← Chapters

ပစ္စုပ္ပန်

Vol. 9 Ch. 93

ပစ္စုပ္ပန်

Vol. 9 Ch. 93

လမ်းဘေး၌ ကားငယ်တစ်စီး ဖြတ်သန်းသွားခဲ့သည်။

ကားနောက်ခန်း၌ လူနှစ်ယောက်ထိုင်နေခဲ့ကြသည်။ထိုလူနှစ်ယောက်မှာ ဝူဖန်ရှန်းနှင့်ဝူယွမ်ဒေါင်တို့ ဖြစ်ကြသည်။

သူတို့နှစ်ယောက်လုံးသည် ဝတ်စုံပြည့်ဆင်ယင်ထားကာ သားရေဖိနပ်အားဝတ်ဆင်ထားသော်လည်း သူတို့အားကြည့်ရသည်မှာ အနည်းငယ်ကွဲပြားပေသည်။

"အဖေ...မနေ့ညက အေးချမ်းသာယာစားသောက်ဆိုင်မှာ ကြီးကြီးမားမားဖြစ်ရပ်တစ်ခုရှိခဲ့တယ်...ရှေးဟောင်းသုနေသနအဖွဲ့ရဲ့ ပညာရှင်တွေကို ရှာဖွေတွေ့ရှိတဲ့အချိန်မှာ သူတို့ကနည်းနည်းလောက် စိတ်ပိုင်းဆိုင်ရာမူမမှန်ဖြစ်နေသလိုပဲ...သူတို့ရဲ့အကောင့်တွေထဲမှာ ထည့်ထားတဲ့ပိုက်ဆံတွေကိုလည်း အကုန်လုံးပြန်ပေးခဲ့တယ်..."

ဝူဖန်ရှန်းက တိုးတိုးလေးပြောလိုက်သည်။

"အဲ့ဒါကိုငါသိတယ်...မနေ့ကအစည်းအဝေးလုပ်နေတုံး ဒီသတင်းကအကုန်လုံးပျံ့နှံ့နေခဲ့ပြီ...ရှေးဟောင်းသုတေသနအဖွဲ့က သက်တော်စောင့်တွေကလည်း သဲလွန်စရှာမတွေ့ဘဲ ရှေးဟောင်းမြို့ထဲကနေပြီး ညတွင်းချင်းအငွေ့ပျံသလို ပျောက်ကွယ်သွားခဲ့တယ်"

ဝူယွမ်ဒေါင်က အသက်ကိုခပ်ပြင်းပြင်းရှုလိုက်သည်။

ဝူဖန်ရှန်းသည် စက္ကန့်အနည်းငယ်ခန့် တုံ့ဆိုင်းသွားပြီးနောက် သူ၏ရင်ဘတ်က ဖားဖိုကြီးသဖွယ်နိမ့်ချည်မြင့်ချည်ဖြစ်လာခဲ့သည်။

"အဖေ...ဒီကိစ္စက Qမြို့တော်ကကျောက်မိသားစုနဲ့ အရမ်းကိုဆင်တူနေတယ်...ဒါကဖြစ်နိုင်မယ်လို့ထင်လား"

"ပါးစပ်ပိတ်ထား..."

ဝူယွမ်ဒေါင်က ခပ်ကြမ်းကြမ်းလေးဟိန်းဟောက်လိုက်သည်။

ဝူဖန်ရှန်းက မျက်မှောင်ကြုတ်၍ပြောလိုက်သည်။

"Qမြို့တော်မှာတုံးက ငါအကြိမ်ကြိမ်ပြောခဲ့ပေမဲ့ မင်းကနားမထောင်ခဲ့ဘူးအဖေ...ခုငါကအကျိုးသင့်အကြောင်းသင့်ပြောတာတောင်မှ အဖေကပါးစပ်ပိတ်ခိုင်းနေတယ်...ဒါကမတရားဘူး"

"ဒါဆိုရင် မင်းကဘာပြောချင်လို့လဲ..."

ဝူယွမ်ဒေါင်၏မျက်လုံးများက အနည်းငယ်ပြူးကျယ်သွားခဲ့သည်။

ဝူဖန်ရှန်းကပြုံး၍ပြောလိုက်သည်။

"ရှေးဟောင်းမြို့က မတော်တဆဖြစ်ရပ်ကိုသိသိချင်း ဒီလူတွေက မိသားစုအစည်းအဝေးမှာ မြန်မြန်ဆန်ဆန်တုံ့ပြန်ခဲ့ကြတယ်လေ...သူတို့ကငါတို့ကိုတောင် ပြသနာဆက်မရှာကြတော့ဘူး...သူတို့ရဲ့ပုံစံက ကြောက်မက်ဖွယ်တစ်စုံတစ်ခုနဲ့ ရင်ဆိုင်နေရသလိုပဲ..."

"ဒါက နည်းနည်းတော့အဓိပ္ပါယ်မရှိသလိုပဲ...ဒါပေမဲ့ ရှေးဟောင်းမြို့တစ်ခုလုံးကို ချက်ချင်းထိန်းချုပ်နိုင်တာ ရှေးဟောင်းလမ်းကိုချက်ချင်းတိတ်ဆိတ်စေတာ စားသောက်ဆိုင်တစ်ခုလုံးကို ခဏလေးအတွင်းရှင်းပစ်နိုင်တာ ဒါတွေကိုသူကလွဲပြီးတော့ ဘယ်သူကလုပ်ဆောင်နိုင်မှာလဲ..."

ဝူယွမ်ဒေါင်က တံတွေးမြိုချရင်းပြောလိုက်သည်။

ထိုအခိုက်အတန့်တွင် ဝူဖန်ရှန်း၏မျက်လုံးများက ချက်ချင်းတောက်ပလာခဲ့သည်။

"အနည်းဆုံးတော့ ငါတို့ရဲ့ရွေးချယ်မှုကမှန်ကန်ခဲ့တယ်လေ...သူရှေးဟောင်းမြို့မှာဆက်ရှိနေဖို့ မျှော်လင့်ပါတယ်..."

"ဟုတ်တယ်..."

ဝူယွမ်ဒေါင်က ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက်တွင် ကား၏အရှိန်က ထပ်မံ၍မြင့်တက်လာခဲ့သည်။

...

ပန်းချီပြခန်း၏ အတွင်းခန်း၌...

ဝမ်ကူသည် မနက်စောစော အိပ်ရာမှထလာခဲ့သည်။

ထို့နောက်သူသည် ပေါက်တူးအားလက်နှစ်ဖက်ဖြင့်ကိုင်ဆောင်ကာ အတွင်းခြံဝင်းထဲရှိ မိုးမခပင်အောက်၌ အားကြိုးမာန်တက်တူးဖော်နေခဲ့သည်။သူ၏နံဘေးတွင် စတုဂံပုံစံ သစ်သားဆိုင်းဘုတ်တစ်ခုနှင့် ညစ်ပတ်သောမီးခိုးရောင်ဝတ်စုံများစွာ ရှိနေခဲ့သည်။

သစ်သားဆိုင်းဘုတ်ပေါ်၌ ချွန်ထက်သောစာလုံးများဖြင့် စာလုံးနှစ်လုံးအား ရေးထိုးထားပေသည်။

အထည်ပေါ်၌လည်း ချုပ်ရာအမှတ်အသားများ ရှိနေဆဲပင်ဖြစ်သည်။

နံနက်ခင်းလေထုသည် အနည်းငယ်အေးစက်နေသော်လည်း ဝမ်ကူသည် အင်္ကျီပါးပါးတစ်ထည်ကိုသာဝတ်ဆင်ထားကာ သူ၏တစ်ကိုယ်လုံးက ချွေးများဖြင့်ရွှဲရွှဲစိုနေခဲ့သည်။

အချိန်အတော်ကြာပြီးနောက် သူသည် မိုးမခပင်အောက်၌ တစ်မီတာခန့်နက်သော တွင်းငယ်တစ်ခုအား တူးဖော်နိုင်ခဲ့သည်။ထို့နောက်တွင် ဝမ်ကူသည် သူ၏လှုပ်ရှားမှုများအားရပ်တန့်လိုက်ကာ ပေါက်တူးကိုဘေးဖယ်လိုက်ကာ ရေသန့်အင်တုံတစ်ခုနှင့်သန့်ရှင်းသည့် မျက်နှာသုတ်ပဝါတစ်ထည်အား လှမ်းယူလိုက်သည်။

ထို့နောက် သူ၏ခန္ဓာကိုယ်၌ပေကျံနေသော ချွေးများနှင့်အညစ်အကြေးများအား သန့်စင်လိုက်သည်။

ထိုသို့လုပ်ဆောင်ပြီးနောက်တွင် အထည်စကို တွင်းပေါက်ထဲ၌ သပ်သပ်ရပ်ရပ်နေရာချထားလိုက်ကာ သစ်သားဆိုင်းဘုတ်ကို ယူ၍ အထည်စပေါ်တင်လိုက်ကာ တွင်းပေါက်ကိုမြေကြီးဖြင့် ပြန်ဖို့လိုက်သည်။သူ၏လှုပ်ရှားမှုတစ်ခုစီတိုင်းသည် အလွန်နှေးကွေးသော်လည်း အသေးစိတ်ကျလှပေသည်။

ကိစ္စအားလုံးကိုလုပ်ဆောင်ပြီးချိန်တွင် သစ်သားဆိုင်းဘုတ်ကသာ အထီးကျန်ဆန်စွာကျန်ရှိခဲ့သော်လည်း ကြောင်မြီးပန်းများဖြင့် ဝိုင်းရံထားပေရာ တမျိုးတဖုံတောက်ပနေခဲ့သည်။

"နောက်ဆုံးတော့ ပြီးသွားပြီ..."

ဝမ်ကူသည် လက်ခုပ်တီးလိုက်ပြီး ပါးစပ်မှနေ၍တိုးတိုးလေးပြောလိုက်ကာ ဧည့်ခန်းဆီသို့လှည့်ကြည့်လိုက်တော့သည်။

ဧည့်ခန်းတွင်း၌....

ယဲ့ပိုင်သည် မည်သည့်လှုပ်ရှားမှုမျိုးမှမရှိဘဲ ငြိမ်ငြိမ်လေးရပ်နေခဲ့သည်။

သူသည် ဝမ်ကူအားတွေ့မြင်လိုက်ပြီးနောက် ယဲ့ပိုင်က တိုးတိုးလေးမေးမြန်းလိုက်သည်။

"ပြီးပြီလား..."

ဝမ်ကူသည် ရိုရိုသေသေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"အကုန်လုံးကိုစနစ်တကျလုပ်ဆောင်ပြီးပါပြီ သခင်..."

"ကောင်းပြီ...ငါလည်းပြီးတော့မယ်"

ယဲ့ပိုင်ကခေါင်းညိတ်ပြလိုက်သည်။

ဝမ်ကူသည် ထိုစကားကိုကြားပြီးနောက် သူ၏ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်သွားခဲ့သည်။

"သခင်...ပန်းချီကားထဲကလူကိုရှာတွေ့ပြီလား..."

"သူမက ရှေးဟောင်းမြို့မှာမရှိတော့ဘူး..."

ယဲ့ပိုင်က ခေါင်းခါပြလိုက်သည်။

ဝမ်ကူသည် စက္ကန့်အနည်းငယ်ခန့်တုံ့ဆိုင်းသွားပြီးမှ လေသံတိုးတိုးဖြင့် မေးမြန်းလိုက်သည်။

"ဒါဆိုရင် သခင်ကရှေးဟောင်းလမ်းမှာ သူ့ကိုဆက်စောင့်နေအုံးမှာလား..."

"မစောင့်တော့ဘူး...ငါတို့သာကံကြမ္မာဆုံရင် တစ်ယောက်ကိုတစ်ယောက် သေချာပေါက်ပြန်တွေ့ကြလိမ့်မယ်"

အမှန်တော့ ပန်းချီကားထဲမှလူတစ်ယောက်၏ အသွင်အပြင်သည် လူဝင်စားမှုတစ်ခါစတင်တိုင်း ပြောင်းလဲနေလေ့ရှိသည်။ယဲ့ပိုင်သည် ဝမ်ရှို့အားပန်းချီဆွဲခိုင်းရသည့် အကြောင်းရင်းမှာ သူ၏နှလုံးသားထဲရှိပြီးပြည့်စုံမှုအပေါ် အခြေခံထား၍ဖြစ်သည်။

ယဲ့ပိုင်၏စကားကိုနားထောင်ပြီးနောက် ဝမ်ကူသည် အချိန်အတော်ကြာတိတ်ဆိတ်သွားပြီး စကားပြန်ပြောခဲ့သည်။

သို့သော် သူစကားမပြောနိုင်မှီ ယဲ့ပိုင်၏အသံက တိုးတိုးလေးထွက်ပေါ်လာခဲ့သည်။

"ဝမ်ကူ...မင်းတံခါးသွားဖွင့်လိုက်...လုပ်စရာကိစ္စလေးတွေပေါ်လာပြီ..."

"ဟုတ်ကဲ့ သခင်..."

ဝမ်ကူသည် သံသယစိတ်လုံးဝမရှိဘဲ ဧည့်ခန်းရှိရှေးဟောင်းသစ်သားတံခါးဆီလျှောက်သွားကာ သူ၏လက်ကိုဆန့်တန်း၍ တံခါးကိုဖွင့်လိုက်သည်။

နံနက်ခင်းနေရောင်သည် တောက်ပနေခဲ့ကာ ပြခန်းထဲသို့တိုးဝင်လာခဲ့သည်။နံရံ၌ချိတ်ဆွဲထားသော ပန်းချီကားများကိုမူ ဖယ်ရှားထားခဲ့ပြီဖြစ်သည်။သို့သော် နံရံပေါ်၌ အမှတ်အသားများပြည့်နှက်နေခဲ့ပြီး ၎င်းတို့ကပို၍ပင် ရှေးရိုးဆန်ကာရိုးရှင်းသည့်ဟန်ပန်အား ဖော်ဆောင်နေခဲ့သည်။

ဝမ်ကူသည် တံခါးကိုဖွင့်လိုက်သည်နှင့် အနက်ရောင်ကားတစ်စီးက ပြခန်းရှေ့၌ဖြည်းညင်းစွာရပ်သွားခဲ့သည်။

"သခင်...သူတို့ကဘယ်သူလဲ..."

ဝမ်ကူသည် ကားကိုတွေ့မြင်ချိန်၌ သံသယစိတ်ဖြင့်မေးမြန်းလိုက်သည်။

ယဲ့ပိုင်၏အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။

"ပစ္စည်းလာပို့တဲ့သူတွေလေ..."

"ဝူမိသားစုလား..."

ဝမ်ကူသည် ယဲ့ပိုင်၏စကားကိုကြားပြီးနောက် ချက်ချင်းပင်မှန်းဆလိုက်သည်။

"ဟုတ်တယ်..."

ယဲ့ပိုင်၏အသံက အနည်းငယ်တိုးလျသွားခဲ့သည်။

ခဏအကြာတွင် တံခါးရှေ့၌ရပ်ထားသော ကားတံခါးပွင့်လာကာ ဝတ်စုံပြည့်ဝတ်ဆင်ထားသော လူနှစ်ယောက်ကားထဲမှထွက်လာခဲ့သည်။

ပြခန်းအဝင်ဝသို့ရောက်သော် ဝမ်ကူအားတွေ့လိုက်ရ၍ သူတို့၏ခန္ဓာကိုယ်က အနည်းငယ်အောက်ငုံ့သွားခဲ့သည်။

သို့သော်လည်း ယဲ့ပိုင်သည် ဧည့်ခန်းစားပွဲ၌ထိုင်နေသည်ကို မြင်သောအခါ သူတို့၏မျက်နှာ၌ ရွှင်လန်းတက်ကြွမှုများ ဖြစ်ပေါ်လာခဲ့သည်။

"သခင်လေး...ကျနော်ရောက်လာပါပြီ...အေးချမ်းသာယာစားသောက်ဆိုင်မှာ သခင်လေးလေလံအောင်ခဲ့တဲ့ပစ္စည်းတွေအားလုံးကို ခုပဲယူဆောင်လာခဲ့ပါမယ်..."

ထိုစကားကိုပြောလိုက်သူမှာ ဝူဖန်ရှန်းပင်ဖြစ်ကာ နဖူး၌အမာရွတ်ကို ခုပင်တွေ့မြင်နေရသေးသည်။ထိုသို့ပြောပြီးနောက်တွင် သူနှင့်သူ၏အဖေတို့က ကားနောက်ခန်းကိုဖွင့်လိုက်ပြီး ကားထဲမှရှေးဟောင်းပစ္စည်းများအားထုတ်ယူကာ ပြခန်းတံခါးဝ၌ချထားလိုက်သည်။

ဝမ်ကူက သူတို့အားကြိုဆိုနှုတ်ဆက်လိုက်ကာ ရှေးဟောင်းပစ္စည်းများကို ပြခန်း၏ဧည့်ခန်းဆီသို့ သယ်ဆောင်လာခဲ့သည်။

ဆယ်မိနစ်ခန့်ကြာမြင့်ပြီးနောက်...

ဧည့်ခန်းတွင်း၌ ဝူဖန်ရှန်းနှင့်ဝူယွမ်ဒေါင်တို့က ရိုရိုသေသေဖြင့် ဦးညွတ်ကာမတ်တပ်ရပ်နေခဲ့ကြသည်။

"လေလံအဖွဲ့ရဲ့သက်တော်စောင့်တွေအားလုံးက မနေ့ကတင်ရှေးဟောင်းမြို့ကနေထွက်ခွာသွားခဲ့ကြပြီ...ရှေးဟောင်းသုတေသနပညာရှင်၇ယောက်ကတော့ အကြောင်းတစ်စုံတစ်ရာကြောင့် ဆေးရုံတက်သွားရတယ်လို့ သတင်းရထားပါတယ်...ကောလဟာလတွေအရဆိုရင် သူတို့ကစိတ်ရောဂါခံစားနေရတယ်လို့ ပြောကြတယ်"

ဝူယွမ်ဒေါင်က စကားအစပြုလိုက်ပြီး သူ၏အကြည့်များက ယဲ့ပိုင်ထံသို့ကျရောက်နေခဲ့သည်။

"ဟုတ်လား..."

ယဲ့ပိုင်က မသိမသာခေါင်းညိတ်ပြလိုက်သည်။

"ဆရာ...ဒီရှေးဟောင်းပစ္စည်းတွေက ၁.၃ဘီလီယံကုန်ကျခဲ့ပါတယ်...ရှေးဟောင်းသုတေသနအဖွဲ့က မတော်တဆမှုကြောင့် ဒီငွေတွေကိုမယူသွားခဲ့ပေမဲ့ ဒီလောက်ငွေပမာဏအများကြီးကို ထုတ်သုံးမိတာကြောင့် ငါတို့ရဲ့မိသားစုကနည်းနည်းတော့ မကျေမနပ်ဖြစ်ခဲ့တယ်...ငါနဲ့ဖန်ရှန်းက..."

ဝူယွမ်ဒေါင်က ဆက်ပြောရန်တုံ့ဆိုင်းနေခဲ့သည်။

"အဖေ...ဒီအကြောင်းကိုဆက်မပြောနဲ့တော့...သခင်လေးက ဒီရှေးဟောင်းပစ္စည်းတွေကို ကျေနပ်တယ်ဆိုရင်ပဲ လုံလောက်နေပါပြီ..."

တစ်ဖက်တွင် ဝူဖန်ရှင်းက သူ့အဖေ၏စကားကိုကြားဖြတ်ဟန့်တားလိုက်ကာ ယဲ့ပိုင်အားလေးလေးစားစားကြည့်လိုက်သည်။သူသည် ထိုသို့ပြောလိုက်သော်လည်း ဤနေရာမှချက်ချင်းထွက်ခွာသွားရန် ဆန္ဒမရှိပေ၊

ဤလူနှစ်ယောက်၏ အပြုအမူက စိတ်ဝင်စားဖွယ်ကောင်းလှပေသည်။

ယဲ့ပိုင်က သူတို့နှစ်ယောက်အား စိုက်ကြည့်နေခဲ့သည်။

ဧည့်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားချိန်တွင် ယဲ့ပိုင်ကစကားစလိုက်သည်။

"ဒီရှေးဟောင်းပစ္စည်းတွေကို မင်းတို့သိမ်းထားလို့ရတယ်...မင်းတို့ဒီနေ့ဒီကိုရောက်လာတယ်ဆိုတော့ မင်းတို့အတွက်အလုပ်တစ်ခုရှိတယ်"

"သခင်လေး...မင်းပြောစရာရှိရင် ကျေးဇူးပြုပြီးတော့ပြောပါ...မင်းငါ့ကိုသေခိုင်းမယ်ဆိုရင်တောင်မှ ငါတွန့်ဆုတ်နေမှာမဟုတ်ဘူး..."

ဝူဖန်ရှန်းက အလွန်ပျော်ရွှင်နေသည့်လေသံဖြင့် ကမန်းကတမ်းပြောလိုက်သည်။ဝူမိသားစုအတွင်း၌ သူနှင့်သူ၏အဖေဖြစ်သူတို့ မည်မျှထိမြင့်မြင့်မားမားရပ်တည်နိုင်မလားဟူသည် ယနေ့သူတို့၏လုပ်ဆောင်မှုအပေါ်မူတည်ပေသည်။

"ပြခန်းရဲ့ အတွင်းခြံဝင်းထဲမှာ လက်ရေးလှတွေနဲ့ဝါးညှပ်ပန်းချီတွေရှိတယ်...အဲ့ဒါတွေက ဝမ်ရှို့ရဲ့စစ်မှန်တဲ့လက်ရာတွေပဲ...အချိန်ခဏကြာရင် မင်းနဲ့ဝမ်ကူက အဲ့ရှေးဟောင်းပစ္စည်းတွေကို လေလံတင်လိုက်ကြ"

ယဲ့ပိုင်က တိုးတိုးလေးပြောလိုက်သည်။

သူသည် ဝမ်ရှို့အား သက်တမ်းတိုးရန်အတွက် မရွေးချယ်ခဲ့ပေ။ထိုဝါးညှပ်ပန်းချီများ၊လက်ရေးလှပန်းချီများအား ဝမ်ကူ၏ကံကြမ္မာတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။ထိုလက်ရာများသာ ခေတ်အဆက်ဆက်ကျော်ကြားလာမည်ဆိုပါက အသက်ရှည်ခြင်းဟု သတ်မှတ်နိုင်သည်မဟုတ်ပါလော...

ဧည့်ခန်းတွင်း၌ ဝမ်ကူသည် ထိုစကားကိုကြားသောအခါ သူ၏မျက်လုံးများက အနည်းငယ်လှုပ်ခတ်သွားခဲ့သည်။သို့သော်လည်း သူသည်အောက်သို့ငုံ့ကြည့်ကာ နောက်ဖေးတံခါးဆီသို့ အမြန်လျှောက်သွားခဲ့သည်။

နောက်ဖေးတံခါးကိုဖွင့်လိုက်သည်နှင့် သစ်သားဆိုင်းဘုတ်တဝိုက်၌ သပ်သပ်ရပ်ရပ်စီရီထားသော ဝါးဖြတ်ပိုင်းများနှင့်လက်ရေးလှပန်းချီများကို တွေ့လိုက်ရဝည်။ထိုအခိုက်အတန့်တွင် သူ၏မျက်လုံးများ၌ မျက်ရည်စများလွှမ်းခြုံသွားခဲ့သည်။ထိုအချိန်မှသာ သစ်သားဆိုင်းဘုတ်ပေါ်၌ ရေးထွင်းထားသည့် စာလုံးဆယ့်လေးလုံး၏ အဓိပ္ပါယ်အား သူနားလည်လာခဲ့သည်။

All Chapters