ပြဿနာရှာခြင်း
Vol. 9 Ch. 97
မနက်စောစော ရှေးဟောင်းလမ်း၌ရာသီဥတုက အနည်းငယ်အေးစိမ့်နေခဲ့သည်။
ယနေ့နံနက်တွင် ပုံမှန်အားဖြင့် လူကူကင်းမဲ့နေသောပန်းချီပြခန်း၌ လူများစွာကမမျှော်လင့်ဘဲစုဝေးနေခဲ့ကြသည်။ထိုနေရာသည် ခဏလောက်တိတ်ဆိတ်သွားပြီးနောက် ချက်ချင်းပင်ပြင်းထန်သည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
အဘိုးကြီးဝူ၊ဖန်ရှန့်ချန်နှင့်ကျန်းချီထျန်းတို့သည် ရှေးဟောင်းပစ္စည်းအရောင်းဆိုင်တံခါးဝ၌ရပ်နေရင်း ကွဲပြားသည့်အမူအရာများ ရှိနေခဲ့ကြသည်။
"ဟမ်...ဒီကောင်ကဘယ်ကရောက်လာတာလဲ...သစ်သားရုပ်တုကိုသူ့ကိုရောင်းမယ်လို့ ငါဘယ်တုံးကပြောလိုက်မိလို့လဲ..."
ဝူစန်းရီသည် ထိုလူကိုကြည့်ရင်း သူ၏မျက်နှာကကနီတစ်လှည့်ပြာတစ်လှည့်ဖြစ်နေခဲ့ကာ အံကြိတ်ရင်းပြောလိုက်သည်။
ကျန်းချီထျန်းကမျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"ယင်မျိုးရိုးရဲ့နာမည်ဟာ အချိန်အတော်ကြာတဲ့ထိ တည်တည်ငြိမ်ငြိမ်ရှိနေတုံးပဲ...သူကိုယ်တိုင်က ဒီရှေးဟောင်းလမ်းမှာ အာဏာရှင်တစ်ယောက်ဆိုရင် မမှားဘူး...ဒီနေ့မှာတော့သူက ကြွေအိုးထဲကနေ ကောင်းမွန်တဲ့အရာတစ်ခုကိုတွေ့ရှိခဲ့တာကြောင့် ဒီကိုရောက်လာပြီး လုယက်နေတာပဲမဟုတ်လား..."
"ငါတို့တွေပြပွဲကိုပဲထိုင်ကြည့်နေရမယ်ထင်တယ်...လူအိုကြီးဝူ ငါတို့သာတတ်နိုင်လို့ရှိရင် ဒီသစ်သားပန်းပုတွေကို သက်သာတဲ့စျေးနှုန်းနဲ့ သူ့ဆီသီးသန့်ရောင်းလိုက်ရအောင်...ပြီးတော့ဒီပြခန်းကိုရအောင် ကူညီပေးနိုင်မယ့် နည်းလမ်းတစ်ခုလောက်ရှာလိုက်...ဒါဆိုရင် ငါတို့ကဒီပြဿနာကနေအမြတ်ထုတ်နိုင်ရုံတင်မကဘူး...ငါတို့ရဲအဓိကရည်မှန်းချက်လည်း အောင်မြင်သွားလိမ့်မယ်..."
ထိုစကားကိုပြောချိန်၌ ဖန်ရှန့်ချန်၏မျက်နှာပေါ်တွင် လိမ္မာပါးနပ်သည့်အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
"တိတ်တိတ်နေစမ်း...ငါကစည်းကမ်းရှိတဲ့သူတစ်ယောက်ပဲ..."
ဝူစန်းရီကမျက်မှောင်ကြုတ်ကာ သူတို့နှစ်ယောက်ကိုလျစ်လျူရှုလိုက်သည်။
သူတို့၃ယောက်အပြင် လမ်းပေါ်၌လည်း အခြားသောသူများ၏စကားသံများက ဆူညံနေခဲ့သည်။
"ဒီပြခန်းကို မကြာခင်ပိတ်တော့မှာလား...ပြခန်းဘေးမှာ ပစ်ကပ်ကားတွေအများကြီးရှိနေတာပဲ...ဝါးညှပ်အသစ်တွေနဲ့ လက်ရေးလှပန်းချီတွေကို သိမ်းဆည်းနေကြပြီလား...အဘိုးကြီးဝမ်ကတကယ့်ကိုကံမကောင်းဘူး...သူထွက်သွားတာနဲ့ သူ့သားကခုလိုလုပ်တော့တာပဲ...အဲ့ဒီသစ်သားပန်းပုရုပ်တွေကို သူလွဲပြောင်းပေးနိုင်ဖို့ ငါမျော်လင့်တယ်..."
ဆံပင်ဖြူနေသော တရုတ်ရိုးရာဝတ်စုံဝတ် အဘိုးကြီးတစ်ယောက်က ခေါင်းကိုအနည်းငယ်ခါယမ်းရင်း စကားစမြည်ပြောလိုက်သည်။
"ဝတ်စုံဖြူဝတ်ထားတဲ့လူငယ်က စာရေးတစ်ယောက်ဖြစ်နိုင်တယ်...သူကပစ္စည်းကောင်းတစ်ခုကို ရှာတွေ့ခဲ့ပေမယ့် ဝယ်ဖို့ပိုက်ဆံမရှိဘူး...ဒါကြောင့် သူဒီပစ္စည်းကိုယူသွားပြီး သိပ်မကြာခင် ယင်ဂျွန်ကိုလုယက်ဖို့ အခွင့်အရေးပေးလိုက်တာပဲ..."
သက်လတ်ပိုင်းအရွယ်အမျိုးသမီးက သူ၏မျက်လုံးများကိုဖွင့်ရင်း ညည်းညူလိုက်သည်။
အနီးအနားရှိခရီးသွားများက ဤမြင်ကွင်းကိုစိတ်လှုပ်ရှားစွာကြည့်နေချိန်၌ အမျိုးသမီး၏စကားကြောင့် အနည်းငယ်စိတ်ရှုပ်ထွေးသွားခဲ့ကြသည်။
သူတို့ထဲတွင် ကြွေထည်လက်မှုပညာအကြောင်းကိုသိသောလူက သက်လတ်ပိုင်းအရွယ်အမျိုးသမီး၏စကားကိုကြားသောအခါ စပ်စုမေးမြန်းလိုက်သည်။
"ယင်ဂျွန်က အရမ်းသန်မာတာလား..."
"ဟုတ်တယ်...ရှေးဟောင်းလမ်းမှာရှိကြတဲ့ ဆိုင်ရှင်တိုင်းလိုလို သူ့ကိုသိထားကြတယ်...သူ့ရဲ့အဖွဲ့ဟာ နေရာတိုင်းလိုလိုမှာ ကာကွယ်ရေးအတွက် အခကြေးငွေကိုကောက်ခံလေ့ရှိတယ်...တကယ်တော့နေရာတိုင်းလိုလိုမှာ ဒီလိုလူမျိုးတွေရှိကြပေမဲ့ ယင်ဂျွန်ကတော့ပိုဆိုးတာပေါ့...သူကလူတောင်သတ်ဖူးတယ်လို့ ကြားဖူးတယ်"
အမျိုးသမီးသည် ကြောက်လန့်တကြားဖြင့်မျက်လုံးပြူးကာ ဘေးပတ်ပတ်လည်အား ခဏလောက်ကြည့်ပြီး ယင်ဂျွန်ကသူမ၏အသံအား မကြားရကြောင်းသေချာမှသာ ထိုလူအားတိုးတိုးလေးပြောလိုက်သည်။
"လူသတ်ဖူးတာလား..."
ထိုအမျိုးသမီး၏စကားကို နားထောင်ပြီးနောက် ထိုလူ၏မျက်နှာပေါ်၌လည်း ကြောက်လန့်နေသောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သက်လတ်ပိုင်းအရွယ် အမျိုးသမီးက စိတ်လှုပ်ရှားစွာဆက်ပြောလိုက်သည်။
"ဟုတ်တယ်...ငါဆက်ပြောမယ်...သူ့ဘေးနားကပန့်ခ်ကေနဲ့ လူမိုက်၃ယောက်ကိုတွေ့လား...နားကပ်နဲ့ဆံပင်တိုတိုနဲ့လူငယ်ကို လောရှင်းလို့ခေါ်တယ်...သူ့ရဲ့နာမည်ပြောင်က ရှင်းဇီလို့ခေါ်ပြီး အရမ်းကိုရက်စက်တယ်...တစ်ခါကပိုက်ဆံမပေးချင်တဲ့ ခေါက်ဆွဲဆိုင်ပိုင်ရှင်တစ်ယောက်က ခန္ဓာကိုယ်တောင့်တင်းတဲ့ ဝန်ထမ်းအချို့ကိုအလုပ်ခန့်ခဲ့တယ်လေ...နောက်ဆုံးတော့ဘာဖြစ်သွားတယ်ထင်လဲ..."
"ဘာဖြစ်သွားလဲ..."
ထိုလူသည် မယုံနိုင်စရာကောင်းသော တစ်စုံတစ်ခုကိုကြားလိုဟန်ဖြင့် ဆက်လက်၍စပ်စုလိုက်သည်။
"နောက်ဆုံးတော့ လောရှင်းတစ်ယောက်တည်း ခေါက်ဆွဲလှီးတဲ့ဓားကိုကိုင်ပြီးတော့ ဝန်ထမ်းတွေအားလုံးကို မြေပေါ်လှဲကျအောင် ခုတ်ချလိုက်တယ်...နောက်တော့ ဆိုင်ရှင်လည်းပျောက်သွားပြီး သူ့ဆိုင်ကိုဘယ်နေရာကိုရွေ့သွားတယ်ဆိုတာ တစ်ယောက်မှမသိကြဘူး.."
ထိုစကားကိုပြောချိန်၌ အမျိုးသမီးက အသံကိုလျော့ရန် ကြိုးစားလိုက်သည်။
အမျိုးသမီး၏စကားကိုနားထောင်ပြီးနောက် ထိုလူ၏မျက်လုံးများက မယုံကြည်နိုင်စွာ ပြူးကျယ်သွားခဲ့သည်။
"တကယ်ကြီးလား..."
"ဟုတ်တယ်...မင်းရှေးဟောင်းမြို့က ဝူမိသားစုကိုသိတယ်မဟုတ်လား...ယင်ဂျွန်က ဝူမိသားစုရဲ့ဆွေမျိုးဆိုတော့ ဒီရှေးဟောင်းမြို့လေးမှာ သူ့ကိုဘယ်သူမှအာမခံရဲကြဘူး"
သက်လတ်ပိုင်းအရွယ် အမျိုးသမီး၏အသံက အနည်းငယ်ပြောင်းလဲသွားခဲ့သည်။ဝူမိသားစုအကြောင်းပြောချိန်တွင် သူမ၏မျက်လုံးများက မနာလိုမှုများနှင့်ပြည့်နှက်နေခဲ့သည်။
လမ်းနံဘေး၌ ဆွေးနွေးငြင်းခုံသံများ ကျယ်လောင်စွာထွက်ပေါ်လျက်ရှိသည်။
ယင်ဂျွန်သည် သူ၏လက်များကိုတင်ပါးပေါ်တင်၍ ရပ်နေခဲ့သည်။အမှန်တော့ သူ့အားမည်မျှထိရက်စက်ကြမ်းကြုတ်ကြောင်း လူအများပြောနေသည်ကို ကြားလိုက်ချိန်၌ပင် သူကလုံးဝဂရုမစိုက်ပေ။ထို့အစား သူ၏မျက်နှာပေါ်၌ မာန်မာနများနှင့်ပြည့်နှက်နေကာ ထိုမကောင်းမှုသတင်းများက သူ၏စွမ်းအားကိုထုတ်ပြနိုင်သည့် အခြေခံရလဒ်များဖြစ်ကြသည်။
ထိုအချိန်တွင် ဝမ်ကူသည်ဝါးညှပ်များ၊လက်ရေးလှပန်းချီကားများကို ဆက်လက်ရွေ့လျားနေခဲ့သည်။သူသည် ထိုအရာများအား အနည်းငယ်မျှပင် အထိအခိုက်မခံခဲ့ပေ။သူသည် ယဲ့ပိုင်နောက်သို့လိုက်လာခဲ့သည်မှာ မကြာမြင့်သေးသော်လည်း သူကိုယ်တိုင်မသိလိုက်မှီမှာပင် ယခင်ကထက်များစွာပိုမိုရင့်ကျက်လာကာ အသေးအဖွဲ့ ကိစ္စများအားဂရုမစိုက်တော့ပေ။
ဝူသားအဖနှစ်ယောက်သည် အလွန်ပင်ဒေါသထွက်နေသော်လည်း ယဲ့ပိုင်၏ခွင့်ပြုချက်အား မရရှိသေးသည့်အတွက်ကြောင့် ဝင်ရောက်မစွက်ဖက်ရဲကြပေ။သူတို့သည် ဝမ်ကူကဲ့သို့ပင် သူတို့၏ခေါင်းကိုငုံ့ကာ လက်ရေးလှပန်းချီအား ရေးဆွဲနေခဲ့သည်။သူတို့၏ဆံပင်များက ရှုပ်ပွနေကာ ချွေးများကလည်း အဆက်မပြတ်စီးကျနေခဲ့သည်။
တံခါးဝ၌ရပ်နေသောယင်ဂျွန်သည် ဝူဖန်ရှန်းနှင့်ဝူယွမ်ဒေါင်တို့အားကြည့်ရင်း အနည်းငယ်ရင်းနှီးနေသလိုခံစားမိသော်လည်း သူတို့အားမည်သည့်နေရာ၌တွေ့ဖူးကြောင်း မမှတ်မိတော့ပေ။ထို့ကြောင့် ခေါင်းခါလိုက်ပြီး ပြခန်းထဲသို့ကြည့်လိုက်ကာ ဆက်၍အော်ဟစ်လိုက်သည်။
"ဟေးကောင်လေ...ဒီဖေဖေပြောနေတာမကြားဘူးလား...သစ်သားပန်းပုရုပ်ကို ဖေဖေကြီးဆီချက်ချင်းပို့ပေးလိုက်..."
ယဲ့ပိုင်သည် သူ၏အတွေးများကိုပြန်လည်စုစည်းလိုက်သော်ခည်း သူ၏အကြည့်များက သစ်သားရုပ်တုနှစ်ခုပေါ်၌သာ ရှိနေဆဲဖြစ်သည်။
"ဟေးကောင်လေး...ငါ့ရဲ့သူဌေးကမင်းနဲ့စကားပြောနေတာမကြားဘူးလား...မင်းကမကြားဟန်ဆောင်နေတာလား..."
လောရှင်းသည် သူ၏လက်ချောင်းဖြင့်နားကိုမွှေနောက်ရင်း ပြောလိုက်သည်။သူ၏မျက်လုံးများကို တစ်ဝက်ခန့်မှိတ်ထား၍ သူ၏ပုံစံကရိုင်းစိုင်းကာ မာနကြီးပုံပေါ်နေခဲ့သည်။သို့သော်လည်း သူသည်ယဲ့ပိုင်အားပို၍စိုက်ကြည့်လေလေ ထူးဆန်းသည့်ကြောက်ရွံ့ဖွယ်ခံစားချက်က သူ၏နှလုံးသားအောက်ခြေမှ တိုးထွက်လာလေလေဖြစ်သည်။
...
ယဲ့ပိုင်သည် စားပွဲခုံပေါ်ထိုင်ရင်း သစ်သားပန်းပုရုပ်တစ်စုံအား စိုက်ကြည့်နေခဲ့သည်။
အပြင်ဘက်၌အသံများက အလွန်ဆူညံနေခဲ့သည်။
ယဲ့ပိုင်၏သူ၏အတွေးစများက အတင်းအကျပ်ဆွဲထုတ်ခံလိုက်ရသောကြောင့် မူလကလျစ်လျူရှုထားသည့် သူ၏မျက်လုံးတစ်စုံသည် ဖော်မပြနိုင်သောအေးစက်စက်အထိအတွေ့အား ထုတ်လွှတ်လိုက်ကာ ဧည့်ခန်းအားဖြတ်ကျော်၍ တံခါးဝ၍ရပ်နေသော ယင်ဂျွန်ပေါ် ကျရောက်သွားခဲ့သည်။
"မင်းက ဒီသစ်သားပန်းပုရုပ်ကိုလိုချင်တာလား..."
ထိုစကားများသည် လူတိုင်း၏နားထဲသို့ ရှင်းရှင်းလင်းလင်းဝင်ရောက်သွားခဲ့သည်။
ယင်ဂျွန်နှင့်လောရှင်းတို့သည် ထိုစကားကိုကြားလိုက်ရချိန်တွင် သူတို့၏ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားပြီး ချွေးအေးများထွက်လာခဲ့ကာ ကြောက်မက်ဖွယ်ခံစားချက်တစ်ခုက ရုတ်တရက်ဖြစ်ပေါ်လာခဲ့သည်။သူတို့သည် စိတ်မသက်မသာခံစားရသောကြောင့် ပါးစပ်ဖွင့်ကာတစ်ခုခုပြောလိုက်ချင်သော်လည်း ထိုသို့ပြုလုပ်ရန်သတ္တိမရှိခဲ့ပေ။
ရှေးဟောင်းလမ်းမှ စျေးဆိုင်ပိုင်ရှင်များအပြင် ခရီးသွားများသည်လည်း သူတို့၏ပတ်ဝန်းကျင်က ရုတ်တရက်အေးစိမ့်လာသလို ခံစားလိုက်ရသည်။
ပြခန်းတစ်ခုလုံးသည် ခဏတာအတွင်း တိတ်ဆိတ်သွားခဲ့သည်။
သို့သော်လည်း မကြာမှီယင်ဂျွန်က ဦးစွာတုံ့ပြန်ခဲ့သည်။သူသည် အကြောက်တရားကိုခံစားလိုက်ရ၍ လွန်စွာစိတ်ဆိုးကာ မကျေမနပ်ဖြစ်သွားခဲ့သည်။ထို့ပြင် သူ၏မျက်နှာပေါ်ရှိကြွက်သားများကလည်း ချက်ချင်းပင်ခါယမ်းသွားခဲ့သည်။ထို့နောက် သူ၏လက်များကိုဆန့်ထုတ်ရင်း ပြခန်းဆီသို့ဦးတည်းလာခဲ့သည်။
ထို့နောက် ကျယ်လောင်သောအသံဖြင့် အော်ဟစ်လိုက်သည်။
"ကောင်လေး...မင်းတော်တော်သတ္တိကောင်းနေတယ်ပေါ့...ဟုတ်တယ်...မင်းရဲ့သစ်သားရုပ်တုကိုငါလိုချင်တယ်...မင်းသာဉာဏ်ကောင်းရင် ငါ့ကိုလွဲပေးလိုက်..."
ထိုအချိန်တွင် ယင်ဂျွန်သည် စားပွဲဆီသို့လျှောက်လာခဲ့ပြီး သစ်သားပန်းပုရုပ်များအား တစ်ချက်ကြည့်လိုက်ကာ ၎င်းတို့အားဒေါသတကြီးယူဆောင်သွားရန် ပြင်ဆင်ခဲ့သည်။
ဘန်း...
သို့သော်လည်း သူ၏လက်ကိုတစ်ဝက်ခန့်ဆန့်ထုတ်လိုက်ပြီးနောက် ပြခန်းတွင်း၌ တိုးညှင်းသောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဝါးညှပ်များကို သယ်ဆောင်ကာ ဧည့်ခန်းကိုဖြတ်လာသည့် ဝူဖန်ရှန်းသည် ထိုမြင်ကွင်းကိုကြည့်၍ စိတ်မထိန်းနိုင်ဖြစ်သွားခဲ့သည်။ထို့ကြောင့် သူသည်အရှိန်အဟုန်ဖြင့်ပြေးဝင်ကာ ယင်ဂျွန်၏နောက်ကျောကိုကန်ထုတ်လိုက်သည်။ဝူဖန်ရှန်းက အရှိန်ဖြင့်ပြေးလာကာ ကန်ထုတ်လိုက်သောကြောင့် ယင်ဂျွန်၏မျက်နှာသည် မြေကြီးနှင့်မိတ်ဆက်သွားခဲ့ရသည်။
"အရူး...မင်းတကယ်သေချင်နေတာလား..."
ထိုသို့ကန်ကျောက်ပြီးနောက် ဝူဖန်ရှန်းကသူ့အားကျိန်ဆဲလိုက်သည်။
ပြခန်းအဝင်ဝ၌ ဘေးမှကြည့်ရှုသူများနှင့် ဆိုင်ပိုင်ရှင်များသည် မိုးကြိုးထိမှန်ခံလိုက်ရသကဲ့သို့ မျက်လုံးများပြူးကျယ်သွားကာ ပါးစပ်များဟသွားခဲ့ကြသည်။
ယင်ဂျွန်နောက်သို့ အချိန်အကြာကြီးလိုက်ခဲ့သော လောရှင်းသည်ပင် ထိုမြင်ကွင်းအားကြည့်၍ ကြောင်တောင်တောင်ဖြစ်နေခဲ့သည်။