် ပေါ်လာသည်။ သူသည် သူ့လက်တစ်ဖက်ကို ဟုန်ယွိ၏ ရှေ့သို့ ဆန့်ထုတ်လိုက်ပြီး သူ့လက်ဖဝါးက လျှပ်တစ်ပြက် လင်းလက်သွားကာ ဟုန်ယွိ၏ "ယင်ယန်ကပ်ဘေး" ကို ပိတ်ဆို့လိုက်ပါသည်။

သူ၏လက်ဖဝါးတွင် မည်သည့်ထူးခြားချက်မှ မရှိပေ။ သူသည် လက်ကို အနည်းငယ် ပွတ်ဆွဲလိုက်ပြီး နှစ်ချက် လှုပ်ရှားရုံဖြင့် ဟုန်ယွိ၏ သတ်ဖြတ် ခြင်း သိုင်းကွက်ကို ပြတ်ပြတ်သားသား ချေဖျက်လိုက်သည်။ ထို့နောက် သူသည် ကြမ်းပြင်ကို ဆောင့်နင်းချလိုက်ရာ မြေကြီးသည် တုန်ခါသွားသည်။ ဟုန်ယွိသည် မြေကြီးနှင့် အဆက်အသွယ် ပြတ်တောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

မှန်ပါသည်။ မိန်းမစိုးအိုကြီး ယင်လျန်ဟွာသည် သူ၏လက်ဖြင့် ယင်ယန် ကပ်ဘေးသိုင်းကွက်ကို ချေဖျက်ပြီးနောက် ကြမ်းပြင်ကို ဆောင့်နင်းချလိုက်ပြီး ဟုန်ယွိ၏ ခြေဖဝါးအောက်ရှိ မြေကြီး၏ အဆုံးစွန် အပ်စိုက်မှတ်နှစ်ခုကို ချိုးဖျက်လိုက်ခြင်း ဖြစ်သည်။ သူနှင့် မြေကြီးကြားက ဆွဲငင်အားသည် သံလိုက်တုံးတစ်ခုကဲ့သို့ ဖြစ်လာခဲ့ပြီး၊ ဟုန်ယွိ၏ ခြေထောက်များသည် မတည်မငြိမ် ဖြစ်လာပြီး လွင့်မျောနေသကဲ့သို့ ခံစားရစေသည်။

ထို့နောက် မိန်းမစိုးအိုကြီးသည် ခြေတစ်လှမ်း ရှေ့သို့လှမ်းလိုက်ပြီး လက်ညှိုးတစ်ချောင်းဖြင့် ဟုန်ယွိ၏ ရင်ဘတ် အလယ်ရှိ ရင်ချိုင့်တည်နေရာကို ထိုးညွှန်လိုက်ပါသည်။

"ဒီမိန်းမစိုးအိုကြီးက သိုင်းပညာမှာ တကယ်ကို အရည်ချင်း မြင့်မားတယ်။ တကယ်ကို မရိုးရှင်းဘူးပဲ။ သူက နင်ဂျာဘုန်းတော်ကြီး၊ ဝူအိမ်တော်ထိန်းနဲ့ ဝေတိုင်ကန်တို့ထက်တောင် ပိုအစွမ်းထက်တယ်။ သူက နောက်ထပ် သိုင်းသူတော်စင် တစ်ပါးပဲ။ နန်းတော်ထဲမှာ ဝပ်နေတဲ့ကျားတွေ၊ ပုန်းအောင်းနေတဲ့ နဂါးတွေ တကယ်ရှိနေတာပဲ။"

ဝှီး…။

ချက်ချင်းဆိုသလို, ဟုန်ယွိသည် မိန်းမစိုးအိုကြီး၏ လက်ညှိုးကို မြင်သောအခါ ဆူးချွန်ကဲ့သို့ စူးရှသော လက်သီးဆန္ဒကို ခံစားလိုက်ရသည်။ ထိုလက်သီးဆန္ဒသည် သူ့နှင့် အပြင်းအထန် တိုက်မိသည်နှင့် သူ၏ အစစ်မှန် လိပ်မြွေ သိုင်းလက်သီးဆန္ဒသည် ကြေမွသွားခဲ့သည်။ သူ၏ စိတ်ဝိညာဉ်နှင့် စွမ်းအားသည် ချက်ချင်း ဖိနှိပ်ခံလိုက်ရသည်။

တစ်ချိန်တည်းမှာပင် ဟုန်ယွိ၏ မျက်လုံးထဲတွင် မိန်းမစိုးအိုကြီး၏ လက်ညှိုးသည် ကောင်းကင်နှင့် မြေကြီးကို ဖုံးအုပ်ထားသကဲ့သို့ ရှိနေသည်။ ၎င်းသည် သူ၏ စိတ်ဝိညာဉ်ကို လုံးဝ ဖိနှိပ်ထားခဲ့ပြီး သူ့ကို မလှုပ်ရှားနိုင်အောင် လုပ်ဆောင်ထားသည့် မှော်ဆန်သော စွမ်းအားတစ်မျိုး ရှိနေခဲ့သည်။

တစ်ခဏအတွင်းမှာပင် ဟုန်ယွိသည် မိန်းမစိုးအိုကြီး ယင်လျန်ဟွာက သိုင်းသူတော်စင် ကျွမ်းကျင်သူ ဖြစ်ကြောင်း သိလိုက်သည်။

ပြန်လည်မွေးဖွားပြီး ပြန်လည်ရှင်သန်လာသော သိုင်းသူတော်စင်တစ်ဦး။

ထိုသို့သော အကျပ်အတည်းအောက်တွင် ဟုန်ယွိ၏ ခန္ဓာကိုယ်သည် သူ၏ စိတ်ဝိညာဉ်၊ စိတ်နှင့် အတူ လှုပ်ရှားသွားပါသည်။ မိန်းမစိုးအိုကြီး၏ စိတ်ဝိညာဉ်နှင့် စွမ်းအားသည် သူလို မိုးကြိုးကပ်ဘေးတစ်ပိုင်းအဆင့် တစ္ဆေအင်မော်တယ်တစ်ဦးကို မည်သို့ ဖိနှိပ်ထားနိုင်မည်နည်း။

သို့သော် သူ၏ခန္ဓာကိုယ်သည် တုံ့ပြန်ရန် ခက်ခဲနေသေးသည်။ ဤဖရိုဖရဲဖြစ်နေသည့်ကြားတွင်, ဟုန်ယွိသည် သူ့ရင်ဘတ်ကို အနည်းငယ် ကျုံ့ပြီး သူ့ခန္ဓာကိုယ်ကို ခြေလှမ်းတစ်လှမ်း နောက်သို့ ဆုတ်လိုက်သည်။

ဘန်း…။

မိန်းမစိုးအိုကြီး ယင်လျန်ဟွာ၏ လက်ညှိုးက ဟုန်ယွိ၏ ရင်ဘတ်ပေါ် တည့်တည့်မတ်မတ် ကျရောက်သွားခဲ့သည်။ ဟုန်ယွိ၏ တစ်ကိုယ်လုံးကို တောက်ပသောမိုးကြိုးကိုယ်ထည်ဖြင့် သံမဏိကဲ့သို့ မာကျောအောင် ပြုလုပ်ထားသော်လည်း သူသည် သိုင်းသူတော်စင်တစ်ဦး၏ လက်ညှိုးကို မခံနိုင်ခဲ့ပေ။

ထိုရိုးရှင်းသော လက်ညှိုးထိုးချက်သည် ဟုန်ယွိကို ပေါင်တစ်သိန်းအလေးချိန်ရှိသော တူကြီးဖြင့် ထုနှက်ခံလိုက်ရသကဲ့သို့ ခံစားရစေသည်။ သူ့တစ်ကိုယ်လုံး လွင့်စင်သွားပြီး သွေးတစ်ပွက် ထွေးထုတ်လိုက်ရသည်။ သူသည် အခန်းထဲမှ လွင့်ထွက်သွားခဲ့ပြီး တံခါးတစ်ချပ်ကို အစအနမကျန် ရိုက်ချိုးပစ်လိုက်သည်။

"ဟမ်…။ ဘာ ချပ်ဝတ်တန်ဆာလဲ။ ငါ့ရဲ့ ဆူးချွန်နတ်လက်ညှိုးတောင် မထိုးဖောက်နိုင်ဘူးလား။"

ဟုန်ယွိကို လက်ညှိုးတစ်ချက်ဖြင့် လွှင့်ပစ်ပြီးနောက် မိန်းမစိုးအိုကြီး ယင်လျန်ဟွာသည် ဆက်လက် မလိုက်တော့ပေ။ ယင်းအစား သူ၏ မျက်လုံးများက အနည်းငယ် လင်းလက်သွားသည်။

"ယင်လျန်ဟွာ၊ မင်း ဘာလုပ်နေတာလဲ။ ကျုပ်ကို သတ်ဖို့ ကြိုးစားနေတာလား။"

ထိုအချိန်တွင် မင်းသားယုက နောက်ဆုံးတွင် တုံ့ပြန်လာခဲ့သည်။ သူ ထရပ်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် မင်းသားယု၏ စံအိမ်တစ်ခုလုံးတွင် လေးများ အသင့်ပြင်ထားသည့် အသံများ မြည်ဟည်းသွားခဲ့သည်။

မရေမတွက်နိုင်သော လျှို့ဝှက်ထောင့်များနှင့် မှောင်မည်းနေသော အပေါက်များတွင် အေးစက်စက် အလင်းတန်းများဖြင့် ရောင်ပြန်ဟပ်နေသော မြားများသည် ယင်လျန်ဟွာကို ပစ်မှတ်ထားနေသည်။

"ကျွန်တော်မျိုး မဝံ့ရဲပါဘူး။"

ယင်လျန်ဟွာသည် အနည်းငယ် ဦးညွှတ်လိုက်သော်လည်း သူ့လေသံတွင် လေးစားမှု မရှိပေ။ ထို့နောက် သူက ဟုန်ရှီဘက်သို့ လှည့်ကာ " ဟုန်ရှီ၊ ငါ့ရဲ့ လက်ညှိုးက ဟုန်ယွိရဲ့ နှလုံးကို ကြေမွပစ်လိုက်ပြီ။ သူ့သိုင်းပညာ အများစုက ပျက်ဆီးသွားပြီ။ နောင်မှာ သူ့ဒဏ်ရာဟောင်းတွေကနေ ပြန်လည် ကောင်းမွန်ဖို့ ခက်ခဲလိမ့်မယ်။ သူက တစ်ဝက် သေသွားပြီ။ ဒါက ကိုယ့်ရဲ့အထက်အရာရှိတွေကို မလေးမစား လုပ်တဲ့အတွက် မင်းကိုယ်စား လက်စားချေပေးလိုက်တာလို့ သတ်မှတ်လို့ရတယ်။ ဒီနေ့ ဖြစ်ပျက်ခဲ့တာအတွက် စိတ်မပူပန်နဲ့။ သခင်လည်း မပေါက်ကြားစေနဲ့။ မဟုတ်ရင် အိမ်ရှေ့စံမင်းသားနဲ့ မင်းသားယုတို့ တွေ့ဆုံပြီး၊ ဓားတွေဆွဲထုတ်ကာ၊ တစ်ယောက်လည်ပင်းပေါ် တစ်ယောက် ထောက်ထားတယ်ဆိုပြီး နန်းတော်ထဲ မှာ စိူးရိမ်မှုတွေ ဖြစ်ပေါ်စေလိမ့်မယ်။"

"စတုတ္ထညီ၊ လျှို့ဝှက်လေးသည်တော်တွေကို ရုပ်သိမ်းလိုက်ပါ။ ငါတို့ ညီအစ်ကိုတွေက ဝူဝမ်မြို့စား မိသားစုက ညီအစ်ကိုတွေလို တစ်ယောက်ကို တစ်ယောက် အချင်းချင်း သတ်ဖြတ်တာမျိုး မတုမယူချင်ပါဘူး။" အိမ်ရှေ့စံမင်းသား ယန်ယွမ်က ပြောလိုက်သည်၊ "ဟုန်ရှီ၊ ငါ မင်းကို ကိုးပါး ပြောင်းလဲခြင်း ဆေးလုံးကို ပေးသနားမယ်။ ပြန်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ခံယူလိုက်ပါ။ ဒီနေ့ ဖြစ်ရပ်ကို လုံးဝ မဖြစ်ခဲ့ဘူးလို့ မှတ်သားထားပါ။"

"ဟုတ်ကဲ့ပါ။" ဟုန်ရှီသည် အိမ်ရှေ့စံမင်းသား၏ အမိန့်ကို မလွန်ဆန်ရဲပေ။ သူ၏ ရိုင်းစိုင်းသော အမူအရာ၊ သွေးရောင်သမ်းနေသော မျက်လုံးများကို အတင်းအဓမ္မ ထိန်းချုပ်လိုက်ပြီး သွားများကို ကျိတ်လိုက်သည်။ ထို့နောက် သူသည် ပြန်လှည့်ပြီး ဦးညွှတ်ကာ ထွက်သွားသည်။

"ဘယ်လိုလဲ၊ သခင်လေးဟုန်။ အဆင်ပြေရဲ့လား။"

ထိုအချိန်တွင် အတွင်းခန်းထဲမှာ လဲကျသွားသည့် ဟုန်ယွိကို ဂန်ချင်ဖုန်းနှင့် တခြားသူတွေက သယ်ဆောင်သွားခဲ့ပြီး လျှို့ဝှက် အခန်းတစ်နေရာမှာ ပုန်းအောင်းနေကြပြီ။

ဟုန်ယွိ၏ မျက်နှာ ဖြူဖျော့နေသည်ကို မြင်တော့ ဂန်ချင်ဖုန်းနှင့် တခြားသူတွေက အလောတကြီး မေးလိုက်ကြပါသည်။

"ဟွန်…။ သေချာပေါက် ကျုပ် အဆင်ပြေတာပေါ့။ ဒါပေမဲ့ ဒီမိန်းမစိုးအိုကြီးရဲ့ပညာရပ် စွမ်းအားက ငါ့ရဲ့ မျှော်လင့်ချက်ကို ကျော်လွန်နေခဲ့တယ်။ စုံစမ်းကြည့်စမ်း။ သူ ဘယ်က လာသလဲဆိုတာ။ နန်းတော်ထဲမှာ သူက ဘယ်အခန်းကဏ္ဍကနေ ပါဝင်နေတာလဲ။ ငါ နွေဦးရောက်တဲ့အထိ သူ့ကို အသက်ရှင်ခွင့် မပေးနိုင်ဘူး။ သိုင်းသူတော်စင် တစ်ယောက်ကများ ကျုပ်ရှေ့မှာ လာကြွားဝါရဲတယ်ပေါ့။ ဟုတ်လား။"

ဟုန်ယွိက ထိုင်ပြီး လှောင်ပြောင်လိုက်သည်။

သူ့ရင်ဘတ်တွင် လက်ညှိုးအရွယ်အစား အပေါက်တစ်ခု ရှိသည်။ ငွေငါးမန်းချပ်ဝတ် အလွှာကို လုံးဝ ထိုးဖောက်သွားခဲ့သည်။ ငွေမန်းချပ်ဝတ် အောက်တွင် ဒိုင်ဇင်ဘုရားကျောင်းနှင့် ဆက်စပ်နေသော ရွှေနက်ရောင်ဝတ်ရုံ အလွှာတစ်ခု ရှိပြီး ၎င်းကိုလည်း ထိုးဖောက်ခဲ့သည်။ ထိုလက်ညှိုး စွမ်းအားသည် စကြာဝဠာအိတ်သို့ ရောက်မှသာ ရပ်တန့်သွားခဲ့သည်။

ဟုန်ယွိသည် ချပ်ဝတ်သုံးထပ် ဝတ်ဆင်ထားသည်။ တစ်ထပ်မှာ ငွေငါးမန်းချပ်ဝတ်ဖြစ်ပြီး၊ တစ်ထပ်မှာ ရွှေနက်ရောင်ဝတ်ရုံနှင့် သူ၏အတွင်းခံ အင်္ကျီသည် စကြာဝဠာအိတ် ဖြစ်သည်။

All Chapters