← Chapters

အက်ကွဲသွားခြင်း

Vol. 9 Ch. 95

အက်ကွဲသွားခြင်း

Vol. 9 Ch. 95

ရှေးဟောင်းပစ္စည်းအရောင်းဆိုင်တွင်း၌ လေထုကအလွန်ပင်မြူးထူးနေခဲ့သည်။သို့သော်လည်း ဝူစန်းရီကမပျော်နိုင်ခဲ့ပေ။

ရှေးဟောင်းပစ္စည်းလုပ်ငန်း၌ သူတို့အကြောက်ဆုံးအရာမှာ မိမိတို့ပိုင်ဆိုင်ထားသော ရှေးဟောင်းပစ္စည်းကို အခြားသူများက အလွယ်တကူထိတွေ့သွားခြင်းဖြစ်သည်။ထိုသို့ဖြစ်ပါက ပိုင်ရှင်သည်ထိုပစ္စည်းအား နောင်တွင်စျေးကြီးကြီးဖြင့်ရောင်းချနိုင်ရန် မျှော်လင့်ချက်မရှိတော့ပေ။

ထို့ပြင် သင်မျက်စိကျနေသည့် ပစ္စည်းကောင်းလေးတစ်ခုနှင့် ကြုံတွေ့ခဲ့ရမည်ဆိုလျှင်တောင်မှ တစ်စုံတစ်ယောက်က သင့်ထက်လက်ဦး၍ချိုသာသောစျေးနှုန်းဖြင့် ဝယ်ယူရရှိသွားပါက သင့်၏နှလုံးသွေးယိုစီးကျလာမှာဖြစ်သည်။

ထို့ကြောင့် ယဲ့ပိုင်သည် စင်တစ်ခုရှေ့သို့ဖြည်းညှင်းစွာဖြင့် လမ်းလျှောက်သွားသည်ကိုမြင်သောအခါ ဝူစန်းရီသည် တည်တည်ငြိမ်ငြိမ်မနေနိုင်တော့ပေ။

"ညီလေး...ဒါကရှေးဟောင်းပစ္စည်းမဟုတ်ဘူး...ရွှံ့အိုးတစ်ခုကို ပေါ့ပေါ့ပါးပါးအဆင်တန်ဆာအနေနဲ့ပဲ ပြသထားတာပါ..မင်းလိုချင်တာရှိရင် အခြားတစ်ခုကိုရွေးလိုက်လေ..."

ဝူစန်းရီ၏အသံသည် အလွန်မြန်ဆန်နေကာ သူ့ကိုယ်သူဖော်ထုတ်လိုက်မိပြီဖြစ်ကြောင်း မသိရှိလိုက်ပေ။

စင်ပေါ်၌ ရှေးဟောင်းအိုးတစ်လုံးကိုသာ ပြသထားပေသည်။အိုး၏အဝသည် အလွန်ပင်ပါးလွှာကာ အပ်တစ်ချောင်းဝင်ရုံမျှသာရှိကာ အိုးအားအပြည့်အဝမပိတ်ဆို့ထားရုံတမယ်သာရှိပေသည်။

ဝူစန်းရီသည် ဤအိုးအား မတော်တဆရရှိခဲ့ခြင်းဖြစ်ပေသည်။သူ၏ဗီဇအရဆိုလျှင် သူသည်ဤကဲ့သို့အိုးမျိုးကို တစ်ခါမှမမြင်တွေ့ဖူး၍ ဤအိုး၏ဇာတ်မြစ်ကမရိုးရှင်းကြောင်း သိသာပေသည်။ထို့ကြောင့်သူသည် ရက်ပေါင်းဒါဇင်နှင့်ချီ၍လေ့လာခဲ့သော်လည်း မည်သည့်အရာကိုမှမထုတ်ဖော်နိုင်ခဲ့၍ ၎င်းကိုစင်မြင့်တစ်ခုပေါ်၌ ကျပန်းတင်ထားခဲ့ရသည်။

ယခုအခါ ယဲ့ပိုင်က ထိုအိုးရှေ့မှဖြတ်သွားသည်ကိုမြင်သော် ဝူစန်းရီသည် စိတ်မထိန်းနိုင်တော့ဘဲ ဟန့်တားလိုက်ရခြင်းဖြစ်သည်။

သို့သော်လည်း ဝူစန်းရီ၏စကားကိုကြားသောအခါ ပတ်ဝန်းကျင်ရှိ ခရီးသွားများက မကျေမနပ်ဖြစ်သွားခဲ့ကြသည်။

"ဟေ့သူဌေး...မင်းကတကယ်ရက်စက်တာပဲ...မင်းဆိုင်မှာဆို ပစ္စည်းအတုတွေမှအများကြီးပဲ...မင်းကလူဘယ်နှစ်ယောက်ကိုတောင် လှည့်စားခဲ့မှန်းမသိဘူး...ဒီအိုးဆိုရင် ယွမ်၁သန်းလောက်တော့ အနည်းဆုံးတန်မှာပဲ...ဒါကိုရောင်းလိုက်ရင်တောင် သူဌေးအတွက် ဝမ်းနည်းစရာမဟုတ်ပါဘူး..."

အမျိုးသမီးတစ်ဦးက စူးရှသောအသံဖြင့် မသိမသာလှောင်ပြောင်လိုက်သည်။

သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ကလည်း ဒေါသတကြီးအော်ဟစ်လိုက်သည်။

"အမှန်ပဲ...ဒီညီလေးက ရှေးဟောင်းပစ္စည်းတော်တော်များများကိုရှင်းပြနိုင်တယ်...သူဌေးကသူ့ကိုကြောက်နေတာလား...ဒီပုလင်းကပစ္စည်းကောင်းတစ်ခုဆိုတာ သူသိသွားမှာကြောက်နေလို့လား"

"ညီလေး...သူဌေးကိုလျစ်လျူရှုလိုက်...ဒီပုလင်းကတကယ်တန်ဖိုးကြီးတယ်ဆိုရင် စျေးနှုန်းတစ်ခုကို ပြတ်ပြတ်သားသားသတ်မှတ်ပြီးတော့ ဝယ်လိုက်...ငါတို့မင်းနဲ့ပြိုင်လုနေမှာမဟုတ်ဘူး...ဒီပစ္စည်းရဲ့ဇာတ်မြစ်ကို ရှင်းပြပေးလို့ရမလား"

ပတ်ဝန်းကျင်ရှိခရီးသွားများက စတင်၍ဆူညံလာခဲ့ကြသည်။

ဝူစန်းရီသည် သူ၏အတွေးများဖောက်မြင်ခံလိုက်ရသောကြောင့် သူ၏ပါးပြင်များနီရဲလာခဲ့သည်။သို့သော်လည်း ယခုအချိန်သို့ရောက်မှ သူရှေ့ဆက်တိုးရန်မဖြစ်နိုင်တော့သလို နောက်ပြန်ဆုတ်၍လည်းမရတော့ပေ။

သို့သော်လည်း ယခုအချိန်ထိတိုင်အောင် ယဲ့ပိုင်ကစကားပြောဆိုမည့် အမူအရာမပြသသေးပေ။သူသည် သူ့ရှေ့မှဝူစန်းရီကိုကြည့်၍ မှုန်ကုပ်ကုပ်လေသံဖြင့်ပြောလိုက်သည်။

"ဒီအိုးက တန်ဖိုးမရှိဘူး...မင်းစိတ်မပူနဲ့..."

ဝူစန်းရီသည် အနည်းငယ်တုံ့ဆိုင်းသွားခဲ့သည်။

ယဲ့ပိုင်သည် ရှေ့သို့တိုးလာခဲ့ကာ ဝူစန်းရီအား အလွယ်တကူကျော်ဖြတ်သွားခဲ့သည်။

သူသည် ကျောက်စိမ်းကဲ့သို့လက်ချောင်းများကို ဆန့်ထုတ်လိုက်ကာ စင်မြင့်ပေါ်ရှိပုလင်းကိုမြှောက်၍ ဘယ်ညာလှုပ်ယမ်းလိုက်သည်။

ဘန်း...ဘန်း...ဘန်း

ယဲ့ပိုင်လှုပ်ခါလိုက်ချိန်တွင် အိုးထဲမှနေ၍ စူးရှသောအသံတစ်ခုက ထွက်ပေါ်လာခဲ့သည်။

"အထဲမှာ တစ်ခုခုရှိနေတာလား..."

အနီးအနားရှိခရီးသွားတစ်ယောက်သည် ထိုအသံအားကြားလိုက်ချိန်တွင် သူ၏မျက်လုံးများသည် ကြီးကြီးမားမားတစ်စုံတစ်ခုအား တွေ့ရှိသွားသကဲ့သို့ အရောင်တောက်ပလာကာ အော်ဟစ်လိုက်သည်။

"ဒီအိုးရဲ့အဝဟာ အပ်တစ်ချောင်းလိုကျည်းမြောင်းတယ်...ဒီလိုပြတ်သားတဲ့အသံထွက်အောင် လုပ်နိုင်တဲ့အရာက နည်းနည်းတော့ကြီးမားရမယ်...ဒါကိုနောက်ပိုင်းမှသီးသန့်ထည့်ထားတာမဖြစ်နိုင်ဘူးဆိုပေမဲ့ အိုးကိုပြုလုပ်တဲ့အချိန်တစ်ခါတည်းထည့်ထားတာဆိုရင် အပူချိန်ကြောင့်အထဲကပစ္စည်းက မီးလောင်သွားနိုင်တယ်...ဒါကြောင့်ခုထိမယိုမယွင်းရှိနေမယ်ဆိုရင် အတွင်းထဲကပစ္စည်းဟာ ဆိုးရွားတဲ့အရာမဟုတ်တာသေချာတယ်..."

ကြွေထည်လက်မှုပညာအကြောင်း အနည်းငယ်သိသောခရီးသွားတစ်ယောက်က သေသေချာချာခွဲခြမ်းစိတ်ဖြာ၍ ပြောလိုက်သည်။

"မြင့်မားတဲ့အပူချိန်လောင်ကျွမ်းမှုကိုခံနိုင်တယ်ဆိုတော့ စိန်တုံးများဖြစ်နေမလား..."

စိတ်ကူးညဏ်ကောင်းသူအချို့က အရူးအမူးမှန်းဆခဲ့ကြသည်။

ဝူစန်းရီသည် ထိုအသံများအားကြားလိုက်ရသည့်အချိန်တွင် သူ၏မျက်နှာပေါ်ရှိကြွက်သားများက ပြင်းထန်စွာလှုပ်ခါသွားခဲ့ကာ သူ၏နှလုံးသားထဲ၌နောင်တရနေခဲ့သည်။အစောပိုင်းကတည်းက ဤအိုးတွင်း၌ တစ်စုံတစ်ခုရှိကြောင်း သူသိထားသော်လည်း အိုး၏တန်ဖိုးကလွန်စွာမြင့်မားနေမည်ကိုစိုးရိမ်၍ ချိုးဖျက်ရန်မကြိုးစားခဲ့ပေ။

ယခုအချိန်မှ ထိုအကြောင်းကိုတွေးမိသည်ကပင် သူ၏မဟာအမှားကြီးဖြစ်ပေသည်။အမှန်ဆိုလျှင် ဟိုးယခင်ကတည်းက အံကြိတ်ကာ ဤအိုးအားရိုက်ခွဲခဲ့သင့်ပေသည်။

ယဲ့ပိုင်သည်ကား ပတ်ဝန်းကျင်ရှိဆူညံနေသောအသံများအား လုံးဝမကြားသလို ပြုမူနေခဲ့သည်။

သူသည် ပုလင်းအား ပေါ့ပေါ့ပါးပါးပင်လှုပ်ယမ်းလိုက်ကာ လေသံတိုးတိုးဖြင့် ညည်းတွားလိုက်သည်။

"ဒါတွေက စိန်တွေ၊ရှားပါးသတ္တုတွေမဟုတ်ဘူး...လက်လုပ်သစ်သားပန်းပုရုပ်တစ်ခုပဲ..."

ဘာ...

ယဲ့ပိုင်၏စကားကိုကြားလိုက်ချိန်တွင် ဝူစန်းရီသည်မယုံကြည်နိုင်လောက်အောင် ခံစားလိုက်ရပြီး သူ၏မျက်နှာပေါ်၌ ကြောင်အနေသည့်အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ပတ်ဝန်းကျင်ရှိခရီးသွားများသည်လည်း အံ့အားသင့်သွားကြပြီး ရယ်မောမိလိုက်ကြသည်။

"ညီလေး...မင်းတော်တော်နောက်တတ်တာပဲ...ဒါကသစ်သားပန်းပုရုပ်သာဆိုရင် ဒီကြေအိုးထဲမှာဘယ်လိုပေါ်လာနိုင်မှာလဲ...ဒီကြွေထည်ကိုစဖုတ်တဲ့အချိန်ကတည်းက အိုးရဲ့ကိုယ်ထည်ကိုသေချာဖုတ်ပြီး အဝကိုအပ်တစ်ချောင်းစာအရွယ်ရှိအောင် ပြုလုပ်ထားခဲ့တာလေ...သစ်သားပန်းပုရုပ်ကို ဘယ်လိုလုပ်ပြီးအိုးထဲကိုထည့်ထားနိုင်မှာလဲ..."

ကြွေထည်အကြောင်းကို အနည်းငယ်သိရှိထားသော လူကစကားမပြောနိုင်ဖြစ်သွားရသည်။

ယဲ့ပိုင်က သတ္တုရုပ်တုဟုပြောလျှင် သူယုံကြည်နေအုံးမှာဖြစ်သည်။သို့သော် သစ်သားရုပ်တုဟုပြောလာ၍ သူလုံးဝယုံကြည်ခြင်းမရှိပေ။

"ဟုတ်တယ်...အထဲမှာသစ်သားရှိနေရင် အကုန်လုံးတစ်ခါတည်းလောင်ကျွမ်းသွားမှာမဟုတ်ဘူးလား..."

"ကောင်လေး...ဒီတစ်ခါတော့ မင်းထင်တာမှားနေပြီ..."

"ခုနက သူပြောခဲ့တဲ့စကားတွေက သိပ်ကိုကျိုးကြောင်းဆီလျော်မှုရှိတယ်...ဒိတစ်ခါတော့ သူကကြွားလုံးထုတ်နေတဲ့အတိုင်းပဲ..."

အနီးအနားရှိခရီးသွားများကလည်း ပြပွဲကောင်းကိုကြည့်နေရသကဲ့သို့ တစ်ယောက်ပြီးတစ်ယောက်ပြောလာကြသည်။

ဝူစန်းရီသည်ပင် စိတ်မထိန်းနိုင်တော့ဘဲ အံ့သြနေသည့်အမူအရာဖြင့် ယဲ့ပိုင်အားမေးမြန်းလိုက်သည်။

"ညီလေး...မင်းငါ့ကိုနောက်နေတာလား...လက်လုပ်သစ်သားရုပ်တုက ဘယ်လိုလုပ်ပြီးကြွေအိုးထဲကို ရောက်နေမှာလဲ"

ယဲ့ပိုင်ကပြန်အဖြေဘဲ သူ၏လက်ကောက်ဝတ်အား အနည်းငယ်လှုပ်ရှားလိုက်သည်။

ခွမ်း...

ကျကွဲသံတစ်ခုက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

နောက်အခိုက်အတန့်တွင် ကြွေအိုးကကျကွဲသွားကာ ရှေးဟောင်းပစ္စည်းဆိုင်၏ ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားခဲ့သည်။

အဝါရောင်ကြွေထည် အပိုင်းအစများက ကြမ်းပြင်ပေါ်၌ပြန့်ကျဲနေခဲ့သည်။

ထိုအခိုက်အတန့်တွင် တက်ကြွသောအမူအရာရှိနေသော ခရီးသွားများသည် ချက်ချင်းပင်ငြိမ်သက်သွားခဲ့သည်။ထို့နောက်တွင် ပြူးကျယ်သောအကြည့်များဖြင့် အတွင်း၌ရှိနေသောအရာကို ကြည့်နေခဲ့ကြသည်။

ယဲ့ပိုင်၏နံဘေး၌ရှိနေသော ဝူစန်းရီကလည်း သူ၏ခေါင်းကိုဆန့်ထုတ်ကာ ကြွေအိုးတွင်းရှိအရာကို လှမ်းကြည့်လိုက်သည်။

ကြွေအိုးအက်ကွဲကာ အတွင်းဘက်ရှိပစ္စည်းအားတွေ့မြင်လိုက်ရချိန်၌ သူတို့၏မျက်နှာပေါ်တွင် မယုံကြည်နိုင်ဖြစ်နေသော အမူအရာများဖြစ်ပေါ်လာခဲ့သည်။

"မဖြစ်နိုင်ဘူး...ဒါလုံးဝမဖြစ်နိုင်ဘူး...အရင်ကအိုးလုပ်တဲ့လုပ်ငန်းစဉ်တစ်ခုလုံးကို ငါသေသေချာချာတွေ့မြင်ဖူးတယ်...ဒီလိုကြွေအိုးထဲ လက်လုပ်သစ်သားရုပ်တုက ဘယ်လိုရှိနိုင်မှာလဲ..."

ပထမဆုံးစကားပြောလာသူမှာ ကြွေထည်လုပ်ငန်းအကြောင်းကို သိရှိထားသူဖြစ်သည်။သူ၏မျက်နှာပေါ်၌ "မဖြစ်နိုင်"ဟူသောစကားလုံးအား ရေးသားထားခဲ့ပြီး စကားပြောလိုက်သည့်အချိန်တွင် သူ၏ပါးစပ်ကအလွန်ကျယ်၍ ကြက်ဥတစ်လုံးကိုပင် ထည့်ရလုမတတ်ဖြစ်သွားခဲ့သည်။

"ဒါဟာ တကယ့်ကို လက်လုပ်သစ်သားရုပ်တုဖြစ်တယ်...ဒါကမီးခိုးရောင်-အနက်ရောင်သစ်သားပဲ"

"သစ်သားရုပ်တုက ဘယ်လောက်တောင်လှလိုက်လဲ...ဒါကမိန်တစ်ယောက်နဲ့ယောင်္ကျားတစ်ယောက်ရဲ့ ရုပ်တုပဲ"

"ဒါက ကြွေအိုးထဲဘယ်လိုရောက်လာတာလဲ..."

မကြာမှီ အနီးအနားရှိခရီးသွားများက အဆက်မပြတ်အော်ဟစ်လာခဲ့ကြသည်။

ဝူစန်းရီသည် ကြွေအိုးမှပြုတ်ကျလာသော သစ်သားရုပ်တုအားကြည့်ရင်း သူ၏အသက်ရှုသံက အလွန်ပင်မြန်ဆန်လာခဲ့ကာ အိုးထဲရှိသစ်သားရုပ်တုကို မျက်တောင်မခတ်စိုက်ကြည့်နေခဲ့သည်။

သို့သော်လည်း အံ့အားသင့်သည့်အရှိန်ငြိမ်သက်သွားပြီးနောက်တွင် ဝူစန်းရီသည် သစ်သားရုပ်တုအားအာရုံစိုက်၍ စစ်ဆေးလာခဲ့သည်။သစ်သားရုပ်တုသည် အချင်းဝက်၁မီတာ ၂မီတာခန့်သာရှိသော်လည်း ၎င်း၏အသေးစိတ်အချက်အလက်များကို ရှင်းရှင်းလင်းလင်းပင်တွေ့မြင်နေရပေသည်။

သစ်သားရုပ်တုမှာ မိန်းမတစ်ယောက်နှင့်ယောကျာင်္းတစ်ယောက်အား ထွင်းထုထားခြင်းဖြစ်သည်။

ယောကျာင်္းဖြစ်သူမှာငယ်ရွယ်ပုံရပြီး အေးစက်စက်အမူအရာဖြင့် မတ်တပ်ရပ်နေကာ ရှေးဟောင်းဝတ်စုံကိုဝတ်ဆင်ထားပေသည်။

လှပသောသွင်ပြင်ရှိသည့် ဣန္ဒြေရှိသောအမျိုးသမီးမှာမူ သူမ၏ရှည်လျားသောဆံပင်များက လေပေါ်တဖျတ်ဖျတ်ခတ်လျက်ရှိပြီး သူမ၏ဝတ်စားဆင်ယင်ပုံကလည်း သူမအားထူးခြားသည့် လှုပ်ရှားမှုကိုခံစားရစေခဲ့သည်။

ထိုအရာများကို ရှင်းရှင်းလင်းလင်းတွေ့မြင်ပြီးနောက် ဝူစန်းရီ၏နှလုံးသားသည် ပို၍ပင်တုန်လှုပ်သွားခဲ့သည်။

အထူးသဖြင့် ယောကျာင်္းပုံစံသစ်သားရုပ်တုသည် မသိစိတ်ထဲရှိယဲ့ပိုင်၏ရုပ်တုနှင့် ထပ်တူတူညီနေခဲ့သည်။

"ဒါဖြစ်နိုင်ပါမလား...သစ်သားရုပ်တုထဲကအမျိုးသားက ဒီကောင်လေးဖြစ်နိုင်မလား..."

ထိုအတွေးပေါ်လာပြီးနောက် ဝူစန်းရီ၏မျက်နှာသည် ဖြူဖျော့သွားခဲ့ကာ ကြောက်မက်ဖွယ်ကောင်းသည့်ခံစားချက်က သူ၏စိတ်ထဲ၌ တိုးဝင်လာခဲ့သည်။

All Chapters