← Chapters

ရှင်းလင်းချက်

Vol. 9 Ch. 94

ရှင်းလင်းချက်

Vol. 9 Ch. 94

ဝူဖန်ရှနနှင့်ဝူယွမ်ဒေါင်တို့သည် ထရပ်ကားငါးစီးကို အမြန်ဆုံးခေါ်ဆောင်ကာ ပြခန်းရှေ့၌ ရပ်လိုက်ကြသည်။

ထို့နောက် သူတို့နှစ်ယောက်သည် ဝမ်ကူနှင့်အတူ ဝါးညှပ်များ၊လက်ရေးလှပန်းချီများကို ခြံဝင်းအတွင်းမှနေ၍ စတင်ရွေ့ပြောင်းခဲ့ကြသည်။

ယဲ့ပိုင်သည် တံခါးအပြင်ဘက်ရှိ ရှေးဟောင်းလမ်းကိုငေးကြည့်ရင်း စားပွဲပေါ်၌ထိုင်နေဆဲဖြစ်သည်။

ယနေ့ခေတ်ရှေးဟောင်းလမ်းသည် ယခင်ကနှင့်မတူတော့ပေ။

ခရီးသွားတိုင်းလိုလိုပင် သူတို့၏မျက်နှာပေါ်၌ အပြုံးများဖြင့်ပြည့်နှက်နေသော်လည်း လူတိုင်း၏မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်နေသောအမူအရာများက ဖြစ်ပေါ်နေခဲ့သည်။ထိုသို့ဖြစ်ရခြင်းမှာ မနေ့ကညနောက်ကျမှအိပ်၍ ယနေ့အစောကြီးထလာရသောကြောင့်ဖြစ်သည်။

အပြာရောင်ကျောက်တုံးလမ်းမပေါ်၌ ထရပ်ကားများရပ်ထားသည်ကိုမြင်သော် ထိုခရီးသွားများက များစွာဂရုမစိုက်ခဲ့ကြပေ။သူတို့၏အမြင်၌ ပြခန်းအားပိတ်သိမ်းတော့မည်ဟု ယူဆခဲ့ကြသည်။ထို့ကြောင့် ဓာတ်ပုံရိုက်ရန်အတွက် ထိုနေရာ၌ခဏသာနေ၍ ထွက်ခွာသွားခဲ့ကြသည်။

ပြခန်း၏ဆန့်ကျင်ဘက်တွင် မနက်ခင်းနေရောင်၏ ကြိုဆိုမှုအောက်၌ ရှေးဟောင်းပစ္စည်းဆိုင်၏တံခါးက ဖြည်းညှင်းစွာဖွင့်ဟလာခဲ့သည်။

တံခါးဖွင့်လာသူမှာ ဝူစန်းရီပင်ဖြစ်သည်။

သူသည် အနီရင့်ရင့်မန်ဒရင်းဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်သည်။သူ၏မီးခိုးရောင်ဆံပင်များကြောင့် အနည်းငယ်အသက်ကြီးသလို ခံစားနေရဆဲဖြစ်သော်လည်း သူ၏ခန္ဓာကိုယ်၌ အားမာန်များပြည့်ဝနေခဲ့သည်။

သူသည် ပြခန်းအဝင်ဝ၌ရပ်ထားသော ထရပ်ကားများကို တွေ့မြင်လိုက်ရချိန်၌ အံ့အားသင့်သွားခဲ့သည်။ထို့နောက် အသစ်စက်စက်ဝါးညှပ်ပန်းချီများနှင့် လက်ရေးလှပန်းချီများကို ထရပ်ကားပေါ်တင်ဆောင်နေသည်ကို တွေ့မြင်လိုက်ရသည်။

ထို့ကြောင့်သူသည် ဝမ်ကူရှေ့သို့ပြေးလာခဲ့ကာ အနည်းငယ်ရှုပ်ထွေးသည့်လေသံဖြင့် မေးလိုက်သည်။

"အဘိုးကြီးဝမ်...မင်းတို့ဘာလုပ်နေတာလဲ..."

ဝမ်ကူသည် ဝူစန်းရီအားတစ်ချက်ကြည့်လိုက်ပြီးနောက် ဝါးညှပ်များအား ဆက်လက်ရွေ့နေခဲ့ကာ ဂရုမစိုက်သည့်လေသံဖြင့်ပြောလိုက်သည်။

"ငါဘာလုပ်ရမှာလဲ...မင်းဒီဆိုင်ကိုမဝယ်ချင်ဘူးလား...အဘိုးကြီးကမရှိတော့ဘူး...သူ့ရဲ့လက်ရေးလှပန်းချီတွေကို ငါယူသွားရမယ်...ငါ့အဖေက တစ်သက်လုံးကြိုးကြိုးစားစား ပန်းချီဆွဲခဲ့တာပဲ"

"အိုး...ငါနားလည်ပြီ..."

ဝူစန်းရီသည် သူ၏မျက်လုံးများအားမှိတ်ထားလိုက်ပြီး မျက်နှာပေါ်၌အပြုံးတစ်ခုပေါ်ပေါက်လာခဲ့သည်။ထို့နောက် သူ၏လက်နှစ်ဖက်ကိုနောက်ကျောပိုက်ထားလိုက်ပြီး ပန်းချီပြခန်းအား သူ၏ကိုယ်ပိုင်အိမ်လိုသဘောထားကာ ဧည့်ခန်းရှိရာသို့ ဖြည်းညှင်းစွာလျှောက်ဝင်လာခဲ့သည်။

သို့သော်လည်း ယဲ့ပိုင်သည် ဧည့်ခန်းစားပွဲ၌ ထိုင်နေသည်ကိုမြင်သောအခါ ရင်းနှီးနေသောအေးစက်စက်ခံစားမှုတစ်ခုက သူ့နှလုံးသားထဲတိုးဝင်လာခဲ့သည်။

သူသည် အဖြူရောင်ဝတ်စုံနှင့်လူငယ်ကို တွေ့ဆုံချိန်တိုင်း မသက်မသာနှင့်ကြောက်ရွံ့မှုအား ခံစားရပေသည်။

"ညီလေးရေ...ဒီရက်ပိုင်းအားလပ်ရက်တွေရောက်နေတော့ ခရီးသွားတွေနဲ့အရမ်းကိုအလုပ်ရှုပ်နေတယ်...ဒါကြောင့်စာချုပ်ချုပ်ဖို့အချိန်သိပ်မရဘူး...မင်းလည်းမကြာခင်ဆိုင်ကိုရွေ့တော့မှာဆိုတော့ အချိန်ထပ်မရွေ့ဘဲ ဒီနေ့ဘဲစာချုပ်ကိုအပြီးသတ်လိုက်ကြရအောင်လေ...မင်းကရှေးဟောင်းပစ္စည်းနှစ်ခုကို စိတ်ကြိုက်ရွေးချယ်လို့ရတယ်..."

ထိုသို့ပြောဆိုချိန်တွင် ဝူစန်းရီ၏လက်များသည် အနည်းငယ်တုန်ခါသွားပြီး ယဲ့ပိုင်အားမသိမသာစိုက်ကြည့်ရင်း ယဲ့ပိုင်၏စိတ်အခြေအနေကို အကဲခတ်ရန်ကြိုးစားခဲ့သည်။

စားပွဲ၌ထိုင်နေသောယဲ့ပိုင်သည်ကား အစမှအဆုံးတိုင်အောင် သူ၏မျက်နှာပေါ်၌ မည်သည့်အပြောင်းအလဲကိုမှ ဖော်ပြခဲ့ခြင်းမရှိပေ။သူ၏မျက်လုံးတစ်စုံကလည်း တွင်းပေါက်ကြီးလိုနက်ရှိုင်းပေရာ ဝူစန်းရီ၏အကဲခတ်မှုက အရာမထင်ခဲ့ပေ။ယဲ့ပိုင်သည် ဝူစန်းရီ၏စကားကိုကြားပြီးနောက် ဂရုမစိုက်သောလေသံဖြင့် ပြန်ဖြေလိုက်သည်။

"ကောင်းပြီလေ..."

ထို့နောက် သူ၏ဝတ်စုံအားဖြန့်၍ မတ်တပ်ရပ်လိုက်ပြီး ရှေးဟောင်းပစ္စည်းဆိုင်သို့ အေးအေးလူလူလမ်းလျှောက်သွားခဲ့သည်။

ဝူစန်းရီသည် သူ၏လက်နှစ်ဖက်ကိုရှေ့ထုတ်ရင်း ပြင်းပြင်းထန်ထန်ပွတ်သပ်လိုက်ပြီး ယဲ့ပိုင်၏နောက်သို့အမြန်ဆုံးလိုက်သွားခဲ့သည်။

"သခင်..."

ပြခန်း၏ရှေ့၌ ပစ္စည်းများကိုသယ်ပို့နေသောဝမ်ကူသည် ယဲ့ပိုင်ထွက်လာသည်ကိုမြင်သောအခါအတွက် အနည်းငယ်စိတ်ရှုပ်ထွေးသွားခဲ့သည်။

ဝူယွမ်ဒေါင်နှင့်ဝူဖန်ရှန်းတို့ကလည်း ယဲ့ပိုင်အားလှည်းကြည့်လိုက်ကြသည်။

"သခင်လေ..."

ယဲ့ပိုင်၏အသံက အနည်းငယ်တိုးလျသွားခဲ့သည်။

"ငါနှစ်ခုယူမယ်..."

ယဲ့ပိုင်၏စကားကိုကြားပြီးနောက် သုံးယောက်သားခေါင်းညိတ်ပြလိုက်ကြပြီး ငြိမ်သက်သွားခဲ့ကြသည်။ထို့နောက်တွင် ဝါးညှပ်၊လက်ရေးလှပန်းချီတို့အား ဆက်လက်စုဆောင်းခဲ့ကြသည်။

...

ရှေးဟောင်းပစ္စည်းဆိုင်...

အချိန်အနည်းငယ်စောနေသော်လည်း ဤနေရာ၌ခရီးသွားအမြောက်အများရှိနေဆဲဖြစ်ကာ ထိုခရီးသွားများအတွက် ရှေးဟောင်းပစ္စည်းများက အလွန်ပင်ဆန်းသစ်နေခဲ့သည်။

ယဲ့ပိုင်ရောက်ရှိလာချိန်တွင် ထိုခရီးသွားများက လမ်းဖယ်ပေးရန်စိတ်ကူးမရှိခဲ့ကြပေ။ယင်းအစား သူတို့သည် ယခင်ကထက်ပို၍ပင် ရှေးဟောင်းပစ္စည်းများကို အာရုံစိုက်၍ဆက်လက်စူးစမ်းနေခဲ့ကြသည်။

ယဲ့ပိုင်သည် လက်နှစ်ဖက်ကိုနောက်ကျောပိုက်ထားဆဲဖြစ်ကာ ထိုမြင်ကွင်းကိုကြည့်၍ အနည်းငယ်စိတ်ဝင်စားသွားခဲ့သည်။

သူ၏ဘယ်ဘက်တွင် နှစ်ပေါင်းများစွာသက်တမ်းရှိပုံရသည့် ဆံညှပ်တစ်စင်းအား ကိုင်ဆောင်ထားသည့် မိန်းကလေးတစ်ယောက်ရှိနေခဲ့သည်။သူမသည် ထိုဆံညှပ်လေးအားစူးစမ်းရင်း သူမ၏မျက်လုံးများ၌ အလင်းရောင်အချို့တောက်ပလာကာ တီးတိုးရေရွတ်လိုက်သည်။

"ဒီဆံညှပ်လေးက တကယ်လှတာပဲ...စျေးနှုန်းကတော့ ၉၉၉၉ယွမ်လို့ရေးထားတယ်...အစစ်ဆိုတာသေချာလို့လား"

"မိန်းကလေး...ဒီဆံညှပ်က တကယ်ကြီး၉၉၉၉ယွမ်ပါ...ဒါရဲ့နာမည်အပြည့်အစုံက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖောင်းကြွနှစ်ထပ်အလံပါဆံညှပ်လို့ခေါ်တယ်...သူ့မှာဖောင်းကြွနေတဲ့အလံနှစ်ခုပါရှိတယ်...တစ်ခုကကြယ်ကိုးချွန်ပါတဲ့အလံဖြစ်ပြီးတော့ နောက်တစ်ခုကတော့ ရောင်စုံအစင်းကြောင်းတွေပါတဲ့အလံတစ်ခုပဲ...နောက်တစ်ခုကိုတော့ လောယန်အမျိုးသားပြတိုက်မှာ သိမ်းဆည်းထားတယ်..."

ယဲ့ပိုင်၏အသံသည် လွန်စွာပျော့ပျောင်းနေခဲ့ကာ မမျှော်လင့်ဘဲ စကားအစပျိုးလိုက်မိသည်။

နောက်ဘက်ရှိဝူစန်းရီသည် ယဲ့ပိုင်၏စကားကိုကြားပြီးနောက် အံ့သြနေသည့်အကြည့်ဖြင့် ကြည့်လိုက်မိသည်။သူ့ရှေ့မှလူငယ်လေးသည် ရှေးဟောင်းပစ္စည်းများအကြောင်းကို နက်နက်နဲနဲနားလည်သဘောပေါက်ထားလိမ့်မည်ဟု သူမည်သည့်အခါကမှ မျှော်လင့်ထားခဲ့ခြင်းမရှိပေ။ထို့ကြောင့် ဝူစန်းရီသည် အနည်းငယ်အံ့သြသွားကာ ခေါင်းခါယမ်းလိုက်မိသည်။

"အိုး...ဒါကတကယ်မိုက်တယ်..."

မိန်းကလေးသည် ယဲ့ပိုင်၏စကားကိုကြားသောအခါတွင် ဝယ်ယူလိုစိတ်ပြင်းပြလာပြီး ဆံညှပ်ကိုဆွဲယူလိုက်သည်။

ယဲ့ပိုင်က ကောင်မလေးအားခေါင်းခါပြလိုက်သည်။

"စိတ်မကောင်းစရာပဲ...ဒီဆံညှပ်ကကြေးဝါနဲ့လုပ်ထားတာဆိုတော့ အစစ်မဟုတ်ဘူး...သူ့ရဲ့ပုံစံကအရမ်းကိုရှေးကျတာဆိုတော့ ဒီဆံညှပ်က အချိန်အတော်ကြာတဲ့ထိ သေသေချာချာထိန်းသိမ်းထားတဲ့ ပုံစံတူပဲဖြစ်ရမယ်....ဒါ့အပြင် ဒီဆံညှပ်က အေးစက်တဲ့သွင်ပြင်ကိုဖော်ဆောင်ထားပြီး အလောင်းကောင်တွေရဲ့အငွေ့အသက်ကိုခံစားရစေတယ်...ငါထင်တာမမှားဘူးဆိုရဂ် ဒီဆံညှပ်ကို လူသေရဲ့ဦးခေါင်းကနေဖြုတ်ယူလာတာပဲ...စျေးကတော့အရမ်းမကြီးလောက်ဘူး..."

"အိုး..."

မိန်းကလေးသည် ယဲ့ပိုင်၏စကားကိုနားထောင်ပြီးနောက် ကြောက်လန့်တကြားအော်လိုက်ကာ ဆံညှပ်အား ချက်ချင်းပင်အခြားနေရာ၌ချထားလိုက်သည်။သူမသည် ယဲ့ပိုင်အားစိုက်ကြည့်ကာ သူမ၏လက်များကိုပွတ်သပ်ရင်း ဆိုင်တွင်းမှနေ၍ ချက်ချင်းထွက်ခွာသွားခဲ့သည်။

"ကံမကောင်းဘူး...တကယ်ကံမကောင်းတာပဲ...ဆိုင်ရှင်ကပိုက်ဆံရှာချင်တာနဲ့ပဲ ဒီလိုပစ္စည်းတွေကိုတောင် ဆိုင်ပေါ်တင်ထားတာလား"

ယဲ့ပိုင်၏စကားကိုနားထောင်၍ ခေါင်းခါယမ်းနေသောဝူစန်းရီသည် လုံးဝအံ့သြသွားခဲ့သည်။

ခုနလေးတင် ဤအရာသည် တိုက်ဆိုင်မှုတစ်ခုသာဖြစ်ကြောင်း သူ၏နှလုံးသားထဲ၌ ရေရွတ်နေခဲ့သည်။ထိုသို့မဟုတ်ပါက ယဲ့ပိုင်သည်အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ထိုသို့သိနေစရာအကြောင်းမရှိပေ။

သို့သော်လည်း ယဲ့ပိုင်၏ရှင်းပြချက်ကိုကြားပြီးချိန်၌ ဝူစန်းရီ၏အမူအရာက ပြောင်းလဲသွားခဲ့သည်။

"ဒီဆင်းတုက မင်မင်းဆက်ကနေ ဆင်းသက်လာတဲ့အရာပဲ...ဒီဆင်းတုကိုထုလုပ်တုံးက အရည်အသွေးနိမ့်ပစ္စည်းတွေကို အသုံးပြုခဲ့တာကြောင့် ခုလိုအက်ကြောင်းတွေရှိနေခဲ့တာပဲ...ဒီဗုဒ္ဓဆင်းတုတော်ဟာ သစ်ခွပန်းကိုလက်မှာကိုင်ထားတာကြောင့် အသုဘအခမ်းအနားမှာအသုံးပြုတယ်ဆိုတာ ထင်ရှားတယ်...များသောအားဖြင့် လူမသိသူမသိ မောင်းမမိသာံတွေရဲ့စျာပနာမှာ ဒီလိုဆင်းတုတွေကိုအသုံးများတယ်"

"ဒီအိုးကတော့ ဆီးအိုးပဲ...အိုးရဲ့နှုတ်ခမ်းနဲ့လက်ကိုင်တွေကတော့ အဝါရောင်ပြောင်းနေပြီ...ဒီအိုးက ချင်ဆင်းဆက်အစောပိုင်းမှာ ထုတ်လုပ်ခဲ့တာကြောင့် ရှေးဟောင်းပစ္စည်းတစ်ခုလို့သတ်မှတ်နိုင်တယ်...ဒါပေမဲ့ဒီဆီးအိုးမှာ တခြားနာမည်တစ်ခုရှိနေသေးတယ်...နန်းတော်ထဲကမိန်းမစိုးတွေက ဒီလိုဆီးအိုးတွေကိုအသုံးများကြတယ်"

ယဲ့ပိုင်၏အသံသည် အစမှအဆုံးတိုင်အောင် ကျယ်လောင်ခြင်းမရှိပေ။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ရှေးဟောင်းပစ္စည်းတစ်ခုစီတိုင်း၏ ရည်ရွယ်ချက်၊မူလအစသမိုင်းကြောင်းတို့အား အလွန်တိကျစွာပြောနိုင်ခဲ့သည်။.ထိုရှေးဟောင်းပစ္စည်းများသည် ရွှံရှာဖွယ်သမိုင်းကြောင်းများရှိသော်လည်း ခရီးသွားများက လျော့နည်းမသွားဘဲ ယဲ့ပိုင်အားဗဟိုပြုကာ တဖြည်းဖြည်းများပြားလာခဲ့ပြီး အသံများကတဖြည်းဖြည်းဆူညံလာခဲ့သည်။

"ညီလေး...ဒီသစ်သားဖိနပ်ကကော ဘယ်လိုလဲ"

တစ်စုံတစ်ယောက်က မေးမြန်းလိုက်သည်။

ယဲ့ပိုင်က ထိုသစ်သားဖိနပ်ကို လှမ်းကြည့်လိုက်သည်။

"မိုးမခသစ်သားဖိနပ်က အသစ်အတိုင်းရှိနေသေးတယ်...ဒီဖိနပ်က ဟောင်းနွမ်းနေပုံရပေမဲ့ ခေတ်မှီနည်းစနစ်နဲ့ပုံတူပွားထားတာသိသာတယ်...ဒါကအမြတ်ထုတ်ဖို့စိတ်ကူးနဲ့ ဆိုင်မှာသီးသန့်တင်ထားတာပဲ..."

ယဲ့ပိုင်၏ရှင်းလင်းချက်များက လျင်မြန်ခြင်း နှေးကွေးခြင်းမရှိပေ။

သို့သော်လည်း နောက်မှလိုက်လာသော ဝူစန်းရီသည် ယဲ့ပိုင်၏စကားများကိုကြားရလေလေ ပိုမိုထိတ်လန့်လာလေဖြစ်သည်။ဤဆိုင်၌တင်ထားသော ရှေးဟောင်းပစ္စည်းများကို တင်းတင်းကျပ်ကျပ်စစ်ဆေးထားပြီးဖြစ်ရာ အမှန်တကယ်၌ အဖိုးတန်သောရှေးဟောင်းပစ္စည်းများ မရှိသည်မှာသေချာပေသည်။ထိုအခိုက်အတန့်တွင် သူ့ရှေ့မှလူငယ်သည် ကမ္ဘာပြိုလုမတတ်ကိစ္စတစ်ခုအား ကျိန်းသေလုပ်ဆောင်လိမ့်မည်ဟု ဝူစန်းရီ၏စိတ်ထဲ၌ ထင်ယောင်ထင်မှားရှိလာခဲ့သည်။

သို့သော်လည်း နောက်ဖြစ်လာမည့်ကိစ္စအား တွေးပူနေချိန်တွင် ယဲ့ပိုင်က စင်တစ်ခုရှေ့၌ တိတ်ဆိတ်စွာရပ်နေခဲ့သည်။

ဝူစန်းရီသည် ထိုမြင်ကွင်းကိုတွေ့လိုက်သည်နှင့် သူ၏မျက်လုံးများက ပြူးကျယ်သွားခဲ့ကာ ထိတ်လန့်တုန်လှုပ်နေသောအမူအရာဖြင့် ယဲ့ပိုင်အားတားဆီးရန် ရှေ့တက်လာခဲ့သည်။

All Chapters